Saturday, November 12, 2011

အရှင်ဂမ္ဘီရ ကျန်းမာရေး ကောင်းလာပေမဲ့ မျက်စိ ဝေဒနာ ခံစားနေရ

2011-11-11

ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရရဲ့ကျန်းမာရေး အခြေအနေ ကောင်းလာပေမဲ့ သွားနာတဲ့ ဝေဒနာ ခံစား နေရတယ်လို့ စစ်ကိုင်းတိုင်း ကလေး အကျဉ်းထောင်မှာ ဒီနေ့ ထောင်ဝင်စာ တွေ့ခဲ့တဲ့ မိခင် ဒေါ်ရေးက ပြောပါတယ်။

ထောင်အာဏာပိုင်တွေက ၁၄ ရက် တစ်ကြိမ် တွေ့ခွင့်ပေးပြီး မိနစ် ၄၀ ကြာ သားနဲ့အမိကြား သံဆန်ခါခြား တွေ့ခဲ့ရချိန်မှာ သွားနာနေ တာက လွဲလို့ အရှင်ဂမ္ဘီရ လန်းလန်းဆန်းဆန်း ရှိကြောင်း ဒေါ်ရေးက ပြောပါတယ်။

Read More...

နိုင်ငံရေး အကျဉ်းသားလွှတ်ရေး ဂျပန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

2011-11-11

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး အတွက် ကောက်ခံ ရရှိထားတဲ့ လက်မှတ်ပေါင်း ၃ သောင်းကျော်ကို အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (ဂျပန်ဌာနခွဲ) က ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးကို ဒီကနေ့ ပေးပို့ တောင်းဆိုလိုက် ပါတယ်။

အခု နောက်ဆုံး အောက်တိုဘာ ၁၂ ရက်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာဟာ မြန်မာ လူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာ ပို့ခဲ့ပြီးနောက် ပြန်လွတ်လာကြတာပါ။

Read More...

လယ်သမားတွေကို စွဲချက်တင်ပြီ

2011-11-11

အောက်တိုဘာလကုန်ပိုင်းက မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ လယ်သမား အရေး ဆန္ဒပြမှုနဲ့ အရေးယူခံရတဲ့ ရှေ့နေ ဦးဖိုးဖြူ၊ လယ်သမား ၅ ဦးနဲ့ ဆန္ဒပြပွဲ လာကြည့်သူ တစ်ဦး တို့ကို ဗိုလ်တထောင် မြို့နယ် တရားရုံးမှာ ဒီနေ့ စွဲချက် တင်လိုက်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံ ရလာတယ်လို့ လယ်သမား အရေး အကျိုးဆောင် ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

“ပြစ်မှု ဥပဒေပုဒ်မ ၁၄၃၊ ပြစ်မှု ဥပဒေပုဒ်မ ၁၄၅နဲ့ စွဲတင်ပါတယ်။ အာမခံ ပေးရမဲ့ ဥပဒေတွေနဲ့ တရားစွဲတာကြောင့် အာမခံနဲ့ လွတ်မြောက် ပါတယ်။”

Read More...

အစိုးရတပ်များ ဓာတုလက်နက် ပိုသုံးနေတယ်လို့ KIO စွပ်စွဲ

2011-11-11

မိုးမောက်မြို့နယ်အတွင်း ဖကွန်ကျေးရွာ အနီးက တောင်ကုန်းကို မနေ့က တိုက်ခိုက်ရာမှာ အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို ပိုမို အသုံးပြုလာတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“တပ်ဖွဲ့တွေကတော့ ခလရ ၂၃၇ နဲ့ ခမရ ၃၂၀။ မနက် ၉နာရီခွဲလောက်မှာ တိုက်ပွဲက စတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးတိုင်းမှာ တော် တော် များများ အဲလို လက်နက်တွေ သုံးကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေက အခါတိုင်း ရိုးရိုးပုံစံ ဖြစ်နေတော့ မာ့စ်က်တွေ တပ်မသွား ဘူး။ ဗိုလ်ကလေး တစ်ယောက်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်တော့ နောက်တန်းကို ပြန်ပို့ထားတာ ရှိတယ်။ အခုတော့ ဖြစ်တဲ့ဖြစ်စဉ် သက်သေ ပစ္စည်းတွေကိုတော့ စုတော့ စုခိုင်းထားတယ်”

Read More...

ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်

2011-11-11

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။

စက်ရုံက ထွက်ပြေးပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်မှာ ၃ ရက်လောက် အစာရေစာ ပြတ်လပ်ပြီး ပင်ပန်းကြီးစွာ လမ်းလျှောက်နေ တဲ့ မြန်မာ ကလေးငယ် ၂ ဦးကို ရဲက တွေ့ရှိခဲ့တာကြောင့် ကယ်တင်နိုင်ခဲ့တာလို့ အဲဒီဒေသထုတ် သတင်းစာ တစ်စောင်က ဖော်ပြပါ တယ်။

Read More...

ထောင်ကျ ဆရာတော် ကျန်းမာရေး စိုးရိမ်ရ

2011-11-11

ဟင်္သာတ အကျဉ်းထောင်မှာ ၂၃ နှစ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အရှင် ဦးကေလာသ ကျန်းမာရေး ချွတ်ယွင်းနေလို့ အပြင် ဆေးရုံ မှာ ကုသလိုပေမဲ့ ထောင် အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ သိရပါတယ်။

ဦးကေလာသနဲ့ ထောင်ထဲမှာ အတူ နေခဲ့ရပြီး မကြာခင်ကမှ ပြန်လွတ်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းဇော်က အခုလို ပြောပါ တယ်။

“အဆစ်အမြစ်တွေက တစ်ခါတလေ ကျရင် ပြန်ရောင်လာတယ်၊ ပြန်ကြီးလာတယ်။ အဲဒီအခါကျ ကိုက်ခဲတာပေါ့။ အရေပြား ရောဂါလည်း ဖြစ်နေတယ်လေ။ အကင်း မသေနိုင်ဘူး။ ဒါကြောင့် ဆေးရုံမှာ လိုအပ်တာတွေ လုပ်ချင် ကုချင်တာ။ အပြင်မှာ ဆေးကုသခွင့်က မရဘူး။”

Read More...

Friday, November 11, 2011

ပြုပြင်ပြောင်းလဲရေးလုပ်ရင် မိတ်ဆွေဖြစ်လာဖို့ အဆင်သင့်ဖြစ်ကြောင်း ကလင်တန်ပြောကြား

2011-11-10

မြန်မာအစိုးရက ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်တယ်ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံ ဖြစ် လာဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့မှာ ကျင်းပမဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ထိပ်သီး ညီလာခံ မတိုင်မီ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

Read More...

အမေရိကန် နည်းပညာနဲ့ မြန်မာအစိုးရ အင်တာနက် ဆင်ဆာ လုပ်နေ

2011-11-10

မြန်မာနဲ့ ဆီးရီးယား အစိုးရတွေဟာ ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်တဲ့ ဆင်ဆာ ပိတ်ပင်ရေး လုပ်ငန်းတွေ မှာ အမေရိကန် နည်းပညာတွေ သုံးစွဲနေတာ အခိုင်အမာ တွေ့ရှိရကြောင်း သုတေသန အစီရင်ခံစာသစ် တစောင်က ဖော်ပြလိုက် ပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တို တက္ကသိုလ် အင်တာနက် သုတေသနဌာန Citizen Lab က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ် အရ ဆီရီးယားနဲ့ မြန်မာ အစိုးရတွေဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် အခြေစိုက် Blue Coat ကုမ္ပဏီရဲ့ နည်းပညာတွေ သုံးစွဲနေကြောင်း အထင်အရှား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Read More...

အစာငတ်ခံ ဆန္ဒပြပွဲ ပြီးဆုံးပြီလို့ အကျဉ်းသား မိသားစုဝင်များ ပြောဆို

2011-11-10

အင်းစိန် အကျဉ်းထောင်က အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ ဆန္ဒပြပွဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က အဆုံးသတ် လိုက်ပြီလို့ ယူဆ ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောဆိုပါတယ်။

အင်းစိန် အကျဉ်းထောင်မှာ အောက်တိုဘာ ၂၆ ရက်က စပြီး နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက အကျဉ်းသား ရပိုင်ခွင့်အတွက် အစာငတ်ခံ ဆန္ဒပြနေရာမှာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်း မရှိတဲ့အပြင် ဆန္ဒပြသူတွေကို ထောင်ဝင်စာ ပိတ်လိုက်တာ ကြောင့် ဘာသတင်းမှ မရရှိဘဲ ဖြစ်နေခဲ့ပါတယ်။

Read More...

ဒေါ်ဝင်းမြမြ ထောင်ထဲမှာ တကယ်ရှိမရှိ ပြန်စစ်ဆေးခိုင်း

2011-11-10

ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ မန္တလေးတိုင်း အင်န်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ ပြန် လွတ်ပြီဆိုတဲ့ သတင်းတွေကြောင့် ဒေါ်ဝင်းမြမြ အကျဉ်းထောင်မှာ ရှိမရှိ စစ်ဆေးဖို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပူတာအို ထောင်ပိုင်ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ အောက်တိုဘာ ၁၂ ရက်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်လာတဲ့ အထဲမှာ ပူတာအို အကျဉ်းထောင်က ဒေါ်ဝင်းမြမြလည်း ပါတယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ အင်တာနက်မှာ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ပူတာအို ထောင်ပိုင် အနေနဲ့ ဒေါ်ဝင်းမြမြ ထောင်ထဲမှာပဲ ရှိတဲ့အကြောင်း ထုချေလွှာ တင်လိုက်ရတယ်လို့ အောက်တိုဘာ ၃၁ ရက်က ထောင်ဝင်စာ သွားတွေ့ခဲ့သူ ဒေါ်ဝင်းမြမြရဲ့ ညီမ ဒေါ်တင်ဝင်းရီက ပြောပါတယ်။

Read More...

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆက်ပြီး ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2011-11-10

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးဖို့ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေချိန်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားများ မကြာခင် လွတ်မြောက် လာလိမ့်မယ်လို့ ထင်မြင်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်ပေမဲ့ အခု တစ်ကြိမ် မှာ နိုင်ငံရေး အကျဉ်းသား ပိုများ လာလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ် နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ ရေး အကျဉ်းသားတွေ လွတ်မြောက် လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် ထားသလို လွတ်မြောက်ဖို့လည်း ကြိုးစားမယ်လို့ ပြော ပါတယ်။

Read More...

မြန်မာနှင့်တရုတ် လူ့အခွင့်အရေး တိုးတက်ဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း

10 နိုဝင်ဘာ 2011

ကမ္ဘာ့စီးပွားရေးနဲ့ မဟာဗျူဟာကျတဲ့ဗဟိုချက်ဟာ ကမ္ဘာ့အရှေ့ပိုင်းကို ရွေ့လျားလာတာနဲ့အတူ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိ ကန် ပြည်ထောင်စုက ပိုပြီး အာရုံစိုက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက် ပါတယ်။

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာ ကျင်းပတဲ့ APEC လို့ခေါ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်ခင်မှာ အခုလို ပြောခဲ့တာပါ။ အဲဒီ ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့အထိ ကျင်းပသွားမှာဖြစ်ပြီး သမ္မတ ဘားရက်အိုဘားမားက အိမ်ရှင် အဖြစ် တာဝန်ယူ ကျင်းပပေးမှာပါ။

Read More...

မန္တလေး-မြစ်ကြီးနားရထား KIA ခြုံခိုတိုက်

10 နိုဝင်ဘာ 2011
နူးပန်

မန္တလေး-မြစ်ကြီးနား ရထားတစင်းကို KIA ဘက်က ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရထားဝန်ထမ်းတဦး အနည်းငယ် ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာအစိုးရ စစ်တပ်က KIA အပေါ် ထိုးစစ်အရှိန်မြှင့်လာ တဲ့အချိန်မှာ KIA ကလည်း အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

မန္တလေးကနေ မြစ်ကြီးနားကို တက်လာတဲ့ အစိုးရ ရထားတစ်စင်းကို KIO တပ်ရင်း ၁၁ က ခြုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရစစ်တပ်တွေ စစ်အင်အားဖြည့်ရာမှာ လက်နက်နဲ့ စစ်သားတွေကို ရထားတွေနဲ့ အဆက်မပြတ် ပို့ဆောင်နေတဲ့အချိန်မှာ ခုလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ နမ္မတီး ဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။

Read More...

ဘန်ကီမွန်း အာရှ သုံးနိုင်ငံ ခရီးထွက်မည်

10 နိုဝင်ဘာ 2011

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ လာမယ့်စနေနေ့ကစပြီး အာရှကို ခရီးထွက်ပါလိမ့်မယ်။ ဘင်္ဂလားဒေ့ခ်ျ၊ ထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတွေကို သွားမှာပါ။

ပြီးခဲ့တဲ့နှစ်က သူစတင်ပေးခဲ့တဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ကျန်းမာရေးဆောင်ရွက်မှုတွေ အဲဒီ ၃ နိုင်ငံမှာ တိုးတက်လာနေ တာကို ကြည့်ရှုလေ့လာဖို့က မစ္စတာဘန်ကီမွန်း ခရီးစဉ်ရဲ့ အဓိက လုပ်ငန်းပါ။

Read More...

လိုင်ဘေးရီးယား အမျိုးသမီးသမ္မတ ပြန်အရွေးခံရ

10 နိုဝင်ဘာ 2011

လိုင်ဘေးရီးယားနိုင်ငံမှာ မဲအရေအတွက်တွေ တူနေတဲ့အတွက် နောက်တကြိမ် ထပ်ပြီး ကျင်းပရတဲ့ ရွေးကောက်ပွဲမှာ အတိုက် အခံတွေက ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်ခဲ့ကြတယ် ဆိုပေမဲ့လည်း သမ္မတ Ellen Sirleaf Johnson က လွယ် လွယ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။

မနေ့ကထွက်လာတဲ့ မဲစာရင်းတွေအရ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော်နဲ့ သမ္မတ ဆာလိဗ်က အပြတ်အသတ်အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေသူတွေကလည်း လိုင်ဘေးရီးယားက အခုကျင်း ပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချရမှုလည်းရှိတယ်။

Read More...

NLD မှတ်ပုံတင်ရေး တိုင်းနဲ့ ပြည်နယ်အမြင်

10 နိုဝင်ဘာ 2011
မသင်းသီရိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး မတင်ရေး ကိစ္စကို နိုင်ငံတ၀ှန်းက ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်မချခင် တချို့ပြည်နယ်နဲ့တိုင်းတွေမှာ ဆွေးနွေးနေကြတဲ့အထဲ မတူကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။ အများစုကတော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ သဘောတူကြပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့နေရာမှာ မတူတဲ့ အမြင်တချို့ ရှိနေတာပါ။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးအပြီး လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ တနိုင်ငံလုံးက NLD ဗဟိုဦးစီးတွေနဲ့ ထပ်မံ တွေ့ ဆုံပြီး ဆုံးဖြတ်ချက်ချဖို့ NLD က စီစဉ်ထားတာပါ။ ဒါ့ကြောင့်မို့ ၁၈ ရက်မတိုင်ခင် တချို့ပြည်နယ်တိုင်းတွေမှာ NLD အဖွဲ့ဝင် တွေရဲ့ သဘောထားတွေနဲ့ ဆွေးနွေးတိုင်ပင် နေတာတွေရှိနေပါတယ်။

Read More...

ထိုင်းရေဘေးသင့်မြန်မာတွေ ပတ်စ်ပို့ရ

10 နိုဝင်ဘာ 2011
မအေးအေးမာ

ထိုင်းနိုင်ငံက ရေဘေးဒဏ်ခံနေရတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာသံရုံးကနေ ကိုယ့်နိုင်ငံသား တွေကို အကူအညီပေး တဲ့ အနေနဲ့ နယ်စပ်ကိုပြန်ဆင်းဖို့အတွက် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသားဖြစ်ကြောင်း ပတ်စပို့စာအုပ်တွေကို ထုတ်ပေးခဲ့ တာကြောင့် မြန်မာနိုင်ငံသားတွေ နေရပ်ရင်းကို ငွေကုန်စရာမလို့ဘဲ ပြန်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက ရေဘေးဒဏ်ခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ သံရုံးက အကူအညီပေးတာ ကတော့ နယ်စပ်ကိုပြန်ဆင်းဖို့အတွက် ယာယီပတ်စပို့စာအုပ်တွေကို ထုတ်ပေးခဲ့တာပါ။ ဒီလိုလုပ်ပေးတဲ့အတွက် အဖမ်းအဆီးမခံ ရဘဲ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့ ကို ပြန်လို့ရပြီဖြစ်ကြောင်း ရာတ်ဘူရီရေဘေး ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

Read More...

နာမည်ကြီးကျောင်း တက်ပေမယ့်လည်း အလုပ်မရနိုင်

10 November 2011

အမေရိကန် ပြည်ထောင်စုတွင် အလုပ်လက်မဲ့ များပြားလာခြင်းနှင့်အတူ နာမည်ကြီးကျောင်းများတွင် ပညာသင်ယူမှု ကျဆင်း လာကြောင်း တွေ့ရသည်။

နာမည်ကျော် တက္ကသိုလ်များမှ ဘွဲ့ရရှိသော်လည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနှင့် ကြွေးထူခြင်း တို့ကြောင့် ကျောင်းသား အချို့သည် တချိန်က Ivy League ဟုနာမည်ကျော်ခဲ့သော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် ပညာဆည်းပူးခြင်းထက် ဈေးနှုန်းချိုသာသော ကျောင်းများကို ရွေးချယ်မှု ပိုမိုများပြားလာသည်။

Read More...

အရှစီးပွားရေး တိုးတက်မှုနှင့် လူငယ်အရေအတွက် ဖောင်းပွလာမှု

10 November 2011

ကုလသမဂ္ဂရဲ့ စီးပွားရေးခန့်မှန်းချက်အရ လာမယ့် ၂၀၁၂ ခုနှစ် အရှေ့အာရှနဲ့ တောင်အာရှ ဒေသတစ်ခုလုံး စီးပွားရေး တိုးတက် မှုကို ၇ ရာခိုင်နှုန်းအထိ မြင်တွေ့ရမည်မည်ဟု ဆိုသည်။

ဥရောပနဲ့ အမေရိက စီးပွားရေးကျဆင်း ကြွေးမြီဝိုင်းပတ်နေချိန်မှာ အာရှရဲ့ စီးပွားရေးအရှိန်အဟုန် မြင့်တက်နေခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာ အာရှဒေသ လူသန်းပေါင်းများစွာရဲ့ ၀င်ငွေနဲ့ လူနေမှုအဆင့်အတန်း များလည်း တိုးတက်လျက်ရှိသည်ဟု ဆိုသည်။

နောက် နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က ၂၀၀၉ ခုနှစ် အာရှဒေသ အလုပ်သမားတွေရဲ့ လစာက ၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အဓိကက တရုတ်စီးပွားရေး မောင်းနှင်အားကြောင့် ဖြစ်သည်။

အဲဒီလို အာရှက တိုးတက်နေပေမဲ့ ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၀.၆ ရာခိုင်နှုန်း သာ ရှိခဲ့သည်။

Read More...

နှစ်ရှည်နိုင်ငံ​ရေး​အကျဉ်း​သား​ ၄ ဦး​ အညတရ သူရဲ​ကောင်း​ဆု ရရှိ

November 10, 2011
နော်နိုရင်း

ဂျပန်နိုင်ငံရောက် မြန်မာစေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက ရွေးချယ်တဲ့ ဒုတိယ အကြိမ်​ အညတရ​ သူရဲကောင်းဆုကို နိုင်ငံရေးအကျဉ်းသား ၄ ဦးက ရရှိသွားပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့စွဲနဲ့​​ကြေညာလိုက်တာဖြစ်ပြီး ဒီဆုကို လာမယ့်​ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်မယ့် အမျိုးသားအောင် ပွဲနေ့ မှာ ပေးအပ် ချီးမြှင့်သွားမှာ​ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Read More...

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်

November 10, 2011
ပီတာအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီမှတ်ပုံတင်ရေး မတင်ရေးကိစ္စ အဖြေမထွက်သေးခင်မှာ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကတော့ ​ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။

လစ်လပ်နေတဲ့ လွှတ်ကိုယ်စားလှယ်​ ​နေရာတွေမှာ အစားထိုး ရွေးချယ်ဖို့အတွက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒ နယ် တနေရာမှာပဲ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင်တွေက ပြောပါတယ်။

Read More...

အဖွဲ့ချုပ် တရားဝင်ဖြစ်ရေး အောက်ခြေထုက လိုလားဟုဆို

November 10, 2011
နေသွင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ကို​ ​ပြန်လည်မှတ်ပုံတင်ဖို့ တရားဝင် မဆုံးဖြတ်ရသးပေမယ့် နယ်မြို့တွေက ပါတီဝင်တွေ​ အများစု ကတော့ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်စေ​ ချင်နေကြတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကွန်ရက်အဖွဲ့ဝင်တွေက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲက မြို့ကြီးပေါင်း ၁၂ မြို့လောက်ကို ခရီးထွက်ခဲ့ပြီး သဘောထားကို မေးမြန်းခဲ့တာပါ။

Read More...

ချင်းပြည်နယ် လွှတ်တော် အချိန်နည်းသဖြင့် ချင်းအမတ်များဝေဖန်

November 10, 2011
နန်းမြနဒီ

ချင်းပြည်နယ် မြို့တော်ဟားခါးမှာ ၂ ရက် ကျင်းပပြုလုပ်သွားခဲ့တဲ့ ပြည်နယ် လွှတ်တော် အစည်းအဝေးကို လွှတ်တော် ကိုယ်စား လှယ်တချို့က အချိန်နည်းလွန်းလို့ ကျေနပ်အားရမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပထမအကြိမ် ချင်းပြည်နယ် လွှတ်တော်ရဲ့ ဒုတိယအစည်းအဝေးကို နိုဝင်ဘာ ၈၊ ၉ ရက်နေ့တွေက ကျင်းပခဲ့ရာ အစည်းအဝေးကြာချိန် နှစ်ရက် စုစုပေါင်း ၇ နာရီပဲရပြီး ချင်းပြည်နယ်ရေးရာ ကိစ္စတွေ ဆွေးနွေးဖို့ အချိန်မလုံလောက်တဲ့အတွက် ချင်းလွှတ် တော်အမတ်တွေ မကျေနပ်ဖြစ်ခဲ့ကြတာပါ။

ချင်းတိုးတက်ရေးပါတီ ပလက်ဝမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနန်းဆိုက်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြတဲ့ မေးခွန်းပေါင်း ၂၃ ခုကို သက်ဆိုင်ရာ ပြည်နယ် အစိုးရက ပြန်လည်ဖြေကြားခဲ့ပေ မယ့် စိတ်ကျေနပ်တဲ့အဖြေကို မရခဲ့သလို ပြန်လည်ဆွေးနွေးဖို့ အချိန်လည်း မပေးခဲ့ဘူးလို့ ပြောပါတယ်။

Read More...

ကျောင်းသားအချို့ ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေး

November 10, 2011
ရွှေအောင်

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ကျောင်းသားအရွယ်ကလေးတချို့ ပျောက်ဆုံးနေတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာ ရဲစခန်းတွေက ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်း မရှိပါဘူး။

ဒဂုံမြို့သစ် မြို့နယ်တွေ အပါအ၀င် မြို့နယ်တချို့မှာ ကျောင်းသားအရွယ် ကလေးတွေ ပျောက်ဆုံးနေတာပါ။

ကျောင်းသားတွေ ပျောက်ဆုံးနေတဲ့အကြောင်း မိဘတွေက အကူအညီတောင်း အကြောင်းကြားထားတာ သုံးဦးရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီ ပါတီသစ်က ရုံးတာဝန်ခံ ဦးမျိုးထွန်းက ပြောပါတယ်။

Read More...

အသိမ်းခံရ လယ်မြေ ပြည်နယ်လွှတ်တော်တင်၍ အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ

11/9/2011

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးအား လယ်သိမ်းခံရသည့် ကိစ္စကို ပြည်နယ်လွှတ်တော်ထိ ရောက်အောင် တင်ပြခဲ့သဖြင့် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးကို မြို့နယ် အုပ်ချုပ်ရေးမှူးက နိုဝင်္ဘင်္ာလ ၄ ရက်နေ့က ခေါ်ယူ ကြိမ်းမောင်းခဲ့သည်ဟု သိရသည်။

" ကြိမ်းမောင်ခံရတာက သင်းပုန်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံရွှေမောင်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင်က မြို့နယ်ရုံးကို ခေါ်ယူ ကြိမ်းမောင်းတာပါ။ ကြိမ်းမောင်းတဲ့ အဓိက အကြောင်းအရင်း တာကတော့ မြို့နယ် အုပ်ချုပ်ရေးမှူး လုပ်စား နေတဲ့ လယ်မြေဧက ၁၀၀ ကျော်ကို ပြန်ရလိုကြောင်း ပြည်နယ် လွှတ်တော်မှာ ပေါက်တောမြို့နယ် အမတ်က တင်ပြ တောင်းဆို ခဲ့ တဲ့ အတွက် ဖြစ်ပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

Read More...

ရွာတွင်းဝင်သည့် အစိုးရစစ်တပ် လူသတ်၊ ပစ္စည်းသိမ်းယူခဲ့

10 November 2011
စောခါးစူးညား

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ခလယ့်ဒေးစခန်းအခြေစိုက် မြန်မာအစိုးရ စစ်တပ် စကခ(၁၂)လက်အောက်ခံ ခမရ(၂၃၀) တပ်ရင်းသည် ပြီးခဲ့သည့်အပတ်က ထိုဒေသရှိ ရွာသူကြီးတဦးကို ပစ်သတ်ကာ အရပ်သားပိုင် ပစ္စည်းများကိုလည်း အဓမ္မသိမ်း ယူမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီးသန်းထိုက်စိုး ဦးဆောင်သည့် အဆိုပါတပ်ရင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ရက်နေ့က ထီးမကျုခီးရွာမှ အသက် ၃၆နှစ်အရွယ် ရွာသူကြီးဖြစ်သူ စောဖါးကော့ဆဲကို ပစ်သတ်ပြီး နားကပ်၊ လက်စွပ်နှင့်အတူ ထိုင်းဘတ်ငွေအချို့ကို သိမ်းယူခဲ့သည်။ ၎င်းအပြင် ကလေ့မိုခီးရွာမှ ရွာသားအချို့ကို ခိုင်းစေသည့်အပြင် ထိုင်းဘတ်ငွေ၊ ဆန်၊ စောင်၊ အချိုရည်၊ ငါးဗူး၊ လက်ကိုင်ဖုန်း စသည့်ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်ဟု ရွာခံအမျိုးသားတဦးက ကေအိုင်စီကို ပြောသည်။

Read More...

ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ရွှေ့ဆိုင်း

ဖနိဒါ
နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ်

အစိုးရနှင့် အပစ်ခတ်ရပ်ရေး ရယူခြင်းအပေါ် ရှင်းလင်းပြောကြားပွဲကို ကြာသပတေးနေ့တွင် ပြုလုပ်ရန် လူထုမှအချိန်မီရောက်မ လာခဲ့ သဖြင့် နောက်ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး DKBA မှ အရာရှိ တဦးက ပြောသည်။

"ရွာကလူတွေစုတာ လာတာ နောက်ကျတာပေါ့နော်။ တချို့ရွာတွေကလည်း လမ်းခရီးက သုံးနာရီ၊ လေးနာရီ လောက်ကြာ လမ်း လျှောက်ရတာကိုး၊ မနက်ဖြန်မှ စမယ်။" ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

Read More...

လက်နက်ကိုင်များနှင့် တွေ့ဆုံရန် NLD ဆန္ဒရှိသော်လည်း အခက်တွေ့

ကိုပေါက်
နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ်

အစိုးရနှင့် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံရန် ဆန္ဒရှိသော်လည်း အခက်အခဲများ ရှိနေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ထုတ်ဖော် ပြောကြားလိုက်သည်။

“(တွေ့ဆုံဖို့ဆန္ဒ) သိပ်ရှိတာပေါ့ဗျာ။ တွေ့ဆုံချင်လို့ ဒုတိယ ပင်လုံညီလာခံ ပြောပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စု စိတ်ဓါတ် ညီလာခံ ဆိုတာတွေလည်း လုပ်ကိုင်နေ၊ သွားနေတာတွေ ရှိတယ်။ သို့သော်လည်း NLD ကိုယ်စားလှယ် တွေကသွားပြီး ကြားထဲ မှာ စေ့စပ်တာ၊ ညှိနှိုင်းတာ လုပ်ကိုင်ပေးနိုင်မယ့် အနေအထားကတော့ ခုချိန်မှာ မရှိသေး ဘူးဗျ” ဟု NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

Read More...

ပတ္တမြားနဂါးပိုင်ရှင်က အမတ်များကို တောင်ကြီးခရီးပို့ဆောင်

အေးလဲ့
နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ်

အထက်လွှတ်တော်အမတ် စီးပွားရေး လုပ်ငန်းရှင် ဦးနေဝင်းထွန်းမှ ကမကထပြုကာ တိုင်းရင်းသားအမတ် ၃၇ ဦးကို တောင်ကြီးမြို့ သို့ နှစ်ရက်ကြာ အလည်အပတ် ပို့ဆောင်ပေးကာ သူပိုင် သတ္တုတွင်း လုပ်ငန်းများကို ပြသခဲ့သည်။

ပတ္တမြားနဂါး ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင်လည်းဖြစ်သူ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ် ပါတီအကြီးအကဲ တဦး ဖြစ်သည့် ရှမ်းပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးနေဝင်းထွန်းမှ ဖိတ်ကြား၍ အထက်လွှတ်တော် အမတ်အများစုနှင့် လွှတ်တော်ရုံး အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များတွင် သွားရောက် လည်ပတ်ကြခြင်း ဖြစ်သည်။

Read More...

ကချင်ပြည်သူ့စစ် ခေါင်းဆောင်နှင့် လွှတ်တော်အမတ် သဘောထား ခံယူမှုလုပ်

ဖနိဒါ
နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ်

ကချင် ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါနှင့် အထက်လွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်းတို့ ကချင်လွတ်မြောက်ရေး KIO နှင့် အစိုးရအကြား အပစ်အခတ်ရပ်ရေးနှင့် ပတ်သက်၍ ပြည်သူ များထံမှ သဘောထား ကောက်ခံရန် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ဗဟိုအစိုးရကို လိုလားသော ကေအိုင်အိုမှ ခွဲထွက်သွားခဲ့သည့် ခေါင်းဆောင်ဟောင်းများက KIO ကို ဖိအားပေးသော အနေဖြင့် ကချင်လူထု၏အသံကို နားထောင်ရန်ဆိုကာ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှ YMCA ခန်းမတွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ ထိ ဗုဒ္ဓဟူးနေ့က အစည်းအဝေးခေါ်ယူခဲ့သည်။

Read More...

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း ABSDF ကပြောသည်

ဇော်ကြီး။
နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၁ ခုနှစ်။

အစိုးရက ပြုလုပ်နေသည့် အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် စိုးရိမ်မှုရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်ဖွဲ့ က ထောက်ပြ ပြောဆိုလိုက်သည်။

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နိုင်ငံရေး ပြဿနာ များအား တွေ့ဆုံဆွေးနွေး အဖြေ ရှာရေးကို ဦးတည်သည့် လုပ်ရပ် မဟုတ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အတွင်း ဖဲ့ထုတ်စည်းရုံး နိုင်ရေးအတွက် ကြိုးပမ်း နေခြင်းသာ ဖြစ်သည်ဟု ABSDF တပ်ဖွဲ့၏ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။

Read More...

Tuesday, November 8, 2011

လူထုတိုက်ပွဲဝင် တရုတ်မျက်မမြင်အတွက် အွန်လိုင်းလှုပ်ရှားမှု

08 November 2011
ဝင့်ထန်း

မျက်မမြင်လူငယ် 'ချန်ဂေါင်ချန်း' က တရုတ်ပြည်မှ ဘ၀တူမျက်မမြင်တွေနဲ့ ကိုယ်ခန္ဓာမသန်စွမ်းသူတွေရဲ့ အခွင့်အရေးအတွက် ၂၀၀၃ ခုနှစ်မှာ စတင်လှုပ်ရှားပြီး လူသိများလာသူ ဖြစ်သည်။

နောက်တော့ မစ္စတာချန် က မျက်မမြင်တွေရဲ့ အရေးလောက်သာ မဟုတ်တော့ဘဲ၊ ကမ်းရိုးတန်း ရှန်ဒေါင်းပြည်နယ်က လယ်သမား တွေရဲ့ လယ်တွေ မတရားအသိမ်းခံရတာကိုပါ ကာကွယ်ပြောဆိုသူ ဖြစ်လာသည်။ မျက်မမြင် တစ်ယောက်ရဲ့ လှုပ်ရှားမှုက ဒေသ အာဏာ ပိုင်တွေ ကို အတော်ခေါင်းခြောက်စေခဲ့သည်။

Read More...

ကောပါးနီးကပ်စ် အမည် အပါအ၀င် Period Table တွင် ဒြပ်စင်အသစ် ၃ မျိုး အမည်တို့ကို ထည့်သွင်း

08 November 2011

အာကာသသိပ္ပံ ပညာရှင် Nicolaus Copernicus နီကိုလပ်စ် ကောပါးနီးကပ်စ်၏ အမည်နာမကို ဒြပ်စင်သစ် တစ်မျိုးတွင်လည်း ပေးထား သည့် စုစုပေါင်း ဒြပ်စင် အသစ် ၃ မျိုးကို period table တွင် ထည့်သွင်းလိုက်ပြီဖြစ်ပါသည်။

သိပ္ပံအဖွဲ့အစည်းကြီး တစ်ဖွဲ့ဖြစ်သည့် The General Assembly of the International Union of Pure and Applied Physics (IUPAP) က ဒြပ်စင်သစ် အမှတ်စဉ် 110, 111, 112 တို့ကို darmstadtium (Ds), roentgenium (Rg) and copernicium (Cn) ဟူ၍ အမည် ပေးထား ကြပါသည်။

Read More...

အပေါ်သို့