Saturday, September 18, 2010
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (All Mon Regions Democracy Party) က မွန်ပြည်နယ် အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ မှန်ကန်စွာ မဲထည့်တတ် စေရန်အတွက် ကျေးလက် ဒေသများအထိ သွားရောက်၍ စည်းရုံးရေး ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မသမာမှုများကို စောင့်ကြည့် ဖော်ထုတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒမဲများ အလေအလွင့် မဖြစ်စေရန် အတွက် တမြို့နယ်လျှင် စည်းရုံးရေး သမား ၃၀ စီရွေးချယ်ကာ စည်းရုံးရေး ပညာပေး ရေးများကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ဧရာဝတီသို့ ပြောသည်။
“မွန်ပြည်နယ် အတွင်းက မဲဆန္ဒနယ် အသီးသီး အထွက် မသမာမှုတွေ မဲလိမ်မှုတွေ မရှိရအောင် စောင့်ကြည့်ဖို့နဲ့ ပြည်သူလူထုက ကိုယ်ရွေးချယ် လိုတဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် မဲထည့် နိုင်အောင် ပညာပေးရေးနဲ့ စည်းရုံးရေးတွေ လုပ်နေတယ်။ မြို့နယ် အသီးသီးက စည်းရုံးရေးမှူးတွေ ဆောင်ရွက် နေကြပါတယ်”ဟု ၎င်းက ပြောဆိုသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ သည် မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့နယ်၊ ကျိုက်မရောမြို့ နယ်၊ ပေါင်မြို့ နယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္သာရီတိုင်းမှ ရေဖြူ မြို့နယ်တွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျိုက်မရောမြို့ နယ်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးမှူး တဦးက“ရွာတွေမှာ စည်းရုံး ပညာပေးရေး လုပ်တဲ့အခါ လူစုလူဝေး ပုံစံမဖြစ်ရအောင် သတိထားရပါတယ်။ လူစုလူဝေး တရားပွဲပုံစံဆိုရင် ခွင့်ပြုချက်ရဖို့ ၇ ရက် ကြိုတင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်လေ။ ဒါကြောင့် နီးစပ်ရာတွေကို သင့်တော် တဲ့ အိမ်တအိမ် ဒါမှမဟုတ် အဆောက်အအုံ တခုမှာ လူစုပြီး ရှင်းပြတယ်။ မဲထည့်ပုံထည့်နည်း။ မဲလိမ်တာ မဲခိုးတာ ရှိ မရှိ ဘယ်လို စောင့်ကြည့်ရမယ်။ မဲတပြားဆိုတာ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်လူမျိုးအတွက် ဘယ်လောက်အရေးကြီး တယ်။ ကိုယ့်အတွက်လည်း ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သိအောင် ရှင်းပြတယ်”ဟု ပြောပြသည်။
မွန်ပြည်နယ်အတွင်းရှိ ရွာများတွင် အိမ်ခြေ ထောင်နှင့်ချီရှိသော ကျေးရွာများ ရှိသည့်အတွက် စည်းရေး ဆင်းသည့်အခါ စည်းရုံးရေးမှူး ၃ ဦးခန့်စီပါဝင်ကြောင်းလည်း သိရသည်။
မွန်ပြည်နယ်တွင် ယှဉ်ပြိုင်ကြမည့်ပါတီများမှာ အဓိကအားဖြင့် တိုင်းရင်းသား စည်းလုံးညီရေးပါတီ(တစည)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဖြစ်ကြရာ မိမိတို့ ပါတီ အနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ချက်ရှိကြောင်း၊ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)က ဦးဆောင်ကာ မဲမပေးဘဲ သပိတ်မှောက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်လာပါက မိမိတို့မဲများ ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။
“တစညတို့ ကြံ့ခိုင်ရေးတို့က ကိုယ်စားလှယ်တွေက လူထုနဲ့ သိပ်မရင်းနှီးဘူး၊ စိမ်းတဲ့သူတွေဆိုတော့ ကျနော်တို့ မဲ အတွက် မစိုးရိမ်ဘူး။ နိုင်မယ်ဆိုတာကို အပြည့်အ၀ ယုံကြည်တယ်။ ဒါပေမယ့် အခု NLD ကို အစိုးရ တရားဝင်ပါတီ အဖြစ် ပယ်ဖျက်လိုက်တဲ့နောက်မှာ သူတို့က မဲမပေးရေး လှုပ်ရှားမှုကို အားစိုက်လုပ်လာရင် ကျနော်တို့ ရမယ့် မဲတွေ မရဘဲဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တစညတို့ ကြံ့ဖွံ့ တို့ရမယ့်မဲက မဲသေ။ ကျနော်တို့ရမယ့် မဲက ဒီမိုကရေစီ လိုလားသူ ပြည်သူ့ဆီကလာမယ့် မဲဆိုတော့။ NLD ကို အားပေးထောက်ခံသူတွေက သူတို့ ခေါင်းဆောင်တွေရဲ့ တိုက် တွန်းချက်ကို လိုက်နာရင် ကျနော်တို့ဆီ လာမယ့် မဲတွေ က မလာတော့ဘူး။ ဒီတချက်တော့ စိုးရိမ်စရာရှိတယ်”ဟု နိုင်ငွေသိန်းက ဆိုသည်။
မွန်လူမျိုးများက မွန်ပါတီသစ် ဟု ခေါ်သော မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် စည်းရုံးရေးအတွက် တေး သီချင်း များကိုလည်း စပ်ဆိုထားပြီးဖြစ်ကြောင်း၊ ယင်းသီချင်းများတွင် မွန်ဂီတလောက၌ ထင်ရှားသော တေးသံရှင် တဦးလည်းဖြစ် မော်လမြိုင် မဲဆန္ဒနယ်မှ ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် နိုင်ကျန်ရစ် ပါဝင် သီဆိုထားကြောင်း သိရသည်။
ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကပြောဆိုခွင့်ပြုထားရာ လာ မည့် စက်တင်ဘာလ ၂၉ ရက်နေ့ တွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥက္ကဌ နိုင်ငွေသိန်း၏ စည်းရုံးရေး ဟောပြောမှုကို ထုတ်လွှင့်ခွင့်ရထားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။
ပါတီအားလုံး မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခွင့် ၁၅ မိနစ်စီ ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းရင်းသားရေးရာ အပါအ၀င် ကိုယ်စားလှယ် ၃၄ ဦး ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ကြောင်း သိရသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဗဟိုရုံးချုပ်မှာ မော်လမြိုင်မြို့ တွင် တည်ရှိသည်။
တည်ဆဲပါတီဟောင်းများအနက် NLD အပါအဝင် ၅ ပါတီသည် ပါတီဆက်လက် တည်ထောင်ရန် လျှောက်ထားခြင်း မရှိခြင်းကြောင့် လည်းကောင်း၊ မှတ်ပုံတင်ခွင့် ရရှိသည့် ပါတီသစ် ၄၂ ပါတီအနက် ၅ ပါတီသည် လွှတ်တော် သုံးရပ် စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် လည်းကောင်း ဖျက်သိမ်း ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
ကျန်ရှိသည့် ၃၇ ပါတီအနက် ယနေ့အထိ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း တင်ပြထားသည့်ပါတီ ၃၃ ပါတီ ရှိကြောင်း စစ်အစိုးရ သတင်းစာများအရ သိရသည်။
Ref: ဧရာဝတီ်
Saturday, September 18, 2010
မွန် ပါတီ စည်းရုံးရေး ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ
နေ့စဉ်သတင်းများ ( ၁၈ - ၉ - ၁၀ )
■ ကြံ့ဖွံ့ပါတီများ ကျေးရွာတွင်း စည်းရုံးမှုပြုလုပ်ပါက ပစ်ခတ်မည်ဟု သတင်းများ ထွက်နေ သတင်း
■ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပို့စကတ်များ ဖြန့်ဝေ သတင်း
■ ဗိုလ်ကြီးနဲ့ လူငယ်များ ရန်ဖြစ်ပြီးနောက် တပ်ရင်းမှူးနဲ့ စစ်တပ်က ရွာထဲဝင်ပြီး သောင်းကျန်း သတင်း
■ မိုးသက်လေပြင်းကျစဉ် ရွှေဝါရောင်သံဃာတော်တို့ရဲ့ ကားပေါ် သစ်ပင်ကျိုးကျ သတင်း
■ ၀ါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး သခင်အုန်းမြင့် (၉၃) နှစ် (၁၉၁၈ - ၂၀၁၀) သတင်း
■ သခင်အုန်းမြင့် - ဒေါ်အောင်ဆန်းစုကြည် လေးစားချစ်ခင်သူ သတင်း
■ လက်မှတ်မထိုးသဖြင့် ဖမ်းခံရသည့် သတင်းထောက် လက်မှတ်မထိုးရဘဲ ပြန်လွတ်လာ သတင်း
■ ရွေးကောက်ပွဲမလုပ်သည့် နေရာများအပေါ် တုံ့ပြန်ချက်များ သတင်း
■ မွန်ပါတီ စည်းရုံးရေး၊ ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ သတင်း
■ NUDP ပါတီဝင်များ တစညပါတီသို့ ၀င်ရောက် သတင်း
■ နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ၀ံသာနု NLD ပါတီ သတင်း
■ နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - မြို ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ သတင်း
■ မြန်မာမိသားစုအသိုင်းအ၀ိုင်း သတင်းများ သတင်း
Friday, September 17, 2010
နာဂစ်ကူညီရေး ပစ္စည်းများပေးပြီး ဗိုလ်ချုပ် စိုးနိုင် မဲဆွယ်စည်းရုံးနေ
2010-09-17
ဧရာဝတီတိုင်း၊ ဖျာပုံ မြို့နယ် မှာ နအဖ အစိုးရ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကျေးရွာတွေမှာ စည်းရုံးရေး လုပ်ငန်းတွေ ကွင်းဆင်း ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်၊
အဲဒီလို စည်းရုံးရေး ဆင်းရာမှာ ကျေးရွာရှိ သက်ကြီးရွယ်အိုများကို နာဂစ်ဒုက္ခသည်တွေ အတွက် လျာထား လှူဒါန်းထားတဲ့ ပစ္စည်းတွေ လက်ဆောင်ပေး စည်းရုံးနေတယ်လို့ ဖျာပုံ ခရိုင်က ဒေသခံ လယ်သမားကြီး တဦးက ခုလို ပြောပြပါတယ်။
“ဝန်ကြီးလေ၊ ဟိုတယ်နဲ့ ခရီးသွားလေ၊ ဒီမှာ စည်းရုံးရေးတွေ ဆင်းပြီးတော့ ရပ်ကွက်တွေက ၇၀ နဲ့ အထက်တွေကို နာဂစ်က လှူထားတဲ့ စောင်တွေနဲ့ ငွေ ၅,၀၀၀ စီ၊ အဲဒါ လှူတယ်၊ လှူပြီးတော့ စည်းရုံးရေး ဆင်းပြီးတော့ NGO တွေက ပေးတဲ့ ပစ္စည်းတွေနဲ့ သူက မျက်နှာကောင်း ယူတာပေါ့ဗျာ။ သူက ဝင်ပြိုင်မှာပေါ့လေ၊ နာဂစ်တုန်းက သူက ဒီမှာက နာဂစ် ဒီဒေသရဲ့ နယ်မြေမှူးပေါ့။ အစိုးရက သူ့ကို ဒီဖက် နယ်မြေချပေးလိုက်တော့လေ။”
ဗိုလ်ချုပ် စိုးနိုင်ဟာ နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်တည်ဆောက်ရေး အတွက် ဖျာပုံခရိုင်မှာ တာဝန် ပေးအပ်ခံခဲ့ရတာကြောင့် နယ်မြေခံ ကျေးလက်လူထု နဲ့ အကျွမ်းတဝင် ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ဖျာပုံမြို့နယ်မှာ နောက်ထပ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါက်တာ ဒေါ်မြမြအုန်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး လောလောဆယ်အားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နှစ်ပါတီသာ တရားဝင် ကိုယ်စားလှယ်လောင်းတွေ ကြေညာထားတယ်လို့ သိရှိရပါတယ်။
Ref: RFA News
နေ့စဉ်သတင်းများ ( ၁၇ - ၉ - ၁၀ )
■ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုဖွယ်မရှိ သတင်း
■ မြန်မာ့အရေး အမေရိကန်စိတ်ပျက်သော်လည်း လက်ရှိမူဝါဒ မပြောင်းလဲ သတင်း
■ ရွေးကောက်ပွဲကို မကြိုက်ပေမယ့် နောက်ပိုင်း အပြောင်းအလဲ မျှော်လင့် သတင်း
■ လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည် သတင်း
■ ဘန်ကီမွန်း ချဉ်းကပ်မှု ပျော့လွန်းဟု ဝေဖန်ခံရ သတင်း
■ ကေအိုင်အိုဋ္ဌာနချုပ်မှ အရေးကြီးပစ္စည်းများ ရွှေ့ပြောင်း သတင်း
■ လိုင်ဇာဒေသခံများ အသွားအလာ ထိန်းချုပ် ကန့်သတ်ခံနေရ သတင်း
■ KIO တပ်ဖွဲ့ဝင်များ ခရီးသွားလာရေး ကန့်သတ်ခံရ သတင်း
■ ညာမို ရင်ဆိုင်တိုက်ပွဲ နအဖတပ်ကြပ်ကြီး ကျဆုံး သတင်း
■ တောင်ယာအလုပ်သွားသော စုစည်းရွာသားများ စစ်တပ်ထံ သွားခွင့်လက်မှတ် ရယူရ သတင်း
■ ဖားအံမြို့တွင် လုံခြုံရေးအတွက် ပိုမိုစောင့်ကြပ်နေ သတင်း
■ မြန်မာ့အရေးဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက် သတင်း
■ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ သခင်အုန်းမြင့် ကွယ်လွန် သတင်း
■ ရန်ကုန်ရှိ ၀န်ထမ်း သုံးသောင်းခန့် နေပြည်တော်သို့ ပြောင်းရွှေ့ရမည် သတင်း
■ အစိုးရသြဇာခံ အရပ်ဘက်အဖွဲ့များ ဖွဲ့ရန် စီစဉ်နေ သတင်း
■ မကွေးသတင်းထောက် ပြန်လွတ်ပြီ သတင်း
■ မကွေးမှာ ဖမ်းဆီးထားတဲ့ သတင်းထောက်ကို ပြန်လွှတ်ပေးလိုက်ပြီ သတင်း
■ ပြည်တွင်းကျောင်းသားလူငယ် ရွေးကောက်ပွဲသပိတ်မှောက်ရေး တပ်ပေါင်းစု ဖွဲ့စည်း သတင်း
■ ပဲခူးမြို့တွင် ရွေးကောက်ပွဲ ဆန့်ကျင်စာများ ကပ်သွား သတင်း
■ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာဖြန့်သူ (၂) ဦး အဖမ်းခံရ သတင်း
■ ရွေးကောက်ပွဲဆန့်ကျင်ရေး စာဖြန့်မှုအတွက် ကျောင်းသားလူငယ်များကို ဖမ်းဆီး သတင်း
■ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသစာရင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် သတင်း
■ မြို့နယ် (၄) ခုနှင့် ကျေးရွာအုပ်စု (၃၀၀) ခန့်တွင် ရွေးကောက်ပွဲ မကျင်းပ သတင်း
■ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ကရင်ပြည်နယ်မှာ အနိုင်ရမည်ဟု ယုံကြည် သတင်း
■ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီရန်ပုံငွေအတွက် လူထုထံ ကောက်ယူ သတင်း
■ ဗိုလ်ချုပ်ကြီးများ မြို့သစ်တို့မှ ၀င်ရောက်အရွေးခံမည် သတင်း
■ ကြံ့ဖွှံနဲ့ တစညတို့ ရှေ့ရောက်နေတဲ့ ရွေးကောက်ပွဲ သတင်း
■ ရွှေဝါရောင်တမ်းချင်း သတင်း
■ ရွှေဝါရောင်အလွန်မှာ (အပိုင်း - ၃) (ဆောင်းပါး)
■ ထိုင်းသို့ ခိုးဝင်သည့် မြန်မာ (၅၂) ဦး အဖမ်းခံရ သတင်း
■ စာအုပ်ဈေးနှုန်း ကြီးမြင့်မှုကြောင့် စာအုပ်ဝယ်ဖတ်သူ ရှားပါးလာ သတင်း
■ ဖျော်ဖြေပွဲများ ပြုလုပ်နေစဉ် ရေဗက္ကာဝင်း မြန်မာပြည် ပြန်သွား သတင်း
■ တရုတ်-မြန်မာ-ဘင်္ဂလာ-အိန္ဒိယ လေးနိုင်ငံ ကားပြိုင်ပွဲ ၂၀၁၁ တွင် ပြုလုပ်မည် သတင်း
နေ့စဉ်သတင်းများ ( ၁၆ - ၉ - ၁၀ )
■ နိုဝင်ဘာ ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည် သတင်း
■ NLD နှင့် ပါတီများ ဖျက်သိမ်းခံရမှု ဘန်ကီမွန်း စိုးရိမ် သတင်း
■ တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ် သတင်း
■ ထွင်းဖေါက် မြင်နိုင်သော မဲပုံးအကြည် များကို ရွေးကောက် ပွဲတွင် အသုံး ပြုမည် သတင်း
■ ဗိုလ်ချုပ်ဟောင်းများ ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည် သတင်း
■ ရွေးကောက်ပွဲကို မကြိုက်ပေမဲ့ နောက်ပိုင်း အပြောင်းအလဲ မျှော်လင့် သတင်း
■ KIA နှင့် စစ်အစိုးရကြား ဆက်ဆံရေး ပိုတင်းမာလာ သတင်း
■ ကချင်ခေါင်းဆောင်များကို ငြင်းပယ်မှု နယ်ခြားစောင့်တပ် ပြဿနာနှင့် ဆက်စပ်ဖွယ် သတင်း
■ ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများ ထွက်လာ သတင်း
■ မကွေး သတင်းထောက် အဖမ်းခံရမှု အလဲဗင်း အယ်ဒီတာ ကန့်ကွက် သတင်း
■ လျှပ်စစ် ဓာတ်အား ထုတ်ယူမှု လုပ်ငန်းအား တရုတ် Datang ကုမ္ပဏီက စတင် လုပ်ဆောင်နေ သတင်း
■ အင်းစိန်ဗဟို အကျဉ်းထောင်ရှိ အကျဉ်းသား ပန်းချီ ဝါသနာရှင် များအား ပန်းချီ ပစ္စည်းများ သွားရောက် လှူဒါန်း သတင်း
■ မဲထည့်ပုံ နည်းစနစ် ပညာပေး အစီအစဉ် ရုပ်သံများမှ လွှင့်မည် သတင်း
■ ရွာထဲ ကျောက်စိမ်းတူးမည့် အစီအစဉ်ကြောင့် ဖားကန့်ဒေသခံများ အခက်အခဲကြုံ သတင်း
■ အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက် သတင်း
■ ၀စ်သောက်ကားတစီး ရန်ကုန်အရောက် သယ်ဆောင်ခ ကျပ် သိန်း (၁၂၀) ကျော်ပေးရ သတင်း
■ ကရင်ပြည်သူ့ပါတီ (KAYIN PEOPLES PARTY) အထွေထွေ အတွင်းရေးမှူး စောစေးဝါးနှင့် တွေ့ဆုံခြင်း (အင်တာဗျူး)
■ ကျနော်တို့နိုင်ငံမှာ တရားမျှတမှု မရှိဘူး (အင်တာဗျူး)
■ ကြံ့ခိုင်ရေးကို မမှုတဲ့ ဦးသုဝေ (အင်တာဗျူး)
ကျနော်တို့နိုင်ငံမှာ တရားမျှတမှု မရှိဘူး
ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀
ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ခေါင်းဆောင် ၁၄ ဦး ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP တည်ထောင်ခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြု၊ တသီးပုဂ္ဂလ ဝင်ပြိုင်မည်ကိုလည်း ပိတ်ပင်လိုက်သည်။ စစ်ဗိုလ်ချုပ်များ တပ်မှ အငြိမ်းစားယူ၍ ရွေးကောက်ပွဲ ဝင်နေချိန်တွင် ကချင် ခေါင်းဆောင်များကို အပစ်ခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် ဆက်သွယ်သည်ဟု ကော်မရှင်က နှုတ်ဖြင့် စွပ်စွဲ ပိတ်ပင်ထားသည်။ KSPP အတွင်းရေးမှူး ဦးတူးရော်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည်။
KSPP ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ချမပေးတဲ့အပြင် တသီးပုဂ္ဂ္ဂလ ဝင်ပြိုင်ခွင့်ကိုလည်း ပယ်ချခဲ့တယ် ကြားတယ်။ အဲဒါ ကော်မရှင်က ဘယ်လို အကြောင်းပြချက်ပေးလဲ။
ဘာအကြောင်းပြချက်မှ မပေးဘူး။ ခရိုင်ကော်မရှင်ရုံးကထွက်တဲ့ ရွေးကောက်ပွဲ ဝင်မယ့် စာရင်းမှာ ကျနော်တို့ နာမည် မပါဘူးလေ။
ဘာကြောင့် ပယ်ချခဲ့တယ် ထင်သလဲ။
KIO က နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်မခံလို့ ပယ်ချလိုက်တယ် ထင်တယ်။
ဘယ်လို သက်သေ အထောက်အထားတွေ တွေ့လို့ အဲဒီလို စွပ်စွဲပြောတယ် ထင်လဲ။
သက်သေ အထောက်အထားကတော့ KIA/KIO တွေ နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး လက်မခံလို့ဘဲ။ ကျနော်တို့ KIO/KIA မဟုတ်ရင်လည်း ကချင်ဖြစ်နေလို့ ချမပေးတာ နေမှာပေါ့။
ရွေးကောက်ပွဲ ကော်မရှင်ကရော KSPP ပါတီကို လာစုံစမ်းမယ်လို့ ပြောတယ်။ အဲဒါ ဘာကြောင့် မစုံစမ်း သေးတာလဲ။
ကော်မရှင်က လာမစုံစမ်းပါဘူး။ သူတို့အလုပ်နဲ့ဘဲ လာတယ်ထင်တယ်။ ခရိုင်ကော်မရှင်က ကျနော်တို့ကို တွေ့မယ်လို့ ပြောတာက အလုပ်အရ ပြောတာ မဟုတ်ဘူး၊ လူမှုရေးအရ လာမယ်လို့ ပြောတယ်ထင်တယ်။
စစ်အစိုးရ ဝန်ကြီးတွေက လူဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်ပြိုင်တာ။ အန်ကယ်တို့ ကျတော့ ဘာကြောင့် မရတာလို့ ထင်သလဲ။
ဒါကတော့ KIO တွေ နယ်ခြားစောင့်တပ် လက်မခံလို့ဘဲ ထင်တယ်။
ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် ဘယ်နှစ်နေရာရှိလဲ။ ကြံ့ဖွံ့ပါတီက ဘယ်နှစ်နေရာ ဝင်ပြိုင်မလဲ။
ကချင်ပြည်နယ်မှာက မဲဆန္ဒနယ် ၁၈ ခုရှိတော့ ၁၈ နေရာရှိတာပေါ့နော်။ ပြည်သူ့လွှတ်တော် ၁၈ ခုပေါ့၊ အမျိုးသား လွှတ်တော်က ၁၂ ခု၊ ပြည်နယ်လွှတ်တော်က ၃၆ ရှိတယ်။ အဲဒီနေရာ အားလုံးမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မယ်၊ သူတို့မဝင်တဲ့ နေရာက ဦးခက်ထိန်နန်ရဲ့ ပါတီလေ။ သူတို့က မဟာမိတ် ပါတီတွေ ဆိုတော့ ခွဲပြီး ဝင်ကြတယ်။
UDPKS ပါတီအပေါ် ဘယ်လိုမြင်သလဲ။
အဲဒီပါတီကတော့ ပြည်ခိုင်ဖြိုးပါတီဖြစ်တဲ့အတွက် နာမည်ပြောင်းလိုက်ပေမယ့် ကြံ့ဖွံ့လိုဘဲ ဝင်တာဘဲ။ ဘယ်သူမှ မပေါင်းဘူး ထင်တယ်။ သူတို့က အစိုးရနဲ့ ပေါင်းတယ်ဆိုတော့ ကျနော်တို့ ပေါ်လစီနဲ့ သူတို့ ပေါ်လစီနဲ့ မတူဘူးလေ။ ကျနော်တို့က ကချင်ပြည်နယ် ကိုယ်စားပြု ဝင်ချင်တယ်ဆိုတော့ ဘယ်လောက် ထောက်ခံတယ် ဆိုတာ ကချင်ပြည်သူတွေ မဲထည့်လာတဲ့ အပေါ် မူတည်မှာပေါ့နော်။
ခု ရွေးကောက်ပွဲ မဝင်ရတော့ဘူးဆိုတော့ အန်ကယ်တို့ ရွေးကောက်ပွဲကို သပိတ်မှောက် မလား။
ကျနော်တို့ ရွေးကောက်ပွဲ ဝင်မယ်ဆိုပြီး ကြိုးစားတော့လည်း သူတို့က ခွင့်မပြုဘူး ဆိုတော့ ဒီတခါ မဝင်နိုင် တော့ဘူးပေါ့။ ပါတီကလည်း ခွင့်မပြုတော့ ပါတီဖျက်ဖို့လဲ မလိုဘူး။ အစိုးရက အသိအမှတ် မပြုတဲ့အတွက် ဒီ KSPP ပါတီက ကျနော်တို့ စိတ်ထဲမှာပဲ ရှိတော့မှာပေါ့။
KIO အဖွဲ့နဲ့ ပြန်ပူးပေါင်းမလား။ ပါတီအဖွဲ့ဝင်တွေကရော ဘာဆက်လုပ်မလဲ။
ဒေါက်တာတူးဂျာတို့ကတော့ KIO နဲ့ ပြန်မပေါင်းတော့ဘူးထင်တယ်။ သူက အရင်ကတည်းကနေ အဲဒီ အဖွဲ့ကနေ တရားဝင် နုတ်ထွက် ထားပြီဆိုတော့ ကျနော်တို့ ပါတီကို ဝင်တယ်လေ။
အန်ကယ်တို့ စိတ်ရှည် သည်းခံပြီး ရွေးကောက်ပွဲ ဝင်နိုင်ဖို့ စောင့်ဆိုင်းနေတာ ခု မရတော့ဘူး ဆိုတော့။
ကျနော်တို့ နိုင်ငံမှာ တရားမျှတမှု မရှိဘူးလို့ဘဲ ခံစားရတယ်။ ကျနော်တို့ကို ဖိနှိပ်တာဘဲ။ ကျနော်ကတော့ ဘယ်မှာ မဲထည့်ရမလဲ ဆိုတာ မသိတော့ဘူး။ မထည့်တော့ဘူးပေါ့။ ကျနော်လိုဘဲ ခံစားရတဲ့ လူတွေများမှာပါ။
Ref: မဇ္ဈိမ
Thursday, September 16, 2010
နေ့စဉ်သတင်းများ ( ၁၅ - ၉ - ၁၀ )
■ သုံးရက်တိုက်ပွဲကြောင့် နအဖစစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင် သတင်း
■ တနေ့တာ အပစ်အခတ်ရပ်စဲရေး KNU တောင်းဆို သတင်း
■ ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ် သတင်း
■ အန်အယ်လ်ဒီ ဖျက်သိမ်းမှုအပေါ် တုန်လှုပ်မိဟု ပြင်သစ်က ပြော သတင်း
■ ဥပဒေအရ NLD ဆက်လက်တည်ရှိနေကြောင်း ပါတီခေါင်းဆောင်များ ပြောဆို သတင်း
■ NLD ပါတီ ပျက်သွားမှာမဟုတ်ကြောင်း (၈၈) မျိုးဆက် ပြောကြား သတင်း
■ အန်အယ်လ်ဒီပါတီကို နိုင်ငံတကာ၏ ထောက်ခံမှုရရန် အန်စီယူဘီ ကြိုးပမ်းမည် သတင်း
■ ရန်ကုန်အခြေစိုက် ရဲတပ်ရင်းများ အင်အားတိုး သတင်း
■ ကိုအေးမင်းနိုင်နှင့်အဖွဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ သတင်း
■ ဖောက်ခွဲမှုဖြင့် (၇) ဦးကို ထောင်ဒဏ် (၁၀) နှစ်စီ ထပ်တိုး သတင်း
■ နိုင်ငံရေးအကျဉ်းသား ဦးညီပု ကျန်းမာရေး မကောင်း သတင်း
■ ထိုင်းဂြိုဟ်တုဖုန်း ကိုင်သူတချို့ ဘီးလင်းမြို့မှာ ဖမ်းဆီးခံရ သတင်း
■ မြန်မာဆီ ဗြိတိန် အကူအညီ တိုးပေးဖို့ တောင်း သတင်း
■ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ (၅) ခုတွင် UKL ကရင်ပါတီ ပါဝင် သတင်း
■ တသီးပုဂ္ဂလ ကချင်ကိုယ်စားလှယ်လောင်း (၁၂) ဦး အပယ်ခံရ သတင်း
■ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကို ဖွင့်ချဆန့်ကျင်ကြ သတင်း
■ ထိုင်းက မြန်မာအလုပ်သမားတွေ ပြေလည်သွား သတင်း
■ လယ်သမားတွေ ဗိုလ်ချုပ်မှူးကြီးဆီ စာပို့ အသနားခံ သတင်း
■ NCGUB ဝန်ကြီး ဦးစိန်ဝင်းရဲ့ နိုင်ငံရေးသုံးသပ်ချက် (မျက်မှောက်ရေးရာ)
■ နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ချင်းအမျိုးသားပါတီ
■ ဒီရွေးကောက်ပွဲမှာ မဲမပေးတော့ဘူး (ဆောင်းပါး)
■ ဗိုလ်ချုပ်ပေးတဲ့ အတွေးများ (ဆောင်းပါး)
Wednesday, September 15, 2010
ဒီမိုကရေစီနဲ့ ရှစ်လေးလုံးမျိုးဆက်
ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး ၁၉၈၈ မှာ ဖြစ်ပွားတော့ ကျနော့် မိသားစု မြန်မာပြည်က အပြီး အပိုင် ထွက်လာတာ (၁၀) နှစ်ရှိနေပြီ။ ကျနော် နိုင်ငံခြား ရောက်နေတာက (၁၅) နှစ် ရှိနေပြီ။ မဆလ လက်အောက်က ထွက်ဖို့ ပထမဆုံး ပညာတော်သင် သွားရသေးတယ်။ ပညာသင် သွားပြီးဘွဲ့ရတော့ ရန်ကုန်ပြန် အလုပ်ထွက်ပြီး ဇနီးနဲ့ သားကို လက်ဆွဲပြီး နေ၀င်းကြီးစိုးတဲ့ မဆလ တိုင်းပြည်က အပြီးအပိုင် ထွက်ခဲ့တယ်။ ကျနော့်လိုပဲ ထွက်ကြသူတွေ ရှိတယ်။ ဒါပေမယ့် နည်းနည်းပါးပါးမို့ ရေတွက်လို့ ရတယ်။ ကျနော်တို့ မျိုးဆက်က နိုင်ငံခြားမှာ အလုပ်ခန့်စာ ရပြီးမှ နိုင်ငံကူးလက်မှတ် လျှောက်ပြီး တိုင်းပြည်ကနေ အပြီးအပိုင် ထွက်တာ များတယ်။
အဲဒီခေတ်ကလည်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုတွေ ရှိခဲ့တာပဲ။ ကျောင်းသားနဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကို သေနတ်နဲ့ပစ်ပြီး ဖြိုခွဲခဲ့ပေမယ့် မဆလ စစ်အစိုးရရဲ့ လုပ်ရပ်ကို နိုင်ငံခြားက ကန့်ကွက် အရေးယူတာမျိုး မရှိခဲ့ဘူး။ မဆလ စစ်အစိုးရကို ဝေဖန် ရှုတ်ချရေးသားတဲ့ အင်္ဂလိပ် ဘာသာထုတ် စာစောင်သုံးခုကို အမေရိကန်၊ ကနေဒါနဲ့ အင်္ဂလန်နေ ဗမာသုံးဦးက ထုတ်ဝေတယ်။ ဒါပေမယ့် အနောက်တိုင်း အစိုးရတွေက အရေးမယူတဲ့ အတွက် ဗိုလ်နေ၀င်းဟာ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ကို မကြာခဏ အပျော်ခရီး ထွက်လေ့ရှိတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုလည်း ပျက်ပြား သွားပြီမို့ တော်လှန်ရေး သမားတွေ နိုင်ငံရေး ခိုလှုံကြတယ်။ မဆလ အစိုးရ လိမ်သမျှ ကမ္ဘာက ယုံနေပြီး ပြည်တွင်းမှာလည်း ဆိုရှယ်လစ်မှိုင်း တိုက်ထားတော့ ကလိမ်ခြုံ မဆလ သက်ဆိုး ရှည်မယ့်ပုံ ပေါက်နေတယ်။ အဲဒီအခါမှာ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားတာမို့ ပါဝင်ဆင်နွှဲတဲ့ ကျောင်းသား လူငယ်တွေကို အလွန် လေးစားမိတယ်။ သတ္တိ ပြောင်မြောက် ကြပါပေတယ်။ ကျနော်က ဘယ်မှသွားတဲ့ လူမဟုတ်တော့ ရှစ်လေးလုံး မျိုးဆက်အကြောင်း သူများပြောတာပဲ ကြားဖူးတယ်။ လန်ဒန်ရောက်လာတဲ့ သူငယ်ချင်း မောင်အောင် (ဦးနုရဲ့သား) ကို မေးရတယ်။
နောက်တော့ လန်ဒန်ရောက်လာတဲ့ ရှစ်လေးလုံး မျိုးဆက်ကို တွေ့ရတယ်။ ကိုမိုးသီးဇွန်၊ ကိုအောင်နိုင်နဲ့ ကိုဝင်းမိုးတို့ ဖြစ်တယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ အတွက် နော်ဝေးမှာ အလုပ် သွားလုပ်တော့ ရှစ်လေးလုံး မျိုးဆက်တွေ ပတ်လည် ၀ိုင်းနေတော့တာပေါ့။ ရှစ်လေးလုံး မျိုးဆက် အများအပြား နိုင်ငံခြားမှာ ဆက်လက် လှုပ်ရှားတာ ရှိသလို ပြည်တွင်းမှာလည်း လှုပ်ရှားကြတယ်။ ရှစ်လေးလုံးကြောင့် နိုင်ငံရေး သမားဟောင်း အချို့ ပြန်လည် ရှင်သန်လာကြပြီး ကိုတင်မောင်ဝင်းက ခေတ်ပြိုင်ကို တည်ထောင်တယ်။ ထိုင်းအခြေစိုက် ကျောင်းသား လူငယ် အဖွဲ့တွေ ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာစာစောင်တွေ အများကြီး ထွက်လာတယ်။ ကွန်ပျူတာ အင်တာနက်ကို နိုင်ငံခြားရောက် ရှစ်လေး လုံးမျိုးဆက်က အရင်တတ်ပြီး ဗမာ စစ်အစိုးရက နောက်မှတတ်တာ။
၁၉၈၈ နောက်ပိုင်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေတာကလည်း ပြည်သူ့ အရေးတော်ပုံကို နိုင်ငံတကာ သိအောင် လုပ်နိုင်တဲ့ အချက် တခုဖြစ်တယ်။ ကုလသမဂ္ဂမှာ အမှုထမ်းခဲ့ဖူးပြီး နိုင်ငံခြား ပညာတတ် အသိုင်းအ၀ိုင်းမှာ ကျင်လည်ခဲ့တဲ့ ဒေါ်စုဟာ န၀တ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုကို Amnesty ကမ္ဘာ့ လူ့အခွင့်အရေး အဖွဲ့ကို အကြောင်းကြားခဲ့တယ်။ တရားမ၀င်တဲ့ စစ်အစိုးရကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အရေးယူဖို့လည်း ရန်ကုန်နေ နိုင်ငံခြား သံအမတ်တွေကို စာရေး ပန်ကြားခဲ့တယ်။ နိုင်ငံတကာ ဥပဒေ ပညာရှင်များ အဖွဲ့ကိုလည်း ဒေါ်စုက စာရေးပြီး တိုင်ကြားခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြိုးပမ်းမှုကြောင့် ရက်ရက်စက်စက် ပစ်သတ်ခံရလို့ ရပ်တန့်သွားတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ ပြန်လည် ရှင်သန်လာတာလို့ ပြောကြတယ်။
၈၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာပြည်ကထွက်လာတဲ့ ကျောင်းသားဦးရေ များလာတဲ့ အတွက် နိုင်ငံခြားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး အားကောင်းလာတယ်။ ကိုယ်တတ်နိုင်တဲ့ နည်းနဲ့ ဗမာ စစ်အစိုးရကို ဆန့်ကျင်ကြတယ်။ ကိုယ့်တာဝန် ကိုယ်သိကြတယ်။ သိပ်ကောင်းတယ်။ ကိုယ်တတ်တဲ့ အလုပ် ကိုယ်လုပ်တာ အမှန်တရားပဲ။ ကိုယ်လုပ်ရမယ့် အလုပ်ကို တကယ် နားလည်အောင် လေ့လာပြီး ရာထူး မမက်ဘဲ တတ်နိုင်တဲ့ ဘက်က ကူညီတာဟာ အကောင်းဆုံးပါလို့ ပြောပါရစေ။ သတင်း မီဒီယာလောကကို ရှစ်လေးလုံး မျိုးဆက်တွေ ၀င်စီးနိုင်တာဟာ ဒီမိုကရေစီရေး အတွက် အခွင့်ကောင်း တခုပဲ။
ဒီမိုကရေစီနိုင်ငံတွေဆီ ရောက်သွားတဲ့ ရှစ်လေးလုံးမျိုးဆက်ဟာ ဒီမိုကရေစီ တကယ် ရသွားတယ်လို့ ပြောတာမျိုးလည်း ရှိတယ်။ ကိုယ်ရောက်တဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို နားလည်အောင် ကြိုးစားတာဟာ ကိုယ့်နိုင်ငံ အတွက် အကျိုးရှိတယ်။ ပညာ တပိုင်းတစနဲ့ နိုင်ငံခြား ရောက်လာတဲ့ ရှစ်လေးလုံး မျိုးဆက်ထဲမှာ ပညာ ဆက်သင်သူတွေ ရှိသလို အရက်သမား ဖြစ်သွားသူတွေလည်း ရှိတယ်။ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်ပြီး ချမ်းသာတဲ့ဒဏ်ကို မခံနိုင်တဲ့ လူတွေလည်း ရှိတယ်။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိမှာပေါ့။ ဒါဟာ သဘာဝပဲ။
ခေတ်သစ်နဲ့အတူ လိုက်နိုင်သူတွေရှိသလို မလိုက်နိုင်သူတွေလည်း ရှိတယ်။ ဒီအထဲမှာ ထူးခြားတာလေး တခု ပြောပါရစေ။ ရှစ်လေးလုံးမှာ အခြေခံပညာ အထက်တန်းကျောင်းသား ဘ၀နဲ့ လှုပ်ရှားရင်း နိုင်ငံခြားကို ရောက်လာတဲ့ လူငယ်တဦး အကြောင်းပါပဲ။ ဒီလူငယ်ဟာ မြန်မာပြည်မှာ ဆယ်တန်း စာမေးပွဲတောင် ဖြေဖူးတာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ထူကိုယ်ထ ကြိုးစားသူ ဆိုတော့ စကား ပြောကြည့်တာနဲ့ ဘွဲ့လွန် ကျောင်းသား အဆင့်ရှိတာကို သိနိုင်တယ်။ ကာလီဖိုးနီးယား ပြည်နယ် Berkeley တက္ကသိုလ်က အမေရိကန် ပါမောက္ခတွေ ကလည်း ဒီအတိုင်းပဲ မြင်တယ်။ ဒါကြောင့် တက္ကသိုလ် စည်းမျဉ်းတွေကို ဘေးချိတ်ပြီး ဘာတန်းမှ မအောင်တဲ့ မြန်မာ လူငယ်ကို မဟာဝိဇ္ဇာတန်း တက်ခွင့်ပြုပြီး နည်းပြဆရာ အဖြစ် အလုပ် ခန့်လိုက်သေးတယ်။ ဒီနှစ်ထဲ မဟာဝိဇ္ဇာဘွဲ့ ရလို့ ပါရဂူ Ph.D ဘွဲ့ သင်တန်းကိုပါ တက္ကသိုလ်ရဲ့ ထောက်ပံ့ကြေးနဲ့ တက်ခွင့် ပေးလိုက်တယ်။ ဒေါက်တာဘွဲ့ရမှာ သေချာတယ်။ အဲဒီတော့လည်း ဒေါက်တာ မင်းဇင် ဖြစ်သွားတာပေါ့။
နိုင်ငံခြားမှာ အပတ်တကုတ် လေ့လာဆည်ပူးပြီး ပညာရှာတာဟာ ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ အလား အလာဖြစ်တယ်။ ဒီမိုကရေစီ အရေးမှာ လူတိုင်း ပါဝင်နိုင်တယ်။ ကားမောင်း တတ်သူက ကားမောင်းပြီး ကူညီတယ်။ ထမင်းချက်တတ် သူက ချက်ပြုတ်ပြီး ကူညီတယ်။ တချို့ကလည်း ဆန္ဒပြပွဲတိုင်းမှာ ‘ဒို့အရေး’ မှန်မှန်အော်ပြီး ရန်ပုံငွေ ထည့်တယ်။ ဒီမိုကရေစီ သမားတွေ ရောက်လာရင် ကိုယ့်ကား ကိုယ်မောင်းပြီး မညည်းမညူ ပို့တယ်ကြို့တယ်။ ဧည့်သည်လာတိုင်း ကားမောင်းပို့ပါ များလာတော့ ကားမောင်းတာကို နိုင်ငံရေးလို့ ထင်လာတယ်။ ဟုတ်ပါတယ် သူ့အဖို့ ကားမောင်းတာဟာ နိုင်ငံရေးပါ။ ကိုယ်တတ်တဲ့ အလုပ်နဲ့ ဒီမိုကရေစီ အရေးကို ကူညီတာပါ။ ထမင်းချက်ပြီး ကူညီသူလည်း ဒီမိုကရေစီ သမားတွေကို ထမင်းချက် ကျွေးရတာဟာ နိုင်ငံရေးပေါ့။ သူ့အတွက်ကတော့ ထမင်းချက်တာဟာ နိုင်ငံရေးပါ။ တာဝန်ကိုယ်စီ ထမ်းဆောင်ကြတာ ၀မ်းသာ အားရစရာပါ။ ဒါပေမယ့် ကားသမားနဲ့ ထမင်းချက်ဟာ အသိဉာဏ် တထွာတမိုက်နဲ့ နိုင်ငံရေးမှာ ထင်ရာမြင်ရာ ဝေဖန်လာတဲ့ အခါ ပြဿနာပေါ်ပြီး နအဖ လက်ပါးစေ ဖြစ်ကုန်တာပေါ့။ ကားမောင်း၊ ထမင်းချက် လောက်သာ လုပ်တတ်ပေမယ့် နေရာလိုချင်၊ ဆရာလုပ်ချင်တာဟာ ‘မဆလခေတ်’ ရဲ့ အမွေဆိုးပါ။
အသိဉာဏ်တထွာတမိုက်နဲ့ မိမိဉာဏ်မမီတိုင်း သူများကို မှားတယ်လို့ ယူဆတာဟာ ဘယ်သူ့ အတွက်မှ မကောင်းပါဘူး။ နိုင်ငံရေး ပညာဟာ အလွန်ကျယ်ဝန်းတဲ့ ဘာသာရပ်ဖြစ်လို့ အပတ်တကုတ် လေ့လာ ဆည်းပူး ရပါလိမ့်မယ်။ အခြေခံပညာ ရှိသူတိုင်း လေးလေးနက်နက် ကြိုးစား အားထုတ်ရင် နားလည်နိုင်ပါတယ်။ စာတွေ့ ဗဟုသုတ စုဆောင်းပြီး ကြေကြေညက်ညက် လေ့လာတဲ့ အခါမှာ လက်တွေ့ နိုင်ငံရေး လောကကို အရင်ကထက် ပိုပြီး နားလည်လာမှာ သေချာတယ်။ စာတွေ့က လက်တွေ့ကို ကူးပြောင်းရာမှာ လေ့လာသူရဲ့ ပင်ကိုယ် သဘာဝ၊ အကြံဉာဏ် လက်ခံနိုင်မှု၊ အပင်ပန်းခံနိုင်မှု စတာတွေကို လိုက်ပြီး အချိန် အနည်းအများ ကြာတတ်ပါတယ်။
Ref: ခေတ်ပြိုင်
Tuesday, September 14, 2010
ရွှေဝါရောင်နှစ်ပတ်လည်ကာလ သာသနာ့အခမ်းအနားများ တိတ်ဆိတ်စွာ ကျင်းပရ
Tuesday, September 14, 2010
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် စက်တင်ဘာလတွင် သာသနာဆိုင်ရာ အခမ်းအနားများ ပြုလုပ်ရာ၌ သာသနာ့ အလံများ ထောင်ခြင်း၊ သံဃာတော်များ စုရုံးခြင်း၊ အသံချဲ့စက် အသုံးပြုခြင်း၊ ဆိုင်းဘုတ်များ တင်ခြင်း မပြုလုပ်ရန် စစ်အစိုးရက ပိတ်ပင် ထားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးက ပြုလုပ်သော ၄၃ ကြိမ်မြောက် အဘိဓမ္မာ စာတော်ပြန်ပွဲကြီးကို ရွှေတိဂုံ ခြေတော်ရင်းရှိ အဘိဓမ္မာ ရတနာဃရ ဓမ္မာ ဗိမာန်တော်ကြီးတွင် ယခုလ ၁၁ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်လျက်ရှိရာ အဆိုပါစာပြန်ပွဲကို အခမ်းအနား ပုံစံဖြင့် စည်စည် ကားကား ကျင်းပခွင့်မပြုဘဲ တိတ်ဆိတ်စွာ ကျင်းပခဲ့ ရကြောင်း သိရှိရသည်။
“ဒီနှစ် အဘိဓမ္မာစာပြန်ပွဲကို သာသနာ့အလံတွေထောင်ခွင့် မပေးဘူး၊ ဆိုင်းဘုတ်တင်ခွင့် မပေးဘူး၊ အသံချဲ့စက် မသုံးရဘူး” ဟု အဆိုပါ အဘိဓမ္မာ စာပြန်ပွဲတွင် စာစစ်ဆရာတော်အဖြစ် တာဝန်ယူထားသည့် သံဃာတော်တပါးက မိန့်ကြားသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် ၀ါတွင်းကာလ ဆွမ်းလောင်းပွဲများ ကျင်းပပြုလုပ်ရာ၌လည်း သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များ၏ ခွင့်ပြုချက်ရယူကာ ဆွမ်းလောင်းအသင်းများက သံဃာတော်မြောက်မြားစွာ ပင့်ဖိတ်ခြင်းအတွက် တာဝန်ခံရကြောင်း သိရသည်။
“ဆွမ်းလောင်းအသင်းတွေအနေနဲ့ ပင့်ဖိတ်တဲ့ သံဃာတော်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ တာဝန်ယူရတယ်။ တကယ်လို့ ဆွမ်းလောင်းပွဲ ကြွလာတဲ့ သံဃာတော်တွေက ရွှေဝါရောင် တော်လှန်ရေး တုန်းကလို လှုပ်ရှားမှုတွေ လုပ်လာရင် ဆွမ်းလောင်း အသင်းက တာဝန်ခံထားတဲ့ လူတွေ အရေးယူခံရမယ်၊ ထောင်ကျမယ်” ဟု ရပ်ကွက် ဆွမ်းလောင်း အသင်း ဥက္ကဋ္ဌ တဦးက ပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးတဦးက မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေမည့် ဆန္ဒပြပွဲများ၊ သံဃာ လှုပ်ရှားမှုများ ဖြစ်ပေါ်လာလျှင် လုံထိန်းရဲများနှင့် နှိမ်နင်းရန် အထူးညွှန်ကြားချက် တရပ်ကို ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးက ထုတ်ပြန် ထားကြောင်း ပြောသည်။
လူထု အုံကြွမှု ဖြစ်ပေါ်လာလျှင် နှိမ်နင်းရန် ရဲတပ်ဖွဲ့ဝင်များအား စတင်လေ့ကျင့်ပေး နေပြီးဖြစ်ကြောင်းလည်း အငယ်တန်း ရဲအရာရှိ တဦးက ဆိုသည်။
“လမ်းတွေကို ဘယ်လိုပိတ်ပြီး နှိမ်နင်းမယ်၊ ဘယ်လိုကွပ်ကဲမယ်၊ အုံကြွမှုကနေ မီးလောင်ရင် ဘယ်လို လုပ်မယ် ဆိုတာက အစ အခုကတည်းက လေ့ကျင့်နေကြပြီ” ဟု ယင်းကပြောသည်။
နိုင်ငံရေး အမြတ်ထုတ်လိုသည့် ဆန့်ကျင်ဘက်အုပ်စုများ၊ အဖျက်အမှောင့်များက အပြစ်မဲ့ပြည်သူများ သေကျေ ဒဏ်ရာ ရရှိစေရန်၊ နိုင်ငံပိုင် အခြေခံ အဆောက်အအုံများ ပျက်စီးစေရန်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ထိုမှတဆင့် ၂၀၁၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး မအောင်မြင်စေရန် သွေးထိုးလှုံ့ဆော်မှုများ၊ မိုင်းခွဲလုပ်ဆောင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း စက်တင်ဘာ ၁၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
လူထုအုံကြွမှု ဖြစ်ပေါ်လာပါက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလကကဲ့သို့ စစ်တပ်ကို အသုံးပြုမည် မဟုတ် ကြောင်းလည်း အထက်ပါ ရဲအရာရှိက ဆိုသည်။
ရန်ကုန်မြို့ လူစည်ကားရာ ဗိုလ်ချုပ်အောင်းဆန်းဈေး အနီးရထားခုံးကျော်တံတားအပေါ်နှင့် မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်း ကျေးရွာအုပ်စု လယ်ကွင်းအတွင်း စိုက်ထူထားသည့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါ တိုင်များတွင် ချိန်ကိုက်မိုင်းများ တွေ့ရှိခဲ့ကြောင်းလည်း မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ သံဃာတော်ဦးဆောင်သော မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ပွဲများ၊ ဆန္ဒပြပွဲများ ဖြစ်ပေါ် လာမည်ကို စစ်အစိုးရက စိုးရိမ်သည့်အတွက် ဘုန်းကြီးကျောင်းများ၊ ဘုရားပုထိုးစေတီများ အရပ်ဝတ် လုံခြုံရေးများ၊ စွမ်းအားရှင်များနှင့် လုံထိန်းရဲများ ချထားကြောင်း တွေ့မြင်သူများက ပြောသည်။
ရွှေဝါရောင်တော်လှန်ရေး အခြေပြုရာ ရွှေတိဂုံစေတီတော်တွင် လုံခြုံရေး အတင်းကျပ်ဆုံးဖြစ်ပြီး ဘုရားသို့ လာရောက် သူများ အနက်မှ အာဏာပိုင်များ မသင်္ကာသည့် သံဃာတော်များနှင့် အမျိုးသားဒီမီု ကရေစီအဖွဲ့ချုပ်နှင့် ဆက်နွှယ် သူများ လာရောက်လျှင် အရပ်ဝတ် ရဲများက နောက်ယောင်ခံ လိုက်ခြင်း၊ ဓာတ်ပုံ ရိုက်ယူခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။
ရွှေတိဂုံစေတီတော်ခြေရင်း အရှေ့ဘက်မုခ်တွင်လည်း အနီခံပေါ်တွင် စာလုံးဖြူဖြင့် “မိုင်းအသိ မိုင်းသတိ အစဉ်အမြဲရှိ” ဆိုသော ဆိုင်းဘုတ် ထူထားသည်ဟု ဘုရားဖူးများက ပြောသည်။
သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ် နှိမ်နင်း ခဲ့သဖြင့် ဂျပန် သတင်းထောက် တဦးအပါအ၀င် လူ ၁၀ ဦးသေဆုံးခဲ့ကြောင်း စစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
Ref: ဧရာဝတီ်
နေ့စဉ်သတင်းများ ( ၁၄ - ၉ - ၁၀ )
■ ပဲခူးနာရီစင်တွင် မပေါက်ကွဲသေးသည့် အသံမိုင်းတလုံး တွေ့ရှိ သတင်း
■ ချုံခိုတိုက်ခိုက်ခံရ၍ နအဖစစ်တပ်မှ အရာရှိတဦးပါ (၇) ဦး ထိခိုက် (၃) ဦး ကျဆုံး သတင်း
■ ဝ တပ်ဖွဲ့နယ်မြေအနီး နအဖတပ်များ ချဉ်းကပ် သတင်း
■ ခေါင်းဆောင်များ နာမကျန်း၍ NLD စည်းရုံးရေးခရီးစဉ်များ ရပ်ဆိုင်း သတင်း
■ ရွှေဝါရောင်နှစ်ပတ်လည်ကာလ သာသနာ့အခမ်းအနားများ တိတ်ဆိတ်စွာ ကျင်းပရ သတင်း
■ မြောက်ဥက္ကလာ နီလာဓမ္မာရုံအရေးအခင်းမှ အတွေးစများ (ဆောင်းပါး)
■ အဘမမီလိုက်တဲ့ နောင်နှစ်ခါ တန်ဆောင်မုန်း (ဆောင်းပါး)
■ မင်္ဂလာနှင့် နိုင်ငံရေး (၃) (ဆောင်းပါး)
■ ရန်ကုန်ဆေးရုံကြီး အဆောင် (၁၂) ခုတင်နံပါတ် (၁၂) (ဆောင်းပါး)
■ စစ်အစိုးရအလိုကျ အလုပ်သမားသမဂ္ဂဖွဲ့ရန် ပြင်ဆင်နေပြီ သတင်း
■ ရွေးကောက်ပွဲလွန်ကာလ သတင်းစာထုတ်ရန် ပြင်ဆင်နေပြီ သတင်း
■ ဒီမိုကရက်တစ်ပါတီနှင့် တသီးပုဂ္ဂလများ ပူးပေါင်းမည် သတင်း
■ နာရေးကူညီမှုလုပ်၍ ကြံ့ဖွံ့ပါတီ မဲဆွယ် သတင်း
■ ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ အဖွဲ့ဝင်သစ်များကို ခွဲတမ်းချ စည်းရုံး သတင်း
■ ရွေးကောက်ပွဲကြောင့် ဘုရွှေမော်ရွာကွဲ မူလတန်းကျောင်း ချက်ချင်းရ သတင်း
■ ပြည်သူအများစု ကျပ် (၁ဝဝ) တန်မီး အားကိုးနေရဆဲ သတင်း
■ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား စီမံချက်အရ ထပ်မံဖမ်းဆီးရန်ရှိ သတင်း
■ ကျော်ထိုက်အောင် ခေါ် မလေးရှားရောက် မြန်မာတဦး ရန်ပွဲတွင် သေဆုံး သတင်း
■ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘတ်ဖဲလိုး၊ နယူးယောက်နှင့် ဆန်ဖရန်ဘေးဧရိယာတို့တွင် မြို့နယ်အလိုက် လုပ် အားပေးအဖွဲ့များ ဖွဲ့စည်း၊ အယ်လ်အေက စက်တင်ဘာ (၂၅) မှာ ရန်ပုံငွေပွဲတော် ကျင်းပမည် သတင်း
■ ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ သတင်း
NLD ပါတီနှင့် CRPP သို့ လမ်းပြကြယ်မှ အိပ်ဖွင့်ပေးစာ
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၁၄) ၇က်
ပြည်သူလူထုက အားကိုးပြီး လေးထားနေကြသည့် စွမ်းအားကို ဘယ်လို မြှင့်တင် ပေးရမလဲ ဆိုတဲ့အချိန် တနည်း ပြောရ၇င် နောက်ဆုံးအချိန် ရောက်ရှိနေပါပြီ။ သို့လောသို့လော တွေဝေနေရမည့်အချိန် မဟုတ်တော့ လေလှိုင်းက နေပြီး တိုင်းပြည်ကို ကယ်တင်ရှင်ကြီး သဖွယ် လုပ်နေခြင်း -နောက် ၁ ခုက ဒေါ်စုက မှာလိုက်တယ် ပြောလိုက်တယ် ဆိုပြီး မိမိ တစ်ဦးတည်း ဆန္ဒကို ထည့်သွင်းပြီး နိုင်ငံရေး လုပ်နေသောရှေ့နေကြီး ဦးဥာဏ်ဝင်း လုပ်ရပ် ရပ်တန်းက ရပ်သင့်ပြီလို့ ပြောချင်ပါတယ်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း NLD က ကြေညာလိုက်တော့ ပြည်သူ လူထုက ၀မ်းသာ သွားကြတယ်။ ဒါပေမယ့် နှုတ်ကသာ ပြောပြီး လက်တွေ့ကျကျ အလုပ် အပြောနှင့် ညီအောင် မလုပ်ခဲ့ဘူး ကြေညာချက်တွေ ထုတ်နေတာလည်း ဂိုဒေါင်နှင့် ထည့်ထားရတာ အများကြီး ဖြစ်နေပြီ လက်တွေ့ကျကျ အကောင်အထည် မဖော်နိုင်လို့ - ရွေးကောက်ပွဲ ဇွတ်အတင်း လုပ်လာရင် ဘာလုပ်သင့်လဲ ဆိုတာကို ထည့်သွင်း မစဉ်းစားတော့ဘူးလား အသက်တွေလည်း ကြီးလို့ သေရမှာ မကြောက်ရတော့မည့် အရွယ်တွေ ရောက်နေကြပါပြီ ပြတ်သားသော ဆုံးဖြတ်ချက်ကို ချပေးစေလိုပါတယ်။
တိုင်းပြည်အပြောင်းအလဲဖြစ်အောင် လုပ်မည့်သူ၏ ဦးဆောင်မည့်နောက်ကို အသက်နှင့် ထောင်ကိုရင်းပြီး စွန့်ကြမည့် သူတွေ အများကြီး ရှိနေတယ် ဆိုတာ သတိပေးလိုက်ရပါတယ်။
ဦးအေးမြင့် (လမ်းပြကြယ်)
ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်လေးစားလျှက်
Monday, September 13, 2010
ရွေးကောက်ပွဲအပြီး ဝန်ကြီးဌာနများ နေ့စဉ်သတင်းစာထုတ်မည်
Monday, September 13, 2010
လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ၀န်ကြီးဌာနပိုင် နေ့စဉ်သတင်းစာများကို ပထမဆုံး ထုတ်ဝေရန် စီစဉ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရွေးကောက်ပွဲအပြီး ၃ လခန့်အကြာတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများက နေ့စဉ်သတင်းစာ ထုတ်ဝေသွားမည်ဟု အဆိုပါ ဝန်ကြီးဌာန သတင်းရပ်ကွက်များက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာန မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းက မြ၀တီသတင်းစာ အပါအ၀င် နေ့စဉ်ထုတ် သတင်းစာ ၃ စောင်ခန့်ထုတ်ဝေရန် ရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ ကတည်းက သတင်းထောက် များခေါ်ယူစုဆောင်းပြီးဖြစ်သည်ဟု သတင်းဂျာနယ် အသိုင်းအ၀န်းမှ သိရသည်။
“ထင်ထင်ပေါ်ပေါ်ကြီး ကြေညာပြီးခေါ်တာမျိုးတော့မဟုတ်ဘူး။ တဆင့်စကားနဲ့သိကြတာ။ လက်ရှိဂျာနယ်တွေက သတင်းထောက် တော်တော်များများ သွားလျှောက်ကြပေမယ့် နေပြည်တော်မှာ လုပ်ရမယ်ဆိုတာနဲ့ မလုပ်ဖြစ်ကြဘူး” ဟု မြ၀တီသတင်းစာတိုက် အတွက် သတင်းထောက်သွားရောက် လျှောက်ထားခဲ့ဖူးသူ ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။
မြဝတီသတင်းစာတိုက်အတွက် အလုပ်လျှောက်ရာတွင် ရန်ကင်းမြို့နယ် ကျောက်ကုန်း လိပ်စာဖြင့် လျှောက်ရကြောင်း သိရသည်။
“သူတို့က စစ်တပ်က ထုတ်မှာလို့ပြောတယ်။ သတင်းထောက်တွေကိုလည်း တပ်ကြပ်၊ အရာခံဗိုလ် ရာထူးတွေ ပေးပြီး ခန့်မယ်လို့ပြောတယ်။ အရင်ဆုံး မြ၀တီသတင်းစာ နာမည်နဲ့ စထုတ်ပြီးတော့ နောက်ထပ်လည်း သတင်းစာ ၂ စောင်လောက် ထပ်ထုတ်မယ်လို့ပြောတယ်” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနကလည်း Home အမည်ဖြင့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင် ထုတ်ဝေမည် ဖြစ်ပြီး အဆိုပါ သတင်းစာတွင် မှုခင်းသတင်းများကို ဦးစားပေးထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ရဲမှူးကြီးတဦးက ပြောသည်။
“၀န်ကြီးလက်မှတ်နဲ့ ကြေညာချက်ထွက်လာတာပါ။ ဘယ်တော့ထွက်မယ်ဆိုတာ သေသေချာချာမသိ သေးပါဘူး။ တို့ဌာနက ထုတ်မယ်ဆိုရင်တော့ မှုခင်းသတင်းတွေပဲ ပါမှာပေါ့” ဟု အဆိုပါ ရဲမှူးကြီးက ဆိုသည်။
ယခုလက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနက ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာ၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော New Light of Myanmar သတင်းစာ စသည့် သတင်းစာ ၃ စောင်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မြို့တော်သတင်းစာ၊ မန္တလေးမြို့ အခြေစိုက် ရတနာပုံ သတင်းစာတို့ထုတ်ဝေလျက် ရှိသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း (လယ်ဆည်) ၀န်ကြီးဌာနမှ Farmers Daily အမည်ဖြင့် နေ့စဉ်ထုတ်သတင်းစာ တစောင် ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အဆင့်မြင့် အရာရှိတဦးက အတည်ပြုပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအမတ်တဦးဖြစ်သူ လယ်ဆည်ဝန်ကြီး ဦးဌေးဦးက ထုတ်ဝေရန် စီစဉ်ခြင်းဖြစ်ပြီး လယ်သမား အရေးကိစ္စများကို ဦးစားပေးထည့်သွင်းသွားမည်ဖြစ်ကြောင်း အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။
“၀န်ကြီး အမိန့်နဲ့ ထုတ်ဖို့စီစဉ်တာပါ။ ရွေးကောက်ပွဲပြီး နောက်သုံးလလောက်တော့ ကြာဦးမယ် ထင်တယ်။ အခု လယ်ဆည်က ထုတ်နေတဲ့ လယ်ယာစီးပွား ဂျာနယ်အယ်ဒီတာ အဖွဲ့ကို အခြေခံထုတ်မှာပါ။ ရုံးခန်းကိုတော့ နေပြည်တော်ကို ပြောင်းပြီး ထုတ်ဖြစ်ဖို့များတယ်”ဟု အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။
စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီးဌာနတို့က ထုတ်ဝေလျက်ရှိသည့် ကနောင် စက်မှုလက်မှုဂျာနယ်ကိုလည်း အသွင်ပြောင်းလဲကာ နေ့စဉ်ထုတ် စက်မှုလက်မှု သတင်းစာအသွင်ဖြင့် ထုတ်ဝေမည်ဟု ကနောင် ဂျာနယ် အယ်ဒီတာအဖွဲ့နှင့် နီးစပ်သူတဦးက ဆိုသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသည့် တော်ဝင်ပန်းဂျာနယ်က နေ့စဉ်ထုတ်အဖြစ် ပြောင်းလဲထုတ်ဝေရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေးဟုဆိုသည်။
စာပေစိစစ်ရေးကလည်း ရွေးကောက်ပွဲလွန်ကာလတွင် မီဒီယာများကို ထိန်းချုပ်နိုင်ရန် တရုတ်နိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ သတင်းစာထုတ်ဝေသည့် ပုံစံများနှင့် မီဒီယာ ထိန်းချုပ်သည့် ပုံစံများကို ၀န်ကြီးဌာနသို့ တင်ပြထားရသည်ဟု စာစစ်မှူးတဦးက ဆိုသည်။
“၀န်ကြီးက တင်ပြပါဆိုလို့ တော်တော်လေ့လာလိုက်ရတယ်။ အင်တာနက်က ဖတ်ရတယ်။ အဲဒီနိုင်ငံတွေက သတင်းစာ လုပ်ငန်းကို သွားလေ့လာဖူးတဲ့ အယ်ဒီတာတွေကိုခေါ်မေးရတယ်။ ပုံစံ ၄ မျိုး တင်လိုက်ရတယ်”ဟု အဆိုပါ စာစစ်မှူးက ပြောသည်။
အထက်ပါ နိုင်ငံများသည် နေ့စဉ်ထုတ် သတင်းစာ အများအပြား ထုတ်ဝေလျက်ရှိသော်လည်း အားလုံးနီးပါးကို အစိုးရနှင့် ၀န်ကြီးဌာနများကသာ ပိုင်ဆိုင်ကြသည်ဟု ပြည်ပ အတွေ့အကြုံရှိ အယ်ဒီတာ တဦးက ဆိုသည်။
“ဗီယက်နမ်လောက်အထိ ဖွင့်ပေးလာမယ် ဆိုရင်တော့ မဆိုးပါဘူး။ သူတို့က ကွန်မြူနစ် အစိုးရ အုပ်ချုပ်တဲ့ တပါတီစနစ်ဆိုပေမယ့် သတင်းစာတွေကို ဗဟိုအစိုးရကို ဝေဖန်တဲ့ကိစ္စကလွဲပြီး တော်တော်များများ ရေးသားခွင့်ပေးတယ်” ဟု ဗီယက်နမ်နိုင်ငံ သတင်းစာ လုပ်ငန်း သွားရောက်လေ့လာခဲ့ဖူးသူ အဆိုပါ အယ်ဒီတာက သုံးသပ်သည်။
လက်ရှိ ထုတ်ဝေလျက်ရှိသော ပုဂ္ဂလိက သတင်းဂျာနယ် အများစုမှာ ရွေးကောက်ပွဲလွန်ကာလတွင် နေ့စဉ်ထုတ် သတင်းစာ များအဖြစ် ပြောင်းလဲထုတ်ဝေခွင့်ရရန် မျှော်မှန်းလျက်ရှိသော်လည်း လက်တွေ့တွင် ၀န်ကြီးဌာနပိုင် နေ့စဉ်ထုတ် သတင်းစာများသာ အရင်ထွက်ရှိ လာဖွယ်ရှိကြောင်း ကြားသိရသည်။
အပတ်စဉ်ထုတ် သတင်းဂျာနယ်များထဲမှ Myanmar Times ဂျာနယ်၊ ပေါ်ပြူလာ သတင်းဂျာနယ်၊ Weekly Eleven ဂျာနယ်နှင့် Yangon Times ဂျာနယ်တို့မှာ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ကာယကံရှင် အသီးသီးက ငြင်းဆိုခဲ့ကြသည်။
Ref: ဧရာဝတီ်
နေ့စဉ်သတင်းများ ( ၁၃ - ၉ - ၁၀ )
■ ဗုံးသတင်းကြောင့် လုံခြုံရေးများ ချထား သတင်း
■ ပဲခူးလူသတ်မှုအပြီး လုံခြုံရေး တင်းကျပ် သတင်း
■ ရန်ကုန်နှင့် သထုံ မိုင်းဗုံး ပဲခူးလူသတ်မှုနှင့် မဆိုင် သတင်း
■ ထိုင်ဝမ်သူလျှိုများ မြန်မာပြည်တွင် လှုပ်ရှားနေသလား သတင်း
■ အိမ်နီးချင်းကောင်း ပီသဖို့ တရုတ်တွင် တာဝန်ရှိဟု အတိုက်အခံများ ပြော သတင်း
■ ဦးဝင်းတင် ကျန်းမာရေးချို့ယွင်း သတင်း
■ ပြည်သူများကို အတင်းအဓမ္မ ညကင်းစောင့်ခိုင်း သတင်း
■ မြို့နယ်အလိုက် မဲပေးမည့် လူဦးရေစာရင်း ကောက်ခံ သတင်း
■ ကော်မရှင်အဆင့်ဆင့် ဘက်လိုက်မှုရှိ သတင်း
■ ရွေးကောက်ပွဲအပြီး ဝန်ကြီးဌာနများ နေ့စဉ်သတင်းစာ ထုတ်မည် သတင်း
■ နိုင်ငံရေး မသူတော်နှစ်ဦးအား သပိတ်မှောက်ဆန့်ကျင်ကြ (ဆောင်းပါး)
■ စစ်အစိုးရ၏ ငရဲသို့သွားရာ ငြိမ်းချမ်းရေးလမ်း (ဆောင်းပါး)
■ စက်မှုဇုန် (၂) တွင် စက်ရုံမီးလောင်သဖြင့် သိန်း (၁,၀၀၀) နီးပါး ဆုံးရှုံး သတင်း
■ မဲဆောက်တွင် အထည်စက်ရုံ မီးလောင် သတင်း
■ တာချီလိတ်၌ ရေကြီး၍ ဈေးနှင့် ကျောင်းများ ပိတ်ထားရ သတင်း
■ မြန်မာတဦး စိတ်ကြွဆေးပြား (၇) သောင်းကျော်နှင့် ထိုင်းတွင် ဖမ်းမိ သတင်း
■ လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းများ ရပ်ဆိုင်း သတင်း
■ မြန်မာဆန်တန်ချိန် (၅၀,၀၀၀) ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ရေး မသေချာ သတင်း
Sunday, September 12, 2010
မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင်
2010-09-12
မဲဆောက်မြို့ ဘန့်စောင်ခွဲ ရပ်ကွက်က အိုမီဂါ အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားတာကြောင့် ယာယီအားဖြင့် အလုပ်သမားတွေ အလုပ်ရပ်နားထားပြီး မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ဘတ် ၂၅ သန်းဖိုးလောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ လူအသေအပျောက် မရှိပေမဲ့ စက်ရုံတွင်းမှာ လူ ၇၀၀ ကျော် ပိတ်မိနေတာကြောင့် ပြေးလွှားရင်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံကို ပို့ရသူတွေ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
မဲဆောက်မြို့ဟာ အထည်ချုပ်နဲ့ သိုးမွေးစက်ဆွဲလုပ်တဲ့ စက်ရုံတွေ အပါအ၀င် စက်ရုံပေါင်း ၄၀၀ ကျော်လောက်ရှိပြီး အခု မီးလောင်တဲ့ စက်ရုံကတော့ လူဦးရေ ၂,၀၀၀ ကျော် အလုပ်လုပ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ လျှပ်စစ်မီး ၀ါယာရှော့ကနေ မီးစလောင်တာဖြစ်ပြီး လူတွေ အိပ်ပျော်နေချိန် ဖြစ်တာကြောင့် စက်ရုံတွင်း နေထိုင်နေသူတွေအဖို့ အထိတ်တလန့်တွေ ဖြစ်ခဲ့ရပါတယ်။ မနက် ၄ နာရီက စလောင်တဲ့မီးဟာ ၁၀ နာရီလောက်မှာတော့ ငြိမ်းသွားပါတယ်။ မီးလောင်နေတဲ့ အပိုင်းအစတွေကို ရှင်းလင်းရေး လုပ်နေတဲ့ အလုပ်သမား တဦးကတော့ အဓိက မီးလောင်မှု ဖြစ်ခဲ့တဲ့ အစိတ်အပိုင်းတွေကို ပြောပြပါတယ်။
“ပိတ်ဖြတ်တဲ့ရုံ၊ စက်လိုင်းကတော့ ဘာမှမဖြစ်ဘူး။ စက်ချုပ်တဲ့နေရာ ဘာမှမဖြစ်ဘူး။ ပိတ်ဖြတ်တဲ့နေရာ၊ ပိတ်တွေချည်း ထားတဲ့နေရာဆိုတော့ ပိတ်ဖြတ်တဲ့စက်ရယ်၊ ပိတ်တွေရယ်ပဲ ပါသွားတယ်။ ကျနော်က ပိတ်တွေ သိုလှောင်တဲ့ဟာတခု နားမှာပဲ ရှိနေသေးတယ်။ အဲဒီကနေ ပြန်လုပ်မယ်။ နယ်စပ်မှာရှိတဲ့ အလုပ်ရုံတခုကနေ ပြန်ဖြန့်မယ်။ သူက အလုပ်ရုံ နှစ်ရုံ ရှိတာကိုး။”
မီးလောင်မှုဖြစ်ချိန်မှာ စက်ရုံတွင်းမှာ နေထိုင်နေတဲ့ အလုပ်သမားတွေ ရှိသလို စက်ရုံအနီးတ၀ိုက် အပြင်မှာနေတဲ့ အလုပ်သမားတွေလည်း ရှိနေပါတယ်။ စက်ရုံနဲ့ အနီးဆုံးမှာနေတဲ့ အမျိုးသမီးတဦး ပြောပြတာကတော့…
“ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့။ သူတို့ အနောက်ဘက်အပေါက် ကာထားတဲ့ သစ်တွေကို အကုန်လုံး ကန်ထုတ်ပြီးတော့ ကလေးတွေ ပြေးရတယ်။ အရှေ့တံခါး မဖွင့်တဲ့အခါကြတော့ အနောက်မှာ ကာထားတဲ့ ခြံစည်းရိုးပေါ့၊ ခြံစည်းရိုးသစ်တွေကို ကန်ပြီး ပြေးရတယ်။ အဓိကကတော့ သွပ်ပြားရှတယ်၊ သံစူးတယ်။ အုတ်တံတိုင်းတွေမှာ ပုလင်းကွဲတွေထောင်ပြီး ကာထားတယ်။ အဲဒါကို ကျော်ပြီး ပြေးတော့ ပုလင်းကွဲ ရှတာပေါ့။ သူဌေးက ၇ ရက်ပဲ နားမယ်လို့ ပြောထားတယ်။ သူတို့ကို ထမင်းပေးမယ်၊ တနေ့ ၄၀ ပေးမယ်၊ ၇ ရက်ပေါ့။ လောလောဆယ် အထည်အလိပ်ထားတဲ့ ဂိုဒေါင် လောင်သွားတာကိုး။”
စက်ရုံက ကုန်ပစ္စည်းတွေကတော့ နိုင်ငံခြားကို အဓိက တင်ပို့တာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာ ဖြန့်ဖြူးခြင်း မရှိဘူးလို့ ဆိုပါတယ်။ မနက်လင်းပိုင်းမှာတော့ မီးလောင်တုန်းက ဂက်စ်အိုး ပေါက်ကွဲခဲ့တာကြောင့် အလုပ်သမားတွေလည်း အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်ပြီးနောက် မီးသတ်ကား ၇ စီးနဲ့ ရဲကား ၅ စီး လာရောက်ပြီး မီးလောင်နေမှုတွေကို ငြှိမ်းသတ်ခဲ့ပါတယ်။ အလုပ်သမားတွေကတော့ ယာယီ အလုပ်နားထားရပြီး စက်ရုံအပြင်ဘက်မှာ စုဝေးနေထိုင်နေကြပြီး အလုပ်ရှင်ကတော့ သူတို့တွေ အလုပ်လက်မဲ့ မဖြစ်ရေးအတွက် အာမခံထားတယ်လို့ ပြောပြပါတယ်။
Ref: VOA News
နေ့စဉ်သတင်းများ ( ၁၂ - ၉ - ၁၀ )
■ ပဲခူးအရပ်သားကို ပစ်သတ်မှုမျိုး ထပ်မကျူးလွန်ရန် နအဖ စစ်ရုံးချုပ် ညွှန်ကြား သတင်း
■ ဖမ်းထားတဲ့ ဆရာတော်ကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ် သတင်း
■ ဖမ်းဆီးခံထားရသော ဦးပညာစာရနှင့် ပတ်သက်ပြီး ဆရာတော်ကြီး (၁၄) ပါးက မေတ္တာရပ်ခံစာ ပေးပို့ သတင်း
■ ဦးဝင်းတင် ဆေးရုံတက်ရ သတင်း
■ ဆရာကြီး ဦးဝင်းတင် ဆေးရုံတင်ရ သတင်း
■ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင် ဆေးရုံတင်ထား သတင်း
■ တရုတ်အစိုးရသဘောထား နအဖ ထုတ်ပြန် သတင်း
■ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေကို တရုတ် မထောက်ခံကြောင်း စစ်အစိုးရသတင်းစာ ရေးသား သတင်း
■ တသီးပုဂ္ဂလနဲ့ ပါတီ မဟာမိတ်ဖွဲ့ သတင်း
■ မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင် သတင်း
■ မဲဆောက်အထည်ချုပ်စက်ရုံ မီးလောင်၊ မြန်မာတထောင်ခန့် အလုပ်လက်မဲ့ဖြစ် သတင်း
■ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ သတင်း
■ လပ်စ်ဗေးဂတ်က မြန်မာများ ၀ိုင်းစုခိုင်သိန်းကို လက်မခံသကဲ့သို့ သြစတြေးလျ မြန်မာများကလည်း ခန့်စည် သူကို ကြိုဆိုမည်မဟုတ် သတင်း
■ စီအာရ်ပီပီ ဂျပန်ဌာခွဲက (၁၂) နှစ်မြောက် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ သတင်း
■ ပဲခူးလူသတ်မှုဟာ စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် လမ်းစဖြစ်လာမလား သတင်း
■ အန်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင် ဆေးရုံတင်ထား သတင်း
■ ဦးဝင်းတင် အာရှတော်ဝင်ဆေးခန်းတွင် ဆေးကုသမှုခံယူနေ သတင်း
■ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် အာရှတော်ဝင်ဆေးရုံ တင်ထားရ သတင်း
■ ရွေးကောက်ပွဲက အဖြေထွက်ပြီးသားဟု စီအာရ်ပီပီက ဆို သတင်း
■ မစ္စတာ ဆမ်ကလျာဏီ ဈာပနအခမ်းအနား သတင်း
■ ဦးသုဝေ၏ ဒီမိုကရက်တစ်ပါတီနှင့် တသီးပုဂ္ဂလအမတ်များ ပူးပေါင်း သတင်း
■ ကားလမ်းချဲ့ရန် အကြောင်းပြချက်နဲ့ ပျဉ်းမနားကြပ်ပြေးက အိမ်ခြေ (၅၀) ကို အဓမ္မ ရွှေ့ပြောင်းခိုင်း သတင်း
■ အယ်လ်အေက မြန်မာများက စစ်အစိုးရသရုပ်ဆောင်၏ စတိတ်ရှိုးကို ကန့်ကွက်ကြ၊ အမေရိကန်ဒေသခံများ ကလည်း စိတ်ဝင်တစား မေးမြန်းစုံစမ်း သတင်း
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88