Friday, November 18, 2011

NLD Statement (November 18, 2011)

NLD

NLD မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ပြည်နယ်/တိုင်း အားလုံးထောက်ခံ

မျိုးသိဏ်း
နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ပြည်နယ်နှင့် တိုင်း ၁၃ ခုမှ ဗဟိုဦးစီး ကော်မတီဝင်များ သောကြာနေ့ နေ့လည်ပိုင်းတွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်း၊ ကယား (ပူးပေါင်း) တို့၏ ဗဟိုဦးစီးအဖွဲ့ဝင် ၁၃ ဖွဲ့မှ ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

Read More...

NLD မှတ်ပုံတင်ရန် ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ ပါတီဝင်များထောက်ခံ

November 18, 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ ပါတီဝင်များက ထောက်ခံ လိုက်ပြီ ဖြစ်သည်။

ယနေ့နံနက်တွင် NLD မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စကို ပါတီဝင်များ၏ သဘောထားကောက်ခံ ဆုံးဖြတ်သည့် အစည်းအဝေးကို NLD ရုံးချုပ်ရှိရာ ရန်ကုန် ရွှေဂုံတိုင် တွင်ကျင်းပစဉ် ပြည်နယ်နှင့် တိုင်း ၁၃ ခုက ထောက်ခံလိုက်ခြင်း ဖြစ်သည်။

Read More...

ငြိမ်းချမ်းရေးအတွက် KNU နှင့် အစိုးရကိုယ်စားလှယ် ထပ်တွေ့မည်

November 17, 2011

ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေးအတွက် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် အစိုးရ ကိုယ်စားလှယ်များ ပဏာမ ထပ်မံ တွေ့ဆုံမှုကို လာမည့် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။

ထို တွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည်ဖြစ်ပြီး KNU ကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုဒေးဗစ်ထောနှင့် ပဒိုစောအားတိုး တို့ ပါဝင်မည်ဖြစ်ကြောင်း KNU က ပြောသည်။

Read More...

ဦးသန်းရွှေ အိမ်မှာ စာဖတ်နေသည်

ခင်ဦးသာ
November 17, 2011

ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ၎င်း၏နေအိမ်၌ စာဖတ်ခြင်းဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိ ကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အင်္ဂါနေ့တွင် ပြောလိုက်သည်။

“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြောဆို ကြောင်း Wall Street Journal တွင် ယနေ့ ဖော်ပြထားသည်။

Read More...

အမေ့အိမ်စာသင်ကျောင်းသို့ ဗြိတိသျှဝန်ကြီး သွားရောက်လည်ပတ်

မြတ်မိုး
November 17, 2011

ယနေ့နံနက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗြိတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး ရေးဌာန ဝန်ကြီး အင်ဒရူး မစ်ချယ်အား ရန်ကုန် လှိုင်သာယာတွင် ဖွင့်လှစ်ထားသော အမေ့အိမ် အခမဲ့စာသင်ကျောင်းသို့ ပို့ဆောင် ခဲ့သည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအကူအညီ များစွာ လိုအပ်နေကြောင်း သိရှိစေရန်အတွက် ရန်ကုန်လှိုင်သာယာရှိ အမေ့အိမ် အခမဲ့ စာသင် ကျောင်းသို့ ဗြိတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူး မစ်ချယ်ကို ယနေ့ သွားရောက် လေ့လာ စေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Read More...

Thursday, November 17, 2011

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တချို့ ထောင်ပြောင်း

ရန်ပိုင်
November 16, 2011

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ မနီလာသိန်းနှင့် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့ကို ယနေ့တွင် ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ကြောင်း သတင်း ရ သည်။

မကွေးတိုင်း သရက်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းသည် ယနေ့ နံနက် ပိုင်းက သာယာဝတီထောင်သို့ ရောက်ရှိလာကြောင်း ထောင်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောပြသည်။

“မနီလာသိန်း ရောက်လာပါပြီ၊ ကိုမင်းကိုနိုင်ကိုတော့ သရက်ရွှေ့မယ်ကြားတယ်၊ ဒီည သာယာဝတီမှာ ညအိပ်ဖို့ ပြင်ဆင် ထား တယ် လို့လည်း ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

Read More...

နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်

November 16, 2011

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ် ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။

ဦးသန်းရွှေ၏ မိသားစုဝင်များအပါအ၀င် ယခင် စစ်အစိုးရအဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ၎င်းတို့နှင့် အချိတ်အဆက်ရှိသည့် လုပ်ငန်းရှင်ကြီးများကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သော်လည်း နေရွှေသွေးအောင် ရရှိထား သော ဗီဇာသည် ရှန်ကန်းဗီဇာ (Schengen Visa) ခေါ် ဥရောပနိုင်ငံအများအပြားကို သွားရောက်နိုင်သည့် ဗီဇာဖြစ်သည်ဟု ဧရာဝတီ၏ ရန်ကုန်အခြေစိုက် သတင်းရင်းမြစ်တခုထံမှ သိရသည်။

Read More...

NDF ပါတီက လူငယ်အဖွဲ့တွေ ဖွဲ့တော့မည်

2011-11-16

ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကို အားမြှင့် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက တစ်နိုင်ငံလုံးမှာ လူငယ်အဖွဲ့တွေ စတင် ဖွဲ့စည်းသွားဖို့ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တွေကို ၂၀၁၁ ခု ဇန်န၀ါရီ အတွင်း တစ်နိုင်ငံလုံး အပြီးသတ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။

Read More...

မြန်မာနိုင်ငံမှာ ဂျပန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာရှိ

2011-11-16

မြန်မာနိုင်ငံက အပြောင်းအလဲ လက္ခဏာတွေကို အာဆီယံနိုင်ငံတွေက ချီးကျူးပြောဆိုနေကြချိန်မှာ ဂျပန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် များပြားလာဖို့ အလားအလာတွေ ရှိတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနဲ့ ကုန်သွယ်ရေး အပြည့်အ၀ ပြန်လည်စတင်ဖို့ အဆင်သင့် မဖြစ်သေးပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု တွေ ဖြည်းဖြည်းချင်း တိုးများလာမယ် ဆိုတာကိုတော့ တွေ့မြင်နေရတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန အာရှရေးရာ ဒုတိယ ညွှန်ကြားရေး မှူးချုပ် Ishikane က ပြောကြားသွားပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တချို့ စိစစ်ရေးက ဖြတ်

2011-11-16

နိုဝင်ဘာလ ၁၄ ရက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခြင်း တစ်နှစ်ပြည့် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်း အပတ်စဉ်ထုတ် ဂျာနယ်တွေက ဖေါ်ပြခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားရပ်တချို့ကို စာပေစိစစ်ရေးက ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

အဓိကအနေနဲ့ တရားရေး မဏ္ဍိုင် ကျေနပ်လောက်အောင် မရှိသေးဘူးဆိုတဲ့ အကြောင်း အပါအ၀င် စကားရပ် တချို့ ဖြုတ်ပယ် ခံရတယ်လို့ ကြားသိရကြောင်း ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောပါတယ်။

Read More...

ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ထောင်ပြောင်း

2011-11-16

ကိုမင်းကိုနိုင်၊ မနီလာသိန်းစတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ဒီကနေ့ ထောင်ပြောင်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီလို ထောင်ပြောင်းတဲ့ အထဲမှာ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းကျ အရှင် ဂမ္ဘီရနဲ့ ရခိုင် ပြည်နယ် ဂွမြို့နယ် လွှတ်တော် အမတ် ဦးညီပု တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Read More...

အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင်လုပ်ဖို့ မြန်မာကို အိုဘားမားတိုက်တွန်း

16 နိုဝင်ဘာ 2011
ဦးသိန်းထိုက်ဦး

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံ ရေး ပိုပြီး ကောင်းမွန်အောင် မြန်မာနိုင်ငံဘက်က ရှေ့ဆက်လုပ်ဆောင်ရမှာတွေကို ရှင်းရှင်းလင်းလင်း ဆက်ပြောမှာ ဖြစ်တဲ့ အကြောင်း အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက ပြောဆိုသွားပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ပြီးခဲ့တဲ့ မိနစ်ပိုင်းက သြစတေးလျနိုင်ငံ လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံအရေးကို ထည့်သွင်းပြောဆိုသွားတာပါ။ ဦးသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

ဒီလို ဒီမိုကရေစီပေါ်ထွန်းစနိုင်ငံတွေမှာ လူထုအဓိက လူ့အဖွဲ့အစည်းတွေ၊ လူထုအကျိုးပြုအဖွဲ့အစည်းတွေကနေ နိုင်ငံသားတွေကို တာဝန်ပေးနိုင်အောင်၊ ကောင်းမွန်တဲ့အစိုးရတွေ ပေါ်လာအောင် စွမ်းဆောင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း အခုလို ထည့် သွင်းပြီးတော့ ပြောဆိုသွားပါတယ်။

Read More...

အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း

16 နိုဝင်ဘာ 2011
ကိုသားညွန့်ဦး

မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာ ပေးရေး မပေးရေးဟာ အာဆီယံ အသင်းဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်ရမှာဖြစ် တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာကို အာဆီယံ ဥက္ကဋ္ဌနေရာ ထားခြင်းအားဖြင့် အာဆီယံအသင်းကြီးရဲ့ မျှော်မှန်းချက်တွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကိုတော့ အာဆီယံနိုင်ငံ တွေ အလေးထားစဉ်းစားဖို့ အမေရိကန်ပြည်ထောင်စု က အာဆီယံကို တိုက်တွန်း လိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံကို လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေးကို မကြာခင် အာဆီယံ ထိပ်သီးအစည်း အဝေး ကနေ ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးတွေနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေကို တက်ရောက် ဖို့အတွက် အမေရိကန်သမ္မတအိုဘားမား အပါအ၀င် အမေရိကန် ထိပ်တန်းအရာရှိတွေလည်း အင်ဒိုနီးရှား ဘာလီအစည်းအဝေးကို မကြာခင် ရောက်မှာဖြစ်ပါတယ်။

Read More...

မြန်မာပြုပြင်ပြောင်းလဲဖို့ အင်ဒို မျှော်လင့်

16 နိုဝင်ဘာ 2011
ဦးသိန်းထိုက်ဦး

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမယ်ဆိုရင် ဒီမိုကရေစီရေး အတွက် နောက်ပြန်မလှည့် ကြည့်နိုင်တဲ့ တိုးတက်တဲ့ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေက မျှော်လင့်ထားတဲ့အကြောင်း အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက မနေ့က ဘာလီကျွန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါ တယ်။ ဒီသတင်းစာရှင်းလင်းပွဲအကြောင်းကို ဦးသိန်းထိုက်ဦးကဆက်ပြီး တင်ပြပေးထားပါတယ်။

မနေ့ကတုန်းက ဘာလီကျွန်းမှာကျင်းပတဲ့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ယူရေးမယူရေးကိစ္စကို အဓိက ရှင်းလင်းပြော ဆိုသွားတာကိုတွေ့ရပါတယ်။ သူမြန်မာ နိုင်ငံကို သွားရောက်ပြီး လေ့လာကြည့်ရှုခွင့်ရသမျှ အခြေအနေ အရ မြန်မာနိုင်ငံရဲ့အခြေအနေဟာ လွတ်လပ်ပွင့်လင်းတဲ့ အခြေ အနေ၊ ပြုပြင်ပြောင်းလဲမှုဆီ ဦးတည်နေပြီ လို့ ယုံကြည်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

Read More...

မြန်မာပြုပြင်ပြောင်းလဲမှု နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနဲ့ တိုင်းတာ

16 နိုဝင်ဘာ 2011
ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံကို နိုဝင်ဘာလဆန်းမှာ ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်နေတယ်ဆိုတာ သိသာတယ်လို့ ပြောကြားခဲ့ပေမယ့် မြန်မာအစိုးရ သစ် ဘက်က တကယ့်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ သံဓိဌာန်ခိုင်မာမှု ရှိမရှိစမ်းသပ်မှုအဖြေဟာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးမှုပေါ် မူတည်နေတယ်လို့ VOA ကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမေရိကန်အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာဟာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်း စုကြည်နဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုလူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Read More...

Thaksin လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ထိုင်းအစိုးရဆွေးနွေး

16 နိုဝင်ဘာ 2011

ထိုင်းနိုင်ငံမှာ ပြည်ပြေးဖြစ်နေတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် နေရပ်ထိုင်းကို ပြန်လာနိုင်ရေး လမ်းပွင့်သွားစေမယ့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့ကိစ္စကို ထိုင်းအစိုးရပိုင်း အတွင်းမှာ ဆွေးနွေးနေပြီလို့ သိရပါတယ်။ မစ္စတာ သက်ဆင်ဟာ သူ့ အပေါ်စွဲဆိုထားတဲ့ အဂတိလိုက်စားမှုစွဲချက်တွေကို ရှောင်ရင်း တိုင်းပြည်ကနေ ထွက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့ အစည်းအဝေးအတွင်းမှာ အခုလို လွတ်ငြိမ်းခွင့်အမိန့်ကို အစိုးရအဖွဲ့မှာ အတည်ပြုလိုက်ပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။ ဒီ အမိန့်ဆုံးဖြတ်ချက်မှာတော့ ထောင်ထဲမှာ ၃ နှစ်အောက် ပြစ်ဒဏ်ချခံထားရသူ အသက် ၆၀ ကျော်အရွယ်အားလုံးကို လွတ်ငြိမ်းခွင့်ပေးဖို့ဆိုတာ ပါဝင်တယ်လို့ သိရပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနီးရာထောင်ရွှေ့

16 နိုဝင်ဘာ 2011
မသင်းသီရိ

မြန်မာနိုင်ငံထဲက နိုင်ငံရေးအကျဉ်းသားတချို့ကို ဝေးလံခေါင်သီတဲ့ ထောင်တွေကနေ မိသားစုနဲ့ နီးရာ ဒေသတွေမှာ ရှိတဲ့ အကျဉ်း ထောင်တွေကို စတင် ပြောင်းရွှေ့ နေပါတယ်။ နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေ သက်ဆိုင်ရာ ပါတီအဖွဲ့ အစည်းတွေနဲ့အတူ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူ တချို့လည်း နို်င်ငံရေးအကျဉ်းသားများထောင်ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက် လို့ ပြောပြ ထားပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

သရက်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသူမနီလာသိန်းကို မိသားစုနဲ့ နီးတဲ့ သာယာဝတီထောင်ကို ဒီကနေ့ ရွှေ့ လိုက်ပါတယ်။ အာဏာပိုင်တွေက မိသားစုဆီကို တရားဝင် အကြောင်းကြားတာ မဟုတ်ပေမယ့် ထောင်ပြောင်း ထောင်ရွှေ့တွေ ဒီရက်ပိုင်းအတွင်း ဖြစ်လာနိုင်တယ်ဆိုလို့ စုံစမ်း မေးမြန်းရာကနေ မနီလာသိန်းဟာ ဒီကနေ့ မနက် ၁၀ နာရီက သာယာဝတီ ထောင်ကို ရောက်နေပြီလို့ မနီလာသိန်းရဲ့ ခင်ပွန်း ဖြစ်တဲ့ ကိုဂျင်မီခေါ် ကိုကျော်မင်းယုရဲ့အကို ကိုမျိုးမင်းယုက ပြောပါတယ်။

Read More...

မြန်မာကို အပြည့်အ၀ ကူညီရေး ဂျပန်စောင့်ကြည့်

16 နိုဝင်ဘာ 2011

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အရပ်သားအစိုးရဆိုတာ တက်လာပြီးတဲ့နောက်ပိုင်း ဖြစ်လာတဲ့ အခြေအနေ တွေ အပေါ်မှာ နိုင်ငံတကာကတော့ အတော်လေးကို အကောင်းမြင်သဘောနဲ့ တုန့်ပြန်လာကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေက ထောက်ခံ ထားပြီး ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုနဲ့ ကူညီ ထောက်ပံ့တာတွေလည်း ၀င်လာဖွယ်ရှိနေပြီလို့ ဗွီအိုအေ သတင်းထောက် Brian Padden က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကနေ သတင်းဆောင်းပါး ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတာကနေ လွှတ်ပေးခဲ့ပြီးတဲ့နောက် လူ တွေရဲ့ အခြေခံ လိုအပ်ချက်အတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဂျပန်နိုင်ငံက ပြန်ပေးခဲ့တယ်လို့ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Kimihiro Ishikane က က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်း အဝေးအကြို၊ ၀န်ကြီးအဆင့် အစည်းအဝေးအတွင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

Read More...

ဒေသတွင်းလုံခြုံရေး အာဆီယံ ၀န်ကြီးများ ဆွေးနွေး

16 နိုဝင်ဘာ 2011

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီကနေ့ စည်းဝေးပွဲမှာ ဒေသ တွင်း လုံခြုံရေး ကိစ္စတွေကိုအဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာလုပ်နေတဲ့ ဒီဆွေးနွေးမှာ အာဆီယံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး အဖွဲ့ ဖွဲ့ဖို့၊ တောင် တရုတ် ပင်လယ်ထဲက ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ ကျင့်သုံးဖို့ ထုတ်ပြန်ခဲ့တာတွေကို အကောင် အထည် ဖော်ဖို့နဲ့ နားလည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Read More...

ပုပ်ရဟန်းမင်းကြီးနှင့် မူဆလင်ဗလီဆရာတို့ နှုတ်ခမ်းချင်းတေ့ အနမ်းချွေ

17 November 2011
ဝင့်ထန်း

နိုင်ငံပေါင်း ၁၂၀ မှာ ဖက်ရှင်စတိုးဆိုင်ပေါင်း ၆၀၀၀ ကျော် ဖွင့်လှစ်ထားတဲ့ အီတလီအခြေစိုက် United Colors of Benetton ကုမ္ပဏီက ပုပ်ရဟန်းမင်းကြီးနဲ့ မူဆလင်ဗလီဆရာတစ်ဦးတို့ နှုတ်ခမ်းချင်းတေ့

အားပါးတရ အနမ်းချွေနေတဲ့ ပိုစတာပုံကို ဖန်တီးပြီး ၄င်းရဲ့ ဘရန်းတံဆိပ်တွေအတွက် ဗုဒ္ဓဟူးနေ့က ကြော်ငြာခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်နဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က ထင်ရှားတဲ့ ဗလီဆရာ အာမဒ် မိုဟာမဒ် အယ်လ် တာယဘ် တို့နှစ်ဦး ချစ် တင်းနှောနေတဲ့ ပုံဖြစ်အောင် ကွန်ပျူတာနည်းပညာနဲ့ဖန်တီးပြီး ကြော်ငြာခဲ့သည်။ အဲဒီနေ့မှာပင် နှစ်ဖက် ဘာသာရေးအယူသီး သူ များက ထိုကြော်ငြာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

Read More...

နောက်ကျန် ရခိုင်- ကရင် ရဲဘော်သုံးဦး အိန္ဒိယ ထောင်ထဲမှ လွတ်မြောက်လာ

11/16/2011
မောင်အေး

အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်မှ လွတ်မြေက်လာသည့် ရခိုင်ကရင် ရဲဘော် ၃၄ ဦးထဲမှ မလွတ်ဘဲကျန်ရှိလိုက်သည့် ရဲဘော် ၃ သုံးဦး ယမန်နေ့က အပြီးအပိုင် လွတ်မြောက်လာပြီ ဖြစ်သည်။

ယခု လွတ်မြောက်လာသည့် ရဲဘော်သုံးဦးမှာ ရခိုင်အမျိုးသား လူလူ၊ ဟေးလီနှင့် ကရင် အမျိုးသား မောင်နိုင်တို့ ဖြစ်သည်။

Read More...

ပါတီသစ်များလည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန်ပြင်

ထွန်းထွန်း
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ်

လွှတ်တော်သုံးရပ်အတွင်း လစ်လပ်နေသည့် အမတ်နေရာ ၄၈ နေရာအတွက် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပါတီများ သာမက ပါတီသစ်များလည်း ဝင်ရောက်ယှဉ်ပြိုင်ကြ
မည် ဖြစ်သည်။

ဝင်ရောက်အရွေးချယ်ခံမည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ များမှာ နေရာ ၂ဝ စီဖြင့် အများဆုံးဖြစ်သည်။ ပါတီသစ်တခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှာမူ သုံးနေရာဝင်ပြိုင်မည် ဖြစ်ပြီး ရက်ပ်အဆိုတော်ရသမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် အတွက် ရွေးချယ်ခံမည် ဖြစ်သည်။

Read More...

ပမာဏလျော့ဝယ်မယ့် အရန်ဆန်

သဲသဲ
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ်

စပါးဈေးကျသည့်အတွက် တောင်သူများ အရှုံးမပေါ်စေရန် နိုင်ငံတော်မှ အရန်ဆန် တန်ချိန် တသန်းကို အာမခံဈေးနှုန်းဖြင့် ဝယ် ယူမည့် အစီအစဉ်မှာ ညှိနှိုင်းဆဲဖြစ်ပြီး တန်ချိန်ပြည့် ဝယ်ယူနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင် အသင်း က ပြောသည်။

စပါးဈေးကျဆင်းခြင်းမှာ လယ်မြေများ ရေလွှမ်းမိုးခြင်း၊ ဒေါ်လာဈေး ကျဆင်းလာ၍ ပြည်ပတင်ပို့မှု နည်းလာခြင်းကြောင့်ဖြစ်ပြီး တောင်သူများ နစ်နာမှုအား ပံ့ပိုးသည့်အနေဖြင့် အရန်ဆန်အဖြစ် ဝယ်ယူရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လအတွင်း နေပြည် တော်တွင် ပြုလုပ်သည့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read More...

မြစ်ကြီးနား ဗလမင်းထင်တံတား အနီး ပေါက်ကွဲမှုဖြစ်ပြန်

ဖနိဒါ
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ်

ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသော မြစ်ကြီးနားမြို့တွင် အင်္ဂါနေ့ညနေ ခြောက်နာရီ ကျော်က စီတာပူရပ်ကွက်ရှိ ဧရာဝတီ မြစ်ကူး ဗလမင်းထင် တံတားအနီး ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွား ခဲ့ပြန်သည်။

အစိုးရ၏ ပို့ဆောင်ဆက်သွယ်ရေးဌာန လက်အောက်ခံ ဘီးခွန်ကောက်ခံသည့် အဆောက်အအုံ အနီးတွင် ပေါက်ကွဲ ခဲ့ပြီး လူရှင်းသည့်နေရာ ဖြစ်ခြင်းကြောင့် လူအသေအပျောက်မရှိပါ။

“ရှုးဆိုတဲ့ အသံကြားပြီးနောက်မှာ ပေါက်ကွဲသံ ထွက်လာတာပဲ။ ပေါက်တာက ခြောက်နာရီ မိနစ် ၂၀ မှာ ပေါက် တာပဲ။”ဟု စီတာပူရပ်ကွက် ဒေသခံတဦးက ပြောသည်။ ဒေသခံများက အဝေးမှ မော်တာကျည်ဖြင့် ပစ်ခတ် လိုက်ခြင်း ဖြစ်သည်ဟု ထင် ကြေးပေးနေကြသည်။

Read More...

ကလေးထောင်မှ အရှင်ဂမ္ဘီရကို အင်းစိန်ထောင်ပြောင်းဟု မိခင်ပြော

မျိုးသန့်
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ်

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ကလေးထောင်တွင် ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည့် အရှင် ဂမ္ဘီရကို အာဏာပိုင်များမှ ဗုဒ္ဓဟူးနေ့ညနေတွင် အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်သို့ ပျံသန်းသည့် မြန်မာ့လေကြောင်း လေယာဉ် (MAI) ဖြင့် အရှင်ဂမ္ဘီရကို ညနေ လေးနာရီ တွင် ပင့်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေါ်ရေးက သူရရှိထားသည့် လေယာဉ်ခရီးသည် စာရင်းအရ အတည်ပြုပြောဆိုသည်။

Read More...

ပြန်ပေးဆွဲခံရသူ ထိုင်းအမျိုးသမီး နှစ်ဦး လွတ်မြောက်

ကွန်းချမ်း
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ်

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၇၇)မှ ပြန်ပေးဆွဲထားသော ထိုင်း အမျိုးသမီး သုံးဦးအနက် နှစ်ဦးမှာ အင်္ဂါနေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း ဒေသတွင်းလုံခြုံရေး တပ်ဖွဲ့ အရာရှိများက ပြောသည်။

အသက် ၃၀ ဝန်းကျင် အသီးသီးရှိ အမျိုးသမီး သုံး ဦးကို နိုဝင်ဘာလ နှစ်ရက်နေ့တွင် သုံးဆူမြို့ပြင်ရှိ နယ်စပ် တနေရာတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၇၇) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သုံးဆူမြို့မှ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကြားဝင်ညှိနှိုင်းပေးခဲ့သည်။

Read More...

ရိက္ခာပို့ရာလမ်းတွင်မော်တာဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်

16 November 2011
နန်းသူးလေ

ပဲခူးတိုင်း-ကျောက်ကြီးမြို့နယ်မှ ၎င်းတို့ရှေ့တန်းတပ်စခန်းချရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ထိုင်း-မြန်မာနယ်စပ်သို့ ရိက္ခာ ပို့ ဆောင်ပေးနေသည့် မြန်မာအစိုးရ စစ်တပ်များသည် ၎င်းတို့ရိက္ခာပို့ဆောင်ရာ လမ်းတလျှောက်ရှိ မသင်္ကာဖွယ်ရာ နေရာများ ကို မော်တာဖြင့် ပစ်ခတ်သောကြောင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု သိရသည်။

၎င်းမော်တာလက်နက်ကြီးများကို မြန်မာအစိုးရတပ် တပ်မ(၁၀၁) လက်အောက်ခံတပ်ရင်း(၆)ရင်းတို့က အလျဉ်းသင့်သလို ပစ်ခတ် ခဲ့ခြင်းဖြစ်သော်လည်း ယခင်နှစ်ထက် ပိုမိုဆိုးရွားကြောင်း ဖာပွန်မြို့နယ်ရှိ ရာပလိုဒဲ ရွာခံတဦးက ကေအိုင်စီသို့ ပြောသည်။

Read More...

ကာတွန်း​မြစ်ပြပွဲနှင့်​ အမျိုး​သား​နေ့​အထိမ်း​အမှတ် ကာတွန်း​ပြပွဲများ​ ပြသမည်

November 16, 2011
ရွှေအောင်

ရန်ကုန်မြို့​မှာ ခုရက်ပိုင်း​အတွင် ကာတွန်း​ပြပွဲ​တွေ ဆက်တိုက်ကျင်း​ပဖို့​ ရှိ​နေပါတယ်။

ယောမင်း​ကြီး​ လမ်း​က Gallery ၆၅ ပြခန်း​မှာ ကာတွန်း​မြစ်လို့​ နာမည်​ပေး​ထား​တဲ့​ ပြပွဲနဲ့​ ​ရွေဂုံတိုင်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ပြုလုပ်မယ့်​ အမျိုး​သား​နေ့​အထိမ်း​အမှတ် ကာတွန်း​ပြပွဲ​တွေ ပြသမှာပါ။

ယောမင်း​ကြီး​ လမ်း​ပြခန်း​၊​ ကာတွန်း​ပြပွဲက ဧရာဝတီမြစ် ထိန်း​သိမ်း​ရေး​ အပါအဝင် သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ ကာတွန်း​ကား​ပေါင်း​ ခုနှစ်ဆယ်​လောက် ပြသထား​မှာဖြစ်ပြီး​၊​ နိုဝင်ဘာ ၁၈ ရက်က​နေ ၂၀ ရက်ထိ သုံး​ရက်ပြသမှာဖြစ်တယ်လို့​ ကာတွန်း​ရွှေလူက ​ပြောပါတယ်။

Read More...

မြန်မာ ဒုတိယ​မြောက်​ ​ရွှေတံဆိပ်ဆု ဆွတ်ခူး

November 17, 2011
နေမင်း​သစ်

မြန်မာအားကစားအဖွဲ့အတွက် ဒုတိယမြောက်ရွှေတံဆိပ်ကို အနောက်တိုင်း လှေလှော်အဖွဲ့က ဆွတ်ခူးရရှိပါတယ်။

၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာ အားကစားအဖွဲ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ အနောက်တိုင်း လှေလှော်ပြိုင်ပွဲကနေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Read More...

နယ်အ​ဝေး​အကျဉ်း​ထောင်က နိုင်ငံ​ရေး​အကျဉ်း​သား​အချို့​ ​ထောင်​ပြောင်း​ရွှေ့

November 16, 2011
မင်းလွင်

ယုံကြည်ချက် ​ကြောင့်​ နှစ်ရှည်​ထောင်ဒဏ် အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဒီက​နေ့​မှာ နယ်အ​ဝေး​ထောင်က​နေ မိသား​စုနဲ့​နီး​တဲ့​ ​ထောင်ကို ​ပြောင်း​ရွှေ့​ခဲ့​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုဝင်​တွေက ​ပြောပါတယ်။

ပူတာအို​ ထောင်မှာ ၉၃ နှစ်ကြာ ​ထောင်သွင်း​အကျဉ်း​ချခံ​နေရတဲ့​ ရှမ်း​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​ကို ​ထောင်အာဏာပိုင်​တွေက ​တောင်ငူ​ထောင်ကို ​ရွှေ့​ပြောင်း​လိုက်တယ်လို့​ သူ့​ပါတီဖြစ်တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် SNLD က အတည်ပြု ပြောပါတယ်။

Read More...

Wednesday, November 16, 2011

ကရင်နယ်ခြားစောင့် ခွဲထွက်အဖွဲ့ KNU နှင့် ပူးပေါင်း

November 15, 2011

ကရင်နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ မှခွဲထွက်ခဲ့သော ဗိုလ်မှူးစောဘိ ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ရင်းသည် ကရင် အမျိုးသား အစည်းအရုံး(KNU)၏ ဦးဆောင်မှုအောက်တွင် ရပ်တည်သွားမည်ဟု သိရှိ ရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၇ တွင် နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်သည့် KNU တာဝန် ရှိသူများနှင့် ဆွေးနွေးပွဲ၌ KNU ဦးဆောင်မှုကိုခံယူရန် ဗိုလ်မှူးစောဘိနှင့် တပ်ဖွဲ့ဝင်များက သဘောတူ လက်ခံခဲ့သည်ဟု KNLA တပ်မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ် စောဂျော်နီ က ပြောသည်။

Read More...

နှစ်နိုင်ငံ ချစ်ကြည်ရေးလား၊ တရုတ်က လွှမ်းမိုးချင်တာလား

ခင်ဦးသာ
November 15, 2011

မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ လတ်တလော လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ လွှမ်းမိုးနိုင်ရန် ကြိုးပမ်းမှု ဖြစ်သည်ဟု ရှုမြင်သူများ ရှိသော်လည်း တချို့က နှစ်နိုင်ငံချစ်ကြည်ရေး ကြောင့်ဟု သုံးသပ်ကြသည်။

တရုတ်နိုင်ငံက ဗုဒ္ဓမြတ်စွယ်တော်အား နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ဟုဆိုကာ မကြာသေးမီက မြန်မာနိုင်သို့ ပင့်ဆောင်လာပြီး ပြည်သူများ ဖူးမျှော်နိုင်ရန် စီစဉ်ပေးထားသည်။

မြတ်စွယ်တော်ကို တရုတ်ပြည် ပြင်ပသို့ ၇ ကြိမ် ပင့်ဆောင်ခဲ့ရာ ၄ ကြိမ်မှာ မြန်မာပြည်သို့ ဖြစ်သည်ဟု တရုတ် သာသနာရေး ၀န်ကြီး Mr. Wang Zuo An က ရှင်းပြခဲ့ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

Read More...

အပေါ်သို့