Saturday, March 10, 2012

ဒီကေဘီအေနှင့် ကေအန်ယူ ခေါင်းဆောင်များ အမြင်ချင်း ဖလှယ်

09 March 2012

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ကရင်ဗုဒ္ဒ ဘာသာ တပ်မတော် တို့သည် အနာဂတ် ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး တို့အတွက် ယမန်နေ့က မြ၀တီခရိုင် ဆုံဆည်းမြိုင် ကျေးရွာရှိ ဒီကေဘီအေ ဌာနချုပ်တွင် အမြင်ချင်း ဖလှယ် ခဲ့ကြ ပါသည်။

ထိုအမြင်ဖလှယ်မှုဆွေးနွေးပွဲတွင်၊ KNU ဖက်က ဆွေးနွေးသူများမှာ၊

၁။ ပဒိုလှငွေ (တွဲဖက်အထွေအထွေ အတွင်းရေးမှူး (၁) ---- အဖွဲ့ခေါင်းဆောင်။
၂။ ဗိုလ်ချုပ်ဖလယ်ကို ---------------------- KNLA ဒုဦးစီးချုပ်။
၃။ ပဒိုအောင်မောင်အေး ------------------- ဥက္ကဌ (ဖါအံခရိုင်)
၎။ ဗိုလ်မှူးကြီး နယ်ဒါးမြ -------------------- အဖွဲ့ဝင်
၅။ ဒုဗိုလ်မှူးကြီး နယ်ဂေါ်မြ (မောင်တေးလေး)--------------- အဖွဲ့ဝင်
၆။ ဒုဗိုလ်မှူးကြီးဖေါလို ---------------- အဖွဲ့ဝင်(၁၀၁ တပ်ရင်းမှူး)
၇။ ဗိုလ်မှူးလှဌေး ---------------- အဖွဲ့ဝင်

Read More...

ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ

09 မတ် 2012
မနန္ဒာချမ်း

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြော ကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေး ကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။ ဘယ်အချက်ကို လက်မခံခဲ့တာလဲဆို တာကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင် ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့တာပါ။ လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစု ကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -

Read More...

မန်းငြိမ်းမောင် စိတ်ဓာတ်အခြေအနေ ရှေ့နေ သံသယရှိ

09 မတ် 2012
မအေးအေးမာ

ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ ပုဒ်မ ၁၇၁ တရားမ၀င် အသင်းဆက် သွယ်မှု၊ ပုဒ် ၁၂၂ က နိုင်ငံတော် ပုန်ကန်မှုနဲ့ အမိန့်ချဖို့ ရှိနေပါတယ်။ အမှုအမြန်ပြီးဖို့နဲ့ ၀န်ခံဖို့အတွက် မန်းငြိမ်းမောင်ကို ဖိအား ပေးခံရမှုတွေလည်း ရှိနေတယ်လို့ ယူဆရကြောင်း ဒီအတွက် စိတ်ကျန်းမာရေးလည်း ထိခိုက်နေပုံရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ထိုင်းအခြေ စိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလို်င်လက တရုပ်ပြည်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ဦးမန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။

Read More...

ကိုဖီအာနန် ဆီးရီးယားသမ္မတနှင့် တွေ့မည်

09 မတ် 2012

ကုလသမဂ္ဂအကြီးအကဲဟောင်း Mr. Kofi Annan ဟာ အရှေ့အလယ်ပိုင်း နိုင်ငံ Syria က အကြမ်းဖက်သမားတွေကို အဆုံးသတ်ဖို့ ကြိုးစား တဲ့အနေနဲ့ Syria သမ္မတ Bashar al Assad နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ လာမယ့် စနေနေ့ Damascus မှာ ခရီးတထောက်နားတဲ့ အခါ Mr. Anan ဟာ Syria ခေါင်းဆောင်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ Syria နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် Mr. Kofi Anana က သွားရောက်မှာ ဖြစ်ပါတယ်။ Syria မှာ လက်နက်ကိုင်သူပုန်တွေက အခြေအနေကို ပိုဆိုးစေလိမ့်မယ်လို့ သတိပေးရင်း နိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ သူက တောင်းဆိုလိုက် ပါတယ်။

Read More...

ရှေးအကျဆုံး အရိုးစုကျောက်ဖြစ် ရုပ်ကြွင်း သြစတြေးလျမှာတွေ့

09 မတ် 2012

သြစတြေးလျနိုင်ငံတောင်ပိုင်းမှာ ရှေးအကျဆုံးဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ က သတ္တ၀ါရဲ့ အရိုးရုပ်ကြွင်းကို ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့ကတွေ့ရှိခဲ့ပါတယ်။

အရင်က ရှေးအကျဆုံးလို့ သတ်မှတ်ထားတာထက် နှစ်ပေါင်း ၁၀ သန်းလောက် ပိုပြီး ရှေးကျတဲ့ သတ္တ၀ါရဲ့ ရုပ်ကြွင်းကို တွေ့ခဲ့တာပါ။

သတ္တ၀ါတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ ရေမြှုပ်လို နူးညံ့တဲ့ ကိုယ်ထည်အတွက် အရိုးလိုမာကျောတဲ့ အပိုင်းတွေပါလာတာဟာ အရေးပါတဲ့ ပြောင်း လဲမှု ဖြစ်စဉ်တခုလို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား (Califonia – Riverside) တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောပါ တယ်။

Read More...

ဒေါ်စု စည်းရုံးရေးခရီး လုံခြုံမှုအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း

09 မတ် 2012
မနန္ဒာချမ်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် မွန်ပြည်နယ်ကို သွားရောက်မယ့် စည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရင်လို အခြေအနေမျိုး မဖြစ်အောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ မန္တလေး-နေပြည်တော် စည်းရုံးရေးခရီးစဉ်အပြန်မှာ ဒေါ်အောင်ဆန်းစု ကြည် ရဲ့ ယာဉ်တန်း - ခဲနဲ့ပစ်ပေါက်ခံခဲ့ရတာပါ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် ပြင်ဆင်ချက် တွေကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့အချိန် - NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတ၀ှမ်း မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို တောက်လျှောက် ပြုလုပ်နေတာမှာ မနက်ဖြန် မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာတော့ မွန်ပြည်နယ်ကို သွားရောက်မှာဖြစ်ပါတယ်။ မနက် ၈ နာရီမှာ တက္ကသိုလ်ရိပ်သာ လမ်း သူမရဲ့ နေအိမ် ကနေ ယာဉ်တန်းက စတင်ထွက်ခွာမှာပါ။ ဒီခရီးစဉ်မှာ ပြီးခဲ့တဲ့တခေါက် မန္တလေး-နေပြည်တော် ခရီးစဉ်အပြန် လမ်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတာမျိုးလို ပြဿနာမျိုးတွေ မကြုံရလေအောင် ဒီကနေ့မှာပဲ အာဏာပိုင် တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

Read More...

NLD စည်းရုံးရေး ဥပဒေချိုးဖောက်ဟု ရန်ကုန်တိုင်း ကော်မရှင်ဝေဖန်

09 မတ် 2012
မသင်းသီရိ

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေ ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။ ဒါပေမယ့် NLD ပါတီဘက်ကတော့ ပါတီလှုပ် ရှားမှုတွေဟာ ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေ အတွက် နိုင်ငံရေးပါတကြီးတွေ မဲဆွယ်စည်းရုံးရာမှာ ဥပဒေနဲ့ မကိုက်ညီတဲ့ လှုပ်ရှားမှုတွေ ရှိတာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အတော်သတိကြီးကြီးထားပြီး လုပ်ငန်းတွေ လုပ်ရတယ်လို့ ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးကိုကို က VOA မြန်မာပိုင်းကို အခုလို စပြောပါတယ်။

Read More...

အလုပ်သမားဆန္ဒပြတောင်းဆိုမှု အလုပ်ရှင်လိုက်လျော

09 မတ် 2012
မအေးအေးမာ

လုပ်အားခနစ်နာမှုတွေအတွက် မနေ့က မတ်လ ၈ ရက်နေ့က စပြီး အလုပ်ခွင်ထဲမဝင်ဘဲ ဆန္ဒပြ ခဲ့ကြတဲ့ လှိုင်သာယာစက်မှုဇုန် ၂ က ကိုရီးယားလူမျိုးပိုင်၊ မြန်မာဆန်နီဖိနပ်စက်ရုံက အလုပ်သမား ၁,၅၀၀ လောက်ဟာ သူတို့ရဲ့ ဆန္ဒပြမှုတွေကို ဒီကနေ့မှာ အဆုံးသတ် လိုက်ပါပြီ။

မြို့နယ်အလုပ်သမားကြီးကြပ်ရေးကော်မတီက ဝင်ရောက်ညှိနှိုင်းပေးခဲ့တာကြောင့် ဆန္ဒပြတာတွေ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက မေးမြန်းတင်ပြထားပါတယ်။

Read More...

KIO နှင့် အစိုးရအကြား တပ်ရုပ်သိမ်းရေး သဘောတူညီမှု မရနိုင်သေး

ဖနိဒါ
မတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း KIO နယ်မြေအတွင်းရှိ အစိုးရတပ်ဖွဲ့များ ရုပ်သိမ်းရေး သဘောတူညီမှု မရသေးဘဲ ဆက်လက် ဆွေးနွေးကြရဦးမည် ဖြစ်ကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဆွေးနွေးမှု ဒုတိယနေ့အဖြစ် သောကြာနေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဆွေးနွေးခဲ့ကြရာ KIO ဘက် မှ တောင်းဆိုထားသော နိုင်ငံရေး ဆွေးနွေးရန်၊ ပင်လုံကဲ့သို့သော ညီလာခံ ကျင်းပရန်တို့ကို သဘောတူညီမှု ရရှိခဲ့သော်လည်း တပ်ရုပ်သိမ်းရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စောင့်ကြည့်ပေးရန်တို့ကိုမူ သဘောတူညီ မှု မရသေးခြင်း ဖြစ်သည်။

“လက်မှတ်ထိုးဖို့ကိစ္စမှာ KIO ဘက်ကနေ အဆိုတင်ပြချက်ကို တချို့နှစ်ဖက်လက်ခံတယ်။ တပ်ကိစ္စကတော့ အသေးစိတ် ဆွေးနွေးရမှာမို့ အဲဒီကိစ္စ ဆွေးနွေးဖို့ လိုအပ်နေလို့” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

Read More...

ဗီယက်နမ် ကုမ္ပဏီ ၆၀ ကျော် မြန်မာပြည် လာမည်

မျိုးသန့်
မတ်လ ၀၉ ရက် ၂၀၁၂ ခုနှစ်

ဗီယက်နမ်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၆၀ ကျော်သည် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ပြော သည်။

၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှ လေ့လာစရာများ ရှိနေ သည်ဟု UMFCCI ၏ တွဲဖက် အတွင်းရေးမှူး (၁) ဒေါက်တာ မောင်မောင်လေး က မဇ္ဈိမကို ပြောသည်။

Read More...

ABSDF ငြိမ်းချမ်းရေး ဆွေးနွေးတော့မည်

ကျော်ခ
March 9, 2012

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် စေလွှတ်လိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ရှေ့ပြေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဧပြီလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ABSDF တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လိုအပ် ချက်များ ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ရှေ့ပြေးအဖွဲ့အဖြစ် ABSDF တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးမြင့်ဦး ဦးဆောင်သော ၆ ဦးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အစီစဉ်များ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးမျိုးဝင်း ကပြောသည်။

Read More...

တောင်ယာခင်း​ဖျက်တဲ့​ ကုမ္ပဏီကို တရား​စွဲ

March 9, 2012
အေး​နိုင်

စစ်ကိုင်း​ တိုင်း​ မုံရွာခရိုင် ကနီမြို့​နယ်မှာ ​တောင်သူ​တွေရဲ့​ ​ပြောင်း​၊​ နှမ်း​ခင်း​ကို ဖျက်ဆီး​ခဲ့​တဲ့​အတွက် တင်ဝင်း​ထွန်း​ ကုမ္ပဏီကို နစ်နာတဲ့​ ​တောင်သူ​တွေက တရား​စွဲဆိုလိုက်ပါတယ်။

မြေထိုး​ စက်နဲ့​ထိုး​ပြီး​ ဖျက်ဆီး​ခံရတဲ့​ ​တောင်သူ ၇၇ ဦး​က နစ်နာမှု​တွေကို ရလို​ကြောင်း​ မုံရွာခရိုင် တရား​ရုံး​မှာ မတ် ၈ ရက် ​နေ့​က စွဲဆို တာလို့​ ဥပ​ဒေအကြံ​ပေး​ တရား​လွှတ်​တော်​ရှေ့​နေ ဦးမြင့်သွင်က ​ပြောပါတယ်။

ဒီလို ဖျက်ဆီး​တာဟာ ၂ နှစ်​လောက်ရှိပြီ ဖြစ်​ပေမယ့်​ အခုမှ ​တောင်သူ​တွေက ​ရှေ့​နေ​တွေကို ကိုယ်စား​လှယ်လွှဲပြီး​ တရား​စွဲဆိုကြတာပါ။

Read More...

ပြည်တွင်းသတင်းသမားနှစ်ဦးကို ရုံးတင်စစ်မယ်

March 9, 2012
အေး​နိုင်

အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းသမားကို ပထမဆုံးအကြိမ် တရားစွဲဆိုမှု အဖြစ် မော်ဒန်ဂျာနယ်က သတင်းထောက်တဦးနဲ့ အယ်ဒီတာ တဦးတို့ဟာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီလ ၂၃ ရက် နေ့မှာ စတင် စစ်ဖို့ ရုံးချိန်းထားပါတယ်။

သပိတ်ကျင်းမြို့နယ်က ကားလမ်းပျက်စီး ချွတ်ယွင်းနေတဲ့ သတင်းဆောင်းပါးကို ရေးသားဖော်ပြခဲ့တဲ့ မော်ဒန်ဂျာနယ်က သတင်းထောက် မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံတို့ နှစ်ဦး တရားစွဲခံရတာပါ။

တရားစွဲဆိုသူက ဆောက်လုပ်ရေး ၀န်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီ ဖြစ်ပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီလ ၆ ရက်နေ့က မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာတို့ နှစ်ဦး သပိတ်ကျင်းမြို့နယ် တရားရုံးကို သွား ရောက်ခဲ့ပြီး အာမခံယူခဲ့တယ်။

Read More...

မြန်မာနိုင်ငံ​ပြောင်း​လဲမှုအတွက် ထိုင်း​နိုင်ငံ တိုက်တွန်း​အား​ပေး​သင့်

March 9, 2012
နန်းမြနဒီ

မြန်မာနိုင်ငံမှာ တိုး​တက်​ပြောင်း​လဲမှု​တွေ တကယ်ဖြစ်​ပေါ်လာဖို့​အတွက် ထိုင်း​နိုင်ငံကလည်း​ တိုက်တွန်း​ အား​ပေး​သင့်​တယ်လို့​ ထိုင်း​သတင်း​စာဆရာ တဦး​က ​ပြောကြား​လိုက်ပါတယ်။

ချင်း​ မိုင်တက္ကသိုလ်မှာ မတ်လ ၈ ရက်နေ့က​ ​ပြုလုပ်ခဲ့​တဲ့​ လက်ရှိမြန်မာနိုင်ငံရဲ့​ ​ပြောင်း​လဲမှု​ များ​ အကြောင်း​ ​ဆွေး​နွေး​ပွဲမှာ ​နေး​ရှင်း​သတင်း​စာဆရာ ခွန်ဆု ဖလတ်က ​ပြောကြား​သွား​တာပါ။

“မြန်မာပြည်ရဲ့ ​ ​ပြောင်း​လဲမှု အကျိုး​ဆက်ဟာ ထိုင်း​နိုင်ငံ​ပေါ်မှာ အများ​ ကြီး​ သက်​ရောက်မှု ရှိပါတယ်။ — မြန်မာပြည်တိုး​တက်ရင် ထိုင်း​- မြန်မာရဲ့​ စီး​ပွား​ရေး​လည်း​ တိုး​တက်မှာပါ။ မြန်မာပြည် တကယ် ​ပြောင်း​လဲဖို့​အတွက် အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံကလည်း​ တိုက်တွန်း​အား​ပေး​ဖို့​ လိုအပ်ပါတယ်။” လို့​ သူက ​ပြောပါတယ်။

Read More...

ကေအိုင်အိုနဲ့ အစိုးရ သဘောတူညီချက် ရလုနီး

March 9, 2012
အေး​နိုင်

တရုတ်နိုင်ငံ ရွှေလီမြို့က ဆွေးနွေးပွဲ ပထမရက်မှာ ကေအိုင်အိုဘက်က တင်ပြချက်တွေ အတော်များများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က လက်ခံတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

မနေ့မွန်းလွဲပိုင်းက စတင်တဲ့ အဲဒီဆွေးနွေး ပွဲမှာ ကေအိုင်အိုရဲ့ အဆိုပြုချက် အများစုကို ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့က သဘောတူညီတာ ဖြစ်ပြီး ဒီနေ့ နှစ်ဖက် ဆက်လက် ဆွေးနွေးကြပါတယ်။

ကေအိုင်အေ ဒု – စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က “တော်တော်များများ သဘောတူတယ်။ ဒါပေမယ့် တချို့ဟာတော့ အဓိပ္ပါယ် ရှင်း လင်းချက်တွေ၊ အပြီးသတ် လက်မှတ်ထိုးရေး ကိစ္စတို့ရယ်၊ နောက်ပြီးတော့ ပြဿနာဖြစ်နိုင်တဲ့ ဒေသတွေမှာ တပ်စခန်းတွေ ကိစ္စတော့ ညှိရဦးမယ်။ အခု အဲဒီကိစ္စတွေ ဆက် ဆွေးနွေးနေကြတယ်”လို့ ပြောပါတယ်။

Read More...

နိုင်ငံ​ရေး​အရ တသံတည်း​ဖြစ်ဖို့​ ​ကေအန်ယူနှင့်​ဒီ​ကေဘီ​အေ သ​ဘောတူ

March 9, 2012
နော်နိုရင်း

မြန်မာအစိုး​ရနဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​တဲ့​အခါ ကရင်အမျိုး​သား​တွေ တသံတည်း​ ​ပြော ဆိုကြဖို့​ ​ကေအန်ယူနဲ့​ ဒီ​ကေဘီ​အေတို့​ ​ဆွေး​နွေး​ သ​ဘောတူခဲ့​ကြပါတယ်။

ကရင်အမျိုး​ သား​အစည်း​အရုံး​ (​ကေအန်ယူ) ကိုယ်စား​လှယ်​တွေနဲ့​ ဗိုလ်ချုပ် ​စောလား​ဘွယ် ဦး​ဆောင်တဲ့​ တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်ဖွဲ့​ (ဒီ​ကေဘီ​အေ) ကလိုထူး​ဘောတပ်ဖွဲ့​ တာဝန်ရှိသူ​တွေ မတ် ၈ ရက် ​နေ့​က ဒီ​ကေဘီ​အေဌာနချုပ်မှာ ​ဆွေး​နွေး​ပြီး​ သ​ဘောတူညီချက်ရခဲ့​တာပါ။

အတိတ်က အဖြစ်အပျက်​တွေကို သင်ခန်း​စာယူပြီး​ အနာဂတ်မှာ နိုင်ငံ​ရေး​အရ တသံတည်း​ဖြစ်​အောင် ​ဆွေး​နွေး​ခဲ့​တာလို့​ ​ဆွေး​နွေး​သူတဦး​ဖြစ်တဲ့​ကေအန်ယူ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ (၁) ဗိုလ်မှူး​စောလှ​ငွေက ​ပြောပါတယ်။

Read More...

DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တို့ကို KNU သွားရောက်တွေ့ဆုံ

9 March 2012
စောခါးစူးညား

ကရင်လက်နက်ကိုင်အဖွဲ့ချင်းချင်း ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်၍ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA နှင့် ဗိုလ်ချုပ်စောထင်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ကို ကရင်အမျိုးသားအစည်းအရုံး-KNU က ယခုအပတ်အတွင်း သွား ရောက် တွေ့ဆုံခဲ့သည်။

KNU ဘက်မှ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေ၊ ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးအော်လစ်ဗာတို့ ဦးစီးသည့်အဖွဲ့က KNU/ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မယ်လာထာ့ရှိ ဗိုလ်ချုပ်ထင်မောင်၏ နေအိမ်၌ ယခု မတ်လ ၆ရက် နေ့ကလည်းကောင်း၊ DKBA အဖွဲ့ကို မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ယမန်နေ့ကလည်းကောင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Read More...

အစိုးရစစ်တပ်မှ အပစ်ခတ်ရပ်စဲရေး အကြောင်းပြကာ လူထုကားများကို ချောဆွဲနေ

9 March 2012
စောသိန်းမြင့်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲတွင် လှုပ်ရှားနေသည့် အစိုးရတပ်များသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ငြိမ်း ချမ်းရေး ယူထားသည်ကို အကြောင်းပြပြီး အင်တာလျံ ကုမ္ပဏီမှ ဖောက်လုပ်ထားသော လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာသား များ၏ ကားများကို ချောဆွဲလျှက်ရှိသည်။

မေတ္တာမြို့နယ်ခွဲတွင် အခြေစိုက်သည့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်(ကရခ) လက်အောက်ခံတပ်များသည် တပ်အပြောင်းအလဲ၊ တပ် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ပို့ဆောင်ရာတွင် ထားဝယ်-ကန်ချနဘူရီလမ်းမကြီး တစ်လျှောက်ရှိ ဆင်ဖြူဒိုင် ကျေးရွာအုပ်စု၊ ၀ါးတော ရွာ၊ အမိုရွာ၊ ထီးထာရွာ၊ မောထာရွာမှ နယ်စပ်ရှိ ထီးခီးကျေးရွာအထိ ရွာသားများ၏ ကားများကို ဇန်န၀ါရီလမှစ၍ ယခုအချိန်ထိ ခေါ်ယူ ခိုင်းစေနေခြင်းဖြစ်သည်။

Read More...

Friday, March 9, 2012

KIO ကိုယ်စားလှယ်အဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့သို့ တင်သွင်းသည့် အဆင့် (၃) ဆင့်

3 Step for Media for Send

မန်းငြိမ်းမောင်အမှု လာမယ့် အင်္ဂါနေ့မှာ အမိန့်ချမည်

2012-03-08

အင်းစိန်ထောင် အထူးတရားရုံးမှာ မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) တို့နဲ့ စွဲချက်တင် စစ် ဆေးနေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုကို လာမယ့်အပတ် အင်္ဂါနေ့မှာ အပြီးသတ် အမိန့်ချတော့မယ်လို့ ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။

ဒီနေ့ ရုံးထုတ်စစ်ဆေးစဉ် တရားခံဘက်က သက်သေခေါ်ထားတဲ့ တောင်လေးလုံး ဆရာတော် ကျန်းမာရေးအရ တရားရုံးကို ကြွရောက် နိုင်ခြင်း မရှိတာကြောင့် သက်သေများကို စစ်ဆေးခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက် ပေးရတယ်လို့ ဦးကြီး မြင့်က ပြောပါတယ်။

Read More...

ပုဂ္ဂိုလ်စွဲ အုပ်စုစွဲမထားဖို့ NLD ကိုယ်စားလှယ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မှာကြား

2012-03-08

ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးချယ်ခံမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပုဂ္ဂိုလ်စွဲ အုပ်စုစွဲတွေကို ဘေး ဖယ်ပြီး အင်တိုက်အားတိုက် အလုပ်လုပ်ကြဖို့နဲ့ မဲစာရင်းတွေမှာ အမှားများနေတာကို အမြန်ဆုံးပြုစုဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၄၇ ဦးနဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့တို့ ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။

Read More...

အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားမယ်

2012-03-08

မြန်မာပြည် ကြားဖြတ် ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒဆိုင်ရာ ညှိ နှိုင်းရေးမှူး Mr. Derek Mitchell ဟာ ဒီလလယ်ပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဌာနပြောခွင့်ရပုဂ္ဂိုလ် မစ္စ Victoria Nuland က Derek Mitchell ဟာ မတ်လ ၁၁ ရက်ကနေ ၁၇ ရက်အထိ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို သွားရောက်မှာဖြစ်ကြောင်း၊ နေပြည်တော်မှာ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ပြင်ဆင်နေတဲ့ကိစ္စ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရောက်ရှိခဲ့စဉ်က ဆွေး နွေး ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေအလိုက် ပိတ်ဆို့မှုတွေ လျှော့ပေါ့သွားရေး မူဝါဒအရ အခြေအနေ စုံစမ်းရေး ကိစ္စတွေနဲ့ သွားမှာဖြစ် ကြောင်း၊ အဲဒီနောက် ရန်ကုန်နဲ့ မန္တလေးကို သွားရောက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သူတွေနဲ့ ကျယ် ကျယ်ပြန့်ပြန့် တွေ့ဆုံမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Read More...

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမည်ဟု ဦးသိန်းစိန် အာမခံ

March 8, 2012

သမ္မတဦးသိန်းစိန်က ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ် မျှတမှုရှိမည်ဟု အာမခံ လိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရေး မက်ခူလီက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်တွေ့ဆုံအပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

ရုန်း၍ ကန်၍ ရင်ဆိုင်၍

ရဲနည်
March 8, 2012

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေး ကသောင်း ကနင်းဖြစ်မှု၊ ကြွေးမြီကိစ္စတွေကို ကမ္ဘာ့ဘဏ် အရာရှိများက ကူညီဖြေရှင်းပေးဖို့ စတင်ပြင်ဆင်နေချိန်မှာပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံး ချော်ထွက်သွားနိုင်တဲ့ အန္တရာယ်ကိုလည်း သတိထား ကြဖို့ ဆော်ဩနေတာကို ကြားနေရပါတယ်။

လတ်တလော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရပ်တန့်စေနိုင်ရုံမက ပြန်ကောင်းလာတဲ့ မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံအကြား ဆက် ဆံ ရေးကိုပါ အနှောက်အယှက်တွေ ရှိနိုင်တယ်လို့ နယူးယောက် အခြေစိုက် အာရှလူ့အဖွဲ့အစည်း (Asia Society) အဖွဲ့က ပြောပါတယ်။

Read More...

အစိုးရနှင့် KIO ရွှေလီ ၌ ထပ်မံဆွေးနွေး

ခင်ဦးသာ
March 8, 2012

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့၌ ယနေ့တွေ့ ဆုံ၍ နိုင်ငံရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဆိုင်ရာများ ဆွေးနွေးကြောင်းသိရသည်။

KIO ဘက်မှတင်ပြဆွေးနွေးသော အချက်များ၌ ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာတွင် တိုက်ပွဲ ဖြစ်ပွားမှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်ရေး ပဋိပက္ခနှင့် နိုင်ငံရေး ဆိုင်ရာများကို မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးမည်ဟု ကချင် ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒု စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီ ကို ပြောသည်။

ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ခေါင်းဆောင် များသည် စစ်ရေးပဋိပက္ခများ ထိန်းသိမ်းလျှော့ချပြီး ယုံကြည်မှုတည်ဆောက်၍ ပြေလည်ရေးများကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

Read More...

အရှင် ဂမ္ဘီရကို ခေါ်ယူစစ်ဆေး

လင်းသန့်
March 8, 2012

ရွှေဝါရောင် လှုပ်ရှားမှု ဦးဆောင် သံဃာတော် တပါးဖြစ်သော အရှင်ဂမ္ဘီရသည် အာဏာပိုင်များ၏ ဒုတိယအကြိမ်ခေါ်ယူစစ်ဆေး ခံခဲ့ရပြီး ယမန်နေ့ည ၉ နာရီခန့်က ပြန်လည်လွတ်မြောက်လာသည်။

“ညက လွတ်လာတယ်”ဟု အရှင် ဂမ္ဘီရက ဧရာဝတီကို ပြောသည်။

မတ်လ ၆ ရက်နေ့ည ၁၀ နာရီကျော်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့သစ်ရှိ မောင်နှမတော်သူ မခင်သူဌေးနေအိမ်၌ သတင်းသုံး နေစဉ် အရှင်ဂမ္ဘီရနှင့် ညီဖြစ်သူ ကိုလွင်မောင်မောင်၊ ကိုထွန်းထွန်းဦး တို့ကို အထူးရဲ အရာရှိတဦးနှင့်အဖွဲ့က လာရောက်ခေါ် ဆောင်သွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲ အထူး သတင်းတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့်အထိ စစ်မေးခဲ့ကြောင်းလည်း သိရသည်။

Read More...

မန်းငြိမ်းမောင်ကို အမြင့်ဆုံးပြစ်ဒဏ်နှင့် စီရင်ချက်ချရန် ဆုံးဖြတ်

ကျော်ခ
March 8, 2012

ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်း ဆက် သွယ်မှု ပုဒ်မများဖြင့် လာမည့်အင်္ဂါနေ့တွင်စီရင်ချက်ချရန် အင်းစိန်ထောင် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

သေဒဏ် (သို့) တသက်တကျွန်း အပြစ်ပေးနိုင်သော နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးနိုင်သော မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့် အင်းစိန် အထူးတရားရုံးက ယနေ့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပဒိုမန်းငြိမ်း မောင်၏ရှေ့နေ ဦးကြီးမြင့် က ပြောပြသည်။

“အင်္ဂါနေ့ကို အပြီးသတ် အမိန့်ချမှတ်မယ်။ ဒီနေ့လျှောက်လဲချက် ပေးရတယ်”ဟု ဦးကြီးမြင့် က ဧရာဝတီသို့ ပြောသည်။

Read More...

အစိုးရနှင့် KIO ထပ်မံတွေ့ဆုံ၊ ကွဲလွဲချက်များ ညှိရဦးမည်

ဖနိဒါ
မတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား ကြာသပတေးနေ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးမှု ပြန်လည် စတင် နိုင် ခဲ့သော်လည်း အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မည့် လမ်းစဉ်မှာ ၎င်းတို့လမ်းစဉ်နှင့် ကွဲလွဲနေကြောင်း KIO က ပြော ဆိုလိုက်သည်။

“သမ္မတ ဦးသိန်းစိန်ပြောတာက အားလုံး လွှတ်တော်ထဲကနေပဲ ကိုယ်စားလှယ်အနေနဲ့ အဆုံးသတ်မယ် ဆိုတာမျိုး ပြောထားတယ်။ ဒါက တိုင်းရင်းသားတွေ လိုချင်တဲ့သဘောနဲ့ ဆန့်ကျင်ဘက် လမ်းကြောင်း ဖြစ်နေတယ်”ဟု KIO ပြောရေးဆိုခွင့်ရသူ ဦးလနန်က မဇ္ဈိမသို့ ပြော သည်။

Read More...

ကြိုတင်မဲ မသမာမှုကို ချိပ်ပိတ် အမှတ်အသားဖြင့် ကာကွယ်မည်ဟုဆို

မျိုးသန့်
မတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲ မသမာမှုများကို ကာကွယ်နိုင်ရန် ကြိုတင်မဲ အထုပ် များကို ကိုယ်စားလှယ်လောင်း တဦးချင်းစီ၏ ကိုယ်ပိုင်အမှတ်အသားဖြင့် ချိပ်ပိတ် သိမ်းဆည်းသည့်နည်းလမ်းကို မိမိတို့ ပါတီက အသုံးပြုသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ တဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။

"ကိုယ့်အမှတ်အသားနဲ့ကိုယ် ချိပ်တံဆိပ်တွေကို အမှတ်အသား လုပ်ထားဖို့။ ကိုယ်ရတဲ့မဲကို စည်းထားပါ။ ကိုယ့်ချိပ်နဲ့ကိုယ် ပိတ်ထားမယ်" ဟု ဒေါ်ခင်မိုးမိုက ပြောသည်။

NLD ကိုယ်စားလှယ်လောင်းများ အနေဖြင့် ချိပ်ပိတ်ရန် ကြိုက်နှစ်သက်ရာ အမှတ်အသားဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။

Read More...

ဒေါ်စု မော်လမြိုင်ဟောပြောပွဲ နေရာပြောင်းရ

ကွန်းချမ်း
မတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင် စည်းရုံးရေး ခရီးစဉ်အတွင်း မဲဆွယ် ဟောပြောခွင့် ရရန် တင်ပြ ထားသည့်နေရာကို မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြုသဖြင့် နေရာပြောင်းရွှေ့ လိုက်ရ ကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ စည်ပင်ပိုင် သံလွင်ဥယျာဉ်ကို မတ်လ ၁၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ အသုံးပြုခွင့်ရရန် လျှောက်ထားခဲ့သော်လည်း စည်ပင်က အသုံးပြုခွင့် မပေးသဖြင့် ကော်မရှင် အဖွဲ့ခွဲရုံးက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း မွန်ပြည် နယ် NLD ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။

Read More...

KNPP နှင့် အစိုးရ ဆွေးနွေးမှု အမေရိကန်နှင့် ဗြိတိန် သံတမန်တို့ တက်ရောက်လေ့လာ

မျိုးသန့်
မတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ်

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ပ နိုင်ငံများမှ လေ့လာသူများ ပထမဆုံးအကြိမ်အဖြစ် တက်ရောက် လေ့လာခဲ့ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှ မောင်ရွှေက မဇ္ဈိမကို ပြောသည်။

လွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာအတွင်း ဆွေးနွေးပွဲသို့ အမေရိကန်သံမှူး Mr Andrew Webster ၊ ဗြိတိန်သံရုံး ဒုတိယအတွင်းဝန် Mr Joe Fisher နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Hans ten Feld တို့ တက်ရောက်လေ့လာခဲ့ကြသည်ကို ရည် ညွှန်း၍ ပြောခြင်းဖြစ်သည်။

Read More...

အမျိုးသမီးများကိုကာကွယ်နိုင်မည့် ဥပဒေရရှိရန် KWO ကြိုးပမ်းမည်

8 March 2012
နန်းသူးလေ

အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများအပေါ် ကာကွယ်ပေးနိုင်မည့် တရားဥပဒေ စိုးမိုးရေး ဖြစ်ထွန်းစေရန် ကရင်အမျိုးသမီး အစည်းအ ရုံး (KWO)က ဆက်လက် ကြိုးပမ်းသွားမည်ဟု KWO အထွေထွေအတွင်းရေးမှူး နန်းဒါး အယ်ကလယ်က ပြောသည်။

“အဓိကအားဖြင့် အကြမ်းဖက်ခံနေရသည့် အမျိုးသမီးတွေအတွက် မျှတတဲ့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးမှုတွေ မရှိဘူး။ အဲ့ဒါကို ကျမတို့ လိုချင်တယ်။ ရရှိအောင်လည်း ကျမတို့အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်နေကြမှာ ဖြစ်တယ်။”ဟု သူမက ပြောသည်။

Read More...

အပေါ်သို့