Saturday, September 17, 2011

ဝန်ကြီး ဦးဇော်မင်း ရှင်းလင်းပွဲ အမတ်အချို့သာ ဖိတ်ကြား

မျိုးသန့်
သောကြာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ မြောက်ဖျားရှိ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လက် တည်ဆောက်သွား မည်ဟု သံဓိဋ္ဌာန် ချထားသူ အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီး ဦးဇော်မင်းမှ အငြင်းပွားနေသည့် ဆည်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရန် လွှတ်တော်နှစ်ရပ်မှ အမတ်အချို့ကိုသာ ရွေးချယ် ဖိတ်ကြား ထားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC တွင် စနေနေ့ နေ့လည် ၁ နာရီတွင် ဦးဇော်မင်းမှ မြစ်ဆုံဆည် စီမံကိန်းအကြောင်း အမတ်များကို ရှင်းလင်း တင်ပြမည်ဖြစ်ရာ အထက် လွှတ်တော်မှ အမတ် ၁၀ ယောက်နှင့် အောက်လွှတ်တော်မှ ၇ ယောက် တို့ကိုသာ ဖိတ်ကြား ထားကြောင်း အမတ်များ ကပြောသည်။ အစောပိုင်းက အောက်လွှတ်တော်တွင် အမတ်များ အားလုံး တက်ရောက်ရန် တိုက်တွန်းခဲ့ သော်လည်း သောကြာနေ့ ညနေဘက်တွင် အစီအစဉ် ပြောင်းသွားခဲ့သည်။

Read More...

Friday, September 16, 2011

မြစ်ကော

Fri, Sep 16th, 2011


မြစ်မကောအောင်လို့ 
သစ်တောတို့ စိမ်းရပေမည် …

ရေဝေတောတွေ ဆိုင်းစို့ စို့ 
မှိုင်းညို့ ညို့ မှုန်ရီရီ …

ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့ …

တတောလုံးပြောင်
တတောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ 
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
………. စိုးကြောက်ဖွယ်အဖြစ်သဘော
………. မြစ်ကောတဲ့နေ့ ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)
Ref: ဧရာဝတီ မိတ်ဆွေများ

ကားအစားထိုးလဲခွင့်ကြောင့် ဒေါ်လာဈေး ထိုးတက်

16 September 2011

သက်တမ်းကြာမြင့်နေသော ကားဟောင်းများကို အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်မပိုသော ကားများနှင့် အစားထိုး လဲလှယ် ခွင့်ပြုမည့် အစီအစဉ်ကြောင့် အမေရိကန်ဒေါ်လာနှင့် FEC ၀ယ်ယူသူများကာ ဈေးကွက်တွင် ဒေါ်လာဈေး ထိုးတက် နေကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာသည် စက်တင်ဘာလ ၁၅ ရက်တွင် ၀ယ်ဈေးတဒေါ်လာ ၈၀၅ ကျပ်၊ ရောင်းဈေး ၇၉၅ ကျပ်ဈေးရှိပြီး FEC တယူနစ်လျှင် ၀ယ်ဈေး ၇၇၀ ကျပ်၊ ရောင်းဈေး ၇၆၀ ဖြစ်ကာ ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာမှာ တယူနစ်အတွက် ၈၀၈ကျပ်
အထိ ဖြစ်သွားသည်။

Read More...

ပုသိမ်လယ်သမားများ ၀န်ကြီးရုံးသို့ ချီတက်

ဇာနည်မာန်
15 September 2011

ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် ပတ်ဝန်းကျင် ရွာများမှ လယ်သမား ၁၅၀ ကျော်သည် အသိမ်းခံထားရသော မြေဧက ၂၀၀၀ ကျော် အရေး ညှိနှိုင်းမှုရရန်အတွက် ယနေ့နံနက်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးရုံးသို့ စီတန်းလမ်းလျှောက် တောင်းဆို ခဲ့ကြောင်း သတင်းရရှိသည်။

လုပ်ငန်းရှင်များနှင့် စစ်တပ်က သဇင်ရွာမ၊ ဂျိုင်လယ်၊ မျှင်တိုး၊ သဇင်မှော်၊ ဖုန်းမောင်ကြိုင် စသည့် ကျေးရွာအုပ်စုတို့မှ လယ်၊ ယာ၊ ဥယျာဉ်ခြံမြေများကို သိမ်းဆည်းပြီး နောက်ပိုင်း အလုပ်လက်မဲ့ဖြစ်သွားသည့် ၎င်းတို့၏ အခက်အခဲများ ဖြေရှင်းပေးရန် ရေးသား တောင်းဆိုထားသောစာကို ၀န်ကြီးရုံးသို့ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

Read More...

ပိတ်ဆို့မှုရုပ်သိမ်းရန် ဦးရွှေမန်း တောင်းဆို

ခင်ဦးသာ
15 September 2011

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ် ချယ် နှင့် မကြာသေးမီက တွေ့ဆုံစဉ် ဒဏ်ခတ် ပိတ်ဆို့များ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ တွင် ဖော်ပြထားသည်။

“ပြည်သူများ ဒုက္ခရောက်စေသော အမေရိကန်၏ မူဝါဒကို ပြန်လည် စဉ်းစားသုံးသပ်စေလိုကြောင်း” ဦးရွှေမန်းက မစ္စတာ ဒဲရက် မစ်ချယ် နှင့် စက်တင်ဘာ ၉ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်ဟု ဆိုသည်။

Read More...

ထိုင်းစစ်ဗိုလ်ချုပ် နေပြည်တော်သွား

သန်းထိုက်ဦး
15 September 2011

ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Prayut Chan O Cha သည် နေပြည်တော်သို့ ယမန်နေ့က သွားရောက်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င် ထိပ်တန်း ဗိုလ်ချုပ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာအစိုးရ သတင်း စာ များတွင် ယနေ့ ရေးသားထားသည်။

“နှစ်နိုင်ငံ တပ်မတော်များ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ရှိစေရန်နှင့် တပ်မတော် နှစ်ရပ် အကြား ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်” ဟု အစိုးရ သတင်းစာက ဆိုသည်။

Read More...

ဦးဇော်မင်းအားအရေးယူပေးပါရန် တိုင်ကြား

Tue, Sep 13th, 2011

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄၅)
နိုင်ငံတော်သည် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ရမည်။

The Union shall protect and conserve natural environment.

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၀န်ကြီးဖြစ်သူ ဦးဇော်မင်းသည် နိုင်ငံတော်၏ အခြေခံမူများ အခန်းပါ ပုဒ်မ (၄၅) ကို ကျူးလွန် ဖေါက်ဖျက် ခဲ့ပါသည်။“အဲဒီတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ကန့်ကွက်နေလို့ နောက်ဆုတ် မှာလားလို့ မေးခွန်း တခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာ ဖြစ်ပါတယ်”ဟုပြော ဆိုခဲ့ခြင်းသည် သက်သေ ထင်ရှား အများရှေ့ မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၉၀)

Read More...

Thursday, September 15, 2011

“မြစ်ပျောက်ရင် တိုင်းပြည် ပျောက်မယ်”

15 September 2011

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရနှင့် တရုပ် အစိုးရပိုင် CPI ကုမ္ပဏီတို့ ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း တည်ဆောက်နေသည်။ အဆိုပါ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက် ၍ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဧရာဝတီမြစ် တိမ်ကော ပပျောက်နိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေ ကြောင်းကို ထင်ရှားသူများက ပြောဆိုနေကြရာ ပြည်သူအများ စိတ်ဝင်စားမှု များပြားလျှက်ရှိသည်။

ဧရာဝတီအကြောင်း ကဗျာနှင့် စာပေဟောပြောမှုများ၊ လှုံ့ဆော်မှုများမှာ အင်တာနက် လူမှုကွန်ယက်များတွင် ပြန့်နှံ့လျှက်ရှိရာ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာများ၊ ဟောပြောချက်များကိုလည်း လူအများ စိတ်ဝင်စားလျှက်ရှိသည်။ ထို့ ကြောင့် မောင်စိန်ဝင်း (ပုတီးကုန်း) အား ဧရာတီမြစ်နှင့် ပတ်သက်သည့် ၎င်း၏ ထင်မြင်ချက်၊ ခံယူချက်များကို ဧရာဝတီမဂ္ဂဇင်း သတင်းထောက် လင်းသန့်က မေးမြန်းထားပါသည်။

Read More...

အပြောင်းအလဲဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လင်းသန့်
15 September 2011

မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟု ယုံကြည်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသည့် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါ တယ်။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြား ပြောပြီးသားလည်း ဖြစ် နေပါတယ်။ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေရောက်နေပြီလို့ ကျမ ယုံကြည်တယ်” ဟု ပြောသည်။

Read More...

အာဆီယံ ဘောလုံးပွဲ ဒေါ်စု တက်ရောက် ကြည့်ရှု

14 စက်တင်ဘာ 2011
သင်းသီရိ

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်တဲ့ ၁၉ နှစ်အောက် အာဆီယံ ချန်ပီယံ ဘော်လုံးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည်ရှုခဲ့ပါတယ်။ မြန်မာနိုင်ငံ ဘော်လုံးအဖွဲချုပ် ဦးဇော်ဇော်ရဲ့ ဖိတ်ကြား ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘောလုံးပွဲကို သွားခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ မြန်မာနဲ့ လာအို အသင်းတို့ ကစားခဲ့ကြ တာပါ။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ စီးပွားရေးနဲ့ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်း စုကြည် သွားရောက်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံ ဘော်လုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဘော်လုံးပွဲတွေကို လာအားပေးဖို့ ဖိတ် ကြားထားတဲ့အတွက် ဒီကနေ့ ကစားတဲ့ မြန်မာနဲ့ လာအိုပွဲကို ဒေါ်အောင်ဆန်းစုကြည် သွားအားပေးခဲ့တာဖြစ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ ဘော်လုံးပွဲကို လိုက်ပါသွားတဲ့ NLD ပါတီက ဦးခွန်သာမြင့်က ပြောပါတယ်။

Read More...

မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်း စာများ ဗကသဖြန့်ဝေဟုဆို

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝ ဖျက်သွားစေရမည်ဟု ဆိုကာ ကန့်ကွက်ကြောင်း လှုံဆော် အသိပေးသော စာများ ကပ်ဝေမှုကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်-ဗကသ ကပြောသည်။

ရန်ကုန်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် ဆူးလေ၊ မြေနီကုန်းနှင့် ရွှေဂုံတိုင်တို့ရှိ ကားမှတ်တိုင်များ၊ လိုင်းကား များပေါ်၌ Save the Irrawaddy စာတန်းများကို စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ လိုက်လံ ကပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဗိုလ်ချုပ်ခေတ်တုန်းက လွတ်လပ်ရေး ယူတဲ့အချိန်မှာ လူထုလူတန်းစားအလွှာ အသီးသီးက၊ တိုင်းရင်းသား တွေကော အကုန်လုံးက ကျန်တဲ့နေရာမှာ သဘောထား ကွဲလွဲချင် ကွဲလွဲမယ်။ လွတ်လပ်ရေး ဆိုတဲ့ နေရာမှာ သဘောထား မကွဲလွဲသလိုပဲ ကျနော်တို့ ဒီခေတ် အခြေအနေမှာလည်း ကျနော်တို့ အစုအဖွဲ့တွေ အကုန်လုံးက ဘယ်နေရာမှာပဲ ဘယ်လို သဘောထား ကွဲလွဲနေပစေ ဧရာဝတီဆိုတဲ့ ကိစ္စမှာတော့ တသက်မှတ်တည်း၊ တသဘောတည်း ရှိတယ်။ ဒီ မြစ်ဆုံ Dam ကို လုံးဝ ဖျက်စေမယ်” ဟု ဗကသ ပြောခွင့်ရ ကိုမင်းဆွေသစ်က မဇ္ဈိမကို ပြောသည်။

Read More...

သမ္မတအကြံပေးနဲ့ ဗွီအိုအေမြန်မာ သီးခြားတွေ့ဆုံမေးမြန်းချက်

14 စက်တင်ဘာ 2011
ဒေါ်ခင်စိုးဝင်း

ပြည်ပမှာ ရောက်နေတဲ့သူတွေ ပြန်လာကြဖို့ မြန်မာအစိုးရက ကမ်းလှမ်းနေတယ်ဆိုရင် ဒါဟာ ပြည်တွင်းက နိုင်ငံရေးအကျဉ်း သားတွေ လွတ်မြောက်ရေးအတွက်လည်း အလားအလာကောင်းတခုအဖြစ် မျှော်လင့်နိုင်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က ဗွီအိုအေ ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံမှုတွေကို ကြည့်ရင် အမြင်မတူတာတွေကို ဘေးဖယ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ ဦးတည်တာဖြစ်တဲ့အတွက် တိုးတက်မှုတွေ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ ဒေါက်တာနေဇင်လတ်ကို နေပြည်တော်မှာ ဗွီအိုအေ သတင်းထောက် ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်း ထားပါတယ်။

အခုလောလောဆယ် လက်ရှိ နိုင်ငံရေး အနေအထားအရ အရင်ကထက်စာရင် အားလုံးက ခန့်မှန်းပါတယ်။ အထိုက်အလျောက် အသင့်အတင့် ပြောင်းလဲလာတယ်လို့ မြင်ကြပါတယ်။ ဆိုတော့ ဒီထက်မက ပိုပြီးတော့ တိုးတက်ပြောင်းလဲလာအောင် နိုင်ငံတော် သမ္မတ အကြံပေးတဦးအနေနဲ့ သမ္မတကြီးကို ဘာတွေများ အကြံပေးနေပါလဲရှင့်။ -

Read More...

Wednesday, September 14, 2011

နိုင်ငံရေးအကျဉ်းသားတွေ အိမ်ပြန်မရောက်ခင် ပြည်ပကလူတွေ အရင် ပြန်ကြမှတဲ့လား

ဦးဝင်းတင်နဲ့ မေးခွန်းများ
Monday, 12 September 2011

လွန်ခဲ့တဲ့ စနေနေ့က ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့စဉ်မှာ မေးမြန်းခဲ့တဲ့ မေးခွန်း အစိတ်အပိုင်း တခုကတော့ ပြည်ပက မြန်မာတွေ လုံခြုံ အေးချမ်း စိတ်ချစွာ အိမ်ပြန်လာခွင့် ရှိပြီလား၊ မိသားစုတွေ၊ မိဘတွေ၊ သားသမီးတွေ စောင့်မျှော်နေရာ နေအိမ်တွေဆီ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်တိုင်က ပြန်ရောက် မလာသေးခင်မှာ ပြည်ပက မြန်မာတွေက အိမ်ပြန်ကြဖို့ အဆင်သင့်နေပြီလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

- ဆရာရေ … အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အိမ်ပြန်ခွင့် မရှိသေးခင်မှာ ပြည်ပက မိသားစုနဲ့ ခွဲခွာနေရ သူတွေက အိမ်ပြန်ကြဖို့ အတွက် အခြေအနေတွေ ပေးနေပြီလို့ ဆိုနိုင်မလား ခင်ဗျာ။

- နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရဲ့ လွတ်မြောက်ခွင့်နဲ့ ပြည်ပမှာရှိနေတဲ့ မြောက်များ စွာသော မြန်မာပြည်သား တွေရဲ့ အိမ်ပြန်လာခွင့်နဲ့က တပိုင်းဆီလို သတ်မှတ်မလားလို့ မေးစရာ ပေါ်လာတယ်။ ဒါကြောင့် ဒီလို မေးလာတယ်လို့ မြင်တယ်။ တနည်းအားဖြင့် ကတော့ ဆက်စပ်မှု ရှိနေတယ်လို့တော့ ပြောလို့ရတယ်။ မြန်မာပြည်ပကို ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတိုင်းဟာ နိုင်ငံရေး သမားတွေ မဟုတ်ဘူးပေါ့ကွာ။

Read More...

မြန်မာဗိုလ်ချုပ်များ လာဘ်စားပုံ ဝီကီလိခ်တွင်ပါရှိ

ကိုဝိုင်း
စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်


ဏာသိမ်း နဝတ စစ်အစိုးရ လက်ထက် ထိပ်တန်း ဗိုလ်ချုပ်တချို့ လာဘ်စားခဲ့ပုံများကို ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် လျို့ဝှက်ကြေးနန်း တစောင် ဝီကီလိခ်စာ မျက်နှာမှ ပေါက်ကြားလာသည်။

ငါးဖမ်းသင်္ဘော အစင်း ၁ဝဝ ကျော်ဖြင့် မြန်မာ့ရေပိုင်နက်တွင် လုပ်ကိုင်ခွင့်ရနေသည့် ထိုင်းလုပ်ငန်းရှင်ကြီး တဦးက မြန်မာနိုင်ငံ ကို အပတ်စဉ်သွားတိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေအား လာဘ်ထိုးရပုံ ကို ရန်ကုန် အမေရိကန် သံရုံးသို့ ပြောပြခဲ့သည်။

ထို့အပြင် လာဘ်စားသူများထဲတွင် နဝတ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦး၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့် ၏ ဇနီးတို့လည်းပါခဲ့သော်လည်း နောင်တွင် အာဏာရှင်ဖြစ်လာသော ဗိုလ်ချုပ်ကြီးသန်းရွှေမှာ အနေအထိုင် ရိုးအေး ကြောင်း ၂ဝ၁၁ ခု သြဂုတ်လ ၃ဝ ရက်စွဲဖြင့် ပေါက်ကြားလာသည့် ကြေးနန်းစာက ဖော်ပြနေသည်။

Read More...

ကားဟောင်းအတွက် ပါမစ်ကြောင့် ကားဈေး ရုတ်ချည်းလှုပ်

ညီသစ်
စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

အစိုးရက မကြာမီ သက်တမ်းရင့် ကားဟောင်းများကို ဖျက်စီးရန် ပြန်လည် အပ်နှံပါက အမေရိကန် ကန်ဒေါ်လာ ၃,၅ဝဝ ထက် မများသည့် ၁၉၉၅ ခုနှစ်နှင့် အထက်ထုတ် မော်ဒယ်လ်ကားများ သွင်းခွင့်ပါမစ် ပေးမည်ဆိုသော သတင်းနှင့်အတူ ကားဟောင်း ဈေးနှုန်းများ ရုတ်ချည်း မြင့်တက်သွားသည်။

သံရည်ကြိုစက်တွင် ဖျက်ဆီးပစ်ရန်အွက် မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်း နှစ် ၄ဝ နှင့် အထက်ကားများကို မော်တော် ယာဉ် မှတ်ပုံတင် စာအုပ်နှင့်အတူ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ မောင်းနှင်ပို့ဆောင် အပ်နှံရမှာဖြစ်သည်။ ထိုသို့အပ်နှံလျှင် ကားဝယ်ခွင့်ပါမစ် တစောင် ထုတ်ပေးမှာ ဖြစ်သည်။ ယာဉ်ပိုင်ရှင်မှ မပယ်ဖျက် လိုသေးပါက ဆက်လက် အသုံး ပြုခြင်းကိုမူ ခွင့်ပြုထားသည်။

Read More...

ကမ္ဘာ့ဒီမိုကရေစီနေ့ NLD ကျင်းပမည်

ကိုပေါက်
စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

ကြာသပတေးနေ့တွင် ကျရောက်သည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား တခုကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်တွင် ကျင်းပမည် ဖြစ်သည်။

“ဒီနေ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးကနေ ဆုံးဖြတ်တာက ကျနော်တို့လည်း ကမ္ဘာ့ဒီမိုကရေစီနေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ ကျင်းပမယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ် အသီးသီး၊ တိုင်းနဲ့ဗဟို အဆင့် ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ထားပါ တယ်။ မန္တလေးတိုင်းဆိုရင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စီစဉ်နေပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

Read More...

အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် အဖွဲ့တွင် ဝင်နိုင်ရေး အဆို အတည်ပြု

မျိုးသန့်
စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

မြန်မာနိုင်ငံ၏ ဆည်ကြီးများ တည်ဆောက်ရေး စီမံကိန်းတွင် "အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် ICOLD ၏ အကြံပြုချက်များ ရယူရန်နှင့် ဆည်ကြီးများဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရေးအဆို ဗဟိုအစိုးရကို တိုက်တွန်းကြောင်း" အဆိုကို အင်္ဂါနေ့ အထက် လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက် သည်။

မြန်မာ ဆောက်လုပ်ရေး တတ်သိပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ များ၊ မိုးလေဝသ ပညာရှင်များနှင့် ငလျင် ပညာရှင်များ စုပေါင်းထားသည့် MCOLD (Myanmar Commission on Large Dams ) အဖွဲ့ ဖွဲ့စည်းရေး ဖြစ်သည်။

Read More...

အမေရိကန်မူဝါဒ ပျော့ပျောင်းရန် ဂျင်မ်ဝက်ဘ် တိုက်တွန်း

ရန်ပိုင်
13 September 2011

အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က အမေရိကန် အနေဖြင့် မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရေး နှင့် ပျော့ပျောင်းရေး တိုက်တွန်းလိုက်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာအစိုးရနှင့် အမေရိကန်အစိုးရအကြား ဆက်ဆံရေးကောင်းမွန်ရန် အထူးလိုလားသူ တဦးအဖြစ် လူသိများပြီး ယခုကဲ့သို့ တိုက်တွန်းသည့်အချိန်သည် အမေရိကန်အစိုးရ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Read More...

ကိုရီးယားဒုက္ခသည်အရေး အစိုးရ တင်းကျပ်

ဇာနည်ဝင်း
13 September 2011

မြန်မာပြည်ရောက် မြောက်ကိုရီးယား ဒုက္ခသည်များအရေးကို ကိုင်တွယ်ရာတွင် အစိုးရက သဘောထား တင်းမာလာကြောင်း မကြာသေးမီက ၀ီကီလိကဖွင့်ချသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာသည် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ဌာနတွင်းပေးစာဖြစ်ပြီး တောင်ကိုရီးယားသံတမန်တဦး၏ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ပြောကြားချက်များကို အခြေခံ ရေးသားထားခြင်းဖြစ်သည်။

Read More...

ထိုင်း-မြန်မာနယ်စပ် ရေကြီး၊ ကုန်သွယ်ရေး ရပ်ဆိုင်း

13 September 2011

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာ နယ်ခြား သောင်ရင်း မြစ်ရေ မြင့်တက်လာပြီး မဲဆောက်နှင့် မြဝတီရှိ ရပ်ကွက်များ ရေမြုပ်ကာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်။

မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမှ မြို့ခံတဦးက “ဒီနှစ်မိုးတွင်းမှာ ရေကြီးတာ လေးခါရှိပြီ။ အခုရေကြီးတာ အဆိုးဆုံးပဲ။ အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ ၂၊ ၅ ရပ်ကွက်တွေ ရေမြုပ်တာ အိမ်ခြေရာနဲ့ချီပြီး ရှိတယ်။ ၂ ရက်ရှိပြီ၊ ကိုယ့်ဖာသာပဲ ကိုယ်ထူ ကိုယ်ထ ပြောင်းရွှေ့နေရတယ်။ ဘယ်က အကူအညီမှ မလာသေးဘူး” ဟု ပြောသည်။

Read More...

ထားဝယ်ဆိပ်ကမ်းအရေး လွှတ်တော်တွင် ဆွေးနွေး

ခင်ဦးသာ
13 September 2011

တနသာင်္ရီတိုင်း၊ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ထိုဒေသရှိ ရှေးဟောင်းနယ်မြေများ မထိခိုက်စေရေးနှင့် ပတ်သက် သော အဆိုကို အမျိုးသား လွှတ်တော်က အတည်ပြုပေး လိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ရေးထားသည်။

ထိုအဆိုကို ကိုယ်စားလှယ် ၆ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း၊ ယဉ်ကျေးမှု နယ်မြေများ မထိခိုက်စေရေး အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနက ဆောင်ရွက်ထားသည်ဟု အမျိုးသားစီးမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်းက ပြောဆိုကြောင်း သတင်းစာက ဆိုသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ရှေးဟောင်းသုတေသန အဖွဲ့က ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

Read More...

Tuesday, September 13, 2011

ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု

Sunday, 11 September 2011

အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အရာရှိကြီးတစ်ဦး၏ ရင်ဖွင့်ပြောစကားကို တာဝန်သိ ပြည်သူ တစ်ဦး၏ သတင်း ပေးပို့ချက် အရ ယခုအကြောင်းအရာကို တင်ပြနိုင်ခြင်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ် နိုင်ရန် အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလ အတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ် ဒုတိယ သမ္မတ ရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ် ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြို လေ့လာရေး လုပ်ငန်း မပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည် တောင်းယူ ခဲ့ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက် အလက်များကို ထိုစဉ် က နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့် ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေ ခဲ့ကြောင်း သိရှိရပါသည်။

Read More...

အမေရိကန် အထူးကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ တွေ့ဆုံ

12 စက်တင်ဘာ 2011
မသိင်္ဂီထိုက်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူးဖြစ်တဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ပထမဆုံး မြန်မာပြည် ခရီးစဉ်အဖြစ် စက်တင်ဘာ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ၅ ရက်ကြာ ရောက်ရှိ နေပါတယ်။ မစ္စတာ မစ်ချဲလ်ဟာ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုး သား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအ၀င် မြန်မာအစိုးရ အဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့မှာတော့ အမေရိကန် အထူးကိုယ်စားလှယ်ဟာ လူမှုကူညီရေး အသင်းတွေဖြစ်တဲ့ ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီး တဲ့ နာရေးကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းနဲ့ တောင်ဒဂုံမြို့နယ်မှာ မဖြူဖြူသင်း ဦးစီးတဲ့ HIV/AIDS ဝေဒနာ သည် တွေ ကူညီစောင့်ရှောက်ရေး ဂေဟာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက် မနေ့ကတော့ မစ္စတာ မစ်ချဲလ်ဟာ ရန်ကုန်မြို့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံပြီး တဆက်တည်း NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် CRPP အဖွဲ့ဝင်တွေကိုပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့မှာပဲ မစ္စတာ မစ်ချဲလ်ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သီးခြား တွေ့ဆုံပြီး မြန်မာ့ တရားစီရင်ရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့ အပြင် သူ့အနေနဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကိုလည်း အကျဉ်းချုပ် ပြောခဲ့တယ်လို့ ဖိတ်ကြားခံရသူတွေက ပြော ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

Read More...

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ပြန်လည်ညှိနှိုင်းဖို့ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် တိုက်တွန်း

12 စက်တင်ဘာ 2011

၂၀၀၃ ခုနှစ်က စတင်ချမှတ်ခဲ့တဲ့ Burmese Freedom and Democracy Act အရ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ထားတာ ကို လွှတ်တော်က နောက်ထပ် သက်တမ်းတနှစ် တိုးဖို့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ ဖြစ်လာမယ့် အခြေအနေနဲ့ ကိုက်အောင် ညှိယူနိုင်ဖို့ ပြင်ဆင်ထား သင့်တယ်လို့ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) က ကြေညာ ချက် ထုတ်ပြန်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ တနင်္လာနေ့က ပြောလိုက်ပါတယ်။

Read More...

ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး တောင်းဆိုမှု ရုရှား ကန့်ကွက်

12 စက်တင်ဘာ 2011

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ချေမှုန်းခဲ့တဲ့အတွက် ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူဖို့ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက တောင်းဆိုတာကို ရုရှားက ပယ်ချလိုက်ပါတယ်။

ဆီးရီးယားအပေါ် နောက်ထပ် ထပ်ပြီး ဖိအားပေးဖို့ မလိုအပ်ဘူးလို့ ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီဒက်ဗ် (Dmitry Medvedev) က တနင်္လာနေ့က ပြောပါတယ်။ ဆီးရီးယားနဲ့ ပတ်သက်ပြီး ချမှတ်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေဟာ တင်းမာရမှာ ဖြစ်သလို မျှလည်း မျှတရမယ်လို့ သူက ပြောပါတယ်။

Read More...

တွေ့ဆုံဆွေးနွေးမှုများအပေါ် အမေရိကန် သံတမန် အကောင်းမြင်

12 စက်တင်ဘာ 2011
ဒေါ်ခင်စိုးဝင်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့တဲ့ အမေရိကန် အစိုးရရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူးသံတမန် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ဒီခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးမှုတွေဟာ အပြုသဘော ဆောင်တယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံ အားပေးနေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒဲရက်ခ် မစ်ချဲလ်ရဲ့ မြန်မာပြည် ခရီးစဉ် အတွက် သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ရန်ကုန်မြို့ကနေ တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာအစိုးရ ခေါင်း ဆောင် ပိုင်းနဲ့ တွေ့ဆုံတုန်းက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး အခုလို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

Read More...

အပေါ်သို့