Saturday, June 25, 2011

ဘန်ကောက်မြို့တော်တွင် ဖွေ့ထိုင်းပါတီက ဦးဆောင်နေဟု စစ်တမ်းကောက်ယူမှု အသစ်က ပြသနေ

June 25, 2011

မကြာသေးခင်ကလေးက လုပ်ခဲ့တဲ့ စစ်တမ်းတွေအရဆို ဘန်ကောက်မှာ ဖွေ့ထိုင်းပါတီက ဒီမိုကရက်ပါတီအပေါ် အသာစီး ရနေတုန်းပဲ လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှု ၂ ခုမှာ ၀န်ကြီးချုပ်နေရာ လျာထားတဲ့ ခွန်ယင်လပ်ရှီနာဝပ်ထ် က ဒီမိုကရက်တွေနဲ့ဝန်ကြီးချုပ်လောင်း အဖိဆစ်အပေါ် အသာစီးရနေသလိုပဲ မြို့တော်က မဲဆန္ဒရှင် တွေဟာ ဖွေ့ထိုင်းမဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်းတွေကိုပဲ ထောက်ခံတယ်ဆိုတာ ပြသ နေပါတယ်။


ဒါပေမဲ့ ဆန္ဒပြုသူ ၃ ပုံ ၁ ပုံ နီးပါးလောက်၊ ရာနှုန်း ၂၀-၂၆% လောက်က သူတို့အနေနဲ့ ဘယ်သူ့ကိုထောက်ခံရမလဲ ဆိုတာ မဆုံးဖြတ်ရသေးကြောင်းနဲ့ ၇% လောက်က ဘယ်သူ့ကိုထောက်ခံတယ်ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ ငြင်းကြ ပါတယ်။

နေးရှင်းအုပ်စုနဲ့ ပေါင်းပြီးလုပ်တဲ့ ဒူရာကစ်ခ်ျပန်ဒစ် တက္ကသိုလ်က လုပ်တဲ့ စစ်တမ်းက ဖွေ့ထိုင်းပါတီက မြို့တော်ရဲ့ မဲ ဆန္ဒနယ် ၃၃ နေရာထဲက ၂၂ နေရာမှာ အသာစီးရနေပြီး ဒီမိုကရက်တွေက ၆ နေရာမှာသာ လုံးလုံးလျားလျား ထောက်ခံမှုရတာကို ပြသနေပါတယ်။ ကျန်တဲ့ မဲဆန္ဒနယ် ၅ နေရာမှာတော့ အကြိတ်အနယ် အပြိုင်ဖြစ်နေပါတယ်။ မြို့တော်ရဲ့ မဲဆန္ဒနယ် အမှတ် ၁၊ ၂၊ ၁၀၊ ၂၂ ၊ ၂၇ နဲ့ ၃၂ မှာ ဒီမိုကရက်တွေက ၅% လောက်နဲ့ အသာစီးက ဦး ဆောင်နေပြီး မဲ ဆန္ဒနယ် အမှတ် ၄၊ ၅၊ ၇၊ ၁၆ နဲ့ ၁၆ မှာတော့ ပြိုင်ဆိုင်မှုတွေက သိပ်မကွာဘဲ အတူတူလောက်ပဲ ပြေးနေပါတယ်။

ဝန်ကြီးချုပ်နေရာအတွက် ဘယ်သူ့ကို မဲပေးမလဲ လို့မေးကြည့်တော့ ၄၇% က ခွန်ယင်လပ်ကို ထောက်ခံကြပြီး ၃၉ % က အဖိဆစ်ကို ထောက်ခံကြပါတယ်။ ၇% ကတော့ ရတ်ဆန်တိပါတီခေါင်းဆောင် ပူရာချိုင်းဖီယွန်းဆွန်ဘွန်းကို ထောက်ခံပြီး ၄% က ရတ်ဖရာထက်ထိုင်းပါတီခေါင်းဆောင် ချူဝစ်ခမ်မိုဝိဆစ်ကို ထောက်ခံပါတယ်။ ကျန်တဲ့ ၃%က တော့ ဒီရာထူးနေရာအတွက် တခြားနိုင်ငံရေးသမားတွေကို အလိုရှိကြပါတယ်။ မဲပေးသူ ၂၆% က မဆုံးဖြတ်ရသေး တာ တွေ့ရပြီး ၆% ကတော့ သူတို့ ရွေးချယ်မှုတွေကို ပြောင်ထုတ်ဖော်ပြောမှာဖြစ်တယ်လို့ ပြောပါတယ်။ ဘန်ကောက် တက္ကသိုလ်ကလုပ်တဲ့ စစ်တမ်း ကောက်ယူမှု ကလည်း ဖွေ့ထိုင်းပါတီက လူကြိုက်များနေတယ်ဆိုတာကို ပြနေပါတယ်။

ဒီစစ်တမ်းမှာ ၃၇.၉% က သူတို့အနေနဲ့ ဖွေ့ထိုင်းကိုယ်စားလှယ်လောင်းတွေကို ရွေးမယ်လို့ ပြောပြီး ၂၂.၂% က ဒီမို ကရက်တွေကို ရွေးမှာဖြစ်ကြောင်း ပြောပါတယ်။ ၁.၂% ကတော့ ရတ်ဆန်တိအလံအောက်က နိုင်ငံရေးသမားတွေကို ရွေးမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ၂၂.၁% က သူတို့ကတော့ မဆုံးဖြတ်ရသေးကြောင်း၊ ၇.၆%က ဘယ်သူ့ကို ကြိုက်တယ် ဆိုတာ ပြောဖို့ ငြင်းပါတယ်။ ၅% ကျော်လောက်ကတော့ သူတို့မဲတွေပေါ်မှာ “NO VOTE” (မဲမပေးပါ) ဆို တာကို ချစ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဘယ်ပါတီကို ကြိုက်သလဲလို့ မေးတော့ ၃၈.၃% က ဖွေ့ထိုင်းပါတီကို ရွေးပြီး၊ ၂၁.၆% က ဒီမိုကရက်ပါတီနဲ့ ၃.၄% က ရတ်ထိုင်းလင်းနဲ့၁.၆% က ရတ်ဆန်တိကို ထောက်ခံကြပါတယ်။ နောက်ဆုံး စစ်တမ်းကောက်ယူမှုကို ဘန် ကောက် က ခရိုင် ၅၀ မှာရှိတဲ့ မဲဆန္ဒနယ်အားလုံးက မဲပေးနိုင်သူ ၃၃၃၈ ယောက်နဲ့ ဇွန်လ ၁၆ ရက်နဲ့ ၂၂ ရက်နေ့မှာ လုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။ ဒီစစ်တမ်းကို စစ်တမ်းမေးခွန်းလွှာတွေဖြေပေးဖို့ တွေ့ဆုံမေးမြန်းခံရသူတွေနဲ့ မျက်နှာ ချင်းဆိုင် လူတွေ့ မေးမြန်းခဲ့တာပါ။ ပြန်လည်ဖြေကြားသူတွေထဲက ၄၇.၂% က နောက်တက်မယ့် ၀န်ကြီးချုပ်အဖြစ် ခွန်ယင်လပ်ကို ပိုကြိုက်ကြောင်း၊ ဘာလို့ လဲ ဆိုတော့ တိုင်းပြည်ကို ဦးဆောင်တာမှာ မျက်နှာသစ် လူသစ်ကို တွေ့ချင် မြင်ချင်လို့ ဖြစ်ကြောင်း ပြောဆိုပြီး ၂၈% ကတော့ အဖိဆစ်ကို ဒီတာဝန်မှာပဲ ဆက်လုပ်စေချင်ကြောင်း ပြောကြပါ တယ်။

ဒီအတောအတွင်းမှာ လက်ရှိ ၀န်ကြီးချုပ်ကတော့ သူ့အနေနဲ့ ဘန်ကောက် တက္ကသိုလ် က စစ်တမ်းကောက်ယူမှုကို စံချိန် တခုအနေနဲ့ မယူကြောင်း၊ ဘာလို့လဲဆိုတော့ ဒီစစ်တမ်းတွေထဲမှာ Abac နဲ့ Suan Dusit တို့လို တခြား စစ်တမ်း ကောက်ယူတဲ့ အဖွဲ့ကြီး တွေက အဓိကပါတီကြီး ၂ ခုအကြား သိပ်မကွာလှကြောင်း ထုတ်ဖော်ပြသနေချိန်မှာ အဲဒီစစ် တမ်းတွေထဲမှာတော့ ဘယ်စစ်တမ်းကမှ ဒီမိုကရက်တွေကို နိုင်သူအဖြစ် ပြမထားလို့ဖြစ်ပြီး ဖြစ်တယ်လို့ သူက ပြော ပါတယ်။
Ref: Naytthit

0 comments:

အပေါ်သို့