Friday, March 15, 2013

မဟီဒေါ တက္ကသိုလ်တွင် နိုင်ငံတကာ သမိုင်းပညာရှင်များ ရခိုင်သမိုင်းရှင်းလင်း

သိန်းလှိုင်
မတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ်

ရခိုင်သမိုင်းနှင့်ပတ်သက်၍ နိုင်ငံတကာ သမိုင်းပညာရှင်များ၏ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဒေါတက္ကသိုလ်၌ မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ ကြောင်း ရှင်းလင်းပွဲစီစဉ်သူများက သတင်းထောက် များအား ပြောကြားလိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှ လေ့လာရေး ဌာနမှ ဒေါက်တာ ဂျက်စ်ပီလေဒါ (Dr.JacquesP.Leider ) ၊ နယ်သာ လန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျ ဘာသာ စကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက စတီဗင် ဂယ်လန်( Dr. Stephan Van Galen ) ၊နှင့် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ
ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ တက်ရောက် ရှင်းလင်းခဲ့ကြသည်။

Read More...

သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်က လှိုက်လှိုက်လှဲလှဲ ကြိုဆို

မတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ်

နယူးဇီလန် ဘုရင်ခံချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Sir Jerry Mateparae က မြန်မာသမ္မတ ဦးသိန်းစိန် အား လက်ခံကြိုဆိုခဲ့ရာတွင် နယူးဇီလန် ရေတပ်နှင့် အခြား နယူးဇီလန် ကာကွယ်ရေး အမှုထမ်းများက သေနတ် ၂၁ ချက် ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်မှ “မာအိုရီ” လူမျိုးစုတို့၏ ရိုးရာအက ဖြစ်သည့် “ဟားက” ဖြင့်လည်း ဖျော်ဖြေခဲ့ပြီး ထိုအကမှာ နယူးဇီလန် ရဂ်ဘီ အသင်းကြောင့် ကမ္ဘာတွင် ကျော်ကြားလာသည့် အက ဖြစ်သည်။

Read More...

Thursday, March 14, 2013

ဘတ်ဂျက် စာရင်းကို အတည်ပြုရန် သမ္မတ ဦးသိန်းစိန် တိုက်တွန်း

မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

သမ္မတ ဦးသိန်းစိန်က ဘဏ္ဍာရေး ကော်မရှင် အဖွဲ့ဝင်များအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အသစ်ပြန်လည် ရေးဆွဲထားသည့် ရသုံးခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်စာရင်း) ကို ဆွေးနွေး အတည်ပြုပေးကြပါ ရန် မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၃ခုနှစ်အတွက် ဘဏ္ဍာရေး ကော်မရှင်၏ ပထမဆုံး အစည်းအဝေး တွင် တိုက်တွန်းခဲ့သည်ဟု အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ပြုပြင်ရေးဆွဲ အတည်ပြုထားပြီး ဖြစ်သည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် အညီ ၂၀၁၃-၂၀၁၄ အတွက် ဘတ်ဂျက်စာရင်းကို ပြန်လည်ရေးဆွဲခဲ့ကြပြီး ထိုဘတ်ဂျက် စာရင်းကို လွှတ်တော်သို့ တင်ပြရန် ဖြစ်သည်။

Read More...

KIO နယ်မြေရှိ ကျောင်းများ ဧပြီ ၁ ရက်နေ့မှ ၁၀ တန်းဖြေမည်

ဖနိဒါ
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ တဝှမ်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် စတင် ဖြေဆိုနေပြီ ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေများမှ ၁၀ တန်း ကျောင်းသူ/သားများ အတွက်မူ လာမည့် ဧပြီလ ၁ ရက်နေ့မှ ဖြေဆိုကြမည် ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် ကျောင်းစာသင်ရက်များ ပျက်ခဲ့ရပြီး သင်ရိုးကုန်ရန် အချိန် နောက်ကျခဲ့၍ စာမေးပွဲလည်း နောက်ကျ စစ်ရကြောင်း KIO ပညာရေးဌာနမှ အထွေထွေ အတွင်းရေးမှူးက မဇ္စျိမကို ပြောသည်။

Read More...

တားမြစ်ခံထားရသည့် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့ရောက်ပြီ

ဖနိဒါ
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မန္တလေးနှင့် မြင်းခြံမြို့မှ လမ်းလျှောက်လာသူများ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာ၇ီတွင် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ပြည်သူလူထု ၅၀၀ ခန့် ကြိုဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ကျနော်တို့က ငြိမ်းချမ်းရေး ရလိုတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တယ်။ ကချင်မှ မပြီးခင်၊ ရှမ်းပြည်နယ် ဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အဲဒီကနေ ကယား၊ ကရင် စသဖြင့် တိုက်ပွဲတွေ ကြီးထွားလာနိုင်လို့ တိုက်ပွဲတွေ ချုပ်ငြိမ်းစေချင်လို့ ဆန္ဒကို ဖော်ပြတာပါ ဆိုတာပါပဲ”ဟု မဇ္ဈိမကို ပြောသည်။

Read More...

မှတ်ပုံတင်မရှိသဖြင့် နာဂတို့ အသံပျောက်

ခိုင်ခိုင်
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

မှတ်ပုံတင်မရှိသဖြင့် နာဂတိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် လူဦးရေ ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့နေရသည်ဟု ရန်ကုန် နာဂကျောင်းသားလူငယ် အဖွဲ့ချူပ် (ဥက္ကဌ) ဦးနော်အောင်ဆန်းက မတ်လ ၁၁ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“ တောင်တန်းမှာ နေတောင်တန်းမှာပျော် မြို့နဲ့ ဘာမှမဆိုင်ဆိုတဲ့ ပုဂိုလ် များဖြစ်ကြတဲ့ နည်းတူမှတ်ပုံတင် ဆိုတာ အရေးမကြီးပါဘူး ဖြစ်ကြတဲ့အတွက် အခုချိန်မှာ လူဦးရေ ဆုံးရှုံးမှု ကြီးကြီး ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်” ဟု ဦးနော်အောင်ဆန်းက ပြောသည်။

Read More...

လူ့အခွင့်အရေးနေ့ အခမ်းအနား ဒေလီတွင် ကျင်းပ

နေမျိုး
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

ငွေရတု တိုင်ပြီဖြစ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ကြသည်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့မှာ အဓိကရုဏ်း နှိမ်နင်းရေး လုံထိန်းရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ရသည်။ ထိုနေ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

Read More...

EU သံအဖွဲ့ မြစ်ကြီးနားရှိ ဒုက္ခသည်များနှင့် သာဘာရေးပုဂ္ဂိုလ်များကို တွေ့ဆုံ

ဖနိဒါ
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

ဥရောပ သမဂ္ဂ EU မှ ၁၅ ဦး ပါဝင်သော သံတမန်များ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ အင်္ဂါနေ့က ရောက်ရှိလာပြီး စစ်ပြေးဒုက္ခသည်စခန်းများသို့ ယနေ့ သွားရောက် လေ့လာခဲ့ သည်ဟု စခန်းတာဝန်ရှိ တဦးက ပြောသည်။

နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်ရပ်ကွက် နှစ်ခြင်းအသင်းတော်မှ ဖွင့်လှစ်ထားသော စစ်ပြေး ဒုက္ခသည် စခန်းသို့ EU သံသမန်များ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပြီး စခန်းအတွင်း အသေးစိတ်လေ့လာကြည့်ရှုခဲ့သည်ဟု စခန်းတာဝန်ခံ သင်းထောက်ဆရာ ဦးတန်ဂွန်း က ပြောသည်။

Read More...

Wednesday, March 13, 2013

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

ကျော်ခ
March 13, 2013

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန် ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ် ရဲစခန်းက ပြောသည်။

ဘန်းကန် ရဲဘက်စခန်းက စိုက်ပျိုးရေးခြံတခုတွင် မြက်ရှင်းနေရာမှ အဆိုပါ ရဲဘက် ၈ ဦးသည် တနလာင်္နေ့က ထွက်ပြေးသွားခြင်း ဖြစ်ရာ ၃ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ၅ ဦးလွတ်မြောက်သွားကြောင်း ရပ်စောက်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးမြင့်ကျော် က ဧရာဝတီသို့ ပြောသည်။

Read More...

ပုံနှိပ်ဥပဒေကြမ်း ရုပ်သိမ်းရန် ဝိုင်းဝန်း တောင်းဆို

သာလွန်ဇောင်းထက်
March 12, 2013

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းမှုကို ပြန်လည်ရုပ်သိမ်းရန် နိုင်ငံရေးအဖွဲ့အစည်းများ၊ သတင်း မီဒီယာ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက ယနေ့တောင်းဆိုလိုက်ကြသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ယုဇနဂါးဒင်းဟိုတယ်တွင် ယနေ့ကျင်းပပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအပေါ် ဆန့်ကျင် ကန့်ကွက် ရှုတ်ချခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော အဖွဲ့အစည်းပေါင်းစုံ စုစည်းထားသည့် သဘောထား ကြေညာချက်တွင် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြန်ရုပ်သိမ်းရန် ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။

Read More...

လက်ပံတောင်း အစီရင်ခံစာကို သဘောမတွေ့ကြ

စနေလင်း
March 12, 2013

ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသတ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေသခံများအပါအ၀င် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူများက ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။

လက်ပံတောင်းတောင် အပြီးသတ် အစီရင်ခံစာတွင် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ဦးတည်ထားပြီး ဒေသခံများ၏ သဘောထားဆန္ဒကို လျစ်လျူရှုထားသည့် အစီရင်ခံစာသာဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီဆောင်ရွက်နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။

Read More...

ကျောင်းကြိုကား အတိုက်ခံရ၊ ၄၀ ကျော် ဒဏ်ရာရ၊ ကလေး ၁ ဦး သေဆုံး

သန်းထိုက်ဦး
March 12, 2013

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အတွင်းရှိ ဖုတ်ဖရမြို့နယ်တွင် ယမန်နေ့က မြန်မာ အလုပ်သမားများ၏ ကလေးငယ်များ တင် ဆောင်ထားသည့် ကျောင်းကား တစီး ယာဉ်တိုက်မှု ဖြစ်ပွားရာ ၁ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာ ရရှိသွားသည်။

ဖုတ်ဖရမြို့နယ်ရှိ ကျောင်းသားငယ်များကို တင်ဆောင်၍ စာသင်ကျောင်းသို့အသွား လမ်းခုလပ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အကောင်းဆုံး မိတ်ဆွေ စာသင်ကျောင်းမှ ကျောင်းဆရာ ဦးထိုက်သူအောင်က ဧရာဝတီသို့ ပြောသည်။

Read More...

အပေါ်သို့