Friday, March 23, 2012

ကျောက်ဖြူတွင် အိန္ဒိယ လုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ

3/22/2012

ကျောက်ဖြူတွင် အိန္ဒိယ အလုပ်သမားများအား ကျေးရွာသားများက တုတ်၊ဓါး၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ရဲအဖွဲ့က သေနတ်ပစ်ဖေါက်ကာ လူစုခွဲခဲ့ရကြောင်း သတင်း ရရှိသည်။

" ဖြစ်တာက မတ်လ ၂၀ ရက်နေ့ ညမှာ ကြက်တိန်ကျေးရွာ KP 14 လုပ်ငန်းခွင်မှာ ဖြစ်ပါတယ်။ ရွာသား ၆၀ ခန့်က အစောင့်တွေကို လေးဂွတွေနဲ့ စတင် တိုက်ခိုက်ရာကနေ ပြဿနာ ကြီးထွားလာတဲ့ အတွက် ရဲအဖွဲ့က မိုးပေါ်ကို သေနတ် သုံးချက်ပစ်ပြီး လူစု ခွဲခဲ့ ရပါတယ်" ဟု ဒေသခံ လူငယ် တစ်ဦးက ပြောသည်။

အတိုက်ခံရသော အိန္ဒိယ လုပ်သားများမှာ Punj Lloyd အိန္ဒိယ ကုမ္ပဏီမှ ဖြစ်ပြီး ကျေးရွာသားများက မကျေနပ်မူများ တိုးပွားနေရာမှ ၀ိုင်းဝန်း တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Read More...

မလေး ရခိုင် ဒုက္ခသည်များ UNHCR ၏ အသက်မွေးဝမ်းကြောင်း ပညာသင် ကျောင်းများတွင် ပညာသင်ကြားခွင့် ရရှိကြတော့မည်

3/22/2012
ခိုင်မောင်ဦး(မလေး)

မလေးရှားရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးမှ "UNHCR" ကဒ်ကိုင်ဆောင်သူ ရခိုင်ဒုက္ခသည်များကို အခမဲ့ အသက် မွေးဝမ်း ကျောင်း ပညာရပ်များကို သင်ကြားပို့ ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သင်ကြားပို့ချမည့် ပညာရပ်များ အထဲတွင် (၁) English ဘာသာရပ် (၂) သင်္ချာ (Mathematics) ( ၃) သိပ္ပံ (Science) နှင့် (၄) လူမူ သိပ္ပံ (Social Science) စသည့် ဘာသာရပ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

" ဒီဘာသာာရပ်တွေ အားလုံးကို အင်္ဂလိပ်လို ပြသွားမှာပါ။ ဆွေးနွေးတဲ့အခါ သဘောတူညီမူ ရခဲ့တာပါ" ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သူ ARRC မလေးရှား ဒုက္ခသည်များ ကယ်ဆယ်ရေး ရုံးမှ လက်ထောက် အတွင်းရေမူး ကိုမြင့်စိုးက နိရဉ္စရာသို့ ပြောသည်။

Read More...

မွန်အမျိုးသားကျောင်းများ လွှဲပြောင်း တာဝန်ယူရန် ခက်ခဲလျက်ရှိ

ကွန်းချမ်း
မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

မွန်ပြည်သစ်ပါတီ ဧရိယာပြင်ပရှိ မွန်အမျိုးသားကျောင်းများကို မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) သို့ လွှဲပြောင်းယူနိုင်ရန် ဆွေးနွေးနေ ရှိသော်လည်း တာဝန်ယူရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

မွန်ပြည်သစ်နှင့် ပြည်ထောင်စု အစိုးရတို့ ဖေဖော်ဝါရီလ အပစ်အခတ် ရပ်စဲပြီးနောက် လွှဲပြောင်းယူရန် မွန်ပြည်သစ်၏ ကမ်းလှမ်းချက်ကို မတ်လ ၁၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ပြုလုပ်သည့် မွန်စာ/ယဉ်၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေနွေးခဲ့ကြသည်ဟု ကော်မတီ ဒု-ဥက္ကဋ္ဌ ဒေါက်တာ မင်းစိုးလင်း က ပြောသည်။

“သူတို့ ထိန်းချုပ် ဧရိယာပြင်ပမှာ ရှိတဲ့ ကျောင်းတွေ ဆက်လက် ပညာသင်ကြားနိုင်ဖို့အတွက် ကျနော်တို့ မွန်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဗဟိုကို စီမံကွပ်ကဲနိုင်ဖို့ အပ်နှင်းတာ ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

Read More...

ဒဂုန်မြို့သစ် မြေသိမ်းခံရမှု ၈၈ နှင့် လွှတ်တော်အမတ် လက်တွဲ

မင်းသက်
မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်တိုင်း ဒဂုန်မြို့သစ် အရှေ့ပိုင်းမှ အသိမ်းခံရတော့မည့် မြေကွက်များ ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က နစ်နာသူတို့နှင့်အတူ လက်တွဲ
ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မတ်လ ၇ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်းအတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,ဝဝဝ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ အသိမ်းခံရမည် ဖြစ်သည်။

အဆိုပါမြေကွက်များမှာ ဝန်ထမ်း မြေကွက်များ ဖြစ်၍ နစ်နာသူ ဒေသခံ ဝန်ထမ်းများက အကူအညီတောင်းသဖြင့် ၈၈ ကျောင်းသား များနှင့် လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က မဇ္ဈိမကို ပြော သည်။

Read More...

ကော့မှူးမှ တနိုင်ငံလုံး အလုပ်လက်မဲ့ ပပျောက်ရေး ဒေါ်စု အလေးပေး

ဖနိဒါ
မတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ အလုပ်လက်မဲ့ အခြေအနေ ပပျောက်စေရန် အလေးထား လုပ်ဆောင်ပေးမည်ဟု ပြောကြားလိုက်သည်။

ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွက် ဝိဇ္ဖောဒယကျောင်းရှေ့မှ ကွင်းပြင်တွင် ပြည်သူလူထု လေးသောင်းခန့်ကို ၂၅ မိနစ်ခန့်ကြာ ပထမဆုံး မဲဆွယ် စည်းရုံးရေးဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း NLD ၏ ကော့မှူး မြို့နယ် အောင်နိုင်ရေး တာဝန်ခံ ဦးမြင့်သိန်းက ပြောသည်။

“ကော့မှူးမြိုနယ်မှာ အလုပ်လက်မဲ့ များပြီးတော့ စီးပွားရေး အခြေအနေ တော်တော်ဆိုးနေတာ တွေ့ရတယ်။ ကော့မှူး မြို့နယ်က မဲ ဆန္ဒရှင် အားလုံးအတွက်ကို ကျမမြို့နယ်ဖြစ်တဲ့အတွက်ကို မြန်မာပြည်မှာ ကျမမြို့နယ်ကနေစပြီး အဲဒါတွေကို ပြုပြင်ပေးချင်တယ်။ ကျမ တာဝန်ကျေအောင် ထမ်းဆောင်ပါ့မယ်။ ဒါကြောင့် ကော့မှူးမြို့က လူထု မဲပေးမှသာလျှင် မြန်မာတပြည်လုံးအတွက် အဲဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ပြောစကားအတိုင်း ဦးမြင့်သိန်းက မဇ္စျိမကို ပြန်ပြောပြသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည်ကော့မှူးတွင် ပထမဆုံး မဲဆွယ်စည်းရုံး

22 March 2012
နန်းသူးလေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မဲဆန္ဒနယ် ကော့မှူးမြို့နယ်တွင် ပထမဆုံးအကြိမ် မဲ ဆွယ်စည်းရုံးမှုကို ယနေ့ ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့သို့ လေးကြိမ်လာရောက်ခဲ့ပြီးဖြစ်သော်လည်း ယခုတစ်ကြိမ်မှသာ ၎င်းမဲဆန္ဒနယ်အတွက် လာ ရောက်စည်းရုံးခြင်းဖြစ်သည်ဟု ကော့မှူးမြို့နယ် (NLD) မဲအောင်နိုင်ရေး တာဝန်ခံ ဦးမြင့်သိန်းက ပြောသည်။

Read More...

တမျိုးသားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် KNU သတိပြုသင့်ကြောင်း KPC ပြောဆို

22 March 2012
စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ကရင်တမျိုးသားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် သတိပြု သင့်ကြောင်း ကရင်ငြိမ်းချမ်းရေးကော်မတီ- KPC ခေါင်းဆောင်များက မတ်လ ၂၀ရက်နေ့က ဆွေးနွေးပြောဆိုခဲ့ကြသည်။

ထိုနေ့ညနေတွင် ကရင်ပြည်နယ် ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် KPC ဆရာတော်များ၏ အထူး အစည်းအဝေးတွင် KNU ဖော်ဆောင်သော ငြိမ်းချမ်းရေးကို အပြုသဘော ကြိုဆိုသော်လည်း KNU အနေဖြင့် သမိုင်းစာမျက်နှာ၌ တစ်မျိုး သားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် သတိပြုသင့်သည်ဟု ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် တောင်ပတ်ဆရာတော်၊ တောင်ကလေးဆရာတော်၊ ဘီးရှော့ဖိုးရေ၊ ဘီးရှော့ ဒီဝှိုက်ကျင်း၊ သိက္ခာတော်ရ ဆရာ တော် ဒေါက်တာဂျိမ်း(စ်) ကေဘန်တို့ စသည့် KPC ၏ ဦးဆောင်ဆရာတော် ၅ပါး ပါဝင်ခဲ့ကြသည်။

Read More...

အစိုးရတပ်က အဆိပ်ငွေ့သုံး၍တိုက်ခိုက်ဟု ကေအိုင်အေစွပ်စွဲ

March 22, 2012
နန်းမြနဒီ

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းနေပေ မယ့် ကေအိုင်အေနဲ့  အစိုးရ အကြား တိုက်ပွဲတွေ ဆက်ဖြစ် နေပြီး အခု သီတင်းပတ် အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာ အစိုးရတပ်ဘက်က အဆိပ်ဓာတ်ငွေ့တွေပါ သုံးစွဲလာတယ်လို့ ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယန် ကျေးရွာအနီးက တိုက်ပွဲမှာ အစိုးရဘက်က ဒီအဆိပ်သင့် ကျည်ငွေ့တွေကို သုံးခဲ့တာလို့ သူက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော်သွား လမ်းပေါ်မှာ ရှိတဲ့ အဲဒီ တောင်ကုန်းတွေပေါ်က ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ခြေကုပ်စခန်းတွေ ကို ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ အစိုးရတပ်က လွန်ခဲ့တဲ့ ၃ – ၄ ရက်က စပြီး သိမ်းဖို့ကြိုးစားတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်နေတယ် လို့ သူက ဆိုပါတယ်၊။

Read More...

ဓမ္မာစရိယတန်း အောင်မှ နယ်လှည့်​တရား​​ဟောရမည်

March 22, 2012
အေး​နိုင်

ဓမ္မာစရိယတန်း ​ မ​အောင်မြင်​သေး​တဲ့​ သူတွေကို နယ်လှည့်​တရား​​ဟော​ပြောခွင့်​ ပိတ်ပင်ထားတဲ့​ နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက် အမည်ရှိ ကြေညာချက်ကို နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဂုဏ်အင်္ဂါ ၉ ချက်ထဲမှာ အဓိအားဖြင့် ဓမ္မာစရိယတန်း​ ​အောင်ရမယ် ဆိုတာနဲ့ နိုင်ငံ​ရေး​၊​ စီး​ပွားရေး​၊​ လူမှု​ရေး​တွေကို မ​ဟောရဘူး​ ဆိုတာတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက် ရရှိထား​တဲ့​ ရန်ကုန်တိုင်း​ ပုဇွန်​တောင်မြို့နယ် ​ရွှေ​တောင်​ကျောင်း​တိုက်က ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ပဏ်ဏဝံသက မိန့်ဆိုပါတယ်။

ကျန်တဲ့ ဂုဏ်အင်္ဂါတွေထဲမှာ အနည်းဆုံးသိက္ခာ ၁၀ ဝါရှိဖို့၊ ဆဋ္ဌသင်္ဂါယနာ မူအတိုင်း​ ပိဋကတ်​တော်​တွေ၊​ အဋ္ဌကထာတော်တွေနဲ့ ဆန့်ကျင်ဘက် မပြုဖို့ နဲ့  ပုဂ္ဂိုလ်ရေးထိပါးပုတ်ခတ်ခြင်း မပြုဖို့  ဆိုတာတွေ ပါဝင်တယ်လို့  ဆိုပါတယ်။

Read More...

မြန်မာအပေါ် သတိရှိရှိနဲ့ စနစ်တကျကူညီဖို့လို

2012-03-22

မြန်မာနိုင်ငံက အခြေအနေတွေဟာ ရှေ့လျောက် တိုးတက်လာမယ်ဆိုရင်၊ အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူထားတာတွေကို လျော့ချသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ်မစ်ချယ်လ်က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အကူအညီတွေ ဘယ်လိုထိရောက်အောင် ပေးမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊ သြစတြေးလျသံရုံးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မစ္စတာမစ်ချယ်လ်က-

Read More...

မြန်မာအစိုးရ ရိုးသားသင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပြောဆို

2012-03-22

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပွင့်လင်းမှုဟာ ခြွင်းချက်မရှိတဲ့ ပွင့်လင်းမှုမျိုး ဖြစ်သင့်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ANFREL ခေါ် ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့၊အကြီးအကဲ Somsri Hananuntasuk က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Somsri နဲ့ အဖွဲ့ဝင်နှစ်ဦးတို့ဟာ မြန်မာနိုင်ငံကို သွား ရောက် ခဲ့ကြရာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက Somsri ကို မြန်မာအာဏာပိုင်တွေက တိုင်းပြည်က နှင်ထုတ်ခဲ့ပြီး၊ သူ့လက်ထောက်နှစ်ဦးကို ဗုဒ္ဒဟူးနေ့မှာ နှင်ထုတ်ခဲ့ပါတယ်။

Read More...

ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောပွဲကျင်းပ

2012-03-22

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဒေသခံကျောင်း သားနဲ့လူငယ်တွေ ဒီကနေ့ ဖွဲ့စည်းတဲ့ သွေးကူညီရေးအဖွဲ့ ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပြီး၊ ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆိုင်ရာ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပွင်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြောတာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက RFA ကို အခုလိုပြောပါတယ်။

Read More...

ပြည်ပ ရင်းနှီးမြှုပ်နှံမှု မြန်မာ့ သဘာဝသယံဇာတနဲ့ မြေယာကို မနစ်နာစေသင့်

2012-03-22

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာပေမယ့် ဘဏ္ဍာရေးပိုင်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ဆိတ်သုဉ်းနေတဲ့ အတွက် တိုင်းပြည်ရဲ့ သဘာဝကျိန်စာပိုပြီး ဆိုးဝါးသွားတယ်လို့ Arakan Oil Watch ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက် ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ ထုတ်ပြန်တဲ့ " မြန်မာ့သယံဇာတ ကျိန်စာ" ခေါင်းစဉ်နဲ့ "ရေနံနှင့်သဘာဝဓါတ်ငွေ့ ဘဏ္ဍာငွေ ပွင့်လင်း မြင် သာမှု ပြဿနာများ" ဆိုတဲ့ စာမျက်နှာ ၆၀ ပါအစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားပါတယ်။

Read More...

မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2012-03-22

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့ကို ဒုတိယအကြိမ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိသွားပြီး၊ ကော့မှုးမြို့က မဟာဝိဇောဓရ ကျောင်းတိုက်မှာ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၁၃ တိုက်က ဆရာတော် ၁၃ ပါးကို ဖူးမြော်ပြီးနောက် လူထုကို မိန့်ခွန်းပြောကြားပါတယ်။

ဒီကနေ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေအနေနဲ့ အကြောက်တရားကင်းကင်းနဲ့ မှန်ကန်စွာ ရွေးချယ် မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Read More...

ရွေးကောက်ပွဲ တရားမျှတရုံနဲ့ မြန်မာ့ပြုပြင်ရေး မပြီးဆုံးသေး

22 မတ် 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ရာက ပြန်လာ အပြီး မှာပဲ မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲတွေအတွင်း လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးပေမယ့် ဒါတစ်ခုတည်းနဲ့ ပြုပြင်ပြောင်း လဲရေး ပြီးပြည့်စုံပြီလို့ မဆိုနိုင်ကြောင်း ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ထုတ်ပြောလိုက်ပါတယ်။

ကြာသာပတေးနေ့မနက်က အမေရိကန်နိုင်ငံခြားရေးရုံးမှာ သီးသန့်တွေ့ဆုံမေးမြန်းတဲ့အခါ သံအမတ်ကြီးမစ်ချဲလ်က ရွေးကောက်ပွဲလုပ် တဲ့နည်း တစ်ခုတည်းမှာ လွတ်လပ်ပြီးတရားမျှတရုံနဲ့ မပြီးဘဲ ရွေးကောက်ပွဲတွေမတိုင်ခင် မဲဆွယ်စဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီးကာလ လွှတ်တော် ကျင်းပချိန်တွေမှာပါ နိုင့်ထက်စီးနင်း ပြုလုပ်မှုတွေ၊ မကောင်းကြံစည်မှုတွေ ကင်းရှင်းဖို့ အရေးကြီးတယ်လို့ ဆိုလိုက်ပါတယ်။

Read More...

မြောက်ကိုရီးယား ဒုံးပျံအစီအစဉ် ကုလအတွင်းရေးမှူးချုပ် သတိပေး

22 မတ် 2012

အာကာသထဲကို ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ မြောက်ကိုရီးယားက စီစဉ်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ဒီကိစ္စကိုလည်း ရှေ့တစ်ပတ်ထဲ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြိ့က နျူကလီယား လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

နျူကလီယားလက်နက် တပ်ဆင်ပစ်လွှတ်နိုင်ဖို့ စမ်းသပ်ချက် တစ်ခုအဖြစ် အများက မြင်နေကြတဲ့ ဒုံးပျံပစ်လွှတ်မယ့် အစီအစဉ်ဟာ ဒေသ တွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အတွင်းရေးမှူးချုပ်က ကြာသပတေးနေ့မှာ ပြောလိုက်တာပါ။ ဒီအစီအစဉ်ဟာ တာဝေး ပစ်ဒုံးပျံ နည်းပညာတွေ အသုံးမပြုဖို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ပြော သွားပါတယ်။

Read More...

ရေအရင်းအမြစ် ပြဿနာ တည်ငြိမ်မှု ထိခိုက်မှာ အမေရိကန်စိုးရိမ်

2 မတ် 2012

လူ့အသိုင်းအဝိုင်းအတွက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုတွေအတွက် ရေရရှိရေးဟာ မရှိမဖြစ် အရေးကြီးတဲ့ အကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ နောင်လာမယ့် ဆယ်စုနှစ်အတွင်း ရေကြောင့် ပေါ်ပေါက် လာမယ့် စိန်ခေါ်မှုတွေက မတည်ငြိမ်မှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာ တစ် စောင်က ဖော်ပြလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ရေအရင်းအမြစ် ရရှိရေး အခရာကျတဲ့အကြောင်း ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် “ကမ္ဘာ့ရေနေ့” အဖြစ် ဝါရှင်တန်မြို့တော်မှာ ပြောလိုက်တာပါ။ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးဟာဆိုရင်လည်း ကျန်းမာရေးကိစ္စအပေါ် သက် ရောက်မှုတွေ အကြီးအကျယ်ရှိတယ်လို့ ပြောပါတယ်။ ကမ္ဘာတဝှမ်း ရေရရှိရေးဟာ စိုးရိမ်စရာ ကိစ္စတခု ဖြစ်နေရသလို ဒီအထဲက အမေ ရိကန်မှာဆိုရင်လည်း တိုင်းပြည် အနောက်တောင်ဘက်က ကန္တာရဒေသမှာ လိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်ရတဲ့ အခက် အခဲ တွေ၊ အရှေ့ပိုင်းမှာ ဆိုရင်လည်း ရေလွှမ်းမိုးတဲ့ ပြဿနာတွေကို ဖြေရှင်းနေရတာတွေလို အခြေအနေတွေကိုလည်း အလေးထား ပြော သွားခဲ့တာပါ။

Read More...

ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဘန်ကီးမွန်း မြန်မာပြည်သွားရန်ရှိ

22 မတ် 2012
နန္ဒာချမ်း

မြန်မာအစိုးရကနေ ဧပြီလ (၁) ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ လာရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း က ကြိုဆိုလိုက်ပြီး သူ့အနေနဲ့လည်း ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ အာရှခရီးစဉ် သွားရောက်နေတဲ့ မစ္စတာ ဘန်ကီးမွန်းက မလေးရှား နိုင်ငံ ကွာလာလမ်ပူမှာ မလေးရှား ၀န်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲအတွင်း သတင်းထောက် တွေကို အဲဒီလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ရာ ရက်ပိုင်းသာလိုတော့ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့အတွက် ကုလသမဂ္ဂ အပါအ၀င် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၊ အမေရိကန်ပြည်ထောင်စု နဲ့ EU ဥရောပသမဂ္ဂ က နိုင်ငံတကာ အကဲခတ်တွေ လာ ရောက်ဖို့ကို မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့ တဲ့အပေါ် နိုင်ငံတကာ က ကြိုဆိုခဲ့ ကြသလို အခုနောက်ဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် ကလည်း ကြိုဆိုလိုက်တာဖြစ်ပါတယ်။ အာရှ ၄ နိုင်ငံခရီး လှည့်လည်နေတဲ့ မစ္စတာ ဘန်ကီမွန်း က မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့မှာ မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက် တွေကို အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

Read More...

ပြည်သူ့ဆုံးဖြတ်ချက်ကို NLD လက်ခံမည်

22 မတ် 2012
ကျော်ကျော်သိန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ ကော့မှူးမြို့နယ်ဆီ သွားရောက်ပြီး မဲဆန္ဒရှင် လူထုနဲ့ တွေ့ဆုံပြီးတော့ စကားပြောခဲ့ပါတယ်။ ပြည်သူ့ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တဲ့အကြောင်း၊ တိုင်းပြည်ပြဿနာတွေကို ဖြေ ရှင်းဖို့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့အကြောင်း၊ ကော့မှူးမဲဆန္ဒနယ်ကို ဘာ့ကြောင့် ရွေးချယ်ရ သလဲဆိုတဲ့ အကြောင်းတွေအပြင် လူထုအနေနဲ့ ဧပြီလ ၁ ရက်နေ့မှာ မဖြစ်မနေ သွားပြီး မဲပေးကြဖို့ အလေးအနက် တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို ဘန်ကောက် ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကနေ ကော့မှူးမြို့ဆီထွက်ခွာပြီး ကော့မှူးကို သွားတဲ့ လမ်းတလျှောက် လူထုပရိသတ်ထောင်ပေါင်းများစွာက ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုခဲ့ကြ ပါတယ်။ ညနေပိုင်းမှာ ကော့မှူးနဲ့ အနီးအနားဒေသ တွေက စုဝေး ရောက် ရှိလာတဲ့ လူထုကို စကားပြောခဲ့ ပါတယ်။

Read More...

မဲဆွယ်စည်းရုံးရေး မသမာမှုတွေ NLD သတင်းထုတ်ပြန်

22 မတ် 2012
သင်းသီရိ

ကြားဖြတ် ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ဥပဒေနဲ့ မကိုက်ညီတဲ့ မဲဆွယ်စည်းရုံးမှုတွေ ပိုများလာနေပြီး မသမာတဲ့ လုပ်ရပ်တွေ လည်း ပိုဖြစ်လာနေတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ ဒီလို ဥပဒေနဲ့ ဆန့်ကျင်တဲ့ မဲဆွယ်မှုတွေနဲ့ လုပ်ရပ် တွေကို အများပြည်သူ သိရှိအောင်နေ့စဉ် သတင်းတွေ ထုတ်ပြန် အသိပေး သွားမယ်လို့လည်း NLD က ပြောပါတယ်၊ ဘယ်လိုအခြေ အနေတွေကြောင့် အခုလို NLD ဖက်က အသိပေးချက်တွေ ထုတ်ပြန်နေတာနဲ့ ပတ်သက်ပြီး မသင်းသီရိက တင်ပြပေးထားပါတယ်။

အခုဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ (၉) ရက်သာလိုတော့တဲ့ အချိန်မှာ မဲဆွယ် စည်းရုံးရေး လုပ်ရ တာတွေ ဟာ ပိုပြီး ခက် ခဲတဲ့ အခြေအနေတွေ တွေ့လာရပြီး လက်ရှိ အာဏာရ ကြံ့ခိုင် ဖွံဖြိုးရေး ပါတီဖက်က လည်း ဥပဒေနဲ့ မကိုက်ညီ တဲ့ မဲဆွယ် မှု တွေ ကိုလည်း ပိုတွေ့လာရတယ်လို့ NLD ပါတီက ပြောပါ တယ်။ ဒီလိုရွေးကောက်ပွဲ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို NLD ပါတီက နေ့စဉ် သတင်း ထုတ်ပြန်ကာ အများ ပြည်သူကို အသိပေးသွားမယ်လို့ NLD ပါတီက ပြောပါတယ်၊

Read More...

တူးလုစ် (Toulouse) သေနတ်သမား သေဆုံး

22 မတ် 2012

ပြင်သစ်နိုင်ငံ တူးလုစ် (Toulouse) မြို့မှာ လူ ၇ ယောက်ကို သတ်ပစ်ခဲ့တဲ့သူလို့ သံသယ ရှိရတဲ့ သေနတ်သမား နေအိမ်ကို ဝင်ရောက် စီးနင်းပြီးတဲ့ နောက်မှာ အဲဒီ သေနတ်သမား ဟာ သေဆုံးသွားပြီလို့ ပြင်သစ်အာဏာပိုင် တွေက ပြောလိုက်ပါတယ်။ ၃၂ နာရီကြာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာ ကနေ ပြင်သစ် ရဲတပ်ဖွဲ့ က သူနေတဲ့ နေရာကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီနောက် အပြန် အလှန် ပစ်ခတ် ကြပြီးတဲ့ နောက် ၂၄ နှစ် အရွယ် မိုဟာမက်မေရာ ဟာ ပြတင်းပေါက် က နေ ခုန်ချသွားတယ် လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ပြောပါတယ်။ အဲဒီ လို ဝင်ရောက် စီးနင်းတဲ့ အတွက် ရဲ နှစ်ယောက် ဒဏ်ရာ ရသွားခဲ့ တယ်လို့ ပြောပါတယ်။

မနက် ကိုးနာရီခွဲမှာ ရဲ အထူးတပ်ဖွဲ့က အိမ်ထဲ ကို ဝင်ရောက် စီးနင်းခဲ့ပြီးတော့ မေရာ ဟာ ရေချိုးခန်းထဲက ထွက်လာပြီးတော့ အပြင်း အထန် ပြန်လှန် ပစ်ခတ်ခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့က သူတို့ ဟာ သူတို့ ကာကွယ်တဲ့ အနေနဲ့ ပြန်ပစ်ခတ် ခဲ့တာလို့ ပြောပါတယ်။ မေရာ ဟာ ပြတင်းပေါက် က ခုန်ချတဲ့ အချိန်မှာလည်း သေနတ်နဲ့ ဆက်ပြီး ဖြစ်ခတ်နေ ကြောင်း ဒါပေမဲ့ အောက် ကို ရောက်တဲ့ အချိန်မှာတော့ မေရာ ဟာ သေဆုံးနေပြီလို့ ပြောပါတယ်။

Read More...

Thursday, March 22, 2012

မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု

2012-03-21

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ တိုးများ ဖြစ်ပေါ်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် အပြင် အစိုးရအနေနဲ့ပါ တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းတွေ ပြုလုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါ တယ်။

RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်း အစီအစဉ်အတွက် ပြောဆိုရာမှာ လက်ရှိ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပေါ်နေ တဲ့ အခြေအနေများကို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေဟာ နေပြည်တော် နယ်နမိတ်အတွင်းမှာ ဖြစ်တာမို့ အကျဉ်း တန်တဲ့ ဖြစ်ရပ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Read More...

ကျေးရွာ ဖွံ့ဖြိုးရေးအကြောင်းပြ ကြံခိုင်ဖွံ့ဖြိုးရေးအတွက် စည်းရုံးရေးဆင်း

2012-03-21

မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနဲ့ အဖွဲ့ဟာ ကျေးရွာဖွံ့ဖြိုးရေးဆိုတဲ့ အကြောင်းပြ ချက်နဲ့ ရွာသူ ရွာသားတွေကို စုရုံးစေပြီး၊ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဟောပြောပွဲအတွက် ဝေဠုဝန် ဘုန်းကြီးကျောင်းမှာ ဟောပြောဖို့ အစီအစဉ်ကို ဆရာတော်က ခွင့်မပြုတဲ့အတွက် မင်းရပ်၊ တလိုင်း မော် မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Read More...

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည်

2012-03-21

လာမယ့်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကို နိုင်ငံတကာစံချိန်နဲ့ ကိုက်ညီအောင် စီစဉ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ဖိတ်ခေါ်ချက်အရ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို အမေရိကန်အစိုးရက စေလွှတ်မှာဖြစ် တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။

Read More...

မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကျင်းပ

2012-03-21

မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂရဲ့ ပထမဆုံး ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့၊ ယုဒသန်ရိပ်သာမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားမှာ နှစ်ပေါင်း ၂၀ ကျော် ပိတ်ပင်ခံထားရတဲ့ သင်္ကြန် သံချပ်တွေကို ရွတ်ဆိုကြပြီး၊ တစ်ခန်းရပ် ပြဇာတ်တွေနဲ့ စည်စည်ကား ကား ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားမှာ ဆရာကြီး ဒဂုန် တာရာ ပေးပို့တဲ့ သ၀ဏ်လွှာဖတ်ကြားပြီး၊ ကဗျာဆရာ မင်းသုဝဏ်နဲ့ ဆရာကြီး တင်မိုးတို့ရဲ့ ကဗျာ တွေကို ရွတ်ဆိုကြသလို၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကလည်း ကဗျာတစ်ပုဒ် ရွတ်ဆိုခဲ့ပါတယ်။

Read More...

ပုသိမ်သူ (၁၁) ရေယာဉ် တိမ်းမှောက်

2012-03-21

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကအထွက် ကံဆိပ်ရွာအနီး မနေ့ မွန်းလွဲပိုင်းက ပုသိမ်သူ (၁၁) ရေယာဉ် တိမ်းမှောက်မှုကြောင့် အခုချိန်ထိ သေဆုံးသူပေါင်း ( ၆ ) ဦး ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဒီကနေ့ ဆက်လက်ရှာဖွေရာမှာ၊ အမျိုးသမီးအလောင်း (၄) လောင်းကို ထပ်မံ ဆယ်ယူ ရရှိခဲ့တယ်လို့ သိရပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ပြည်သူ သောင်းနဲ့ချီကြိုဆို

2012-03-21

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ညနေက ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ကို သွားရောက်ပြီး၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဒေသခံတွေကို စည်းရုံး ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

Read More...

မဲပေးနိုင်သူစာရင်း မှားယွင်းမှုရ

ှိ2012-03-21

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ မဲဆန္ဒနယ်မြေတွေမှာ မဲပေးနိုင်သူစာရင်း ပျောက်ဆုံးနေတာ၊ ကျန်နေ တာတွေ ရှိနေပြီး NLD ပါတီဝင်တချို့ကို ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

မန္တလေးတိုင်း၊ မဟာအောင်မြေ မဲဆန္ဒနယ် မဲဆန္ဒရှင်စာရင်းထဲမှာ မပါဝင်တဲ့ မဲပေးခွင့်ရှိသူ နှစ်ထောင်ကျော်လောက်ကျန် ရှိနေကြောင်း၊ သူတို့တွေ မဲပေးခွင့်ရရေးအတွက် မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခရိုင်ကော်မရှင်ကို တင်ပြဖို့ စီစဉ်ဆောင်ရွက်နေကြောင်း၊ မဟာအောင်မြေမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

Read More...

Monthly News Commentary - March 2012 (Eng)

PDC Monthly News Commentary - March 2012 (Eng)

သံလွင်တိုင်း(မ်)ကို မွန်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသင့်

21 March 2012
နန်းသူးလေ

မွန်ပြည်နယ်အတွင်း မကြာမီ ထုတ်ဝေခွင့်ရတော့မည့် သံလွင်တိုင်း(မ်) သတင်းဂျာနယ်ကို မွန်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသင့် ကြောင်း တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်သည့် ကေအိုင်စီ အယ်ဒီတာ နန်းဖော့ဂေက ပြောသည်။

၎င်းက “ကိုယ့်မွန်ဒေသက သတင်းတွေကို အဓိကထားပြီး ထုတ်မယ့် ဂျာနယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အခုလက်ရှိ ထုတ်နေတဲ့ဂျာနယ်တွေ နဲ့စာရင် ပုံစံမတူဘဲ တစ်မျိုးတော့ ကောင်းတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ့်တိုင်းရင်းသားစာပေကို ထိန်းသိမ်းတဲ့အနေနဲ့ မွန်ဘာသာ ကော၊ မြန်မာဘာသာကော ထုတ်နိုင်ရင် အကောင်းဆုံးလို့ မြင်ပါတယ်”ဟု ပြောသည်။

Read More...

အမေရိကန်နဲ့ အီးယူကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ မြန်မာ ဖိတ်ကြား

March 21, 2012
နေသွင်

လာမယ့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာက ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားလိုက်တာ အရေးကြီးတဲ့ အစပြုမှုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီဗွီဘီကို ပြောပါတယ်။

အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ လေ့လာရေး အဖွဲ့တွေ ကို ကြားဖြတ်ရွေးကောက် ပွဲ စောင့်ကြည်ဖို့ မြန်မာ အစိုးရက ဖိတ်ကြား လိုက်တဲ့ အပေါ်မှာ အမေရိကန် သံရုံးက အရာရှိ တဦးက ပြောလိုက်တာပါ။

ခုလိုဖိတ်ကြားလိုက်တဲ့ အပေါ်မှာ အားတက်ရတဲ့ အကြောင်းနဲ့ ဒါဟာ မြန်မာပြည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်း အဖြစ် ယူဆတဲ့အကြောင်း အမေရိကန် အရာရှိက ပြောပါတယ်။

Read More...

ဖမ်းဆီးထားသော မြန်မာနိုင်ငံ လုပ်သား ၁၅၄ ယောက်အား ခိုးကြောင်ခိုးဝှက် နှင်လွတ်



ယနေ့ ၂၁.၃.၂၀၁၂ ည ၉း၃၀ အချိန်တွင် ကျန်းဖုံး အထပ်သား စက်ရုံမှ ဖမ်းဆီးထားသော မြန်မာနိုင်ငံ လုပ်သား ၁၅၄ ယောက်အား ခိုးကြောင်ခိုးဝှက် နှင်လွတ် လိုက်သည်။

Read More...

အာရှ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ အရာရှိ ပြန်ပို့ခံရ

March 21, 2012
ကို​ထွေး

အာရှနိုင်ငံတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို​ ​စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တခုရဲ့ တာဝန်ရှိသူ တဦးကို မြန်မာ အာဏာပိုင် တွေက မနေ့က ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်လည် ပို့လိုက်ပါတယ်။

မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ လွတ်လပ်သော ရွေးကောက်ပွဲများ ဆိုင်ရာ အာရှကွန်ရက် (Asian Network for Free Elections-ANFREL) က ညှိနှိုင်း ဆောင်ရွက်ရေးမှူးကို မြန်မာ့ လူဝင်မှု ကြီးကြပ်ရေးက (လ၀က) က ပြန်လည် ပို့ဆောင်ခဲ့တာပါ။

Read More...

ဓမ္မစရိယ မ​အောင်ရင် နယ်လှည့်​တရား​မ​ဟောရ

March 21, 2012
အေး​နိုင်

ဓမ္မစရိယတန်း​ မ​အောင်မြင်​သေး​တဲ့​ ဘုန်း​ကြီး​၊​ လူ၊​ မယ်သီလရှင်​တွေကို နယ်လှည့်​တရား​ပွဲ​တွေမှာ ​ဟော​ပြောခွင့်​ ပိတ်​ကောင်း​ပိတ်ပင် နိုင်​စေမယ့်​ “နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်” ကို နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။

ဒါနဲ့ ​ ပတ်သက်လို့​ ဒီထုတ်ပြန်ချက်ကို လက်ဝယ်ရထား​တဲ့​ ရန်ကုန်တိုင်း​ ပုဇွန်​တောင်မြို့​နယ် ​ရွှေ​တောင်​ကျောင်း​တိုက်က ​ကျောင်း​ထိုင် ဆရာ​တော် ဦး​ပဏ်ဏဝံသ ​ခေါ် ဦး​ပြည်​ကျော်ကို ကို​အေး​နိုင်က ​မေး​မြန်း​ထား​ပါတယ်။

“တ​ပေါင်း​ လပြည့်​ကျော် ၃ ရက်က​နေပြီး​ လပြည့်​နေ့​ထိ ၄၇ ပါး​စုံညီ အစည်း​အ​ဝေး​ ကျင်း​ပတယ်။ အဲဒါသံဃာ ဒွါဒဿမ ၁၅ ကြိမ်​မြောက် အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်အရ ဆိုပြီး​ နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ဆိုပြီး​ ထုတ်လိုက်တာ။ အဲဒီ​တော့​ ဒီဂုဏ်အင်္ဂါ ၉ ချက် ထုတ်တဲ့​အခါမှာ အဓိက အချက်က​တော့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​တွေကို မ​ဟောရဘူး​။ ဓမ္မစရိယတန်း​ ​အောင်ရမယ်။ အဲလို အစ ရှိတာ​တွေကို ​ပြောတာ​လေ။ နယ်လှည့်​ဓမ္မကထိက ဆို​တော့​ မြန်မာနိုင်ငံမှာက နယ်လှည့်​ဓမ္မကထိက ၃ မျိုး​ရှိတယ်။

Read More...

မိုး​ပြာ​ရောင်ဘုန်း​ကြီး​ မတရား​သဖြင့်​ ​ထောင်ဒဏ်ချမှတ်ခံ​နေရ

March 21, 2012
မင်းလွင်

မိုး​ပြာ​ရောင်ဆရာ​တော်လို့​ လူသိများ​တဲ့​ ပစ္စုန်ပန်ကမ္မဝါဒ ဘုန်း​ကြီး​ဦး​ဉာဏကို ကချင်ပြည်နယ် မြစ်ကြီး​ နား​ထောင်မှာ ​ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံရတာဟာ ဘာသာ​ရေး​ လွတ်လပ်ခွင့်​မရှိမှုနဲ့​ လွတ်လပ် စွာ အသင်း​အဖွဲ့​ ဖွဲ့​စည်း​ခွင့်​ မရှိဖြစ်​နေတယ်လို့​ အာရှလူအခွင့်​အ​ရေး​ကော်မရှင်က ဒီ​နေ့​မှာ ထုတ်​ဖော် ​ပြောဆိုပါတယ်။

မိုး​ပြာ​ရောင်ဦး​ဉာဏဟာ မန္တ​လေး​တိုင်း​ ပုသိမ်ကြီး​မြို့​နယ်က အနုပါဒါယဉ်​ကျေး​မှု တရား​ဌာနမှာ သီး​တင်း​ သုံး​နေစဉ်မှာ ၂၀၁၀ ​ဖေ​ဖော်ဝါရီ ၁၂ ရက်​နေ့​မှာ ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ဘာသာ​ရေး​ပုဒ်မ​တွေနဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထား​ရတာပါ။

Read More...

အဓမ္မ​ပြောင်း​ခိုင်း​ပြီး​ မ​ပြောင်း​တဲ့​ ရွာသား​များ​​ ​ထောင်ဒဏ်ကျခံရ

March 21, 2012
နော်နိုရင်း

အစိုး​ရရုံး​ စိုက်ရာ ​နေပြည်​တော်ခရိုင် လယ်​ဝေး​မြို့​နယ်အတွင်း​ စီမံကိန်း​နယ်​မြေ ​ဖော်​ဆောင်တုန်း​က ​နေရာ ဖယ်​ပေး​ဖို့​ ငြင်း​ဆန်တဲ့​ ရွာသား​တချို့​ စည်ပင်သာယာက တရား​စွဲတာခံရပြီး​ အလုပ်ကြမ်း​နဲ့​ ​ထောင်ဒဏ် ချမှတ်ခံရပါတယ်။

လယ်​ဝေး​မြို့ ​နယ် မီး​သွေး​ဖိုကုန်း​ ​ကျေး​ရွာမှာ ​နေထိုင်တဲ့​ ရွာသား​တွေကို မနှစ် ​အောက်တိုဘာလမှာ ဖယ်ခိုင်း​ခဲ့​ပြီး​ မဖယ်​ပေး​သူ​တွေကို စည်ပင်သာယာက ကျူး​ကျော်မှုနဲ့​ စွဲဆိုခဲ့​တာပါ။

ဒီလလယ်ပိုင်း​ မှာ​တော့​ ရွာသား​ ၆ ဦး​ကို အလုပ်ကြမ်း​နဲ့​ ​ထောင်ဒဏ် သုံး​လ ချမှတ်ပြီး​ ​နောက်ထပ် ၈ ဦး​ကိုလည်း​ ဆက်လက် တရား​စွဲဆိုထား​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်စန်း​စန်း​မြင့်​က ​ပြောပါတယ်။

“၁၄ ရက်​နေ့​က ၄ ​ယောက်ချတယ်။ ၁၆ ရက်​နေ့​က ၂ ​ယောက်ချတယ်။ အခု ​နောက်ထပ် ၈ ​ယောက်က​တော့​ ဆက်လက်တရား​စွဲဆို ခံထား​ရတယ်။ ​ထောင်ဒဏ်ချမှတ် ခံထား​ရတဲ့​ ၆ ​ယောက်ထဲမှာ ကို​အောင်မြင့်​စိန်၊​ ကိုငြိမ်း​ဦး​၊​ ​ဒေါ်​အေး​မူ၊​ ဦး​သောင်း​ဝေ၊​ ခင်မိုး​မိုး​၊​ တင်မာ​အေး​။ ​ဒေါ်​အေး​မူဆိုရင် ​ယောက်ျား​က မရှိဘူး​။ က​လေး​နှစ်​ယောက် ကျန်ခဲ့​တယ်။ မ​အေက သုံး​လကျသွား​တော့​ သူ့​က​လေး​ ၂ ​ယောက် ကို ​ဘေး​အိမ်က ​ကျွေး​မွေး​ထား​ရတယ်။ ၁၁ နှစ်နဲ့​ ၈ နှစ်အရွယ် ​မောင်နှမ ၂ ​ယောက်။ ​ဘေး​အိမ်ဆိုတာကလည်း​ အိမ်မဟုတ်ဘူး​။ အဲဒီလို ​ထောင်ကျသွား​ပြီး​ အိမ်​တွေပါ ဖျက်ခိုင်း​တဲ့​အခါကျ​တော့​ လမ်း​ဘေး​က သစ်ပင်​တွေမှာ တဲထိုး​ပြီး​ ​နေရတယ်။ အဲဒီ​နေရာမှာ အချင်း​ချင်း​ ပြန်ပြီး​ ​စောင့်​ရှောက်ထား​ရတာ​ပေါ့​။”

Read More...

ရန်ကုန်တိုင်း အောင်နိုင်ရေး ဦးအောင်သိန်းလင်း ကြိုးပမ်း

မင်းသက်
မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများကို တရွာဝင်တရွာထွက် ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်နေကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း က ပြောသည်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများကို တနင်္လာနေ့က သွားရောက်ခဲ့ပြီး ကော့မှူးမြို့နယ်ကိုလည်း အလေးထား စည်းရုံး နေရကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းဖြစ်သည့် ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောသည်။

"သုံးခွမှာ ရွာပေါင်း ၁၀ ရွာကို သွားခဲ့တယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လစ်လပ်နေရာ ၆ နေရာ ရှိတဲ့အနက် ကော့မှူးမဲဆန္ဒနယ် ကိုတော့ အဓိကထားပြီးတော့ မဲဆွယ်မှု ပြူလုပ်ပါတယ်။ အရေးကြီးတယ်လေ သိတယ်မလား၊ အဲဒီနယ်က ဘယ်လိုဆိုတာ” ဟု ဒေါ် အောင် ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည်ကို ဦးအောင်သိန်းလင်းက ရည်ညွှန်းပြောဆိုသွားသည်။

Read More...

နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှုသင်တန်းများ လွတ်လပ်လာ

ကွန်းချမ်း
မတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

နွေရာသီ မွန်စာပေ သင်တန်းကို ယခုနှစ်တွင် မွန်ဒေသအသီးသီး၌ လွတ်လပ်စွာ သင်ကြားခွင့် ရပြီဖြစ်ကြောင်း သင်ကြားရေး တာဝန် ခံတို့က ပြောသည်။

ယခင်နှစ်များက သင်ကြားခွင့် ရရန် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အာဏာပိုင် အဆင့်ဆင့်သို့ တင်ပြရပြီး သင်ကြားချိန် တွင်လည်း ခေါ်ယူမေးမြန်း စစ်ဆေးမှုများ ရှိသော်လည်း ယခုနှစ်တွင် တင်ပြစရာ မလိုသည့်ပြင် သင်သည့်နေရာများကိုလည်း စီစဉ် ပေးကြောင်း ပြောသည်။

“ကျနော်တို့ လုပ်တာ လွတ်လပ်လာပြီ။ အရင်ကလို စစ်ဆေး မေးမြန်းတာ မရှိတော့ဘူး။ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာလည်း သူတို့ ပိုင်တဲ့ ဓမ္မာရုံကိုတောင် သုံးခွင့် ပေးတယ်။ ကျနော်တို့ သိပ်ဝမ်းသာတယ်။ အစိုးရသစ်ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ နိုင်မင်းသောင်းသျှင် က မဇ္ဈိမကို ပြောသည်။

Read More...

အပေါ်သို့