Saturday, July 24, 2010

မြန်မာနိုင်ငံအပေါ် အာဆီယံ ဖိအား ပြင်းထန်

ကိုကျော်အောင်လွင်
သောကြာ, 23 ဇူလိုင် 201

(၄၃) ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး တိုက်တွန်း ပြောဆိုမှုတွေ ရှိလာတာဟာ အာဆီယံရဲ့ တိုးတက်မှု တစိတ်တပိုင်းပဲလို့ ဆိုနိုင်ပေမဲ့ ထိရောက်မှုတွေ ဖြစ်တဲ့အထိ တိုက်တွန်းဖို့ လိုနေတယ်လို့ စောင့်ကြည့်လေ့လာ သူတွေက ပြောပါတယ်။ အာဆီယံအနေနဲ့ ဘာမှမပြောဘဲ စစ်အစိုးရကို အကာအကွယ် ပေးနေတာထက် စာရင် အခုလို တိုက်တွန်း နေတာက ကောင်းတယ်လို့တော့ ယူဆကြပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ ကနေ ကိုကျော်အောင်လွင် သတင်း ပေးပို့ထားပါတယ်။

နိုင်ငံတခုရဲ့  ပြည်တွင်းရေးကို တခြားနိုင်ငံတခုက ၀င်ပြီးတော့ မစွက်ဖက်ရေး ဆိုတဲ့ အရှေ့ တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့  နံမည်ကြီး မူဝါဒဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ရှိလာနေတယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။ အခု အာဆီယံဆွေးနွေးပွဲမှာ ရောက်နေတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းထောက် လယ်ရီ ဂျေဂင် (Larry Jagan) ကတော့ အာဆီယံ အသင်းဟာ မြန်မာ စစ်အစိုးရကို ဒီတခေါက် အစည်းအဝေးမှာ မကြုံဖူးတဲ့ ဖိအားတွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“အာစီယံအသင်းဟာ အခုအခေါက်မှာတော့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဖိအားတွေကို အပီအပြင် ပေးခဲ့ကြပါတယ်။ အစည်းအဝေး ထဲမှာ မဟုတ်ပေမဲ့ အစည်းအဝေး အပြင်ဘက်မှာ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေက အရင်က မလုပ်ဘူးခဲ့တဲ့ ဖိအား ပေးတာမျိုးတွေကို ထူးထူးခြားခြား လုပ်ခဲ့ကြတာပါ။” - လို့ ပြောခဲ့တာပါ။ အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက သီးသန့် ဆွေးနွေးပွဲမှာ မြန်မာကို ဖိဖိစီးစီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အားလုံးလိုလိုက ဒီတခေါက်မှာတော့ မြန်မာပြည်ဆိုင်ရာ အပြောင်းအလဲတွေကို တကယ်ပဲ လိုလားကြတယ် ဆိုတဲ့အကြောင်း တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေချင်တဲ့ အကြောင်းတွေ ပြောဆိုခဲ့ကြလို့ မြန်မာ စစ်အစိုးရ အနေနဲ့ အာဆီယံရဲ့ ဖိအားကို သတိထား ရပါတော့မယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းထောက် လယ်ရီ ဂျေဂင် က ပြောပါတယ်။

Read More...

နေ့စဉ်သတင်းများ (၂၃ - ၇ - ၁၀)

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပ သတင်း
ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ မျှော်လင့် သတင်း
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကို သံဃာ့တပ်ပေါင်းစုက မေတ္တာရပ်ခံ သတင်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို ရှုတ်ချပြောဆို သတင်း
နအဖ ရွေးကောက်ပွဲဥပဒေကို ကလင်တန်က ပြစ်တင်ရှုတ်ချ သတင်း
မြန်မာအစိုးရ ပြောင်းလဲသင့်ကြောင်း အိန္ဒိယက ပြောသင့် သတင်း
စစ်အစိုးရခေါင်းဆောင် အိန္ဒိယခရီးစဉ်အတွင်း နိုင်ငံတကာရဲ့စိုးရိမ်မှု အမှာစကားတွေ ပါးစေလို သတင်း
စစ်အစိုးရရွေးကောက်ပွဲ ထင်သာမြင်သာရှိဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် တိုက်တွန်း သတင်း
မြန်မာနိုင်ငံအပေါ် အာဆီယံ ဖိအား ပြင်းထန် သတင်း
အိုဘားမားရဲ့ မြန်မာနိုင်ငံမူဝါဒကို ပင်ညဲရိုး ဝေဖန် သတင်း
မြန်မာ့အရေးမှာ အိုဘားမား၏ ရှုံးနိမ့်မှု သတင်း
အမေရိကန်ရဲ့ မြန်မာပေါ်လစီ မအောင်မြင် သတင်း
မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန်က ထောက်ခံမဲဖြင့် အတည်ပြု သတင်း
မဲခေါင်မြစ်အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေး အမေရိကန်က ဒေါ်လာ (၁၈၇) သန်း ကူညီ သတင်း
ကချင်ပြည်နယ် ချီဖွေရေကာတာစီမံကိန်းတွင် တောင်ပြိုကျမှုဖြစ်ပွား သတင်း
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို သတင်း
ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ သတင်း
ဒီကေဘီအေက ဖမ်းဆီးထားသည့် ဓားစာခံများကို ငွေပေးမှ ပြန်လွှတ်မည် သတင်း
ပြည်သူများကို ငွေချေးပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ရန် စည်းရုံး သတင်း
ဖားကန့်မှာ လူနေအိမ်အချို့ ရေထဲမျောပါ သတင်း
မြ၀တီ-မဲဆောက်တံတား ပိတ်မှုကြောင့် စီးပွားရေးသမားများ အခက်တွေ့ သတင်း
နည်းပြတက္ကသိုလ်ဆရာမကို စစ်သားတဦး ကြံစည်၊ ကျောင်းသားများ မကျေနပ် သတင်း
ရေနံလက်ယက်တွင်းများကို မယက က လစဉ်ကြေး တိုးမြှင့်ကောက်ခံ သတင်း
ဇမ္ဗုပတိချွတ်ခန်း မင်းဝတ်ဆင်းတုတော်များ (ဆောင်းပါး)
ဘုန်းကြီးဘရေ လာလိမ့် (ဆောင်းပါး)
အမေရိကန် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား လက်တုံ့ပြန်မည် သတင်း
စစ်အစိုးရဖိနှိပ်မှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ သတင်း
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ သတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အလုပ်အမှုဆောင်စာရင်းများ သတင်း
တသီးပုဂ္ဂလ အမတ်လောင်းအချို့ကို ကြံ့ဖွံ့ပါတီ စည်းရုံးနေ သတင်း
USDP ကြိုတင် မဲစာရင်းများကောက် သတင်း
ရှမ်းပြည်နယ်အတွက် ဘယ်သူက လုပ်ပေးမလဲ (အင်တာဗျူး)
နိုင်ငံရေးဒုက္ခသည်များ အမေရိကန်သွားခွင့် ဆိုင်းငံ့မှု ရုပ်သိမ်း သတင်း
အမေကို လွမ်းကြသူများ (ဆောင်းပါး)

Friday, July 23, 2010

ကြံ့ဖွံ့ပါတီက အမျိုးသမီးရေးရာကို သိမ်းပိုက်ကြောင်း BBC ကို သတင်းပေး

မိုးမခအထောက်တော် အမှတ် ၀၀၈
ဇူလိုင် ၂၃၊ ၂ဝ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မကြာသေးမီက ဖျက်သိမ်းလိုက်သည်ဟု ဆိုသော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ အသင်းဝင်များ၊ အသင်းပိုင်ပစ္စည်းများကို ရရှိသွားသည်ဟု BBC မြန်မာဌာနက ကြာသပတေးနေ့ညတွင် ထုတ်လွှင့်သွားသည်။

အမျိုးသမီးရေးရာသည် ကြံ့ဖွံ့အသင်း နည်းတူ ယခုလ ၆ ရက်နေ့က လူမသိ သူမသိ ဖျက်သိမ်းခဲ့သည်ဟု BBC က ကြံ့ဖွံ့ ပါတီလူကြီး တဦးကို ကိုးကားပြီး ထုတ်လွှင့်ခဲ့သည်။

ဤအသင်းကြီးများ ဖျက်သိမ်းသည့် သတင်းကို BBC သတင်းဌာနကသာ ဦးစွာ ရရှိခဲ့ကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်ကြီးတို့သည် “BBC ရန်တိုက်ပေးနေသည်၊ - - လေလှိုင်းသံ လူသတ်သမား၊ နားမယောင်လေနဲ့ သတိထား” ဟု သတင်း စာမျက်နှာဖုံးတွင် နေ့စဉ် ကြွေးကြော် နေသော်လည်း ၎င်းတို့၏ ထူးခြားသည့် အပြောင်းအလဲကြီးများနှင့် ပတ်သက်၍ ပြန်ကြားရေး လုပ်ဆောင်ရာတွင် BBC သတင်းဌာနကိုသာ အားကိုး နေရကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်ကြီးတို့၏ အသင်းကြီး ၂ ခု ပူးပေါင်းပြီး ကြံဖွံ့ပါတီကို တည်ထောင်လိုက်သဖြင့် ထိုပါတီသည် လူအင်အား၊ ပစ္စည်း ပိုင်ဆိုင်မှု အင်အား မည်သူမျှ မယှဉ်နိုင်သည့် အခြေအနေသို့ ရောက်သွားသည်။

Read More...

နေ့စဉ်သတင်းများ (၂၂ - ၇ - ၁၀)

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမည်ဟု နအဖ၀န်ကြီး ပြော သတင်း
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ပါဝင်ခွင့် ဂျပန်အစိုးရ ထပ်မံတောင်းဆို သတင်း
စစ်အစိုးရကို ဒဏ်ခတ်မှု သက်တမ်းတိုးရေး အထက်လွှတ်တော် အတည်ပြု သတင်း
မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီးယားသတင်း အမေရိကန် စိုးရိမ် သတင်း
မြောက်ကိုရီးယားနှင့် ဆက်ဆံရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သတိပေး သတင်း
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို သွားမည် သတင်း
ထိုင်းဝန်ကြီးချုပ် အဖိဆစ် မြန်မာနိုင်ငံခရီးစဉ် ထပ်မံရွှေ့ဆိုင်း သတင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြိုဆိုမည့် အိန္ဒိယအစိုးရကို လူ့အခွင့်အရေးအဖွဲ့ ဝေဖန် သတင်း
အဖွဲ့ချုပ် ပဲခူးတိုင်းကို ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက တွေ့ဆုံဆွေးနွေး သတင်း
အိုင်အယ်လ်အို အလုပ်ရုံဆွေးနွေးပွဲကို ကွန်ယက်အဖွဲ့ဝင်များ တက်ခွင့်ရ သတင်း
ကိုဖြိုးဝေအောင်အမှုအတွက် တရားလိုကို ပထမဦးဆုံးအကြိမ်အဖြစ် အမှုစစ်ပြီ သတင်း
ထောင်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်ပေးရန် တောင်းဆို သတင်း
မြန်မာရွေးကောက်ပွဲ ဂျပန် စိုးရိမ် သတင်း
စစ်အစိုးရ၏ ရွေးကောက်ပွဲမူဝါဒ ပြောင်းလဲဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း သတင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ရန် အခက်တွေ့ သတင်း
နိုင်ချေမရှိသည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာပြည်မှ အမျိုးသမီး (၃) ဦး သတင်း
ကရင်နီပြည်ရှိ ရွေးကောက်ပွဲကော်မရှင်များအား အချိန်အကန့်အသတ်မရှိ အစည်းအဝေးဆင့်ခေါ် သတင်း
အမျိုးသမီးရေးရာအဖွဲ့လည်း ကြံ့ခိုင်ရေးပါတီထဲရောက် သတင်း
ကြံ့ဖွံ့ပါတီက အမျိုးသမီးရေးရာကို သိမ်းပိုက်ကြောင်း BBC ကို သတင်းပေး သတင်း
စစ်တပ်ထဲတွင် မှီခိုသူမိသားစုဝင်များကို ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ၀င်ခိုင်း သတင်း
ပြည်သူတွေ ကြံ့ခိုင်ရေးကို မဲမပေးချင် သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို သတိပေးဖို့ ကော်မရှင်ကို တိုက်တွန်း သတင်း
ကြံ့ဖွံ့လူမှုရေးအသင်းသစ်ရုံးများ ထပ်ဖွင့်တော့မည် သတင်း
လိုင်စင်မဲ့ယာဉ်များ နေပြည်တော်ရဲများမှ လာရောက်သိမ်းဆည်း သတင်း
မဲဆောက်-မြ၀တီတံတားကို မကြာခင် ဖွင့်လှစ်ရန် ထိုင်းဝန်ကြီးချုပ် မျှော်လင့် သတင်း
မြန်မာအလုပ်သမားများကို ယာဉ်မောင်းလိုင်စင် ထုတ်မပေးရန် ဆန္ဒပြ သတင်း
ဖားကန့်ဒေသတွင် ရေလွှမ်း သတင်း
သံဃာအပါး (၁၀၀) ကျော် ၀ါဆိုရန် အခက်တွေ့ သတင်း
ဒု-၀န်ကြီး လက်မှတ်ထိုးမှ သံဃာများ ပြည်ပထွက်ခွင့်ရ သတင်း
ဗိုလ်ချုပ်ရဲမြင့် ကမ်းလှမ်းချက် ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေး ငြင်းဆန် သတင်း
စစ်တပ်မှ ထုတ်ပြီးသူအား စစ်သင်တန်းသို့ ပြန်ဖမ်းပို့ သတင်း
လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား သတင်း
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ သတင်း
ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေဖြင့် မြန်မာကို အထောက်အကူများ အပြည့်အဝ ပေး မည်မဟုတ် သတင်း
ကျားဖြူပါတီ မိုးနဲမြို့နယ် ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရ ဒေသခံလူထု တက်ကြွစွာပါဝင် သတင်း
စစ်အစိုးရ ထောက်ပံ့ငွေဖြင့် UDPKS မှ ကချင်လူထုကို မဲဆွယ်စည်းရုံးနေ သတင်း
ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး သတင်း
နည်းလမ်းစုံ သုံးစွဲနေတဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရေး နည်းဗျူဟာ သတင်း
လူထု (၇၇) ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော သတင်း
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင် သတင်း
ဆိုမာလီဓားပြများလက်မှ မြန်မာသင်္ဘောသားများ လွတ်မြောက် သတင်း
ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ သတင်း
ဗိုလ်ချုပ်၏ ရွေးကောက်ပွဲအမြင်နှင့် ၂၀၁၀ ရွေးကောက်ပွဲ (အာရ်အက်ဖ်အေ စကားဝိုင်း)
မြန်မာလူငယ်များ ပညာချွန်နိုင်ကြစေ (ဆောင်းပါး)
ကိုဆိုဗို လွတ်လပ်ရေးကြေညာချက် နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီ သတင်း
ဒက်စ်မွန်တူးတူး အနားယူပြီ သတင်း
တရားရုံးချုပ်က ထပ်စင်ရဲ့ပစ္စည်းပိုင်ဆိုင်မှုတွေ သိမ်းတာကို ပြန်သုံးသပ်မယ် သတင်း

Thursday, July 22, 2010

PDC News Commentary -July 2010.PDF (Eng)

July 22, 2010


PDC News Commentary -July 2010.PDF (Eng)

ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ

Wednesday, July 21, 2010

ဦးဝင်းထိန်သည် စစ်တက္ကသိုလ် အပတ်စဉ် ၅ သင်တန်းဆင်း ဗိုလ်ကြီးဟောင်း တဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက် ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၈၈-၈၉ နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အထက် မြန်မာပြည်၊ အောက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ် များတွင် ပါဝင်ခဲ့သည်။ ဦးဝင်းထိန်ကို ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက စတင် ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ထောင်ထဲတွင် အနှစ် ၂၀ ကျော်နေခဲ့ရသည်။ ကသာထောင်မှ နေ၍ ဇူလိုင် ၁၅ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးဝင်းထိန်ကို ဧရာဝတီ သတင်းထောက် စိုင်းဇွမ်ဆိုင်းက ဆက်သွယ် မေးမြန်း ထားသည်များကို ဖော်ပြ လိုက်ပါသည်။

မေး။ ။ ဦးဝင်းထိန် အခု မီဒီယာတွေမေးတာ တော်တော် ဖြေနေရမယ် ထင်တယ်။

ဖြေ။ ။ ဖြေရတာကတော့ အပ်ချည် တစကို ဆွဲထုတ်သလို ဖြစ်နေတာပေါ့။ ကျနော့် မိန်းမကတော့ လုံးဝ သဘော မတူဘူး။

မေး။ ။ ထောင်ထဲမှာ နေခဲ့ရတုန်းက ကြုံခဲ့ရတဲ့ အနေအထား၊ အစားအသောက်တွေ၊ ဆေးဝါးတွေ ရရှိမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။ ၁၉၈၉ ကနေပြီး ၉၅ အထိက အဲဒါ ၅ နှစ်ခွဲ၊ ၉၆ ကနေပြီးတော့ မကြာသေးခင်က အထိ ၁၄ နှစ်နဲ့ ၂ လ ထောင်ထဲမှာ နေခဲ့ရတယ်။ မြင်းခြံထောင်မှာ၊ မန္တလေးထောင်မှာ၊ မိတ္ထီလာထောင်မှာ နေခဲ့ရတယ်။ နောက်ဆုံးလွှတ်လိုက် တာကတော့ ကသာ ထောင်ကပေါ့။ ထောင်ထဲမှာကတော့ အမျိုးမျိုး ကြုံခဲ့ရတာပဲ။ စောစောပိုင်းက ဆိုရင် ထမင်း မဝတာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ ကိုယ်ကတော့ အဲဒီ မဝတဲ့ ဒဏ်ကို ခံခဲ့ရပြီး ထိခဲ့တာပေါ့။ နောက်ပိုင်းတော့ အဲဒီပြဿနာ မရှိတော့ပါဘူး။ ကိုယ်ကလည်း အစားသောက် များများ မစားတော့ ပြဿနာ သိပ် မရှိဘူး။ နှိပ်စက်တာတို့ ဘာတို့တော့ အခုနောက်ပိုင်း သူတို့ သိပ် မလုပ်ကြတော့ဘူး။ နည်းနည်း ပညာ ပြတာလေးလောက်ပဲ ရှိတာပေါ့။ ထူးထူးခြားခြားတော့ သူတို့ သိပ်မလုပ် ကြတော့ဘူး။ အပေါ်ကလည်း တားတယ်နဲ့ တူပါတယ်။

မေး။ ။ ဘယ်အချိန်လောက်အထိ အဲဒီလို နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိခဲ့ပါသလဲ။

Read More...

နေ့စဉ်သတင်းများ (၂၁ - ၇ - ၁၀)

ရွေးကောက်ပွဲ ကျင်းပမည့်ရက် မသိသေးဟု ဦးဉာဏ်ဝင်း ပြော သတင်း
တပ်တွင်းလက်နက်တိုက် ပေါက်ကွဲမှု ဒေသခံများ ဖမ်းဆီးခံနေရ သတင်း
နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေး မိသားစုစိုးရိမ်နေရ သတင်း
တံတားပြန်ဖွင့်ရေး ဆွေးနွေးရန် ထိုင်းအဖွဲ့ မြန်မာသို့ သွားမည် သတင်း
မြန်မာ့သစ်များကို ဖမ်းဆီးသဖြင့် တက်ကနက် ကုန်သွယ်ရေးဆိပ်ကမ်းတွင် (၁၈) နာရီကြာ ဆန္ဒပြပွဲ ပေါ် ပေါက် သတင်း
နိုင်ငံ့ဘဏ်ဝန်ထမ်းများ အလုပ်မထွက်ရေး အကျပ်ကိုင် သတင်း
ရွှေတိဂုံ အရှေ့ဘက်မုခ် ကျောင်းတိုက်တချို့ ဖယ်ပေးရမည် သတင်း
စစ်တပ်နှင့်ပတ်သက်သည့် ပါတီကို မဲထည့်ရန် ဒု-ပညာရေးဝန်ကြီး ပြော သတင်း
၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် အိန္ဒိယ ရေငုံနှုတ်ပိတ်ဖွယ်ရှိဟု အတိုက်အခံများ ပြော သတင်း
မဲဆွယ်စည်းရုံးရေး သီချင်းများ လွှင့်ရန် USDP စီစဉ် သတင်း
၂ဝဝ၈ ဖွဲ့စည်းပုံကို ဝေဖန်သဖြင့် The Voice (၂) ပတ် ရပ်ဆိုင်းခံရ သတင်း
ကုလအေဂျင်စီများမှ မြန်မာ့ဒုက္ခသည်များကို အကြောင်းပြု၍ ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ (၃၃) သန်းတန် စီမံကိန်းတခု ချီးမြှင့်မည် သတင်း
ကချင်ပြည်နယ်တွင်း ဧရာဝတီရေကြီးမည့် အခြေအနေ ရောက်နေ သတင်း
စစ်အစိုးရမှ အခွန်မရ၍ ထိုင်း-ကရင်နီ နယ်စပ်လမ်း ပိတ်မည်ဟုဆို သတင်း
တာချီလိတ်၌ ပုံစံ (၁၀၅) မြေဂရမ် လုပ်ခိုင်းသဖြင့် ဆောက်လုပ်ဆဲ အိမ်သစ် (၅၀) ကျော် ရပ်ထားရ သတင်း
မိုင်းကုတ်-ထိုင်းနယ်စပ် ကျောက်မီးသွေးသယ်မည့် ကားလမ်းသစ်စီမံကိန်း ကန့်ကွက်ရန် ဒေသခံလူထု စည်းဝေး သတင်း
လိုင်စင်မဲ့ကားများကို လိုင်စင် တထိုင်တည်းအပြီး ဆောင်ရွက်ပေးမည် သတင်း
ရွှေလီ လျှပ်စစ်မီး ဒေသခံများအတွက် အဆင်မပြေ သတင်း
နိုင်ငံတဝှမ်း သဘာဝသစ်တောနေရာ တိုးချဲ့သတ်မှတ်ရန် လျာထား သတင်း
တောဆင်ရိုင်း နင်းသတ်၍ စံပြကျေးရွာသားတဦး သေဆုံး သတင်း
လမ်းဘေးဈေးသည် စီမံချက် မအောင်မြင် သတင်း
ဒီနှစ်အတွင်း တရုတ်ရေလွှမ်းမိုးမှု သေဆုံးသူ (၇၀၀) ကျော်ရှိ သတင်း
ထပ်စင် ခိုလှုံခွင့်နှင့် သံခင်းတမန်ခင်း ဆက်ဆံရေး သတင်း
ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ (ဦးဝင်းထိန်နှင့် အင်တာဗျူး)
ပြဿနာများကို မည်သို့စဉ်းစားမည်နည်း (ဆောင်းပါး)

Wednesday, July 21, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ


၂၀၁၀ ရွေးကောက်ပွဲဥပဒေအပြင်က အင်န်အယ်ဒီပါတီ

မိုးမခ
ဇူလိုင် ၂၀၊ ၂၀၁၀


၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်တဲ့ အင်န်အယ်ဒီ ပါတီဟာ မတ်လ ၂၉ နောက်ပိုင်းမှာ မိမိ ရပ်တည်ချက်ဖြင့် မိမိ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နိုင်သေးရဲ့လား ဆိုတဲ့ မေးခွန်း …


ကျနော်တို့ကတော့ ပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြန်လည် ထိတွေ့တာ၊ တွေ့ဆုံ ဆွေးနွေးတာ၊ ခရီးတွေ ထွက်တာ၊ အဲသည်လိုမျိုး လည်ပတ်မှုတွေ ပိုပြီး လုပ်နေရတယ်။ အဲတာတွေနဲ့ အလုပ်တွေ များနေတယ်လို့ ပြောရင် ရတယ်။ အထူးသဖြင့်ကတော့ အရင်တုံးကထက် ပိုပြီးတော့ ပါတီက ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေဟာ နယ်တွေ၊ ဒေသတွေကို ပိုပြီး ခရီးတွေ သွားဖြစ်လာတယ် လို့ ဆိုရမယ်။


၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ဆက်လက်မပြုလုပ်တဲ့ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရရဲ့ လက်ရှိဥပဒေများအရ နိုင်ငံရေး ပါတီတရပ်လို့ မသတ်မှတ်နိုင်တော့တဲ့ အတွက် ဒီဖက်ကာလတွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ တားမြစ် ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရပြီလား …


အခုအချိန်မှာတော့ဖြင့် သူတို့က ဘယ်လိုလုပ်လာမလဲဆိုတာကို မတွေ့ရသေးပေါ့ဗျာ။ သူတို့ဘောင်ထဲက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက အသံဗလံလေးတွေ ထွက်လာနေတော့ နှစ်ဖက် ရန်ဖြစ်နေရမှာ စိုးလို့လား ဘာလားတော့ မသိဘူးပေါ့။ အကန့်အသတ်တွေ လုပ်လာတာမျိုးတော့ မတွေ့ရဘူး။ စောင့်တော့ ကြည့်နေတာ တွေတော့ ရှိတာပေါ့။ လူထုနဲ့ ထိတွေ့မှုဟာ ယခင်ကထက် ပိုမိုပြီး ရှိလာတယ်လို့ ပြောချင် ပြောလို့ရတယ်။


လူထုနဲ့ ထိတွေ့မှုတွေ ပိုပြီး ရှိလာတယ် ဆိုတာက ဘာတွေများပါလဲ။


နေရာ ဒေသနဲ့ အောက်ခြေက ပါတီဝင်တွေ၊ လူတွေနဲ့ ပိုပြီး ထိတွေ့မှုတွေ လုပ်လာနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာနိုင်တယ်။ လူကြီးတွေကလည်း ခရီးတွေ ထွက်ပြီးတော့ လူငယ်တွေ၊ အခြေခံ အဖွဲ့တွေနဲ့ တွေ့ကြ ဆုံကြတာမျိုး လုပ်လာတယ်။ တလောက ကရင်ပြည်နယ် သွားတယ်၊ မော်လမြိုင် သွားတယ်။ ရခိုင်သွားဖို့လည်း လုပ်နေတယ်။ ကချင်တို့ ချင်းတို့လည်း သွားပြီးပြီ၊ မန္တလေးတို့၊ စစ်ကိုင်းတို့ အပါအ၀င်ပေါ့ကွာ။ ရှမ်းပြည်လည်း တောင်ပိုင်း မြောက်ပိုင်းလည်း သွားတယ်။ မကြာခင် တနလာင်္ရီဘက်ကို သွားကြမယ်။

အဓိကရှင်းလင်းရတဲ့ မေးခွန်းတွေ ဆွေးနွေးချက်တွေက ဘာလဲ။

Read More...

နေ့စဉ်သတင်းများ (၂၀ - ၇ - ၁၀)

ထိုင်း-မြန်မာ နယ်စပ်တံတား ဆက်တိုက်ပိတ်၊ ကုန်ဈေးနှုန်းတက် သတင်း
နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ထိုင်းဝန်ကြီး မြန်မာပြည် သွားမည် သတင်း
ကိုဇာဂနာအား ထောင်ဝင်စာတွေ့ခွင့် မရသေးပါ သတင်း
နိုင်ငံရေးစာအုပ် တွေ့ရှိမှုဖြင့် ကလေးငယ်တဦး အဖမ်းခံရ သတင်း
ရေကာတာသည် ရေဒါစခန်းတိုးချဲ့ရေး ဖြစ်နိုင်ကြောင်း စောင့်ကြည့်သူများ သုံးသပ် သတင်း
ပြည်သူ့စစ်ဖွဲ့ရေး နှောင့်နှေးနေသည့် သျှမ်းတပ်အပေါ် တိုင်းမှူး ဒေါသထွက် သတင်း
အာဏာပိုင်များက စစ်တွေတွင် အဓိကရုဏ်းများ ဖန်တီးနိုင် သတင်း
စစ်အစိုးရတပ်မှ ပေါ်တာဖမ်းထားသော မွန်ပြည်သစ် အရန်တပ်သားများ ပြန်လွတ်လာ သတင်း
ဖမ်းဆီးပြန်ပို့ခံရသူများ၏ လုံခြုံရေးကို အလေးထားရန် ထိုင်းဝန်ကြီးချုပ်ကို တောင်းဆို သတင်း
လာဘ်စားမှုကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေး မအောင်မြင် သတင်း
စက်မှု (၁) ၀န်ထမ်းများ ရှေ့ရေး ရေရာမှုမရှိ သတင်း
စွမ်းအင်ဝန်ကြီးဌာန ရုံးချုပ် အေးရှားဝေါလ်ကို လွှဲပြောင်း သတင်း
စာရေးဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်များ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များရဲ့ အာဇာနည်နေ့ လှုပ်ရှားမှုများ (ဓာတ်ပုံမှတ်တမ်း)
အာဇာနည်နေ့ အခမ်းအနား ရခိုင်က မြို့တချို့တွင် ပြုလုပ် သတင်း
ဂျာနယ်များ ရပ်နားကြောင်း တင်ပြရ သတင်း
ကြံ့ဖွံ့ပါတီ မဲပေးရေး လမ်းခင်း စည်းရုံး သတင်း
ဦးဝင်းတင်နဲ့ မေးခွန်းများ - ၂၀၁၀ ရွေးကောက်ပွဲဥပဒေအပြင်က အင်န်အယ်ဒီပါတီ (အင်တာဗျူး)
မြန်မာလူမျိုး ပထမဦးဆုံး ဆရာဝန် (မွန်အမျိုးသား ဒေါက်တာရှောလူး) (ဆောင်းပါး)
ရန်ကုန်-နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည် သတင်း
မဲဆောက်ရှိ မြန်မာစာသင်ကျောင်း ထမင်းစားဆောင် ပြိုကျ သတင်း
ပျော့ဖက်စက်ရုံ ဓာတုစွန့်ပစ်ပစ္စည်းများ၏ ဆိုးကျိုး ဒေသခံများ ခံစားနေရ သတင်း
ပေါင်းဆန်စက်ရုံတခု တောင်ကုတ်မြို့တွင် တည်ဆောက်နေ သတင်း

Tuesday, July 20, 2010

အာဇာနည်နေ့၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်သန်းရွှေ နဲ့ ဒီကနေ့ တပ်မတော်

VOA
ဇူလိုင် ၁၉၊ ၂၀၁၀

“ - - - -ဗိုလ်လောင်းပစ္စည်း အဟောင်း အမျဉ်းတွေ ထားတဲ့ စတိုးခန်းကြီးတွေမှာ၊ ပစ္စည်း အဟောင်းပုံတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ တွေ့ခဲ့တဲ့နေ့က စပြီး ကျနော် စိတ်မကောင်း ဖြစ်မိတာပါ - - -”

မြန်မာနိုင်ငံရဲ့ လက်ရှိ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို မှေးမိန် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နေတာနဲ့ ပတ်သက် ပြီး၊ ခေတ်သစ် မြန်မာ့ တပ်မတော်ကို စတင် တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့၊ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဇော အပါအ၀င် တခြား တပ်မတော်အရာရှိ ဟောင်းတွေနဲ့ ဗီအိုအေ ၀ိုင်းတော်သား ဦးရော်နီညိမ်း မေးမြန်း ဆွေးနွေးထားတာကို၊ ဗီအိုအေ မြန်မာပိုင်းက မနှစ်က အာဇာနည်နေ့မှာ "မြန်မာ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း" ကဏ္ဍ ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီနှစ် ဇူလိုင်လ(၁၉) ရက်နေ့မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာ၊ ဒီ အစီအစဉ်ကို ပြန်ပြီး ထုတ်လွှင့် လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာနဲ့ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်တွေဟာ ဒီကနေ့ မြန်မာနိုင်ငံမှာ အစီအစဉ်ရှိရှိနဲ့ မှေးမှိန် ပျောက်ကွယ် သွားအောင် လုပ်ဆောင်ခြင်း ခံနေ ကြရပါပြီ။ အထူးသဖြင့် ဒီကနေ့ မြန်မာ့ တပ်မတော်မှာ ဗိုလ်ချုပ် အောင်ဆန်းကို ဘယ်လို အခန်းကဏ္ဍမှာ ထားရှိနေကြတယ် ဆိုတဲ့ အကြောင်းအရာကို ဗမာ့ တပ်မတော် ရဲ့ ခေတ်ဦး၊ ခေတ်လယ်၊ လက်ရှိ ခေတ်တွေကို ဖြတ်သန်းခဲ့တဲ့ တပ်မတော် အရာရှိဟောင်းတွေနဲ့ ကျနော်ဆက်သွယ် ဆွေးနွေးထားပါတယ်။ ပထမဦးဆုံးတော့ ဗမာ့တပ်မတော်ကို စတင် တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဇောကို ကျနော် ဆက်သွယ်ခဲ့ပါ တယ်။ ဗိုလ်ချုပ် အောင်ဆန်းအပေါ် သူ့ရဲ့ သဘောထား၊ ယုံကြည်ချက်နဲ့ ထင်မြင်ချက်၊ အာဇာနည်နေ့ အပေါ် သူ့ရဲ့အမြင်တွေကို အသံဖိုင်နဲ့ ပေးပို့ထားပါတယ်။ အရင်ဆုံး ဗိုလ်ချုပ် ကျော်ဇော ပြောဆိုတာကို နားထောင် ကြရအောင်ပါ။

Read More...

အဖြေမရသေးသော မေးခွန်းများ

Monday, July 19, 2010

အောင်ဆန်းကို ဘယ်သူ သတ်သလဲ စာအုပ် ရေးသားသူ ဦးခင်အောင်နှင့် အင်တာဗျူး

Who Killed Aung San? စာအုပ်ကို ရေးသားပြုစုသူ ဦးခင်အောင်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး ကော်မတီ (သြစတြေးလျ) တွင် ၁၉၈၈ မှ ၁၉၉၂ အထိ ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံတကာဆိုင်ရာ ကော်မတီ၏ ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ တွင် အမျိုးသားညွန့်ပေါင်း အစိုးရ၏ သြစတြေးလျဆိုင်ရာ ကိုယ်စားလှယ်လည်း ဖြစ်သည်။

ဦးခင်အောင်၏ ဖခင်မှာ ဗိုလ်ချုပ် (ရဲချုပ်) ဦးထွန်းလှအောင် ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံ ခံရစဉ်က ဘုရင့် ရဲတပ်ဖွဲ့ဝင်နှင့် မှုခင်း စုံစမ်းရေး ဌာန၏ ဒုရဲချုပ်ဖြစ်သည်။ ဦးစောနှင့် အပေါင်းအပါများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့သူလည်း ဖြစ်သည်။ ဦးခင်အောင်သည် ဗမာ့ လွတ်လပ်ရေး တပ်မတော်နှင့် ဗမာ့ ရေတပ်မတော်တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ စစ်ပြီးခေတ်တွင် ပင်လယ်ကူး သင်္ဘောကုမ္ပဏီ တခု၌ အလုပ် လုပ်ကိုင်ခဲ့သည်။ အမေရိကန်တွင် ၁၂ နှစ်ကြာ နေထိုင် ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် ၁၉၈၃ မှစ၍ အခြေချ နေထိုင်သည်။

ဦးခင်အောင်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံ ခံရမှုကြီးတွင် ပါဝင်ခဲ့သူ တချို့နှင့် ပတ်သက်၍ လည်းကောင်း၊ ဖြစ်ပျက်ခဲ့သော အခြေအနေ အရပ်ရပ်နှင့် လည်းကောင်း ကိုယ်တိုင် အတွေ့အကြုံ ရှိခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရချိန်တွင် ဦးခင်အောင်သည် အတွင်းဝန်ရုံးနှင့် မျက်နှာချင်းဆိုင် တဖက်ကမ်းရှိ ရေတပ် ကမ်းနားဌာနချုပ် ပြုလုပ်ထားသော စိန့်ပေါလ် ကျောင်းဝင်းတွင် ရေတပ် အရာရှိ တဦးအဖြစ် တာဝန်ကျနေသည်။ ဗြိတိသျှ မော်ကွန်းတိုက်ရှိ အထောက်အထားများနှင့် စာအုပ် စာတမ်းများကို လေ့လာ၍ Who Killed Aung San? စာအုပ်ကို ရေးသား ပြုစုခဲ့သည်။ လုပ်ကြံမှု ဖြစ်ပွားစဉ်က ဗိုလ်ချုပ် အောင်ဆန်း၏ ဘေးတွင် ကပ်ထိုင်နေခဲ့ပြီး ကျည်ဆန် ချော်ထွက် သွားသောကြောင့် အသက် မသေခဲ့သည့် ဦးခင်အောင်၏ ဦးလေးဖြစ်သူ ဦးရွှေဘော် ကိုယ်တိုင် ပြန်ပြောပြခဲ့ခြင်းက ဤ စာအုပ် ရေးသားရန် လှုံ့ဆော်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်ဟု စာအုပ် အမှာတွင် ရေးသားထားသည်။ သြစတြေးလျတွင် နေထိုင်လျက် ရှိသော ဦးခင်အောင်ကို ဧရာဝတီ တာဝန်ခံ အယ်ဒီတာ ကျော်စွာမိုးက မေးမြန်းထားပါသည်။

မေး ။ ။ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖြတ်တဲ့ နေရာမှာ ဘာကြောင့် ဗြိတိသျှက အဓိက ပါနေတယ်လို့ သုံးသပ် ရပါသလဲ။

Read More...

နေ့စဉ်သတင်းများ (၁၉ - ၀၇ - ၁၀)

အာဇာနည်နေ့ ဒို့မမေ့ သတင်း
အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ သတင်း
အာဇာနည်နေ့ အထိမ်းအမှတ် အလံတဝက် လွှင့်ထူရန် ပျက်ကွက် သတင်း
အာဇာနည်ဗိမာန်သို့ နိုင်ငံရေးပါတီများ ခွဲခြား၍ တက်ရောက်ခဲ့ရ သတင်း
(၆၃) ကြိမ်မြောက် အာဇာနည်နေ့ သတင်းယူခွင့် ကန့်သတ်ခံရ သတင်း
အာဇာနည်နေ့ ရန်ကုန်လုံခြုံရေး တင်းကျပ်စွာချ သတင်း
အာဇာနည်နေ့ဆိုင်ရာ စာပေများ ဖော်ပြခွင့်မရ သတင်း
ဦးတင်ဦး နေအိမ်၌ အာဇာနည်နေ့ အခမ်းအနား ကျင်းပ သတင်း
သမဂ္ဂဖော်ဆောင်ရေးအဖွဲ့ အပါအ၀င် အဖွဲ့ (၅) ဖွဲ့ အာဇာနည်ဗိမ္မာန်သို့ တက်ရောက် အလေးပြု သတင်း
လက်ရှိစစ်အုပ်စုလမ်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ် ကွဲပြား သတင်း
စစ်အစိုးရလက်အောက် ပျောက်ကွယ်မှေးမှိန်လာတဲ့ အာဇာနည်နေ့ (ဒီမိုကရေစီရေးရာ)
၂၀၁၀ ရွေးကောက်ပွဲ မြန်မာ့လူထုဆန္ဒ မဖော်ပြနိုင်ဟု ဗြိတိန် ဝေဖန် သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒုတိယအကြိမ် အိန္ဒိယနိုင်ငံသို့ သွားမည် သတင်း
ဝ တပ်သားတစ်ဦး သေဆုံးသွားသော ပစ်ခတ်မှုသည် နအဖစစ်တပ်က သွေးတိုးစမ်း နေခြင်းလော သတင်း
ဝန်ကြီး ပြောဆိုချက် အခြေအမြစ်မရှိဟု ဒေါက်တာတူးဂျာ တုံ့ပြန် သတင်း
ကချင်ပါတီ ခွင့်ပြုချက် မကျသေး၊ ပါတီလုပ်ငန်းများ ဆောင်ရွက်နိုင်ဟု ဆို သတင်း
ကြံ့ဖွံ့ပါတီက အခြားပါတီများအား ရှုတ်ချ၍ ပြောဆိုစည်းရုံး သတင်း
အစိုးရက လက်သိပ်ထိုးရောင်းနေသည့် မြေကွက်စာရင်း ပျံ့နှံ့ သတင်း
ယုဇနကုမ္ပဏီကို တရားစွဲရန် တောင်သူများ ပြင်ဆင်နေ သတင်း
ရွှေ့ပြောင်းအလုပ်သမားများအရေး ထိုင်းဝန်ကြီးချုပ်ထံ စာပို့ သတင်း
မှတ်ပုံတင်လုပ်ပေးခြင်းမရှိသည့်အတွက် သွားလာရေး အခက်တွေ့ သတင်း
သိမ်းဆည်းခံရသည့် အိမ်နှင့် လယ်မြေများ လျော်ကြေးမရ သတင်း
ရခိုင်ရေဘေးအတွက် ဂျပန် ALD အကူအညီများပေးရန် စီစဉ် သတင်း
မြန်မာသို့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပထမဆုံး ဘင်္ဂလာ အာလူး တင်ပို့ သတင်း
အာဇာနည်နေ့၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်သန်းရွှေနဲ့ ဒီကနေ့ တပ်မတော် (အင်တာဗျူး)
အဖြေမရသေးသော မေးခွန်းများ (အင်တာဗျူး)
သတင်းထောက်တဦး၏ ဒိုင်ယာရီ (သို့) ၁၉၄၇ ခုနှစ်၊ ဇူလိုင် (၁၉) ရက် နေ့စဉ်မှတ်တမ်း (ဆောင်းပါး)
၂၀၁၀ အာဇာနည်နေ့မြင်ကွင်း (ဆောင်းပါး)
မန္တလေး ၁၃ဝဝ - ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် (ဆောင်းပါး)
အချို့လူသားကား အိုလေဂုဏ်ပြောင်လေဟု ဆိုအပ်၏ (ဆောင်းပါး)
ခင်ဗျားတို့ရဲ့ အခြေအနေနဲ့ ခင်ဗျားတို့ရဲ့ အဖြေ (ဆောင်းပါး)
သျှမ်းပြည်သားများ တန်းတူရေး (ဆောင်းပါး)
တမိုးအောက် (ဆောင်းပါး)
ဥသြသံ ဆိတ်သုဉ်းနေဆဲ နေ့ (အောက်မေ့ဖွယ်)
(၆၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ (ဓာတ်ပုံမှတ်တမ်း)

အပေါ်သို့