Tuesday, June 21, 2011

ရှပ်နီတပ်ပေါင်းစုအနေနဲ့ ဒီမိုကရက်တွေရဲ့လူထု စည်းဝေးပွဲကို ပိတ်ဆို့တားဆီးတာမလုပ်သင့်

June 20, 2011

လာမယ့်ကြာသပတေးနေ့ ဘန်ကောက်မြို့၊ ရတ်ချာဖရားဆွန်လမ်းဆုံမှာ လုပ်မယ့် ဒီမိုကရက်ပါတီရဲ့အဓိက ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (အဒညတ) အနေနဲ့ ပိတ်ဆို့တားဆီးတာတွေ မလုပ်သင့်ကြောင်း နိုင်ငံလုံးဆိုင်ရာပြုပြင်ပြောင်းလဲရေးကော်မတီဝင်၊ ၀ိချိုင်း ချော့ဗီ ၀ပ်က တနင်္လာနေ့က ပြောပါတယ်။


“ရွေးကောက်ပွဲဥပဒေတွေကို မချိုးဖောက်ဘူးဆိုရင် ဒီမိုကရေစီစနစ်မှာ ပါတီအားလုံးဟာ တိုင်းပြည်ရဲ့ ဘယ်နေရာမှာ မဆို ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ လုပ်နိုင်ပါတယ်။” လို့ မစ္စတာ ၀ိချိုင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီမို ကရက်တွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ဧပြီလနဲ့မေလက အစိုးရဆန့်ကျင်ရေးဆန္ဒပြသမားတွေအပေါ် နှိမ်နှင်းဖြိုခွင်းခဲ့တာကို ဝေဖန်ပြောနေမဲ့အစား ပြည်သူလူထုအတွက် အကျိုးဖြစ်စေတဲ့ မူဝါဒတွေကို တင်ပြသင့်ပါတယ်။ လို့ သူက ပြောပါ တယ်။

“နိုင်ငံရေးဆိုတာ ပြဿနာတခုအပေါ် အလေးထားပြောဆိုတာထက် လူ့အဖွဲ့အစည်းတခုလုံးအပေါ် တာဝန်ယူလုပ် ဆောင်တာသာ ဖြစ်သင့်ပါတယ်” လို့ မစ္စတာ ၀ိချိုင်းက ပြောပါတယ်။
Ref: နေ့သစ်

0 comments:

အပေါ်သို့