Saturday, June 25, 2011

ဘန်ကောက်မြို့တော်တွင် ဖွေ့ထိုင်းပါတီက ဦးဆောင်နေဟု စစ်တမ်းကောက်ယူမှု အသစ်က ပြသနေ

June 25, 2011

မကြာသေးခင်ကလေးက လုပ်ခဲ့တဲ့ စစ်တမ်းတွေအရဆို ဘန်ကောက်မှာ ဖွေ့ထိုင်းပါတီက ဒီမိုကရက်ပါတီအပေါ် အသာစီး ရနေတုန်းပဲ လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှု ၂ ခုမှာ ၀န်ကြီးချုပ်နေရာ လျာထားတဲ့ ခွန်ယင်လပ်ရှီနာဝပ်ထ် က ဒီမိုကရက်တွေနဲ့ဝန်ကြီးချုပ်လောင်း အဖိဆစ်အပေါ် အသာစီးရနေသလိုပဲ မြို့တော်က မဲဆန္ဒရှင် တွေဟာ ဖွေ့ထိုင်းမဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်းတွေကိုပဲ ထောက်ခံတယ်ဆိုတာ ပြသ နေပါတယ်။

Read More...

မြန်မာဗုံးကွဲသတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ခေါင်းကြီးပိုင်းက ဖေါ်ပြ

6/25/2011

မြန်မာနိုင်ငံမှ မြို့ကြီး သုံးမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမူများကို ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ခေါင်းကြီးပိုင်းက ဖေါ်ပြသည်။

Read More...

အထက်အရာရှိနှင့် နီးစပ်၍ အရေး မယူမူ အပေါ် တောင်ကုတ်ဒေသခံများ မကျေနပ်

6/25/2011

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မတ်လ ဆယ်တန်း စာမေးပွဲ စစ်ဆေးစဉ်က စာမေးပွဲ ကြီးကြပ်ရန် ရောက်ရှိ လာသူနှင့် ဒေသခံ မြို့နယ် ပညာရေး ၀န်ထမ်းများ အကြား အကြီးအကျယ် ပြဿနာ ဖြစ်ပွားခဲ့ရာ အထက်မှ တောင်ကုတ်မှ ပညာရေး ၀န်ထမ်းများကို အရေးယူခဲ့ပြီး စာမေးပွဲကြီးကြပ်ရန် ရောက်ရှိလာသူ အပေါ် တစုံတရာ အရေး မယူသဖြင့် အထူး မကျေနပ်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

Read More...

စည်းကမ်းမဲ့ စွန့်ပစ်ပစ္စည်းများဒဏ် ရခိုင်ဒေသခံများ မခံနိုင်

ခင်ဦးသာ
25 June 2011

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ် လုပ်ငန်းခွင်များမှ ထွက်သော စွန့်ပစ်ပစ္စည်းများအား လူနေကျေးရွာအနီး၌ စည်းကမ်းမဲ့ စွန့်ပစ်နေခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားသော်လည်း အရေးယူမှုမရှိဟု ဒေသခံများက ပြောသည်။

Read More...

က​လေး​စစ်သား​ကို ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို

June 24, 2011
နော်နိုရင်း

အသက်မပြည့်​ သေး​တဲ့​ က​လေး​ငယ်ကို တပ်က​နေ ပြန်လွှတ်​ပေး​ဖို့​ မိဘ​တွေက အိုင်အယ်လ်အိုကို တိုင်ကြား​ခဲ့​ပါတယ်။

ဧရာဝတီတိုင်း​ ဝါး​ခယ်မမြို့နယ် အူကျွန်း​ဆွယ်ရွာမှာ​နေတဲ့​ ​မောင်ချစ်သွယ်ဦး​ဟာ အခုနှစ် ဇန်နဝါရီလက အိမ်မဲမြို့​မှာရှိတဲ့​ ဗလီ​ကျောင်း​တခုမှာ သင်တန်း​တက်ရင်း​ ​ပျောက်ဆုံး​ခဲ့​တယ်လို့​ ပြန်လွတ်​မြောက်​ရေး​အတွက် အိုင်အယ်လ်အိုဆီ ကူညီတိုင်ကြား​ပေး​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဗဟို​တောင်သူလယ်သမား​ လုပ်ငန်း​ကော်မတီဝင် ဦး​မောင်​မောင်ကြီး​က ​ပြောပါတယ်။

Read More...

ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က ရွာလုံး​ကျွတ် လုပ်အား​ပေး​ခိုင်းစေ

June 24, 2011
နော်နိုရင်း

ဧရာဝတီတိုင်း​ ​ဒေး​ဒရဲမြို့နယ်က ​ကျေး​ရွာတခုမှာ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က ရွာသား​တွေကို အခ​ကြေး​ငွေမ​ပေး​ဘဲ လမ်း​ဖို့ခိုင်း​နေတဲ့​အတွက် ရွာသား​တွေ အလုပ်အကိုင်ပျက်ပြီး​ အခက်ကြုံနေရပါတယ်။

ဒေး​ဒရဲမြို့​ နယ် တိုး​စံပြ​ကျေး​ရွာအုပ်စုအပိုင် ဆား​ကျင်း​ကျေး​ရွာသား​တွေကို တိုး​စံပြ​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​ ဦး​သက်​ဝေနဲ့​ ဆား​ကျင်း​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​ ဦး​ထွေး​ (​ခေါ်) ဦး​နှုတ်ခမ်း​မွေး​တို့​က​နေပြီး​ အခ​ကြေး​ငွေမ​ပေး​ဘဲ လုပ်အား​ပေး​ခိုင်း​စေတာ ဖြစ်ပါ တယ်။

ဆား​ကျင်း​ ကျေး​ရွာ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​ဟန်ကျင် မိသား​စုပိုင် တာပျက်စီး​သွား​တာ​ကြောင့်​ တာဖို့​ခိုင်း​တာဖြစ်ပါတယ်။ ရွာမှာ အိမ်​ခြေ ၄၀၀ ခန့်​ရှိပြီး​ အိမ်တိုင်း​ကို တာဖို့​ခိုင်း​တာလို့​ ရွာသား​တဦး​က ​ပြောပါတယ်။

Read More...

Friday, June 24, 2011

မန္တလေး ဈေးချိုးအနီးနဲ့ ကြပ်ပြေးနေပြည်တော် ဗုံးကွဲ

June 24, 2011

မန္တလေးမြို့ပေါ်ရှိ ဈေးချို ၂ရ လမ်းနှင့် ၈၄ လမ်းထောင့် မန်းမြန်မာပလာဇာအနီး နေ့လည် ၁၂ နာရီလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ၃ ဦးလောက် ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်နိုင်တယ်လို့ မျက်မြင်တွေ ပြောပြချက်အရ သိရှိရပြီး၊ အသွားအလာ တွေ ပိတ်ပြီး ရှင်းလင်းနေတယ်လို့လဲ သိရှိရပါတယ်။

တဆက်ထဲမှာပဲ ကြပ်ပြေးနေပြည်တော်က သပြေကုန်းဈေးအနီးမှာလဲ မန္တလေးဗုံးပေါက်ကွဲမှု အပြီး တနာရီ နီးပါးခန့် ခြားကာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့တယ်လို့လဲ ထပ်မံ သိရှိရပါတယ်။

Read More...

အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနှင့် မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများနေ့

June 24, 2011
အောင်လွှမ်းမိုး

မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတင်လို့ရမယ်၊ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”

ဆလိုင်းတင်မောင်ဦး

ကမ္ဘာ့ ဘယ်နိုင်ငံ ဘယ်ပြည်သူ ဘယ်လူမျိုးမှာမဆို ကမ္ဘာပေါ်မှာ တည် ရှိနေသရွေ့ မမေ့ကောင်း မမေ့အပ်ဘူးလို့ သူတို့ကိုယ်တိုင် ကျေကျေ နပ်နပ်နဲ့ တညီတညွတ်တည်း သတ်မှတ်ထားကြတဲ့ နေ့ထူးတွေရှိတယ်။ ဥပမာ လွတ်လပ်ရေးနေ့ အမျိုးသာနေ့ စသဖြင့်။

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာလည်း အဲသလိုနေ့ထူးတွေရှိ တယ်။ အဲဒီထဲမှာ အမျိုးသားအောင်ပွဲနေ့၊ တော်လှန်ရေးနေ့၊ ပြည်ထောင် စုနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့တွေကတော့ သူတို့နဲ့ အတူတွဲနေ တဲ့ ပြည့်ဝနက်ရှိုင်းတဲ့ သမိုင်းအဓိပ္ပါယ် တွေကြောင့် ပေါ်လွင်ထင်ရှား လူသိများတယ်။

Read More...

သူရဦးရွှေမန်းက လူထုအုံကြွမှုအရေး သတိပေး

24 June 2011

မြန်မာပြည်၏ စီးပွားရေး နိမ့်ကျနေသောကြောင့် လူအများ ဆင်းရဲနွမ်းပါးလျက်ရှိရာ လူထုအုံကြွမှုများ ဖြစ်ပေါ်လာပါက တိုင်းပြည် နစ်နာမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ သတိပေး ပြောကြားလိုက်သည်။

Read More...

နေပြည်တော်နှင့် မန္တလေးတို့တွင် ဗုံးကွဲ

ရန်ပိုင်
24 June 2011

နေပြည်တော်နှင့် မန္တလေးတို့တွင် ယနေ့ နေ့လယ်၌ တပြိုင်တည်း လိုလို ဗုံးပေါက်ကွဲသည်။

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ နေအိမ်တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံးပေါက်ကွဲကြောင်း သိရသည်။

Read More...

မန္တလေးဈေးချိုအနီး ဗုံးပေါက်ကွဲ

June 24, 2011
အံ့ဘုန်းမြတ်

မန္တလေးမြို့၊ ဈေးချိုအနီးရှိ ၈၄ လမ်းမပေါ်က ဈေးချိုဟိုတယ်ရှေ့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အနီးရှိ တဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ဈေးချို၊ မန်းမြန်မာပလာဇာနဲ့ ဈေးချိုဟိုတယ်က မှန်တွေပါ ကွဲကုန်တယ်လို့ မျက်မြင် မန္တလေးမြို့ခံတဦးက ပြောပါတယ်။

Read More...

ထိုင်း​တောင်ပိုင်း​ ယာဉ်တိုက်မှု မြန်မာ ၄ ဦး​သေဆုံး

June 24, 2011
နော်နိုရင်း

ထိုင်း​ နိုင်ငံ​တောင်ပိုင်း​ ပရာချွတ်ခီရီခမ် ခရိုင်အတွင်း​ မ​နေ့​ည​နေက မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​တွေ တင်​ဆောင်တဲ့​ ကား​တစီး​နဲ့​ ၁၀ ဘီကား​တစီး​နဲ့​ တိုက်မိရာမှာ ၅ ဦး​ ​သေဆုံး​ပြီး​ ၉ ​ယောက်ဒဏ်ရာရသွား​ပါတယ်။

ပရာချွတ် ခီရီခမ်ခရိုင် ဘန်း​စဖန်း​မြို့​နယ်အတွင်း​မှာ မြန်မာ​တွေစီး​နင်း​လာတဲ့​ ​တောင်း​အေ့​စ် အမျိုး​အစား​ မှန်လုံကား​နဲ့​ ၁၀ ဘီး​ကား​တစီး​ တိုက်မှုဖြစ်ပွား​ခဲ့​တာပါ။ ကား​ပေါ်ပါ မြန်မာ​တွေဟာ ထိုင်း​-မြန်မာနယ်စပ် ရ​နောင်း​မြို့​မှာ အလုပ်သမား​ ယာယီနိုင်ငံကူး​ လက်မှတ်သွား​လုပ်ကြတာဖြစ်ပြီး​ အပြန်မှာ ယာဉ်တိုက်မှု ဖြစ်တာပါ။

Read More...

မြန်မာ့အရေး အမေရိကန်အစိုးရပေါ်လစီ အားနည်းသေးဟုဆို

June 24, 2011 by နေသွင်

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အားနည်းနေသေးတယ်လို့ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေက ပြောပါတယ်။

Read More...

မန္တလေးနှင့် နေပြည်တော် ဗုံးများကွဲ

ဇွန်လ ၂၄ ရက် ၂၀၁၁ ခုနှစ်

မန္တလေးမြို့ ဈေးချိုဟိုတယ်ရှေ့တွင် သောကြာနေ့ နေ့လည်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားသည်။

ဈေးချိုဈေးအနီး ၈၂ လမ်းနှင့် ၈၄ လမ်းထောင့်တွင် ရပ်ထားသော ပါဂျယ်ရိုကား ၃ခ/ ၁၉ဝ၄ မှ ပေါက်ကွဲခြင်း ဖြစ်ပြီး အနီးနားရှိ ယာဉ်ထိန်းရဲတဦး ဒဏ်ရာရသွားသည်။

Read More...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း တွေ့ဆုံပွဲ မီဒီယာ တက်ခွင့်ရမည်

June 23, 2011
အံ့ဘုန်းမြတ်

အနှစ် ၂၀ ကျော်ကာလအတွင်း ပထမဆုံးပေါ်ပေါက်လာတဲ့ လွှတ်တော်တွေထဲက ပြည်သူ့လွှတ်တော်ရဲ့ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက သူရဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ့် အခမ်းအနားကို ပြည်တွင်းထုတ် ဂျာနယ်တွေက အယ်ဒီတာချုပ်တွေပါ တက်ရောက်ခွင့် ရရှိမယ်လို့ သိရပါတယ်။

မနက်ဖြန် နေ့လယ်ပိုင်း ပြည်လမ်းမပေါ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြုလုပ်မယ့် ဒီအခမ်းအနားမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက ကိုယ်စားလှယ်တွေနဲ့အတူ ဂျာနယ် အယ်ဒီတာချုပ်တွေပါ တက်ရောက်ကြရမှာလည်း ဖြစ်ပါတယ်။

Read More...

စစ်အာဏာရှင်ခေတ် မြန်မာနှင့် အိန္ဒိယ ဆက်ဆံရေး

အောင်လင်းထွဋ်
23 June 2011

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ တမီလ်နာဒူး ပြည်နယ်တွင် ၁၉၉၁ ခုနှစ် မေ လ ၂၁ ရက်နေ့က အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဓီ (Rajiv Gandhi) လုပ်ကြံခံခဲ့ရပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအပေါ် အိန္ဒိယခေါင်းဆောင် အဆက်ဆက်သည် ယနေ့ထိတိုင် လျစ်လျူရှုခဲ့ကြသည်။ ကမ္ဘာ့ အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံတော်ဟု ကြွေးကြော်နေသော အိန္ဒိယနိုင်ငံသည် မြန်မာ့ဒီိမိုကရေစီအရေးကို မျက်ကွယ်ပြု၍ တရုတ်အရေးနှင့် စီးပွားရေးကို ရှေ့တန်းတင်ပြီး ၁၉၉၂ ခုနှစ်မှစ၍ မြန်မာစစ်အာဏာရှင်အစိုးရကို ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

Read More...

ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား



လူထုစိန်ဝင်း

Monday, 20 June 2011

အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ် တစ်ယောက် ဂျာနယ် တိုက်တွေကို စုံစမ်း မေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချ ကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ် ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံ မနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ရွှေရှာကျောက်တူး
နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့ အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျား ဒေသက တပင်တပန်း လာခဲ့ရရှာတာ ဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင် ပေးခဲ့တယ်။ စကားပြောရင်သာ မောပြီး နားထောင်တာက မောမှ မမောတာ။ သူပြောတာက သူတို့ဒေသ တစ်ဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုး တစ်လျှောက် ရွှေရှာသူတွေက ရှာကြ၊ မှော်တွေထဲသွားပြီး ကျောက်တူးသူတွေက တူးကြ ဖြစ်နေတဲ့အတွက် တစ်ချိန်ချိန်မှာ သူများနိုင်ငံက ဆန်ကို ၀ယ်စားရတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ် နေရပါတယ်တဲ့။ ''ရွှေမရှိတာက ဘာမှမဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ် ရောက်မှာ ခင်ဗျ'

Read More...

Monthly News Commentary - June 2011 (Eng)

PDC Monthly News Commentary - June 2011-English

ဝက်နားရွက်ပြာဆေး စမ်းသပ် ဖော်ထုတ်

ကိုပေါက်
ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ်

(ဆေးသုတေသန ပညာရှင် ဒေါက်တာအောင်မြင့်နှင့် အင်တာဗျူး)

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းတွင် ၂ဝ၁၁ ဖေဖော်ဝါရီမှစ၍ ကူးစက်ပြန့်ပွားလာသည့် ဝက်နားရွက်ပြာ ရောဂါမှာ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့ထိ ဆက်လက် ကူးစက်လာခဲ့ရာ ဝက်ကောင်ရေပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

ရောဂါဖြစ်ပွားနေသည့် ဝက်များအား ကုသခြင်းနှင့် ဆက်လက် မပြန့်ပွားရန် ထိန်းချုပ်နေသော်လည်း ကြိုတင် ကာကွယ်ဆေးမှာမူ တရားဝင် ထုတ်လုပ် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးပေ။

အခြားနိုင်ငံများတွင် ကာကွယ်ဆေးများ ထုတ်လုပ်ထားရှိသော်လည်း မြန်မာနိုင်ငံ ဈေးကွက်သို့ မဝင်ရောက်သေးပေ။

Read More...

စစ်ဘေးရှောင် ၁၃၀၀၀ ကျော် KIO ထံ ရောက်

သဲသဲ၊ ဖနိဒါ
ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ်

ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်တိုက်ပွဲများကြောင့် စစ်ဘေးပုန်းရှောင်လာသူ ဒုက္ခသည် ၁၃ဝဝဝ ကျော် ရှိပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့က ပြောသည်။

KIO ဗဟိုကော်မတီဝင်ဖြစ်သူ ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား၏ ပြောဆိုချက်အရ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ၅ဝဝဝ ကျော်၊ မိုးညှင်းခရိုင် တပ်ရင်း ၅ နယ်မြေတွင် ၂၃ဝဝ ကျော်နှင့် တပ်ရင်း ၃ နယ်မြေ လွယ်ဂျယ်ဒေသတွင် ၆ဝဝဝ ကျော်ရှိသည်ဟုဆိုသည်။

“မြစ်ကြီးနား ဗန်မော်လမ်းမကြီးက လူတွေ အများစုပါတယ်” ဟု ဦးဒွဲပီဆားက ပြောသည်။

Read More...

ဗိုလ်ကြီးက ၉ တန်းကျောင်းသူကို ဓားနဲ့ထိုးပြီး သတ်သေဟုဆို

မျိုးသန့်
ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ်

ဗိုလ်ကြီးတဦးက ၉ တန်းကျောင်းသူ တဦးကို ဓားနဲ့ထိုးကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည် ဆိုသော ဖြစ်ရပ်တခု ပဲခူးမြို့နယ် ဥဿာမြို့သစ် ရပ်ကွက်တွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။

ခြေမြန်တပ်ရင်း ၇ မှ တပ်ရေးဗိုလ်ကြီး ကျော်သူရက စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာခံဗိုလ် စိုးမြင့်၏ သမီး မသက်နှင်းဆွေ ကို အသင့်ပါလာသော စစ်သုံးဓားဖြင့် ထိုးသည်ဟု စွပ်စွဲထားကြသည်။

အခင်းဖြစ်ပွားချိန်က နေအိမ်တွင်း ရှိနေခဲ့သူ အရာခံဗိုလ်စိုးမြင့်၏ ဇနီး ဒေါ်စမ်းစမ်းထွေးက အော်ဟစ် အကူညီတောင်းသဖြင့် အိမ်နီး နားချင်းများ ရောက်လာခဲ့သည်။

Read More...

အပေါ်သို့