Saturday, December 26, 2009

မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ (အပိုင်း ၂)

ဗိုလ်ထက်မင်း | သောကြာနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၀၉

ဒုတိယ အခွင့်အရေး ရသူတွေကတော့ လေလှိုင်း စစ်သည်တွေလို့ ကြံဖန် ဂုဏ်ယူတတ်ကြတဲ့ ဆက်သွယ်ရေး အကြပ်တွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေး အကြပ်တွေ စက်ထိန်းသိမ်းမှု ညံ့ဖျင်းရင် အရေးပေါ် ကိစ္စတွေမှာ စက်ခေါ်လို့ မရလောက်အောင် ဒုက္ခရောက်တာ တွေ့ရပါတယ်။ ရှေ့တန်းမှ အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး အုပ်ချုပ်မှု ကိစ္စ စတာတွေကို နောက်တန်းကို အဝင်အထွက် လုပ်ရတဲ့ တခုထဲသော ထွက်ပေါက် ဖြစ်တာမို့ ဆက်သွယ်ရေး စက်ကို မှီခို အားထားနေကြရလို့ ဆက်သွယ်ရေး အကြပ်တွေဟာ အရေး ပါလှသူတွေ ဖြစ်ကြပါတယ်။

တပ်မတော်မှာ တပ်ကြပ်ကြီးတွေနဲ့အထက် အရာခံဗိုလ်အထိ အဆင့်တွေကို ဆရာကြီးတွေလို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ Sergeant လို့ ခေါ်တဲ့ တပ်ကြပ်ကြီးတွေဟာ တပ်စုတစုရဲ့ တခြားအဆင့်တွေ ထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့အထက်မှာ အရာရှိသာ ရှိပါတယ်။ သူ့ရဲ့ လက်အောက်မှာ တပ်စိတ် နှစ်စိတ်ကနေ သုံးစိတ်အထိကို ကိုင်တွယ်ခွင့်ရပြီး အတွေ့အကြုံ ရင့်ကျက်လို့ သူတို့ကို နေရာပေးထားခြင်း ဖြစ်ပါတယ်။ အရာရှိတွေကတောင် ဆရာကြီးတွေရဲ့ အကြံဥာဏ်ကို အလေးထားရပြီး တခြားရဲဘော်တွေ၊ ဆရာတွေရဲ့ အကျင့်သီလ၊ လုပ်ရည်ကိုင်ရည်၊ စွမ်းရည်တွေကို သိဖို့ သူတို့ကို မေးမြန်း အားကိုး နေရပါတယ်။

အရာရှိတွေဟာ မကြာခဏ ပြောင်းလဲနေကြတာမို့ တခါတရံ တပ်ကြပ်ကြီး တွေက တပ်စုမှူး အရာရှိတွေ ထက်တောင် ရဲဘော်တွေ အပေါ်မှာ သြဇာအာဏာ လွှမ်းမိုးတာ တွေ့ရပါတယ်။ ရဲဘော်တွေက သူတို့ကို ချစ်ကြောက် ရိုသေ ကြရပြီး စစ်မြေပြင်မှာ သူတို့ဟာ အားအကိုးရဆုံးလည်း ဖြစ်ကြပါတယ်။ တပ်ကြပ်ကြီး ဖြစ်လာရင် တိုက်ခိုက်ရေး တပ်တွေသာမက တပ်ရင်းမှူးရဲ့ အနီးကပ် လက်ဖြောင့် တပ်စိတ် တပ်ကြပ်ကြီး အဖြစ် အရွေးချယ် ခံနိုင်ပြီး ရဲဘော်တွေကတော့ ကွယ်ရာမှာ အဲဒီ “လက်ဖြောင့်တပ်ကြပ်ကြီး” ဟာ တပ်ရင်းမှူးကို “ဖား” ရလွန်းလို့ “လက်ကောက်တပ်ကြပ်ကြီး” လို့ နောက်ပြောင် ခေါ်လေ့ ရှိပါတယ်။

အလားတူ ဆက်သွယ်ရေး တပ်ကြပ်ကြီး၊ စရဖ တပ်ကြပ်ကြီး၊ ဆေးဘက်ဆိုင်ရာ တပ်ကြပ်ကြီး၊ မော်တော်ယာဉ် တပ်ကြပ်ကြီး၊ ရိပ်သာ တာဝန်ခံ တပ်ကြပ်ကြီး၊ တပ်ရဲ တပ်ကြပ်ကြီး စတဲ့ နေရာကောင်းများစွာ ရှိပြီး သူတို့ဟာ အစုအဖွဲ့ တခုကို အုပ်ချုပ်ရတဲ့ လုပ်ပိုင်ခွင့် အာဏာ အတော်အတန် ရရှိလာပြီး ဖြစ်ပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၅ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်မှု ရပ်ထားရ သတင်း
ပါတီဝင်တွေကို စစ်မေးမှု ဥပဒေနဲ့ မညီညွတ် သတင်း
ကိုညီညီအောင် ထောင်တွင်းနှိပ်စက်ခံရမှု ပြည်တွင်းရှေ့နေများ တင်ပြခွင့်မရ သတင်း
နအဖ၏ ဓာတုလက်နက်ဘေး ကာကွယ်ရန် အပစ်ရပ်များ ပြင်ဆင် သတင်း
ဝ ဒေသအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ၀ တပ်ဖွဲ့က ကာကွယ်သွားမည် သတင်း
အန်ဒီအေ ရဲဘော်ဟောင်းများအား လက်နက်ဖြုတ်သိမ်းရန် ညွှန်ကြား သတင်း
နယူးဒေလီမြို့ ရုရှားသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ ဆန္ဒပြ သတင်း
နအဖစစ်အစိုးရ ဘတ်ဂျက်အတွက် ပြင်ဆင်၊ ၀န်ထမ်းလစာ စာရင်းများကောက် သတင်း
အာဏာပိုင်များက အမျိုးသားနိုင်ငံရေးအင်အားစုအဖွဲ့ဝင်များကို ရိုက်နှက်မှု စစ်ဆေး သတင်း
နိုင်ငံရေးအကျဉ်းသူတဦး အင်းစိန်ထောင်၌ ကွယ်လွန် သတင်း
ဆန္ဒပြပွဲအပြီး မြန်မာအလုပ်သမား ရာနှင့်ချီ အလုပ်ဖြုတ်ခံရ သတင်း
ပွင့်ဖြူမယက က လယ်သမားများကို နှစ်ချို့မြေသြဇာများ အဓမ္မရောင်းချ သတင်း
ဆူနာမီ (၅) နှစ်ပြည့် အခမ်းအနားနှင့် နာဂစ်ဒဏ်ခံရသည့် ဒေသများ၏ အခြေအနေ သတင်း
အဆိုတော် အေးချမ်းမေကို မြန်မာပြည်တွင် ပိတ်ပင် သတင်း
ဗာတီကန် ခရစ္စမတ် အခမ်းအနား သတင်း
ဖမ်းဆီးခံ အမေရိကန်စစ်သားတဦးကို တာလီဘန် ပြသ သတင်း
ကန့်ကွက်မှုတွေကြား ထိုင်းအစိုးရ Hmong တိုင်းရင်းသားတွေကို လာအိုနိုင်ငံ ပြန်ပို့ဖို့ စီစဉ် သတင်း
ကျဆင်းနေတဲ့ အမေရိကန် စီးပွားရေးအခြေအနေအောက်က လျှော့ဈေးရာသီ ရောင်းအား သတင်း
တောင်းဆိုမှုလုပ်သူ အလုပ်သမား များပြားလာ သတင်း
ထိုင်းအလုပ်သမားတွေ နှစ်သစ်ကူးမှာ လစာတိုးတော့မယ် သတင်း
ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း (ဆောင်းပါး)
ဒေါ်အောင်ဆန်းစုကြည်က စိတ်ရင်းစေတနာ မှန်ပြီးသားပါ (ဆောင်းပါး)
ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင် ပြန်တိုက်ယူဖို့ လိုအပ်တယ် (ဆောင်းပါး)
နယ်စပ်လမ်းက ဝမ်းတထွာ (၈) (ဆောင်းပါး)

Friday, December 25, 2009

မြန်မာ့တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ အပိုင်း - ၁

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉

ဒီဆောင်းပါးမှာတော့ တပ်တွင်းအောက်ခြေက ဆရာလို့ အခေါ်ခံရတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးတွေ အကြောင်းကို စုံစုံလင်လင် တင်ပြသွားပါမယ်။ ရဲဘော်တွေအထက် တဆင့်မြင့်သူတွေဟာ ဒုတပ်ကြပ်နဲ့ တပ်ကြပ်တွေ ဖြစ်ကြပြီး သူတို့ကို တပ်မတော်ရဲ့ အငယ်ဆုံး တပ်မှူးငယ်တွေ၊ တပ်စိတ်မှူးတွေလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ သူတို့ဟာ ထမင်းဟင်းချက်ရတဲ့ ဘဝက ကင်းလွတ်သွားပြီး ဆရာလို့ အခေါ်ခံရတဲ့ ဝိသေသ ဂုဏ်ထူးနဲ့အတူ တန်းစီ နေရာပေးရင်တောင်မှ ရဲဘော်တွေထက် အခွင့်အရေး အနည်းငယ် ပိုရလာပြီ ဖြစ်ပါတယ်။

ဆရာဖြစ်လာပြီ ဆိုကတည်းက ပေါ့ပါးတဲ့ သေနတ်ကို ကိုင်ရတာက အစ ကွာခြားသွားပြီး ကင်းဇယားတွေ ကြီးကြပ် ရေးဆွဲရကာ ကင်းစောင့်ရင်တောင် စိတ်ကြိုက် ရွေးချယ်ခွင့် ရသွားကြပါတယ်။ ရှေ့တန်း တိုက်ပွဲတွေမှာ ဘယ်လောက်ပဲ အင်အားထုထည် ကြီးမားစွာဖြင့် တိုက်ခိုက်ပါစေ၊ နောက်ဆုံး တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးတာကတော့ တပ်စိတ်ကသာ ဖြစ်ပြီး အဓိက အရေးပါတာကလည်း တပ်စိတ်မှူး ဆရာတွေ ဖြစ်ကြတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ် (Corporal) တွေပဲ ဖြစ်ကြပါတယ်။

တပ်စိတ်မှူး ဆရာတွေဟာ ရိက္ခာဝေငှရင် ဖြစ်ဖြစ်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ခွဲဝေရင် ဖြစ်ဖြစ်၊ ကင်းပုန်းဝပ်ရင် ဖြစ်ဖြစ်၊ လှည့်ကင်းထွက်ရင် ဖြစ်ဖြစ်၊ လူနာနဲ့ရိက္ခာ ပို့ကြိုလုပ်ရင် ဖြစ်ဖြစ်၊ လမ်းကြောင်း လုံခြုံရေး ယူတဲ့အခါ ဖြစ်ဖြစ်၊ အခြေခံ အကျဆုံးဖြစ်လို့ အရေးပါတဲ့ ကဏ္ဍတရပ်မှာ ပါဝင်ပါတယ်။ တချို့ တပ်ရင်းမှူးတွေဟာ စစ်ဆင်ရေး အရေးကြီးလာရင် အရာရှိတွေနဲ့ ဆရာကြီးတွေကို သာမက တပ်စိတ်မှူးဆရာတွေ အဆင့်ထိ ခေါ်ယူကာ Briefing လုပ်တာ တွေ့ရပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၂၄ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ကြောင်း အန်အယ်လ်ဒီ ပြောဆို သတင်း
ဒေါ်အောင်ဆန်းစုကြည်အမှု ရှေ့နေပါဝါလွှဲ သတင်း
ခရစ္စမတ်နေ့ ကြိုဆိုပွဲ ကျင်းပစဉ် ပုပ်ရဟန်းမင်းကြီး လဲကျ သတင်း
သမ္မတ အိုဘားမား ခရစ္စမတ် နှုတ်ခွန်းဆက် သတင်း
ခရစ်စမတ် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပမည် သတင်း
အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှု အထက်လွှတ်တော် အတည်ပြု သတင်း
ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှု ရပ်နားရ သတင်း
မြန်မာ့လူ့အခွင့်အရေးချိုးဖောက်မှု ကုလအထွေထွေညီလာခံ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ သတင်း
ဆန္ဒပြ မြန်မာအလုပ်သမားများ အလုပ်ဖြုတ်ခံနေရ သတင်း
ရုရှားလုပ် MIG-29 တိုက်လေယာဉ်များအကြောင်း သိကောင်းစရာ သတင်း
မြန်မာနိုင်ငံ တိုးတက်ဖို့ ချေးငွေစနစ်ကို ပြောင်းလဲရမည် သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၏ အကြမ်းဖက်မှုများကို ရှေ့နေများကောင်စီ ကန့်ကွက် သတင်း
မဲခေါင်မြစ်ဝှမ်း ဗီယက်နမ် ဘီဘီစီ သင်္ဘောခရီးစဉ် သတင်း
လွတ်လပ်ရေးနေ့ အားစားပွဲအတွက် လိုငွေ ရယက ဥက္ကဌများကို ခွဲတမ်းချ ကောက်ခံ သတင်း
လူကုန်ကူးမှုတိုက်ဖျက်ရေးသီချင်း FM များတွင် ထုတ်လွှင့်ရန် စီစဉ်နေ သတင်း
ပြည်တွင်းသတင်းဂျာနယ်များ `မီးစိမ်းပြ´မှုခင်းသတင်းများသာ ထည့်ခွင့်ရ သတင်း
၂၀၀၉ အတွင်း အကျဉ်းထောင်တွင်း နိုင်ငံရေးသမားတဦး တတိယမြောက် သေဆုံး သတင်း
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထပ်မံတိုးချဲ့မည် သတင်း
ဂျပန်နိုင်ငံ စီးပွားရေးဆိုင်ရာ လက်ထောက်ဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိ သတင်း
၂၀၁၀ မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရာထူးပြောင်းလဲမှုများ သတင်း
နယ်ခြားစောင့်တပ် နောက်ဆုံးသတ်မှတ်ရက် ထပ်ရွှေ့နိုင် သတင်း
မြန်မာမှတ်ပုံတင်ရှိမှ ကိုးကန့်များ တရုတ်ပြည်ထဲဝင်ခွင့်ရ သတင်း
ဒေါ်လာသန်း (၆၄၀) ကျော်ဖိုး လက်နက်ရောင်းရန် ရုရှား သဘောတူ သတင်း
ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်များတွင် သန်းခေါင်စာရင်း လိုက်လံကောက်ယူ သတင်း
မလေးရှားသို့ တရားမဝင် သွားရောက်မည့် လူ (၃၀) ကို ထိုင်းစစ်တပ်က ဖမ်းဆီး သတင်း
ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးတဦး အသတ်ခံရပြီး အလောင်းပျောက်ဆုံးနေသည်ဟု ယူဆရ သတင်း
ခြံစည်းရိုး အပြီးသတ်ဖို့ လုပ်သားအင်အား ထပ်တိုး သတင်း
မြစ်ကြီးနားတွင် မနောပွဲ ကျင်းပရန် ပြင်ဆင်နေ သတင်း
မြန်မာသို့ တင်သွင်းမည့် တရုတ်ကားများ နယ်စပ်ရောက် သတင်း
ကားတင်သွင်းခွင့်ပေးသည်ကို ဟိုတယ်လုပ်ငန်းရှင်များ မကျေနပ် သတင်း
ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ကြပ်မတ်ခံနေရ သတင်း
လိုင်စင်မလုပ်သည့် ဆိုင်ကယ်များ ဒဏ်ကြေးငွေ ပေးဆောင်ရမည် သတင်း

သူခိုးသုံးပါးရောစပ်ထား နအဖစစ်ဗိုလ်များ

အောင်ကျော်ခင်
၂၄ ဒီဇင်ဘာ ၂၀၀၉

ရှမ်းပြည်နယ်မှာတာဝန်ကျတဲ့ နအဖတပ်တိုင်း မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းကြပါ။ ကြည့်ပါဦး။ ရှမ်းပြည်နယ်မှာ စခန်းချတဲ့ နအဖတပ်ရင်း (၁၂၈) ရင်းထဲမှာ တပ်ရင်း (၉၃) ရင်းဟာ မူးယစ်ဆေး လုပ်ငန်းနဲ့ မကင်းဘူးလို့ သိရတယ်။ စစ်ဆေးရေး စခန်းတွေကို ဖြတ်သန်းခွင့်ပြုမှု၊ သယ်ဆောင်ပေးမှု၊ ဆေးချက်စက်ရုံကို ကာကွယ်မှု၊ ဘိန်းစိုက်သူကို ဆက်ကြေးကောက်မှု၊ ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ စိတ်ကြွဆေး ထုတ်ခွင့်ပေးမှု၊ ဘိန်းစိုက်ပျိုးဖို့ ငွေရင်းထုတ်ပေးမှု စတာတွေမှာ နအဖ စစ်တပ် ပါဝင်နေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာန ၂၀၀၇ က ထုတ်ဝေတဲ့ Hand in Glove (၆၄) မျက်နှာစာတမ်းမှာ ဖော်ပြတယ်။

လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ တြိဂံတိုင်းမှာ ၁၉၉၆-၂၀၀၁ တိုင်းမှူးလုပ်စဉ်က ၀ခေါင်းဆောင် ဝေဆုခိုင်ကို မိတ်ဆွေစစ် မိတ်ဆွေမှန်လို့ ၂၀၀၁ မေလ (၉) ရက်နေ့က ပြောခဲ့တယ်။ ဗိုလ်ချုပ်သိန်းစိန်က ၀ စစ်ဗိုလ်စိုင်းမြကို တာချီလိတ် မြောက်ပိုင်းမှာ မြေ (၁၀) ဧက ပေးတယ်။ အဲဒီမြေမှာ စိုင်းမြက စိတ်ကြွဆေး စက်ရုံ တည်ဆောက်တယ်။ ကျေးဇူးဆပ်တဲ့ အနေနဲ့ သိန်းစိန်ကို ကားမျိုးစုံ (၄၅) စီး စိုင်းမြ ဆက်သတယ်တဲ့။ သူ့အရင်က လုပ်သွားတဲ့ ဗိုလ်ကျော်ဝင်းကလည်း မူးယစ်ဆေးမှောင်ခိုနဲ့ ပုလင်းတူဘူးဆို့ လုပ်ခဲ့တာမို့ သိန်းစိန်ရဲ့လုပ်ရပ်ဟာ မထူးဆန်းပါ။ ဒု-ဗိုလ်ချုပ်ကြီး မောင်အေးရဲ့တပည့် မြင့်လှိုင်ဟာ လားရှိုးမှာ တိုင်းမှူးလုပ်တုန်း မူးယစ်ဆေး မှောင်ခိုကို လက်သပ်မွေးတယ်။ ထောက်လှမ်းရေး ခင်ညွန့်ကလည်း ဖုန်ကြားရှင်နဲ့ ရောင်းရင်းမိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်လေ။

ဘိန်းမှောင်ခိုခွန်ဆာရဲ့ မော်ထိုင်းတပ်ဖွဲ့ဝင်ဟောင်း နော်ခမ်းနဲ့ နအဖ စစ်မှုထမ်းဟောင်း မောင်တင့်တို့ ဦးဆောင်တဲ့ မူးယစ်ဆေး မှောင်ခို (၂၀) ကျော် ဒီနှစ်အစောပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ အဖမ်းခံရတယ်။ မောင်တင့်ဟာ နအဖတပ်က အငြိမ်းစားယူပြီး မူးယစ်ဆေးနဲ့ လက်နက်မှောင်ခို လုပ်နေသူတဲ့။ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးတွေဟာ နော်ခမ်းနဲ့မောင်တင့် ပေးတဲ့ ဆက်ကြေးကို ယူတယ်။ နော်ခမ်းနဲ့ မောင်တင့်တို့က အာဏာပိုင်ကို လာဘ်ထိုးတော့ လွတ်သွားတယ်။ မောင်တင့်တို့က တဦးကို ကျပ်ငွေသိန်း (၂၀၀) စီ လာဘ်ပေး လိုက်ရတယ်လို့ ၂၀၀၉ မေလ (၁၃) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြတယ်။ နော်ခမ်းနဲ့ တာချီလိတ်က နအဖ ဗျူဟာမှူး တဦးဟာ ပုလင်းတူဘူးဆို့ ဖြစ်ခဲ့တယ်တဲ့။

မြန်မာစစ်သူခိုးနဲ့ မူးယစ်ဆေး/ကျောက်မျက်ရောထွေးယှက်တင် ဖြစ်နေတာ ဗိုလ်နေ၀င်းခေတ် ကတည်းကပါ။ ဗိုလ်နေ၀င်းက မြန်မာ့ ကျောက်မျက် ရတနာ နိုင်ငံခြား ယူသွားပြီး ရောင်းစားတယ်။ သူ့တပည့် ထောက်လှမ်းရေးတွေက ဆွစ်ဇာလန်မှာ ဆိုင်ထိုင်လုပ်တယ်။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်တို့ အုပ်စုကတော့ ဗိုလ်နေ၀င်းထက် အဆပေါင်းများစွာ ခိုးထားတာမို့ ရန်ကုန်မှာ မနေရဲဘူး။ ကြပ်ပြေးကို ပြေးကြတယ်။

ဗိုလ်နေ၀င်းတယောက် အမြဲတွေးကြောက်ပုံကို ပြောပါရစေ။ လီကွမ်ယူးဟာ ၁၉၆၅ ခုနှစ် မေလ အိန္ဒိယက အပြန် ရန်ကုန်ဝင်တော့ ဗိုလ်နေ၀င်းနဲ့ ဒညင်းကုန်းမှာ ဂေါက်သီး ကစားကြတယ်။

Read More...

Thursday, December 24, 2009

နေ့စဉ်သတင်းများ ( ၂၃ - ၁၂ - ၀၉)

စစ်အစိုးရအပေါ် အမေရိကန်အစိုးရ ပြင်းထန်သည့် ဖိအားပေးနိုင် သတင်း
လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ထောင်ထဲတွင် ကျန်းမာရေး ဆိုးရွားနေ သတင်း
ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်ဆင်မှုကို စည်ပင်က တားမြစ် သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက ဆင့်ခေါ်စာ ပို့ သတင်း
တရုတ်နိုင်ငံ ဒုတိယသမ္မတ ရှီကျင်းဖျင်အကြောင်း သိကောင်းစရာ သတင်း
ဆရာတော် ဦးသုမင်္ဂလတရားပွဲ ကျင်းပခွင့် ငြင်းပယ်ခံရ သတင်း
အင်္ဂါဆုတောင်းမှုများ ဆက်လက်ပြုလုပ် သတင်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားမည် သတင်း
ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ် စစ်အစိုးရ ဒုတိယအကြိမ် ပယ်ဖျက် သတင်း
ရန်ကုန်တွင် မဲစာရင်း ကောက်ပြီ သတင်း
၂၀၁၀ အတွက် တိုင်းရင်းသားဘာသာဖြင့် အသံလွှင့်ရန်စီစဉ် သတင်း
ကေအဲန်ယူနှင့် စစ်အစိုးရတိုက်ပွဲ နှစ်ဦးကျ၊ အရာရှိအပါအ၀င် (၆) ဦး ဒဏ်ရာရ သတင်း
လုပ်အားခိုင်းစေမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားမှု ပိုများလာ သတင်း
ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အား အလုံးအရင်းဖြင့် ၀င်နေရာယူ သတင်း
မြန်မာစစ်အစိုးရက ရုရှားက တိုက်လေယာဉ်အစင်း (၂၀) ထပ်ဝယ် သတင်း
အောင်လံက လယ်သမား (၁၂) ဦးအမှု မကွေးတိုင်းတရားရုံးက လက်ခံ သတင်း
စီးပွားရေးကျပ်တည်းသဖြင့် အထည်ချုပ်စက်ရုံများ ရပ်ဆိုင်း သတင်း
သံတွဲမြို့ရှိ အစ္စလာမ်ဘာသာဝင်များကို ကမန်လူမျိုးဖြစ်ကြောင်း ထောက်ခံချက်ပါမှ အမျိုးသားမှတ်ပုံတင် ကတ် ထုတ်ပေးမည်ဟု အာဏာပိုင်များက ပြောဆို သတင်း
ကားပိုင်ဆိုင်သူများထံ ငွေကြေးကောက်ခံ သတင်း
အတိုက်အခံအပေါ် အီရန်အစိုးရ နှိပ်ကွပ်မှု ပြင်းထန်၊ အမေရိကန် ဝေဖန် သတင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုဆုံးဖြတ်မှာတုန်း (ဆောင်းပါး)
သွားဆဲမို့ အားခဲလို့ ပြောလိုက်ချင် (ဆောင်းပါး)

Wednesday, December 23, 2009

နေ့စဉ်သတင်းများ (၂၂ - ၁၂ - ၀၉)

နိုင်ငံခြားရေးဝန်ကြီးဌာန ရာထူးအပြောင်းအရွှေ့များပြား သတင်း
ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမည်လော သတင်း
မတရားမှု ဖော်ထုတ်မည့် သတင်းမှန်များ စိစစ်ရေးက ပိတ်ပင် သတင်း
၂၀၀၈ ဥပဒေကို ဖျက်သိမ်းမည်ဟု အတိုက်အခံများ ပြော သတင်း
ရိုဟင်ဂျာများ ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်းမည် သတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်ခြားကော်မတီ အစည်းအဝေးပြုလုပ် သတင်း
မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးဖွင့်ပွဲ ဒေသခံများကို အတင်းအကျပ် တက်ခိုင်း သတင်း
ရဲများရိုက်နှက်မှုကြောင့် လူငယ်တဦး အတွင်းလူနာအဖြစ် တိုင်းဆေးရုံတွင် ကုသနေရ သတင်း
နာဂနှစ်သစ်ကူးပွဲတော်သို့ ကမ္ဘာလှည့်ခရီးသွားများကို ပိတ်ပင် သတင်း
ခြံစည်းရိုးကာရံရန် လုံထိန်းတပ်ရင်းတရင်း နယ်စပ်သို့ ထပ်မံရောက်ရှိ သတင်း
မြန်မာ (၁၅၀) ခန့်ကို မလေးအာဏာပိုင်များက ဖမ်းဆီး သတင်း
စမ်းချောင်းအထည်ဆိုင် အလုခံရ သတင်း
ပြည်တွင်းဖြစ် ဂျစ်ကားထုတ်လုပ်မှု ရပ်ဆိုင်း သတင်း
ငွေဆောင်တွင် တောပြုန်း၍ ပတ်ဝန်းကျင် ပျက်သုဉ်း သတင်း
စင်္ကာပူရောက် မြန်မာများရဲ့ စာပေဟောပြောပွဲ လူ (၆၀၀) ကျော် ရုံလျှံ သတင်း
ပထမဆုံးအကြိမ် စာပေဟောပြောပွဲ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ကျင်းပ သတင်း
မီဒီယာကို ဒီမိုကရေစီ ဇာတ်သွင်းခြင်း (ဆောင်းပါး)
အမေရိကန်နဲ့ တရုတ်ပြည်တို့ရဲ့ ကိုရီးယားအပေါ် အသွင်မတူသည့် ချဉ်းကပ်မှု (ဆောင်းပါး)
ခံတပ်တခု ပြိုခြင်း (ဆောင်းပါး)

Tuesday, December 22, 2009

ကရင်နှစ်သစ်ကူးနေ့ ဗုံးပေါက်ကွဲမှုအား KNU လက်ချက်ဟု စွပ်စွဲ

December 22, 2009

ကရင်နှစ်သစ်ကူးနေ့က ပေါက်ကွဲခဲ့သော မြေမြုပ်ဗုံးအား KNU လက်ချက်ဟု ယနေ့ထုတ် စစ်အစိုးရ၏ ကြေးမုံသတင်းစာက စွတ်စွဲလိုက်သည်။

နအဖ စစ်အစိုးရ၏ ကြေးမုံသတင်းစာတွင် ရေးသား ဖေါ်ပြထားသော မြင့်စိုး(နတလ) ၏ “မိုက်ချက်ကတော့ ကမ်းကုန်ပဲ” ဆောင်းပါးတွင် “ဖာပွန်မြို့ အမှတ်(၂) ရက်ကွက် အခြေခံပညာ အထက်တန်းကျောင်း ကွင်းပြင်၌ ကရင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ဦးစီး ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပ ပြုလုပ်ခဲ့သော ဈေးဆိုင်တန်းတွင် ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက ချိန်ကိုက်မိုင်း တလုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားခုနှစ်ဦး သေဆုံးပြီး အမျိုးသား ၁၀ ဦး၊ အမျိုးသမီးတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း” နှင့် “ဖာပွန်မြို့တွင် ကျင်းပခဲ့သော ကရင် နှစ်သစ်ကူးပွဲတော်၏ အနှစ်သာရသည် KNU ကြောင့် ပျက်ယွင်းခဲ့ပြီတည်း” ဟုဖေါ်ပြပါရှိသည်။

ဆောင်းပါးရှင် မြင့်စိုး(နတလ) သည် ယခင်က KNU နှင့် ပတ်သတ်ပြီး “ဘိုမြကိုဘယ်လိုပြောရပါ့ ”နှင့် “နှစ်ပေါင်း (၅၀) ဆိုတာက လွဲလို့” ဆိုသော ဆောင်းပါးများစွာ ရေးခဲ့ဖူးကြောင်း “ကွယ်လွန်သူ ဗိုလ်ချုပ်မြကတော့ သူကိုယ်တိုင် ဦးဆောင်ဦးရွက်ပြု၍ ငြိမ်းချမ်းရေး လုပ်မသွားနိုင်သည့်တိုင် ငြိမ်းချမ်းရေး အမွေကို သားဖြစ်သူ ဗိုလ်ကြီးနေစိုးမြထံ လွှပြောင်းပေးပြီး ကရင် တိုင်းရင်းသားများအား ကြည်နူး ဝမ်းမြောက်စေခဲ့သည်” ဟုရေးသား ဖေါ်ပြထားသည်။

နအဖ စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း KNU ၏ လက်ချက်ဖြစ်ကြောင်း စစ်အစိုးရပိုင် သတင်းစာများမှ စွပ်စွဲလေ့ရှိပါသည်။

နေ့စဉ်သတင်းများ ( ၂၁ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် ဗဟိုတရားရုံး လက်ခံ သတင်း
အဖွဲ့ချုပ် လူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေးကိစ္စကို အရှိန်မြှင့်ဆောင်ရွက်နေ သတင်း
ဗုဒ္ဓ FM အွန်လိုင်းရေဒီယို စတင်ထုတ်လွှင့် သတင်း
ကိုညီညီအောင် စစ်ခွေးတိုက်ပိတ်ခံရ သတင်း
အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီစည်းရုံးရေးအဖွဲ့ဝင် (၅) ဦး အရိုက်ခံရ သတင်း
တရုတ် ဒု-သမ္မတခရီးစဉ်နှင့် နယ်စပ်ဒေသ ငြိမ်းချမ်းရေး သတင်း
မြန်မာနိုင်ငံ တည်ငြိမ်ရေး ကျေးလက်ဖွံ့ဖြိုးမှု လိုအပ် သတင်း
မြစ်ဆုံရေကာတာစီမံကိန်းဖွင့်ပွဲ ဆန့်ကျင်ရေး ပိုစတာကပ် ဆန္ဒပြ သတင်း
အီရန် ဘာသာရေးခေါင်းဆောင် ဈာပန အစိုးရဆန့်ကျင် ဆန္ဒပြမှု အသွင်ပြောင်း သတင်း
ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်း အမေရိကန် အထက်လွှတ်တော်မှာ အတည်ပြုလုနီး သတင်း
ဆိုင်ကယ်လိုင်စင်ကြေး လျှော့ပေး သတင်း
ဈေးပွဲတော်အမည်ခံ လောင်းကစားပွဲများ သတင်း
အကျဉ်းဦးစီးဌာနက ထောင်မဂ္ဂဇင်းထုတ်ပြီ သတင်း
လုပ်ပွဲအမှု ဖီဖာသို့ မြန်မာတိုင်မည် သတင်း
ဗိုလ်ချုပ်များကို ဘောဂဗေဒအကြောင်း အကြံပေးခြင်း (အင်တာဗျူး)
နိုင်ငံရေးသမားထံမှ နိုင်ငံရေးသင်ခန်းစာ (ဆောင်းပါး)
ပညာလိုချင်လို့ အိမ်ဖော်လုပ်တာ (ဆောင်းပါး)
ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၀) (ဆောင်းပါး)
စင်ကာပူရောက် မြန်မာများအတွက် စိတ်အဟာရနေ့ (ဆောင်းပါး)

တရုတ်ဒု-သမ္မတ မြန်မာနိုင်ငံခရီးစဉ်အတွင်း သဘောတူညီချက် (၁၆) ခု လက်မှတ်ရေးထိုး

ပေါက်ပေါက်/ ၂၁ ဒီဇင်ဘာ ၂၀၀၉

တရုတ်ဒု-သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ (၂) ရက်ကြာ အလည်ပတ်ခရီးစဉ် အဖြစ် ယခုလ (၁၉) ရက်၌ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် (၁၆) ခု လက်မှတ် ရေးထိုးခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး၊ စက်ပစ္စည်းကိရိယာ ဝယ်ယူရေး စသည့် သဘောတူညီချက် (၅) ခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီ ချက် (၇) ခု၊ ရေအားလျှပ်စစ် ဆိုင်ရာ သဘောတူညီချက် (၃) ခု၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သဘောတူ ညီချက် (၁) ခု စုစုပေါင်း သဘောတူညီချက် (၁၆) ခုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့သည်ဟု ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ၏ ခရီးစဉ်အား တရုတ်နိုင်ငံ ဗဟိုရုပ်မြင်သံကြားဌာန၊ ဆင်ဟွာ သတင်းဌာန တို့က အကျယ်တဝင့် ဖော်ပြခဲ့ရာတွင် တရုတ်နှင့် မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့် လုပ်ဆောင်သွားရန်၊ နှစ်နိုင်ငံ နယ်စပ် ဒေသတလျှောက် ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုနှင့် ငြိမ်းချမ်းရေးအား ထိန်းသိမ်းသွားရန်၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာအရေး နယ်ပယ်တို့တွင် ပူးပေါင်း ဆောင်ရွက်ရန်၊ အဆင့်မြင့် ခေါင်းဆောင်ပိုင်း အပြန်အလှန် လည်ပတ် အဆက်အသွယ် ရှိရန် စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ ရှီကျင့်ဖျင်သည် လက်ရှိ သမ္မတ ဟူကျင်းတောင်း နေရာတွင် ဆက်ခံရန်ရှိပြီး မြန်မာနိုင်ငံ အပါအဝင် (၄) နိုင်ငံ အလည်အပတ် ခရီးဖြင့် ပွဲထုတ်ခြင်းမျိုး ဖြစ်သည်ဟု တရုတ်-မြန်မာ ဆက်ဆံရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်သည်။

Read More...

Monday, December 21, 2009

နေ့စဉ်သတင်းများ ( ၂၀ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်အတွက် ရုံးခန်း NLD ပြင်ဆင်နေ သတင်း
ဗဟိုပြန်ဖွဲ့ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ CEC တွေ့ဖို့လို သတင်း
တရုတ် ဒု-သမ္မတ မြန်မာပြည်က ပြန်လည်ထွက်ခွာ သတင်း
ဗိုလ်အောင်ကျော် အမှတ်တရ ဆွမ်းကျွေးအမျှဝေ သတင်း
မြန်မာအခြေခံဥပဒေအရေး လန်ဒန်၌ ဆွေးနွေး သတင်း
အိုင်အယ်လ်အို ကူညီ၍ အသက် (၁၆) နှစ်သား မိဘရင်ခွင် ပြန်ရောက် သတင်း
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မစိုးရိမ်ဖို့ ထိုင်းဝန်ကြီးဌာန ပြောဆို သတင်း
မဲဆောက်မြို့ အထည်ချုပ်စက်ရုံတွင် ဆန္ဒပြ သတင်း
ကမ္ဘာတ၀န်းလုံးမှာ တုပ်ကွေး ကူးစက်ပျံ့နှံ့နေ သတင်း
လူတုပ်ကွေးရောဂါ မပြန့်အောင် တရုတ်နယ်စပ်ဂိတ်၌ ကျန်းမာရေးစစ် သတင်း
HIV ကလေးငယ်များအတွက် ‘အလင်းပျိုးမယ့် လက်များ’ ကဗျာရွတ်ပွဲ ကျင်းပ သတင်း
ဒီမိုကရေစီပြောင်းလဲရေးကာလတွင် ဆရာ/ဆရာမများ ကြုံတွေ့ရသည့် အခက်အခဲများ (ဆောင်းပါး) သတင်း
မဲခေါင်မြစ်ရဲ့ ဒိုင်ယာရီ ဗွီဒီယိုမှတ်တမ်းများ သတင်း
အတိုက်အခံ အီရန်ဘာသာရေးခေါင်းဆောင် ကွယ်လွန် သတင်း
နိုင်ငံရေးခိုလှုံခွင့်တောင်းသူ ၀ိဂါလူမျိုးတွေ နေရင်းပြန်ပို့ခံရ သတင်း
ဆီဝရတ် ရဟန်းဘောင်ဝင် သတင်း
ထပ်စင်ကို ဖယ်ရှားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လျှို့ဝှက်စီမံကိန်း သတင်း

အပေါ်သို့