Friday, June 24, 2011

တရုတ်၊ အိန္ဒိယကျောင်းသားများနှင့် သိပ္ပံနှင့် သင်္ချာတို့တွင် ယှဉ်ပြိုင်ရန် အိုဘားမား တိုက်တွန်း

23 June 2011

အလုပ်အကိုင် ငတ်မွတ်လျက်ရှိနေသည့် အိန္ဒိယနှင့် တရုတ်ကျောင်းသားများ၏ စိန်ခေါ်မှုမှာ ပိုမိုကြီးထွားလို့ လာနေ၏။ အမေရိက၏ “မနက်ဖြန် အလုပ်အကိုင်များ” ဖြစ်သည့် သိပ္ပံ၊ သင်္ချာနှင့် အင်ဂျင်နီယာ ဘာသာရပ်တို့ကို အမေရိကန် ကျောင်းသားများ ပိုမို၍ လေ့လာလိုက်စားကြရန် သမ္မတ အိုဘားမားက တိုက်တွန်းလိုက်သည်။


ဘွဲ့ကြိုတန်းတွေမှာ ၁၄ ရာခိုင်နှုန်းသော ကျောင်းသားတွေသာလျှင် အခြေခံပင်ရင်းဘာသာရပ်တွေလို့ ခေါ်ဆိုတဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာတို့ကို လေ့လာနေကြပါတယ်။” LED technology နည်းပညာကို အသုံးပြုပြီး အလင်းရောင်အတွက် လောင်စာသက်သာစေသည့် မြောက်ကာရိုလိုင်းနား အခြေစိုက် Durham ကုမ္ပဏီတွင် ပြောဆိုခဲ့သည်။

“အဲဒါကြောင့်မို့လို့ ဒီပညာရပ်တွေဟာ မနက်ဖြန် အလုပ်အကိုင်တွေပဲ ဖြစ်တယ်။ ဒီအလုပ်တွေအတွက် တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက အလျင်အမြန် မွေးထုတ်ပေးနေကြတယ်။” တနှစ်တာကာလအတွင်း သူ၏ မျှော်မှန်းချက်ကို သမ္မတက တိုက်တိုက်တွန်းတွန်း ပြောဆိုလျက်ရှိနေသည်။ အမေရိကန်၏ အလုပ်လက်မဲ့နှုန်းမှာလည်း ၉ ရာခိုင်နှုန်းအထက်တွင် ရှိနေလေပြီ။

“အဲဒီကျောင်းသားတွေဟာ ငတ်မွတ်လို့နေကြတာ။ ဒီစွမ်းရည်တွေကို ရထားမယ်ဆိုရင် သူတို့ဟာ အလုပ်အကိုင် ကောင်းကောင်းတွေကို ရနိုင်တယ်ဆိုတာ နားလည်ထားကြတယ်။ ကုမ္ပဏီတွေ ဖန်တီး တည်ထောင်နိုင်ကြမယ်။ စီးပွားရေးလုပ်ငန်းတွေကို ဖန်တီးတတ်ကြမယ်။ ချမ်းသာကြွယ်ဝမှုကို ဖန်ဆင်းပေးနိုင်မယ်။ အနာဂတ်အတွက် သေချာပေါက် ကျွန်တော်တို့ သိထားကြတဲ့ ဒီပညာရပ် နယ်ပယ်တွေမှာတော့ ကျွန်တော်တို့ နောက်ကောက်ကျလို့နေတယ်။” အိုဘားမားက စိုးရိမ်စိတ်နှင့် ရှင်းပြနေခဲ့သည်။

“အခုထက်ကို ကျွန်တော်တို့ ပိုလုပ်နိုင်ကြပါတယ်။ ပိုလို့တော်အောင် လုပ်ကိုလုပ်ရတော့မယ်။ အလုပ်အကိုင် ကောင်းတွေဟာ မနက်ဖြန်ခါ အမေရိကမှာ သေချာပေါက် ရှိနေဖို့အတွက်၊ ဒီမြောက်ကာရိုလိုင်းနားမှာ ရှိနေစေဖို့အတွက် ကျွန်တော်တို့ရဲ့ ကုမ္ပဏီကြီးတွေအတွက် လိုအပ်တဲ့ အရည်အချင်းပြည့် လုပ်သားထု သေချာပေါက် ရရှိဖို့ လိုနေပြီ။” သမ္မတက ပြောခဲ့သည်။

စွမ်းအင် သက်သာသည့် အဆောက်အဦများကို ဆောက်လုပ်ရန် ကုမ္ပဏီများကို တိုက်တွန်းခဲ့ပြီး ငွေကြေးကုန်ကျ သက်သာသည့်အတွက် အလုပ်သမားများကို ပိုမိုငှါးရမ်းရန် အသုံးပြုနိုင်မည်ဖြစ်ကြောင်း နှိုးဆော်ခဲ့ပြန်သည်။

အမေရိကန် စီးပွားရေး လျင်လျင်မြန်မြန် ပြန်လည် နလံထမှု မရှိသေးကြောင်း သမ္မတက ၀န်ခံပြောဆိုခဲ့သည်။

“စီးပွားရေး ပြဿနာရဲ့ တစ်ခုတည်းသောအဆိုးဝါးဆုံးကတော့ လူတွေကို အလုပ်အကိုင် မပေးနိုင်တာပါပဲ။ အဲဒီနေရာကို မရောက်ရောက်အောင်ကို သွားကြရပါလိမ့်မယ်။” အနာဂတ်အပေါ် အကောင်းမြင်စိတ်နှင့် သုံးသပ်ပြောဆိုခဲ့သည်။
Ref: မောက္ခ

0 comments:

အပေါ်သို့