March 9, 2012
အေးနိုင်
စစ်ကိုင်း တိုင်း မုံရွာခရိုင် ကနီမြို့နယ်မှာ တောင်သူတွေရဲ့ ပြောင်း၊ နှမ်းခင်းကို ဖျက်ဆီးခဲ့တဲ့အတွက် တင်ဝင်းထွန်း ကုမ္ပဏီကို နစ်နာတဲ့ တောင်သူတွေက တရားစွဲဆိုလိုက်ပါတယ်။
မြေထိုး စက်နဲ့ထိုးပြီး ဖျက်ဆီးခံရတဲ့ တောင်သူ ၇၇ ဦးက နစ်နာမှုတွေကို ရလိုကြောင်း မုံရွာခရိုင် တရားရုံးမှာ မတ် ၈ ရက် နေ့က စွဲဆို တာလို့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။
ဒီလို ဖျက်ဆီးတာဟာ ၂ နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် အခုမှ တောင်သူတွေက ရှေ့နေတွေကို ကိုယ်စားလှယ်လွှဲပြီး တရားစွဲဆိုကြတာပါ။
ဒီမြေတွေဟာ ၁၉၉၉ ခုနှစ် လောက်ကတည်းက သက်ဆိုင်ရာက လယ်ယာတွေ ဖော်ဆောင်ခိုင်းပြီး ရွာတွေ တည်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ၁ဝနှစ်ခန့် အကြာ ၂၀၁၀ ဝန်းကျင်ကျမှ တင်ဝင်းထွန်း ကုမ္ပဏီက သစ်တောရေးရာ ဝန်ကြီးဌာနက ခွင့်ပြုချက်အရ မြေလွတ်မြေရိုင်းဖော်ဆောင်ဖို့ ဆိုပြီး မြေတူးစက်နဲ့ ထိုးတာလို့ ဆိုပါတယ်။
ဒီလိုဖျက်ဆီး တဲ့အတွက် မြေ ၁၀၃ ဧကလောက် ဖျက်ဆီးခံရပြီး တန်ဖိုးအားဖြင့် သိန်း ၂၀၀ ဝန်းကျင်လောက် နစ်နာဆုံးရှုံးခဲ့တယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။ အမှုကို လာမယ့် မတ်လ ၁၅ ရက်နေ့ ချိန်းဆိုထားပါတယ်။
တောင်သူ တွေဟာ သူတို့ရဲ့ နစ်နာချက်ကို လူ့အခွင့်အရေးအဖွဲ့တွေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)နဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးတွေအထိပါ တိုင်ကြားခဲ့ပေမယ့် အကြောင်း မထူးတာကြောင့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားစွဲဆိုတာ ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Saturday, March 10, 2012
တောင်ယာခင်းဖျက်တဲ့ ကုမ္ပဏီကို တရားစွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment