Thursday, April 11, 2013

လှည်းတန်းခုံးက ရန်ကုန် ယာဉ်ကြောပိတ်မှုကို မဖြေရှင်းနိုင်

သာလွန်ဇောင်းထက်
April 10, 2013

ရန်ကုန်မြို့၏ အချိန်အကြာဆုံးသော ယာဉ်ကြောပိတ်ဆို့သည့် နေရာတခုဖြစ်သော လှည်းတန်းလမ်းဆုံတွင် ခုံးကျော် တံတားကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ရွှေတောင်ကုမ္ပဏီက တနှစ်ကျော်ကြာ တာဝန်ယူတည်ဆောက်ခဲ့သော လှည်းတန်းခုံးကျော်တံတားကို ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီတွင် ကားများ စတင်ဖြတ်သန်း သွားလာခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုနှင့် လမ်းပိတ်ဆို့မှု ပြသနာ မပြေလည်သေးဘဲ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။

Read More...

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

ကျော်ခ
April 11, 2013

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေး အတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။

စမတ်ကတ် ပုံစံအဖြစ် ပြောင်းနိုင်ရန် တောင်ကိုရီးယား၊ ဂျပန် နှင့် မလေးရှားနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခုက လဝက ဌာနမှ နိုင်ငံသား စိစစ်ရေး ကိုယ်ရေး အချက်အလက်များကို ယူ၍ စတင် စမ်းသပ်နေပြီဖြစ်ကြောင်း လဝက ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်း က ဧရာဝတီသို့ ပြောသည်။

Read More...

SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် ပြေးရှောင်ရသည့် ဒုက္ခသည်များ နေရပ်ပြန်မည်

နန်းသီရိလွင်
April 11, 2013

မတ်လ ၂၈ ရက်နေ့က တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) နှင့် မြန်မာ့ တပ်မတော်တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသော ဒုက္ခသည်များသည် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့တွင် သက်ဆိုင် ရာ ကျေးရွာ များသို့ ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ကတော့ တအား ပြန်ချင်တာပေါ့ဗျာ။ ဒီလမှာ တောင်ယာ လုပ်ငန်းတွေ မစနိုင်ရင် တနှစ်လုံးအ တွက် နောက်ကျ သွားမှာ။ ၁ နှစ်စာ နစ်နာတာပေါ့။ တိုက်ပွဲ မရှိတော့ဘူးကြားတာနဲ့ ပြန်ဖို့ ပြင်နေ ကြတာ” ဟု တန့်ယန်းမြို့ပေါ် သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကောင်းကော် ကျေးရွာသား တဦးက ဧရာဝတီကို ပြောသည်။

Read More...

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ထက်နိုင်ဇော်
April 11, 2013

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ ငွေကြေး လက်ခံရယူမှု မရှိခဲ့ကြောင်း၊ ဂျာနယ် တချို့တွင် ဖော်ပြထားသော နှစ်ဘက်ကျေအေးသည် ဆိုသည်မှာ လုံးဝမဟုတ်ဘဲ ၎င်းအနေဖြင့် အေးအေးဆေးဆေး သာ နေလိုသောကြောင့် မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြတိုင်ကြားတော့မည် မဟုတ်ကြောင်း ရဲတပ်သား စံသိန်းထွေးက ရှင်းပြသည်။

Read More...

ဘုန်းကြီးတပါး လူကုန်ကူးမှုဖြင့် အမ်းမြို့တွင် ဖမ်းဆီးခံရ

ခင်ဦးသာ
April 10, 2013

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေး ယူထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဘုန်းကြီးသည် သက်တော် ၄၀ ၀န်းကျင် ၀ါတော် ၁၈ ၀ါ ရှိ ဦးကောသိယ ဘွဲ့အမည်ရှိပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇဗ္ဗူအေး ကျောင်းတိုက်၏ ကျောင်းထိုင်ဟု သိရသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်မှ မှတ်ပုံတင် အထောက်အထား မရှိသူ ၈ ဦးအား သင်္ကန်းစည်းပေးပြီး အခကြေးငွေယူ၍ ရန်ကုန်သို့ ပို့ဆောင်ရန် ခေါ်လာစဉ် အမ်းမြို့၌ ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း အမ်းမြို့နယ် ရဲစခန်းက ဧရာဝတီကို ပြောသည်။

Read More...

ရန်ကုန်သင်္ကြန်လုံခြုံရေး ရဲအင်အားတ၀က်ခန့် အသုံးပြုမည်

စောဇင်ညီ
ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး မပာာ သင်္ကြန်ကာလတွင် ရေကစားကြမည့် ပြည်သူများ လုံခြုံရေးအတွက် ရန်ကုန်တိုင်း တစ်တိုင်းလုံးရှိ ရဲအင်အား ခုနှစ်ထောင်ကျော်မှ တစ်ဝက်ခန့် အသုံးပြု သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဒု- ရဲမှုးကြီး ဦးသက်လွင် ကပြောသည်။

၎င်းက “ဆရာတို့စီမှာ ရှိတဲ့  အင်အားက ၇၀၀၀ ကျော် လောက်ရှိတယ်။အဲဒီထဲက တ၀က်ကို သုံးပြီး လုံခြုံရေးယူမယ်။ လမ်းအလိုက် လုံခြုံရေးပေးသွားမယ်။” ပာု မဇ္ဈိမကို ပြောသည်။

Read More...

ကရင်ဒေသတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ ရှိနေ

ကွန်ချမ်း
ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ အရှေ့ပိုင်း ကရင်ဒေသတွင် မြေမြှုပ်မိုင်း အသုံးပြုခြင်းကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် မတ်လထိ လူ ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးထက်မနည်း ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောသည်။

KHRG မှ ကွင်းဆင်းလေ့လာခဲ့သည့် တနင်္သာရီ၊ သထုံ၊ ဘားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ ညောင်လေးပင်နှင့် တောင်ငူ (တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း) ဒေသ ၇ ခုအနက် မြေမြှုပ် မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူ အများဆုံးမှာ ဒူပလာယာခရိုင်၊ ဖာပွန်၊ ညောင်လေးပင် ဒေသ ဖြစ်သည်ဟု KHRG ၏ ကွင်းဆင်း ဒါရိုက်တာ စောအဲလ်ဘတ် (Saw Albert) က ပြောသည်။

Read More...

ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း၊ ရှမ်းမြောက်တွင် မြေပြို

ခိုင်ခိုင်
ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း(ပလောင်) ဒေသတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများကြောင့် သဘာဝပတ် ဝန်းကျင် ပျက်စီးမှုများ ဆိုးရွားလာနိုင်ကြောင်း နမ့်ဆန်ဒေသခံ တဦးမဖြူက ပြောသည်။

၎င်းက “ ကျွန်မတို့ နမ့်ဆန်မှာ မိုးရာသီတိုင်း မြေပြိုတယ်။ မြေသားတွေလဲ မကောင်းတော့ဘူး။ အထွက်နှုန်းလဲ သိသာ တယ် လျော့သွားတယ် ” ဟုဆိုသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု အတွက် ကုမ္ပဏီဘက်မှ မည်သို့ ဆောင်ရွက် ပေးမည် ဆိုသည်ကို မသိရှိ ရကြောင်း မဖြူကပြောသည်။

Read More...

သတင်းစကား ပေးပို့ခြင်းအတွက် ဝန်ဆောင်ခယူမည့် ဖေ့စ်ဘွတ်၏ အစီစဉ်သစ်

ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ကမ္ဘာ့ထိပ်တန်း လူမှု ကွန်ယက်ဖြစ်သော ဖေ့စ်ဘွတ်(Facebook) သည် ၎င်းကို အသုံးပြုသူများ အကြား သတင်းစကား မက်ဆေ့ခ်ျ (massage) များပေးပို့သည့် ကဏ္ဍမှ အကျိုးအမြတ်ယူရန် စီစဉ်နေသည်။

ဖေ့စ်ဘွတ် အသုံးပြုသူများ အနေဖြင့် မိမိတို့ ပေးပို့လိုသော မည်သည့် သတင်းစကား မက်ဆေ့ခ်ျကို မဆို အခြား Facebook အသုံးပြုသူများအား ပေးပို့နိုင်မည်ဖြစ်ကာ အကယ်၍ မိမိပေးပို့ချင်သူသည် မိမိ၏
ဖေ့စ်ဘွတ် အကောင့်ထဲမှ မိတ်ဆွေ သူငယ်ချင်းမဟုတ်ခဲ့လျှင် အစီအစဉ်သစ်အရ သတင်းစကား မက်ဆေ့ခ်ျ တစောင်လျှင် တဒေါ်လာနှုန်းဖြင့် ပေးပို့နိုင်မည် ဖြစ်သည်။

Read More...

တိုင်းရင်းသား အသံ မြှင့်တင်ရန် တိုင်းရင်းသား မီဒီယာများ ညီလာခံ

ကွန်းချမ်း
ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ တခုကို နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ့ (BNI) က ဦးဆောင်ပြီး ပြည်တွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။

ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စထရင်းဟိုတယ်တွင် ကျင်းပမည်ဟု ညီလာခံ ပြန်ကြားရေး တာဝန်ခံ နိုင်ဗညားအောင် က ပြောသည်။

“လောလောဆယ် ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လွှင့်နေတဲ့ မြန်မာ့အသံကိုပဲ ကြည့်။ နိုင်ငံတော် ဘက်ဂျက်ကို သုံးပေမယ့် ဗမာ အစီအစဉ်ဆိုရင် တနေ့ အနည်းဆုံး ၁၀ နာရီ ရှိတယ်။ တိုင်းရင်းသား အစီအစဉ်က တနာရီခွဲပဲ ရတယ်။ ဝန်ထမ်းတွေလည်း မလောက်မငှနဲ့။ အဲဒါ အချိုးအစား မညီဘူး။ တီဗီဆို ပိုပြီး ဝေးသေးတယ်။ ဗမာ တကျပ်၊ တိုင်းရင်းသား တကျပ် မရရင်တောင် တမတ်လောက် ရရင် ကျေနပ်ပြီ။ အဲဒီကိစ္စ ကျနော်တို့ ဒီညီလာခံမှာ ပြောမယ်” ဟု မွန်သတင်းအေဂျင်စီ၏ အယ်ဒီတာ နိုင်ဗညားအောင် က ပြောသည်။

Read More...

ရှမ်းမြောက် ဘိန်း စိုက်ပျိုးရောင်းဝယ်ခြင်း များပြားလားမှု အစိုးရကို PWO ပြစ်တင်

ဖနိဒါ
ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

ရှမ်းပြည်နယ် မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု ပိုမိုများပြား လာပြီး မြန်မာအစိုးရအနေဖြင့် ၎င်းကို အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ပလောင် (တအာင်း) အမျိုးသမီး အစည်းအရုံး PWO က ရှုတ်ချလိုက်သည်။

မူဆယ်၊ နမ့်ခမ်း၊ မန်တုံနှင့် ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသူများအား သမ္မတ ဦးသိန်းစိန် အစိုးရက အရေးယူမှုများ မလုပ်သည့်အပြင် ကာကွယ်ပေးနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် PWO က ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Read More...

Wednesday, April 10, 2013

ရန်ကုန်ဆေးရုံကြီး အမြန်ဆုံး ပြုပြင်နိုင်ဖို့ ပြင်ဆင်

2013-04-09

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ဟာ ဒီနေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့် တင်ရေးကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဆေးရုံအဆောက်အဦးတွေကို အမြန်ဆုံးပြုပြင်ဖို့နဲ့ ဆေးရုံပြင် ဆင်နေစဉ်အတွင်း လူနာတွေကို ရွှေ့ပြောင်းထားရှိရေးကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် ဆွေးနွေးဖြစ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NLD အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

Read More...

ဝိုင်းမော် စစ်ဘေးဒုက္ခသည်တွေ အတွက် သောက်သုံးရေသန့် လှူဒါန်း

2013-04-09

ဒိန်းမတ် ကြက်ခြေနီအသင်းနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၁၄ က ဒုက္ခသည် ၅၀၀၀ အတွက် သောက်သုံးရေသန့်တွေကို ဒီနေ့မှာ စတင်ပေးဝေနေပါတယ်။

Read More...

မြန်မာ့ဆန် ဂျပန်က စတင်ဝယ်ယူနေ

2013-04-09

မကြာခင်ကာလမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံက ၀ယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီနေ့မှာရေးသားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ဆန်ကိုဝယ်ယူဖို့ နှစ်ပေါင်း ၄၅ နှစ်ကျော်မှာ ပထမဆုံးအကြိမ် သဘောတူလိုက် တာ ဖြစ်ပါတယ်။

Read More...

မြေမြှုပ်မိုင်းကြောင့် KNU နယ်မြေတွေမှာ သေဆုံးသူတွေ ရှိနေ

2013-04-09

မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသ KNU တပ်မဟာ (၃၊ ၅၊ ၆၊ ၇) နယ်မြေတွေမှာ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေသေးတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီကနေ့ပြောပါတယ်။

တပ်မဟာ (၇) နယ်မြေ တနေးချားဒေသ၊ တပ်မဟာ(၅) ဖာပွန်ဒေသ၊ တပ်မဟာ(၆) ဝေါလေဒေသနဲ့ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ်တို့တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးတွေ့ရပြီး လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးနေရတယ်လို့ KHRG အဖွဲ့ ကွင်းဆင်းဒါရိုက်တာ စောအဲလ်ဘတ် (Saw Albert) က ပြောပါတယ်။

Read More...

မြန်မာနိုင်ငံမြောက်ပိုင်း တအောင်းဒေသတွင် လူ့အခွင့်အရေးချိုးဖောက်ခံရ

ခိုင်ခိုင်
ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တအောင်း(ပလောင်) ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး စပ်များမှ အင်အားများ ထပ်မံတိုးချဲ့ နေကြောင်း တအောင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ တွဲဖက် အထွေထွေအတွင်းရေးမှူး မိုင်မျိုးအာင်က တော်ဝင်နှင်းဆီတွင် ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွှေသဘာဝ ဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

၎င်းက “ သီပေါနားမှာတော့ စစ်တပ်တွေ ရုပ်သိမ်း လိုက်ပြီဆိုပေမယ့် တကယ် လိုအပ်တဲ့နေရာ မူးယစ်ဆေးဝါး သုံးစွဲနေကြတဲ့ အတော်ဆိုးဝါးတဲ့ နေရာတွေမှာ စစ်တပ်တွေက ရှိနေသေးတယ်ဗျ။ သူတို့က ထိန်းပေးလားဆိုတော့ မထိန်းပေးတဲ့ အပြင် ပိုတောင်ဆိုးလာတယ်လို့ ထင်ရတယ် ” ဟု မဇ္ဈိမသို့ ပြောသည်။

Read More...

အခွန်မဆောင်ခြင်းကြောင့် ပြည်သူများ ဆုံးရှုံးမှုဖြစ် ဟု ပြည်သူ့လွှတ်တော် ဥက္ကဌဆို

စောဇင်ညီ
ဧပြီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဝန်ထမ်းများ အခွန်မဆောင် ကြခြင်းသည် နိုင်ငံတော် ဆုံးရှုံးမှုမဟုတ်ပဲ ပြည်သူများအတွက် ဆုံးရှုံးမှုသာ ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စု မြန်မာနိုင် ငံတော် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့သည်။

ထိုသို့ ပြောကြားခြင်းမှာ အခွန်ဆောင်နိုင်သူများမှာ အခွန်မဆောင်၍ ကျန်အခွန် မဆောင်ရသော ပြည်သူများ အတွက် ထောက်ပံ့မှုများ နိုင်ငံတော်မှ မလုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Read More...

သံတွဲတွင် ညမထွက်ရအမိန့် ထုတ်သင့် မသင့် အငြင်းပွားလျက်ရှိ

သိန်းလှိုင်
ဧပြီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

သံတွဲမြို့တွင် လက်ရှိအနေအထားအရ ညမထွက်ရအမိန့် ထုတ်သင့် မသင့် အငြင်းပွား နေကြကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၆ ရက်နေ့က သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဟိုတယ် လုပ်ငန်း ရှင်များ၊ ကျော့ပိုက် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးရာတွင် မန္တလေးတိုင်းအောက်ပိုင်းနှင့် ပဲခူးတိုင်းမှာကဲ့သို့ သံတွဲမြို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်လာဖွယ် ကောလာဟလများ ထွက်ပေါ်နေ၍ စိုးရိမ်ကာ အစည်းအဝေး တက်ရောက်သူ အများစုက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရန် အကြံပြု ဆုံးဖြတ်ကြသည်။

Read More...

ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ကွယ်လွန်

ဧပြီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

နိုင်ငံရေးအရ မာကျောလွန်းသောကြောင့် “သံမဏိမယ်” (Iron Lady ) ဟု တင်စားခေါ်ဝေါ် ခဲ့ရသော ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ဧပြီလ ၈ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါပြီ။

ဗြိတိန်၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သူ မာဂရက်သက်ချာ ကွယ်လွန်သွားခဲ့ရခြင်းနှင့် ပတ်သတ်ပြီး လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်း က “သူမဟာ ကြီးကျယ်တဲ့ ဗြိတိန်နိုင်ငံသားပါ” ဟု မှတ်ချက်ချ ဂုဏ်ပြု ချီးကျုး လိုက်သည်။

Read More...

မြန်မာ့ မိုဘိုင်းဈေးကွက်အတွင်း လုပ်ကိုင်ခွင့်ရဖို့ ကုမ္ပဏီကြီးနှစ်ခုတို့ ပူးပေါင်း

Rosie Gogan-Keogh
ဧပြီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခွင့် နှစ်နေရာအတွက် လိုင်စင် လျှောက်ထားခြင်းအား ကြိုတင် အရည်အချင်းစစ်ဆေးခြင်း နောက်ဆုံးအချိန်တွင် အင်အားကြီး နိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု ထူထောင်လိုက်ခြင်းဖြင့် ပြိုင်ဆိုင်မှုအရှိန် မြင့်တက်လာခဲ့ သည်။

ကမ္ဘာ့အကြီးဆုံး မိုဘိုင်း ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့်China Mobile တို့ ပူးပေါင်းကာ ဖက်စပ် ကုမ္ပဏီတခု တည်ထောင်ခြင်းဖြင့် မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ရရန် ကြိုးစားလိုက်ကြသည်။

Read More...

ငြိမ်းချမ်းရေးဆွေးနွေးမယ့် KIO နဲ့ အစိုးရတပ် တိုက်ပွဲတွေဆက်ဖြစ်

ကိုမိုးဇော်

09.04.2013
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေချိန်မှာပဲ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဟာ အစိုးရတပ်တွေဘက်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတာကြောင့် ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုမိုးဇော် က တင်ပြထားပါတယ်။

KIO နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ဟာ ဖေဖော်ဝါရီလဆန်းက တရုတ်နိုင်ငံ ရွှေလီမြို့မှာ စစ်ရေးအရှိန် လျှော့ချဖို့ သဘောတူညီခဲ့ပေမဲ့ တိုက်ပွဲတွေကတော့ ကြိုးကြား ကြိုးကြား ဆက်လက် ဖြစ် ပွားနေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။

Read More...

မြန်မာ့ဒီမိုကရေစီရေး ၂၀၁၅ ရွေးကောက်ပွဲနဲ့ အကဲဖြတ်မည်

ကိုသားညွန့်ဦး
09.04.2013

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်မှု ရှိမရှိဆိုတာကို လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အခြေအနေနဲ့ တိုင်းတာရလိမ့်မယ်လို့ မကြာခင်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ Carter Center ညွန်ကြားရေးမှူး ဒေါက်တာ ဒေးဗစ် ကာရိုးလ် (Dr.David Carroll) က ပြောပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အစုအဖွဲ့အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်လာဖို့အတွက် ဒီကြားထဲ အကောင်အ ထည်ဖော် ဆောင် ရွက်ဖို့ လိုမယ်လို့ ဆိုပါတယ်။ ဒေါက်တာ ကာရိုးလ် ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

သမ္မတ ကာတာ (Carter) ကိုယ်တိုင် ဦးဆောင်တဲ့ Carter Center အဖွဲ့ဟာ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအာဏာပိုင်တွေကိုရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ပါတီခေါင်းဆောင်ေ တွ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေကိုပါ တွေ့ဆုံခဲ့တာပါ။

Read More...

မြန်မာ့စီးပွားရေး ၆% ကျော်အထိ တိုးတက် - ADB

ဒေါ်ခင်မျိုးသက်

09.04.2013
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၆ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဖွံ့ဖြိုးမှုတွေ ဆက်လက် အားကောင်းဖို့ ဆိုရင်တော့ အပြောင်းအလဲတွေ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်သလို၊ ဖွံ့ဖြိုးမှုတွေ ရေရှည်ခံမယ့် အစီအမံတွေ လိုအပ်မယ်လို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

မတ်လ ၃၁ ရက်နေ့အထိ ပါဝင်တဲ့ ၂၀၁၂ ခုနှစ် စီးပွားရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ ၆ ဒဿမ ၃ ရာခိုင်နှုန်းရှိမယ်လို့ ADB က ခန့်မှန်းလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်က ၅ ရာခိုင်နှုန်း ကြီးထွားမှုရှိခဲ့သလို၊ အခုလို တိုးတက်မှုတွေဟာ ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း စီးပွားရေးအပါအ၀င် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။

Read More...

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ အစ္စရေးလ် အဆင်သင့်

09.04.2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ အစ္စရေးလ်နဲ့ ပါလက်စတိုင်း နယ်မြေတွေကို သွားရောက် တဲ့ ၃ ရက်တာ ခရီးစဉ်ကို မနေ့ကပဲ အဆုံးသတ်လိုက်ပါတယ်။

နောက်ဆုံးမှာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိလာဖို့ မျှော်လင့်ကြောင်းနဲ့ အီရန်နိုင် ငံ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်မှာကို အမေရိကန်က ဆန့်ကျင်တယ်လို့ မစ္စတာ ကယ်ရီ က ပြောသွားခဲ့ပါတယ်။

Read More...

နိုင်ငံခြားသားတွေအတွက် မြောက်ကိုရီးယား သတိပေးချက် တောင်ပိုင်းဂရုမစိုက်

09.04.2013

စစ်ရေးပဋိပက္ခ ဖြစ်နိုင်ချေကြောင့် တောင် ကိုရီးယား ကနေ နိုင်ငံခြားသားတွေ ထွက်ခွာသွားဖို့ မြောက်ကိုရီးယားက တိုက်တွန်းနေပါတယ်။ ဒါပေမဲ့လည်း အခုလို မြောက်ကိုရီးယား ခြိမ်းခြောက် မှုကြောင့် တောင်ကိုရီး ယားဘက်မှာ ကြီးကြီးကျယ်ကျယ် လှုပ်လှုပ်ရှားရှားတော့ မရှိခဲ့ပါဘူး။

နျူကလီးယားစစ် ဖြစ်နိုင်ချေ အန္တရာယ်ကြောင့် လုံခြုံရေးအတွက် ခရီးသွား ဧည့်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆိုးလ်မြို့ ကနေ ရှောင်ခွာကြဖို့ မြောက်ကိုရီးယား ရုပ်မြင်သံကြား ကနေ အင်္ဂါနေ့တုန်း က ကြေညာသွားတာပါ။

Read More...

ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စမ်းသပ်မှု ကျိုးပေါက် ပွင့်ထွက်မှုများ ရှိ

ခင်ဦးသာ
April 9, 2013

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်း၌ ပါဝင်သည့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ပိုက်လိုင်းထဲသို့ ရေ စမ်းသပ်လွှတ်ရာမှ ပိုက်လိုင်း ကျိုးပေါက် ပွင့်ထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပိုက်လိုင်းသန့်ရှင်းရေး လုပ်တဲ့အနေနဲ့ ရေ စမ်းလွှတ်တာက ပေါက်ကွဲမှု ဖြစ်တယ်၊ စုစုပေါင်း ၄ ကြိမ် ဖြစ်ဖူးတယ်။ ဂက်စ်တောင် မပို့လွှတ်ရသေးဘူး၊ ဒီလို ဖြစ်နေတော့ ဒေသခံတွေက တအား စိုးရိမ်ကြောက် လန့်မှုတွေ ဖြစ်နေကြတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အရေး မှတ်တမ်း တာဝန်ခံ မိုင်းအိုက်မွန်းက ဧရာဝတီသို့ ပြောသည်။

Read More...

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ

ထက်နိုင်ဇော်
April 9, 2013

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင် ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် အချိုးကျ ရရှိသည့်စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများ အကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသူက အနိုင်ရသည့်စနစ် အစား ပြည်သူ လူထု၏ ထောက် ခံသော မဲအရေအတွက် အပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်အချိုးကျ ရရှိသည့်စနစ်(Proportional Representative) ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံ တင်ပြချက်အပေါ် နိုင်ငံရေး ပါတီအချို့ကန့်ကွက်လျက်ရှိပြီး အချို့နိုင်ငံရေးပါတီများ ထောက်ခံကြခြင်းဖြင့် သဘောထား ကွဲလွဲမှုများ သိသိသာသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

Read More...

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရွှေ့တာ တရုတ်နိုင်ငံကြောင့်လား

လဝီဝမ်
April 9, 2013

ပြီးခဲ့သောအပတ် သောကြာနေ့ ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်ရမည့် မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရခြင်းမှာ တရုတ်နိုင်ငံက ကန့်ကွက်သောကြောင့်ဟု ကချင်အရပ်ဖက် အဖွဲ့အစည်းများက ဝေဖန်ပြောဆိုခဲ့ကြသည်။

အနောက်နိုင်ငံများမှ လေ့လာသူများ တက်ရောက်လာမည်ကို တရုတ်နိုင်ငံက လက်မခံခြင်းကြောင့်ဖြစ်သည်ဟု ၎င်းတို့ကဆိုသော်လည်း ရန်ကုန်မြို့ရှိ တရုပ်နိုင်ငံသံရုံးကမူ ဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းသည် ထိုအချက်ကြောင့်မဟုတ် ဟု ငြင်းဆိုခဲ့သည်။

Read More...

သင်္ကြန်လည်ရန် ကြိုတင်ပြင်ဆင်သူ များပြား

ညိမ်းပြည့်စုံ
April 9, 2013

ယခုနှစ် သင်္ကြန်တွင် လူငယ် လူလတ်အများစုက မဏ္ဍပ်ထိုင်ခြင်း၊ ကားဖြင့်လည်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်း စသည်တို့ကို ပြုလုပ်ရန် အဝတ်အစားနှင့် ငွေကြေးများကို ကြိုတင် စုဆောင်းပြင် ဆင်ထား ကြကြောင်း သိရသည်။

အဝတ်အစားများ ဝယ်ယူစုဆောင်းကြရာတွင် လူတဦးနှင့် တဦး အကြိုက်ချင်း မတူညီမှုများကြောင့် အဝတ်အစား အမျိုးအစား များ၏ ရောင်းအားအခြေအနေများမှာ တူညီမှုများ မရှိကြကြောင်း၊ ၎င်းတို့ အထဲတွင် ပလာဇာများ၌ လျှော့ဈေးဖြင့် ရောင်းသည့် အဝတ်အထည်များနှင့် လမ်းဘေးဈေးသည်များ ရောင်းသော အဝတ်အထည်များ ပိုမိုအရောင်းသွက်လျှက် ရှိသည်။

Read More...

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားခဲ့သည့် လူငယ်များနှင့် တွေ့ဆုံခြင်း

April 9, 2013

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် လှုပ်ရှားခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တချို့ကို ဧရာဝတီသတင်းထောက်နန်းသီရိလွင် က တွေ့ ဆုံ မေးမြန်းထား ပါသည်။ ကျွန်ုပ်ကြောင့် လူမျိုးရေး ဘာသာရေး အဓိကရုဏ်း မဖြစ်စေရ စာတမ်းပါ တီရှပ်၊ စတစ်ကာများနှင့် ဘာသာလူမျိုး မခွဲခြား မြန်မာနိုင်ငံသား လက်ကမ်း ပိုစတာများကို အခမဲ့ ဖြန့်ဝေ ခဲ့သည့် ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန် မြေနီကုန်း၊ လှည်းတန်း၊ မင်္ဂလာဈေး စသည့် လူစည်ကားရာ နေရာများတွင် လည်းကောင်း ဧပြီလ ၈ ရက်နေ့တွင် ဘိုကလေးဈေး မှတ်တိုင် တွင်လည်းကောင်း ဘာသာ ပေါင်းစုံ လူငယ်များ ပူးပေါင်း လှုပ်ရှားခဲ့ကြသည်။

Read More...

အပေါ်သို့