Friday, August 13, 2010

“ရေသာများ၍ ငါးမတွေ့သေးသော အားထုတ်မှုများနှင့် ကျွန်ုပ်တို့၏ …”

စိုးနေလင်း
ကြာသပတေးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၀

ဗီယက်နမ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကြီးလည်း ပြီးသွားပြန်ပါပြီ၊ အိမ်နီးချင်း နိုင်ငံတချို့ရဲ့ ဝန်ကြီးတွေက ၂ဝ၁ဝ မြန်မာနိင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင် ဆောင်ရွက် နေကြတယ် ဆိုတာ လေ့လာရအောင် အာဆီယံက ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ဖို့ ပြောဆို ဆွေးနွေးတာကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဆိုသူက ဘာမှမတုန့်ပြန်ပဲ တုံဏိဘာဝေ လုပ်ပစ်လိုက်တာနဲ့ ဘာမှ ရေရေရာရာမရှိပဲ မြန်မာ စစ်အစိုးရ လုပ်နေတာတွေကို လက်ခံ သဘောတူကြမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုရမှာပါပဲ။ ဒါက ဒေသဆိုင်ရာ အဖွဲ့ကြီးဖြစ်တဲ့ အာဆီယံက မြန်မာ စစ်အစိုးရအပေါ် ခိုင်မာ အားကောင်းတဲ့ ချဉ်းကပ်ဆောင်ရွက်မှု မလုပ်နိုင်ဘူး ဆိုတာကို အထင်အရှား ပြနေတာပါ။

ဒီလိုပဲ မဟာအင်အားကြီး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်က မြန်မာအပေါ် အရေးယူပိတ်ဆို့မှုကို တနှစ်တာ သက်တမ်း ထပ်တိုးလိုက်တဲ့ ဖိအားပေး အရေးယူ ဆောင်ရွက်မှုဟာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဆောင်ရွက်တာ ဖြစ်လို့ ကျေးဇူးတင်ရမှာ ဖြစ်ပေမယ့် ခုနောက်ဆုံး သူတို့ပြောင်းလဲ အသုံးပြုနေတဲ့ တွေ့လည်းတွေ့ဆုံ အရေးလည်းယူ မူဝါဒအရ မြန်မာနိုင်ငံအရေး ကိုင်တွယ် ဆောင်ရွက်မှုဟာလည်း စစ်အစိုးရကို ခုထိ ဘာမှ လောက်လောက်လားလား ဒီမိုကရေစီရေးအတွက် လိုက်လျှော ဆောင်ရွက်လာအောင် မလုပ်နိုင်သေးသလို အရေးယူ ပိတ်ဆို့မှုဟာလည်း စစ်အစိုးရဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ရင်းနှီး ကျွမ်းဝင်မှုကြောင့် အနည်းအကျဉ်း လောက်ပဲ ထိရောက်မှု ရှိတဲ့အတွက် မြန်မာ့ ဒီမိုကရေစီရေး အတွက် အမေရိကန် ပေါ်လစီရဲ့ အကျိုး သက်ရောက်မှုဟာ အားကိုးအားထား ပြုလို့ မရနိုင်ဘူးလို့ ပြောရမှာပါပဲ။

Read More...

နေ့စဉ်သတင်းများ ( ၁၂ - ၈ - ၁၀ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် သတင်း
အရေးကြီးလျှင် သွေးနီးမည်ဟု ဗိုလ်မှူး နှုတ်ခမ်းမွေးက ပြော သတင်း
စစ်တွေထောင်တွင် ဗိုလ်ချုပ်ဆေထင်ကို မိသားစုများက ထောင်ဝင်စာ တွေ့ခွင့်ရ သတင်း
ကျောက်ဖြူတွင် ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက် သတင်း
ပိုင်ရှင်မဲ့ လက်လုပ်ဗုံးတလုံး ဘုရားသုံးဆူ အာဏာပိုင်များ သိမ်းဆည်းရမိ သတင်း
ရခိုင်လူငယ် (၁၁) ဦးကို စီရင်ချက်ချလိုက်ပြီ သတင်း
ကိုဇာဂနာ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ပြုလုပ် သတင်း
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၃ဝ) ဟု ကော်မရှင် သတ်မှတ် သတင်း
ပြည်နယ်ကော်မရှင်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို သတိပေး သတင်း
ပုန်ကန်တဲ့မြို့ နအဖစစ်အစိုးရမှ အခွင့်အလန်းများပေးပြီး စည်းရုံးနေ သတင်း
ခြိမ်းခြောက်မှုများကြောင့် ကျားဖြူပါတီ သံလွင်အရှေ့ခြမ်း၌ ကြံ့ဖွံ့ပါတီကို ယှဉ်နိုင်ရန်မလွယ် သတင်း
ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန် လားရှိုးရောက် သတင်း
ငွေ (၅) သိန်းတတ်နိုင်မည့် အမတ်လောင်း ရှာဖွေ သတင်း
ကြံ့ဖွံ့ပါတီ တောင်ကုတ်တွင် မဲရရေး စည်းရုံး သတင်း
MAI ကို ကမ္ဘောဇလေကြောင်းလိုင်းအဖြစ် ပြောင်းမည် သတင်း
သတင်းအတွက် ကြော်ငြာကို အားကိုးအားထား ပြုနေရ သတင်း
Lazy Club တေးဂီတဖြင့် ဟစ်ပ်ဟော့ပွဲတော် ကျင်းပ သတင်း
မြန်မာစာပေပညာရှင်ကြီး မောင်သာနိုး ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေ သတင်း
စစ်အုပ်စုရဲ့ ‘အောင်ဆန်းဖိုဘီးယား’ နဲ့ အယ်ဒီတာ့ဝဋ်ကြွေး (ဆောင်းပါး)
ရေသာများ၍ ငါးမတွေ့သေးသော အားထုတ်မှုများနှင့် ကျွန်ုပ်တို့၏ … (ဆောင်းပါး)
မနက်ဖြန်ဆိုတာ ရှိနေသေးသရွေ့ ... (ဆောင်းပါး)
သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာတခု မဟုတ်ပါ (ဆောင်းပါး)
အဖြူနှင့် အမဲ (ဆောင်းပါး)
အရောင်တွေအားလုံးနဲ့ စုစည်းထားတဲ့ အဖြူထည်တို့ရဲ့အောင်ပွဲ (ဆောင်းပါး)

Thursday, August 12, 2010

လူငယ်တွေ နိုင်ငံရေး လုပ်သင့်တဲ့အချိန်

မောင်ဝံသ


August, 12, 2010

လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုတယ်၊ လူငယ်တွေ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ် ရှိကြဖို့ လိုတယ် စသည်ဖြင့် ယနေ့ခေတ် နိုင်ငံရေး သမားတွေက ပြောနေ ကြတာဟာ အလကား အားအားယား ယားပြောနေတာ မဟုတ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို တွေးပူမိလို့ ပြောနေ ကြတာပါ။ ဒီပြဿနာက တစ်နိုင်ငံ နှစ်နိုင်ငံ ပြဿနာ မဟုတ်ဘူး။ နိုင်ငံ အတော်များများမှာ ကြုံနေရတယ်လို့ သတင်းတွေထဲ ဖတ်လိုက်ရ ဖူးတယ်။

လူငယ်တွေ ရေသာခိုနေလျှင်

လူငယ်တွေ နိုင်ငံရေးစိတ်မ၀င်စားတဲ့ ပြဿနာဟာ ပေါ့သေးသေး မဟုတ်ဘူးဗျ။ ဒီ အတိုင်းသာ ဆက်သွားနေရင် တိုင်းပြည်ရဲ့ အနာဂတ် ကံဆိုး မိုးမှောင်ကျမယ့် ကိန်းပဲ။ နိုင်ငံရေး စိတ်မ၀င်စားဘူး ဆိုတာကို ဆန့်ကျင်ဘက် ယူလိုက်ရင် ကိုယ့်အရေး ကိုယ့်မိသားစု အရေး ကွက်ကွက် ကလေးပဲ စိတ်ဝင်စားတယ်လို့ အဓိပ္ပာယ် ပေါ်နေတာပေါ့ဗျာ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဘာတွေပဲ ဖြစ်နေနေ ကိုယ်နဲ့ ကိုယ့်မိ သားစုဘ၀ အဆင် ပြေနေရင် ပြီးရော ဆိုတဲ့စိတ် ဓာတ်တွေ လူငယ်တွေဆီမှာ ကိန်းအောင်း အမြစ် တွယ်နေရင် နိုင်ငံရေးကို စေတနာပါပါ အရည်အချင်း ရှိရှိနဲ့ လုပ်မယ့် လူကောင်း သူကောင်းတွေ ဘယ်လို ရနိုင်တော့မလဲ။

အရည်အချင်းရှိသူတွေက နိုင်ငံရေး၊ တိုင်းရေး ပြည်ရေးကို စိတ်မ၀င်စားဘဲ ကိုယ်နဲ့ မဆိုင် သလို နေကြရင် အရည်အချင်း မရှိသူတွေက အဲဒီ ကွက်လပ်ထဲ ၀င်နေရာ ယူကြတော့မှာပေါ့။ လူ့ အန္ဓ တွေရဲ့ အုပ်ချုပ်မှုကို နိုင်ငံရေး စိတ်မ၀င်စားဘူး ဆိုတဲ့ လူတွေ ကျေကျေနပ်နပ်ကြီး ခံကြပေါ့။ ဒါပေမဲ့ အဲသလို လည်းခံနိုင်ကြတာ မဟုတ်ဘူး။ စိတ်ဆင်းရဲစွာနဲ့ အတင်းအဖျင်း တွေပဲ ထိုင်ပြော နေကြမှာ မြင်ယောင် သေးတယ်ဗျာ။

Ref: ရန်ကုန်တိုင်းမ်

ကရင်ပြည်နယ်အတွက်မဟုတ်၊ ကရင်ပြည်သူများ အတွက် ဆိုသူနှင့် အင်တာဗျူး

Thursday, August 12, 2010

မြန်မာနိုင်ငံတွင် စစ်အစိုးရ ကျင်းပပေးမည့် လာမည့် ရွေးကောက်ပွဲကြီး၌ ကရင် တိုင်းရင်းသားများကို ကိုယ်စားပြု ယှဉ်ပြိုင်ရန် ရန်ကုန်နှင့် ဧရာဝတီတိုင်း အတွင်း နေထိုင်ကြသော မြို့ပေါ်နေ ပညာတတ် ကရင် တိုင်းရင်းသားများက ကရင်ပြည်သူ့ ပါတီ အမည်ဖြင့် ပါတီ ထူထောင် ခဲ့ကြသည်။ အဆိုပါ ပါတီကို ထူထောင်ကြသူများသည် စစ်ဘက်၊ ရဲဘက်၊ အရပ်ဘက်တို့မှ အစိုးရ အငြိမ်းစား ၀န်ထမ်းများနှင့် ကရင်စီးပွားရေး သမားများ ဖြစ်နေကြသည်။ ပါတီဥက္ကဌ စောထွန်းအောင်မြင့်သည် တပ်မတော် (ရေ) တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး စောစေးဝါးသည်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲမှူးကြီး အဆင့်ဖြင့် အငြိမ်းစား ယူထားသူ ဖြစ်သည်။

ကရင်ပြည်သူ့ပါတီ၏ မူဝါဒသဘောထားများကို မဲဆန္ဒရှင်ပြည်သူများ လေ့လာနိုင်စေရေးအတွက် ဧရာဝတီ မဂ္ဂဇင်း၏ ရွေးကောက်ပွဲ စာမျက်နှာ တာဝန်ခံ ထက်အောင်က စောစေးဝါးကို မေးမြန်းထားပါသည်။

မေး။ ။ ကရင်ပြည်သူ့ပါတီ အနေနဲ့ မျက်မှောက်အခြေအနေအရ နိုင်ငံရေးကျင့်စဉ်၊ အုပ်ချုပ်ရေးစနစ်နဲ့ စီးပွားရေး ပုံစံတွေကို ပြုပြင်ဖို့ လိုတယ်လို့ ပါတီရဲ့ အမျိုးသားရေး အခြေခံမူမှာ ပြောထားပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေကတော့ နိုင်တော် အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထု စားဝတ်နေမှု ဖူလှုံရေးလို့ ပါတီရဲ့ မူဝါဒ လုပ်ငန်းစဉ်မှာ ဆိုထားပါတယ်။ ဒီနေရာမှာ နိုင်ငံတော် အေးချမ်း သာယာရေးဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ။

Read More...

နေ့စဉ်သတင်းများ ( ၁၁ - ၈ - ၁၀ )

နအဖထံမှ လစာ/ကိုတာများ မရ၍ လားဟူ BGF တပ်သားများ ထွက်ပြေး သတင်း
စိတ်မနှံ့သူ ကျေးလက်အမျိုးသမီးအား နအဖစစ်ဗိုလ် မုဒိန်းကျင့် သတင်း
ရေဘေးသင့် ရခိုင်မြောက်ပိုင်းအတွက် ကုလအကူ ဒေါ်လာ (၂) သန်းခွဲ သတင်း
မွန်ပြည်သစ် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ် အောင်နိုင် ကွယ်လွန် သတင်း
နိုင်အောင်နိုင် ကွယ်လွန်သဖြင့် မွန်အမျိုးသားငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ အလိုလို ပျက်စီးနိုင် သတင်း
ကရင်ဒေသတွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ပြင်ဆင်နေခိုက် ကြုံနေရတဲ့ အခက်အခဲများ သတင်း
နအဖတပ်သားတဦး အက်စ်အက်စ်အေ တောင်ပိုင်းတပ်မတော်နှင့် ပူးပေါင်း သတင်း
ဆရာကြီး ဦးသာထွန်း ရုပ်ပုံကို စစ်တွေ ယဉ်ကျေးမှုပြတိုက်တွင် ပြသထား သတင်း
ပါတီဝင်များ ကိုယ်ရေးအချက်အလက် နအဖ ကောက်ယူ သတင်း
ပါတီဝင်စာရင်း လက်လွှဲမှု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် သတင်း
(၅) သိန်းတန်ဖုန်း ကြံ့ဖွံ့များကို ဈေးလျှော့ပေးမည် သတင်း
စစ်ဆေးမှုကြောင့် လူထုအတွက် စိတ်အနှောင့်အယှက်ဖြစ် သတင်း
ကနေဒါနိုင်ငံ၊ ရီဂျိုင်းနားမြို့နေ ကရင်မိသားစု သတ်ဖြတ်ခံရ သတင်း
နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း မြန်မာကုန်များ နေ့စဉ်တင်သွင်း သတင်း
ရန်ကုန်တွင် ထိုင်းပစ္စည်းများ ပြတ်လတ် ဈေးထိုးတက် သတင်း
အင်းစိန် စည်ပင်ဝန်ထမ်းလိုင်း မီးလောင်မှုဖြစ်ပွား သတင်း
အောင်ဆန်း စည်ပင်လိုင်းခန်းမီး ရှို့မီးဟု မီးသတ် သံသယဖြစ် သတင်း
ကျောင်းရံပုံငွေ ကောက်ခံမှုကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ် သတင်း
မင်းသမီး မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့် သတင်း
ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဌ စောဒေးဗစ်သာကပေါရဲ့ အမြင် (အင်တာဗျူး)
၂၀၁၀ ရွေးကောက်ပွဲနဲ့ လမ်းခွဲလိုက်တဲ့ ဦးဖြိုးမင်းသိန်း (အင်တာဗျူး)
ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲသပိတ်မှောက်ရန်မှတပါး အခြားမရှိပါ (ဆောင်းပါး)
ယနေ့သိကောင်းစရာ မင်းဘုရင် အနော်ရထာရဲ့ စေတနာ (ဆောင်းပါး)
အပြုအမူတွေ ပြောင်းလဲသွားတဲ့ မောင်ဇော်နဲ့ ကိုစန်း (ဆောင်းပါး)

Wednesday, August 11, 2010

စာရေးချင်သူများအတွက် သတင်းစာ ရေးနည်း

လူထုဦးလှ
သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀

(စာရေးမယ့် လူငယ်များသို့၊ ကျွန်တော့်စာတန်း ကျွန်တော့်အဟမ်းများ၊ မန္တလေး ကြီးပွားရေး၊ ၁၉၈၃ထုတ်မှ ကောက်နုတ် ဖော်ပြသည်။)

…. စာရေးဆရာလုပ်မယ့် လူငယ်တယောက်အဖို့ သတင်းစာမှာရေးတဲ့သားတဲ့ အလေ့အကျင့် ရမှုဟာလဲ အင်မတန် အဖိုး တန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းစာရေးနည်းက ပေးလိုက်တဲ့ စာရေးတဲ့ အတတ်ပညာကို တခြားကျောင်းများက သင်မပေးနိုင်လို့ပါ။

သတင်းစာမှာ ရေးရတဲ့ အရေးအသားက (၁) တိုတိုတုတ်တုတ် ကျစ်ကျစ်လျစ်လျစ် ရှိရမယ်။ (၂) ရှင်းရှင်းလင်းလင်း ရှိရမယ်။ (၃) တိတိကျကျ ဖြစ်ရမယ်။ ဒီလိုရေးမှ သတင်းစာကောင်းရဲ့ အရေးအသား စည်းဝိုင်းထဲကို ဝင်နိုင်ပါတယ်။ ဒီလိုရေးတတ်ဖို့ စာရေးဆရာ အတွက် အင်မတန် လိုပါတယ်။

တချို့ ဝတ္ထုရေးဆရာများ ရေးကြတဲ့အထဲမှာ စာတွေဖေါင်းပွပြီး ဘာကို ရေးနေမှန်း မသိတဲ့ အရေးအသားမျိုးတွေ ပါနေကြပါတယ်။ ဥပမာ မိန်းကလေး တယောက် မနက်စောစော နှင်းတွေဝေနေတဲ့ အချိန် လမ်းလျှောက် ထွက်လာခဲ့တယ် ဆိုတဲ့ အကြောင်းကလေး ရေးချင်တာကို နှင်းရော မနက်ခင်းရော ဖွဲ့နေလိုက်တာ စာမျက်နှာ သုံးမျက်နှာနဲ့လဲ မပြီးသေးဘူး။ သုံးထားလိုက်တဲ့ စကားလုံးတွေကလဲ မလိုတာရော လိုတာရော ရောထွေးလွန်း အားကြီးတယ်။ သူရေးချင်တာ ဘာပါလိမ့်မလဲလို့ စာအမြှပ်တွေကို ဖယ်ဖယ်ပြီး ရှာကြည့် ပေမယ့်လဲ တော်တော်နဲ့ မတွေ့ရဘူး။ စိတ်ပင်ပန်း လူပင်ပန်း အင်မတန်ဖြစ်ရတယ်။ စာရေးတဲ့ အတတ်ဟာ စာဖတ်သူကို အနှစ်မရောက်ခင် အကာတွေကို အကြာကြီး ဖယ်နေရတဲ့ အာဟာရမျိုး ကျွေးတာလို မဖြစ်သင့်ဘူး။ လွယ်လွယ်ကူကူနဲ့ ထင်းကနဲ ရှင်းကနဲ သိစေ မြင်စေသင့်တယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၈ - ၁၀ )

ဘန်ကီမွန်း ရွေးကောက်ပွဲသဘောထား မြန်မာ့နိုင်ငံရေးသမားတွေ ကြိုဆို သတင်း
စစ်အစိုးရက နိုင်ငံရေးအခွင့်အလမ်းများ ဖြုန်းတီးပစ်ခြင်းအတွက် ကုလအတွင်းရေးမှူးချုပ် စိတ်ပျက် သတင်း
ကြက်သွန်နီဈေး ထိန်းပေးရန် တောင်သူများ ဗိုလ်ချုပ်မှူးကြီးထံ စာပို့ သတင်း
ဆင်ဖြူလက်ခံသည့် အခမ်းအနား ဗိုလ်ချုပ်မှူးကြီး မတက် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံသည့် DKBA များ ဗိုလ်နှုတ်ခမ်းမွေးနှင့် ပူးပေါင်း သတင်း
ရဲမွန်တပ်တွင်းအခြေအနေ မအေးသေး သတင်း
ကချင်အမျိုးသား အာဇာနည်နေ့ ကျင်းပ သတင်း
သျှမ်းလူမျိုး နအဖစစ်သား တပ်မှထွက်ပြေး တောင်ပိုင်း SSA တပ်ဖွဲ့နှင့် ပူးပေါင်း သတင်း
တရုတ်-မြန်မာ ရေကာတာသစ် အစီအစဉ်အပေါ် ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ ကန့်ကွက်ရှုတ်ချ သတင်း
သတင်းစာရှင်းလင်းပွဲ အမည်တပ်၍ သတင်းထောက်များကို ခေါ်ယူကြိမ်းမောင်း သတင်း
နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကရင်ငြိမ်းအဖွဲ့တို့ ပြင်ဆင် သတင်း
ကုလအထူးကိုယ်စားလှယ် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် တွေ့ဆုံ သတင်း
ကော်မရှင် လက်ထောက်ချ၍ ဒီမိုကရက်တစ်ပါတီဝင်များ ထောက်လှမ်းရေး အစစ်ခံရ သတင်း
မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းကိစ္စ ပြည်တွင်း နိုင်ငံရေးပါတီတခုမှ သဘောထားထုတ်ပြန် သတင်း
ဘဒ္ဒဝတီ အမည်ရ ဆင်ဖြူမ နေပြည်တော်သို့ ရောက်ရှိ သတင်း
နယ်ဧည့်သည်များ အိမ်ထောင်စုစာရင်း လုပ်ကြရ သတင်း
အင်းလေးကန် တိမ်ကောလာမှုအတွက် ထိန်းသိမ်းရေးအဖွဲ့ ခေါ်ယူရန် စီစဉ် သတင်း
ထိုင်းနိုင်ငံက ATM စက်တချို့တွင် မြန်မာဘာသာ စတင်အသုံးပြု သတင်း
မြန်မာစာဖြင့် ငွေသွင်းထုတ်နိုင်သော ATM စက်များကြောင့် မြန်မာများ ပိုမိုအဆင်ပြေ သတင်း
နယ်စပ်ရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ရှင်းလင်းထားရန် ညွှန်ကြားခံရ သတင်း
လေပတ်ကားသမားများ အွန်လိုင်းပေါ်ရောက် သတင်း
မကွေးတိုင်းတွင် မြွေကြောင့်သေဆုံးမှု ပိုများလာ သတင်း
တက္ကသိုလ်စာကြည့်တိုက် လေ့လာစရာမရှိ သတင်း
မြန်မာအမျိုးသမီး (၃) ဦး နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲ ၀င်ခွင့်ရခဲ့ သတင်း
အဆိုတော် သျှီက သူ့သီချင်းသစ်ကို ကိုယ်ပိုင်ဝက်ဆိုက်တွင် တင်ထား သတင်း
မြန်မာပဲ ဖြစ်ချင်တယ် (ဆောင်းပါး)

Tuesday, August 10, 2010

လာနီညာကြောင့် မုန်တိုင်းများမယ့်အရေး ကြိုတင် ပြင်ဆင်ထားဖို့လို

ဦးဇော်ဝင်းလှိုင်
တနင်္လာ, 09 သြဂုတ် 2010

မြန်မာနိုင်ငံမှာ လာနီညာလို့ခေါ်တဲ့ ရာသီဥတု ဖောက်ပြန် ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မိုးလေသ၀ ပညာရှင်တွေက ခန့်မှန်း ပြောဆိုပါတယ်။ တောင်အမေရိက တိုက်မှာ အခြေပြု ဖြစ်ပေါ်လေ့ရှိတဲ့ လာနီညာ ရာသီဥတု ဖောက်ပြန်မှုဟာ အခုချိန်မှာ အာရှတိုက် အတွင်းက တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေပြီး မကြာခင်မှာ မြန်မာနိုင်ငံ ဘက်ကိုပါ ရောက်လာဖို့ အလားအလာ ရှိတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနက ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်း သုံးသပ် ပြောဆို လိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေကို တိုင်းတာ သုံးသပ်ကြည့်တဲ့အခါ မုန်တိုင်းကျ၊ မိုးများပြီး ရာသီဥတု ဖောက်ပြန်တဲ့ လာနီညာဖြစ်ဖို့ အလားအလာ ရှိနေတယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားကြတာပါ။ မြန်မာနိုင်ငံမှာ အခု ရက်ပိုင်းအတွင်း မိုးများလာတာဟာ လာနီညာရဲ့ ဂယက်ရိုက်ခတ်မှု လက္ခဏာတွေ ဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်က သုံးသပ်ပါတယ်။

“လာနီညာကတော့ ဖြစ်နေပြီ။ ဒါပေမဲ့ သူ့ရဲ့ပင်မက တောင်အမေရိကတိုက် West Coast ပေါ့နော်၊ အဲဒီ ဘက်မှာတော့ လာနီညာက စနေပြီ၊ ပစိဖိတ်မှာ ဖြစ်နေပြီ။ သူ့ရဲ့ အကျိုးဆက်တွေလည်း အာရှတိုက်ရော၊ အမေရိကားရော၊ တောင်အမေရိကား၊ မြောက်အမေရိကား ဘက်မှာ ရှိနေပြီလို့ပဲ ကျနော်တို့ သိရပါတယ်။ အတ္တလန်တစ်မှာလည်း ရှိတယ်ပေါ့။ သူ့ impact ကတော့ ရှိပြီ။

Read More...

နေ့စဉ်သတင်းများ ( ၉ - ၈ - ၁၀ )

အတိုက်အခံ မပါလျှင် မြန်မာ့ရွေးကောက်ပွဲ အဓိပ္ပါယ်မဲ့ဟု ဖိလစ်ပိုင် ပြောကြား သတင်း
ရဲမွန်တပ်မြို့ ဆက်လက်တင်းမာဆဲ သတင်း
နိုင်ငံရေးအကျဉ်းသား မဥမ္မာမြင့် ဆေးရုံတက်နေရ သတင်း
ကုလ မြန်မာနိုင်ငံလူ့အခွင့်အရေးကိုယ်စားလှယ် ထိုင်းရောက် သတင်း
ကင်တားနားနှင့် ပြည်ပမြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများတွေ့ သတင်း
လူ့အခွင့်အရေးချိုးဖောက်မှုအချက်များကို ကုလလူ့အခွင့်အရေးကိုယ်စားလှယ် စုဆောင်း သတင်း
ဗိုလ်ချုပ်ဆေထင်ကို ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ပြောင်း သတင်း
ခုခံတော်လှန်ရေးတွက် စစ်ထဲမ၀င်မနေရ မရှိဟု ကေအဲန်ပီပီ ပြော သတင်း
ကရင်နီပြည် ရေကာတာ ဆောက်လုပ်မှုအပေါ် KDRG မှ ပြင်းထန်စွာ ရှုတ်ချ သတင်း
အဖြေမရသေးခင် မထွက်ဟု ယူဒီပီ ဥက္ကဌသစ် ပြော သတင်း
ပါတီဝင်ကို စိစစ်မှုလျှော့ရန် တောင်းဆို သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ချေးငွေပေးပြီး စည်းရုံးရေးဆင်းနေ သတင်း
ပါတီဥက္ကဌအဖြစ်မှ နှုတ်ထွက်သည့် ကိုဖြိုးမင်းသိန်းကို မေးမြန်းခြင်း သတင်း
နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေရဲ့ အာရှတိုက်က အကျိုးအမြတ် သတင်း
ကြက်သွန်ဈေးတွေ ထိုးကျပြီး ၀ယ်သူမရှိဖြစ် သတင်း
နယ်စပ်ဂိတ်ပိတ်၍ ထိုင်းကုန်ပစ္စည်း ဈေးနှစ်ဆတက် သတင်း
မြန်မာပြည်အလယ်ပိုင်း မိုးခေါင် နှမ်းခင်းအများစု ပျက်စီး သတင်း
စီးပွားရေး - ပုဂ္ဂလိက လေကြောင်းလိုင်းသစ်၊ လိုင်စင်မဲ့ကား သတင်း
သူငယ်ချင်း ကဗျာဆရာ ညွန့်အေး (အင်းဝ) (ဆောင်းပါး)
ဆေးယောင်ဆောင်သော အဆိပ် (ဆောင်းပါး)

Monday, August 9, 2010

ရွေးကောက်ပွဲနဲ့နီးလေ ပွဲကြမ်းလေလို့ ဆိုရမလား

ရဲဘော်ဖိုးသံချောင်း
၀၉ သြဂုတ် ၂၀၁၀

“နည်းနည်းသက်သာတဲ့ မကောင်းဆိုးဝါး” (Lesser Evil) ဆိုတဲ့ အသုံးအနှုန်းတခု မြန်မာပြည် နိုင်ငံရေးမှာ အခုတလော အတော် ပြောလာကြတာကို တွေ့နေရပါတယ်။ ပြည်ပက စထွက်လာတဲ့ အယူအဆ - အသုံးအနှုန်းလို့ မှတ်မိနေပါတယ်။ ဒါဟာ မြန်မာပြည် နိုင်ငံရေးမှာ တွေ့ရတတ်တဲ့ ပြည်ပက ခြေရာ လက်ရာတွေထဲက တခုလို့ဆိုရင် ရမလားပဲ။

သူတို့တင်ပြတဲ့ အယူအဆရဲ့ အဓိကဆိုလိုချက်ကတော့ ရွေးကောက်ပွဲဝင်ဖို့၊ လက်ရှိ နအဖက ပေးတာကို လက်ခံ သဘောတူ လိုက်ဖို့ ဆိုတာပါပဲ။ ဒီအယူအဆပေါ်လာတာဟာ ပြည်တွင်းက မဆွတ်ခင်ကညွှတ်ချင်နေတဲ့ ရွေးကောက် ပွဲဝင်လိုသူတွေ အဖို့တော့ ‘တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်’ ဖြစ်သွားပါတယ်။ နအဖအတွက် “ရွှေ ဘုန်းတော်တိုးပါလို့၊ ငွေမိုးတွေရွာ” ဆိုတာမျိုးတွေ ပုံမှန် ရေးနေကြသူတွေ အတွက်လည်း အကြောင်းပြစရာ ဆင်ခြေတခု ရသွားတယ်လို့ ဆိုရင် မမှားပါဘူး။ သူတို့အထဲက တချို့ကများ ဆိုရင် ပြည်တွင်း အခြေအနေတွေကို မသိဘဲ ပြည်ပကနေ လျှောက်ပြောမနေနဲ့ ဆိုတာမျိုးနဲ့ လှမ်းတောင် ဟောက်ပါတယ်။ ပြည်ပမှာ နေပြီး ပြည်တွင်း အခြေအနေကို မသိဘူးဆိုတာ ထားပါတော့၊ နအဖအတွက် ရှေ့နေ လိုက်နေတာကကော ပြည်တွင်းမှာ နေပြီး ပြည်တွင်း အခြေအနေကို သိနားလည်တာလို့ ဆိုနိုင်ပါသလားလို့ မေးလိုက်ဖို့ ကောင်းပါတယ်။

Read More...

ဦးဝင်းတင်နဲ့ မေးခွန်းများ

၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ဆီသို့ အရွေ့များ

သြဂုတ် ၉ ၊ ၂၀၁၀

ဖြိုးမင်းသိန်းတို့ ပါတီထောင်တာနဲ့ ပတ်သက်ပြီး
၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်မှတ်ပုံတင်ကြမယ် ဆိုပြီး လူငယ်တွေက အရင်တုန်း ကတည်းက အများကြီး လာရောက် ဆွေးနွေးဖူးတယ်။ သူတို့နဲ့ ပတ်သက်ပြီး ထင်မြင်ချက် ပေးခဲ့တာတွေကို အခု ပြန်ပြောပြမယ်။

ကျောင်းသားတွေ လူငယ်တွေ ဆိုတာ နိုင်ငံရေးမှာ လှုပ်ရှားတဲ့ အင်အားစုဖြစ်တယ်၊ သူတို့တွေက ပါတီ နိုင်ငံရေး လှုပ်ရှားမှု တခုကို ထူထောင်တာ မဟုတ်ဘဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး လူငယ် ကျောင်းသား တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတရပ်ကို ဆောင်ရွက်ကြတယ်လို့ မြင်တယ်။

သို့သော် ပါတီ အဖွဲ့အစည်းတရပ်ကို ထောင်ပြီးတော့ လှုပ်ရှားကြတဲ့နေရာမယ် မင်းတို့ရှေ့က ဖြတ်သန်း သွားခဲ့ဖူးတဲ့ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး ပါတီတွေလို ပါတီနိုင်ငံရေးကို ငဲ့ရ၊ ပါတီ ရပ်တည်ရေးတို့ ပါတီ အကျိုးစီးပွားတို့ကို ငဲ့ရနဲ့ လှုပ်ရှား ဆောင်ရွက်လာရတဲ့ အဖြစ်ကို ရောက်လာကြရင် မင်းတို့တတွေဟာ လူငယ်တွေ ကျောင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတခု အဖြစ်ကနေ သမားရိုးကျ နိုင်ငံရေး ပါတီလိုပဲ ဖြစ်သွားမှာပဲ၊ အဲသလို သာမန်နိုင်ငံရေး သမား တဦးပဲ ဖြစ်သွားမှာပဲ လို့ ပြောခဲ့ဖူးတယ်။

Read More...

နေ့စဉ်သတင်းများ ( ၈ - ၈ - ၁၀ )

လိုင်ဘေးရီးယား သမ္မတဟောင်းကဲ့သို့ ဗိုလ်ချုပ်သန်းရွှေ တရားစွဲခံရနိုင် သတင်း
ရှစ်လေးလုံး အောက်မေ့ဖွယ် အခမ်းအနားတွေ ပြည်တွင်းပြည်ပမှာ ကျင်းပ သတင်း
ရှစ်လေးလုံးလှုပ်ရှားမှုနှင့် မြန်မာ့နိုင်ငံရေး လူငယ်စကားဝိုင်းများ ကျင်းပ သတင်း
ရန်ကုန်မှ နိုင်ငံရေးသမားများ ၈ လေးလုံးနေ့ကို တိတ်ဆိတ်စွာ အထိမ်းအမှတ်ပြု သတင်း
အမှတ်တရ ၈.၈.၈၈ သတင်း
ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် မွန်ခေါင်းဆောင် နိုင်နွန်လာ ကွယ်လွန်ခြင်း အခမ်းအနား ကျင်းပ သတင်း
ရခိုင်ပြည်နယ်က ဓမ္မ၀ိဟာရဆရာတော် ဦးပညာစာရအား စစ်အစိုးရက ဖမ်းဆီးနှိပ်စက်ခြင်းသည် နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး လုပ်ကြံမှုတခုဖြစ်ဟု အမေရိကန်ရောက် ဆရာတော်များက ပြော သတင်း
ရွေးကောက်ပွဲ သပိတ်မှောက်ရန် ဗကသ တိုက်တွန်း သတင်း
ဦးတေဇပိုင် Asia Green Development ဘဏ်ပထမဆုံး ဖွင့်လှစ်ပြီ သတင်း
RFA သတင်းဌာနလည်း ဇော်ဂျီ သုံးတော့မည် သတင်း
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရေကြီးမြေပြိုမှု လူ (၁၃၀) နီးပါး သေဆုံး သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှုပ်ရှားမှုဓာတ်ပုံအချို့ (ဓာတ်ပုံ)
ကမ္ဘာမကြေတဲ့ ပဲ့တင်သံတွေ (ကဗျာ)
တပ်ဖွဲ့ဝင်တွေရဲ့ စုဆောင်းငွေ ဘာကြောင့် ပြန်မပေးနိုင်တာလဲ (ဆွေးနွေးဖလှယ်)
ကျနော်နှင့် ရှစ်လေးလုံးအရေးတော်ပုံ (ဆောင်းပါး)

အပေါ်သို့