Friday, January 13, 2012

အရှင်ဂ မ္ဘီရနဲ့ ဆက်သွယ်မေးမြန်ချက်

Saffron U Gambia Interview by dvbradio

ဂီတမှုး ကိုဝင်းမော် နဲ့ ဆက်သွယ်မေးမြန်းချက်

စောစောလေးသာလွတ်ရင်ပိုပြီး အရသာ ရှိတာပေါ့ by Burma VJ Media

Ref: Burma VJ Media

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ဦးခင်ညွန့် ကြိုဆို

ခင်ဦးသာ
January 13, 2012

ယနေ့လွတ်မြောက်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်အား ကြိုဆိုကြောင်း ပြောဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကိုလည်း ကြိုဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားလို့ရှိ ရင်လည်း ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲတဲ့သူ တယောက်ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကောင်းမွန်လာမှာပါ” ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၎င်း၏နေအိမ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Read More...

အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်

12 ဇန်နဝါရီ 2012

အမေရိကန်ပြည်ထောင်စုက ရီပတ်ဘလစ်ကန်ပါတီရဲ့ အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ရှေ့တပတ်ထဲ မြန်မာ နိုင်ငံကိုသွားဖို့ ရှိပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် အားပေးထောက်ခံခဲ့ သူလည်းဖြစ်၊ မြန်မာအစိုးရ အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ တဦးလည်းဖြစ်တဲ့ အထက် လွှတ်တော်အမတ် McConnell ဟာ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့ အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ကြာသပတေးနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆို လိုက် တာပါ။

Read More...

ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်

12 ဇန်နဝါရီ 2012

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စားသောက်ကုန် ဈေးနှုန်း တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ ၂.၄% ကျဆင်းသွားတဲ့အကြောင်း ဖော်ပြပါတယ်။

ဝယ်လိုအား ကျဆင်းမှုတွေနဲ့အတူ နှံစားသီးနှံ၊ သကြားနဲ့ စားသုံးဆီ ထုတ်လုပ်မှုတွေ တိုးတက်လာတဲ့အတွက် အခုလို ကျဆင်း ရတာ လို့လည်း ပြောခဲ့တာပါ။ ပျမ်းမျှ ကုန်ဈေးနှုန်း ပမာဏဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမြင့်ဆုံးတက်ခဲ့တဲ့ အချိန်နဲ့ယှဉ်ရင် ၁၁% အထိ ကျဆင်းသွားတာ ဖြစ်ပေမဲ့ ပုံမှန်ရှိသင့်တာထက်တော့ မြင့်မားနေဆဲပဲလို့လည်း FAO အစီရင်ခံစာက ဖော်ပြပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ၊ စွမ်းအင်ဈေးနှုန်းတွေမှာ မရေရာမှုတွေကြောင့် ကုန်ဈေးနှုန်းတွေကို ခန့်မှန်းရတာဟာလည်း ပိုပြီး ခက်ခဲလာနေတယ်လို့ ပြောပါတယ်။

Read More...

အာဖဂန်ရောက် စစ်သားတွေရိုင်းပျမှု အမေရိကန်ရှုတ်ချ

12 ဇန်နဝါရီ 2012

တာလီဘန်အလောင်းတွေကို အမေရိကန် ကမ်းတက်တပ်သားတွေက ၀ိုင်းဝန်းကျင်ငယ် စွန့်နေကြတဲ့ပုံကို ဖော်ပြထားတဲ့ ဗွီဒီယို မှတ်တမ်းအပေါ် အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဗွီဒီယိုမှတ်တမ်းမှာ တွေ့ရတာဟာ စက်ဆုပ်စရာ မြင်ကွင်းတခု ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ကြာသပတေးနေ့မှာ ပြောလိုက်တာပါ။ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူမယ်လို့ ပြောပါတယ်။

ဒီ ဗွီဒီယိုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း အမေရိကန် ကမ်းတက်တပ်ဖွဲ့နဲ့ မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ (NATO) အကြီးအကဲတို့ကို ညွှန်ကြားခဲ့တာပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အလေးအနက်ထား စစ်ဆေးသွားမှာ ဖြစ်တဲ့ အကြောင်းကိုလည်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းကို တယ်လီဖုန်းကတဆင့် ပြောခဲ့ပါတယ်။

Read More...

မြန်မာအစိုးရနဲ့ KNU ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ

12 ဇန်နဝါရီ 2012
မနန္ဒာချမ်း

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် အပိုင်း ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂ ဘက် အပစ်အခတ်ရပ်စဲရေးပါဝင်တဲ့ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးမှုနဲ့ - KNU ဘက်က တောင်းဆိုတဲ့ အချက် ၁၁ ချက်ကိုတော့ အစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့ဘက်က မူအားဖြင့် သဘောတူခဲ့ပြီး ပြည်ထောင်စုအဆင့်အနေနဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့အတွက် လက်မှတ် ထိုးခဲ့ကြတာဖြစ်ပါတယ်။ အပြည့်အစုံကို တော့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ ၁၉ ဦးပါ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်လ်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေး နွေး ပွဲအတွင်းမှာ - ပြည်နယ်အဆင့်နဲ့ တခါ၊ ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့အတွက် တခါ ၂ ပိုင်းခွဲ လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒီလို လက်မှတ်ရေးထိုးနိုင်ခဲ့တာနဲ့ပတ်သက်ပြီး KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ဒု အဖွဲ့ခေါင်း ဆောင် စောဒေးဗစ်ထော က အခုလို ပြောပြပါတယ်။

Read More...

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်း


Read More...

ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်

ရန်ပိုင်
January 12, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတချို့၏ အမည်စာရင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ထုတ်ပြန်ရာ ပါတီနှင့်နီးစပ်သူ ၃ ဦး ပါဝင်နေသည်ကို တွေ့ရသည်။

ထို ၃ ဦး မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်း၊ ပြီးခဲ့သည့်တနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီ ခဲ့သူ ဒေါ်စုစုလွင်၊ စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းဟန်တို့ ဖြစ်သည်။

“ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၈ နေရာစလုံး အနိုင်ရချင်တယ်၊ ဒါကြောင့် နိုင်ခြေရှိပြီး အလားအလာ ကောင်းသူတွေကို ရွေးထား တာ” ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

Read More...

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ ပြန်လည် လွတ်မြောက်လာသူများ၏ နောက်ဆုံးရသတင်းများ

Friday, 13 January 2012

8:00 Am
သရက်အကျဉ်းထောင်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ လွတ်မြောက်မည့်သူ များထဲတွင် ကိုမင်းကိုနိုင် ပါဝင်နိုင်သည်ဟု သိရှိရသည်။ သတင်းရယူရန် စောင့်စားနေသည့် သတင်းထောက်များ ၁၂ ယောက် ဝန်းကျင်ခန့်ရှိပြီး အတည်မပြု နိုင်သေးသည့် သတင်းများအရ ကိုမင်းကိုနိုင်အား နံနက် ၈နာရီခွဲတွင် လွှတ်ပေးမည်ဟု သိရှိရသည်။

8:10 Am
သရက်အကျဉ်းထောင်မှ အကျဉ်းသားစုစုပေါင်း ၂၇ ယောက် လွတ်မြောက်မည်ဟု သတင်း ရရှိပါသည်။

8:40 Am
စစ်တွေအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦး အနက် ၉ ဦး နှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦးအနက် ၉ ဦး လွတ်မြောက်မည်ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်မှ ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးပြည်ကျော် တို့ပါဝင်ကြောင်း သတင်းရရှိသည်။ ထို့အတူ စစ်တွေထောင်မှ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ) ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ် တို့လည်း လွတ်မြောက်မည်ဟု သိရှိရသည်။


Read More...

မြန်မာ့လွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်စောင့်ကြည့်

12 ဇန်နဝါရီ 2012
ဒေါ်ခင်မျိုးသက်

မြန်မာအစိုးရက သောကြာနေ့မှာ အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကြာသပတေးနေ့မှာ ကြေညာခဲ့တာမို့ မြန်မာအစိုးရ လွှတ်ပေးမယ့် ထဲမှာ နိုင်ငံရေး အကျဉ်းသား ပါမပါ စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားလိုက် ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ကျော် ရှိနေတာမို့ သူတို့ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးဖို့ကိုလည်း တောင်းဆိုလိုက် ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်အမတ် ဂျိုးဆက် ခရော်လီဟာလည်း မြန်မာနိုင်ငံမှာ ရောက်နေပြီး အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလစ်ကင် ပါတီခေါင်းဆောင် ဖြစ်တဲ့ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲ ဟာလည်း ရှေ့သတင်းပတ်အစောပိုင်းမှာ မြန်မာနိုင်ငံကို လာမယ်လို့ ဇန်န၀ါရီလ ၁၂ရက်နေ့က ကြေညာခဲ့ပါတယ်။

Read More...

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်/ကျဉ်းတွေပါဝင်မည်ဟု မျှော်လင့်

12 ဇန်နဝါရီ 2012
မသင်းသီရိ

မနက်ဖြန် ဇန်န၀ါရီ ၁၃ ရက်ကစလို့ အကျဉ်းသား ၆၅၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးမယ်လို့ မြန်မာ့ရုပ်မြင် သံကြားမှာ ဒီကနေ့ ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်းက ကြေညာသွားပါတယ်။ အခုတခေါက် ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်း သာခွင့်ဟာ အရင်ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို ထောင်ဒဏ်လျော့ပေါ့တာမျိုးမဟုတ်လို့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအများစု ပါလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ဒီသတင်းအပြည့် အစုံကို တော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဇန်န၀ါရီ ၁၂ ရက် ကြာသာပတေးနေ့ ညနေ ၆နာရီ မှာ မြန်မာရရုပ်မြင်သံကြားကနေ အကျဉ်းသား ၆၅၁ ယောက်ကို မနက် ဖန် ဇန်န၀ါရီ ၁၃ ရက်နေ့ကနေ လွှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

Read More...

ကချင်စစ်ဘေး ဒုက္ခသည်များအား ပရဟိတအသင်းများက ဒုတိယအကြိမ်လှူဒါန်း

ရန်ပိုင်
January 12, 2012

တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဒုက္ခသည်များကို ရန်ကုန်နှင့် မန္တလေး အခြေစိုက် လူမှုရေး ပရဟိတ အသင်းများက ဒုတိယအကြိမ်အဖြစ် ယနေ့တွင် သွားရောက်လှူဒါန်းကြောင်း သတင်းရသည်။

ယခုလှူဒါန်းမှုတွင် ဦးကျော်သူဦးဆောင်သည့် ရန်ကုန် နာမှုကူညီရေးအသင်း၊ မန္တလေးမြို့ရှိ ဘ၀အလင်း ပရဟိတ အသင်းနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြပြီး ငွေကျပ်သိန်း ၃၀၀ ကျော် နှင့် ဆန်အိတ် ၆၄ အိတ်၊ ကျပ် သိန်း ၁၀၀ နီးပါး တန်ဘိုးရှိသည့် အနွေးထည်၊ စောင်နှင့် အ၀တ်အထည်များအပြင် အစားအသောက်များ ပါဝင်ကြောင်းသိရသည်။

ဗန်းမော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်းတွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားပြီး ဦးတူးဂျာဦး စီးသည့် ရောဘတ် ဘုရားကျောင်းတွင် ဒုက္ခသည် ဦးရေ ၁၇၂၀ ရှိကြောင်း သွားရောက်ကူညီနေသည့် ဘ၀အလင်း ပရဟိတအသင်းမှ မယုက ပြော သည်။

Read More...

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကော့မှူးသားများ ၀မ်းမြောက်

လင်းသန့်
January 12, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကိုရွေးချယ်ထားသဖြင့် ထိုဒေသရှိ ပြည်သူများ၊ နိုင်ငံရေးသမားများက ဂုဏ်ယူ ၀မ်း သာနေကြသည်။

“ကျနော်ကတော့ ပျော်ရွှင်ပြီးတော့ ကောင်းကင်မှာ လွင့်နေသလိုတောင် အောင့်မေ့တယ်ဗျ၊ လူတွေကလည်း တခဲနက် ထောက်ခံ နေကြတယ်” ဟု NLD ၏ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ တာဝန်ခံ ဦးအေးသိန်းက ပြောသည်။

ယနေ့ နံနက်ပိုင်းက မြို့ကုန်း၊ တရုတ်ကုန်း၊ ဆားပန်းကန် ကျေးရွာ ၃ ခုသို့ သွားရောက်ပြီး ဒေသခံများနှင့် သွားရောက် ဆွေး နွေး ရာ ဒေသခံများ အလွန် စိတ်အားထက်သန်နေကြကြောင်း သူက ဆက်ပြောသည်။

Read More...

ဒေါက်တာစိုင်းမောက်ခမ်း နယ်တွင် NLD ၉၀ အနိုင်ရ အမတ် အရွေးခံမည်

မျိုးသန့်
ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ်

လက်ရှိအစိုးရ၏ အမြင့်ဆုံးရာထူးတခုကို ရယူထားသည့် ဒုသမ္မတ တဦးဖြစ်သူ ဒေါက်တာ စိုင်းမောင်ခမ်း ၂၀၁၀ ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သော မဲဆန္ဒနယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစိုင်းမြင့်မောင် က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂ ဦးကို ပထမ အသုတ်အဖြစ် ကြာသပတေးနေ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုစာရင်းတွင် ပါဝင်သည့် အသက် ၆၅ နှစ်ရှိ တရားလွှတ်တော် ရှေ့နေ ဦးစိုင်းမြင့်မောင်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင်း လားရှိုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည်။

"ရှမ်းတိုင်းရင်းသား ဒေသခံလည်း ဖြစ်ပါတယ်။ ရှမ်းပြည် NLD စတည်ထောင်ကတည်းက ပါဝင်ခဲ့တဲ့သူပါ။ နှစ် ၂ဝ ကျော်လုံးလုံး လုပ်ခဲ့တယ်။ ပါတီကိစ္စတွေမှာ အများကြီး လုပ်ပေးနိုင်ခဲ့တဲ့ လူတွေရှင့်။ ရှမ်းပြည်နယ် တခုလုံးရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။" ဟု NLD ပါတီ တည်ထောင်သူများတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက မဇ္ဈိမကိုပြောသည်။

Read More...

ကမ်းလွန်ဓါတ်ငွေ့ သုံးခွင့် ရမရ ရခိုင်ပါတီ စောင့်ကြည့်မည်

ကျော်ဇံဦး
ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ကမ်းလွန်မှ ထွက်ရှိမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရခိုင်ပြည်နယ်အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိမည်ဟု ကြားသိရသော် လည်း လက်တွေ့ အကောင်အထည်ဖော်မှုအား စောင့်ကြည့်ရဦးမည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြော သည်။

“ဒီကိစ္စကို ကျနော်တို့တောင်းဆိုလာတာ ကြာပါပြီ။ ရခိုင်ကထွက်တဲ့ ဓာတ်ငွေ့ကို ရခိုင်ပြည်သူတွေ သုံးစွဲခွင့် ရှိမရှိ ဆိုတာကို လွှတ်တော်မှာ နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့တယ်၊ ပယ်ချခဲ့တယ်။ ခုနောက်ပိုင်း ကြားမိတာကတော့ ရခိုင်ပြည်နယ်အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်လာပါတယ်။ သူတို့ပြောတဲ့အတိုင်း တကယ်ဖြစ်လာမလား ဆိုတာကို စောင့်ကြည့် ရဦးမှာ ရခိုင်ပြည်နယ်အတွက် ဘယ်လိုအသုံးချမလဲဆိုတာကို” ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က မဇ္ဈိမကို ပြောသည်။

ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ကိုရီးယား Daewoo International Corporation တို့အကြား ၂ဝ၁၁ နှစ်ကုန်ပိုင်းက သဘော တူညီ မှုရရှိခဲ့သည်ဟု ဝန်ကြီးဌာန အရာရှိတဦးအား ကိုးကား၍ ပြည်တွင်းဂျာနယ် တချို့တွင် ရေးသားဖော်ပြခဲ့ကြသည်ကို ရည် ရွယ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

KNU နှင့် အစိုးရ ကိုယ်စားလှယ်များ အပစ်ရပ် လက်မှတ်ထိုးတော့မည်

ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ်

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ကိုယ်စားလှယ်များ လေးကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုမှ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးရန် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် စီစဉ်နေပြီ ဖြစ်သည်။

“မနက်က ၉ နာရီကနေ ၁၀ နာရီခွဲထိ တကြိမ်တွေ့ပြီးတော့ ခဏနားတယ်။ သူတို့ဖာသာ ပြန်အကြံယူကြတယ်။ ၁၁ နာရီ ကျော်မှာ အစည်းအဝေး ပြန်ဝင်တယ်။ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်ချုပ်ဖို့ စာရိုက်နေတယ်” ဟု ဆွေးနွေးပွဲအတွက် သတင်းရယူနေသော မဇ္ဈိမသတင်းထောက်တဦးကို ပြောသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် ၁၉ ဦး ပါဝင်ပြီး အစိုးရ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့များတွင် လူဝင်မှုဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့လည်း ပါဝင်သည်။


“KNU ဘက်က တောင်းဆိုချက်အားလုံးကို မူအားဖြင့် သဘောတူတယ်လို့ အစိုးရဘက်မှ ပါလာတဲ့ ဝန်ကြီး အကုန်လုံးက ပြောတယ်။ နှစ်ဘက်သဘောတူညီချက်က အပစ်အခတ် ရပ်ဆဲမယ်။ ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့် ပေးမယ်။ လက်နက်မပါဘဲ ဟိုဘက်ဒီဘက် သွားလာခွင့်ပေးမယ်။ ကျန်တာကို ဗဟိုအဆင့် ဆက်လက် ဆွေးနွေး မယ်ဆိုတဲ့ အချက် ၄ ချက်ကို ချုပ်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့ တွေ့ဆုံမှုထဲတွင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းများနှင့် ကရင်ပြည်နယ်များမှ သက်ဆိုင်ရာ စစ်ဦးစီးမှူးများနှင့် နယ်စပ်လုံခြုံရေးရာ ဝန်ကြီးများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

ယနေ့ ညနေပိုင်းတွင် KNU ကိုယ်စားလှယ်များကို မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ညစာစာပွဲ ပြုလုပ်ပေးမည်ဟု သိရသည်။

မနက်ဖြန်တွင်လည်း ပဲခူးတိုင်း ပဲခူးဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် ထိုမှ မန္တလေးတိုင်း နေပြည်တော်သို့ အလည် အပတ်ခရီး စဉ်အဖြစ် ခေါ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောဆိုသည်ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

KNU ခေါင်းဆောင် မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တင်ပြမည့် အစီအစဉ် ရှိသည်ဟု ဦးလှမောင်ရွှေက ပြောသည်ဟု သိရသည်။

ယနေ့ ဆွေးနွေးပွဲအပြီး နှစ်ဘက် ကိုယ်စားလှယ် ၄ ဦးဆီက သတင်းစာရှင်းလင်းပွဲ လုပ်မည်ဟု သိရသည်။

Ref: မဇ္ဈိမ

Read More...

KNU နှင့် အစိုးရ အပစ်ရပ်၍ ကရင်ပါတီ ဝမ်းမြောက်ကြိုဆို

ဖနိဒါ
ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ်

မြန်မာအစိုးရအား ၆၃ နှစ်ကြာ လက်နက်တော်လှန်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး KNU က ပထမဆုံးအကြိမ် အပစ် အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုက်သည့် အပေါ် ပြည်တွင်း ကရင်နိုင်ငံရေးသမားများက ကြိုဆိုလိုက်ကြသည်။

နှစ်ဘက်အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ် ဝမ်းသာကြောင်းနှင့် ကရင်ပြည်နယ် အေးချမ်းစေရန်အတွက် ဆက်လက် ဆွေးနွေး မှုများ အဆင်ပြေပါစေလိုကြောင်း NLD ပါတီမှ ဘားအံ့မြို့နယ် ၁၉၉ဝ ပြည်သူ့လွတ်တော် အမတ် ဒေါ်နန်းခင်ထွေးမြင့်က ပြော သည်။

“အန်တီတို့က ဝမ်းသာတာပေါ့။ ရင်တောင်တုန်တယ်။ အခုက အစဘဲရှိသေးတော့ နောက်ပိုင်းတွေလည်း အဆင်ပြေပါစေ။ ရင် ထဲမှာ ကရင်ပြည်နယ်ကို အေးအေးချမ်းချမ်း မြင်ချင်ပါတယ်။ သူတို့လည်း မြင်ချင်မှာပဲ။ ၆၃ နှစ် တိုက်နေတာ ခုလိုဆွေးနွေး လိုက်တော့ နာရီပိုင်းနဲ့ ပြီးတာပဲ။ အကုန်လုံးက ဒီထက်ပိုပြီးတော့ ဝမ်းမြောက်ဝမ်းသာ စွာနဲ့ပဲ မျော်လင့်နေကြတယ်။ ပျော်လည်း ပျော်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

Read More...

လွတ်ငြိမ်း ၆၅၁ ဦးထဲမှာ နိုင်/ကျဉ်း အများစု ပါမယ်လို့ မျှော်လင့်ကြ

ကိုပေါက်
ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ်

သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ သောကြာနေ့တွင် လွတ်မြောက် လာမည့် အကျဉ်းသား/ အကျဉ်းသူ ၆၅၁ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာမည်ဟု မျှော်လင့်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၈၈ မျိုးဆက်ကျောင်းသားများက ယူဆကြသည်။

“ကျနော့်ထင်မြင်ချက်ပြောရရင် အခုလွှတ်တာ နိုင်ငံရေးအကျဉ်းသား တော်တော်အများစုပါမယ်လို့ မျှော်လင့် ထားတယ်။ ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ဆိုတာကတော့ ပုဒ်မခွဲ ၁ နဲ့ ၂ ရှိတယ်။ ၁ ကတော့ အပြီးအပိုင် လွတ်ငြိမ်းခွင့် ပေးလိုက်တာ။ အဲလိုပြောတဲ့အတိုင်းဆို အဲလိုပဲ ယူဆတယ်။ (NLD ပြုစုစာရင်းနဲ့) တရာလောက်တော့ ကွာတာပေါ့။ နီးစပ်တယ်လို့ပြောရရင် ရပါတယ်” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

Read More...

Thursday, January 12, 2012

Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ

11 ဇန်နဝါရီ 2012

အမေရိကန်ပြန်ထောင်စုအရှေ့မြောက်ပိုင်း နယူးဟမ့်ရှိုင်းယားပြည်နယ်မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းပဏာမ ရွေးချယ်ပွဲမှာ မက်ဆာချူးဆက်စ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က အနိုင်ရသွား ပါ တယ်။

အခုလိုအနိုင်ရလိုက်တာဟာ ဒီနှစ် နိုဝင်ဘာလကျရင် ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဘားရက် အိုဘားမားနဲ့ယှဉ်ပြိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းတခု ရှေ့ကိုတက်လာတာပါပဲ။ မဲတွေအားလုံးနီးပါး ရေတွက်လိုက်တဲ့အခါမှာ Mitt Romney က တက္ကဆက်ပြည်နယ်ရဲ့ လွှတ်တော် အမတ်လည်းဖြစ်ပြီး စစ်ဆန့်ကျင်ရေးသမားလည်း ဖြစ်တဲ့ ရွမ်ပေါလ် (Ron Paul) ထက် ဆယ်ဂဏန်း အသာရထားပါတယ်။

Read More...

၂၀၁၀ အမတ်များလည်း NLD သို့ လျှောက်လွှာတင်

မျိုးသန့်
ဇန်နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ်

၂၀၁၀ လွှတ်တော်အမတ်များ ဖြစ်သည့် လသာမြို့နယ် အောက်လွှတ်တော်အမတ် ဦးကြည်မြင့်နှင့် ရန်ကုန်တိုင်း အထက်လွှတ် တော် အမတ် ဒေါက်တာမြတ်ဉာဏစိုးတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ပါတီဝင် လျှောက်လွှာ တင်လိုက်ကြပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကြည်မြင့်မှာ NLD လသာမြို့နယ်ရုံးသို့ အင်္ဂါနေ့တွင် လျှောက်လွှာ တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ရန်ကုန်တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်ဟောင်း ဒေါက်တာ မြတ်ဉာဏစိုး မှာ တာမွေမြို့နယ် NLD ရုံးသို့ လျှောက်လွှာတင်သွင်းခဲ့ကြသည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် NLD ပါတီ၏ လသာ လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သူဖြစ်သည်။ ၂ဝ၁ဝ ရွေး ကောက်ပွဲတွင်လည်း NDF ပါတီမှ လသာမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထပ်မံ အနိုင်ရခဲ့ ပြီးနောက် အမျိုးသားလွှတ် တော်အမတ် ဦးသိန်းညွန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်သို့ ကူးပြောင်း ခဲ့သည်။ ယင်းနောက် လက်ရှိပါတီမှ နုတ်ထွက်ပြီး NLD သို့ ပြန်လည် ဝင်ရောက်ရန် လျှောက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

Read More...

မြန်မာလူကုန်ကူးမှု ကလေး ၂၅ %၊ အမျိုးသမီး ၇၀%

ကိုဝိုင်း
ဇန်နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ်

၂၀၁၁ ခုတွင် လူကုန်ကူးမှုပေါင်း ၁၃၆ ခုဖြစ်ပြီး တရားခံ ၃၅၁ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူပေါင်း ၂၆၅ ဦး ကယ်တင် နိုင်ခဲ့သည်။ ကယ်တင်နိုင်ခဲ့သူများထဲမှာ ၂၅ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်၍ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ အဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်လှိုင်က မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ လူကုန်ကူးမှု တားဆီးရေး သံတမန် မစ္စတာ လူးဝိ ဆီဒါဘက်ကာ ရောက်ရှိနေစဉ် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု အခြေအနေကို သိရှိနိုင်ရန် မေးမြန်းထားခြင်းဖြစ်သည်။

မဲဆောက်အခြေစိုက် Social Action for Women-SAW အမျိုးသမီးအဖွဲ့ကမူ ၂၀၀၈ ခုမှ ၂၀၁၁ ကုန်အထိ လူကုန်ကူးခံ ရသူ ၂၀၀ ခန့်ကို ကူညီပေးခဲ့သည်ဟု ဆိုသည်။ ကချင်အမျိုးသမီးအဖွဲ့ KWAT ကမူ ၂၀၁၁ ခုအတွင်း တရုတ်နိုင်ငံသို့ ရောင်းစား ခံရသည့် ကချင်အမျိုးသမီး ၁၃၀ ဦး ကျော်ကို တွေ့ဆုံမေးမြန်းနိုင်ခဲ့သည်ဟု ပြောသည်။

Read More...

မွန်ပြည်သစ် အပစ်ရပ်ရေး မဆွေးနွေးနိုင်သေး

ကွန်းချမ်း
ဇန်နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ်

ပါတီညီလာခံ အပြီးတွင် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲနှင့် လုံးပမ်းရမည် ဖြစ်သည့် အတွက် ဇန်နဝါရီလအတွင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကိစ္စ မဆွေးနွေးနိုင်သေးကြောင်း မွန်ပြည်သစ်ပါတီ က ပြောသည်။

“ညီလာခံ ပြီးစပဲ ရှိသေးတယ်။ ကျနော်တို့ဘက်မှာ ဘာမှ ပြင်ဆင်ထားတာ မရှိသေးဘူး။ ဘာအစီအစဉ်မှလည်း မရှိသေးဘူး။ ဒီလပိုင်း ၂ဝ ရက်နေ့ ကြားမှာလည်း ကျနော်တို့ ရှုပ်နေလို့ အချိန်မပေးနိုင်သေးဘူး” ဟု ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ပါတီဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇန်နဝါရီလ ၇ ရက်နေ့ထိ အဋ္ဌမအကြိမ်မြောက် ပါတီ ညီလာခံ ကျင်းပခဲ့ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့ထိ လွတ်မြောက်နယ်မြေ တနေရာ တွင် ဆဋ္ဌမ အကြိမ် မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲကို ကျင်းပမည် ဖြစ်သည်။

Read More...

ဗမာက ကချင်ကို ဂရုစိုက်ကြောင်း နာရေးအသင်း ပြသလို

ဖနိဒါ
ဇန်နဝါရီလ ၁၁ ရက် ၂၀၁၂ ခုနှစ်

ဗမာလူမျိုးများက ကချင်လူမျိုးများအပေါ် ဂရုစိုက်နေကြောင်းကို ပြသလိုသောအားဖြင့် စစ်ပွဲကြောင့် တိမ်းရှောင်နေထိုင်နေရသော ကချင်ဒုက္ခသည်များသို့ ကျပ်ငွေ သိန်း ၃၀၀ ကို ထပ်မံ လှူဒါန်းရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ နာရေးကူညီမှုအသင်းက ပြော သည်။

ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း၏ ဒုတိယအကြိမ် မြောက် အလှူအဖြစ် ကြာသပတေးနေ့တွင် ကိုယ်တိုင်သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း အသင်း၏ အမှုဆောင် ဒေါ်မြင့်မြင့် ခင်ဖေ (ခေါ်) ဒေါ်ဇီးကွက် က ပြောသည်။

“အန်တီတို့ သူတို့ကို လှူနိုင်တဲ့ဟာက ငွေရေးကြေးရေး ပမာဏက ဘာမှ မရှိပါဘူး။ ဒါပေမယ့် ဘာလို့ သွားရသလဲ ဆိုရင် ကချင် လူမျိုးဒုက္ခသည်တွေကို အန်တီတို့ ဗမာလူမျိုးတွေမက၊ မြန်မာပြည်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက သူတို့အပေါ်မှာ Care လုပ်တယ်ဆိုတာကို ပြချင်လို့ သွားတာ အဓိကပဲ”ဟု မဇ္ဈိမကို ပြောသည်။

Read More...

သာမညတောင်မှာ ဆန္ဒပြမှုဖြစ်ပွား

11 January 2012
မိအိန်ပိုင်

ယမန်နေ့ည (၇) နာရီခွဲလောက်တွင် ကရင်ပြည်နယ်၊ ဖါးအံမြို့နယ် သာယာကုန်းကျေးရွာ အနီး၌ ရှိသော သာမညတောင် ကျေး ရွာ ဥက္ကဌ အိမ်ရှေ့တွင် လူ (၃၀)ကျော် ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြသူများသည် ကျေးရွာ ဥက္ကဌအိမ်ကိုလည်း ခဲဖြင့်ပစ် ပေါက်ခဲ့ကြသည်ဟု သာမည ရွာခံတဦးက ပြောပါသည်။

ဤကဲ့သို့ဆန္ဒပြရခြင်းသည် ယခုတက်လာသော ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့သစ်သည်၊ လျှပ်စစ်မီတာခ တပ်ဆင်ရေး ကိစ္စမှာ အရင်ကထက် နှစ်ဆလောက်ဈေးတင်ထားသည်ကို မကြေနပ်သဖြင့် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုပါသည်။ ယခင်ကျေးရွာ ကော်မီတီအဟောင်းတွင် လျှပ်စစ်မီတာခ တပ်ဆင်မှုတွင် ကျပ် (၇၅၀၀၀)ဖြင့် တပ်ဆင်ခဲ့ပြီး ယခုကော်မီတီအသစ်တွင်မူ ကျပ်တသိန်းခွဲ တောင်းခံသည့် အတွက် မကြေနပ်ရာက ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

Read More...

ကိုယ်စားလှယ်လောင်းဦးရေ စာရင်း ကြေညာပြီးသည်နှင့် မဲဆွယ်စည်းရုံးရေးကို NLD စတင်မည်

11 January 2012
စောခါးစူးညား

ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က ၎င်းတို့ပါတီ ကိုယ်စားလှယ်လောင်း ဦးရေ စာရင်း ထုတ်ပြန်ကြေညာပြီးသည်နှင့် တပြိုင်နက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းကို စတင်တော့မည် ဖြစ်သည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “မနက်ဖြန် ကိုယ်စားလှယ်လောင်းတွေ ကျနော်တို့အားလုံး စိစစ်တော့မယ်။ ကိုယ်စား လှယ် လောင်းသတ်မှတ်ပြီးရင် ကျနော်တို့ အဲဒီကဲန်ပိန်း(စီမံကိန်း)စမယ်။ ကိုယ်စားလှယ် လောင်းအမည်စာရင်းကတော့ မနက် ဖြန်မှီရင် ကြေညာမယ်။ မမှီရင် သန်ဘက်ခါပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

စောလောအဲ့စိုးနဲ့ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

11 January 2012

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၏ ဓာတ်ပုံသတင်းထောက် စောလောအဲ့စိုးအား ကရင်သတင်းဌာန (ကေအိုင် စီ)မှ သတင်းထောက် စောခါးစူးညားမှ ဇန်န၀ါရီလ ၉ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားချက်ဖြစ်သည်။

စောလော်အဲ့စိုးသည် အဖ ဦးတင်စိုး၊ အမိ နော်မော်လူသာယာတို့၏ သားသုံးဦးအနက် အကြီးဆုံးဖြစ်ပြီး ၁၉၇၁ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ကရင်ပြည်နယ်၌ ဖွားမြင်ခဲ့သည်။ ကျောင်းအမည် စောသူရစိုး ခေါ် စောလောအဲ့စိုးသည် မူလတန်းပညာကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဇာသပြင်ကျေးရွာ၊ အလယ်တန်းပညာကို အိန္ဒုကျေးရွာ၊ ထို့နောက် အထက်တန်းအဆင့်ကို ဘားအံမြို့ အထက(၁)ကျောင်းတွင် သင်ကြားခဲ့ပြီး ၁၉၈၇ခုနှစ်တွင် ဆယ်တန်း အောင်မြင်ခဲ့သည်။

၁၉၈၈ခုနှစ် အရေးအခင်း ဘားအံမြို့၌ ဓါတ်ပုံကို စတင် ရိုက်တတ်ခဲ့ပြီး အရေးအခင်းအပြီး မြန်မာတနိုင်ငံလုံး တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများ အားလုံးကို န၀တအစိုးရမှ ပိတ်ပစ်လိုက်သည့်အချိန်တွင် ဘားအံမြို့ နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းအတွက် မှတ်တမ်းဓါတ်ပုံ၊ သာရေးနာရေး ဓါတ်ပုံများကို စရိုက်ခဲ့သည်။ အထူးသဖြင့် ဘားအံမြို့ ကန်သာ ယာတွင် ဓါတ်ပုံဆရာအဖြစ် ဘ၀ကို စတင်ခဲ့သည်။

Read More...

အပေါ်သို့