ညီသစ်
စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်
အစိုးရက မကြာမီ သက်တမ်းရင့် ကားဟောင်းများကို ဖျက်စီးရန် ပြန်လည် အပ်နှံပါက အမေရိကန် ကန်ဒေါ်လာ ၃,၅ဝဝ ထက် မများသည့် ၁၉၉၅ ခုနှစ်နှင့် အထက်ထုတ် မော်ဒယ်လ်ကားများ သွင်းခွင့်ပါမစ် ပေးမည်ဆိုသော သတင်းနှင့်အတူ ကားဟောင်း ဈေးနှုန်းများ ရုတ်ချည်း မြင့်တက်သွားသည်။
သံရည်ကြိုစက်တွင် ဖျက်ဆီးပစ်ရန်အွက် မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်း နှစ် ၄ဝ နှင့် အထက်ကားများကို မော်တော် ယာဉ် မှတ်ပုံတင် စာအုပ်နှင့်အတူ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ မောင်းနှင်ပို့ဆောင် အပ်နှံရမှာဖြစ်သည်။ ထိုသို့အပ်နှံလျှင် ကားဝယ်ခွင့်ပါမစ် တစောင် ထုတ်ပေးမှာ ဖြစ်သည်။ ယာဉ်ပိုင်ရှင်မှ မပယ်ဖျက် လိုသေးပါက ဆက်လက် အသုံး ပြုခြင်းကိုမူ ခွင့်ပြုထားသည်။
ကားဟောင်းများကို ပယ်ဖျက်ခြင်း၊ ကားသစ်များ တင်သွင်းခြင်းနှင့် ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၁၁ရက် က နေပြည်တော်တွင် ကျင်းပခဲ့ရာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဝန်ကြီးများအပြင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စက်မှု၂ ဝန်ကြီး ဌာနမှ ဝန်ကြီးများက ရှင်းလင်းတင်ပြကြသည်။
ထိုသို့ တင်သွင်းရန်အတွက် ထိုင်း၊ ဂျပန်၊ တောင်ကိုးရီးယား၊ တရုတ်၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံများမှ ကားများ တင်သွင်းလာရန် စီစဉ်နေသည်ဟုလည်း ဝန်ကြီများကဆိုသည်။ ထို့ပြင် စက်မှု ၂မှ ထုတ်သည့် ၅၅ သိန်းတန် မြန်မာမီနီဆလွန်းကိုလည်း ပိုမို ထုတ် လုပ်ရောင်းချနိုင်ရန် စိစဉ်မည်ဟု ဆိုသည်။
သက်တမ်း၎ဝ များပြီးပါက သက်တမ်း ၃ဝမှ ၄ဝကြားကို ဒုတိယအဆင့်၊ သက်တမ်း ၂ဝ မှ ၃ဝကြားကို တတိယ အဆင့်အဖြစ် သတ်မှတ်လုပ်ဆောင်မည်ဖြစ်သည်။
ထိုသတင်းထွက်ရှိသည့် နေ့တွင်ပင် ဈေးကွက်အတွင်းရှိ သက်တမ်း ၄ဝနှင့် အထက် လူစီးကားငယ် (ဥပမာ-ဖယ်မလီယာများ၊ ဖီးယက်ကား) များ၏ ဈေးနှုန်းသည် ယခင်က ကျပ်သိန်း ၃ဝ ဝန်းကျင်ခန့်မှသည် သိန်း၅ဝခန့် သို့ ရုတ်ချည်း မြင့်တက်ခဲ့သည်ဟု ကားပွဲစားများနှင့် နီးစပ်သူ ကားပိုင်ရှင် တဦးက ပြောသည်။
"ဖြစ်လာနိုင်တာက ကားဈေးကွက်ထဲမှာ ပါမစ်ရဖို့ ကားဟောင်းတွေ လိုက်ဝယ်ကြလိမ့်မယ်။ဒီတော့ကားပိုင်တဲ့ သူက ပါမစ်ထပ် များတဲ့ ဈေးမူရင်း ကားဈေးထက်များတဲ့ နှုန်းနဲ့ ရောင်းမယ်။ ပါမစ် များများ ရထားတဲ့သူကလည်း သွင်းလာ တဲ့ ကားတွေ ကို ဈေးကောင်းပေးရောင်းမယ်။ ဒီတော့ ကားဈေးကွက် ကမောက်ကမ ဖြစ်ဦးတော့မယ်" ဟုအဆိုပါ ကားပွဲစားတဦးက မှတ်ချက် ပြုသည်။
၂ဝဝဝ ခုနှစ်နောက်ပိုင်းမှစ၍ မော်တော်ယာဉ် တင်သွင်းခွင့် ပိတ်ပင်ထားခဲ့သောကြောင့် မြန်မာနိုင်ငံ၏ ကားဈေးကွက် သည် ပြည်ပနိုင်ငံများနှင့် ယှဉ်ပါက ဈေးနှုန်းများ များစွာမြင့်မားလျက် ရှိနေပြီး မော်တော်ကားသစ်များထက် ကားဟောင်းဈေး ကွက် သည်သာ ကြီးစိုးလျက်ရှိသည်။
ကားတင်သွင်းခွင့် ပါမစ်မှာလည်း တန်ဖိုးတက်လာခဲ့ပြီး ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် ထရပ်ကား တစီးတင်သွင်းရန် ကျပ်သိန်း ၂ဝဝ ခန့်၊ ဘတ်စ်ကား တစီး တင်သွင်းရန် ကျပ်သိန်း ၃ဝဝ နှင့် လင်ခရူဆာကဲ့သို့သော SUV တစီး တင်သွင်းလျှင် ကျပ်သိန်း ၁,၅ဝဝ ခန့် ဈေးပေါက်ခဲ့သည်။
အစားထိုး လဲလှယ်ခွင့်ပေးရာတွင် သတ်မှတ်ချက်နှင့်ပြည့်စုံသော ကားဟောင်းများကို မော်တော်ယာဉ် မှတ်ပုံတင် စာအုပ်နှင့် အတူ သတ်မှတ်ထားသော ဌာနသို့ ပို့ဆောင်ပေးပြီး ယာဉ်အသစ်တစီး ဝယ်ယူခွင့် ပါမစ်နှင့် လဲလှယ်ရမည်ဖြစ်သည်။
နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံခြားတွင် တရားဝင် သွားရောက် အလုပ်လုပ် နေသူများနှင့် သင်္ဘောသားများသည်လည်း နိုင်ငံတော်ဘဏ်များတွင် တရားဝင်နိုင်ငံခြားငွေ စုဆောင်း ထားရှိပါက မော်တော် ယာဉ်ဝယ်ခွင့် ပါမစ်ကို စီးပွားကူးသန်းဝန်ကြီးဌာနက ခွင့်ပြုပေးသွားမည်ဟုလည်း သိရသည်။
Ref: မဇ္ဈိမ
Wednesday, September 14, 2011
ကားဟောင်းအတွက် ပါမစ်ကြောင့် ကားဈေး ရုတ်ချည်းလှုပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment