Wednesday, January 16, 2013

ကချင်ပြည်နယ် အတွင်းက တိုက်ပွဲတွေရပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်တွန်း

2013-01-15

မြန်မာအစိုးရတပ်က KIA ကို ဦးတည်တိုက်ခိုက်နေတဲ့စစ်ပွဲကို ချက်ချင်းရပ်ပြီး၊ တွေ့ဆုံ ဆွေးနွေးရေးပြန်စဖို့ အစိုးရနဲ့ အပစ် အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ UWSA ၊ SSPP/SSA နဲ့ မိုင်းလားအဖွဲ့တို့က တောင်းဆိုတဲ့ ကြေညာချက် တစောင်ကို ဇန်နဝါရီလ ၁၀ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ဦးဆောင်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက် နေတဲ့အတွက် နိုင်ငံတကာကချီးကျူး နေချိန်မှာ အရင်စစ်အစိုးရခေတ်က ပုံရိပ်ဟောင်း တွေထင်ဟပ်ခြင်း မရှိအောင် သတိပြုဖို့နဲ့ အခုလို အရေးကြီးတဲ့အလှည့် အပြောင်း ကာလမှာ အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ယုံကြည်မှု တည်ဆောက်သွားဖို့လိုတယ်လို့ အဖွဲ့ ၃ ဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန် တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားပြဿနာတွေကို စစ်ရေးနဲ့ဖြေရှင်းလို့ မပြေလည်ခဲ့တဲ့ သမိုင်းအတွေ့အကြုံကြောင့်၊ ဒီနေ့ကာလမှာလဲ ပြည်တွင်းပြဿနာ တွေကိုစစ်ရေးနဲ့ဖြေရှင်းတာလုံးဝဆန့်ကျင်တယ်လို့လဲ အဖွဲ့ ၃ ဖွဲ့ရဲကြေညာချက်မှာ ပါရှိပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့