Wednesday, November 16, 2011

မြန်မာနိုင်ငံအတွက် အာဆီယံ ဥက္ကဋ္ဌတာဝန် AIPMC ဆိုင်းငံ့စေချင်

2011-11-15

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ကြပေမဲ့ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ AIPMC ကတော့ မြန်မာနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရေးကို ဆိုင်းငံထားသင့်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

မနေ့က ဂျာကာတာမြို့ပါလီမန် အဆောက်အအုံမှာပြုလုပ်တဲ့ AIPMC အဖွဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်ကြောင်း AIPMC အဖွဲ့ ဥက္ကဋ္ဌ Ms Eva Sundari က အဓိက အကြောင်းပြချက်တွေ အနေနဲ့ မြန်မာနိုင်ငံက ဒီိမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ အချက်တွေအပြင် မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက် နေတာတွေကို ထောက်ပြ ထားတယ်လို့ ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မနေ့က အာဆီယံ လူမှုအဖွဲ့အစည်းများ ကွန်ယက်က ကြီးမှူးပြီး ဂျာကာတာမြို့မှာ ဆွေးနွေးပွဲ ပြုလုပ်တဲ့အခါ မြန်မာနိုင်ငံက တိုင်းရင်းသား ၃ ဦးက သူတို့ဒေသက အစိုးရရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အကြောင်းကို ထွက်ဆို တင်ပြသွားတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့