Tuesday, June 21, 2011

သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ

ရန်ပိုင်
20 June 2011

ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့များက ပြီးခဲ့သည့် စနေနေ့ည ၁၂ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း သတင်းရသည်။


သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းသည် ပဲခူးတိုင်း တောင်ငူမြို့၏ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာရှိ သောက်ရေ ခပ်ချောင်းပေါ်၌ တည်ရှိပြီး ရွှေစွမ်းအင် ကုမ္ပဏီ က တာဝန်ယူလုပ်ကိုင်နေသည်။ နှစ်စဉ်ပျမ်းမျှ လျှပ်စစ် ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၆၀၄ သန်း ထုတ်လုပ်နိုင်မည်ဟု သိရသည်။

တောင်ငူမြို့ခံတဦးက “သန်းခေါင်ကနေ မိုးလင်းထိပစ်တာ။ တညလုံး အသံတွေ ကြားနေရတယ်။ ဘာမှမရှိတော့ဘူး။ စခန်းတခုလုံး ရုတ်သိမ်းသွားပြီ” ဟု ဆိုသည်။

ယင်းစီမံကိန်းတွင် လာရောက်လုပ်ကိုင်နေသော တရုတ် လူမျိုးများ၊ စခန်းတာဝန်ရှိသူများနှင့် အလုပ်သမားများ ယမန်နေ့ နံနက်တွင် တောင်ငူသို့ ပြောင်းရွေ့သွားကြကြောင်း ၎င်းက ဆက်ပြောသည်။

ယခု ပစ်ခတ်မှုသည် မည်သည့်အဖွဲ့၏ လက်ချက်ဟု မသိရသေးသော်လည်း ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် ထိစပ်ရာဒေသတွင် ကရင် အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ ၂ တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဧပြီလ အတွင်းကလည်း KNU အဖွဲ့က သောက်ရေခပ်စီမံကိန်းနှင့် တောင်ငူမြို့အနီးရှိ ရဲတပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။
Ref: Irrawaddy

0 comments:

အပေါ်သို့