Friday, March 8, 2013

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

မေစစ်ပိုင်
March 7, 2013

ဈေးဝယ်စင်တာ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုကြောင့် အရေးယူတော့မည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်း တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဝန်ထမ်း အမျိုးသမီးတို့သည် ရန်ကုန် ပြည်လမ်းမပေါ်မှ တော်ဝင်စင်တာ အောက်ထပ်ရှိ Orange စူပါမားကတ်နှင့် ၎င်းမျက်နှာချင်းဆိုင်ရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ ဆေးအရောင်း ကောင်တာတို့မှ ဖြစ်ပြီး စိတ်ကြွဆေးဝါးများကို ၎င်းတို့က တာဝန်ယူ ရောင်းချခြင်း ဖြစ်သည်ဟုဆိုကာ ဒဂုံမြို့နယ် ရဲစခန်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ ဖမ်းဆီး အချုပ်ချထား၍ ရက်ပိုင်းအတွင်း အရေး ယူတော့မည် ဖြစ်ကြောင်း သိရသည်။

Read More...

လျှပ်စစ်မီး ခွဲတမ်းစနစ်ကြောင့် မူဆယ် လုပ်ငန်းရှင်များ အခက်ကြုံ

နန်းဆိုင်နွမ်
March 7, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် လျှပ်စစ်မီးကို အလုပ်ချိန်တွင် ခွဲတမ်းစနစ်နှင့် ပေးနေသောကြောင့် စီးပွားရေး သမားများ အခက်ကြုံနေရသည်ဟု မူဆယ်ဒေသခံများက ဆိုသည်။

အလုပ်ချိန်အတွင်း လျှပ်စစ်မီးကို ခွဲတမ်းစနစ်ဖြင့် ဆက်ပေးသွားမည် ဆိုပါက ကုန်ဈေးနှုန်းများ တက်သွားနိုင်သည်ဟု မူဆယ်စက်မှုဇုန်တွင် လုပ်ငန်း လုပ်ကိုင်နေသည့် ဦးစိုင်းထွန်း လူက ဧရာဝတီသို့ပြောသည်။

မူဆယ်မြို့တွင် လျှပ်စစ်ဓာတ်အားကို ယခင်က တရုတ်နိုင်ငံမှ ၀ယ်ယူ သုံးစွဲခဲ့ကြရသည်။

Read More...

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် မရှိသေးဟုဆို

ထက်နိုင်ဇော်
March 7, 2013

ပြည်ထောင်စုအစိုးရ အနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပေးရန် ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်းချက်ကို သမ္မတရုံးက လတ်တလောတွင် အစီအစဉ်မရှိသေး ကြောင်း ပြန်လည် ဖြေကြားသည်ဟု အလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဧရာဝတီသို့ ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် တိုင်းပြည် ရှေ့ဆက်သွားနိုင်ရန်အတွက် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့ကို အကောင်အထည် ဖော်ရာတွင် ပိုမိုထိရောက်စေရန် အထက်ပါ အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ကို ယမန်နေ့က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းဝေး၌ အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင် ရည်က တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

Read More...

Thursday, March 7, 2013

ရုရှားက မြန်မာနှင့် စစ်ရေး ပူးပေါင်းမှု ပိုမိုလုပ်ဆောင်လို

နေမျိုး
မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ်

ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu က မြန်မာနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် လုပ်ဆောင်နိုင်ရေးအတွက် ၎င်း၏ မြန်မာပြည် ခရီးစဉ်အတွင်း အနီးကပ် ကြိုးစားနေကြောင်း အိန္ဒိယနိုင်ငံထုတ် Deccan Herald သတင်းစာက ရေးသားသည်။

“စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားမှုနှင့် ပါတ်သက်ပြီး ကျနော်တို့ ကာကွယ်ရေးဝန်ကြီး ဌာနမှာ ပူးပေါင်း ဆောင်ရွက်မှု များအတွက် အခွင့်အလမ်းသစ်များ ဖြစ်ပေါ်လာလိမ့်မယ်လို့ စဉ်းစားမိပါတယ်” ဟု ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း
နှင့် တွေ့ဆုံပြီးနောက် ဗိုလ်ချုပ်ကြီး Sergei Shoigu ပြောဆိုသည်။

Read More...

အောင်လံမှ ဧရာ ကျန်းမာပါစ

စောဇင်ညီ
မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ်

(ဆောင်းပါး) ၂၁ ကြာ တည်တံ့နေတဲ့ UKT အရက်ချက် စက်ရုံက မီးခိုးလုံးတွေက အောင်လံမြို့ကို ထွန်းညှိထားသည့် အလင်းရောင်ကို ဖုန်းကွယ် လုမတတ် ကောင်းကင်ပေါ်သို့ လွင့်တက်နေသည်။

အဆိုပါ စက်ရုံမှ အရက်ချော ကုန်ကြမ်း ၉၈ ရာခိုင်နှုန်း ပါဝင်တဲ့ အရက်ပြင်းတွေကို တရက်မှာ ပေပါ ၁၂၀ ခန့် (သို့) ပုလင်းပေါင်း ၃၆,၀၀၀ ခန့် ထုတ်လုပ်ကြောင်း စက်ရုံ လုပ်သားဟောင်း တဦးက ဆိုသည်။

Read More...

ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ

ဖနိဒါ
မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟု စွတ်စွဲ၍ မြစ်ကြီးနားထောင်တွင် ဖမ်းဆီးခံနေရသူ ဦးလထော် ဘရန်ရှောင်ထံမှ ဖြောင့်ချက် ရယူခဲ့သူ မြို့နယ် တရားသူကြီး ဦးဇော်မင်း အား စစ်မေးခွင့်ပြုရန် လျှောက်ထားချက်ကို ပယ်ချလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန် တရားခံ ရှေ့နေ ဦးမာခါးက ယခင်ရက်သတ္တပတ်က တင်ပြခဲ့သည်ကို အင်္ဂါနေ့ မြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီး ဦးမြင့်ထူး က ပယ်ချ လိုက်ခြင်း ဖြစ်သည်။

Read More...

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် New York Convention အဖွဲ့ဝင်မည်

ရန်ပိုင်
March 6, 2013

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချမှုပိုမိုရရှိရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအကျိုးစီးပွား ပဋိပက္ခများ ဖြေ ရှင်းရေး နယူးယောက် သဘောတူညီချက်(New York Convention) အဖွဲ့ ၀င်ရန် ပြည်ထောင်စု လွှတ်တော်က ယမန်နေ့ က သဘောတူညီ လိုက်သည်။

New York Convention အဖွဲ့သို့ မြန်မာနိုင်ငံ ၀င်ရောက်ရေးကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၆ ဦး က ဆွေးနွေး ကြသည်။

Read More...

လက်ပန်းတောင်း အရေး တအုံနွေးနွေး

စနေလင်း
March 6, 2013

မုံရွာမြို့ တဘက်ကမ်းကို စက်လှေနဲ့ ဖြတ်ပြီး တမာပင်နဲ့ ထနောင်းပင်တန်းတွေ ရှိတဲ့ ဆားလင်းကြီးလမ်းကို ဆက်သွားတဲ့အခါ လက်ပန်းတောင်းတောင် အနီးက တုံရွာသပိတ် စခန်းကိုတွေ့လိုက်ရတယ်။ လမ်းမတခုလုံးက တမာရွက်ဝါကြွေတွေနဲ့ ၀ါထိန်လို့ နေပါတယ်။

အဲဒီ သပိတ်စခန်းကို ရောက်တော့ ဆန္ဒပြနေတဲ့ ရွာသူ ၂၀ လောက်နဲ့ ရန်ကုန်ကနေ လာကူညီနေတဲ့ ဒေါ်နော်အုန်းလှတို့ စကား ပြောနေတာကို တွေ့လိုက်ရတယ်။ သူ့ဘေးနား မှာ ဒေသခံတွေက နားထောင်နေပြီး သူကသာ ဥပဒေ အကြောင်း အရာတွေကို ဒိုင်ခံရှင်းပြနေတယ်။

Read More...

ဦးပိုင် သံမဏိစက်ရုံ မီးလောင်ကျွမ်း

မေခ
March 6, 2013

ယနေ့နံနက် ၁၁ နာရီခန့်က အင်းစိန်မြို့နယ် အတွင်းရှိ အမှတ် ၃ သံမဏိစက်ရုံ မီးလောင်ကျွမ်းခဲ့ရာ တနာရီခွဲခန့် အကြာမှ မီးငြိမ်းသွားကြောင်း သိရသည်။

ယင်းစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပုလဲလမ်းပေါ်ရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) ပိုင် စက်ရုံဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှ စတင်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်မှ မီးငြှိမ်းသတ် နိုင်ခဲ့သည်ဟု အင်းစိန်မီးသတ်ဌာနက ပြောသည်။

Read More...

Monday, March 4, 2013

စောင်းတီး စွမ်းရည်ပြခဲ့သူ Miss Myanmar International နဲ့ အင်တာဗျူး

March 2, 2013

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် Miss Myanmar International ပြိုင်ပွဲကို Myanmar Tourism Federation ရဲ့လက်အောက်မှာရှိတဲ့ Myanmar Tourism Service က ကြီးမှူး ကျင်းပခဲ့တာ အခုဆိုရင် ဒုတိယအကြိမ်အဖြစ် မန္တလေးသူ ဂုဏ်ရည်အေးကျော်က ရရှိသွားခဲ့ပါတယ်။ ၂၀၁၀ ပြည့် နှစ်ကစလို့ မော်ဒယ်လ်လောကထဲကို ရောက်လာခဲ့တဲ့ သူဟာ ပြိုင်ပွဲပေါင်း ၇ ပွဲလောက် ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ဆန်ခါတင် ၁၀ ယောက် စာရင်းထဲအထိ မ၀င်ခဲ့ဘူးသလို Miss La Pyae Won (မယ်လပြည့်ဝန်း) 2010 မှာ 2nd Runner up ရဖူးတယ်၊ နောက် မန္တလေးမှာ ကျင်းပခဲ့တဲ့ Miss Loykrathong 2012 မှာတော့ 2nd Runner up ရခဲ့ဖူးပါသေးတယ်။ ပရဟိတ လူမှု အကျိုးပြု အလုပ်တွေလည်း လုပ်ကိုင်နေတဲ့ မယ်မြန်မာ ဂုဏ်ရည်အေးကျော်ကို သူယှဉ်ပြိုင်ခဲ့ရတဲ့ Miss Myanmar International 2013 ပြိုင်ပွဲ အတွေ့အကြုံ၊ သူ လက်ရှိလုပ်ကိုင် နေ တဲ့ ပရဟိတအလုပ်တွေနဲ့ နိုင်ငံတကာ ပြိုင်ပွဲအတွက် ဘယ်လို ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်သွားမလဲ ဆိုတာကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထား ပါတယ်။

Read More...

အုန်းပြန့် ဒိုင်ယာရီ

လင်းသန့်
March 2, 2013

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကာလတလျှောက် နိုင်ငံရေး၊ ဘာသာရေး ဖိနှပ်မှု၊ တိုင်းရင်းသား ဒေသတွင်း စစ်ပွဲတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ပြီး မြန်မာ-ထိုင်း ၂ နိုင်ငံ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရောက်ရှိလာကြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး စုစုပေါင်း လူဦးရေ ၁ သိန်းခွဲလောက် ရှိကြောင်း ထိုင်းအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စာရင်းထုတ်ပြန်ထားပါတယ်။ တတိယနိုင်ငံတွေမှာ ခိုလှုံခွင့် လျှောက်ထားသူ ဒုက္ခသည် စုစုပေါင်း ၈၄၉၀၀ ကို မှတ်ပုံတင် စာရင်းသွင်းပြီးပေမယ့် ခန့်မှန်းခြေ ၆၂၀၀၀ လောက်က ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အတည်ပြုချက် မရသေးလို့ မှတ်ပုံတင် စာရင်း မသွင်းရသေးဘူးလို့ UNHCR စာရင်းအရ သိရပါတယ်။

Read More...

အပေါ်သို့