Friday, June 22, 2012

ဗြိတိသျှ ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

2012-06-21

နိုင်ငံတကာ ခေါင်းဆောင်တချို့ကိုသာ ဂုဏ်ပြုတဲ့အနေနဲ့ အခွင့်အရေး ပေးလေ့ရှိတဲ့ ဗြိတိန်ပါလီမန် နှစ်ရပ်စလုံးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ ညပိုင်းမှာ မိန့်ခွန်း ပြောကြားပါတယ်။

ဗြိတိန် ပါလီမန် နှစ်ရပ်စလုံးကို Westminster ခန်းမကြီးထဲမှာ စကားပြောခွင့်ဟာ ကမ္ဘာကျော် နိုင်ငံ့ခေါင်းဆောင်တွေကိုသာ ဂုဏ် ထူးဆောင် အခွင့်အရေး တရပ် အဖြစ် ဗြိတိန်အစိုးရက ပေးလေ့ရှိတာ ဖြစ်ပါတယ်။

Read More...

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း သေဆုံးသူ ၆၂ ဦးရှိကြောင်း အာဏာပိုင်တွေ အတည်ပြု

2012-06-21

ပြီးခဲ့တဲ့ အပတ်တွင်းက စပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ စုစုပေါင်း ၆၂ ဦး ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့ကစပြီး ပဋိပက္ခတွေအတွင်း သေဆုံးသူ ၅၀ ရှိခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ရသေ့တောင်မြို့နယ်က အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၂ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။ သတင်းတွေအရ သေဆုံးသူ စုစုပေါင်း ၈၀ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

Read More...

သမ္မတ ဦးသိန်းစိန်ကို ဗြိတိန် ဖိတ်ကြားမှု ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

2012-06-21

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ David Cameron က သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြား လိုက် ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကို ဦးသိန်းစိန်က လက်ခံလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောခွင့် ရသူက မနေ့က ပြောဆိုပါတယ်။

ဦးသိန်းစိန် လာရောက်လည်ပတ်မယ့် နေ့ရက်အတိအကျကို အတည် မပြုနိုင်သေးပေမဲ့ ရှေ့လာမယ့် လတွေအတွင်း လာရောက် မယ်လို့ ဆိုပါတယ်။

Read More...

ဗြိတိန် အိမ်ရှေ့မင်းသားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဇွန်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဉ် အဆင့်အမြင့်ဆုံး နိုင်ငံရေးတွေ့ဆုံခွင့်တခုအဖြစ် အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နှင့် ဇနီး ကမီလာတို့အား လန်ဒန်မြို့ ကလီရင့်စံအိမ်၌ ဇွန်လ ၂၁ ရက်နေ့က တွေ့ဆုံခွင့် ရခဲ့သည်။

Range Rover ကားပေါ်မှ ဒေါ်အောင်ဆန်းစုကြည် ဆင်းလာစဉ် တော်ဝင်ဇနီးမောင်နှံက ကလီရင့်လှေကားမှ စောင့်ကြိုနေကြပြီး အိမ်ရှေ့စံ မင်းသားက လက်ဆွဲနှုတ်ဆက်ကာ ပဋိသန္ဓာရစကား အနည်းငယ်ပြောဆိုပြီး မြို့စားကတော်ကြီးက စံအိမ်တွင်းဖိတ်ခေါ်ကာ ဝင်ရောက်သွားကြသည်ဟု ဗြိတိန်သတင်းဌာနများက ရေးသား ကြသည်။

Read More...

အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရောက်လာမည်

အောင်ဝင်း
ဇွန်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အနောက် နိုင်ငံများ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများ ဆုံး ထိပ်တန်းနိုင်ငံများ ဖြစ်လာလိမ့်မည်ဟု စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ပြော သည်။

ဇွန်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့၊ ပတ်ခ်ရွိုင်ရယ် ဟိုတယ်တွင် စတင်ကျင်းပသော ‘မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည် အဝေး’ တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

Read More...

လက်ျာစွန်း အစ္စလာမ်ဝါဒီများက မူဆလင်သေဆုံးမှုများကို ရှုတ်ချ

ဇွန်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစွန်းရောက် အစ္စလာမ်ဝါဒ ပါတီများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မူဆလင်ဘာသာဝင်
များ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ရခိုင်ပြည်နယ်တွင်း မူဆလင် သွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်း ဖိအားပေးကြရန် ပါကစ္စတန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan က တောင်းဆိုလိုက်သည်။

“သူတို့ (မူဆလင်)တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေတာပါ။ ဒါပေမယ့် ကမ္ဘာကြီးနဲ့ မီဒီယာတွေ ဟာ နှုတ်ဆိတ်နေကြပြီး မျက်လုံးတွေ မှိတ်နေကြတယ်” ဟု JI ပါတီ အထွေထွေအတွင်းရေးမှူး က ပြောသည်။

Read More...

သဘောတူညီချက်ကို အစိုးရ မလိုက်နာဟု SSA ပြော

ဖနိဒါ
ဇွန်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

အပစ်အခတ် ရပ်ရေး သဘောတူညီ လက်မှတ်ရေးထိုးထားသည့် အတိုင်း အစိုးရ ဘက်မှ မလိုက်နာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေ ရသည် ဟု ရှမ်းပြည် တပ်မတော်(မြောက်) SSPP-SSA က ပြောဆိုလိုက်သည်။

ဇွန်လ ၁၇ ရက်နေ့မှ စတင်၍ မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာမှ သုံးမိုင်အကွာ SSA ထိန်းချုပ်ရာနယ်မြေ အတွင်း အစိုးရ၏ တပ်ရင်း ခမရ ၅၁၆၊ ၅၁၇၊ ခလရ ၁၄၉၊ ခလရ ၁၅ဝ နှင့်၂၉၆ တို့မှ အင်အား ၄၀၀ ဝန်းကျင် ရှိသော တပ်ဖွဲ့များနှင့် SSA တပ်များ ယနေ့ထိ တိုက်ခိုက်နေခြင်းအပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

ဂျပန်အလုပ်ရှင်၏ လှောင်ပြောင်မှုကြောင့် အလုပ်သမားများ ပြန်လည်ဆန္ဒပြ

နေမျိုး
ဇွန်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

စက်ရုံအလုပ်သမားအပေါ် လူ့ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသည့် ဂျပန်လုပ်ငန်းရှင်၏ ပြောစကားနှင့် ခနဲ့သည့် အပြုအမူများကြောင့် ပြေလည်နိုင်ဖွယ်ရှိသည့် မင်္ဂလာဒုံ စက်မှုဇုန် ၁ မှ FAMOSO အထည်ချုပ်စက်ရုံ အလုပ်သမားများ၏အရေး နှောင့်နှေးသွားရပြီး ဆက် လက် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ၁၂ ရက်ကြာ အခြေခံလစာ တိုးပေးရေးအတွက် ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ အား နေပြည်တော် အလုပ်သမား ညှိနှိုင်းရေအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် လုပ်ငန်းခွင်သို့ ကြာသပတေး နံနက်က ပြန်လည် ဝင်ရောက်ခဲ့ကြသည့် အလုပ်သမားများအား စက်ရုံပိုင်ရှင်က မချေမငံ လှောင်ပြောင် ပြောဆိုသည့် အတွက် ပြန်လည် ဆန္ဒပြနေရခြင်းဖြစ်ကြောင်း အလုပ် သမား ကိုယ်စားလှယ်တဦးက ပြောသည်။

Read More...

Thursday, June 21, 2012

အလုပ်သမားတောင်းဆိုချက် အလုပ်ရှင်လိုက်လျော

2012-06-20

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း စက်မှုဇုန် (၁) ရှိ ဖောင်းဆိုင် အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်ပိုင် နေတံဆိပ်ဓာတ်ခဲ စက်ရုံက အလုပ်သမား (၁၄၀) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက အခြေခံလုပ်ခလစာ တိုးပေးဖို့အပါ အ၀င် အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြခဲ့ကြရာ မှာ အလုပ်ရှင်က လိုက်လျောပေးလိုက်တယ်လို့ သိရပါတယ်။

မြို့နယ် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ အပါအ၀င် ဒေသတွင်းတာဝန်ရှိတဲ့သူတွေ စက်ရုံကိုရောက်လာပြီး စက်ရုံ မန်နေဂျာ ဦးကျော်ဝင်းနဲ့ ဆန္ဒပြအလုပ်သမားတွေအကြား ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

Read More...

ဖမ်းဆီးခံ ကျေးရွာသား ၁၀ ဦး မိသားစုနှင့် တွေ့ဆုံခွင့်မရ

2012-06-20

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စံကားတောင်ရွာ မီးရှို့မှုနဲ့ ပတ်သက်ပြီးတော့ စစ်တွေ အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ နဂရာကျေးရွာသား ၁၀ ဦးကို ထောင်ဝန်ထမ်းတွေက မိသားစုတွေနဲ့ တွေ့ဆုံခွင့် မပေးကြောင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေရဲ့ မိသားစုဝင် တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက RFA ကိုပြောပါတယ်။

ဦးသိန်းထွန်းက "တွေ့ဆုံခွင့်ရဖို့အတွက် ကျွန်တော်တို့ ထောင်ထဲကို သွားတယ်။ သွားပြီးတော့ ထောင်ဝန်ထမ်းတွေကို မေးတယ်။ သူတို့ကတော့ စစ်ဆေးနေတဲ့ ကာလဖြစ်လို့ တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ အမှန်တရားပေါ်အောင်၊ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ မူလအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ခံစားရတယ်။ အဲဒီပြဿနာဖြစ် တာက၊ အဲဒါနဲ့ ကျွန်တော်တို့က ဒီကျွန်တော်တို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အမှန်တရားဖြစ်အောင်၊ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေကိုရအောင် ကျွန်တော်တို့က ပါတီတွေနဲ့သော်လည်းကောင်း၊ နိုင်ငံတကာနဲ့သော်လည်းကောင်း အကုန်လုံး ဝိုင်းဝန်းပြီးတော့၊ ပြောပြီးတော့ အမှန်တရားတစ်ခုဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ကျွန်တော့အနေနဲ့ စဉ်းစားထားပါတယ်" လို့ ပြောပါတယ်။

Read More...

ရသေ့တောင်မြို့နယ် အကြမ်းဖက်မှု လူ ၅ ဦး သေဆုံး ၁၁ ဦး ဒဏ်ရာရ

2012-06-20

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မနေ့မနက်ပိုင်းက ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အနည်းဆုံးလူ ၅ ဦးသေ ဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ် လို့ ပြည်နယ် အစိုးရအဖွဲ့ရုံး ပြန်ကြားရေးဌာနက ပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေ အဆိုအရ သေဆုံးသူအနည်းဆုံး ၁၀ ဦးခန့် ရှိတယ်လို့ ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့နေရာဟာ ရသေ့တောင်မြို့နယ် ကူတောင်ရွာနဲ့ အနောက်ပြင်ရွာ နှစ်ရွာတို့ အချင်းများပြီး ဖြစ်တာလို့ ဆိုပါတယ်။ အစိုးရအဖွဲ့ ပြန်ကြားရေးဌာနက ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ ဒီပဋိပက္ခဟာ မီးရှို့မှုများက စတင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

Read More...

SSPP/SSA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား

2012-06-20

SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်တွေ ဒီနေ့မနက် စောစောက မိုင်းရှုးမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အစိုးရတပ်က ရှမ်းတပ်စခန်းကို တိုက်ခိုက်တာလို့ သိရပါတယ်။

ဒီနေ့မနက် ၅ နာရီလောက်ကနေ စတင်ပြီးတော့ မိုင်းရှုးမြို့နယ် မိုင်းအောက်ကျေးရွာအုပ်စု ဟွမ်ဟွေ့လော့ ကျေးရွာအနီးရှိ SSA မြောက်ပိုင်းတပ်တွေရဲ့ ထိန်းချုပ်နယ်မြေရှိ တပ်စခန်းကို အစိုးရတပ်က လာရောက်ပြီးတော့ တိုက်ခိုက်တဲ့အကြောင်းကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ခုလိုပြောပါတယ်။

Read More...

မြန်မာကို ဒဏ်ခတ်မှုလျှော့ပေါ့ရေး လက်တွေ့ဖြစ်ဖို့ အချိန်အနည်းငယ်ယူရမည်

20 ဇွန် 2012
ကိုသားညွန့်ဦး

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ယာယီလျှော့ပေါ့ပေးတဲ့ကိစ္စဟာ လက်တွေ့ ဖြစ်လာဖို့ အချိန် အနည်းငယ် ယူနေရတယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီ တည်ရှိခဲ့တဲ့ ဥပဒေတရပ်ကို ပြန်ဖြေရတာမို့၊ အခြား ဆောင်ရွက်စရာ တွေ ရှိသေးတယ်လို့ ရှင်းပြသွားတာပါ။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံအပေါ် အရေးယူမှုအချို့ကို ယာယီကင်းလွတ်ခွင့်တွေပြုမယ် လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ကြေညာလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်း အမေရိကန်စီးပွားရေး လုပ်ငန်းအချို့ ၀င်ရောက်ဖို့ ခြေလှမ်းပြင်တာတွေ ရှိနေပါပြီ။ အနောက်နိုင်ငံအတော်များများ မြန်မာနိုင်ငံထဲ စီးပွားရေးရင်းနှီးမြှုပ်နှံဖို့ ကြိုးစားကြတဲ့အခါမှာ အဓိက ကြုံရတဲ့ အကြပ် အတည်းထဲ အကြီးဆုံး တခုကတော့ ဘဏ်လုပ်ငန်းနဲ့ အခြေခံစီးပွားရေး အဆောက်အဦးတွေ အားနည်းမှု ဖြစ်တယ်လို့ စီးပွားရေး သုံးသပ်သူတွေ က ပြောကြပါတယ်။ အစိုးရဘက်ရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေလည်း တခု အပါအ၀င် ဖြစ် တယ်လို့ ပြောပါတယ်။

Read More...

ရိုဟင်ဂျာတွေလက်ခံဖို့ ဘင်္ဂလားဒေ့ရှ်ကို HRW ဖိအားပေး

20 ဇွန် 2012
မခင်ဖြူထွေး

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်မောင်းထုတ် နေတာတွေ ရပ်တန့်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို ထပ်မံ တိုက်တွန်း နေပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့တော့ ကိုင်တွယ်တာ မရှိသေးတဲ့ အ ကြောင်း ဘန်ကောက်မြို့ကနေ သတင်းထောက် Danielle Bernstein က သတင်းပေးပို့ထားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပါမယ်ရှင်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်ဂိတ် တွေ ဖွင့်ပေးပြီး အကူအညီတွေပေးဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ Human Rights Watch က မနေ့က ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေတွေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တွေက တားမြစ်ပြီး ပြန်လည်နှင်ထုတ်တာတွေ အကြိမ် ကြိမ် လုပ်ခဲ့တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောပါတယ်။

Read More...

အီဂျစ်သမ္မတရွေးကောက်ပွဲရလဒ်ကြေညာဖို့ ရက်ရွှေ့ဆိုင်း

20 ဇွန် 2012

အီဂျစ်နိုင်ငံမှာ ဒုတိယအကျော့ပြန်ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူနှစ်ဦးရဲ့ အယူခံလွှာတွေ ကို ပြန်သုံးသပ်နေရဆဲ ဖြစ်ပြီး ရွေးကောက်ပွဲရဲ့ ရလဒ်ကို ကြေညာဖို့ စီစဉ်ထားတာကို ဆိုင်းထားလိုက်တယ် လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာ လိုက် တာကြောင့် ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပြင်းထန်လာရသလို တင်းမာမှုတွေလည်း မြင့်မားလာ နေပါတယ်။

မွတ်ဆလင်ညီအကိုတော်များအဖွဲ့ကနေ ယှဉ်ပြိုင်သူ Mohammed Morsi နဲ့ သူ့ယှဉ်ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း Ahmed Shafiq တို့ အငြင်းပွားထားတဲ့ မဲအရေအတွက်နဲ့ မဲဆွယ်မှုမှာ စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး တိုင်တန်းထားတဲ့ အမှု (၄၀၀) လောက် ကို တရားသူကြီးတွေ စုံစမ်းနေတုန်းဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

Read More...

ဆီးရီးယားအရေး ဆိုမာလီယာလိုဖြစ်လာမှာ စိုးရိမ်

20 ဇွန် 2012

ဆီးရီးယားနိုင်ငံမှာ ကုလသမဂ္ဂရဲ့ စောင့်ကြည့်အဖွဲ့ ဆက်ပြီး ရှိသွားမယ်လို့ အဖွဲ့အကြီးအကဲ ပြောကြားသွားပြီး တဲ့နောက် မှာ နိုင်ငံ အ၀ှမ်း မနေ့ကဖြစ်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၅၃ ဦးမက သေဆုံးခဲ့ကြတယ်လို့ ဆီးရီးယားအရေးလှုပ်ရှားသူတွေ က ပြောကြ ပါတယ်။ ဆီးရီးယားနိုင်ငံဟာ ဆိုမားလီးယားနိုင်ငံလို အာဖဂနစ္စတန်နိုင်ငံလို ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာမီ အာဗ်ဒယ် ရာမန်က ပြောပါတယ်။

အနည်ဆုံး ဆီးရီယားစစ်သား ၂၈ ဦး၊ စစ်တပ်မှ ဘက်ပြောင်း လာသူတဦး၊ အရပ်သားနဲ့ သူပုန် ၂၄ ဦး မနေ့က သေဆုံးခဲ့ ရတယ်လို့ မစ္စတာ အက်ဒယ် ရာမန်က ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ ကနေ တောင်ပိုင်းက ဒါရားမြို့အရှေ့ပိုင်းက ဒီရား EZZOR မြို့နဲ့ အနောက်မြောက် ပိုင်းက လက်တား ကီ ယား ခရိုင်အထိကို တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ ဗုံးကွဲမှုတွေ ဖြစ်ခဲ့ တယ်လို့ သူက ပြောပါတယ်။

Read More...

ဒလိုင်းလားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

20 ဇွန် 2012

ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ညနေဘက် သူ့ရဲ့ ၆၇ နှစ်မြောက် မွေးနေ့မှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ လန်ဒန်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။

အခုလိုတွေ့ဆုံရာမှာ ဘုန်းတော်ကြီးဒလိုင်လားမားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် တကယ် မြတ်မြတ်နိုးနိုး ဂုဏ်ယူရကြောင်းနဲ့ အခုလိုတွေ့ဆုံနိုင်တဲ့အတွက် ၀မ်းမြောက်ပျော်ရွှင်ရကြောင်း ပြောကြားခဲ့တယ်လို့ ဒလိုင်လားမား ၀က်ဘ်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ဒ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံ

20 ဇွန် 2012
ဒေါ်ခင်စိုးဝင်း

ဥရောပခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ အောက်စဖို့ဒ် တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အောက်စဖို့ဒ်တက္ကသိုလ်ကြီးက ဒီကနေ့ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မိန့်ခွန်းပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ တက္ကသိုလ်ကျောင်းသူဘဝကို လွတ်လွတ် လပ်လပ် ဖြတ်သန်းခဲ့ရတဲ့ အရသာကို မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်တယ်လို့ ပြောခဲ့ပါ တယ်။ တချိန်ကသူကျင် လည်ခဲ့ရာ အောက်စဖို့ဒ်တက္ကသိုလ်က အမှတ်ရစရာ အကြောင်းတွေနဲ့အတူ မြန် မာနိုင်ငံက လူငယ်တွေအတွက် သူ့ရဲ့မျှော်လင့် ချက်တွေကို မိန့်ခွန်းထဲမှာ ကျယ်ကျယ်ဝံ့ဝံ့ပြောသွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အောက်စဖို့ဒ်မြို့မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

Read More...

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကမ္ဘာ့ထိပ်သီးညီလာခံစတင်

20 ဇွန် 2012

သုံးရက်ကြာကျင်းပတဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က ရီယယ်တီ ဂျနဲရိုး Rio De Janeiro မြို့မှာ နိုင်ငံပေါင်း ၁၀၀ ကျော် က ခေါင်းဆောင်တွေ တွေ့ဆုံနေကြပါတယ်။

ရေရှည်ခံတဲ့ ဖွံ့ဖြိုးမှု၊ တိုးတက်မှု လုပ်ငန်းစဉ်တွေနဲ့ သန်းနဲ့ထောင်ချီတဲ့ပြည်သူတွေ ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့သံတမန်တွေ အတည်ပြုထားတဲ့ စာတမ်းမူကြမ်းကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက အပြီးသတ် ရေးဆွဲနိုင်မယ်လို့ မျော်လင့်ကြပါတယ်။

Read More...

နယ်စပ်ကအရွယ်ရောက် ရွှေ့ပြောင်း ကလေး သောင်းချီ စာမသင်နိုင်

21 June 2012
နန်းယဉ်

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ကျောင်းနေရွယ် ကလေးငယ် သောင်းနှင့်ချီ ကျောင်း မတက် နိုင်ဟု မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်း ပညာရေးကော်မတီက ပြောသည်။

“ကလေးတွေ ကျောင်းမတက်နိုင်တာက တချို့မိဘတွေ တောင်ယာမှာ မိဘတွေနဲ့နေတော့ အကြိုအပို့မလုပ်နိုင်တာရှိတယ်။ တချို့ကျ တော့လည်း တောထဲတွေမှာဆိုလည်း ကျောင်းတွေမဖွင့်နိုင် တာလည်းရှိတယ်။ နောက်ပြီး ကျောင်းမလုံလောက်တာရယ်။ ကျောင်း ဆရာ အခက်အခဲလည်း ရှိတယ်။ နေရာထိုင်ခင်းအခက်အခဲတွေကြောင့်လည်းပါတယ်။” ဟု မြန်မာရွှေ့ပြောင်းပညာရေး ကော်တီ ဥက္ကဋ္ဌ နော်ဖော ရေက ပြောသည်။

Read More...

ရန်ကုန်တွင် ကျား-မ ဖြစ်ခြင်း အခန်းဂဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ် ဆွေးနွေး

20 June 2012
နော်ဆဲကလယ်

အမျိုးသမီးများ၏ အခွင့်အရေးကိုကာကွယ်ပြီး အမျိုးသားနည်းတူအခွင့်အရေးရရှိရန် ရည်ရွယ်၍ ကျား-မ ဖြစ်ခြင်းအခန်းကဏ္ဍနှင့် လူမှု အဖွဲ့အစည်း ဖိုရမ်ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ယမန်နေ့ကကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ် ဆွေးနွေးပွဲတွင် Rain Fall (Gender Study Group )နှင့် Traingle (Women SupportGroup) တို့မှစီစဉ်ခဲ့ပြီးရန်ကုန် ရှိ နိုင်ငံရေးပါတီများ၊လူထူအခြေပြုအဖွဲ့များ၊တိုင်းရင်းသားအဖွဲ့အစည်းများ၊အနုပညာရှင်များ၊အလုပ်သမားအဖွဲ့အစည်းများ၊အမျိုးသမီးအဖွဲ့ အစည်းများအပါအ၀င် ပရိဿတ်ပေါင်း ၅၀၀ ခန့် တက် ရောက် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

Read More...

မယ်လစခန်းတွင် ကမ္ဘာဒုက္ခသည်များနေ့ ကျင်းပပြီးစီး

21 June 2012
နန်းသူးလေ

ယနေ့ ဇွန်လ ၂၀ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို ကမ္ဘာတ၀ှမ်းမှ အခမ်းအနားများ ကျင်းပသကဲ့သို့ ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်း၌လည်း နံနက် ၇နာရီခွဲမှ ၁၁နာရီအထိ အောင်မြင်စွာ ကျင်းပပြီးခဲ့သည်။

အခမ်းအနားကို တက်ရောက်ခဲ့သည့် UNHCR မှ တာဝန်ရှိသူတစ်ဦးက “တစ်နှစ်နဲ့ တစ်နှစ်ပြီးသွားတိုင်း ဒုက္ခသည်တွေက နည်းမလာ ဘူး။ ဒါကြောင့် ဒုက္ခသည်တွေ ဘာကြောင့် ကိုယ့်နိုင်ငံကို စွန့်ခွာခဲ့ရတာလဲဆို တာကို နိုင်ငံတကာကသိရှိအောင် စဉ်းစားစေချင်တဲ့ အတွက် ဒီနေ့ကို ကျင်းပရခြင်းဖြစ်ပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ကလည်း ကြုံတွေခဲ့ရတဲ့ အခက်အခဲတွေကို ပြန်စဉ်းစားပြီး အနာဂတ် ဘ၀ကို ဘယ်လို အသက်ရှင်ရပ် တည်သွားကြမလဲဆိုတဲ့ မျှော်လင့်ချက်တွေ ထားပါ။” ဟုပြောသည်။

Read More...

The Voice အမှု အခြေခံဥပဒေခုံရုံး တင်ရန် ပယ်ချခံရ

ဝေစန္ဒာ
ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

The Voice Weekly ဂျာနယ်အား သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုထားသောအမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြမည် ဆိုသော်လည်း တရားသူကြီးအနေဖြင့် မသင့်တော်သောကြောင့် ပယ်ချလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် The Voice အား တရားစွဲဆိုထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ/မညီကို ခုံရုံးသို့ တင်ပြ ရန်နှင့် အမှုကို ရပ်ဆိုင်းပေးရန်အတွက် ဒဂုံမြို့နယ် တရားရုံးကို လျှောက်ထားခဲ့ရာ ဇွန်လ ၂ဝ ရက် ရုံးချိန်းတွင် အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်ပြရန် မသင့်တော်သောကြောင့် ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Read More...

တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်

ဖနိဒါ
ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေး နွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် ငါးဦးအဖွဲ့တို့ KIO ၏ တပ်မဟာ ၃ နယ်မြေ တရုတ်-မြန်မာ နယ်စပ် မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန် ဟိုတယ်တွင် သုံးနာရီကြာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Read More...

အလွှာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် WLB လိုလား

ဖနိဒါ
ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွင် အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်နိုင်ရန် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်) WLB က ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကချင်၊ ကရင်၊ ကယန်း၊ ချင်း၊ ကူကီး၊ လားဟူ၊ ပလောင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ထားဝယ် စသည့် တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းများက စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ် တွင် ပြည်သူတရပ်လုံး ပါဝင်ရန် လက်မှတ် ကောက်ခံသည့် လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလက စတင်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာအမျိုးသမီးတွေ မပါဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ပွဲရဲ့ ဒဏ်ကို အများဆုံးခံရတာ ဖြစ်တယ်။ သူတို့ အသံတွေ၊ ခံစားချက်တွေ ပါဖို့ အမျိုးသမီးတွေ ပါဝင်ဖို့ စဉ်းစားရမယ်။ အလေးအနက် ထားရမယ်။ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးတွေ မပါဘဲ လုပ်လို့ မရဘူးဆိုတာကို ပြောချင်ပါတယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။

Read More...

ခင်ပွန်းသည်၏ အုတ်ဂူသို့ ပထမဆုံး ဒေါ်စု ဂါရဝပြု

ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ် အဲရစ် ၏ အုတ်ဂူသို့ ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် သွားရောက် ဂါရဝပြုမည်ဖြစ်သည်။

၁၉၉၃ ခုနှစ်ကတည်းက ချီးမြှင့်ခြင်းခံထားရသည့် အောက်စဖို့တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကိုယ်တိုင် လက်ခံရယူမည့် နေ့တွင်ပင် အောက်စ်ဖို့တွင် ဆုံဆည်း မေတ္တာမျှခဲ့သည့် ခင်ပွန်းသည်အား နောက်ဆုံးသွားရောက်
နှုတ်ဆက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင် ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါဖြင့် ဒေါက်တာအဲရစ် ကွယ်လွန်သွားခဲ့ သော်လည်း ဈာပနသို့ မသွားရောက်နိုင်ခဲ့ပေ။

Read More...

နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးခွဲ မန္တလေးတွင် ဖွင့်မည်

ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

မြန်မာ့ နိုင်ငံကူးလက်မှတ် Passport ထုတ်ပေးရေး ရုံးခွဲတခုကို မန္တလေးတိုင်းတွင် ဇူလိုင်လ ပထမသီတင်းပတ်မှ စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပတ်(စ်)ပို့ရုံးခွဲကို အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက်ရှိ မန္တလေးတိုင်း ရဲသတင်းတပ်ဖွဲ့ခွဲမှူးရုံးတွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုသို့ ရုံးခွဲကို ဖွင့်လှစ် ရခြင်းမှာ မန္တလေးတိုင်း အပါအဝင် အနီးတဝိုက်နှင့် ရန်ကုန်သို့ လာရောက်ရန် ခက်ခဲသော ပတ်(စ်)ပို့ လျှောက် ထား သူများ အဆင်ပြေစေရေးအတွက် ဖြစ်ကြောင်း သိရတယ်။

Read More...

ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား

နေမျိုး
ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ် ဒေသအများစု၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း အစိုးရက ကြေညာထားသော်လည်း ရသေ့တောင် မြို့ နယ်တွင် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုများ အင်္ဂါနေ့က ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။

အိမ်ခြေ ၂ဝ ခန့်သာ ရှိသည့် ကူတောင်ရွာရှိ ရခိုင်တိုင်းရင်းသားတို့၏အိမ်များအား အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ရိုဟင်ဂျာများက နံနက်ပိုင်းတွင် လာရောက်မီးရှို့ခဲ့ပြီး သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ကိုးဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုသို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည့် သတင်းများ ကြားသိနေရ၍ ယခင် ရက်များကတည်းက ကူတောင်ရွာရှိ အမျိုးသမီး များနှင့် ကလေးများ တိမ်းရှောင်နေခဲ့ကြပြီး ဖြစ်သည်ဟု အမျိုးသား လွတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

Read More...

Wednesday, June 20, 2012

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့် ပြင်ဆင်နေကြောင်း သမ္မတ ကြေညာ

2012-06-19

မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘ၀နဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ပြင်ဆင်နေပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ကြေညာလိုက်ပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာကာလအတွင်း တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေး တိုးတက် မှုနှုန်းကို ၇% အထိ ရည်မှန်းထားကြောင်း သမ္မတရဲ့မိန့်ခွန်းမှာ ပါရှိ ပါတယ်။

ဒီငါးနှစ်တာကာလ စီမံကိန်းမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ဦးစားပေးဆောင် ရွက် သွားမယ်လို့ ဆိုပါတယ်။

Read More...

မြန်မာ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဆင့် တိုးမြှင့်လာ

2012-06-19

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်မှုတွေ တိုးတက်လာတဲ့အတွက် လူကုန်ကူးမှု အခြေအနေပြ စာရင်းထုတ်ပြန်ချက် တစ်ရပ်က မြန်မာနိုင်ငံကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

မနေ့က အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ (၁၂) ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာမှာ မြန်မာ နိုင်ငံကို အဆင့် (၃) ကနေ အဆင့်(၂) စောင့်ကြည့်အဆင့်ကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

Read More...

စစ်တွေမြို့ ငြိမ်းချမ်းရေး မြို့နယ်သံဃာထုက သမ္မတထံ တင်ပြ

2012-06-19

စစ်တွေမြို့ပေါ်မှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာတိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင် ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့နဲ့ နိုင်ငံတော် သမ္မတထံ ဇွန်လ (၁၉) ရက် နေ့စွဲနဲ့ တင်ပြ တောင်း ဆို လိုက်ကြပါတယ်။

ဆရာတော်တွေရဲ့ တောင်းဆိုချက်တွေထဲမှာ- ဘင်္ဂါလီလူမျိုးတွေကို စစ်တွေမြို့ကနေ အလှမ်းဝေးတဲ့ နေရာတစ်နေရာမှာ သီးခြား နေထိုင်ခွင့် ချထားပေးဖို့၊ ရခိုင်နှင့် ဘင်္ဂါလီတွေကြားမှာ တပ်မတော် တပ်ရင်းများ (ဒါမှမဟုတ်) ခိုင်မာ စိတ်ချရတဲ့ လုံခြုံရေးအပြည့်အဝ ထားရှိပေးဖို့နဲ့ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်နေထိုင်ကြတဲ့ ဘင်္ဂါလီတွေကို စစ်ဆေးပြီး နိုင်ငံသားစီစစ်ရေးကတ် လက်ဝယ်မရှိသူတွေကို ရခိုင်ပြည်နယ် အတွင်းမှ ဖယ်ရှားပေးဖို့ စတဲ့အချက်တွေ ပါရှိပါတယ်။

Read More...

UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ

2012-06-19

ထိုင်း မြန်မာနယ်စပ်မှာ UWSA ၀ပြည်သူ့တပ်မတော်နဲ့ SSA ရှမ်းပြည်တပ်မတော်တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ် လို့ ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖြစ်ပွားလာရင် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင် လာကြဖွယ် ရှိနေတဲ့ အနေ အထားနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့်ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါ တယ်။

ချင်းမိုင် အနီး မယ်အိုင်းခရိုင် တစ်ဘက်မှာ ၀တပ်ဖွဲ့ဝင် တစ်ထောင်ကျော်က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင်အနီး မယ်ဖာလောင်း ခရိုင် တစ်ဘက်က ဒွိုင်ကိုဝမ်စခန်းကို ၀ိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။

Read More...

မြန်မာနိုင်ငံအတွင်း ပြောင်းလဲမှု စိန်ခေါ်ချက်များစွာ ကျန်နေသေး

2012-06-19

မြန်မာနိုင်ငံအတွင်းက ပြောင်းလဲမှုတွေမှာ အကောင်းဘက်ပြောင်း လဲမှုတွေရှိပေမဲ့ စိန်ခေါ်ချက်တွေ အများကြီးကျန်နေသေးတာကို သိစေလိုတယ်လို့ Amnesty International အဖွဲ့ အရာရှိကြီး တစ်ဦးက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ တိုးတက်မှု ပြယုဂ် ခရီးစဉ်အဖြစ်လည်း သတ်မှတ်လိုက်ပါတယ်။

Read More...

မန္တလေး NLD ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် မြန်မာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲကျင်းပ

2012-06-19

မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးမှာ အမျိုးသမီးတွေ ချည်း ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ မြန်မာအမျိုးသမီး များနေ့ ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားအကြောင်းကို အခမ်းအနား အစီအစဉ်ကြေညာသူ အင်န်အယ်လ်ဒီ မန္တလေးတိုင်း ဥပဒေပြုအဖွဲ့ဝင် မရွက်နုအောင်က အခုလိုပြောပြပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့်မွေးနေ့ အခမ်းအနား ကျင်းပ

2012-06-19

ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ (မြန်မာ နိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ၂၀၁၂ ခုနှစ်အတွက် အညတြ သူရဲကောင်းဆု ချီးမြှင့်ခံရသူ ၅ ဦး အတွက် ဆုချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားကို နာယက ဦးတင်ဦး၊ ဦးဝင်တင်နဲ့ သဘာပတိ အဖွဲ့ဝင်တွေ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဧည့်သည်တော်တွေ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။

Read More...

RNDP ပါတီဝင်လေးဦး သက်ဆိုင်ရာက ဖမ်းဆီး

2012-06-19

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီဝင်လေးယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဆူပူမှုနဲ့ အမှုဖွင့်ပြီး စစ်တွေထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ အခု ဖမ်းဆီးခံထားရသူတွေဟာ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ဆူပူမှုကို တားဆီးခဲ့သူတွေသာဖြစ်တယ်လို့ RNDP ပါတီ ပြော ခွင့်ရသူ ဦးခိုင်ပြည်စိုးက အခုလိုပြောပါတယ်။

Read More...

ထိုင်းအလုပ်သမားဝန်ကြီးနှင့် JACBA အဖွဲ့ ပထမဆုံးအကြိမ် အလုပ်သမားဟောပြောပွဲ တရားဝင် ပြုလုပ်

19 June 2012
စောခါးစူးညား

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊မဲဆောက်မြို့ရှိ အလုပ်သမားများလူမှုဖူလုံရေးနှင့် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ပ်ဒီကန်)မှ ဦးစီး၍ မြန်မာ ပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)နှင့် ပူးပေါင်းကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပထမဆုံး အကြိမ် တရား ၀င် အ သိပညာပေး ဟောပြောပွဲ တခုကိုယနေ့ ပြုလုပ်ခဲ့သည်။

ယနေ့မနက် ၉နာရီမှ ၁၁နာရီအထိ မဲဆောက်မြို့၊ ကာ့ဘိဘန်းရပ်ကွက် ပေါင်မုန့်စက်ရုံအနီးတွင် ပြုလုပ်သည့် အဆိုပါ ဟောပြောပွဲတွင် ထိုင်းအလုပ်သမားဥပဒေနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဟောပြောခဲ့ သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏အရေးကို လိုက်လံကူညီဆောင်ရွက်ပေးသည့်JACBA ၏ တာဝန်ခံ ကိုမိုးကြိုးက ကေအိုင် စီသို့ ယခုလိုပြောသည်။

Read More...

မွန်တိုင်းရင်းသားတို့၏ အမည်လွဲများ ပြင်ပေးရန် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ကြိုးပမ်း

19 June 2012
နန်းယဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိထားသူ လူမျိုးနေရာတွင် မှားယွင်းရေးသွင်း ခံထားရသူများအတွက် ပြန်လည်ပြင်ဆင်ပေးရန် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ ဦးဆောင်ကြိုးပမ်းလျှက်ရှိသည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်မင်းသောင်းသျှင်က “ကျနော်တို့ ဇွန်လ ၂၃ ရက်နေ့မှာ မွန်နာရေးကူညီမှု အသင်းကနေ အစည်းအဝေးရှိတယ်၊ အဲဒီမှာ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မှားယွင်းတဲ့ကိစ္စကို ပြောပြသွားမယ်။”ဟု ပြောသည်။

Read More...

အပေါ်သို့