Tuesday, November 15, 2011

မန္တလေးမှာ ဘုန်းကြီးတွေ ဆန္ဒပြနေ

ဘားမားဗီဂျေ
နိုဝင်ဘာ ၁၅၊ ၂၀၁၁

နိုဝင်ဘာ ၁၅ ရက် နံနက် အာရုဏ်တက်ချိန် ၅း၃၀ နာရီခွဲလောက်က စတင်ပြီး မန္တလေးမြို့ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင် ဗိမာန်တော်ကြီးကို ပိတ်ထားလိုက်ပြီး အတွင်းမှာ သံဃာတော်တွေ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြနေပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အချက် သုံးချက်ကို ဦးတည် တောင်းဆို နေကြတာဖြစ်ပါတယ်။ အကျဉ်းထောင်တွေအတွင်းမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကို ပြန်လွှတ်ပေးဖို့ ကိုလဲ တောင်းဆို နေကြပါတယ်။


ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက် သံဃာတော် ဘယ်နှပါး အတွင်းမှာ ဆန္ဒပြနေတာကို သတင်း မရရှိသေးပေမဲ့ လက်ကိုင် အသံချဲ့စက် ဟွန်းတွေနဲ့ တောင်းဆိုနေတာကို ကြားသိရပါတယ်။

အာဏာပိုင်တွေက ဆန္ဒပြဘုန်းကြီးတွေကို လာရောက်ညှိနှိုင်းနေတယ်လို့လဲ မန္တလေးမြို့ခံက ဘားမားဗီဂျေကို ပြောဆိုပါတယ်။

Ref: မိုးမခ

0 comments:

အပေါ်သို့