Saturday, September 11, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ခရီးစဉ် အဆုံးသတ်

2010-09-11

တရုတ်နိုင်ငံကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီကနေ့ ခရီးစဉ် အဆုံးသတ်အဖြစ် တရုတ်ပြည်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဇင်းမြို့ကို ရောက်ရှိခဲ့တယ်လို့ တရုတ်အစိုးရသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာစစ်အစိုးရခေါင်းဆောင်ဟာ ရှန်ဇင်းမြို့က စက်မှုဇုံကို သွားရောက်ဖို့ရှိပြီး တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ တခါးဖွင့်ဝါဒ ကျင့်သုံးခဲ့တာတွေကို လေ့လာမယ်လို့ ဒီကနေ့ထုတ် တရုတ်အစိုးရသတင်းစာ ပြည်သူ့နေ့စဉ်က ရေးသားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မနေ့က တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းကို ရောက်ရှိခဲ့ပြီး ၂ နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားလာတွေကို လေ့လာ ခဲ့တယ်လို့လည်း ဆိုပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၁ - ၉ - ၁၀ )

မိုင်းဗုံး၊ ချိန်ကိုက်ဗုံးများ တွေ့ရှိကြောင်း စစ်အစိုးရ ၀ါဒဖြန့် သတင်းစာတွင် (၂) မျက်နှာ ဖော်ပြထား သတင်း
ပူတာအိုထောင်က ရှမ်းခေါင်းဆောင် ခွန်ထွန်ဦးမွေးနေ့ ရန်ကုန်တွင် ကျင်းပ သတင်း
ဦးခွန်ထွန်းဦးမွေးနေ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကျင်းပ သတင်း
ရခိုင်လူမှုအသိုင်းအ၀ိုင်းက ဦးဥတ္တမနေ့ အခမ်းအနားများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကြ သတင်း
လုပ်ကြံဖမ်းဆီးခံရတဲ့ ဆရာတော် ဦးပညာစာရအတွက် ဆရာတော် (၁၅) ပါးက တိုင်းမှူးထံ စာပို့ သတင်း
အရှင်ပညာစာရအတွက် တရားမျှတမှုကိုလို၍ တိုင်းမှူးထံ စာရေးရခြင်းဖြစ်ဟု ဆရာတော်တပါး ပြော သတင်း
ဦးအုန်းကြိုင်နှင့်အဖွဲ့ မန္တလေးတိုင်းက ခရိုင်သုံးခုနှင့် တွေ့ဆုံ သတင်း
ရွေးကောက်ပွဲ သပိတ်မှောက်ရေး NLD ခေါင်းဆောင်တွေ မန္တလေးမှာ ရှင်းပြ သတင်း
ပညာရေးဝန်ထမ်းများကို မဲရုံစောင့်ကြည့်ရေး တာဝန်ပေး သတင်း
တင်ထားသည့် ကိုယ်စားလှယ်လောင်းများ တချို့ အပယ်ခံရ သတင်း
ပြည်နယ်လွှတ်တော်တွေ လုပ်ပိုင်ခွင့် ပိုရဖို့ တိုင်းရင်းသားပါတီတွေ လိုလား သတင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ခရီးစဉ် အဆုံးသတ် သတင်း
မောရဝတီ ရေတပ်စခန်းမှ လယ်မြေဧက (၁ဝဝ) ကို တပ်ပိုင်အဖြစ် သိမ်းဆည်း သတင်း
နေပြည်တော် အမျိုးသမီးဝန်ထမ်းအိမ်ရာ လုံခြုံရေး စိတ်မချရ သတင်း
ရွှေဝါရောင်အလွန်မှာ - အပိုင်း (၁) (ဆောင်းပါး)
မင်္ဂလာနှင့် နိုင်ငံရေး (၂) (ဆောင်းပါး)
ဦးရွှေကြူး (ဆောင်းပါး)
တွန်းအားများ (ဆောင်းပါး)
ထိုင်းငါးဖမ်းပိုက်စက်ရုံက မြန်မာများ (၄) ရက်မြောက် ဆန္ဒပြ သတင်း
ထောင်နှင့်ချီသည့် အလုပ်သမားများ မိမိတို့၏ ရပိုင်ခွင့်အတွက် ဆန္ဒပြ သတင်း
ချင်းပြည်နယ်မှာ ကြွက်တွေ သောင်းကျန်းနေ သတင်း
မြန်မာအသိုင်းအ၀ိုင်း လှုပ်ရှားမှုသတင်းများ သတင်း
အစကောင်းမှ အနှောင်းသေချာတယ်တဲ့ သတင်း
စာနယ်ဇင်းသမား ရွေးကောက်ပွဲဝင်လျှင် နိုင်ငံရေးနှင့် မီဒီယာကဏ္ဍ ရောထွေးနိုင် သတင်း
စစ်တပ်နဲ့ ပြည်သူကို ရန်တိုက်ပြီး သက်ဆိုးရှည်နေသည့် အာဏာရှင်စစ်ခေါင်းဆောင်များ (ဆောင်းပါး)
ဆရာတော် ဦးဥတ္တမကို မီဒီယာများ လျစ်လျူ မရှုသင့် သတင်း
ဦးပညာစာရနှင့်ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများက တိုင်းမှူးထံ မေတ္တာရပ်ခံစာ သတင်း
ဦးပိုင်ကြော်ငြာများ စိစစ်ရေးကင်းလွတ်ခွင့်ရ သတင်း
မြန်မာငွေ တန်ဖိုးတက်လာ၊ အက်ဖ်အီးစီနဲ့ ဒေါ်လာဈေးများ ကျနေ သတင်း
စစ်အစိုးရ၀ါဒဖြန့် သရုပ်ဆောင်ရဲ့ စတိတ်ရှိုးကို အယ်လ်အေမှာ နက်ဖြန် ဆန္ဒပြကန့်ကွက်မည်၊ အိုရီဂွန်နဲ့ ယူ တီကာ အရပ်များမှာ စတိတ်ရှိုး မကျင်းပဖြစ်တော့ သတင်း

Friday, September 10, 2010

ကလေးစစ်သား ရဲဘက်စခန်း ရောက်

2010-09-10

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီးနောက် အခု ရဲဘက်စခန်းတခုကို ရောက်နေတဲ့ လူငယ်တယောက်အမှုနဲ့ ပတ်သက်ပြီး ရန်ကုန် အိုင်အယ်လ်အို ရုံးခွဲက အဲဒီလူငယ်ကို လွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

အဲဒီ မောင်ကျော်စွာဝင်းဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး၊ ၁၉၈၉ ခုနှစ် သူ ၁၄ နှစ်သားအရွယ် ၇ တန်းကျောင်းသားဘဝက အထက(၃) မြောက်ဥက္ကလာပမှာ ကျောင်းသွားနေတုန်း ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကျန်းမာရေး ဆိုးဝါးလို့ရန်ကုန်တိုင်း မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးရုံက ဆင်းပြီးတဲ့အချိန် စစ်တပ်ကို ပြန်လည်သွားခြင်း မရှိတော့ပဲ မိသားစုဝင်တွေနဲ့အတူ မြောက်ဥက္ကလာပမှာ ပြန်နေထိုင်ခဲ့ပါတယ်။

ဒီနှစ်မတ်လမှာ စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၄ နှစ်နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က လှေလှော်အင်း ရဲဘက်စခန်းမှာ ရောက်ရှိနေပါတယ်။

ဒီအမှုကို အိုင်အယ်လ်အိုရုံးခွဲမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်မေဝင်းက အိုင်အယ်လ်အို ရုံးခွဲအနေနဲ့ စစ်အစိုးရထံ လွှတ်ပေးဖို့ တင်ပြထားပြီး ဖြစ်ပေမဲ့ အခုအချိန်အထိ ပြေလည်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၉ - ၁၀ )

အလုပ်သမား (၁,၀၀၀) ကျော် ဆက်တိုက်ဆန္ဒပြ သတင်း
မြန်မာလုပ်သား (၁,၀၀၀) ကျော် ထိုင်းတွင် (၃) ရက်မြောက် ဆန္ဒပြ သတင်း
အကျဉ်းသား (၁၀၀) လွှတ်၊ နိုင်ငံရေးအကျဉ်းသား မပါ သတင်း
တရုတ်-မြန်မာနယ်စပ်အရေး ပူးပေါင်းဆောင်ရွက်လိုဟု မြန်မာစစ်ခေါင်းဆောင် ပြော သတင်း
အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုတွင် မြန်မာ ယှဉ်ပြိုင်ရန် မလွယ် သတင်း
ပဲခူးပစ်ခတ်မှု မိသားစုများ နှုတ်ပိတ်နေရန် ညွှန်ကြား သတင်း
KNLA နှင့် တိုက်ပွဲ နအဖတပ်မှ (၂) ဦး ကျဆုံး သတင်း
ကေအိုင်အိုကို နအဖက ထိန်းချုပ်ကန့်သတ် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၀) ဦးကျော် ကေအဲန်ယူနှင့် ပူးပေါင်းခဲ့ သတင်း
PR များကို နိုင်ငံသားခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့ သတင်း
မဲဆောက်-မြ၀တီတံတား ဖွင့်နိုင်ခြေ မျှော်လင့်ချက်သာရှိသေး သတင်း
ပဲခူးက ကလေး ရန်ကုန်က ကြည့်မြင်တိုင်ဘူတာတွင် စစ်သားစုဆောင်းခံရ သတင်း
မြန်မာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ရန် တရုတ် ကတိပြု သတင်း
ကချင်ပြည်နယ်နဲ့ ၀ ဒေသတွင် မတည်မငြိမ် ဖြစ်နိုင်သည့် အရိပ်အယောင် တွေ့နေရ သတင်း
ပအိုဝ်းပါတီနှင့် လက်ကိုင်တပ်ဖွဲ့ ဒေသခံများထံမှ အဓမ္မ ငွေကောက်ခံ သတင်း
လဲချား၌ ကြံ့ဖွတ်ပါတီ ရှင်းလင်းပွဲ ဆင့်ခေါ်သော်လည်း တက်ရောက်သူနည်း သတင်း
တရားဝင် စစ်ကျွန်ဖြစ်အောင် တွန်းပို့သည့် ရွေးကောက်ပွဲဟု ကူကီးအမျိုးသမီးအသင်းက ပြော သတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း သတင်း
တိုင်းမှူးသစ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် စည်းရုံး သတင်း
ကြံ့ဖွတ်ပါတီက မှတ်ပုံတင်၊ အိမ်ထောင်စု အခမဲ့ လုပ်ပေးကာ လူထုမဲဆွယ်နေ သတင်း
စစ်အစိုးရ မီဒီယာက မဲပေးပုံ စတင်ဖော်ပြ သတင်း
စွမ်းအားရှင်များ တကျော့ပြန်လာမည် သတင်း
မဲဆွယ်ရန် ကျပ်သိန်းပေါင်းများစွာ သုံးမည်ဟု ဇေကမ္ဘာ ဦးခင်ရွှေ ပြောကြား သတင်း
ဆရာတော်ဦး ဥတ္တမနေ့ အခမ်းအနား ရတပမှ စစ်တွေတွင် ကျင်းပ သတင်း
ဖြတ်သန်းနေသော ပုံရိပ်များ (ဆောင်းပါး)
မြန်မာပြည်တွင် အိပ်ခ်ျအိုင်ဗွီပိုးရှိသူ အစိုးရကြေညာချက်ထက် များပြား သတင်း
ရမ်းဗြဲကျွန်း၌ ပုစွန်ကန် ရေသွင်း၍ လယ်ထဲတွင် ရေငန်ဝင်ပြီး စပါးမစိုက်နိုင် သတင်း
ကုန်တင်ကားကြီးများကို သွားလာရေး ပိတ်ပင် သတင်း
မွန်စာကို ထိုင်းအက္ခရာသုံးသင်၍ ကျောင်းသားမိဘများ ဆန္ဒပြ သတင်း
Prince Claus ဆု ချီးမြှင့်ခံရတဲ့အပေါ် အယ်ဒီတာ့ တုံ့ပြန်စကား သတင်း
မြန်မာမိန်းကလေးများကြား တက်တူးဖက်ရှင် ခေတ်စားလာ သတင်း
ဗိုလ်မစွဲလျှင် ဦးတေဇက တသင်းလုံး ထုတ်ပစ်မတဲ့ သတင်း
စရိတ်မျှပေး ကျန်းမာရေးဒုက္ခ သတင်း

ရန်တကာအောင်တို့ အဖေ

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း)
စက်တင်ဘာ ၉၊ ၂၀၁၀ မိုးမခ

အခန်း (၁)
ဘဝ တလျှောက်လုံး ယုံကြည်ချက်အတွက် အလုပ်လုပ်ခဲ့သူ များစွာရှိမှာပါ။ ကိုယ့်ယုံကြည်ချက်ကို အသက်ထက် တန်ဖိုး ထားသူတွေထဲက တွေ့ခဲ့ဖူးသူ တယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူဟာ ကျောင်းသားဘဝ ငယ်ရွယ်စဉ် ကတည်းက ယုံကြည်ချက် အတွက် တိုက်ပွဲတွေဝင်ရင်း အာဏာရှင်တို့ရဲ့ ငရဲခန်းမျိုးစုံကို ကျော်ဖြတ်ခဲ့ရသူပါ။ သူ့ကိုစတွေ့စဉ်က ၁၉၉၄ ဇွန်လမှာ ဖြစ်တယ်။ ဦးဇင်းတို့ကို ဇွန်လ ၁၁ ရက်နေ့မှာ အင်းစိန်ထောင်ကနေ သာယာဝတီထောင် ပြောင်းရွှေ့ခံရတော့ ဦးဇင်းတို့က သီးသန့် အနောက်တိုက် သူက သီးသန့် အရှေ့တိုက်မှာပါ။ ထုံးစံအတိုင်း ထောင်ထဲ အနေကြာလာတော့ တယောက်အကြောင်း တယောက် သိလာကြတယ်။

တယောက်ရဲ့ဖြတ်သန်းမှုဟာ နောက်တယောက်အတွက် နည်းယူစရာတွေဖြစ်တယ်။ ဦးဇင်းတို့ထဲမှာ ဖြတ်သန်းမှု အများဆုံး ရှိခဲ့တဲ့ သူ့ထံက သင်ယူစရာတွေ မေးမြန်းစရာတွေ လေ့လာစရာတွေ အမြောက်အများ ဆိုတာ အထူး ပြောစရာ မလိုတော့ပါဘူး။ အခု သူနဲ့ ကြုံဆုံ ခဲ့ရစဉ်ထဲက မှတ်ဉာဏ်ထဲ ပေါ်လာသမျှကို ကြိုးစားပြီး ရုပ်ပုံလွှာတခု အဖြစ် ချယ်မှုန်းဖို့ ကြိုးစား ကြည့်တာပါ။ ကြီးမားသော သူ့ရဲ့ ဖြတ်သန်းမှု အတွေ့ အကြုံတွေထက် စာရင် ယခု ရေးပြမှာက လိုအပ်ချက်တွေများစွာ ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြုံတွေ့ခဲ့ရတဲ့ သက်ရှိ သမိုင်းစာအုပ်ထဲက မှတ်မိသမျှ စာမျက်နှာအချို့ကို ပြန်လည် မျှဝေကြည့်တာပါ။ သူနဲ့ ဦးဇင်း ဘာသာတရားက စည်းတား ထားပေမယ့် ယုံကြည်ချက်က ဦးဇင်းတို့ နှစ်ယောက်ကို ပေါင်းစည်းစေတယ်။ မျှော်မှန်းချက်က လက်တွဲစေတယ်။ တူညီတဲ့ ဆုံးဖြတ်ချက်က ခြားနားမှုတွေကို ကျဉ်းမြောင်းစေတယ်။

အခန်း(၂)

Read More...

မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် တို့က အသက်စတေးကာ ပေးခဲ့သည့် သင်္ခန်းစာ

မောင်ထက်မွန်

September 10 , 2010

စက်တင်ဘာ (၄) ရက်နေ့ညက ပဲခူးမြို့၊ ဇိုင်ဂနိုင်းရပ်ကွက်မှာ ခလရ (၅၉)က စစ်သည်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ မောင်အောင်သူဟိန်း (၂၃ နှစ်)နဲ့ မောင်စိုးပိုင်ဇော် (၁၉ နှစ်) တို့ရဲ့ ဈာပနကို စက်တင်ဘာ (၇) ရက်နေ့၊ နေ့လည် ၁၁ နာရီအချိန်မှာ ပဲခူး ဆေးရုံကြီးရှိ ရင်ခွဲရုံကနေ ဆင်ဖြူကွင်း သုဿန်ကို ပို့ဆောင် သဂြိင်္ိုဟ်ရာမှာ ပဲခူးမြို့မှ မြို့သူ မြို့သားတွေနဲ့ နီးစပ်ရာမြို့တွေမှ စာနာသူ (၂၀၀၀) ကျော် တို့ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

အသုဘပို့ အခမ်းအနားမှ စတင်ကာ ၂၀၁၀ ရွေးကောက်ပွဲ နီးကာမှ လူထု အုံကြွမှုဖြစ်ပေါ်လာမယ့် အရေးကို စိုးရိမ် ထိတ်လန့် နေကြတဲ့ အာဏာပိုင်တွေ ဘက်က ပဲခူးမြို့ကို လုံခြုံရေး တင်းကြပ်ထားပြီး၊ လူထုအုံကြွမှု ပေါ်ပေါက်လာပါက ထိန်းသိမ်း ကိုင်တွယ်နိုင်ရန် လုံခြုံရေး စီမံချက် ချမှတ်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ လုံထိန်း၊ မီးသတ်၊ ကြံ့ဖွတ် နဲ့ စွမ်းအားရှင်တို့ကို တပ်လှန့် အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ ရဲသတင်း ရပ်ကွက် အဆိုအရ သိရပါတယ်။

Read More...

Thursday, September 9, 2010

ရွေးကောက်ပွဲကို အထူးစောင့်ကြည့်ဖို့ ကုလထိပ်တန်းအရာရှိကြီးတိုက်တွန်း

2010-09-09

မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမရှို အထူးကြပ်မတ်စောင့်ကြည့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီး မစ္စစ် နာဗီပီလေးက နိုင်ငံတကာကို တိုက်တွန်းလိုက် ပါတယ်။ ရွေးကောက်ပွဲမှာ ဥပဒေနဲ့ မကိုက်ညီတာတွေ၊ ခြိမ်းခြောက်တာတွေ၊ တိုက်ခိုက်တာတွေကနေ ကာကွယ်ရမယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အသေးစိတ် လုပ်ငန်းတွေကိုတော့ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက ထည့်သွင်းပြောဆိုတာ မရှိပါဘူး။

Read More...

နေ့စဉ်သတင်းများ ( ၉ - ၉ - ၁၀ )

အပစ်ရပ် နယ်ခြားတလျှောက်ရှိ တပ်စခန်းများအား လားရှိုးတိုင်းမှူးသစ် ကွင်းဆင်းစစ်ဆေး သတင်း
ဦးဥတ္တမနေ့ အခမ်းအနားကို ပြည်တွင်းပြည်ပမှာ ကျင်းပ သတင်း
ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည် (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဂျွန်လင်နန်၏ ဇနီး ကြိုးပမ်းလျက်ရှိ သတင်း
ဘီဘီစီ မြန်မာပိုင်းအစီအစဉ် လျှော့ချ ဖြတ်တောက်ခံရမည်ကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ် သတင်း
ကချင်ဗိုလ်ကြီး စစ်တပ် အဖမ်းခံရ သတင်း
ကေအိုင်အိုတပ်ဖွဲ့အပေါ် နအဖက ကန့်သတ်မှုများ ပြုလုပ် သတင်း
ရှမ်းပြည်အရှေ့ပိုင်း၌ UWSA တပ်အင်အား တိုးချဲ့ သတင်း
နိုင်ငံတော်ခရီးစဉ်တွင် မိသားစုကို ဗိုလ်ချုပ်မှူးကြီး ရှေ့တန်းတင် သတင်း
တရုတ်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် သတင်း
တရုတ်-မြန်မာ စီးပွားဆက်ဆံရေး တိုးတက်ပေမယ့် မြန်မာလူထု အကျိုးမခံစားရ သတင်း
နိုင်ငံတကာအခြေအနေ ပြောင်းပေမယ့် တရုတ်ရဲ့ မြန်မာမူဝါဒ မပြောင်းလဲ သတင်း
ရခိုင့်အမွေအနှစ်များ ထိန်းသိမ်းရန်လိုဟု ဦးဇော်အေးမောင် ပြောဆို သတင်း
ထိုင်းအက္ခရာ မွန်အသံထွက် စာပေသင်ကြားမှု ကျောင်းသားမိဘများ ဆန္ဒပြ သတင်း
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း ကော်မရှင် အပြီးသတ် စိစစ် သတင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမတ်လောင်းတဦး အပယ်ခံရ သတင်း
အန်ဒီအက်ဖ်က ရွေးကောက်ပွဲအတွက် ပါတီလုပ်ငန်းများ အရှိန်မြှင့် သတင်း
သန်းခေါင်စာရင်းကောက်၍ ကြံ့ဖွံ့ပါတီဝင်ရန် စည်းရုံး သတင်း
မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့ စည်းရုံးရေးဆင်း သတင်း
နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ သတင်း
ရွေးကောက်ပွဲမတိုင်မီ တိုက်ပွဲများ မဖြစ်နိုင်သေး (ဆောင်းပါး)
ပတ်စပို့ အစစ်နှင့်အတု လဲသောကြောင့် စက်ရုံလုပ်သားများ ဆန္ဒပြ သတင်း
ရွေးကောက်ပွဲမှာ မဲမပေးကြရန် အမျိုးသမီးများ အာရုံမတက်ခင် စာဖြန့် သတင်း
ရွေးကောက်ပွဲကို အထူးစောင့်ကြည့်ဖို့ ကုလထိပ်တန်းအရာရှိကြီး တိုက်တွန်း သတင်း
FEC ဈေးကွက် ပျက်ပြီ သတင်း
စီးပွားရေး - ဒေါ်လာနဲ့ အက်ဖ်အီးစီ ဈေးကျ သတင်း
မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲနှုန်း ဈေးထိုးကျ၊ FEC ၀ယ်သူမရှိလောက်အောင် ဖြစ်နေ သတင်း
ငွေဈေး ရွှေဈေး ထိုးကျ၊ ရွှေအရောင်းအဝယ် ဆိုင်း သတင်း
MRTV 4 ရုပ်သံလိုင်း (၂၄) နာရီ ထုတ်လွှင့် သတင်း
မြန်မာဇာတ်ကား မင်နီဆိုတာ အာရှ ရုပ်ရှင်ပွဲတော်တွင် ပြမည် သတင်း
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ သတင်း

ပြည်သူကို ရန်မူမှု

စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၀

စစ်အစိုးရက တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖလို့ ကြွေးကြော်ထားတဲ့ တပ်မတော် သားတွေပါ။ သူတို့ ဘာဖြစ်လို့ ဒီလောက် ရက်စက် ရိုင်းစိုင်းသွားကြ၊ လူစိတ် ကင်းမဲ့ သွားကြသလဲ။ ပဲခူး ဇိုင်းကနိုင်းမှာ စက်တင်ဘာ ၄ရက်က ဖြစ်သွားတဲ့ အရပ်သား လူငယ် နှစ်ယောက်ကို စစ်သားတွေ သေနတ်နဲ့ ပစ်သတ်မှု အကြောင်း အားလုံး သိကြပြီးပါ။

ရှင်းပါတယ်။ စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ အတွေးအခေါ်တွေ ကြောင့်ပါပဲ။

စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို လုယူသိမ်းလိုက်ကတည်းက ဒီလိုဖြစ်ရပ်တွေ နေရာအနှံ့ ဖြစ်ခဲ့ ဖူးပါတယ်။ အညိုရောင် အမည်းရောင် သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင်တော့ အထူး ပြောစရာ မလိုပါဘူး။

၁၉၈၉ မှာ စစ်ခုံရုံးက ချမှတ်တဲ့ မတရားပြစ်ဒဏ်နဲ့ အကျဉ်းကျနေချိန် တခါသား ကျနော်တို့ နိုင်ငံရေး အကျဉ်းသား တိုက်တွေကို စစ်တပ်က အသွင်ပြောင်း အကျဉ်းထောင် ဝန်ထမ်းတွေ အစောင့် တာဝန် ကျလာပါတယ်။ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်တွေ ဖြစ်လာကြတာပေါ့။ ကျနော်တို့ဆီ တာဝန်ကျလာတဲ့ အချိန်မှာ ကျနော်တို့က ကိုယ့်ညီတွေလိုပဲ သဘောထား ကောင်းကောင်း မွန်မွန် ဆက်ဆံပြီး ကိုယ့်ရှိတဲ့ အစားအစာလေးတွေ ချကျွေး မိတ်ဖွဲ့ ခဲ့ကြပါတယ်။

Read More...

တစည ဘာလဲ ဘယ် လဲ

Sep 7, 2010 12:33

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ များဟာ မထင်မှတ်ဘဲ အုပ်စု ကြီး သုံး စုရဲ့ အားပြိုင်ပွဲ ဖြစ်သွား ပါပြီ။ ကြံ့ခိုင်ရေး၊ တစည နဲ့ ဒီမိုကရေစီ အင်အားစုများ ဆိုတဲ့ အားပြိုင်ပွဲ ဟာ နိုင်ငံရေးမှာ ငွေကြေး အရေးကြီးတယ် လို့ပြဆိုနေတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

တစညပါတီ ဟာ ငွေကလွဲရင် ဘာမှ မရှိတဲ့ ပါတီဖြစ်ပါတယ်။ ခေါင်းဆောင်ဗိုလ်ချုပ်ဟောင်းများနဲ့ အခြေခံ လူတန်းစားများ ပေါင်းစု ထားတဲ့ ပါတီ ဖြစ်ပြီး နိုင်ငံရေးကို အပျော်တန်း သဖွယ် ထလုပ်ရင်း အဓိက နိုင်ငံရေး အင်အားစု ဖြစ်လာတော့မည့် အခြေဆိုက် နေပါတယ်။ တစည ကြီး တဦးကဆိုရင် သူတို့ အနေနဲ့ သမတနေရာ မမျှော်မှန်းပေမည့် ဒုတိယ သမတတော့ ဖြစ်လိုတယ်လို့ ပြောနေပါပြီ။

ဒီကိစ္စဟာထူးခြားပါတယ်။ တစည ပါတီ အနေနဲ့ ကဒီမိုကရေစီပါတီများ နဲ့ မယှဉ်ပြိုင်ရတဲ့ နေရာများမှာ အလုး အရင်း နဲ့ အနိုင်ရဖို့ ရှိနေပြီး ပြည်သူ့လွှတ်တော်က အမည် တင်သွင်းတဲ့ ဒုတိယသမတ ဟာ သူတို့ဖြစ်ရမယ်လို့ ပြောလာတာပါ။ အမျိုးသား လွှတ်တော် ရဲ့ ရလဒ်များမှာ တိုင်းရင်းသားများ အနိုင်ရဖို့ ရှိနေတာကြောင့် NDF လို ပါတီက ကူညီရင် တိုင်းရင်းသားထဲ က ဒုတိယ သမတ တဦး ထပ်မံ ရရှိဦးမှာ ဖြစ်လို့ ဗိုလ်ချုပ်မှူးကြီး ဟာ သူစီစဉ်တဲ့ အတိုင်း မဖြစ် တော့တဲ့ အခြေအနေသစ် တခုနဲ့ ကြုံတွေ့ရဖို့ ရှိနေပါတယ်။

ကြံ့ခိုင်ရေး၊ နဲ့ ဗိုလ်ချုပ်မှူးကြီး တို့ရဲ့ ရန်သူဟာလဲ ထင်မှတ်ထားတဲ့ NDF ပါတီ မဟုတ်တော့ဘဲ တစည ဖြစ်လာတာကို တွေ့ကြရ ပါတော့မယ်။ တစည ကြီး တဦး က သူတို့အတွက် ဒီအခြေအနေသစ် ကို ရန်သူဟောင်း ဖြစ်တဲ့ NLD ပါတီ၊ ပါတီဝင်ဟောင်းဖြစ် တဲ့ ဦးဝင်းတင် တို့က လက်ဆောင်ပေးခဲ့ တာ ဖြစ်ကြောင်း၊ သမိုင်းကြွေးဆပ်ဖို့ အခွင့်အရေး ပေးလာပြီလို့ ယူဆကြောင်း ပြောပါတယ်။ တစည ပါတီ ရဲ့ အဓိက မကျေနပ်ချက်က စီးပွါးရေးမှာ အခုလို စည်းဝါးလွတ် လူ တစုကောင်းစား ရေး လုပ်လိုက်တဲ့ ကိစ္စ ဖြစ်လို့ ဒီဖြစ်ရပ် အားလုံး လွှတ်တော် က ပြန်လည် သုံးသပ်ဖို့ လိုမယ်လို့ မကွေး တိုင်းထဲ က အမတ်လောင်း တဦးက ပြောပါတယ်။

အဆိုပါ တစည ကြီး တဦး က သူတို့ဟာ တို့တာဝန် အရေးသုံးပါးကို လိုလား ထောက်ခံ သူများ ဖြစ်လို့ သူတို့ကို ချေမှုန်းခဲ့ရင် အာဏာ မက်လို့သာ ဖြစ်ရမယ် တိုင်းပြည် ကောင်းကျိုး လိုလားလို့တော့ မဖြစ်နိုင်လို့ သုံးသပ်ထားကြောင်း တင်ပြ လိုက်ရပါတယ်။

Ref: Myanmar watch

Wednesday, September 8, 2010

နာဂစ်မုန်တိုင်းသင့် ဒေသများမှာ သောက်ရေတွင်းများ NLD လှူဒါန်း

2010-09-08

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှာ သောက်သုံးရေတွင်း တတွင်း ပြန်လည်တူးဖော်ဖို့အတွက် NLD ပါတီ လူမှုအထောက်အကူပြု အဖွဲ့က စက်တင်ဘာ ၈ ရက် ဒီကနေ့ သွားရောက်ကူညီခဲ့ကြောင်း သိရပါတယ် ။

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အဲဒီ ရေတွင်းဟာ အိမ်ခြေ တထောင်လောက် မှီခိုသုံးစွဲနေတဲ့ ရေတွင်း ဖြစ်တယ်လို့ အကူအညီပေးရေးအတွက် သွားရောက်ခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်က RFA ကို ပြောပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၈ - ၉ - ၁၀ )

ရွေးကောက်ပွဲကော်မရှင်က ဦးဥတ္တမရုပ်တုကို ဂါရ၀ပြုခွင့် ပိတ်ပင် သတင်း
ဦးဥတ္တမရုပ်တု ဂါရဝမပြုရန် ရခိုင်ပါတီကို တားမြစ် သတင်း
ပြည်တွင်းမှာ ခွင့်မပြုသည့် ဦးဥတ္တမ အခမ်းအနား ချင်းမိုင်မှာ ကျင်းပ သတင်း
ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည် (ဆောင်းပါး)
KIO နယ်မြေအနီး မြန်မာစစ်တပ် အင်အားတိုးချနေ သတင်း
လက်နက်ချရန် KIO ငြင်းဆိုပြီးနောက် မြစ်ကြီးနားတွင် လုံခြုံရေးတိုးမြှင့် သတင်း
မြန်မာနဲ့ စစ်ရေးဆက်ဆံရေး အရေးပါလို့ တရုတ် ပြော သတင်း
စစ်ရေး အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က မြန်မာကို တိုက်တွန်း သတင်း
တရုတ်-မြန်မာ စစ်ရေးပူးပေါင်းမှု ဒေသတွင်း အန္တရာယ်ရှိနိုင် သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ခရီးစဉ် သတင်း
တရုတ်အစိုးရအား မြန်မာ့ရှေ့ရေး တင်ပြရန် ဗိုလ်ချုပ်သန်းရွှေ တရုတ်ပြည်သို့ ထွက်ခွာခဲ့ သတင်း
စစ်ဖက်ခေါင်းဆောင်အချို့ အရပ်ဝတ်ပြောင်းသော်လည်း နအဖစစ်ကောင်စီဝင် ဆက်ဖြစ်နေပြန် သတင်း
အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ့အရေး ပါဝင်ဖွယ် သတင်း
နယ်စပ်ခြံစည်းရိုး မလိုဟု မီဇိုအာဏာပိုင်များ ပြောဆို သတင်း
လူငယ်နှစ်ဦး ပစ်သတ်ခံရမှု ထင်မြင်ချက်များ ထွက်ပေါ် သတင်း
NLD တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ရှိ သတင်း
နာဂစ်မုန်တိုင်းသင့် ဒေသများမှာ သောက်ရေတွင်းများ NLD လှူဒါန်း သတင်း
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် စာတတ်မြောက်ရမည် သတင်း
ဘီဘီစီ မြန်မာပိုင်းဌာန ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားတာ မရှိ သတင်း
အန်ဂျီအိုအဖွဲ့ဝင်များ နိုင်ငံရေးကင်းရှင်းရမည့် စည်းကမ်းကို သက်ဆိုင်ရာက ပယ်ဖျက် သတင်း
ရွေးကောက်ပွဲကာလ လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်ဖို့ ကုလ တိုက်တွန်း သတင်း
မြန်မာရွေးကောက်ပွဲ ထောက်ခံဖို့ တရုတ်သမ္မတ ကတိပြု သတင်း
ပခုက္ကူသံဃာကို ကြိုးတုပ်ရိုက်သူများက ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်မည် သတင်း
ကြံ့ဖွံ့ဝင်ရန် နည်းမျိုးစုံဖြင့် လိုက်လံစည်းရုံး သတင်း
စီးပွားရေးလုပ်ငန်းရှင်ကြီးများ ရွေးကောက်ပွဲဝင်မည် သတင်း
သတင်းလွတ်လပ်ခွင့်မရှိလျှင် ရွေးကောက်ပွဲ အဓိပ္ပာယ်မရှိ သတင်း
မီဒီယာလွတ်လပ်ခွင့်နဲ့ ရွေးကောက်ပွဲ သတင်း
သတင်းလွတ်လပ်ခွင့်နဲ့ ရွေးကောက်ပွဲ တရားမျှတမှု သတင်း
နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ပအို့အမျိုးသားအဖွဲ့ချုပ် သတင်း
ပြည်သူကို ရန်မူမှု (ဆောင်းပါး)
အဆိုးထဲက အကောင်းကို ရှာဖွေချင်သူများ (ဆောင်းပါး)
စံပြကျေးရွာ ကလေးများ တောင်းရမ်းစားသောက် သတင်း
ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ပတ်စပို့ကိစ္စ ဆန္ဒပြနေ သတင်း
မြန်မာဇာတ်ကား အမေရိကန် ရုပ်ရှင်ပွဲတော်တွင် ပြမည် သတင်း
ကြောက်ရွံ့ခြင်းနဲ့ ကျမ … ဘ၀စာမျက်နှာများ (ဆောင်းပါး)
ရန်တကာအောင်တို့ အဖေ (ဆောင်းပါး)
ပဲခူးမြို့တွင် လုံခြုံရေးများ ချထားဆဲ သတင်း
ဆရာတော် ဥတ္တမနေ့ အခမ်းအနား ရခိုင်ရဟန်းတော်များ ရွှေတိဂုံစေတီတွင် ကျင်းပပြုလုပ် သတင်း
ဆရာတော် ဦးဥတ္တမရုပ်တု ဂါရ၀ပြုခွင့်မရ သတင်း
စစ်တွေ ဆရာတော် ဦးဥတ္တမနေ့ ကျင်းပခွင့် ပယ်ချခံရ သတင်း
ကြံ့ဖွံ့ကို ရန်ကုန်လူထု လုံးဝမဲမပေးဟု စစ်တမ်းက ဖော်ပြ သတင်း
နယ်ချဲ့တို့အား တော်လှန်ခဲ့သော ဆရာတော် ဦးဥတ္တမ (ဆောင်းပါး)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ တရုတ်နိုင်ငံ ရောက်ရှိ သတင်း
ဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦးတို့ တရုတ်ပြည် သွားပြီ သတင်း
UWSA ၀ါရင့်တပ်မှူးဟောင်းကြီး ဦးဆောင်၍ တောင်ပိုင်း ၀ နယ်မြေသို့ တပ်ရင်း (၃) ရင်းအားဖြည့် သတင်း
ရုရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး (၅၀) မြန်မာ့လေတပ် ဝယ်ယူ သတင်း
ကြံ့ဖွံ့ကို မဲပေးရန် မြို့တော်ဝန် ပြော သတင်း
အနှောင့်အယှက်မရှိဟု တစည ငြင်းဆို သတင်း
ဘီဘီစီ-မြန်မာပိုင်း ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်ရဖွယ်ရှိ သတင်း
ဖုတ်ဖရမြို့နယ်ရှိ တရားမ၀င် မြန်မာအလုပ်သမား (၆၀၀) ခန့် အဖမ်းခံရ သတင်း
ဂျပန်အစိုးရက ကရင်ဒုက္ခသည်များအတွက် ကြိုတင်ပြင်ဆင်နေပြီ သတင်း
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ခ စတင်ကောက်ယူ သတင်း
မောင်တောနယ်စပ်တွင် နစကမှ ပစ်ခတ်၍ ဓားပြ (၁) ဦးသေ၊ (၂) ဦး ဒဏ်ရာရ သတင်း
မဲဆောက်-မြ၀တီ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ထိုင်းနှင့်မြန်မာ ဆွေးနွေးမည် သတင်း
ဝစ်သောက်ကားများ လိုင်စင်ထုတ်ပေးမှု ခေတ္တရပ်နား သတင်း
ရွှေ့ပြောင်းအလုပ်သမားများကိုလည်း သန်းခေါင်စာရင်း ကောက်ယူမည် သတင်း
ပြည်တွင်း၌ ဒေါ်လာဈေး ဆက်တိုက်ကျဆင်း သတင်း
ဟစ်ပ်ဟော့ပ်သမားများ အပြောင်းအလဲ မျှော်လင့် သတင်း
‘သံလွင်အားမာန်’ တော်လှန်ရေးဇာတ်လမ်းခွေ မကြာခင် ဖြန့်ဝေတော့မည် သတင်း
ပြည်သူ့နီတိ သတင်း

ဂန္ဓာလရာဇ်သွား ဗိုလ်သန်းရွှေ

ရဲဘော်ဖိုးသံချောင်း

၀၇ စက်တင်ဘာ ၂၀၁၀

ဗိုလ်သန်းရွှေတယောက် ကုလားပြည် သွားပြီးနောက် တရုတ်ပြည်ဆီကို ကူးပြန်ပြီ။ (၇၀) ကျော်၊ (၈၀) နီးပါးကြီး တယ်လဲ ခရီး ထွက်လှပါကလား။ ပုံမှန် အခြေအနေ ဆိုရင်တော့ ကုလားပြည်နဲ့ တရုတ်ပြည် ဆိုတဲ့ နိုင်ငံကြီး နှစ်ခုအကြား တည်ရှိနေပြီး အဲဒီအချက်ကို အခွင့်ကောင်းယူ လှုပ်ရှား လုပ်ကိုင်နေသူမို့ ဒီလို ကူးလား သန်းလားလုပ်တာဟာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြောစရာ ဖြစ်နေတာက အချိန်ကာလပါ။ ရွေးကောက်ပွဲနဲ့ ဒါလောက်နီးနေတဲ့ အချိန်ကျမှ သွားတာ ဖြစ်နေတော့ သံသယဖြစ်မှုတွေ အများကြီး ပေါ်ထွက်တော့တာပါပဲ။ လျှို့ဝှက် လုပ်ကိုင်တာ၊ နိုင်ငံတကာနဲ့ ကိုယ့်ပြည်သူ လူထုကို အမှန် အတိုင်း မပြောဘဲ စဉ်းစားခိုင်းထားရတာ အပေါ်မှာ အကျေနပ်ကြီး ကျေနပ်လေ့ရှိတဲ့ နအဖ ဗိုလ်ချုပ်တွေရဲ့ လုပ်နည်း လုပ်ဟန်အတိုင်းမို့ သို့လော-သို့လောတွေ အပုံအပင်ဖြစ်နေတာ တွေ့ရပါတယ်။

ဒီခရီးမှာ သူတို့ဟာ တရုတ်ခေါင်းဆောင်တွေကို သူတို့ရဲ့ ရွေးကောက်ပွဲ အကြောင်း ထုံးစံအတိုင်း ဗာရာဏသီ ချဲ့ပြီး ရှင်းပြမှာ သေချာပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင် တွေဟာ ဗိုလ်သန်ရွှေ ရှင်းမပြလည်း ဒီရွေးကောက်ပွဲကို ဆန့်ကျင်မှာ မဟုတ်ဘူး ဆိုတာကိုလည်း နအဖ ခေါင်းဆောင်တွေက သိပြီးသား ဖြစ်ပါတယ်။ တခါတရံတော့ သံသမန်လုပ်ငန်း ဆိုတာဟာ ဟန်ဆောင် တာတွေချည်း ပါလားလို့တောင် ထင်စရာ ဖြစ်စေပါတယ်။ ဘာပဲပြောပြော ဗိုလ်သန်းရွှေ အခုလို သွားလိုက်တော့ ဟိုခေါင်းဆောင်တွေရဲ့ ပါးစပ်က ပြောတာကို နားနဲ့ ဆက်ဆက်ကြားရတယ် ဖြစ်မှာပေါ့။ ဟိုလူကြီးတွေ အဖို့တော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ မပြောဘဲ မသိလိုက် မသိဘာသာ နေလိုက်မယ် ဆိုတာမျိုး လုပ်လို့ မရတော့ဘူး ဖြစ်သွားမှာ သေချာပါတယ်။

Read More...

Tuesday, September 7, 2010

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံ ၅ ရက်ကြာခရီးစဉ် စတင်

Monday, September 07, 2010

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်ပြည်ကို ဒီကနေ့ ရောက်လာပါတယ်။ တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရကို အားပေးထောက်ခံနေပြီး နိုင်ငံတကာ အလယ်မှာလည်း မြန်မာစစ်အစိုးရဘက်က အကာအကွယ် ပေးနေတယ်လို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ အကျိုးထက် စစ်အစိုးရနဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကျိုးကိုပဲ ဦးစားပေးလိမ့်မယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောနေကြတဲ့အကြောင်း ကိုကျော်အောင်လွင် ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) မြန်မာပြည်ကို အလည်အပတ် ရောက်ခဲ့ပြီး ၃ လအကြာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ တရုတ်ပြည်ကို ရောက်လာတာပါ။ သူနဲ့အတူ ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် မြန်မာကိုယ်စားလှယ် ၃၄ ဦး ပါလာတယ်လို့ DPA သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံကိုလည်း ၅ ရက်ကြာခရီး ထွက်ခဲ့ပါသေးတယ်။

အိမ်နီးချင်းနိုင်ငံကြီး ၂ ခုအကြား အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးတွေ ထွက်နေပေမဲ့ မြန်မာပြည်သူတွေ အကျိုးထက် စစ်အစိုးရ အကျိုးရှိစေဖို့ လုပ်နေတာလို့ မြန်မာ့အရေးကို စောင့်ကြည့် လေ့လာနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဦးဇော်မင်းက ယူဆပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၇ - ၉ - ၁၀ )

တရုတ်ရပ်တည်ချက် အီးယူ Caucus ဝေဖန် သတင်း
ဂျာမန်အလုပ်ရုံဆွေးနွေးပွဲ ‘စစ်အစိုးရ သြဇာခံများ’ တက်၍ အပြင်းအထန် ဝေဖန်ခံရ သတင်း
စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနား အစီရင်ခံမည် သတင်း
ပဲခူးလူငယ်နှစ်ဦး၏ ဈာပနကို နိုင်ငံရေးအဖွဲ့များ သွားရောက် သတင်း
စစ်တပ်ရဲ့ ပစ်သတ်ခံရသူနှစ်ဦးရဲ့ ဈာပနပြုလုပ် သတင်း
ဂန္ဓာလရာဇ်သွား ဗိုလ်သန်းရွှေ (ဆောင်းပါး)
ဘာသာရေးဖိနှိပ်မှု ချင်းခရစ်ယာန်များ ဆန္ဒပြ သတင်း
အပြေးအလွှား သင်္ဂြိုဟ်သော ပဲခူးနာရေး သတင်း
ပဲခူးပစ်ခတ်မှုအပေါ် အမြင်များ သတင်း
နိုင်ငံတော် လမ်းမတော်ဖိုးတုတ်ဂိုဏ်းနဲ့ ပဲခူးမြို့ လူသတ်မှု (ဆောင်းပါး)
အပစ်ရပ်များအရေး အန်အယ်ဒီ ခရီးဆက်မည် သတင်း
ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ သတင်း
ခရစ်ယာန်ဘာသာဝင်များအပေါ် မတရား ဖိနှိပ် သတင်း
စက်တင်ဘာ (၁၉) အာဇာနည် ၀င်းမော်ဦး ကျဆုံးသည့် နှစ်ပတ်လည်နေ့ ကော်လိုရာဒိုမှာ ဝိုင်းစုခိုင်သိန်းကို ရုံသွင်းမည် သတင်း
ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်ရောက် သတင်း
မြန်မာရွေးကောက်ပွဲ ပြည်တွင်းရေးမို့ ၀င်မစွက်ဖို့ တရုတ် သတိပေး သတင်း
အန်ဒီအက်ဖ်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆွေးနွေးပွဲ ကျင်းပ သတင်း
စစ်အစိုးရ သြဇာခံမဟုတ်ကြောင်း တစညပါတီ ငြင်းဆို သတင်း
နိုင်ငံရေးပါတီများကို မေးမြန်းခြင်း - ခေတ်သစ်ပြည်သူ့ပါတီ သတင်း
အာဏာရှင်အလိုကျ ဘယ်လောက်ထိ နေကြရမှာလဲ (နေချင်သေးတာလဲ) (ဆောင်းပါး)
BBC မြန်မာဌာန ရပ်နားတော့မည်လော သတင်း
စီးပွားရေး - ဓာတ်ဆီများကို သယ်ထုတ်၊ တရားမ၀င် ကားများ တင်သွင်း သတင်း
တိုင်းမှူးသစ် သတင်းများတွင် ဖတ်ရှုရ၊ တပ်တွင်းရာထူးပြောင်းလဲမှု မကြာမီ ပိုမိုသိရှိလာနိုင် သတင်း
ပဲခူးဈာပန စစ်တပ် မောင်ပိုင်စီး သတင်း
ပဲခူးလူငယ် (၂) ဦး နောက်ဆုံးခရီး (Update) သတင်း
တပ်မတော်က စစ်ရာဇ၀တ်မှု ကျူးလွန်သည်ဟု သက်သေပြပြီ သတင်း
တောင်ပိုင်း ၀ နယ်မြေရှိ နအဖ၀န်ထမ်းများ (၂၄) နာရီ သတိထားကြရန် တြိဂံစစ်တိုင်း လျှို့ဝှက်စာပို့ သတင်း
စစ်အစိုးရ၀န်ထမ်းများ မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေမှ ထွက်ခွာပြီ သတင်း
နမ့်ခမ်းဒေသသို့ ရဲတပ်ဖွဲ့ဝင်များ စတင်စေလွှတ် သတင်း
ရှမ်းအပစ်ရပ်အဖွဲ့ ထိန်းချုပ်ဒေသ စစ်တပ်အင်အား တိုးချဲ့ သတင်း
ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း သတင်း
(၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ရခိုင်ပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာ သတင်း
ရဲဆေးတင်မပေးသင့်ဟု လူ့အခွင့်အရေးအဖွဲ့ ပြောဆို သတင်း
စာပေစိစစ်ရေး အလိုမရှိဟု စစ်တမ်းက ပြဆို သတင်း
ဗိုလ်ချုပ်မှူးကြီး တရုတ်ခရီးစဉ် စတင် သတင်း
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံ (၅) ရက်ကြာခရီးစဉ် စတင် သတင်း
ဧရာဝတီတိုင်းတွင် ပါတီစည်းရုံးခွင့် ကြိုတင်ကန့်သတ် သတင်း
အနားပေး ဒု-ဗိုလ်ချုပ်ကြီးများ ကြံ့ဖွံ့အတွက် မဲဆွယ် သတင်း
ရိုမေးနီးယားမှ ကချင်ဒုက္ခသည်များ စားဝတ်နေရေး အခက်တွေ့နေ သတင်း
တရွာလုံး အတင်းအဓ္ဓမ လုပ်အားပေးခိုင်းစေခြင်း သတင်း
ဆက်သွယ်ရေးလုပ်ငန်း ဦးတေဇထံ လွှဲပြောင်း သတင်း
နယ်စပ်ကုန်သွယ်ရေး ဖွင့်ထားပေးဟု ဆို သတင်း
မန်မာခြံလုပ်သားကို ထိုင်းခြံရှင် သေနတ်နှင့် ပစ် သတင်း
အပူလှိုင်း ထိန်းသိမ်းနိုင်ရန် သစ်ပင်စိုက်ပျိုး သတင်း
ရထားလမ်းပျက်၊ အသီးအနှံ ဈေးတက် သတင်း
စာရေးဆရာမကြီး ခင်နှင်းယု အသက် (၈၅) နှစ် အောက်မေ့ဖွယ် သတင်း
အလိုက်မသိတတ်သူ (ဆောင်းပါး)

စင်္ကာပူနိုင်ငံ ပထမဦးဆုံးအကြိမ်စာပေဟောပြောပွဲ ၂၀၀၉

စာရေးဆရာ နေဝင်းမြင့်
စာရေးဆရာ ချစ်ဦးညို
စာရေးဆရာမ ဂျူး တို့၏
စာပေဟောပြောပွဲ အစအဆုံးကို

ဤနေရာတွင် ကြည့်နိုင်ပါသည်


Monday, September 6, 2010

ဧရာဝတီ အယ်ဒီတာ နိုင်ငံတကာ စာနယ်ဇင်းဆု ချီးမြှင့်ခံရ

Monday, September 06, 2010

ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ ကိုအောင်ဇော် ကို သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်မှုကြောင့် Prince Claus Award ဆု ချီးမြှင့်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

“သတင်းလွတ်လပ်ခွင့် အပေါ် အခိုင်အမာရပ်တည်ပြီး မြန်မာပြည် ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းရေးအတွက် မဆုတ်မနစ် အားထုတ်ကြိုးပမ်းနေတဲ့ သူ့ရဲ့ စံနမူနာယူစရာ ဆောင်ရွက်ချက်တွေအတွက် ကိုအောင်ဇော်ကို ဂုဏ်ပြုတာပါ” ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤဆုကို နယ်သာလန်အခြေစိုက် Prince Claus Fund က ၁၉၉၇ ခုနှစ်မှ စတင်၍ အာဖရိက၊ လက်တင်အမေရိက၊ အာရှနှင့် ကာရစ်ဘီယံ ဒေသရှိ အနုပညာရှင်များ၊ အသိပညာရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်သည်။

Read More...

နေ့စဉ်သတင်းများ ( ၆ - ၉ - ၁၀ )

လူငယ်နှစ်ယောက်ကို စစ်တပ်က ပစ်ခတ် သတင်း
စစ်တပ်က ပစ်ခတ်လို့ လူငယ် (၂) ဦး သေဆုံး သတင်း
စစ်သားများ ရပ်ကွက်ထဲ ၀င်ပစ်၊ ပဲခူးလူငယ်နှစ်ဦး ပွဲချင်းပြီး သေ (ရုပ်သံ) သတင်း
စစ်သားများ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ အဒေါ်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံ) သတင်း
သေဆုံးသူ လူငယ် (၂) ဦးကို သင်္ဂြိုဟ်ပေးဖို့ စစ်တပ်က ကမ်းလှမ်း သတင်း
အိန္ဒိယပြောက်ကျားအုပ်စုများ ဘင်္ဂလာဒေခ်ျ့မှအခြေစိုက်စခန်းများကို စွန့်ခွာပြီး မြန်မာနယ်မြေတွင် စစ်စခန်း များ တည်ဆောက်နေ သတင်း
ဥပဒေအရ ရပ်တည်ခွင့်ကိစ္စ စစ်အစိုးရကို အမှု (၂) ခုနဲ့ NLD တရားစွဲဖို့ပြင် သတင်း
စစ်ဗိုလ်နှင့် လူငယ်များ ရန်ဖြစ်ရာ စစ်ဗိုလ်က စစ်တပ်ခေါ်လာပြီး ပစ်သတ်ခိုင်း သတင်း
ပဲခူးမှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားလူငယ် (၂) ဦး သေဆုံး သတင်း
ရွေးကောက်ပွဲအတွက် နိုင်ငံသားကတ်များ လုပ်ပေးရာတွင် လ၀ကမှ ငွေတောင်းခံ သတင်း
ပါတီအားလုံး တန်းတူ အခွင့်အရေးပေးဖို့ NDF တောင်းဆို သတင်း
ခမရ (၄၃၅) က ၀ိုင်းထားတဲ့ တပ်တွေ ရုပ်ပေးဖို့ ပြော သတင်း
ပြည်သူက တပ်ကို တရားစွဲဖို့ သိပ်မလွယ် သတင်း
စည်းရုံးရေးလုပ်ငန်းများအတွက် NDF ခေါင်းဆောင်များ ပဲခူးကို ရောက်နေ သတင်း
ကချင်နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲအခွင့်အရေး (ဒီမိုကရေစီရေးရာ) သတင်း
အမြတ်ရှိမှ ငွေရိုက်ထုတ်တဲ့ အစိုးရနဲ့ ပြည်သူတွေရဲ့ အကြွေပြဿနာ (သတင်းဆောင်းပါး)
နာဂစ်ကူညီရေး လုပ်ကိုင်နေသည့် နိုင်ငံခြားသားအားလုံးကို ဗီဇာသက်တမ်း ထပ်တိုးမပေးတော့ သတင်း

အပေါ်သို့