Friday, January 18, 2013

ထိုင်းတောင်ပိုင်းကို လှေတွေနဲ့ ဝင်လာတဲ့ ရိုဟင်ဂျာ ထောင်ဂဏန်းနီးပါးရှိလာနေ

2013-01-17

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသကို ဇန်နဝါရီ ၁၆ရက် မနေ့က တစ်ရက်တည်းမှာတင် ရိုဟင်ဂျာ ၁၃ဝလောက် လှေတွေနဲ့ဝင် ရောက်လာတယ်လို့ ထိုင်းဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Phra Thong ဖရာသွန်ကျွန်းကို မနေ့ကလှေတွေနဲ့ ၀င်ရောက်လာသူ ၈၈ယောက်ဟာ မိမိတို့ ရိုဟင်ဂျာတွေဖြစ်ပါတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့ထံမှာ ပြောဆိုခဲ့ပါတယ်။

Read More...

မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက ခွင့်ပြုခြင်းမရှိသေး

2013-01-17

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။

Read More...

အစိုးရနဲ့ ကေအိုင်အိုတိုက်ပွဲတွေ ပြင်းထန် လာနေတာကို အမေရိကန်သံအမတ်ကြီး စိုးရိမ်

2013-01-17

အစိုးရနဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အရင်းခံအကြောင်းဟာ တဖက်နဲ့တဖက်ယုံကြည်မှု အားနည်း နေတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ဇန်နဝါရီလ ၁၇ရက်နေ့ ဒီကနေ့ ပြောလိုက် ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ကေအိုင်အိုတပ်တွေ နှစ်ဖက်စလုံးတိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းကြဖို့ကိုလည်း သံအမတ်ကြီးက တောင်း ဆိုလိုက်ပါတယ်။

Read More...

အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်း မြေသိမ်းယူမှုတောင်သူတွေ မကျေနပ်

2013-01-17

ကမ္ဘာကျော်အင်းလေးကန်ရဲ့ အရှေ့ဖက်ကမ်း သလဲဦးကျေးရွာ အုပ်စုမှာ တည်ဆောက်နေတဲ့ အင်းလေး ဟိုတယ် ဇုန်စီမံကိန်း ကြောင့် မြေသိမ်းခံရတဲ့ တောင်သူတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က သုံးနှစ်စာ သီးနှံလျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ပေး အပ်ခဲ့ပေမယ့် တောင်သူ အများစုကတော့ ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

Read More...

ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ရှင် ကို ဖေါ်ထုတ်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်

2013-01-17

ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူ ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ အရေးကြီးအဆိုတစ်ခုကို ကမာရွတ်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင် က ဒီကနေ့ ပြည်ထောင်စု လွှတ် တော်မှာ တင်သွင်းခဲ့ ပါတယ်။

Read More...

ဥရောပသမဂ္ဂ သံကိုယ်စားလှယ်ရုံးဖွင့်မယ်လို့ EU အကြီးအကဲပြော

2013-01-17

ဥရောပသမဂ္ဂ EU နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲရဲ့ အကြံပြုချက်အရ ရန်ကုန်မြို့မှာ EU နိုင်ငံတွေက သံကိုယ်စားလှယ် ရုံးတွေကို ဖွင့်လှစ်သွားမယ်လို့ EU က မနေ့က ကြေညာလိုက်ပါတယ်။

Read More...

ICRC က မြန်မာနိုင်ငံ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနိုင်ဖွယ်ရှိ

2013-01-17

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံ တကာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဌနဲ့အဖွဲ့ဟာ လာမယ့်သီတင်းပတ် အစောပိုင်းမှာ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Read More...

ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ်အနီး ဗုံးကွဲ လူသုံးဦး ဒဏ်ရာရ

2013-01-18

ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ် အနီးမှာ မနေ့ညနေပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပေါက်ကွဲတဲ့နေရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ဗန်းမော်မြို့ခံ တစ်ယောက်က အခုလို ပြောပါတယ်။

Read More...

လိုင်ဇာမြို့အနီး တရုတ်နယ်စပ်ဂိတ် သွားလာခွင့် တရုတ်အာဏာပိုင်တွေ ပိတ်ပင်

2013-01-18

မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် တရုတ်ပြည် ယင်ကျန်းမြို့နဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ဆက်သွယ်တဲ့လမ်းကို တရုတ် အာဏာပိုင်တွေက မနေ့ကစပြီး သွားလာခွင့်ပိတ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီလမ်းဟာ မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံအတွင်း ဈေးဝယ်တာ၊ အလုပ်သွားလုပ်တာ စသဖြင့် လိုင်ဇာနဲ့ ယင်ကျန်းမြို့ကို နေ့စဉ်အသွားအပြန်လုပ်နေတဲ့လမ်းဖြစ်ပါတယ်။ မနေ့ကတော့ မြန်မာနိုင်ငံသားတွေကို တရုတ်နယ်ခြားစောင့်တပ်က သွားလာ ခွင့်ပိတ်လိုက်တဲ့အကြောင်း ကိုယ်တိုင်တွေ့ကြုံပြီး ပြန်လာတဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

Read More...

မြန်မာလက်နက်ကြီး တရုတ်ဘက်ကျခဲ့ကြောင်း တရုတ်အစိုးရပြော

2013-01-18

အခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ တရုတ်အစိုးရက မနေ့က ပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်ပြည် ပိုင်နက်အတွင်း နယ်စပ်ကနေ ကိုက်ငါးရာကျော်အထိ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူအသေအပျောက် တော့မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ပြည်အနေနဲ့ အလွန်တရာမကျေမနပ်ဖြစ်ရကြောင်း မြန်မာအစိုးရကို အသိပေးပြောဆိုခဲ့ပြီး၊ နောက် နောင် ဒီလိုကိစ္စမျိုး ထပ်ပြီးမဖြစ်ပွားရအောင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဟုန်လီ က ပြောပါတယ်။

ဒါ့ပြင် တရုတ်ပြည်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းက အခြေအနေတွေနဲ့ နယ်စပ်ဒေသအပေါ် သက်ရောက်မှုတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ မြန်မာပြည်ဘက်က စစ်ရေးပဋိပက္ခတွေ ယူနန်ပြည်နယ်အတွင်း ရိုက်ခတ်မှုမရှိအောင်လည်း ဖိဖိစီးစီး ဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရနဲ့ KIO တို့ကိုလည်း ပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်း ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က ပြောကြားခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း

ကိုသားညွန့်ဦး
17.01.2013

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ကြဖို့အတွက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးက တောင်းဆိုလိုက်ပါတယ်၊ နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ မော်တာကျည်အချို့ ကျရောက်ခဲ့တဲ့ အပေါ်မှာလည်း တရုတ်က ပြီးခဲ့တဲ့ သတင်းပတ်တွေက ကန့်ကွက်ခဲ့ပါတယ်။ ကချင်အရေး တရုတ်ဖက်က တုန့်ပြန်ချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

Read More...

မြန်မာလယ်သမားတွေကို တရုတ်ငွေချေးရေးညှိနှိုင်း

သူရစိုး
17.01.2013

နှစ်နိုင်ငံကုန်သွယ်ရေး ကဏ္ဍမှာတော့ မြန်မာပို့ကုန်ပစ္စည်းအရည်အသွေး ထိန်းသိမ်းမှု တိုးတက် ဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပြီး မြန်မာ လယ်သမားတွေအတွက် လိုနေတဲ့ စိုက်ပျိုးရေး ဆိုင်ရာ အထောက်အပံ့တွေပေးသွားဖို့လည်း စီစဉ်နေတယ်လို့ တရုတ်ကုန်သွယ်ရေး ဒုဝန်ကြီးက ပြောလိုက်ပါတယ်။ တရုတ်ကုန်သွယ်ရေးဒုဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သွား ရောက်သတင်းယူခဲ့တဲ့ ရန်ကန်ုအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုသူရစိုးက တင်ပြပေးထားပါတယ်။

Read More...

ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း

17.01.2013

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသား တက္ကသိုလ်က ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေကို တန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး မြင့်မားလာစေဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဂုဏ်ပြုတာလို့ ဆိုးလ်တက္ကသိုလ်က ပြော ပါတယ်။

Read More...

ပြန်ပေးဆွဲ အယ်ဂျီးရီယားစစ်သွေးကြွစခန်းကို စီးနင်း

17.01.2013

Algeria နိုင်ငံမှာ နိုင်ငံခြားသား ၄၁ ယောက်ကို အစ္စလာမ် စစ်သွေးကြွတွေပြန်ပေးဆွဲ ဖမ်းထားတဲ့ သဘာဝဓါတ်ငွေ့စက်ရုံ ဝန်းအပေါ် စစ်ဆင်မှု အဆုံးသတ်သွားပြီလို့ အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်၊ ဒါပေမဲ့ ပြန်ပေးဆွဲခံထားရသူတွေနဲ့ ပါတ်သက်တဲ့ သတင်း အတိအကျကတော့ ခိုင်ခိုင်မာမာ မရသေးဘူးဖြစ်နေပါတယ်။ ဝင်ရောက်စီးနင်းမှုအတွင်း အကြမ်းဖက်သမား အများအပြား သုတ်သင်နိုင်ခဲ့တယ်လို့ Algeria ပြန်ကြားရေးဝန်ကြီး Mohamed Said ကပြောပါတယ်၊ ပြန်ပေးဆွဲခံထားရသူ တချို့လဲ သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။

Read More...

787 ဘိုရင်းလေယာဉ်အားလုံး ပျံသန်းမှုရပ်ဆိုင်း

17.01.2013

အမေရိကန်အစိုးရ လေကြောင်းတာဝန်ရှိသူတွေက လုံခြုံစိတ်ချရမှုနဲ့ ပါတ်သက်တဲ့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာ Boeing ကုမ္ပဏီလုပ် 787 Dreamliner အမျိုးအစား ဂျက်လေယာဉ်တွေကို ကမ္ဘာတဝှမ်းက လေကြောင်းတာဝန်ရှိသူတွေက
ပျံသန်းမှု ရပ်နားထားလိုက်ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ Boeing 787 လေယာဉ်တွေ ပျံသန်းမှု ရပ်နားထားခဲ့ပြီး နောက် ချီလီ၊ India နဲ့ ဥရောပက လေကြောင်းလိုင်းတွေကလဲ 787 လေယာဉ်တွေ ပျံသန်းမှုကို ရပ်ဆိုင်းထားလိုက်ပါတယ်။

လေယာဉ်တွေရဲ့ ဘက်ထရီတွေ မီးလောင်နိုင်တဲ့အန္တရာယ်ကို မပြင် ရသေးသရွေ့ ဒီလေယာဉ်ပျံတွေ မပျံသင့်ဘူးလို့ ကမ္ဘာလုံး ဆိုင်ရာ လေကြောင်းစည်းမျဉ်း စည်းကမ်း အဆင့်အတန်းတွေကိုသတ်မှတ်တဲ့ FAA က ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။ လေယာဉ်မှုးမောင်းခန်းထဲက သတိပေးမီးမှာ ဘက်ထရီပြဿနာရှိနေတယ်ဆိုပြီး အချက်ပြခဲ့သလို ခရီးသည်တွေကလဲ မီးလောင် နံ့ရခဲ့လို့ ဂျပန်မှာ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက်မှာ အင်ဂျင် ၂ လုံးတပ် Boeing 787 လေယာဉ်တွေရဲ့ လုံခြုံစိတ်ချရမှုနဲ့ ပါတ်သက်လို့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်၊


Ref: ဗွီအိုအေ

Read More...

ကချင် အရေးကြောင့်ပြုပြင်ပြောင်းလဲမှု ထိခိုက်မှာ ကုလစိုးရိမ်

မခင်ဖြူထွေး
17.01.2013

ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့မှာ ဒီပဋိပက္ခမှာ ပါဝင်သူတွေကြားမှာပဲ ညှိနှိုင်း ဆောင်ရွက်ကြမှာဖြစ်တဲ့ အကြောင်းနဲ့ လက်ရှိ တင်းမာမှု အရှိန်မြင့်လာတာကနေ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေကို ထိခိုက်တာမျိုး ဖြစ်မှာကို ကုလသမဂ္ဂအနေနဲ့ မလိုလားဘူးလို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံက သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။။

Read More...

Thursday, January 17, 2013

အုပ်ချုပ်ရေးမှူးရုံးကြောင့် အမ်းမြို့ဂုဏ်အင်္ဂါကို ထိခိုက်

January 17, 2013

စစ်တွေ- ရန်ကုန် ကားလမ်းမကြီးဘေးတွင် တည်ရှိသော အမ်းမြို့၏ အဓိက အစိုးရ အဆောက်အဦး တစ်ခု ဖြစ်သည့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကြောင့် မြို့၏ ဂုဏ်အင်္ဂါကို ထိခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးမှူးရုံး၏ ဘေးပတ်ဝန်းကျင်တွင် ခြုံနွယ် ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေမူကို ခုတ်ထွင်ရှင်းလင်းမူ မရှိခြင်းက မြို့၏ ဂုဏ်အလှကို ထိခိုက်နေခြင်း ဖြစ်ကြောင်း အမ်းမြို့ ဈေးရပ်ကွက်မှ ဦးထွန်းတင်က ပြောသည်။

Read More...

တစ်ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး ဘင်္ဂလာဒေခ်ျ့နှင့် ရုရှားတို့ လက်မှတ်ရေးထိုး

January 17, 2013

ဘင်္ဂလာဒေခ်ျ့နိုင်ငံနဲ့ ရုရှား နိုင်ငံ အကြားမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး သဘောတူ စာချုပ် တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခုလို လက်မှတ်ရေးထိုးတာကို ဒီလ ၁၅ ရက် နေ့က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ ရုရှား ခရီးစဉ် အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက်ကို မော်စကိုမြို့ ကရင်မလင် နန်းတော်မှာ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ (Sheikh Hasina) နဲ့ ရုရှား သမ္မတ ဗာလာဒီမီယာ ပူတင် ( Vladimir Putin) တို့ရဲ့ ရှေ့မှောက်မှာ နှစ်ဘက်နိုင်ငံ သက်ဆိုင်ရာ ၀န်ကြီး တွေက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ၀ယ်ယူမယ့် စစ်လက်နက် ပစ္စည်းတွေထဲမှာ သံချပ်ကာကားတွေ၊ ခြေလျင်တပ်သုံး စစ်လက်နက် ပစ္စည်းတွေ၊ လေကြောင်း ကာကွယ်ရေး အတွက် အသုံးပြုတဲ့ စစ်လက် နက်ပစ္စည်းတွေနဲ့ ထောက်ပို့ ပစ္စည်းတွေ သယ်ယူနိုင်တဲ့ Mi 17 အမျိုးအစား ရဟတ်ယဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်းမှာ ရုရှားနဲ့ စာချုပ် (၂) ခုနဲ့ နားလည်မူ စာချွန်လွှာ (MoU) ၆ခု တို့ကို လက်မှတ် ရေးထိုးခဲ့ပြီး ဒီအထဲမှာ စိုက်ပျိုးရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေး၊ လူမူရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမူ ဖလှယ်ရေး စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒီအထဲမှာ အရေးကြီးတာက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရိုပူရ် ( Rooppur) မှာ တည်ဆောက်မယ့် လျှပ်စစ် စွမ်းအင် ထုတ်ယူရေး နျူကလီယားသုံး ဓါတ်ပေါင်းဖို တည်ဆောက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ စာချုပ် တစ်ခုကိုလည်း လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ သူ့နိုင်ငံ အတွင်းမှာ နျူကလီးယားသုံး ဓါတ်ပေါင်းဖို တည်ဆောက်ရေး အတွက် ရုရှားဆီက အကူအညီ ရယူဖို့ ကြိုးစား ဆောင်ရွက်နေတာ ကြာနေပြီ ဖြစ်ပါတယ်။

အခု ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ ခရီးစဉ်ဟာ ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံခေါင်းဆောင် တစ်ဦး ရဲ့ ဒုတိယ ခရီးစဉ် ဖြစ်ပြီး သူမရဲ့ ဖခင်ဖြစ်သူ ရှိတ်မူဂျီဘူရာဟမာန်ဟာ ၁၉၇၂ ရုရှားကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။

မနေ့က ထုတ်တဲ့ The Daily Star သတင်းစာမှာတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအနေနဲ့ သူနိုင်ငံရဲ့ စစ်ရေး စွမ်းရည်ကို မြှင့်တင် ရေးကို အဘက်ဘက်က ကြိုးစားဆောင်ရွက်နေတဲ့ နေရာမှာ မြန်မာ နယ်စပ် အနီး လေတပ် အခြေစိုက် စခန်း တည်ဆောက် လာတာတို့၊ ရေတပ်မှာ Frigates တို့နဲ့ အစားထိုး တည်ဆောက်လာတာတွေ ရှိတယ်လို့ ရေးသား ဖေါ်ပြပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ သူ့နိုင်ငံ အတွက် လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို တရုတ်နိုင်ငံက ၀ယ်ယူတင်သွင်း အားဖြည့်နေပြီး အမေရိကန် အစိုးရဆီကတော့ စစ်ရေး ဆိုင်ရာ နည်းပညာတွေနဲ့ သင်တန်းတွေကို ရရှိနေပါတယ်။

အခု အခါမှာတော့ ရုရှားနိုင်ငံ အထိ သူ့ရဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ်မူကို ချဲ့ထွင် လာပြီး စစ်လက်နက် ပစ္စည်းတွေ ရယူဖို့ ကြိုးစား ဆောင်ရွက် လာနေတာ ဖြစ်ပါတယ်။

Ref: နိရဉ္စရာ

Read More...

မြောက်ဦးတွင် သေနတ်လုစဉ် ဓါးခုတ်ခံရသည့် စစ်သား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်

January 16, 2013


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် သေနတ်လုစဉ် အတွင်း ဓါးခုတ်ခံရသည့် ဒုတပ်ကြပ် စိုးဝင်း စစ်တွေဆေးရုံတွင် သေဆုံး သွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

“ ကျွန်တော်တို့ ကြားရသလောက် သူ့ကို မြောက်ဦးကနေ စစ်တွေကို ယူလာတယ်။ အခုတော့ သေသွားပြီလို့ သိရတယ်။ စစ်တွေမှာတော့ ဒီလို သတင်း ဖြစ်ပေါ်နေပါတယ်” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

Read More...

၂၀၁၂ ခုနှစ်အတွင်း မြန်မာသို့ နိုင်ငံခြားသား တစ်သန်းကျော် လာရောက်လည်ပတ်

January 17, 2013

ကုန်လွန်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား တစ်သန်းကျော် လာရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသည်ဟာ ရှစ်သိန်း (၈၀၀၀၀၀) ရှိရာကနေ ၂၀၁၂ ခုနှစ်မှာတော့ တစ်သန်း ခြောက်သောင်း (၁၀၆၀၀၀၀) ထိ ရှိလာတယ်လို့ ဇန္န၀ါရီလ ၁၅ ရက်နေ့ထုတ် ပြန်တဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ခုလို နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံထဲ လှိမ့်ဝင်လာတာကတော့ မြန်မာနိုင်ငံရဲ့ မြန်ဆန်လွန်းတဲ့ အပြောင်းအလဲကြောင့် ဖြစ်တယ်လို့ AFP သတင်း တစ်ပုဒ်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို နိုင်ငံထဲ လာရောက် လည်ပတ်ဖို့ အထူးဆွဲဆောင်မူ ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလာရေး ဘုတ်အဖွဲ့ဝင် ဖြိုးဝေရာဇာကတော့ ၂၀၁၂ ခုနှစ်ဟာ မြန်မာ ခရီးသွား လုပ်ငန်းကို အထူး အကျိုးရှိစေတဲ့ နှစ် ဖြစ်ခဲ့ပြီး ဒီလို လာလည်တာမျိုးဟာ အရင်က မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာ ခရီးသွား လုပ်ငန်း အနေနဲ့ ဒီလိုများပြားတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို အခက်အခဲမရှိ နိုင်နှင်းစွာ လုပ်ကိုင်နိုင်မူ မရှိမှာကိုတော့ စိုးရိမ်တယ်လို့ ပြောပါတယ်။ ဟိုတည်ခတွေ ဈေးနှုန်းကြီးမြင့်တာနဲ့ တည်ခိုခန်းတွေ ရှားပါးတာ တွေဟာလည်း အခက်အခဲတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဟိုတည်ပေါင်း ၈၀၀ ခန့်ရှိပြီး တည်းခိုနိုင်တဲ့ အခန်းပေါင်း ၂၈၀၀၀ သာရှိတယ်လို့ သိရပါတယ်။

Ref: နိရဉ္စရာ

Read More...

ခရာဘွမ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်

16 January 2013
နန်းသူးလေ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၏ အနောက်ဘက် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ထိန်းချုပ်ရာ ခရာဘွမ်တောင်စခန်းတွင် အစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

KIO မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “ဒီနေ့မနက် ၈နာရီကစတင်ပြီးတော့ လိုင်ဇာစခန်းရဲ့ အပြင်ဘက် ခရာဘွမ်တောင်တန်း မှာ ဒီနေ့တစ်နေ့လုံးတိုက် ပွဲတွေဖြစ်နေ တယ်။ မနေ့ကလည်း ညမိုးချုပ်အထိ တိုက်ပွဲဖြစ်တယ်”ဟု ပြောသည်။

Read More...

KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်

ဖနိဒါ
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော် မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း မှ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်းမည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နေပြည်တော် MPC တွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်း ရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

Read More...

ထိုင်း-မြန်မာ နယ်စပ်တွင် ဘတ်ငွေ သန်း ၈၀ ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

ကွန်းချမ်း
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင်လာသည့် အဖွဲ့တဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တို့ နယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားရာမှ ထိုင်းဘတ်ငွေ သန်း ၈၀ ခန့် တန်းဖိုးရှိ ယာဘ စိတ်ကြွဆေးပြား တသန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်း နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ် (တာချီလိတ်မြို့နှင့် တဖက်) တောတွင်းတနေရာ၌ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး တိုက်ပွဲမှ မူးယစ်ဆေး သယ်ဆောင်
သူ သုံးဦးကို အသေဖမ်းမိကာ ၎င်းတို့ စွန့်ပစ်ထားခဲ့သည့် ကျောပိုးအိတ် ၁၂ လုံးအတွင်းမှ စိတ်ကြွဆေးပြား တသန်း
နှစ်သိန်းကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

Read More...

အိန္ဒိယ နယ်စပ်ပိတ်၍ တမူးမြို့ နန့်ဖာလုံဈေး အရောင်းအဝယ် ထိုင်း

နေမျိုး
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ်

အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့တွင် တနင်္လာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာနှင့် နယ်စပ်ဂိတ် ပိတ်လိုက်ခြင်းကြောင့် တမူးမြို့ နန့်ဖာလုံဈေး လူဝင်/လူထွက် နည်းပါးကာ ဈေးအရောင်းအဝယ်
အေးစက်သွားကြောင်း နန့်ဖာလုံဈေးမှ ဈေးသည် တဦးက ပြောသည်။

“မနက်ပိုင်း စောစောလောက် ဖွင့်တယ်။ နေ့ခင်းပိုင်း ပိတ်လိုက်တယ်။ ကျနော်တို့ကတော့ သောင်းဂဏန်းလောက် ဆုံးရှုံးတယ်။ ဈေးဝယ်တဲ့သူ အများစုက ဟိုဘက်က လာတာ။ ကျနော်တို့က တရက်ကို တသောင်းလောက် ရှုံးသွား တာပေါ့” ဟု ကုန်စိမ်းသည် တဦးက ဆိုသည်။

Read More...

တရုတ်နိုင်ငံထက် မြန်မာနိုင်ငံ ပိုလွတ်လပ် လာကြောင်း Freedom House ထုတ်ပြန်

2013-01-16

လက်ရှိမြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ ထက် ပိုပြီးလွတ်လပ်လာကြောင်း မနေ့ကထုတ်ပြန်တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၃ခုနှစ် ကမ္ဘာတစ်ဝှန်း လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာက ထုတ်ပြန်ပြောကြား လိုက်ပါတယ်။

Read More...

နျူကလီးယားမပြန့်ပွားရေးအတွက် အမေရိကန်က မြန်မာကိုလာဆွေးနွေး

2013-01-16

မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု တို့ နျူကလီးယားမပြန့်ပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန်မြို့ အမေရိ ကန်သံရုံးက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်စွမ်းအင်ဝန်ကြီးဌာန အမျိုးသားအနုမြူလုံခြုံရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက အနုမြူဆိုင်ရာအရာရှိတွေ နေပြည်တော်မှာ ဇန်ဝါရီလ ၉ရက်နေ့ ကနေ ၁၁ရက်နေ့အထိ ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံတကာ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးစနစ်တွေနဲ့ ပတ်သက်ပြီးပိုမိုသိရှိရေး ရည်ရွယ်ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း ကြေညာချက် မှာဖေါ်ပြထားပါတယ်။

Read More...

ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်

2013-01-16

ကချင်ဒေသမှာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လာစေဖို့ ရည်ရွယ်ချက် နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ ကနေ ကချင်ပြည်နယ်ကို လမ်းလျှောက်ချီတက် သွားမယ်လို့ ဒီကနေ့ ညနေ ပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

လွတ်လပ်ရေးနဲ့အတူ စတင်သန္ဓေတည်လာတဲ့ ပြည်တွင်းစစ်ရပ်ဆိုင်းရေးအတွက် အားလုံးပူးပေါင်းပါဝင်လာစေဖို့ ငြိမ်းချမ်းရေး လိုလား တဲ့လူငယ်တစ်စုရဲ့ ကြိုးပမ်းမူတစ်ခုပါလို့ လမ်းလျှောက်ပွဲမှာပါဝင်မယ့် ကိုဇင်ကိုကိုက ပြောပါတယ်။

လမ်းလျှောက်မယ့်ရက်ကို အခုလ ၂၁ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ မနက် ၇နာရီမှာ စတင်ထွက်ခွာဖို့ စီစဉ်ထားပြီး အဲဒီလိုလမ်းလျှောက် ဆန္ဒထုတ်ဖော်မယ့်ကိစ္စကို သမ္မတ ဦးသိန်းစိန်အစိုးရသိရှိဖို့ စာပေးပို့ထားပြီး ခရီးစဉ်အတွင်း စားရေးသောက် ရေးတွေကိုလည်း သူတို့ကုန်ကျမှုနဲ့ သွားရောက်မှာဖြစ်ပြီး ခရီးအဆုံးကို ကချင်ပြည်နယ် လိုင်ဇာမြို့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ခရီးစဉ် အစ အဆုံးကို ရက်ပေါင်း ၄၅ရက် ကြာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရေး ထိုင်းအစိုးရ ရက်တိုးပေး

2013-01-16

ထိုင်းနိုင်ငံမှာ အထောက်အထား မရှိသေးတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ အသက် ၁၅နှစ် အောက် ကလေးတွေကို နိုင်ငံသား စီစစ်မှုပြုလုပ်ပြီး ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့်ပြုလုပ်ပေးနေတဲ့ လုပ်ငန်းစဉ်ကို ထိုင်း အစိုးရက ၂၀၁၃ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့အထိ တိုးချဲ့လုပ်ဆောင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တင်ပြထားတဲ့ ယာယီပတ်စပို့စ် ပြုလုပ်ရေးလုပ်ငန်းစဉ် တိုးချဲ့သွားရေးအဆိုပြုချက်ကို မနေ့က
ကျင်းပတဲ့ ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေးက သဘောတူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်ကစတင်ပြီး ဒီအမိန့်အာဏာတည်ကြောင်း NGOs အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ပူးပေါင်းလုပ်ဆောင်မှုကော်မတီ MWG အဖွဲ့က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“မနေ့ကသဘောတူတဲ့အချက်ကတော့ ကျနော်တို့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ နိုင်ငံသားစီစစ်ရေးလုပ်ငန်း သက်တမ်းကုန်တာပေါ့ အဲဒီတော့နောက်ထက် ရက် ၁၂၀သက်တမ်းတိုးပေးတာရယ်၊ အဲဒီမှာ ဒီထိုင်းနိုင်ငံမှာရှိသေးတဲ့ တရားမဝင် အလုပ်သမား တွေ အားလုံးကို သူတို့ဆက်ပြီးတော့ နိုင်ငံသားစီစစ်ရေး ပြုလုပ်ပေးဖို့၊ အဲဒီအပြင်ကို သူတို့ရဲ့ အသက် ၁၅နှစ်အောက် ကလေးတွေကိုပါ သူတို့သက်ဆိုင်ရာနိုင်ငံတွေပေါ့ သူတို့မိဘတွေရဲ့ အထောက်အထားအတိုင်းအရပေါ့ အဲဒီနိုင်ငံကူးလက်မှတ် သို့မဟုတ်ရင် CI (Certificate of Identification) ဆိုတဲ့ အထောက်အထားစာရွက် ထုတ်ပေးပြီးတော့ ထိုင်းနိုင်ငံအနေနဲ့ သူတို့မိဘ တွေအတိုင်းပေါ့ ဗီဇာနေထိုင်ခွင့်ကို ထုတ်ပေးဖို့”

ဒါ့အပြင် အသက် ၁၅နှစ်အောက် ကလေးတွေအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးနဲ့အတူ ကျန်းမာရေးအာမခံပြု လုပ်ခွင့်ကိုလည်း ခွင့်ပြုလိုက်တယ်လို့သိရပါတယ်၊ အစိုးရခွင့်ပြုချက်အရ ထိုင်းပြည်ထဲရေးဌာနအမိန့်နဲ့ အလုပ်အကိုင်ခန့် ထားရေး ဌာနက တလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ထုတ်ပေးမှာဖြစ်တဲ့အတွက် လုပ်ငန်းရှင် တွေက မိမိတို့အလုပ်သမားတွေရဲ့ လိုအပ်တဲ့အထောက်အထား မှတ်တမ်းတွေကို သွားရောက်တင်ပြနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအထောက်အထားတွေ ထုတ်ပေးဖို့အတွက် စမုတ်ပရာကန်၊ စမုတ်ဆာခွန်၊ ပထုံဌာနီ၊ ချင်းမိုင်နဲ့ ဆောင်ခလာ ခရိုင်တွေမှာ လုပ်ငန်းအကောင်အထည်ဖော်ရေးရုံးတွေကို အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

လာမယ့်ဧပြီလ ၁၅ရက်နောက်ပိုင်း ယာယီပတ်စပို့စ် မပြုလုပ်တဲ့အလုပ်သမားတွေကို ဖမ်းဆီးပြန်ပို့မှာဖြစ်ပြီး လုပ်ငန်းရှင်ကိုလည်း ဥပဒေအရ အရေးယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မြန်မာအလုပ်သမား ၁သန်းခွဲခန့်ကို ယာယီပတ်စပို့စ် ထုတ်ပေးထားပြီး အထောက်အထားမဲ့ မြန်မာအလုပ် သမားဦးရေ ၅သိန်းခန့် ကျန်ရှိနေတယ်လို့ အလုပ်သမားရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အစိုးရတပ်က ကာကွယ်စစ်ဆင်နွှဲနေတာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဆို

2013-01-16

ကေအိုင်အို လိုင်ဇာဌာနချုပ်ကို အစိုးရတပ်တွေက ဦးတည်တိုက် ခိုက်နေတာ မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်စခန်းတွေကို ပိတ်မိနေလို့ ကာကွယ်စစ်ဆင်နေတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ထပ်မံပြောကြားလိုက်ပါတယ်။

Read More...

ရခိုင်အမျိုးသား အင်အားစုတွေ ညီညွတ်ရေးလုပ်ငန်းစဉ်ကိုချမှတ်

2013-01-16

ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)၊ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)၊ ရခိုင့်တပ်မတော် (AA)တို့နဲ့ Shwe Gas အဖွဲ့တွေက ဦးစီးပြီး ပထမအကြိမ်မြောက် ရခိုင်အမျိုးသားများ စုစည်းဆွေးနွေးပွဲတစ်ခုကို ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ၄ရက်ကြာ ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရာမှာ တစ်မျိုးသားလုံး တူညီတဲ့သဘောထားတွေကိုချမှတ်ပြီး စည်းလုံးညီညွတ်ရေးကို တည် ဆောက်တဲ့အနေနဲ့ ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပြီး၊ လွန်ခဲ့တဲ့လပိုင်းတွေက ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့အဖြစ် အပျက်တွေနဲ့ ပတ်သက်လို့ ဝိုင်းဝန်းအဖြေရှာကြပြီး ရှေ့ဆက်ရမယ့်နည်းလမ်းတွေကို ချမှတ်ခဲ့ကြတယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

Read More...

တပ်မတော်သားတွေကို နိုင်ငံတော် ကသာ ထောက်ပံ့ဖို့ လွှတ်တော်မှာဆွေးနွေး

2013-01-16

တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော် ဘတ်ဂျက်ထဲထည့်စေပြီး တပ်မတော် သားတွေရဲ့ ခံစားခွင့်တွေကိုတော့ နိုင်ငံတော်ကပဲ အပြည့်အ၀ ဘတ်ဂျက်ချပေးစေလိုတယ်လို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပဉ္စမကာလတိုငါးနှစ် အမျိုးသားစီမံကိန်းမူကြမ်း (၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ် ထိ) ဆွေးနွေးရာမှာ မွန်ပြည်နယ် မဲဆန္ဒနယ်က ဒေါက်တာဗညားအောင်မိုးက ပြောသွားပါတယ်။

Read More...

အီရန်သံအဖွဲ့ရဲ့ ရခိုင်ခရီးစဉ်

2013-01-16

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ပြန်လည် ထူထောင်ရေးကိစ္စတွေကို အစိုးရက အဆင်ပြေအောင် စီစဉ်ဆောင်ရွက် နေပေမယ့် လတ်တလောမှာ လိုအပ်ချက်တွေများစွာ ရှိနေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သူ့ရဲ့ရခိုင်ခရီးစဉ်အပြီး RFA ကို ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းက စစ်တွေဟိုတယ်မှာ သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သံအမတ်ကြီးက ကျနော်တို့မနေ့က ကယ်ဆယ်ရေးစခန်း ၅ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာမြင်တွေ့ခဲ့ရတာကတော့ နံပါတ် ၁က အစားအသောက်ရယ်၊ နံပါတ် ၂က ဆေးဝါးလုံလောက်မှုမရှိတာရယ်၊ တတိယအချက်အနေနဲ့ကတော့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်၊ ဒါတွေဟာ ဒုက္ခသည်စခန်းအားလုံးမှာ လတ်တလော လိုအပ်နေတဲ့အရာတွေပဲ ဖြစ်ပါတယ် လို့ ပြောသွားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ် တွေကို ဆောင်ရွက်ရာမှာ လတ်တလောလိုအပ်ချက်တွေကို စီမံဖြည့်ဆည်းပြီးမှ ရေရှည်အတွက် ဆက်လက်လုပ်ကိုင်ရမယ့် အရာ တွေကို စဉ်းစားသင့်ကြောင်း သံအမတ်ကြီးက ဆိုပါတယ်။

အဲဒီအဖွဲ့နဲ့အတူပါလာတဲ့ အီရန်ပါလီမန်အမတ် Mr. Mansoor Pour ကလည်း ဒုက္ခသည်တွေအနေနဲ့ မြေပြင်ပေါ်မှာဆောက် ထားတဲ့ ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့အတွက် အတော်ဒုက္ခရောက်နေကြောင်း၊ ဒါတွေကိုအစိုးရအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းဖို့လိုအပ်ကြောင်း၊ ဒါ့အပြင် ဒုက္ခသည် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးဖို့လည်း လိုအပ်ကြောင်းပြောပါတယ်။

အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို အကူအညီတွေပေးသွားဖို့အသင့်ရှိပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ နေထိုင်နိုင်တဲ့ ယာယီတဲအိမ်တွေကို လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian အပါအဝင် အီရန်ပါလီမန်အမတ် ၃ဦးနဲ့ အီရန်လခြမ်း နီအဖွဲ့က ကိုယ်စားလှယ်တွေဟာ မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် စားသောက်ကုန်အချို့နဲ့ ဆောင်းရာသီမှာ အဓိကလိုအပ်နေတဲ့ စောင်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါ တယ်။

အီရန်သံအဖွဲ့အနေနဲ့ ဒုက္ခသည်ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ နှစ်ဘက်စလုံးက ကိုယ်စားလှယ်တွေနဲ့ ၂နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေအနေနဲ့ ရခိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဘက် ပြန်လည်သင့်မြတ်စွာ နေထိုင်နိုင်ရေးမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက် အီရန်နိုင်ငံမှာလည်း ဘာသာကွဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင် တယ်ဆို တာကို လေ့လာနိုင်ဖို့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အဖွဲ့အစည်း ၂ခုက ကိုယ်စားလှယ်တွေကို အီရန်နိုင်ငံကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁၀သန်းကို ထောက်ပံ့လှူဒါန်းသွားဖို့ ရှိတယ်လို့လည်း ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

အင်းတော်မြို့အနီး ရထားလမ်းတွင် အင်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲ

2013-01-16

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားဘူတာအနီး တံတား ၂ ခုကြားမှာ ဇန်နဝါရီ ၁၄ ရက်နေ့ည ၈ နာရီခန့်လောက်က ပြင်းအားကြီး ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ ရထားလမ်း အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ခရီးသည်တွေ အသေအပျောက်မရှိသလို မီးရထားတွေလဲ ထိခိုက်ပျက်စီးခြင်းမရှိပါဘူး။

Read More...

မြန်မာနိုင်ငံတွင်း လွတ်လပ်ခွင့်ပိုရလာဟု Freedom House ထုတ်ပြန်

16.01.2013

မြန်မာနိုင်ငံဟာ နိုင်ငံရေးအရအခွင့်အရေးတွေနဲ့ လူမှုလွတ်လပ်ခွင့်တွေမှာ အခြေအနေတွေ တိုးတက်လာတယ်လို့ ၂၀၁၃ ခုနှစ် ကမ္ဘာတ၀ှမ်း နိုင်ငံတွေရဲ့ လွတ်လပ်မှုကိုဖော်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီအခြေစိုက် Freedom House လို့ခေါ်တဲ့ ကမ္ဘာတ၀ှမ်းနိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ ဒီအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလွတ်လပ်မှုဟာ အဆိုးဆုံး အဆင့် သတ်မှတ်ချက် ၇ ရှိခဲ့ရာကနေ အခုအခါမှာ ၆ အထိတက်လာခဲ့ပြီး လူမှု လွတ်လပ်ခွင့် မှာတော့ အဆင့် ၆ ကနေ ၅ အထိ တက်လာခဲ့တာဖြစ်ပါတယ်။

Read More...

မာလီသူပုန်စစ်ဆင်ရေး ပြင်သစ်တပ်စတင်

16.01.2013

မာလီနိုင်ငံမှာ ပြင်သစ်တပ်ဖွဲ့တွေက မြေပြင်စစ်ဆင်ရေးတွေ စတင်လာရာမှာ နိုင်ငံမြောက် ပိုင်းက နေရာ အတော်များများကို ထိန်းချုပ်ထားတဲ့ စစ်သွေးကြွတွေရှိရာ နယ်မြေ ရဲ့တောင်ဘက်နားက မြို့တမြို့ဖြစ်တဲ့ Niono အထိ ရောက်လာပါတယ်။

ပြင်သစ် ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drian ကတော့ မာလီစစ်ပွဲဟာ ကြာမြင့် လိမ့်မယ်လို့ ပြောဆိုခဲ့သလို ပြင်သစ်တပ်တွေက သူပုန်တွေ ထိန်းချုပ်ရာဒေသကို ဦးတည် ချီတက်နေပြီဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။

Read More...

နိုင်ငံခြားသား ၄၁ ဦးကို အယ်ဂျီးရီးယား စစ်သွေးကြွတွေဖမ်းဆီး

16.01.2013

မာလီနိုင်ငံမှာ ပြင်သစ်ဦးဆောင်တဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံခြားသား ၄၁ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အယ်လ်ဂျီးရီးယားနိုင်ငံက စစ်သွေးကြွအဖွဲ့တွေက ပြောလိုက်ပါတယ်။

အဲဒီလို ဖမ်းဆီးထားတဲ့သူတွေထဲက ၇ ယောက်ဟာ အမေရိကန်တွေဖြစ်တယ်လို့ အစ္စလာမစ်ဝါဒီ Maghreb အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

Read More...

အမျိုးသားညီလာခံ ကာကွယ်တဲ့ဥပဒေကို ရုပ်သိမ်း

16.01.2013

မြန်မာနိုင်ငံမှာ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ အရင်စစ်အစိုးရ လက်ထက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတရပ်ကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

အမျိုးသားညီလာခံရဲ့လုပ်ငန်းတွေကို နှောက်ယှက် ဆန့်ကျင်မှုတွေကနေ ကာကွယ်တဲ့ဥပဒေအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅/ ၉၆ ဟာဆိုရင် အစိုးရကို ဆန့်ကျင်သူတွေ၊ ဝေဖန် သူတွေကို ထောင်ဒဏ် အနှစ် ၂၀ အထိ အပြစ်ပေးနိုင်ပါတယ်။

Read More...

ဗုံးခိုကျင်းပြို ဒုက္ခသည် ကလေး ၃ ဦးသေ

မိုးဇော်
16.01.2013

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းက မိုင်ဂျာယန် ဒုက္ခသည်စခန်းမှာ လုံခြုံရေးအတွက် ဗုံးခိုကျင်း တူးဖော် နေစဉ် တွင်းပြို ကျတာကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရစစ်တပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးကြောင်း သတင်းတွေ ထွက် ပေါ်လာခဲ့တာကြောင့် ဒီလို ဗုံးခိုကျင်းတွေ တူးဖော်နေကြ တာလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

Read More...

ကချင်အရပ်သားတွေကို အကာအကွယ်ပေးဖို့ AI တိုက်တွန်း

16.01.2013

မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေ ထိခိုက် သေဆုံးတာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ မြန်မာအစိုးရ အနေနဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို လုပ်သွားဖို့လိုတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ဇန်န၀ါရီလ ၁၄ ရက်နေ့က အစိုးရတပ်တွေ ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ယောက်သေဆုံး သွားခဲ့ပြီးတဲ့နောက် အခုလို Amnesty International ကပြောလိုက်တာဖြစ် ပါတယ်။ ဒါ့အပြင် KIA ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေနားမှာ အစိုးရတပ်တွေဘက် က ပစ်မှတ်ထားနိုင်တဲ့ စစ်စခန်းတွေ မထားမိအောင်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့ တိုက် တွန်းပါတယ်။

Read More...

ကချင်စစ်ပွဲ ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်း စုကြည် ပြောပြီ

သာလွန်ဇောင်းထက်
January 16, 2013

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိလာခြင်းကြောင့် စစ်ပွဲများ ရပ်တန့်ပြီး ညှိနှိုင်းဖြေရှင်းမှုဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစု ကြည်က ဧရာဝတီသတင်းဌာနနှင့် ခေတ္တတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

ဒုက္ခသည်များ ကူညီရေး ကုလ အထူးကိုယ်စားလှယ်နှင့် ဒု သမ္မတ ဆွေးနွေး

လင်းသန့်
January 16, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ် စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယားသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်များ အကူအညီပေးရေးကိစ္စများကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် နေပြည်တော်တွင် ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်တွင်း မစ္စတာ ဗီဂျေ နမ်ဘီယားသည် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားနေသော ဒေသများအတွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ရေရှည် အကူအညီပေးရေးကိစ္စများ အဓိကဖြစ်ကြောင်း သိရသည်။ သို့သော် အသေးစိတ် ဆွေးနွေးမှုများကိုမူ မသိရသေးပေ။

ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံး သတင်းပြန်ကြားရေး ဌာနမှ ဦးအေးဝင်းက “ကျနော်တို့ကိုလည်း အဲဒီဟာ သတင်းတော့ ပေးမထားဘူး။ အခုလာတာ မစ္စတာ နမ်ဗီးယားက အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အနေနဲ့သူ့ရဲ့ တာဝန်ကို ဆက်လက် ဆောင်ရွက်ဆဲဖြစ်တဲ့ သဘောနဲ့ သူလာတာနဲ့ တူတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပဋိပက္ခဖြစ်ပွားနေသော နေရာဒေသများအတွင်း ရေရှည်လိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီပေးမှု၊ နိုင်ငံသားဖြစ်မှု စိစစ်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

“အယ်လ်ဂျာဇီးရား သတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံ ထုတ်လွှင့်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိလာ နေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ဆက်လက် ဆောင်ရွက်သွား မည့် အစီအစဉ်များ၊ နိုင်ငံတော်အနေဖြင့် ဥပဒေနှင့် အညီ နိုင်ငံသား ဖြစ်မှုများကို စိစစ်ဆောင်ရွက်နေ မှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်” ဟု အစိုးရသတင်းစာက ဆိုသည်။

ထို့အပြင် မစ္စတာ နမ်ဗီယားသည် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများနှင့် မြန်မာနှင့် ကုလသမဂ္ဂတို့ အကြား ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၂ သန်း ခန့်နေထိုင်လျက်ရှိရာ လက်ရှိ စုစုပေါင်း ဒုက္ခသည် ၆ သိန်းခွဲခန့်ရှိနေကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က ရေလွှမ်းမိုးမှုနှင့် တောင်ပြိုကျမှုများကြောင့် ဒုက္ခသည် ၃ သိန်းခန့်၊ ဂီရိ မုန်တိုင်းကြောင့် ဒုက္ခသည် ၂ သိန်း ခွဲခန့်ဖြင့် သဘာဝဘေးကြောင့် ဒုက္ခသည် ၅ သိန်းခွဲခန့်ရှိသည်။ ထို့အပြင် ၂၀၁၂ ခုနှစ်အတွင်းက ပဋိပက္ခများကြောင့် ဒုက္ခသည် ၁ သိန်းကျော်တို့ ဖြစ်ကြကြောင်း ယနေ့နေ့စွဲဖြင့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယမန်နှစ်က လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရသည့် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ရာ ဒေသများတွင်လည်း အကူအညီ လိုအပ်နေသောသူများအတွက် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား ဖြစ်မှုဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စများ အပေါ်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာတို့မှ စိုးရိမ်မကင်းဖြစ်နေကြသည်။

ထို့အပြင် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်း လတ်တလော စစ်ပွဲများ အရှိန်မြင့်လာနေမှုကြောင့် စစ်ပြေး ဒုက္ခသည်များ တိုးပွား လျက်ရှိရာ ရာသီဥတု ဆိုးဝါးမှုကြောင့် အရေးပေါ် အကူအညီ လိုအပ်နေမှုများရှိနေပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ တာဝန်ရှိသူများကလည်း ဒုက္ခသည် ၁ သောင်းကျော်အား လက်ခံရန် စခန်း ၄ ခု ဖွင့်လှစ်ထားရှိသည်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များသည် ကချင်ပြည်နယ် အောက်ပိုင်း တခြား မြို့ရွာများသို့လည်း ကောင်း၊ အများစုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းသို့ လည်းကောင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား မြန်မာအစိုးရ စစ်တပ်က လေကြောင်း စစ်ကူသုံး တိုက်ခိုက်မှုတွင် အရပ်သား ထိခိုက်မှုများအတွက် အန္တရာယ် ကျရောက် လာမည်ကို အလွန် စိုးရိမ်မိကြောင်း ဇန်န၀ါရီလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရကလည်း KIA နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သကဲ့သို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စ ဗစ်တိုးရီယား နူလန်းကလည်း ကချင်ပြည် နယ်အတွင်း တိုက်ပွဲများ မြင့်မားလာမှုကို စိုးရိမ်ကြောင်းနှင့် ၂ ဖက်စလုံးအား စစ်ပွဲများ ရပ်စဲရန် တိုက်တွန်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်ကလည်း ကချင် စစ်ပြေး ဒုက္ခသည်များအတွက် စိုးရိမ်ကြောင်း ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Ref: ဧရာဝတီ

Read More...

ဆိုလာ ယဉ်ကျေးမှုနှင့် ဗီဒီယိုကြိုက်သူများ

ကြယ်ပြာ
January 17, 2013

“ချကွာ၊ ချ … ချ၊ သေပဲ မသေနိုင်ဘူး၊ ငါပဲ ၀င်ချလိုက်ချင်တယ်” ဆိုသော အားမလိုအားမရ အော်ဟစ်နေသံများကို တဲအိမ် ကလေး ဆီသို့ မရောက်ခင် ခပ်လှမ်းလှမ်းအလို ကနေ ကြားနေရသည်။

တဲအတွင်းသို့ ကြည့်လိုက်ရာ သစ်သားခုံပုလေးပေါ်တွင် တင်သားသော အိတ်ဆောင် DVD ပြစက်ငယ်ကလေးဖြင့် ပြနေသော ထိုင်း အက်ရှင်ကားကို သစ်ခွဲစက် အလုပ်သမား ၆ ယောက်တို့ ချွေးသံတရွှဲရွှဲဖြင့် ကြမ်းပြင်ပေါ်မှာ အိပ်လျက်တမျိုး၊ ထိုင်လျက် တဖုံဖြင့် ကြည့်ရှုနေကြသည်ကို တွေ့ရသည်။

Read More...

KIA ဘက်သို့ ရောက်ရှိနေသည့် အစိုးရ တပ်သားများ ကို ပြန်လွှတ်ပေးပြီ

လဖိုင်
January 16, 2013

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဘက်သို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အစိုးရ တပ်မတော် သားများနှင့် ကလေးစစ်သားများကို ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် နေရပ်ရင်းသို့ပြန်နိုင်ရန် အတွက် စရိတ်ပေးကာ ပြန်လွှတ် ခဲ့ကြောင်း သတင်းရရှိသည်။

နေရပ် ပြန်စေခဲ့ သူများထဲတွင် အသက်ပြည့် အစိုးရ တပ်မတော်သားနှင့် ရဲတပ်သား ၁၅ ဦး၊ ကလေးစစ်သား ၈ ဦးတို့ ပါဝင်သည်။

ကလေးစစ်သားများ အတွက်မူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က တပ်ထွက်ခွင့် လက်မှတ်ရသည်အထိ ဆောင်ရွက်ပေးကာ မိဘများ လက်သို့ အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကလေး စစ်သားများကို မူဆယ်မြို့တွင် ILO ကိုယ်စားလှယ် နှစ်ဦးက လာရောက် ခေါ်ဆောင်မည်ဖြစ်သည်။

“ဒီဘက်ကပြောတော့ သုံ့ပန်းတဲ့၊ ဟိုဘက်က ပြန်ပြောတော့ ခွင့်မဲ့ပျက်ကွက် တပ်ပြေးတွေတဲ့၊ ပြန်ရင် ဘာဖြစ်မလဲဆိုတာ မစဉ်းစားရဲသေးဘူး” ဟု ဒေါ့ဖုန်းယန်မြို့နယ် ရဲစခန်းမှ ရိက္ခာပြတ်သဖြင့် ရွာထဲ ရိက္ခာဆင်းဝယ်ရာမှ KIA တပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ယခု KIA က ပြန်လည်လွှတ်ပေးလိုက်သည့် ရဲတပ်သား တဦးက ပြောသည်။

KIA က မြန်မာ့တပ်မတော်သို့ တရားဝင် လွှဲပြောင်းပေးရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ တဆင့် ကြိုးစားခဲ့သော်လည်း အစိုးရက တပ်မတော်သားများ မဟုတ်၊ ခွင့်မဲ့ပျက်ကွက် ထွက်ပြေးသူများ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု KIA မဟာဗျူဟာ သုတေသနဌာနကြီးမှူး ဗိုလ်မှူးကြီး ဦးဇော်တောင်က ပြောသည်။

“သူတို့ကို လွှဲအပ်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်၊ ကိုမြအေးတို့က တဆင့်လည်း ပြောတယ်။ လက်ရှိအစိုးရက သူတို့ကို လက်ခံဖို့ ပြောမလာဘူး၊ လက်ခံနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ကိုမြအေးတို့ဆီက တဆင့် ပြန်ကြားတယ်။ သူတို့ဟာ တပ်မတော် သားတွေ မဟုတ်ဘူး၊ ခွင့်မဲ့ပျက်ကွက်၊ တပ်ထွက်ပြေးသူတွေ ဆိုပြီး ငြင်းပယ်တဲ့ သဘောရှိတယ်” ဟု ဦးဇော်တောင်က အစိုးရ တပ်မတော်သားများကို တရားဝင်လွှဲပြောင်းခြင်း မပြုနိုင်သည့် အကြောင်းကို ရှင်းပြစဉ် ပြောခဲ့သည်။

၂၀၁၁ ဇွန်လ အတွင်းကလည်း ခလရ ၃၇ မှ အရာရှိ ၃ ဦး အပါအ၀င် တခြားအဆင့် တပ်မတော်သားများနှင့် စုစုပေါင်း ၆ ဦးကို ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်နှင့်အဖွဲ့ ကချင်ပြည်နယ် လဂျားယန်ဒေသကို လာရောက်စဉ်က လွှဲပြောင်းပေးနိုင်ရန် KIA ဘက်က ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်မှူးကြီး သန်းအောင်က ငြင်းပယ်ခဲ့သည်။ ထိုစဉ်က လဂျားယန်ရှိ စရဖ တပ်ဆွယ်မှ တပ်ဆွယ်မှူးများကလည်း ညွှန်ကြားချက် မရှိဟုဆိုကာ လက်ခံနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ထို တပ်မ တော်သား ၆ ဦးကို ဗိုလ်မှူးကြီး သန်းအောင် ဒုတိယအကြိမ် လဂျားယန်သို့ ပြန်လည် ရောက်ရှိ လာသည့်အခါတွင် ယင်း၏ ကိုယ်ရေးအရာရှိကို လက်မှတ်ထိုး လက်ခံစေကာ ပြန်လည်လွှဲအပ် ပေးခဲ့သည်။

ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က အစိုးရ တပ်မတော်သားများကို တရုတ် – မြန်မာ နယ်စပ် ဂျယ်ဂေါင်အထိ ပို့ပေးမည် ဖြစ်ပြီး ယင်းတပ်မတော်သားများ မြန်မာပြည်ဘက်သို့ ပြန်ချင်သည်ဆိုပါက ပြန်နိုင်သကဲ့သို့ တရုတ်ပြည်တွင် လုပ်ကိုင် စား သောက် မည်ဆိုလျှင်လည်း ၎င်းတို၏ သဘော သဘောဆန္ဒအတိုင်းပင် ဖြစ်ကြောင်း သိရသည်။

“ ကျနော်က ဟင်္သာတကပါ။ တပ်ထဲကိုပဲပြန်ပါမယ်။ ကျနော်တို့က ထွက်ပြေးတာ မဟုတ်ဘူး။ ထောင်ကျမယ်ဆိုလဲ ခံရမှာ ပေါ့” ဟု KIA ၏ ပြန်ပို့ခြင်း ခံခဲ့ရသည့် တပ်ကြပ်ကြီး တဦးက ပြောသည်။

၂၀၁၂ ဒီဇင်ဘာလ ၁၅ ရက်နေ့က လဂျားယန်တိုက်ပွဲတွင် ဒဏ်ရာများနှင့် ကျန်ခဲ့သည့် ခမရ ၃၈၃ မှ ဒုတပ်ကြပ် တဦးက လည်း ၎င်းအနေဖြင့် မည်သည့်ဒေသသို့ ပြန်ရမည်ကို မသိသေးကြောင်း၊ ၎င်းသည် ဒဏ်ရာရစဉ် KIA ၏ အဖမ်း ခံရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“ကျနော်တို့ စစ်ကြောင်းမှူး ကျော်ကျော်ဝင်းက လမ်းမလျှောက်နိုင်တဲ့ သူတွေကို သတ်ခဲ့လို့ ပြောတယ်။ ဒဏ်ရာနဲ့ ကျန်ခဲ့တုန်း အဖမ်းခံရတာ” ဟု သူက ပြောသည်။

ဦးဇော်တောင်က အစိုးရ တပ်မတော်သားများကို ပြန်လည် လွှတ်ပေးစဉ် “ခင်ဗျားတို့ ကနိုင်ငံကြီးတခုရဲ့ တပ်မတော်က တပ်မ တော်သားတွေပဲ၊ ဦးသိန်းစိန် နိုင်ငံခြားမှာ ပြောခဲ့သလို စည်းကမ်းပြည့်ဝတဲ့ တပ်မတော်က တပ်မတော်သားတွေပဲ၊ အခု သူများ လက်ထဲရောက်လို့ ပြန်ပို့တာကို လက်မခံနိုင်ဘူးဆိုတာ ဘယ်လိုသဘောလဲ စဉ်းစားကြည့်ပါ” ဟု ဆိုသည်။

KIA တပ်မတော်သို့ ပူးပေါင်း ၀င်ရောက်လာသော မြန်မာ့ တပ်မတော်သားများ အားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်း များနှင့် လက်ခံသွားမည်ဟု KIO က ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အချက် ၅ ချက်ပါ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသို့ သတိပေးချက် ထုတ်ပြန်စဉ် ရေးသားထားသည်။

Ref: ဧရာဝတီ

Read More...

မောင်တော နယ်စပ် ကလေးများ ပညာရေး အကူအညီများ လိုအပ်

ခင်ဦးသာ
January 16, 2013

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ဖျားပိုင်း နယ်စပ်ဒေသ ကျေးရွာများမှ ကျောင်းသား ၂၀၀ ကျော်သည် ပညာ ဆက် လက် သင်ကြားနိုင်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မောင်တောမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ အကြမ်းဖက်မှုများ နောက်ပိုင်းတွင် လုံခြုံရေး အခြေအနေအရ အစိုးရကျောင်းများ ဖွင့်လှစ်ပညာ သင်ကြားနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသ ကျေးရွာများမှ ကျောင်းသား ၂၀၀ ကျော်ကို နံ့သာတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပရဟိတ ကျောင်းတခု ဖွင့်လှစ် သင်ကြားနေရကြောင်း၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမ ၂၃ ဦးတို့အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း နံ့သာတောင် ကျောင်းဆရာတော်က ဧရာဝတီ သို့ မိန့်ကြားသည်။

အစိုးရ ကျောင်းတချို့ ဖွင့်လှစ်ထားသော်လည်း လုံခြုံရေး စိတ်မချရသည့်အတွက် စာသင်ပေးမည့် ဆရာမရှိ သကဲ့သို့ မိဘများ ကလည်း မိမိတို့ သားသမီးများကို စိတ်မချကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများမှ ကျောင်းသားများသည် ဘုန်းတော်ကြီး ပရဟိတ စာသင်ကျောင်းသို့ ရောက်လာကြကြောင်း ပရဟိတကျောင်း တည်ထောင်ထားသည့် ဆရာတော် ဦးစရဏက မိန့်သည်။

“ကျောင်းသားက ၂၁၀ ဦးနဲ့ ဆရာ၊ ဆရာမ ၂၃ ဦး၊ သူတို့တွေရဲ့ နေ့စဉ် စားဝတ်နေရေး တာဝန်ယူပေးနေရတော့ တလကို ကျပ် ၁၀ သိန်း၊ ၁၁ သိန်းဝန်းကျင် ကုန်ကျနေတယ်။ ဆရာ၊ ဆရာမတွေကို လစာပေးဖို့နဲ့ အခု ဆောင်းတွင်းဆိုတော့ ကလေး တွေအတွက် အနွေးထည်၊ စောင်တွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ဆရာတော်က မိန့် ကြားသည်။

မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၁၀ သည် မောင်တောမြို့နယ် မြောက်ဖျားပိုင်းရှိ နံ့သာ တောင်၊ ကြိမ်ချောင်း၊ သိမ်ချောင်း၊ ပရိန်ကုန်း၊ သာယာကုန်း၊ သဘောင်္လှ၊ တောင်ပြို စသည့်ကျေး ရွာများမှ ကလေးများဖြစ် ကြောင်း၊ အများစုမှာ ရခိုင်တိုင်းရင်းသား ကလေးများဖြစ်ပြီး၊ ရခိုင်မျိုးနွယ်စု ဒိုင်းနက် တိုင်းရင်းသားနှင့် တခြားတိုင်းရင်းသား ကလေးများလည်း ပါဝင်ကြောင်း၊ ထိုကျောင်း၏ အမည်ကို “နယ်စပ်ဒေသ ရခိုင် အမျိုးသား၊ အမျိုးသမီးများ ပညာဒါန ပရဟိတ ကျောင်း”ဟု အမည်ပေးထားကြောင်း သိရသည်။

“တရွာနဲ့တရွာက အလှမ်းဝေးတော့ ကလေးတွေကို လုံခြုံရေးအရ အိမ်မပြန်ခိုင်းဘဲ ကျောင်းမှာပဲ ကျောင်းအိပ်၊ ကျောင်းစား သင်ပေးထားတယ်။ ပညာသင်နှစ် တနှစ် မဆုံးရှုံးစေချင်လို့ပါ။ အစိုးရကျောင်းတွေက ပုံမှန်ဖြစ်ဖို့ မလွယ်သေးဘူးလေ။ ဖွင့်ရင် လည်း စာသင်ရဲတဲ့ ဆရာ၊ ဆရာမ မရှိဘူးဖြစ်နေတယ်” ဟု ဦးစရဏက မိန့်သည်။

ထိုဒေသသည် မြို့နှင့်ဝေးလံသည့် နယ်စပ်ဒေသဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် လုံခြုံရေး အခြေအနေတို့ကြောင့် ပြည်တွင်း၊ ပြည်ပ အလှုရှင်များ လာရောက်လှူဒါန်းနိုင်မှု မရှိကြောင်း၊ နိုင်ငံတကာ NGO အဖွဲ့များနှင့် နိုင်ငံတော် အစိုးရကလည်း ထောက်ပံ့ပေးမှု မရှိဟု သိရသည်။

ထို ပရဟိတကျောင်းကို မောင်တော အရေးအခင်းအပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် အရေးပေါ် ဖွင့်လှစ်ထားရသည့် အတွက် အစိုးရထံ အကူအညီတောင်းခံမှု မလုပ်ဆောင်ရသေးကြောင်း၊ လက်ရှိတွင် ပြည်ပရောက် ရခိုင်လူမှု အဖွဲ့အစည်းများမှ ကူညီ ထောက်ပံ့နေပြီး ပြည်တွင်းရှိ ရခိုင်လူမှုရေးအဖွဲ့တချို့၏ လှူဒါန်းငွေဖြင့် လည်ပတ်နေရကြောင်း ဆရာတော် ဦးစရဏက မိန့်သည်။

၎င်းက“ဒေသဆိုင်ရာတွေကို အကူအညီတောင်းတော့ ဒေသတပ်ဖွဲ့တခုက ဆန်အိတ် ၅၀ ကို တကြိမ် လာလှူ ဖူးပါတယ်”ဟု ဆိုသည်။

ဆရာ၊ ဆရာမ တဦးအတွက် တလလျှင် ထောက်ပံ့ငွေ ကျပ် ၃ သောင်းနှင့် ဆန်တအိတ်စီ ထောက်ပံ့ပေးထားကြောင်း၊ ဆရာ၊ ဆရာမ အများစုမှာ နီးစပ်ရာ မြို့နယ်၊ ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်း ထိုကျောင်းတွင် စာသင်ပေးနေသူ ဆရာ ဦးဝင်းလှိုင်က ပြောသည်။

မောင်တောဒေသ အကြမ်းဖက်မှုများကြောင့် ကလေးအများစုသည် စိတ်ပိုင်းရာ ထိခိုက်မှု ရှိခဲ့ကြကြောင်း၊ သို့သော် ယခုအခါ ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီ ဖြစ်ကြောင်း၊ ပညာသင်ကြားရေးတွင် အခက်အခဲများ ရှိနေသကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုလည်း မပေးနိုင်သေးကြောင်း သိရသည်။

“ဒီကျောင်းက ကလေးတွေမှာ စာသင်ဖို့ စာအုပ်စာတမ်း မပြည့်စုံတဲ့အပြင် အစစအရာရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါ တယ်” ဟု ဆရာ ဦးဝင်းလှိုင်က ဆိုသည်။

မောင်တောမြို့ အကြမ်းဖက်မှုသည် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ထိုအရေးအခင်း နောက်ပိုင်း အစိုးရကျောင်း များကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ဘုန်းတော်ကြီး ပရဟိတ ကျောင်းများ ဖွင့်လှစ်သင်ကြား ပေးနေရကြောင်း၊ မောင်တောမြို့၌ အလိုတော်ပြည့် ပရဟိတကျောင်း၊ ဗဟိုကျောင်း၊ သုံးမိုင် ပရဟိတ၊ ဇောတိကာရုံ ပရဟိတ စသည့်ကျောင်းများ ဖွင့်လှစ် သင်ကြားပေးထားရကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့