Saturday, April 2, 2011

Uncensored Burma - Daily News ( 2011 April, 1)

News on April 1

Read More...

Friday, April 1, 2011

Uncensored Burma - Daily News ( 2011 Mar, 31)

news on Mar 31

Read More...

Thursday, March 31, 2011

Uncensored Burma - Daily News ( 2011 Mar, 30)

news on Mar 30

Read More...

Wednesday, March 30, 2011

ထိုင်းတောင်ပိုင်း မိုးများ၍ ရေကြီး၊ မြန်မာများလည်း ဒုက္ခရောက်

ဘစောတင်
30 March 2011

ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးသောကြောင့် ရေလုပ်ငန်း၊ ရာဘာ လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြသော မြန်မာများ အလုပ်မဆင်းနိုင်ဘဲ အခက်အခဲများစွာ ကြုံတွေ့နေရသည်။

ထိုင်းတောင်ပိုင်းပြည်နယ်များဖြစ်သော ချုံဖော်၊ နခွန်ဆီ ထမရတ်၊ ဆူရတ် ဌာနီ၊ တလန်၊ ကရာဘိနှင့် ဖတ်ထလုန် တို့တွင် မိုးရွာ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးပြီး ကမ္ဘာလှည့် ခရီးသွား ထောင်နှင့်ချီ၍ ပိတ်မိနေကြောင်း၊ ကရာဘိတွင် မြေပြို မှုကြောင့် ၂ ဦးသေဆုံးပြီး လူ ၂၀ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းများ က ဖော်ပြသည်။

ထိုင်းတော်ဝင်ရေတပ်က ကူညီကယ်ဆယ်ရေးအတွက် သင်္ဘောလေးစီး၊ လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပို့လွှတ်ထားကြောင်း သိရသည်။

မြန်မာများ သိန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံတောင်ပိုင်း အခြေအနေနှင့် ပတ်သက်၍ Thai Action Committee for Democracy in Burma (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေ က “လောလောဆယ် တောင်ပိုင်းမှာ မိုးတွေ ကသည်းလို့ တချို့နေရာတွေဆို တောင်တွေ ပြိုတယ်၊ လမ်းတွေ ပျက်တယ်လေ။ ဒါကြောင့် ကျနော်တို့နဲ့  တချို့တွေဟာ အဆက်သွယ်တောင် ပြတ်တောက်နေတယ်။ အဲဒီဒေသတွေမှာ ရာသီဥတုဆိုးလို့  ကျနော်တို့ မြန်မာတွေ အတော်လေး အခက်အခဲ ရှိနေကြတယ်” ဟု ပြောသည်။

ရာသီဥတု ဆိုးရွားနေမှုကြောင့် နိုင်ငံခြားသား ခရီးသွားများနှင့် ထိုင်းများကို တာဝန်ရှိ သူများက လာရောက်ခေါ်ယူကာ ဘေးကင်းရာသို့ရောက်အောင် ကူညီနေကြ သော်လည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ် သမားများကိုမူ ကူညီသည်ဟု မကြားရသေးကြောင်း ဦးမြင့်ဝေက ဆက်လက်ပြောသည်။

ချုံဖော်ခရိုင် ပါနန်းအရပ်တွင် ပိုက်ဆရာအဖြစ် လုပ်ကိုင်နေသူ ကိုခိုင်ကျော်သန်းက “လှေတွေ မထွက်နိုင်တာ ၇ ရက် လောက်ရှိနေပြီ။ လေပြင်းတော့ လှေတွေ မထွက်နိုင်ဘူး။ ပင်လယ်ထဲက လှေတွေလည်း နီးရာကျွန်းတွေမှာ ၀င်ခိုနေကြတယ်။ လှေမထွက်ရတော့ လှေသားတွေလည်း အလုပ်မလုပ်ရသလို ငါးစက်ရုံတွေလည်း အလုပ်မလုပ်ရဘူးပေါ့” ဟု ပြောသည်။

ချုံဖော် ရေလုပ်ငန်းတွင် မြိတ်၊ ထားဝယ်၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တို့မှ ဒေသခံများ လာရောက်လုပ်ကိုင်လျှက်ရှိသည်။

ရွှေ့ပြောင်းအလုပ်သမား အများစုသည် ရရှိငွေများကို မိသားစုထံ ပြန်ပို့သဖြင့် လက်ထဲတွင် စုဆောင်းငွေ၊ ပိုလျှံငွေဟူ၍ မရှိတတ်ကြကြောင်း၊ ယခုကဲ့သို့ အလုပ်ပျက်၊ အကိုင်ပျက်ကာလတွင် အခက်အခဲကြုံနေရကြောင်း ဖူးခက်မှ ကိုသန်းမောင်က ပြောသည်။

၎င်းက “မိုးတွေက တအားရွာထားတော့ အပြင်ကို ထွက်ဖို့တောင် မလွယ်ဘူး။ ကျနော်တို့ မြန်မာပြည်သားတွေလုပ်တဲ့ ပန်းရံအလုပ်ကလည်း မိုးရွာရင် လုပ်မရဘူးလေ။ အခုလို ရေတွေပါလျှံနေတော့ အလုပ်အားလုံး နားရပြီပေါ့။ ဖူးခက်တမြို့လုံးက ဆောက်လုပ်ရေး အားလုံး နားနေရတယ်။ လူငယ်လေးတွေကတော့ ငါးရှာ ဖားရှာ ထွက်ကြတာပေါ့” ဟု ဆိုသည်။

ကိုသန်းမောင်သည် အလုပ်သမား ၃၀ ခန့်ကို ဦးဆောင်လုပ်ကိုင်နေသူ ပန်းရံဆရာဖြစ်ပြီး လေးဝတီ ရခိုင်လူငယ်အသင်း (ဖူးခက်) ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

ဖန်ငတွင် ရာဘာအစေးခြစ် လုပ်ငန်း၌ လုပ်ကိုင်နေသော ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ မမိမိခိုင်ကလည်း “မိုးရွာတော့ အစေးခြစ်မရဘူးလေ။ အစေးမခြစ်ရရင် ပိုက်ဆံ မရတော့ဘူးပေါ့။ စိတ်ညစ်ပါတယ်။ ရွာမှာလည်း မိုးဖျက်လို့ ပဲတွေ အရမ်းပျက်တယ် ကြားတယ်။ ဒီနှစ်တော့ ဘယ်လို ဖြစ်ကြမလဲ မသိဘူး။ ဒီလိုဖြစ်နေရင် ကျမတို့လည်း မပို့နိုင်ဘူး။ ရွာမှာလည်း ပဲတွေ၊ ဘာတွေ ပျက်တော့ စီးပွားပျက်၊ ဒီမှာလည်း ဒုက္ခတွေရောက်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။

Ref;Irrawaddy

Read More...

အမျိုးသမီး ဒုဝန်ကြီး ၂ ဦး

ဖနိဒါ
မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ်

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် အမျိုးသမီး ဒုဝန်ကြီးနှစ်ဦးသာ ပါရှိသည်ကို တွေ့ရသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် ၁၀ မှ ဒေါက်တာ မြတ်မြတ်အုန်းခင်မှာ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာပြီး ဒေါ်စန္ဒာခင်အား ဒုတိယ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။

ဒေါ်စန္ဒာခင်သည် အမျိုးသားစာပေဆုရ ယဉ်ကျေးမှုဌာနမှ အမျိုးသားပြတိုက် ညွန်ကြား ရေးမှူးဖြစ်ပြီး ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် သမဝါယမ ဒုဝန်ကြီး ဒေါက်တာမောင်ချစ်၏ သမီးဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများတွင် အမျိုးသမီး ၃ ဦးပါဝင်ရာ ကြံ့ဖွံ့ပါတီမှ ကချင်ပြည်နယ် ဝန်ကြီး ဒေါ်ဘောက်ဂျာ (ပူတာအို)၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဒေါ်စန်းစန်းနွယ်နှင့် ကျားဖြူပါတီမှ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးမှ ဒေါ်ခင်ပြုံးရည်တို့ ဖြစ်သည်။

Ref;Mizzima

Read More...

ဇေကမ္ဘာဦးခင်ရွှေ အမတ်များကို ဒုတိယအကြိမ်ဧည့်ခံ


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြည်ထောင်စုလွှတ်တော် အမတ်များအတွက် ဒုတိယအကြိမ်မြောက် ဧည့်ခံပွဲကို အင်္ဂါနေ့ညက ပြုလုပ်ပေးခဲ့သည်။

“ပါတီပေါင်းစုံမှ တိုင်းရင်းသားတွေအတွက် နှုတ် ဆက် ညစာစားပွဲ” ဟု ခေါင်းစည်းတပ်ထား သည့် ဧည့်ခံပွဲကို နေပြည်တော် Mount Pleasant ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွင် ကျင်းပပေး ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အဆိုကျော် ၇ ဦး၏ ဖျော်ဖြေပွဲပါ ထည့်သွင်းပေးခဲ့သည်။

အတိုက်အခံပါတီများမှ အမတ်များအပါအဝင် အမတ်ပေါင်း ၁၀၀ ခန့် ဧည့်ခံပွဲကို တက်ရောက် ခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဦးခင်ရွှေ ကလုပ်ခဲ့သော ဧည့်ခံပွဲထက် တက်ရောက်သူ ပိုမို လာခြင်း ဖြစ်သည်။

ဧည့်ခံပွဲတွင် အကောင်းစား ဝီစကီ၊ ဘီယာနှင့် ဝိုင်တို့ပါဝင်ပြီး “စိတ်ကြိုက်” သောက်၍ ရကြောင်း၊ အစားအသောက်ကို “ကိုယ်တိုင်ယူစား” စနစ်ဖြင့် ဆန္ဒရှိရာစားနိုင်သည်ဟု သိရသည်။ လူတယောက်ကို ကျပ် ၃ သောင်းနှုန်းအထိ ကုန်ကျဖွယ်ရှိသည်ဟု အမတ် များက ခန့်မှန်းသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း နေ့လည် ၁ နာရီခန့်တွင် ပြည်ထောင်စု လွှတ်တော်ခန်းမ၌ နာယက ဦးခင်အောင်မြင့်က နေ့လည်စာဖြင့် တည်ခင်း ခဲ့သေးသည်။

လွှတ်တော်အစည်းအဝေးများ ရပ်နားမည်ဖြစ်သဖြင့် ဌာနေပြန်စရိတ်အဖြစ် အမတ်များကို တဦးလျင် ၃ သိန်း ၄ သောင်းနှင့် ဒေသအလိုက် ခရီးစရိတ်များ ထုတ်ပေးထားသည်။

Ref;Mizzima

Read More...

စစ်တပ်ကို အင်အားတောင့်အောင် လုပ်မည်ဟု ဦးသိန်းစိန်ပြော

ဖနိဒါ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ်

သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် စစ်တပ်အင်အား တောင့်တင်းအောင် တည်ဆောက်သွားရမှာဖြစ်ကြောင်း အလေးထား ပြောကြားသွားခဲ့သည်။

“ နိုင်ငံတော် ကာကွယ်ရေးကို ပေါ့ပေါ့တန်တန်နဲ့ သဘောထားကြရင် ခေတ်သစ် ဖျက်ဆီး ခံရခြင်းမျိုနဲ့ တွေ့ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ပထဝီဝင် အနေအထားရော၊ စီးပွားရေး အရပါ အချက်အချာကျတဲ့ မိမိတို့ နိုင်ငံသည် နယ်ချဲ့လက်သစ်တွေ ဝင်ရောက်စွက် ဖက် ခြယ်လှယ်နေတဲ့ အန္တရာယ်ရှိနေတာကို အားလုံး သဘောပေါက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် အဆင့်မီ တပ်မတော်တရပ် ရှိဖို့လိုပါတယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။

၁၉ နှစ်ကြာ အတိုက်အခံများကို ဖိနှိပ်ကာ အုပ်ချုပ်သွားခဲ့ကာ ဗုဒ္ဓဟူးနေ့တွင် အနားယူသွားသည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ လူယုံတဦးဟု လူသိများသော အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်က နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးတွင် ကြိုတင်ရေးသားလာခဲ့သော မိန့်ခွန်းကို ဖတ်ကြားသွားခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံတော် ကာကွယ်ရေး မတောင့်တင်းရင် သူတပါးရဲ့ အနိုင်ထက်ပြုကျင့်မှုကို ခံကြရမှာ ဖြစ်ပါတယ်။ ကိုယ့်မင်း ကိုယ်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နှစ်ပေါင်း ရာထောင်ချီပြီး နေလာခဲ့ကြတဲ့ လူမျိုးဘဝမှ ကုန်းဘောင်ခေတ် ဇတ်သိမ်းခန်းမှာ နယ်ချဲ့လက်အောက်ကို လွယ်လွယ်ကလေးနဲ့ ကျရောက်ရခြင်ဟာ ခေတ်မီတဲ့ တပ်မတော်တရပ် မရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။

“ လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော်၊ အစွမ်းအစရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့ တပ်မတော်၊ မျိုးချစ်စိတ် ထက်တန်တဲ့ တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းပြီး တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးဟာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော် ကာကွယ်ရေးကို နိုင်ငံသားအားလုံး ဝိုင်းဝန်းပြီး တာဝန်ယူကြရမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ပါရှိသည်။

အရှေ့တောင်အာရှ အသင်းဝင်နိုင်ငံများတွင် အမျိုးသားဝင်ငွေ အနည်းဆုံးဖြစ်သော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားသော စစ်အသုံးစရိတ်မှာ နိုင်ငံစုစုပေါင်း အသုံးစရိတ်၏၂၅ ရာခိုင်နှုန်းနီးပါးရှိပြီး မြန်မာကျပ်ငွေ ၁.၈ ထရီလီယံ ဖြစ်သည်။

လက်ရှိ မြန်မာ့တပ်မတော်တွင် စစ်သည်အင်အား ၄ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး အခြေခံ ဥပဒေသစ်အရ စစ်တပ်၏ အသုံးစားရိတ်များကို လွှတ်တော်က စစ်ဆေးခွင့် မပြုဘဲ ကန့်သတ်ထားသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ စစ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးယူခဲ့သော ဦးသိန်းစိန်မှ စစ်အစိုးရကို ချီးမွမ်းစကားဆိုရာတွင် အဘက်ဘက်က ယိုယွင်းပျက်ဆီး နေသည့် နိုင်ငံကို အေးချမ်းသော ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ် ဆက်လက်တည် ဆောက်ရန် အမွေခံကောင်းများ ပေးသွားခဲ့သည်ဟုလည်း ဆိုသည်။

နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောကြားချက်တွင် တိုင်းရင်းသား စည်းလုံးညီညွှတ် ရေးအတွက် ဆွေးနွေးရုံနှင့် မပြီးဘဲ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခြေခံကောင်းများ ပြုလုပ်ပေးရန်လိုသည်ဟု ပါရှိသည်။

ထို့အပြင် အတိုက်အခံများကိုလည်း “ ကမ္ဘာ့အလယ်မှာ ကိုယ့်တိုင်းပြည် ဂုဏ်သရေ ကျဆင်းအောင် ပြုမူပြောဆိုခြင်း မပြုလုပ်ကြဖို့၊ ကိုယ့်နိုင်ငံသားတွေကို ထိခိုက်နစ်နာအောင် မပြုလုပ်ကြဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

“ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်းလမ်းကျစွာနဲ့ ရယူကြမယ်ဆိုရင် သာဓု ခေါ်ကြမှာဖြစ်တဲ့အတွက် ကျနော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း” ပြောဆိုသွားသည်။

သမ္မတက အစိုးရက ဝင်ရောက်စွက်ဖက်မှုရှိသော ဈေးကွက်စီးပွားရေးကို ကျင့်သုံးမည် ဟုလည်း နာရီဝက်ခန့်ကြာသော မိန့်ခွန်းတွင် ပြောကြားသွားသည်။

အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်မှုကို မြှင့်တင်သွားမည်ဟု သဲလွန်စပေး ပြောကြားသွားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါများပြီး ကုန်ဈေးနှုန်း တည်ငြိမ်အောင် လုပ်မည်ဟုလည်း ဆိုသည်။

ထို့အပြင် လာဘ်ပေးလာဘ်ယူမှုကို တားဆီးသွားမည်ဖြစ်ကြောင်း ပြောကြားရာတွင် “ လာဘ်ပေး လာဘ်ယူမှုဟာ လူတဦးချင်း ထိခိုက်စေရုံ သာမက နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ပြည်သူတွေရဲ့ အကူညီကို ရယူပြီး ထိရောက်စွာ တားဆီးသွားပါ့မယ်” ဟု ဆိုသည်။

ကမ္ဘာ့နိုင်ငံများတွင် အကျင့်ပျက် ခြစားမှုများကို တိုင်းတာ၍ အစီရင်ခံစာ ထုတ်ပြန်နေသော ယုံကြည်ရသည့် Transparency International ၏ ၂ဝဝ၉ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နှင့် တန်းတူ ကမ္ဘာပေါ်တွင် ဒုတိယ အဆိုးရွားဆုံး လာဘ်ပေးလာဘ်ယူမှု ထူပြောသည့် နိုင်ငံဖြစ်သည်ဟု ဆိုသည်။ အဆိုးဆုံးနိုင်ငံမှာ ဆိုမာလီ ဖြစ်သည်။

သမ္မတက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အကျယ်တဝံ့ ပြောကြားသွားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပြောသွားသည်။

Ref;Mizzima

Read More...

သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်


သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာ ကျိန်ဆိုမှုပြုရာတွင် လွဲချော်မှုဖြစ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ် များမှ ထိုင်လျက်သားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော်ညွှန်ချုပ်တို့မှ ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။

“သမ္မတ ကျမ်းကျိန်နေတဲ့အချိန်မှာ ကျနော်တို့ လွှတ်တော်ကိုယ်စား လှယ် အားလုံးက ထိုင်လျက်ပဲ ထိုင်နေရ တယ်၊ လွှတ်တော်ညွှန်ချုပ် ကလည်း ဘာမှမပြောဘူး၊ အခမ်းအနားမှူး ရယ် ဘာရယ်မဟုတ် တော့ဘဲနဲ့နာယက က အခမ်းအနားမှူး ပုံစံမျိုးလုပ်သွားတာ အဲဒီ အချက်ကတော့ လွဲချော်နေ တယ်ဗျ” ဟု လွှတ်တော်အမတ်တဦးက ပြောသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်များ ကျမ်းကျိန်ရာတွင် လွှတ်တော် နာယက ဦးခင်မောင်မြင့်က လွှတ်တော်အမတ်များကို မတ်တပ်ရပ်ပေးရန် မေတ္တာ ရပ်ခံခဲ့သည်။

“သမ္မတတွေတုန်းက သူကိုယ်တိုင် ရှေ့ထွက်ပြီးတော့ တိုင်ပေးတယ်၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကျတော့ နာယက က သူ့ခုံကနေထိုင်ပြီးတော့ တိုင်ပေးတယ်၊ အဲဒီလို မတိုင်ခင် နာယက က လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး မတ်တပ်ရပ်ပေးပါ၊ သမ္မတ တုန်းက သူတယောက်ပဲ မှတ်တပ်ရပ်သွားတယ်၊ ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်တွေကျတော့ နာယက ထိုင်နေတယ် လွှတ်တော် ကိုယ်စားလှယ်တွေက မတ်တပ်ရပ်ရတယ်၊ အဲဒီတော့ ပြောင်းပြန်တော့ ဖြစ်နေတယ်” ဟု အမတ်တဦးက ပြော သည်။

မှားယွင်းမှုများသည် လွှတ်တော်အတွေ့အကြုံများ နည်းပါးခြင်းကြောင့်ဖြစ်ရခြင်းသာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးစိုင်းမောင်တင် ပြောသည်။

သမ္မတ သုံးဦးက သစ္စာဆိုကြရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို သစ္စာစောင့်သိရန်၊ အချုပ်အချာအာဏာကို တည်တံ့အောင် ထိန်းသိမ်းသွားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းသွားရန်၊ တာဝန်များကို ဖြောင့်မှတ်စွာ ဆောင်ရွက်သွားရန်၊ လောကပါလ တရားများအတိုင်း အုပ်ချုပ်သွားရန်နှင့် နိုင်ငံတော်အား အသက်နှင့်ကိုယ်ကို အပ်နှင်း ကြောင်း ပါရှိသည်။

သမ္မတများ ကျမ်းကျိန်ခြင်းကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအခမ်းအနားကို လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်များ တက်ရောက်ခဲ့ကြသည်။

၁၈ ရက်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီးနောက် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ ရပ်နားလိုက်သည်။

Ref;Mizzima

Read More...

Uncensored Burma - Daily News ( 2011 Mar, 29)

news on Mar 29

Read More...

ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို

2011-03-29

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း တည်ဆောက်မဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ Earthrights International-ERI လို့ ခေါ်တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ဒီစီမံကိန်းကြီးကို တရုတ်အစိုးရက အမေရိကန်ဒေါ်လာ သန်း တထောင့် ၄ ရာကျော် အကုန်အကျခံပြီး ၂၀၁၃ ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး စုစုပေါင်း၂,၃၈၀ ကီလိုမီတာ ရှည်လျားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်မဲ့ စီမံကိန်းတလျှောက်မှာ မြေယာ အဓမ္မသိမ်းယူမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီးကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ERI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရရဲ့ ဒီပိုက်လိုင်းစီမံကိန်းကြီးမှာ တနှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်း အတင်အချ ပြုလုပ်နိုင်မဲ့ ရေနက် ဆိပ်ကမ်းတခုနဲ့ ဆီသိုလှောင်ကန်တခုကို ကျောက်ဖြူမြို့ နယ် မဒေးကျွန်းမှာ တည်ဆောက်မဲ့ စီမံကိန်းတခုလည်း ပါဝင် ပါတယ်။

တရုတ်အစိုးရဟာ ဒီရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရေနံနဲ့ ဓာတ်ငွေ့တွေကို သယ်ယူဖို့ စီစဉ်ထားပါတယ်။

ERI အဖွဲ့ရဲ့ အစီရင်ခံစာအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။

Ref;< href="http://www.rfa.org/burmese/news/environment_group_opposes_gas_pipeline-03292011090725.html">RFA

Read More...

တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ

ဗွီအိုအေ (မြန်မာဌာန)
29 မတ် 2011

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကြုံနေရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပိုက်လိုင်း တည်ဆောက်မှုအတွင်း မြေယာတွေ သိမ်းဆည်းခံရတာ၊ အဓမ္မ လုပ်အားပေး ခံရတာ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့တဲ့အကြောင်း ၀ါရှင်တန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ တခုဖြစ်တဲ့ Earth Rights International (ERI) အဖွဲ့ရဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

အထူးသဖြင့် စစ်တပ်က ပိုက်လိုင်းလုပ်ငန်းကို ဆန့်ကျင်သူ မှန်သမျှကိုလည်း ချေမှုန်း နေတယ်လို့ ပြောပါတယ်။

ဒီလို ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ပိုက်လိုင်း ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အဓိက တရုတ်နဲ့ ကိုရီးယား ကုမ္ပဏီတွေက သိထားကြပြီး ဖိနှိပ်မှုတွေကို တားဆီးတာတွေတော့ မရှိဘူးလို့လည်း ပြောခဲ့တာပါ။

ERI ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ရေနံကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ကြား လျှို့ဝှက်ပြီး ပေးကမ်းမှုတွေ ရှိတယ်ဆိုတဲ့ လက္ခဏာတွေကို ပြသတဲ့ အထောက်အထားတွေကို တွေ့ရတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ကုမ္ပဏီတွေ အနေနဲ့ ဒေသခံတွေဆီက ခွင့်ပြုချက် ရယူတာမျိုးလည်း မရှိခဲ့ဘူးလို့ အစီရင်ခံစာက ပြောပါတယ်။ ပိုက်လိုင်းတည်ဆောက်မှုကို လိုလားတဲ့ ဒေသခံရွာသားဆိုလို့ တယောက်မှတောင် မတွေ့ရဘူးလို့လည်း ERI က ပြောခဲ့တာပါ။

တည်ဆောက်ရေး စီမံကိန်း ပြီးစီးသွားပြီ ဆိုရင်တော့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က ရေနံတွေကို ဒီပိုက်လိုင်းကတဆင့် တရုတ်နိုင်ငံကို တင်ပို့သွားမှာ ဖြစ်ပါတယ်။

Ref;VOA

Read More...

စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ

ဟိန်းသူ
29 March 2011

“အရပ်သား”အစိုးရသစ် ပေါ်ပေါက်လာပါက အခြေခံဥပဒေသစ်အရ မီဒီယာများ အပေါ် ထိန်းချုပ်မှု လျှော့ပေါ့ပေးသည့် အနေဖြင့် စာပေအမျိုးအစား ၆ မျိုး ကို စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

အနုပညာ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စသည့် စာပေ အမျိုးအစား ၆ မျိုး နှင့် အကျုံးဝင်သော ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်းဝထ္ထုများနှင့် ရုပ်ပြ များကို စာပေစိစစ်ရေး မတင်ရဘဲ ထုတ်ဝေ ခွင့် ရတော့မည်ဖြစ်ကြောင်း ဂျာနယ် ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးကို ကို(စက်မှုတက္ကသိုလ်) က ပြောသည်။

“ထုတ်ခွင့်ရမယ့် ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။ အစိုးရသစ်က စပြီး ညွှန်ကြားတဲ့ နေ့မှာ လုပ်ခွင့်ရမယ်လို့ သိထားပါတယ်။ ကျန်ပိတ်ပင်ထားတဲ့ စာပေအမျိုး အစားတွေကိုလည်း တဆင့်ပြီးတဆင့်ဖွင့်ပေးမယ်လို့ ပြောထားပါတယ်”ဟု ဦးကိုကိုကပြော သည်။

ယခု အစီအစဉ်အရ ကင်းလွတ်ခွင့် ပေးမည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ၁၇၂ စောင်၌ ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်၌ ၁၁၃ စောင်တို့မှာ စာပေစိစစ်ရေး တင်စရာမလိုတော့ကြောင်း ပြည်တွင်း မီဒီယာသမားများက ခန့်မှန်း နေကြသည်။

စာပေစိစစ်ရေးသို့ ကြိုတင်ရန် မလိုဟု ဆိုသော်လည်း ပုံနှိပ်ပြီး အချော ဂျာနယ်များ၊ စာအုပ်များကိုမူ စာပေစိစစ်ရေးသို့ တင်ပြရ မည်ဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရမူဝါဒများကို ဝေဖန်သော အကြောင်းအရာများ ပါဝင် လေ့ရှိသည့် စာပေများမှာမူ ကင်းလွတ်ခွင့် ပေး မည့် စာရင်းထဲ မပါဝင်သေးပေ။

ကြိုတင် စိစစ်ရေး မတင်သည့်အတွက် “မိမိဘာသာ ဆင်ဆာဖြတ်မှု” လုပ်ရတော့မည် ဖြစ်ကြောင်း၊ သတင်းများ မှားယွင်းဖော်ပြ လျှင် စာပေစိစစ်ရေး ဥပဒေများ၊ အသရေဖျက်မှု ဥပဒေများ၊ ဌာနဆိုင်ရာကို အကြည်ညိုပျက်အောင် လုပ်မှု၊ မှားယွင်းသည့် သတင်း ဖော်ပြမှု စသည့် ဥပဒေကြောင်းအရ အရေးယူခံရဖွယ်ရှိကြောင်း ဦးကိုကိုက ပြောသည်။

“စာပေစိစစ်ရေး မရှိတဲ့အတွက်ကြောင့် ပြဿနာတွေဖြစ်လာရင် ကိုယ့်ဟာကိုယ် ရင်ဆိုင် ကြရမှာပဲ။ ရေးသားတဲ့သူတွေရော၊ အယ်ဒီတာတွေရော၊ ထုတ်ဝေသူတွေရော တာဝန်ကြီး လာတယ်။ အရင်က စာပေစိစစ်ရေးက ဖြုတ်မလား၊ မဖြုတ်ဘူးလား စဉ်းစားရတယ်။ အခုတော့ ကိုယ်တရားစွဲခံရနိုင်လား၊ မစွဲခံရနိုင်ဘူးလား စဉ်းစားရ မယ်။ ဒါကြောင့်ကိုယ့်ဘက် က ကျင့်ဝတ်နဲ့ ဥပဒေကို နားလည်ပြီး လိုက်နာနိုင်မှ တော်ရာကျမယ်” ဟု ဦးကိုကိုက ရှင်းပြသည်။

ဥပဒေပညာရှင်များကို ဂျာနယ်တိုက်များတွင် ထားရှိရန် လိုအပ်ကြောင်းလည်း သူက ပြောသည်။

စိစစ်ရေး တင်ပြရမည့် သတင်းဂျာနယ်တစောင်မှ အမှုဆောင်အယ်ဒီတာ တဦးက“ဘာဘဲ ပြောပြော ကျမတို့ မရနိုင်ရင်တောင်မှ တခြား ကင်းလွတ်တဲ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ လုပ်ရ ကိုင်ရတာ ပိုအဆင်ပြေသွား နိုင်တာပေါ့။ ဒါဟာ ကောင်းတဲ့ ခြေလှမ်း တရပ်ပဲလို့ ထင်ပါတယ်”ဟု ပြောသည်။

အားကစားဂျာနယ် အယ်ဒီတာ တဦးကလည်း“အခုလို ကျနော်တို့ အားကစားဂျာနယ်တွေ စိစစ်ရေးလွတ်မယ်လို့ သိရလို့ တော် တော်လေး ၀မ်းသာပါတယ်။ အစောကြီး ကတည်းက လုပ်ပေးသင့်တာပါ”ဟု ပြောသည်။

ပြည်ပ အခြေစိုက် မြန်မာ့သတင်း သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကမူ ယခုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ နိုင်ငံရေးအပြောင်းအလဲ မလုပ်ချင်သည့်အတွက် ကျန်အပေါ်ယံ အခြေအနေများကို အလှည့်အပြောင်းဖြစ်စေရန် လုပ်ပြခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။

“တကယ့်အနှစ်သာရ အပြောင်းအလဲ မဟုတ်ဘူး။ လှည့်ကွက်တကွက်လို့ပဲမြင်တယ်။ ဒီလို လွတ်လပ်ခွင့်ပေးတယ်ဆိုပေမယ့် ဖဆပလ ခေတ်လောက် ကတောင် မလွတ်လပ်ဘူး။ ဒီခေတ် က အီးမေးလ် လေးတခုနဲ့တောင် ၆၅ နှစ် ချချင် ချနေတာကိုး။ ပုံနှိပ်ပြီးရင် သူတို့ဆီ တင်ရဦးမှာပဲ။ တင်ပြီးရင် ဘာပြဿနာဖြစ်မယ်ပြောလို့မရဘူး။ လွတ်လပ်တယ် ဆိုပေမယ့် စိတ်တထင့်ထင့်နဲ့ လွတ် လပ်တာလေ၊ အနှစ်သာရရှိတဲ့ စာပေလွတ်လပ်ခွင့် မဟုတ်ဘူး။ လွတ်တော်ထဲမှာ ဘာလို့ သတင်းယူခွင့်မပေးလဲ။ ဒါကိုကြည့်ရင် လူတွေကိုလှည့်စားတာ ဆိုတာ ပေါ်လွင်ပါတယ်”ဟု ဦးဇင်လင်းက ပြောသည်။

ကင်းလွတ်ခွင့်ရသည့် စာပေအမျိုးအစားများကို ထုတ်ဝေရာတွင် ထုတ်ဝေသူ အနေဖြင့် ၁၉၆၂ ပုံနှိပ်သူနှင့် ထုတ်ဝေသူများ ဥပဒေ အရ မှတ်ပုံတင်ရရှိရန် လိုသည့်အပြင် ထုတ်ဝေသူနှင့် စာရေးဆရာများ အကြား သဘောတူညီချက်များကိုလည်း စာပေ စိစစ်ရေးသို့တင်ပြရန် လိုသေးကြောင်း သိရသည်။

Ref;Irrawaddy

Read More...

မြောက်ကိုရီးယားလည်း သဝဏ်လွှာပို့ ၊ အနောက်အုပ်စု မပို့သေး

မျိုးသန့်
မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ်

မြောက်ကိုရီးယား အပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံများက သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတများထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က အင်္ဂါနေ့လွှတ်တော်အစည်းအဝေး တွင် ဖတ်ကြား မှတ်တမ်းတင်ခဲ့ကြောင်း လွှတ်တော်အမတ်များထံမှ စုံစမ်းသိရသည်။

မြောက်ကိုရီးယား၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံအားပေးနေသည့် အမေရိကန်၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံများမှ သဝဏ်လွှာ ပေးပို့ခြင်းများကို မတွေ့ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“ဥရောပနိုင်ငံတွေက ပို့တာတော့ လုံးဝမပါဘူး၊ အဖွဲ့အစည်းထဲကဆိုလို့ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ကုလသမဂ္ဂကပဲပါတယ်” ဟုသူကပြောသည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက အင်္ဂါနေ့ လွှတ်တော်အစည်းအဝေးတွင် မှတ်တမ်း တင်ခဲ့သည့် သဝဏ်လွှာများမှာ တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကုလသမဂ္ဂ၊ နီပေါ၊ ကျူးဘား၊ ပါလက်စတိုင်း၊ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ အီရန်နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ များ ဖြစ်သည်။

အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်နှင့် ပတ်သက်သက်သည့် ဝမ်းမြောက် ကြောင်း အဆို ၃ ရပ်ကို တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်ကမှတ်တမ်း တင်ခဲ့သည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေးနှင့်ပတ်သက်သည့် လွှတ်တော် အမတ်များ၏ အမေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင် သိန်းက ပြန်လည် ဖြေကြားရာတွင် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်မှု ချောမောစွာ စီးဆင်းနိုင်ရေး၊ နှစ်နိုင်ငံသဘောတူညီချက်၊ ကုန်သွယ်မှုပမာဏ စသည်တို့ ကိုက်ညီမှု မရှိခြင်းကြောင့် ဖေါ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ပြန်ဖြေခဲ့သည်။

တောင်သူများ ပိုးသတ်ဆေးသုံးစွဲခြင်းနှင့်စပ်လျင်းသည့်မေးခွန်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက ပြန်လည်ဖြေကြားခဲ့သည်။ ပိုးသတ်ဆေး ၁၉ မျိုး ရောင်းဝယ်ခွင့် ပိတ်ခဲ့ပြီး အာနိသင်မရှိသည့် ဆေးများဈေးကွက်အတွင်း ရောင်းချ ခြင်းတွေ့ပါက အကြောင်းကြားနိုင်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း ဖြေခဲ့သည်ဟု လွှတ်တော်အမတ်များကပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး ကိစ္စများကို လွှတ်တော်အမတ်များက မေးမြန်းကြရာ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ဆောက်လုပ်ဆဲနှင့် ဖောက်လုပ်ဆဲဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။

အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးအမတ်များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးမြင့်အောင်၊ ဦးကျော်ကျော်ဌေး၊ ဦးခင်မောင်အေး တို့ လေးဦး လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်သွားကြသည်။

ထိုနုတ်ထွက်သွားသူများမှာ မဖွဲ့ရသေးသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ထမ်းဆောင် ရန် ဖြစ်နိုင်ကြောင်း လွှတ်တော်အမတ်များက သုံးသပ်သည်။

ယနေ့ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးကို မနက်ပိုင်း ၁ဝ နာရီတွင် စတင်ပြီး နေ့လယ် ၁၂ နာရီခွဲတွင် ပြီးဆုံးသည်။ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံတော်သမ္မတ ကျမ်းကျိန်ရန်ရှိပြီး ပြည်ထောင်စုလွှတ်တော်တွင် အစမ်းလေ့ကျင့်နေပြီဟုလည်း လွှတ်တော်အမတ်များ က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ပြည်ထောင်စုလွှတ်တော်ကို နံနက် ၁၁ နာရီတွင် ကျင်းပရန်ရှိသော်လည်း အမတ်များ၏ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုများ မရှိတော့ဟု သိရသည်။

Ref;Mizzima

Read More...

Tuesday, March 29, 2011

အစိုးရသစ် ကျမ်းသစ္စာ ကျိန်မည်

ခင်ဦးသာ
29 March 2011

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် မတ်လ ၃၀ ရက်တွင် တနိုင်ငံလုံး၌ တပြိုင်တည်း ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“မနက်ဖြန် ၁၀ နာရီအရောက်လို့ ဖိတ်စာပေးထားပါတယ်၊ ဒါပေမယ့် ကျမ်းကျိန်ပွဲ လုပ်မယ်ဆိုတာက လွဲပြီး ဘယ်အချိန်၊ ဘယ်လို ဆိုတာကို ဘာမှ သေချာ မသိရသေးပါဘူး”ဟု ချင်းအ မျိုးသား ပါတီ၏ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တဦး က ဧရာဝတီကို ပြောသည်။

ပြည်နယ် ကိုယ်စားလှယ်များအား ဖိတ်ကြားစာ၌ မည်သည့် အကြောင်းအရာမှ ရေး မထားဘဲ နံနက် ၁၀ နာရီ အရောက် အစည်းအဝေး တက်ရောက်ရန်ဟုသာ ရေးသား ထားကြောင်း သိရသည်။

“ကျမ်းကျိန်မယ်ဆိုတာ သေချာပြောတာမဟုတ်ပေမယ့် နောက်နေ့ အစည်းအဝေး လုပ်မယ် ဆိုရင် ကြိုပြောတယ်၊ ကြံ့ခိုင်ရေး အမတ်တွေ အပြောအရ ကျမ်းကျိန် မယ်ဆိုတာ သိရတာပါ”ဟု နေပြည်တော်ရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး က ဧရာဝတီ ကိုပြောသည်။

မနက်ဖြန်ပြုလုပ်မည့် ကျမ်းကျိန်ပွဲ၌ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီး ဌာနနှင့်ဝန်ကြီးများ၏ အမည်စာရင်း ကိုပါ ပူးတွဲ ကြေညာသွားမည်ဟု သိရကြောင်း ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီးအမည်နှင့်ဌာနကို တွဲဖက်မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်ရှိဝန်ကြီး ဦးကျော်ဆန်း၊ ကျန်းမာ ရေး ၀န်ကြီးဌာနကို ဒေါက်တာ ဖေသက်ခင်၊ ဌာနအသစ်ဖြစ်သော စက်မှုနှင့်ဖွံ့ဖြိုးရေးဌာနကို UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က တာဝန်ယူမည်ဟု သတင်းများထွက်နေကြောင်း နေပြည်တော်ရှိ ကိုယ်စားလှယ်များက ပြော သည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် က တာဝန်ယူမည်ဟု သိရပြီင်္း လက်ရှိ တာဝန်ယူထားသော ၀န်ကြီးအများစု က ၎င်းတို့၏ လက်ရှိဝန်ကြီး ဌာန၌ပင် ဆက်လက်တာဝန်ယူသွားကြမည်ဟု သိရသည်။

“လုပ်လက်စတွေ ဖြစ်နေတာရယ်၊ အတွေ့အကြုံရှိတာတွေကြောင့် သူ့တို့နေရာ သူတို့ပဲ ပြန်ခန့်ထားမယ်လို့ သိရတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ကိုယ်စားလှယ်တဦးက ပြောသည်။

အစိုးရသစ်သည် ဧပြီ လဆန်း ၁ ရက်မှ စတင်၍ တာဝန်များကို ထမ်းဆောင် သွား မည်ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရသစ် ကျမ်းကျိန်မည့် အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား အသိ မပေးခြင်းနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)၏ ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“အခုကာလက တပ်မတော်ကနေ သမ္မတ စနစ်ကို ပြောင်းတဲ့ကာလဆိုတော့ ဝေဖန်လို့ မရသေးဘူးပေါ့၊ နောင်လာမည့် အစည်းအဝေး တွေမှာတော့ ဒီလိုကိစ္စမျိုးကို ပွင့်ပွင့် လင်းလင်းထောက်ပြလို့ ရမှာပါ”ဟု ဆိုသည်။

အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုမည့်အကြောင်းအား ကိုယ်စားလှယ်များကို အသိမ ပေးခြင်းပေါ် နားမလည်နိုင်ဟု ကိုယ်စားလှယ်များက ဆိုသည်။

“ဒု ၀န်ကြီးခန့်ထားမယ့် အငြိမ်းစား ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေလည်း လွှတ်တော်ထဲမှာ ဧည့်သည်အဖြစ် တက်ရောက် လာနေကြတာ တွေ့ရတယ်၊ မနက်ဖြန် အသေးစိတ် ကြေညာသွားမယ် ထင်တယ်”ဟု RNDP ကိုယ်စားလှယ်က ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အား ခမ်းနားစွာ မကျင်းပခြင်းကို ငွေကုန်ကျမှု သက်သာ သည်ဟု သာ လွှတ်တော်ကိုယ်စားလှယ်များက ယူဆပြီး စိတ်ဝင်စားမှု မရှိကြကြောင်း၊ စစ်တပ်ကို ခမ်းနားစွာ ထုတ်မသုံးသော်လည်း စစ်တပ်ကသာ ဆက်လက် အုပ်ချုပ်နေသည့် သဘောကို လွှတ်တော် အစည်းအဝေးများက သက်သေ ပြသွားကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးသစ်၏ ကျမ်းကျိန်ပြီးသည်နှင့်မိမိတို့ အိမ်ကိုပြန်ရန် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။ ၎င်းတို့၏ အပြန်ခရီးစရိတ်နှင့် ခရီးစဉ်အတွက် အဆင်သင့် စီစဉ်ထားပြီး ဖြစ်သည် ဟုလည်း ပြောဆိုကြသည်။

အစိုးသစ်တာဝန်ယူတော့မည်ဖြစ်၍ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန် နှင့် တခြားသော ဒေသများ၌ ယနေ့တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟု ဆိုင်းဘုတ်သစ်များကို ပြောင်းလဲ တပ်ဆင် လိုက် ကြောင်း သိရသည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို နိုင်ငံတကာ၌ ခမ်းနားစွာကျင်းပပြီး ပြည်တွင်းပြည်ပ မီဒီယာများ၊ ရုပ်သံများကို ဖိတ်ကြား၍ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း စစ်တပ်မှ သမ္မတ စနစ်သို့ကူးပြောင်း၍ ဒီမိုကရေစီ လမ်းကြောင်းကို သွားမည်ဟု ကြွေးကြော်နေသော မြန်မာစစ်အစိုးသည် သတင်းမီဒီယာကို အမှောင်ချထားဦးမည်ဟု ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦးက ဆိုသည်။

မီဒီယာကို ထိန်းချုပ်ထားသော စစ်အစိုးရ၏ စာပေစိစစ်ရေး ညွန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးတင့်ဆွေကမူ အနုပညာ ရသ သုတ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ စသည့် အမျိုးအစားများကို စာပေစိစစ်ရေးသို့ တင်ပြစရာ မလို တော့ ဘဲ ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ သတင်းစာ၏ လွတ်လပ်ခွင့်သည် အစိုးရသစ် အပေါ်မူတည်ကြောင်း ပြည်တွင်း မီဒီယာများကို ပြောဆိုထားသည်။

“တင်ပြစရာ မလိုတော့ဘူး ဆိုတဲ့စာတွေက ကလေးစာပေတွေ၊ နိုင်ငံရေး မဟုတ်တဲ့ စာပေတွေပါ၊ ဒါကို စိစစ်ရေး မတင်ရတာ သတင်းစာ လွတ်လပ်ခွင့်ပေးတာမှ မဟုတ်ဘဲ”ဟု အထက်ပါ သတင်းထောက်က ပြောသည်။

Ref;Irrawaddy

Read More...

ရော့စ် ဒန်ကလေ သိန်း ၁၀၀ ဖြင့် အာမခံရ

သင်းအောင်
29 March 2011

မြန်မာတိုင်းမ် ဂျာနယ်ကို ပူးတွဲတည်ထောင်သူ မစ္စတာ ရော့စ် ဒန်ကလေ၏ ရှေ့နေများ အာမခံ လျှောက်ထားမှုကို ယနေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်တွင် ကမာရွတ်မြို့နယ် တရားရုံးမှ ခွင့်ပြုလိုက်ပြီး အာမခံပေးလိုက်ပြီ ဖြစ်သည်။

နှစ်ဖက် လျှောက်လဲချက်များကို ရုံး တော်မှ အပြန်ပြန်အလှန်လှန် သုံးသပ် ခဲ့ပြီး မစ္စတာ ဒန်ကလေသည် နှလုံး ရောဂါကြောင့် ဆေးဝါးကုသ ခံနေ ရသူဖြစ်ကြောင်း ဒေါက်တာ စောဝင်း ၏ ထွက်ဆိုချက်နှင့် မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင် အရာရှိ ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဟူသော ဂုဏ်သိက္ခာများအရ ယခုကဲ့သို့ အာမခံ ပေးလိုက်ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးမှ ဖတ်ကြားသွားသည်။

ယခုလက်ရှိ မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် လွှဲပြောင်း တာဝန်ယူလိုက်သူ ဒေါက်တာ တင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့က ကျပ်ငွေ သိန်း ၅၀ စီဖြင့် စုစုပေါင်း သိန်း ၁၀၀ ကို အာမခံ တင်ပေးကြသည်။

ယနေ့ တရားခွင် ကြားနာမှုကို နေ့လယ် ၁ နာရီခွဲတွင် စတင်ရာ မစ္စတာ ဒန်ကလေ၏ ရှေ့နေများ ဖြစ်ကြသော ဦးအောင်သန်းစိုးနှင့် ဦးအောင်ဝင်းနိုင်တို့က လျှောက်လဲချက်များ တင်ပြခဲ့ကြသည်။

ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲရာတွင် တရားလို မခိုင်ဇာလင်းသည် ၁၆-၁-၂၀၁၁ တွင် မစ္စတာ ရော့စ် ဒန်ကလေမှ ခေါ်ဆောင်သွားခဲ့သည်ဟု တရားရုံးတော်တွင် ထွက်ဆိုခဲ့သော်လည်း ကမာရွတ် ရဲစခန်း၏ ပထမ သတင်းပေး တိုင်ကြားချက် (FIR) တွင် ၁၇-၁-၂၀၁၁ နံနက် ၁ နာရီတွင် အခင်းဖြစ်ပွားခဲ့သည်ဟု ဖော်ပြပါရှိခြင်း၊ သူမအား ဆေးဝါးများ တိုက်ကျွေးခဲ့ပါသည်ဟု ထွက်ဆိုသွားသော်လည်း တိကျခိုင်လုံသော အထောက်အထားများ မတွေ့ရခြင်း၊ ထို့အပြင် ဆေးစာများအရ တရားလိုသည် အရက်စွဲနေသူတဦးဟု ဖော်ပြထားခြင်း၊ ထိုသို့ အရက်စွဲနေသူ၊ နိုက်ကလပ်၌ ညစဉ် ကျင်လည်ခဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်၏ အပြင်ရောက်ရှိနေသူ အမျိုးသမီးတဦး၏ ထွက်ဆိုချက်များအပေါ် အမှန်ဟု ရုံးတော်မှ မယူဆသင့်ကြောင်း ပြောသွားသည်။

ထို့အပြင် အမှုဖြစ်စဉ်များကို သေချာစွာထောက်ရှု၍ တရားလို မခိုင်ဇာလင်းသည် မစ္စတာ ဒန်ကလေ၏ နေအိမ်အတွင်း ရောက်ရှိနေသည်ဟု စွပ်စွဲချက်မှာ ခိုင်မာမှု မရှိကြောင်း၊ တရားလို မခိုင်ဇာလင်းအား အထောက်အပံ့ ဖြစ်စေမည့် လူသက်သေ၊ ပစ္စည်းသက်သေ ခိုင်မာစွာ မတွေ့ရှိရကြောင်း၊ မစ္စတာ ဒန်ကလေက သူမအား နှုတ်ခမ်းနီ ဆိုးခိုင်းခြင်း၊ ဆေးကျွေး၊ အရက်တိုက်ခြင်းဟုဆိုရာတွင် တရားလို၏ လီဆယ် ထွက်ဆိုချက်များသာ ဖြစ်ကြောင်းနှင့် ထို့ကြောင့် ဤအမှုနှင့် ပတ်သက်၍ တရားခံအားစွဲချက် တင်သင့် မတင်သင့် ရှေ့နေကြီး ဦးအောင်သန်းစိုးက လျှောက်လဲချက်ပေးသည်။

ထို့နောက် မစ္စတာ ဒန်ကလေ၏ ရှေ့နေကြီး ဦးအောင်ဝင်းနိုင်ကလည်း ကမာရွတ် လ၀က ဦးစီးမှူး တရားလို ဒေါ်စ၀်လွင်လွင်မြင့်၏ လ၀က အက်ဥပဒေ ၁၃ (၁) ကို မစ္စတာ ရော့စ်ဒန်ကလေသည် ကျူးလွန်မှု မရှိကြောင်း တင်ပြ၍ ထပ်မံ လျှောက်လဲချက်ပေးသည်။ တရားခွင်အား နေ့လယ် ၂ နာရီ ၁၅ တွင် ခေတ္တရပ်နားပြီး ညနေ ၃ နာရီတွင် တရားခံအား အာမခံ ပေး၊ မပေး ဆုံးဖြတ်မည်ဟု ရုံးတော်က ကြေညာသည်။ ထို့နောက် တရားခံ၏ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို စာနာ နားလည်စွာဖြင့် ပုဒ်မ ၄၉၇ (၁) ခြွင်းချက်အရ အာမခံ ပေးလိုက်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက ဖတ်ကြားသည်။

မြန်မာတိုင်းမ်ဂျာနယ် ၀န်ထမ်းများ၊ ဒေါက်တာ တင်ထွန်းဦး၊ တာဝန်ခံ အယ်ဒီတာ ဦးဇော်မြင့်၊ မြန်မာတိုင်းမ် (အင်္ဂလိပ်ပိုင်း) အမှုဆောင်အရာရှိချုပ် မစ္စတာ ဘီကလောက် တို့လည်း တရားခွင်သို့ တက်ရောက်သည်။ ဆဋ္ဌမအကြိမ် ရုံးချိန်းကို ဧပြီလ ၄ ရက်နေ့သို့ ထပ်မံ ချိန်းဆိုထားသည်။

Ref;Irrawaddy

Read More...

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

ဧရာဝတီ
29 March 2011

ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေးဂိတ်ကို ယနေ့မွန်းလွဲပိုင်းက တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က လက်နက်ကြီး များဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။

Battle_dkba
မြ၀တီမြို့ခံကုန်သည်တဦးက“ဒီနေ့က ကားတန်း အဆင်းရက်၊ ဖြစ်တာက ကော့ကရိတ်အ၀င် အဖွဲ့စုံစစ်ဆေးရေး ဂိတ်မှာဖြစ်တာ DKBA အဖွဲ့က အဲဒီဂိတ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံကတော့ အကြီးအသေး အတိုင်းသားကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှုကြောင့်ခရီးသည်များ ထိခိုက်မှုမရှိသော်လည်း စစ်ဆေးရေးဂိတ်အတွင်းရှိ ၀န်ထမ်း တချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီ အတော်ကြာ ပိတ်မိနေကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ပစ်ခတ်မှုကို ကော့ကရိတ်ခရိုင် အာဏာပိုင်များက တောတွင်း ကရင်သူပုန်များက ရပ်ရွာတည်ငြိမ်မှုကိုမလိုလား၍ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ တပ်မတော်က လိုက်လံတိုက်ခိုက်၍ သူပုန်များထွက်ပြေးသွားကြကြောင်း သတင်းဖြန့်ခဲ့သည်ဟု မြို့ခံ များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီ-ကော့ကရိတ်-ဘားအံ လမ်းကြောတွင် တည်ရှိသော နအဖ ၏ စီးပွားရေးလမ်းကြောင်းကို ပိတ်ဆို့မှုပြုလုပ်နိုင်ရန်အတွက် ယင်းလမ်းကြောင်းပေါ်တွင် ယခု နှစ်ဆန်းမှစတင်ကာ အကြိမ် ၃၀ ခန့် တိုက်ခိုက်မှုများပြူလုပ်ခဲ့သည်ဟု DKBA တပ်မဟာ ၅ က ပြောဆိုသည်။

ယနေ့တိုက်ခိုက်မှုကို DKBA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ မှ ပူးတွဲတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည် KNLA တပ်မှူးတဦးက ပြောသည်။

KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က“ဒီနေ့မွန်းလွဲပိုင်းက ကော့ကရိတ်အ၀င်မှာဖြစ်တဲ့ စစ်ဆင် ရေးကို ပူးတွဲစစ်ဆင်ရေးအဖွဲ့က ပြုလုပ်တာဖြစ်တယ်၊ အဲဒီနယ်မှာက KNLA တပ်မဟာ ၆ က တပ်မဟာ လုံခြုံရေးတပ်နဲ့ DKBA တပ်မဟာ ၅ က ဗိုလ် ကျော်သက်တို့ လှုပ်ရှားတဲ့ စစ်ဆင်ရေး နယ်မြေဖြစ်တယ်”ဟု ပြောပြသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် မြ၀တီခရိုင်နှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ နအဖ တပ်စခန်းများကို ပြောက်ကျားစနစ်အသုံးပြုကာ တိုက်ခိုက်ကြ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက် တလုံး စခန်းကို DKBA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် မြ၀တီမှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့် မြ၀တီသို့ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။

Ref;Irrawaddy

Read More...

ငလျင်ကြောင့် တပ်တွင်း သေပျောက် သတင်း အမှောင်ချ

လင်းသန့်
29 March 2011

ရှမ်းပြည်နယ် ငလျင်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ပြီး စစ်တပ်အတွင်း လူအသေ အပျောက်နှင့် ပတ်သက်၍ သတင်း ပေါက်ကြားမှု မရှိစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာမှုများကို စစ်တပ်က တင်းကျပ်စွာကန့်သတ် ထား သည်ဟု သိရသည်။

Soldiers-rest-during-a-rescue-operation-after-the-March-24-earthquake

မိုင်းဖြတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၈ တွင်သေဆုံးသူ ၂၀ ကျော်နှင့် တာလေ အခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၃၁၆ တွင် ဘန်ကာများ၊ အဆောက်အအုံများ ပြိုကျ ပျက်စီးပြီး စစ်သားနှင့်မိသားစုဝင် ၃၀ ကျော် သေဆုံး သွားခဲ့သည့် တပ်တွင်း သတင်း ပေါက်ကြားမှု မရှိစေရေးအတွက် ထိုသို့ တင်းကျပ်ခြင်းဖြစ်သည်ဟု ဒေသခံ များကပြော ဆို သည်။


“ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ကယ်ဆယ်ရေးဝန်ကြီး နဲ့ တိုင်းမှူးရောက်လာတယ်၊ တပ်ထဲက အသေအပျောက်စာရင်းနဲ့ ပတ် သက်ပြီး သူတို့အထက်ကလူကြီးတွေကို မသိစေချင်လို့ တပ်ရင်းအာဏာပိုင်တွေကို သေချာပြောသွားတယ်ကြားတယ်၊ နောက်နှစ်ရက် သူတို့ဆီမှာ ခေါင်း မလောက်လို့ လာယူသွားတာက ၂၀ လေ၊ ကြည့်ရတာ တပ်တွင်းက သေဆုံးသူ ဒီ ထက် များတယ် ထင်တယ်”ဟု အဆိုပါ တပ်များသို့ လူသေအလောင်း ထည့်ရန် ခေါင်းပို့ပေးခဲ့ရသည့် ဒေသခံတဦးက ဧရာဝတီ ကိုပြောသည်။

တပ်တွင်းမှ သေဆုံးသူစာရင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများနှင့် ပတ်သက်ပြီး ဧရာဝတီ က စစ်တပ် တာဝန်ရှိသူများကို ကြိုးစား ဆက်သွယ်သော်လည်း ယခုအထိ ဆက်သွယ် ၍မရသေးပေ။

“မိုင်းဖြတ်တပ်ထဲက သေဆုံးသူက တော်တော်များတယ်ထင်တယ်၊ ဒီသတင်းကို အတော် ဖုံးဖိနေတယ်၊ သေဆုံးသူ အနည်းဆုံးတော့ အဲဒီမှာ ၂၀၊ ၃၀ ပဲ၊ ကြိတ်လုပ်နေ ကြတယ်”ဟု နယ်မြေခံ စစ်တပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။

ထို့အပြင် လုံခြုံရေးစိုးရိမ်မှုများနှင့် လမ်းပျက်စီးမှုများကြောင့် သွားလာရေးခက်ခဲနေသော မိုင်းကိုင်ရွာသည် ငလျင်ဒဏ်ကို တရွာလုံး ခံစားလိုက်ရပြီး ယခုအချိန်အထိ ကယ်ဆယ်ရေးများ မရောက်ရှိသေးဟု သိရှိရသည်။

“မိုင်းကိုင်ရွာက အိမ်ခြေ ၇၀ ကျော် ၈၀ လောက်ရှိတယ်၊ အဲဒီက သွားရေး လာရေးခက်ခဲတယ်၊ တရွာလုံး သေသွားတယ် လို့ အဲဒီကပြန်လာတဲ့သူ ကပြောတယ်၊ တကယ် ဦးတည်လှုပ်တာက အဲဒီကိုဦးတည်တာ၊ တာလေက အရောက်အပေါက် လွယ်တော့ တာလေ သတင်းပဲ လူသိများသွားတာပေါ့”ဟု ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူ တဦးက ပြောပြသည်။

မတ်လ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၌ တာချီလိတ်မြို့၊ တာလေ မြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် အိမ်ခြေ ၂၂၄ လုံး၊ ၆ ခန်းတွဲ လူနေ တိုက်ခန်းတွဲတခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျ ပျက်စီးခဲ့ပြီး သေဆုံးသူပေါင်း ၇၃ ဦး နှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၅ ဦးရှိသည် ဟု ဖော်ပြထားသည်။

ယခုအခါ ဒဏ်ရာရ အရပ်သားလူနာများကိုပါ သတင်းထောက်များနှင့် မတွေ့စေ လိုသောကြောင့် တပ်တွင်းစခန်းများသို့ ပြောင်းရွှေ့ထား၍ ငလျင် ဒုက္ခသည်များနှင့် ကူညီကယ်ဆယ်ရေး အစီအစဉ်များလဲ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

“အခုထိ နိုင်ငံတော်ဆိုတဲ့သူတွေဆီက ဘာမှထိရောက်တဲ့အကူအညီတွေ မလာသေးပါဘူး၊ အခုပိုဆိုးတာက လူနာ အား လုံး လိုလိုကို တာလေအခြေစိုက် ၃၁၆ တပ်ရင်းနဲ့ မိုင်းလင်း အခြေစိုက် တပ်ရင်း ၅၇၁ တို့ကို ပြောင်းပစ်လိုက်တယ်၊ ပြော တာတော့ ပြည်ပ သတင်းထောက်တွေ လာကြလို့ သတင်းပေါက်ကြားမှာ စိုးလို့ ကြားတာပဲ” ဟု တာလေ ဒေသခံ တစ်ဦး က ပြောပြသည်။

ငလျင်ကယ်ဆယ်ရေး လုပ်ဆောင်နေကြသော အလှူရှင်များသည်လည်း ကယ်ဆယ်ရေး ပစ္စည်းများ ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် အခက်အခက်များစွာရှိနေကြောင်း သိရသည်။

“တတ်နိုင်တဲ့ သူတွေက အထုပ်တွေအများကြီးနဲ့ လာလှူတာမျိုးတွေရှိတယ်၊ ဒုက္ခသည်တွေဆီကို တိုက်ရိုက်ပေးခွင့် မရှိဘူး၊ နည်းနည်းလောက် တခါစား၊ နှစ်ခါစားမျိုးလောက်ဆိုရင်တော့ သူတို့က ခွင့်ပြုတယ်”ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

အစိုးရ သတင်းစာများ၌မူ ငလျင်ဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဓာတ်ပုံများနှင့် တကွ ဝေေ၀ ဆာ ဆာ ဖော်ပြနေသည်။

နေပြည်တော်မှ ဗိုလ်ချုပ်တဦးနှင့် တိုင်းမှူးတို့လာပြီးနောက် ပျက်စီးလမ်းများကို ယာယီ သွားလာနိုင်ရေးအတွက် အရေးပေါ် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ဟု အမည်မဖော်လို သူ ဒေသ အာဏာပိုင်တဦးက ပြောသည်။

“စစ်သားတချို့ကယ်ဆယ်ရေး လာလုပ်ပေးတာတော့ရှိတယ်၊ သူတို့က အဆောက် အအုံပျက်တွေမှာ ရွှေငွေနဲ့ အဖိုးတန် ပစ္စည်းတွေကိုပဲရှာကြတာ၊ လူကိုလာကယ် တာမဟုတ်ဘူး၊ နောက် အဆောက်အအုံ ရှင်းတဲ့ ကားကြီး ၂ စီးပဲ လာတယ်၊ အဲဒါကလဲ ပိုက်ဆံရှိတဲ့၊ ရာထူးရှိတဲ့အိမ်ကိုပဲ အရင်လုပ်ပေးတာ”ဟု ငလျင်ဒဏ်ခံ ဒုက္ခသည်တဦးက ပြောသည်။

အစိုးရ၏ ထိရောက်သည့် အကူအညီမျိုး မရကြောင်းနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ရပ်မိရပ်ဘများ၏ လာ ရောက် ပေးပို့သော အကူအညီမျိုးသာ ရနေကြောင်း ဒေသခံများက ပြောဆိုသည်။

ရပ်မိရပ်ဘများဦးစီးပြီး ကူညီကယ်ဆယ်ရေးများ ဆက်လုပ်နေကြောင်း၊ ဒေသခံ တချို့မှာမူ ငလျင်ငယ်ကလေးများ ယခု အချိန် အထိဆက်လှုပ် နေသေးသည့်အတွက် လမ်းဘေး၌ အိပ်နေကြရကြောင်း၊ ကယ်ဆယ်ရေးစခန်းကို အစိုးရ အာဏာ ပိုင်များက ဖွင့်လှစ်ထားသော်လည်း ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တိုက်ရိုက်ပေး၍မရဘဲ စစ်တပ်ကို ပေးခဲ့ရကြောင်း အလှူရှင်တဦးကလည်း ပြောသည်။

“စစ်တပ်က သူတို့ကို ပေးခဲ့ရတဲ့ ဒီပစ္စည်းတွေကို ငလျင်ဒုက္ခသည်တွေ လက်ထဲပေးမယ်လို့ ကံသေကံမ မပြောနိုင်ဘူး၊ ဒါပေမယ့် ရေတို့၊ ခေါက်ဆွဲခြောက်တို့က တကယ်ဒုက္ခသည်တွေ အခုလက်ငင်းလိုနေတာ၊ သူတို့လက်ထဲ တိုက်ရိုက် ပေးချင် ခဲ့ပေမယ့်မရဘူး၊ ကိုယ်ကစေတနာ ပြတ်ထားပြီးသားမို့ရောက်ပါစေ ဆုတောင်းပြီးပေးခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ဒေသအာဏာပိုင် တချို့နှင့် စစ်တပ်အရာရှိတချို့က ဒုက္ခရောက်နေသူများကို ကယ်ဆယ်ရေးလုပ်သည်ထက် ကယ်ဆယ် ရေး ပစ္စည်းများကို အလွဲသုံးစား လုပ်မှုများရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

“အစိုးရကဘာမှ မကူတဲ့အပြင် ကျမတို့ကို လာလှူတဲ့ဟာတွေကိုသူတို့စခန်းမှာ သိမ်းထားလိုက်တယ်။ သူတို့ကလာ ကြည့် သွားပြီး ဓာတ်ပုံအရိုက်ခံတာလေ၊ လာဝေတဲ့ ရေသန့်ဘူး၂လုံးနဲ့ ခေါက်ဆွဲခြောက်၂ ထုပ် ကျမ ဒီနေ့ရတယ်”ဟု ဒေသခံ ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။

ယခုအချိန်အထိ ငလျင်ဘေးသင့်ဒေသ တခုဖြစ်သော ကျကူနီကျေးရွာ သို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ မရောက်ရှိသေး ကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ခံ ဒေသသည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)၊ “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ လားဟူ နယ်ခြားစောင့် တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားရာ ဒေသဖြစ်နေသဖြင့် အစိုးရစစ်တပ်က ကူညီ ကယ် ဆယ် ရေး အဖွဲ့များအား လုံခြုံရေးအရ သွားရောက်ခြင်းမပြုရန် တားမြစ်ထားသည်။

နောက်ဆုံးရ သတင်းများအရ တာချီလိတ်၊ တာလေ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ကားလမ်းများကို ယာယီပြင်ဆင်မှုများပြုလုပ်ပြီးနောက် ယာဉ်ငယ်များကို အစိုးရ လုံခြုံရေးတပ်ဖွဲ့များက စတင်သွားလာခွင့်ပြုလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံဘက်မှ အကူအညီပေးရေးကမ်းလှမ်းမှုများလည်း ရှိကြောင်း၊ ရန်ကုန်မှ ပြည်တွင်း သတင်းထောက်များလည်း ရောက်ရှိနေကြပြီး တချို့နေရာများကို သွားလာခွင့် မပြုသေးကြောင်း သိရသည်။

“မယ်ဆိုင်က ထိုင်းအရာရှိတွေက သူတို့ကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို တောင်းဆို ထားတယ်လို့ သိရတယ်။ ရမယ် မရဘူးမသိဘူး၊ အခုထိတော့ ထိုင်းဘက်က နားလည်မှုနဲ့ဝင်လာတဲ့ အကူ အညီတချို့ပဲ ရတယ်”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ မြန်မာ လူမျိုး တဦးက ပြောသည်။

သဘာဝ ဘေးဒဏ်နှင့်ပတ်သက်၍ စစ်အစိုးရအနေဖြင့် ယခုအချိန်အထိ ထိရောက် မြန်ဆန်စွာ ကူညီကယ်ဆယ်ရေးအတွက် လေ့ကျင့်သင်ကြားပေးမှုများမရှိသကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်များလည်း မရှိသေးပေ။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်း၊ မွန် ပြည်နယ် တို့တွင် အနည်းဆုံးလူပေါင်း ၁၃၄,၀၀၀ ကျော် သေကြေပျက်စီးခဲ့ပြီး အိုးအိမ်၊ လယ်ယာ၊ ရေလုပ်ငန်းသုံး လှေ၊ သမ္ဗန် ၊ သင်္ဘော များစွာလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် စသည့်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်ရိုက်ဝင်ရောက်ကူညီပေးရန် ကမ်း လှမ်းချက်များကိုလည်း စစ်အစိုးရက ငြင်းဆန်ခဲ့သောကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာရောက်ပြီး အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ လက်ခံရန် တိုက်တွန်းပြောကြား ခဲ့ရသည်။

ထို့အပြင် ကယ်ဆယ်ရေးပစ္စည်းများကို ဒုက္ခသည်များထံသို့ တိုက်ရိုက်ပေးသည် ကိုလက်မခံဘဲ အစိုးရ အာဏာပိုင်များမှတဆင့်သာ လက်ခံခဲ့သည်။ ယခုအချိန် အထိ နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများမှာ လွတ်လပ်စွာလုပ်ဆောင်ခွင့် မရရှိသေးပေ။

Ref;Irrawaddy

Read More...

KIO အရာရှိဟောင်းများ ကြံ့ဖွံ့ပါတီ ၀င်ခွင့်အတွက် လျှောက်လွှာတင်ထား


ဒေါက်တာ မနမ်တူးဂျာနှင့် ဖျက်သိမ်းပြီး ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) မှ အခြား အထက်တန်းပါတီဝင်ဟောင်း ၅ ဦး မြန်မာစစ်တပ်ကျောထောက်နောက်ခံပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထံ ပါတီဝင်ခွင့်လျှောက်လွှာတင်ခဲ့သည်ဟု ၎င်း KSPP ပါတီဝင်ဟောင်းများနှင့်နီးစပ်သူများက ဆိုသည်။

မြစ်ကြီးနားရှိ ပြည်နယ်ကြံ့ဖွံ့ပါတီရုံးသို့ ၎င်း KSPP (Kachin State Progressive Party) ခေါင်းဆောင်ဟောင်းများ၏ ကြံ့ဖွံ့ပါတီဝင်လျှောက်လွှာကို လွန်ခဲ့သည့် အပတ်က တင်သွင်းခဲ့သည်ဟု ဆက်ဆိုသည်။

ပြည်နယ်ကြံ့ဖွံ့ရုံးမှလည်း KSPP ပါတီ ခေါင်းဆောင် ဟောင်းများ၏လျှောက်လွှာ ကို “လက်ခံသင့် မခံသင့် နက်နက်နဲနဲ စဉ်းစား နေသည်” ဟု ပြည်နယ်ကြံ့ဖွံ့ရုံး နှင့် နီးစပ်သူများဆိုသည်။

ဒေါက်တာ တူးဂျာသည် ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ-၂ လုပ်ခဲ့ဖူးသည်။ ထို့အပြင် အင်ဂျာ နော်ရစ်၊ ဒူကဘာ ၀ါအင်ဒူ မုန်ခေါင်၊ ဒူကဘာ ပေါင်ရှီ ဇော်ဖန်း၊ ဒူကဘာ နှုပ်လဲ့ နှင့် ဆလန်ကဘာ စဘော်ကရန် တို့သည်လည်း KIO မှ အဆင့်မြင့် အရာရှိများဖြစ်ခဲ့ကြသည်။

ဒေါက်တာ တူးဂျာနှင့် KIO အဆင့်မြင့်အရာရှိ ၅ ဦးသည် မြန်မာစစ်တပ် မှကြီးမှုးကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် လိုသောကြောင့် ၎င်းတို့အား ၂၀၀၉ ခုနှစ် စက်တင်ဘာ၌ KIO မှ ထုတ်ပယ်လိုက် သည်။ ထိုအချိန်သည် KIO ကို နယ်ခြားစောင့်တပ်ပြောင်းလဲ ဖွဲ့စည်းရေးအတွက် မြန်မာစစ်တပ်က ဖိအားများပေးနေချိန်ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်က ထိန်းချုပ်သည့် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာ တူးဂျာ ဦးဆောင်သော KSPP ပါတီကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုခဲ့ပါ။

KSPP ပါတီကို KIO အရာရှိဟောင်းများကဦးဆောင်နေခြင်းနှင့် KIO သည်လည်း မြန်မာစစ်တပ်၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို ငြင်းဆန်သည့်အတွက် ရွေးကောက်ပွဲကော်မရှင်က KSPP ပါတီကို ပါတီထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်ဟု KSPP ပါတီဝင်များက ဆိုခဲ့သည်။

ထို့အပြင် မြန်မာစစ်တပ်၏ဖိအားပေးမှုကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၎င်းတို့ပါတီကို ဖျက်သိမ်းခဲ့ရသည်ဟု KSPP ပါတီခေါင်းဆောင်များ ပြောခဲ့သည်။

KSPP ပါတီ၏ ရွေးကောက်ပွဲဝင်ရန်အားထုတ်မှုအတွက် ၎င်းပါတီသည် ကချင်ပြည် နယ်လူထုနှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (Kachin Nationals Consultative Assembly)၊ KIO စသည့် ကချင်အဖွဲ့အစည်းများ၏ မူအရ ထောက်ခံ အားပေးမှု များစွာရရှိခဲ့သည်။

ယခုလို KIO နှင့် KSPP ခေါင်းဆောင်ဟောင်းများ၏ ကြံ့ဖွံ့ပါတီဝင် လျှောက်လွှာ တင်ခြင်းအပေါ် လက်ရှိ KIO ခေါင်းဆောင်များ မှတ်ချက်ပေးရန် ငြင်းဆန် နေသော်လည်း ကချင်နိုင်ငံရေးတက်စွလှုပ်ရှားသူများကတော့ ၎င်းခေါင်းဆောင်များ ၏ ဒီမိုကရေစီ နှင့် နိုင်ငံရေးခံယူချက်ကို ဝေဖန်နေကြပါသည်။

Ref;KNG

Read More...

စစ်ဖြစ်မည်ကို ကချင်လူငယ်များ မလိုလား


ကချင်ပြည်နယ် အတွင်း စစ်ဖြစ်လာမည်ကို မလိုလားကြောင်း ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) က ပြောဆိုလိုက်သည်။ AKSYU ၏ နှစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ညီလာခံမှ ထုတ်ပြန် ကြေငြာချက်တွင် ယင်းအချက်ကို အဓိက ဖေါ်ပြထားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ စစ်အစိုးရ ခေတ်အဆက်ဆက်က တိုင်းရင်းသားပြဿနာနဲ့ ပတ်သက်လို့ရှိရင် နိုင်ငံရေးအရ ငြိမ်းငြိမ်းချမ်းချမ်း လက်ခံဖြေရှင်းတဲ့ဟာကို မလုပ်ပဲနဲ့ အမြဲတမ်း၊ စစ်ရေးအရ ဖြေရှင်းတာပဲ လုပ်တယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ စစ်ပြေး ဒုက္ခသည်တွေဖြစ်ရတယ်။ မိသားစု တကွဲတပြားဖြစ်ရတယ်၊ ညီအကို မောင်နှမ တကွဲ တပြားဖြစ်ရတယ်၊ ဒီဟာ နှစ်ပေါင်း ၆၀ အဲ့လို ဖြစ်လာတယ်၊ အဲ့ဒါကြောင့် ကျတော်တို့က စစ်ရေးအရဖြေရှင်းတာကို ကန့်ကွက်ချင်တာပါ။” ဟု ကချင်ကျောင်းသား များ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ လီယိုနာဒ်မှ ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်လွတ် မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာ ဗဟိုအစိုးရ ကြား ၁၉၆၁ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ စစ်ပွဲများ ဖြစ်ပွားခဲ့ရာ ကချင်တိုင်းရင်းသား များအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများနှင့် ထိစပ်နေ သော နယ်စပ် ဒေသတစ်လျှောက် စစ်ပြေးဒုက္ခသည် များ အဖြစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

၁၉၉၄ ခုနှစ်တွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း ယခင်နှစ် စက်တင်ဘာလဆန်းတွင် ကေအိုင်အိုမှ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းခြင်း မရှိသဖြင့် စစ်အစိုးရမှ သောင်းကျန်သူပုန် အဖြစ် ပြန်လည် ခေါ်ဆို သတ်မှတ်ခဲ့သည်။

လတ်တလော လပိုင်းများအတွင်း ကချင်ဒေသများတွင် စစ်အစိုးရနှင့် ကေအိုင်အို တပ်ဖွဲ့များအကြား စစ်ရေးအင်အား တိုးချဲ့မှု၊ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိမ်းသိမ်းမှုများ ရှိခဲ့သဖြင့် စစ်ပြန်ဖြစ်ရန် နီးစပ်နေသည်ဟု စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ မှမူ “ကေအိုင်အိုရဲ့ တာဝန်က တို့နယ်ပယ်၊ တို့ရဲ့နေရာကို စောင့်ရှောက်ဖို့၊ အဲဒီတော့ကာ သူတို့သာ မတိုက်လာရင် ကေအိုင်အိုအနေနဲ့ ၀င်တိုက်ဖို့ ပေါ်လစီမရှိဘူး။ သူတို့ တိုက်လာမှသာ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်တိုက် ဖို့ရှိတယ်။”ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိမ်းလွမ်းဒေါင်မှ ပြောသည်။

ကချင် တမျိုးသားလုံး ဆိုင်ရာ ကျောင်းသားလူငယ်များ သမဂ္ဂ (AKSYU) အဖွဲ့သည် ပြည်တွင်းပြည်ပ ကချင်လူငယ် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး လုပ်ရှားနေသည့် အဖွဲ့အစည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ မတိုင်မီကတည်းကပင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုဆန့်ကျင်သည့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကချင်လူထုအား ပညာပေး ဟောပြောခြင်း၊ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဂီတသီချင်းများ ဖြန့်ဝေခြင်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါသည်။

Ref;KNG

Read More...

ဒု ကာကွယ်ရေးဦးစီးချုပ်သစ် အဖြစ် ဗိုလ်ချုပ်စိုးဝင်းကို ရွေးချယ်

2011-03-28

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာခင် ပေါ်ပေါက်လာမဲ့ အစိုးရ အဖွဲ့သစ်အတွက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ် စိုးဝင်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် စစ်ရုံးချုပ်နဲ့ နီးစပ်သူတွေက RFA ကို မတ်လ ၂၇ ရက် မနေ့က ပြောကြားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူထားတဲ့ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှဲအပ်ဖို့ လျာထား တဲ့သတင်းကို RFA ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

အခု ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူလာခဲ့တဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို လျာထားခံရတဲ့ ဗိုလ်ချုပ် စိုးဝင်းဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ဆင်း ဖြစ်ပါတယ်။

သူဟာ လက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့ (၆) အဖွဲ့မှူး တာဝန်ယူထားသူဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူလာခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူးသစ်အတွက် ဗိုလ်ချုပ် စိုးဝင်းနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် လှဌေးဝင်းတို့ နှစ်ဦးထဲက တဦးကို ရွေးချယ် ပေးအပ်ဖို့ မူလကတည်းက ရည်ရွယ်ထားတာ ဖြစ်တယ်လို့ မြန်မာ့စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော က ပြောပါတယ်။

“သူ့နာမယ်တော့ စောစောတုန်းက အစောဆုံး ထွက်လာတာ သူ့နာမယ်ပဲ ဒု-ချုပ်အနေနဲ့။ နောက် ကိုမင်းအောင်လှိုင် တပ်ချုပ် ဖြစ်တယ်ဆိုတာ ထွက်လာတယ်။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို မရွေးချယ်ပဲ သူ့ထက် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် နောက်ကျတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လျာထားလိုက်တဲ့အတွက် မကျေလည်မှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ မကြာခင်က သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

လောလောဆယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့သစ်ကို တရားဝင် အာဏာလွှဲပြောင်းမဲ့ နေ့ရက်ကို အခါပေးဆရာတွေနဲ့ တိုင်ပင်ပြီး ချီတုံချတုံ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်က နောက်ဆုံးရရှိတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အာဏာလွှဲပြောင်းပွဲကို ဧပြီလ ၁ ရက်နေ့ မတိုင်ခင် အခု ရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


Ref;RFA

Read More...

တပ်မတော် သိက္ခာပြန်ဆည်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောဆို

2011-03-28

ရှမ်းပြည်တပ်မတော်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီက မတ်လ ၂၇ ရက် မနေ့က ရှင်းလင်းချက် ထုတ်ပြန်လိုက်သလို ရှေ့တန်းရောက် မြန်မာ တပ်မတော်သားတွေနဲ့ တပ်မှူးများနဲ့ အရပ်သားများထံသို့ အိတ်ဖွင့်ပေးစာ တစောင်လည်း ပေးပို့လိုက်ပါတယ်။

ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အစိုးရဟာ ရှမ်းပြည်တပ်မတော် လက်နက်ချဖို့ သဘောတူထားတယ် ဆိုတာကို ဝါဒဖြန့် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရှင်းပါတယ်။ ဒါ့အပြင် ရှမ်းပြည်တပ်မတော်ရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေကိုလည်း စစ်အစိုးရထံကို ရှင်းရှင်းလင်းလင်း တင်ပြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတင်ပြချက်တွေကို စစ်အစိုးရကသာ မသိကျိုးကျွံ ပြုနေခဲ့တယ်လို့ ရေးထားပါတယ်။

တဆက်တည်း ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာ တပ်မတော်သားများကို လက်တဆုပ်စာ စစ်အစိုးရကို အလုပ်အကျွေး မပြုဖို့ တိုက်တွန်းထားပြီး တပ်မတော်ရဲ့ ကျဆင်းနေတဲ့ သိက္ခာကို ပြန်တင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် တပ်မတော်သားများကို ရှမ်းပြည်တပ်မတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ထားသလို ကျောင်းသား တပ်မတော်ကို သွားချင်ရင်လည်း ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

Ref;RFA

Read More...

တပ်မတော်ကွဲပြဲရခြင်း၏အကြောင်း ဗိုလ်ချုပ်မှူးကြီးဖွင့်ဟ

၂၉ မတ်လ ၂၀၁၁

၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးမှ တပ်မတော်ကွဲပြဲရခြင်း၏ အကြောင်းကို ဖွင့်ဟ ခဲ့ကြောင်း သိရပါသည်။

ပုံကြီးကြည့်ချင်လျှင် ပုံပေါ် click ပါ

“ တရုတ်တို့၏ သြဇာနှင့် အယူဝါဒများအား မဆင်မခြင်လိုက်နာတာကြောင့် အချင်းချင်း ဖြုတ်၊ ထုတ်၊ သတ်ပြီး နိဂုံးချုပ်သွားတဲ့ ဗိုလ်ချုပ်တွေရှိသလို ကိုယ့်နိုင်ငံရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုရာ ဖွံ့ဖြိုး တိုးတက်မှုတွေ၊ နောက်ခံသမိုင်းကြောင်းတွေနဲ့ မတူတဲ့ နိုင်ငံကို ပုံတူကူးချလို့ ဒုက္ခရောက်ကြရသူတွေလည်း အများအပြားရှိခဲ့တယ်” လို့ ဆိုပါတယ်။

Read More...

Uncensored Burma - Daily News ( 2011 Mar, 28)

news on Mar 28

Read More...

Monday, March 28, 2011

မြန်မာနှင့် ဆက်စပ်သည့် FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ

မင်းနိုင်သူ
28 March 2011

မန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာကို ဆွစ်ဇာလန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားဖွယ် ရှိနေသည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်သည် ဆွစ်ဇာလန် အပါအ၀င် အနောက်နိုင်ငံ များ၏ စီးပွားရေးပိတ်ဆို့ အရေးယူခံထားရ သူဖြစ်နေ ခြင်းကြောင့် စုံစမ်းစစ်ဆေး မှုများ ပြုလုပ်သွားရန် ဆွစ်ဇာလန် အစိုးရက စဉ်းစားနေခြင်း ဖြစ်ကြောင်း ဆွစ်ဇာလန် မဂ္ဂဇင်း Woz တွင် ရေးသားထားသည်။

ဦးဇော်ဇော်သည် ဘောလုံးကွင်းတည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ဖြစ်နေရာ FIFA ၏မြန်မာဘောလုံးအဖွဲ့သို့ ထောက်ပံ့ငွေ များသည် မက်စ်ကုမ္ပဏီထံသို့ တဘက်လှည့် စီးဝင်သွားမည့် အလားအလာလည်း ရှိနေ သဖြင့် ယင်းကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဆွစ်ဇာလန်အစိုးရ က စိုင်းပြင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဆွစ်ဇာလန်အစိုးရသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အခြေစိုက် FIFA ၏ ရန်ပုံငွေသုံးစွဲမှုနှင့် စီးပွားရေးပိတ်ဆို့မှုများသည် ကမ္ဘာ့ဘော လုံးလောကသို့ပါ သက်ရောက်နိုင်ခြင်း ရှိမရှိ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဆွစ်ဇာလန်အစိုးရ၏ ကနဦးထုတ်ပြန်ချက်တွင် ဖီဖာနှင့်တွေ့ဆုံကာ ယင်းကိစ္စရပ်များကို မေးမြန်းစုံစမ်းရန်လိုအပ်နေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

အကယ်၍ FIFA ၏ ထောက်ပံ့ငွေများသည် မက်စ်မြန်မာ ကုမ္ပဏီထံ စီးဝင်နေမှုများ တွေ့ရှိရပါက FIFAမှ တာဝန်ရှိသူများသည်ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ သိန်း ၇ သောင်း ဒဏ်တပ်ခံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇာဏီအောင်က“ FIFA ဥက္ကဌနဲ့ပတ်သက်တဲ့သတင်းတွေကို ကျနော်တို့ မဖတ်ရ သေးတော့ ၊ ဒါနဲ့ ပတ်သက်ပြီး တစုံတခု မပြောနိုင်သေးပါဘူး။ ဒီမှာကလည်း သတင်းဆိုက်တွေဖွင့်ဖို့ မလွယ်ပါဘူး။ FIFA ဥက္ကဌ လာစဉ်တုန်းက ကျနော်တို့ ဥက္ကဌ က နောက်ထပ် တောင်ကြီးမြို့မှာလည်း ဘောလုံးအကယ်ဒမီကျောင်း ထူထောင်ဖို့ FIFAက အကူအညီပေးပါလို့ တောင်းခံ ထားတယ်။ FIFAဥက္ကဌကလည်း သူရှိနေစဉ်မှာ အတတ်နိုင်ဆုံး အကူအညီပေးပါ မယ်လို့ ပြောသွား ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့ပြီး မန္တလေးမြို့၌ FIFA ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းဖွင့်လှစ် ပေးခဲ့သည်။

ထို့နောက် ဦးဇော်ဇော်၏ စီစဉ်ပေးမှုဖြင့် နေပြည်တော်သို့ သွားရောက်၍ အစိုးရသစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်ကိုလည်း တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုသည် အရပ်သား အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရန်ကုန် သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေ ကြောင်း မတ်လ ၁၄ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားခဲ့သည်။

မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့တွင် ဒု သမ္မတဖြစ်လာမည့် လက်ရှိအတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အလွန်ရင်းနှီးသူစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။

ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)အတွက် ရည်ရွယ်ပြီး နေပြည်တော်၌ တည်ဆောက်နေသည့် ဘောလုံးကွင်း၂ ကွင်း နှင့် အားကစားရွာ တည်ဆောက်ခွင့် ကိုပါ ရထားသူဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး စီးပွားရေး ဇုန်ဖြစ်လာမည်ဟု ပြောဆိုနေသည့် ထားဝယ် ရေနက် ဆိပ် ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။

“FIFAဆီက ရထားတဲ့ငွေတွေနဲ့ ဘောလုံးကွင်းတည်ဆောက်ရေးတွေကိုတော့ မက်စ်မြန်မာကုမ္ပဏီကပဲ ရယူထားတာ အမှန်ပါပဲ။ ဆတ်ဘလတ္တာလည်း ဥက္ကဌ သက်တမ်းကုန်ခါနီးပါပြီ။ FIFAဥက္ကဌ နေရာအတွက် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာတာနိုင်ငံသား မိုဟာမက်ဘင်ဟမ်မန်က ယှဉ်ပြိုင်ဖို့ရှိနေတယ်။ ဘင်ဟမ်မန် အတွက်ကတော့ ဒီပြဿနာဟာ လက်နက်ကောင်းတခု ဖြစ်သွားနိုင်ပါတယ်”ဟု အားကစား ဆောင်းပါးရှင်တဦးက သုံးသပ်ပြောဆိုသည်။

FIFAဥက္ကဌရာထူး ရွေးပွဲကို ယခုနှစ် ဇွန်လတွင် ကျင်းပသွားမည်ဖြစ်သည်။ မစ္စတာ ဘလတ္တာသည် ယခုအခါ အသက် ၇၅ နှစ် ရှိပြီး FIFAဥက္ကဌအဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်သည်။

FIFAဥက္ကဌ ရာထူးယှဉ်ပြိုင်မည့်သူ စာရင်းကို ဧပြီ ၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ရာ ယခုအချိန်ထိ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဌ မိုဟာမက် ဘင်ဟမ်မန် နှင့် လက်ရှိ ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာတို့ နှစ်ဦးသာ စာရင်း ပေးသွင်းထားသေးကြောင်း သိရသည်။

Ref;Irrawaddy

Read More...

ထိုင်းက နိုင်ငံခြားသား အလုပ်သမား ထပ်ခေါ်ရန် စီစဉ်နေ

ဘစောတင်
28 March 2011

နိုင်ငံတွင်း တရားဝင် လာရောက် လုပ်ကိုင်နေသော မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားများနှင့် မလုံ လောက်၍ ဘင်္ဂလားဒေ့ရှ် နှင့် အင်ဒိုနီးရှား နိုင်ငံများမှ အလုပ်သမားများခေါ်ယူရန် ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနက စီစဉ် နေသည်။

အလုပ်သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် စုမ်ကိယတ် ချာရာစီရိဝုန်(Somkiat Chayasriwong) က နိုင်ငံခြားသား အလုပ်သမားရေးရာ ကော်မတီအနေနှင့် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ရန်ပျက်ကွက်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမားများ၏ နေရာ၌ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများကို အစားထိုး ခေါ်ယူလိုသည်ဟု ပြောကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာသို့ အလုပ်သမား ၁၀ သန်းခန့် သွားရောက် လုပ်ကိုင် နေ သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ထိုင်းသို့လည်း လာရောက်လုပ်ကိုင်ရန် အသင့်ရှိနေကြောင်း သိရသည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ်မှ အလုပ်သမားများကို ခေါ်ယူလိုက်ခြင်းအားဖြင့် လုပ်ငန်းရှင်များအတွက် အလုပ်သမား လိုအပ်ချက် များ ဖြည့်ဆည်းပြီး ဖြစ်သကဲ့သို့ တရားမ၀င် အလုပ်သမား လျှော့ချနိုင်သည့်အတွက် ပြည်တွင်းလုံခြုံရေးအတွက်လည်း အထောက်အကူဖြစ်နိုင်သည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြောင်း သတင်းစာက ရေးသားထားသည်။

ထို့အပြင် အင်ဒိုနီးရှား နိုင်ငံမှ အလုပ်သမားများကို ခေါ်ယူသွားသည်ဟုလည်း ဆိုသည်။

ယခုခေါ်ယူမည့် နိုင်ငံခြားသား အလုပ်သမားများကို ဆောက်လုပ်ရေး လုပ်ငန်းခွင် နှင့် အိမ်ဖော် လုပ်ငန်းများအတွက် ရည်ရွယ်ကြောင်း သတင်းစာက ရေးသည်။

ရွှေ့ပြောင်းအလုပ်သမား လှုပ်ရှားမှု ကွန်ရက်(Action Network for Migrants)မှ အဒိစွန် ကေ့မုန်ကွန်လ် က ယခုရည်ရွယ် သည့် လုပ်ငန်ခွင်များ၌ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများက နှစ်သက်နိုင်မည်မဟုတ်ကြောင်း၊ ၎င်းတို့သည် ငါးလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ၌သာ လုပ်ကိုင်လိုကြကြောင်း ဆိုသည်။

နိုင်ငံခြားသား အလုပ်သမား တင်သွင်းမှုနှင့်ပတ်သက်ပြီး ထိုင်းအစိုးရက မြန်မာအစိုးရထံသို့ တရားဝင် အလုပ်သမား တသိန်း လိုအပ်သည်ဟု အကြောင်းကြားခဲ့သော်လည်း မြန်မာဘက်မှ ၁၈၀၃ ဦးသာ ပို့နိုင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား ပို့ဆောင်သည့် လုပ်ငန်းစဉ် စည်းမျဉ်း စည်းကမ်းများ၌ ရှုပ်ထွေးမှု များ စွာရှိသည်ဟု စုမ်ကိယတ် ချာရာစီရိဝုန် က ဆိုသည်။

သတင်းစာ ၌ အလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်၍ အလုပ်လုပ်နေသည့် နိုင်ငံခြားသား အလုပ်သမားများထဲမှ ရွှေ့ပြောင်း အလုပ်သမား၂ သိန်းခန့်သည် သတ်မှတ်ချိန်အတွင်း မှတ်ပုံတင် သက်တမ်းတိုးခြင်းမရှိခဲ့၍ ၎င်းတို့အား သက်ဆိုင်ရာ က အရေးယူရန် ညွှန်ကြားထားပြီးဖြစ်သည်ဟုလည်း ပါရှိသည်။

မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသူ Thai Action Committee for Democracy in Burma(TACDB)မှလက် ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ထိုင်းရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့် သက်တမ်းတိုးမှု ပျက်ကွက်ရခြင်းမှာ ထိုင်း အစိုးရ မူဝါဒ အားနည်းချက်များလည်း ပါဝင်သည်ဟု ပြောဆိုသည်။

“မြန်မာအလုပ်သမား၂ သိန်းလောက် မှတ်ပုံတင်ဖို့ ပျက်ကွက်ရတာဟာ ထိုင်းအစိုးရရဲ့ အလုပ်သမားရေးရာ ပေါ်လစီ အားနည်းချက်နဲ့ အလုပ်သမားရေးရာတွေကို ဆောင်ရွက်ရာမှာ ခက်ခဲရှုပ်ထွေးအောင် ဆောင်ရွက်ထားတာတွေကြောင့်လို့ ကျနော် ပြောချင်တယ်။ အခု ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား အလုပ်သမားတွေကို ခေါ်ယူတင်သွင်းမယ်လို့ စီစဉ်တယ် ဆိုတာ ကတော့ ဒီမှာရှိနေတဲ့အလုပ်သမားတွေရဲ့တောင်းဆိုချက် လိုအပ်ချက်တွေကို မဖြေရှင်းပေးဘဲ ထိုင်းလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတခုတည်းကိုပဲ ကြည့်ပြီးဆောင်ရွက်တဲ့ စီမံချက် သက်သက်သာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်း အလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ကာ အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား တသန်း သုံးသိန်းခန့်ထဲမှ တသန်းနှင့် တသိန်းခန့်သာ မှတ်ပုံတင် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ သည် အလုပ်သမား လက်မှတ် သက်တမ်းတိုးရန် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည်။

ထိုင်းနိုင်ငံ စမွန်စခွန် ခရိုင်ရှိ ထိုင်းယူနီယံ ရေလုပ်ငန်းကုမ္ပဏီတွင် အလုပ်လုပ်နေသူ ကိုမျိုးကလည်း“ အခုအချိန်မှာ အလုပ် လျှောက်မယ်ဆိုရင် ယာယီနိုင်ငံကူးလက်မှတ် တောင်းတာ များတယ်လေ။ မရှိရင် အလုပ်လျှောက်ရတာ မလွယ်ဘူး။ ရဖို့ ခဲယဉ်းတယ်။ ဒါကြောင့် အလုပ်သမားလက်မှတ်တို့ ယာယီနိုင်ငံကူးလက်မှတ်တို့ကို လူအများက လုပ်နေကြပါတယ်။မလုပ် ဘူး ဆိုတဲ့လူတွေကတော့ အဓိကက ပိုက်ဆံ မတတ်နိုင်လို့။ အခြားအကြောင်းလည်း ရှိတော့ ရှိမပေါ့”ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။

Ref;Irrawaddy

Read More...

အခါမဲ့ မိုးကြောင့် ဆားကွင်းများ ပျက်စီး

ခိုင်သွယ်
28 March 2011

ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တွင် မတ်လအတွင်း အချိန်အခါမဟုတ် ရွာသောမိုးကြောင့် ဆားကွင်းများ ပျက်စီး၍ ဆားထုတ်လုပ်မှုများ လျော့ကျသွားခဲ့ကြောင်း ဆားလုပ်ငန်း ရှင်များက ပြောသည်။

ဧရာဝတီတိုင်းအတွင်း၌ မတ်လ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ မိုးရက်ဆက်ရွာသွန်းမှုကြောင့် နေလှန်းဆားကွင်းတချို့မှာ ပျက် စီး သွားပြီး ဆား ထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့ကာ မတ်လ၂၀ ရက်နေ့တွင် လုပ်ငန်း ပြန်လည် စတင်ခဲ့သော်လည်း ဆားသိမ်းနိုင်မည့် ရက် နည်းပါးသွားသည့်အပြင် မိုးထပ်မိပါက ဆားများ ထပ်မံဆုံးရှုံးနိုင်သောကြောင့် လည်းကောင်း၊ ဆားလုပ်ငန်းရှင်တချို့မှာ ဆား လုပ်ငန်း ပြန်လည် စတင်ရန် ငွေကြေးအခက်အခဲရှိနေသောကြောင့်လည်းကောင်း လုပ်ငန်းရပ်ဆိုင်း ထားလိုက်ရ၍ ဆားထုတ်လုပ်မှု လျော့ကျသွားရခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်း ဆားလုပ်ငန်းရှင်များ က ဆိုသည်။

“ကွင်းက ဆားတွေက ထွက်ခါနီးမှာ မိုးမိသွားလို့ အခုမှ ပြန်လုပ်နေရတယ်၊ ဒီနေ့ စလုပ်မှ ၁၅ ရက် ရက် ၂၀ လောက် ကြာမှ ဆားပြန်ရတော့မယ်၊ ဒါတောင်မှ ဒီရက်တွေအတွင်း မိုးထပ်မမိမှ ဆားရတော့မှာ၊ မိုးမိရင်တော့ ထပ်ရှုံးကြဦးမှာပဲ။ ဆားဈေးကောင်း တာ သိပေမယ့် မိုးကလည်း မသေချာတော့ တ၀က်လောက်က ဆားမထုတ်တော့ဘူးဆိုပြီး စိတ်လျှော့ ကုန်တယ်၊ ကျနော်တို့လိုစွန့် ပြီး လုပ်တဲ့သူတွေတောင်မှ မျက်ခုံးလှုပ်တယ်၊ မိုးကလည်း အစိုးမရဘူး”ဟု ဧရာဝတီတိုင်း လပွတ္တာခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်မှ ဆား လုပ်ငန်းရှင်တဦးက ပြောသည်။

ဧရာဝတီတိုင်းရှိ ဆားကွင်းများတွင် မိုးရေများ ၁ ပေနီးပါး အထိ ကျန်နေသောကြောင့် ရေဖောက်ထုတ်ခြင်း၊ ကွင်းဆေးခြင်းများလုပ် နေရကြောင်း၊ ထို့အပြင် ဆားထုတ်ရက်မှာ ရာသီကုန်သည်အထိ စုစုပေါင်းရက်၂၀ ၀န်းကျင် အထိသာ ကျန်ရှိပြီး ထိုရက်အတွင်း မိုးရွာပါက ဆားကွင်းများ ပျက်စီးမည်ဖြစ်ကာ ယခုနှစ် ဆားရာသီအတွင်း ဆားထုတ်လုပ်နိုင်တော့မည်မဟုတ်ကြောင်း၊ လက်ရှိ အ ခြေ အနေအရလည်း ဆားကွင်း တချို့ကို ပြန်လည် ပြင်ဆင်လုပ်ကိုင်နိုင်သူ နည်းပါးလှကြောင်း ဆားလုပ်ငန်း ရှင်များထံမှ သိရှိရ သည်။

“ဒီနှစ်အတွက် ဆားရာသီက မေလဆန်းဆိုရင် ကုန်ပြီ၊ ကျနော်တို့ ဧရာဝတီသားတွေ ဆားထုတ်နိုင်မဲ့ရက်က စုစုပေါင်း ရက်၂၀ လောက်ပဲကျန်တယ်၊ အဲဒီရက်မှာ နေကလုံးဝပူနေမှ ဆက်တိုက်ပူမှ ဆားကြုံးနိုင်မှာ မိုးထပ်ရွာရင်ပျက်ကုန်မှာပဲ၊ ငွေ ဆယ့်လေးငါးသိန်းလည်း ထပ်ရင်းဖို့မရှိတော့ဘူး၊ ကြွေးဟောင်းမကျေဘဲ ကြွေးသစ် တွေပဲတင်နေတော့ မတတ်နိုင်တော့ဘူး”ဟု လပွတ္တာခရိုင် သင်္ကန်းကုန်း ကျေးရွာသားတဦးက ပြောသည်။

အဆိုပါ ဆားကွင်းများမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ခဲ့သည့်ဆားကွင်းများဖြစ်ပြီး ချေးငွေများဖြင့် ပြန် လည် ပတ်နေရာမှ မိုးကြောင့် ထပ်မံပျက်စီးသွားသည့်အတွက် ဆားလုပ်ငန်းရှင်များ ငွေထပ်ချေးရခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း လပွတ္တာခရိုင်အတွင်း ဆားကွင်းဧက ၁ သောင်း ၀န်းကျင်အထိရှိပြီး ယခုပြန်လည်စတင်လျက်ရှိသော ဆားကွင်းများမှာ စုစုပေါင်း ဧက ၄၀၀၀ ၀န်းကျင်သာ ရှိကြောင်း ဒေသတွင်း ဆားဖိုများက ပြောဆိုသည်။

ပြည်တွင်းဆားဈေးကွက်တွင်လည်း တရုတ် ဆားကုန်သည်များက ဂျပန်ပြည်သို့ တင်ပို့ ရောင်းချနေကြသောကြောင့် မြန်မာပြည်မှ ဆားများအား အလုံးအရင်းဖြင့် ၀ယ်ယူလျက်ရှိပြီး ပြည်တွင်း ဆားဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကာ ဆား တပိဿာ ကျပ် ၂၀၀ ဈေးမှ ယခုအခါ ကျပ် ၃၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရသည်။


“ဒီပုံအတိုင်းဆိုရင် ဒီနှစ် ဧရာဝတီတိုင်းက ဆားထွက်နှုန်းကျမယ်၊ မွန်ပြည်နယ်ကလည်း ဆားကွင်းတွေထိတော့ကျမှာပဲ၊ ရခိုင်ပြည် နယ်ဘက်ကလည်း မနှစ်ကထက်တော့ကျမယ့် အနေအထားရှိတယ်၊ ပြည်တွင်းဖူလုံရုံရှိပေမယ့် တရုတ်ကုန်သည်တွေ ထပ်ဝယ်နေ ဦးမယ် ဆိုရင်တော့ ဆားဈေး ခေါင်ခိုက်တဲ့နှစ် ဖြစ်တော့မှာပဲ”ဟု ဘုရင့်နောင်မှ ဆားကုန်သည်တဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ အလယ်ကလည်း တရုတ်ကုန်သည်များ၏ ၀ယ်ယူမှုကြောင့် အိမ်သုံးဆားနှင့် အိုင်အိုဒင်းဆား ဆယ်ဆကျော် တက်သွားခဲ့သေးသည်။

ပြည်တွင်းတွင် ဆားဈေးမြင့်တက်မှုကြောင့် ဆားအသုံးပြုနေရသော ရေခဲစက်များ၊ မုန့်လုပ်ငန်းများ စသည့် လုပ်ငန်းများမှ ဆားများကို ၀ယ်သူသိုလှောင်၍လည်းကောင်း၊ ဆားဖိုများအား စရံငွေကြိုတင်ပေး၍လည်း ၀ယ်ယူစုဆောင်းမှုများ ရှိနေကြောင်း ဆား အသုံးပြုသူများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ဆားများ ထုတ်လုပ်လျက်ရှိပြီး ဧရာဝတီတိုင်းမှ ဆား အများဆုံး ထုတ်လုပ်ကာ ပြည်တွင်း ဈေးကွက်တွင် ရောင်းချကြောင်း သိရှိရသည်။

Ref;Irrawaddy

Read More...

ရှမ်းပြည် ငလျင်သင့်ဒေသသို့ ကူညီမည်ဟု NLD ပြော



ရှမ်းပြည်နယ်အတွင်း ငလျင်ဒဏ်ခံရသည့် ဒေသများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သွားရောက်ကူညီမည်ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

ပြင်းအားအဆင့် ရစ်ချက်စကေး ၆.၈ ရှိ ငလျင်ကြောင့် တာလေ၊ ကျကူနီ၊ မိုင်းလင်း၊ တာချီလိတ်နှင့် နားယောင်းတွင် လူဦးရေ ၁၅ဝ ကျော် သေဆုံးခဲ့ပြီး၊ လူဦးရေ ထောင်ချီကာ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ဒေသခံများ၏ စားဝတ်နေရေးနှင့် ဆေးဝါးများ ကူညီသွားနိုင်ရန် မတ်လ ၂၉ ရက် အင်္ဂါနေ့တွင် ပြုလုပ်မည့် ဗဟိုအလုပ်မှု ဆောင် အစည်းအဝေး၌ စီမံခန့်ခွဲသွားမည်ဟု သိရခြင်း ဖြစ်သည်။

“ငလျင်ဒဏ်ခံလိုက်ရတဲ့ ဒေသတွေကို စားဝတ်နေရေး၊ ဆေးဝါးနဲ့၊ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းနဲ့ ပြည်နယ်မှာ ရှိတဲ့ NLD ရုံးတွေကို အကူ အညီတွေ ပေးနိုင်ကြဖို့အတွက် ဒီနေ့ စာထုတ်ပြီး ပို့ပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ငလျင်သင့် ဒုက္ခသည်များကို အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ လူမှုရေး ဘာသာရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရဝန်ထမ်းများက ကူညီနေသော်လည်း လိုအပ်ချက် များစွာရှိနေကြောင်း ငလျင်ထိဒေသများသို့ သွားရောက်ကူညီသည့် လူမှုကူညီရေးအဖွဲ့များက ဆိုသည်။

ထို့ပြင် ယခုအခါ ရာသီဥတု အအေးဒဏ်ကို ငလျင်ဘေးဒုက္ခသည်များ ခံစားနေကြရသလို ငလျင်အသေးစားများ နေ့စဉ် လှုပ်ခတ်နေသဖြင့် ဒေသခံများမှာ ကြောက်လန့်နေ ကြသည်ဟု ဒေသတွင်း ကွင်းဆင်း၍ ကူညီနေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ၏ အရှေ့ပိုင်း ဥက္ကဋ္ဌ ဒေါ်နန်းငွေမြက ပြောသည်။

“ရှင်းရှင်းပြောရရင် ဖြစ်တဲ့ နေရာတိုင်းမှာ အကုန်လုံး လိုနေတယ်လို့ပဲ ပြောရမှာပဲရှင့်။ ဘာဖြစ်လိုလဲဆိုတော့ ဖြစ်တုန်းက တချို့ရွာတွေက အိမ်တော်တော်များများ ပြိုကျ ကုန်တာဆိုတော့ နေစရာမရှိဘူး။ အပြင်မှာ တဲထိုးနေတာ။ အခုလောလောဆယ်တော့ အစားအသောက်၊ အနွေးထည်၊ စောင်နဲ့ နေရာထိုင်ခင်း အရေးပေါ်လိုမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ငလျင်ဒဏ် နောက်ထပ်ကြုံတွေ့မည်ကို စိုးရိမ်ကြသည့် မိသားစုများမှာ နီးစပ်ရာ အဖွဲ့များ စုဖွဲ့၍ တာလေမြို့နှင့် ၁ဝ မိုင်ကွာ အပြင်ဘက်သို့ ထွက်ခွါသွားကာ နေထိုင်ကြသဖြင့် ၎င်းတို့အတွက် ထမင်းထုပ်နှင့် အကူအညီများ ပေးဝေရန် ခက်ခဲသည်ဟု ဆိုသည်။

ယနေ့မနက်တွင် ကျားဖြူပါတီ၏ ဥက္ကဋ္ဌ ဦးအိုက်ပေါင်းက ငလျင်ဘေးကူညီရန်အတွက် ပါတီတာဝန်ရှိသူများခေါ်ယူ၍ အလှူခံပြီး ကျပ် ၁ဝ သိန်းနှင့် အဝတ်အထည်များ ပို့ပေးလိုက်ပြီဟု SNDP တာဝန်ရှိသူများက ပြောသည်။

NDL ကလည်း တနင်္လာနေ့တွင် ပြည်နယ်နှင့် တိုင်းများရှိ ပါတီရုံးခွဲများသို့ စာပို့ထားသဖြင့် တပတ်အတွင်း အကူအညီလိုသည့် ကျေးရွာနှင့် မြို့များသို့ သွားရောက်ကူညီမည်ဟု တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက ပြောပြသည်။

“ကျမတို့ကတော့ အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေကို အဓိကထားပြီး ကူညီသွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာလည်း အခြေအနေအရ နိုင်ရင် နိုင်သလို ကူညီသွားမှာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ငလျင်ဖြစ်ပွားရာဒေသရှိ ကျိုင်းတုံနှင့် တာချီလိတ် မြို့များတွင် NLD ရုံးခွဲများရှိပြီး ထိုရုံးခွဲ တာဝန်ရှိသူများကလည်း ကွင်းဆင်း၍ ထမင်းထုပ်များနှင့် ဆေးဝါးများ ကူညီနေသည်ဟု ယင်းမြို့နယ် ၂ မြို့နယ်ရှိ NLD တာဝန်ရှိသူများက မဇ္ဈိမကို ပြောပြကြသည်။


Ref;Mizzima

Read More...

အဂတိလိုက်စားမှု တိုက်ဖျက်ရန် အစိုးရသစ်အဖွဲ့ကိုပြော

မတ်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၂ မိနစ်

အဂတိလိုက်စားမှု ပြဿနာ တိုက်ဖျက်ရန် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ခံ အစိုးရသစ် ဝန်ကြီးများကို အကြံပေးခဲ့သည်ဟု နေပြည်တော်မှလာသော သတင်းတရပ်က ဆိုသည်။

အသက် ၇၈ နှစ် ရှိ နအဖအကြီးအကဲ၏ နေပြည်တော်ရှိ စစ်ဌာနချုပ်တွင် စနေနေ့က နှုတ်ဆက် မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product - နိုင်ငံ၏ နှစ်စဉ် ထုတ်ကုန်နှင့် ဝန်ဆောင်မှု တန်ဖိုး စုစုပေါင်း) သည် လာအိုနှင့် ကမ္ဘေ္ဘာဒီးယားနိုင်ငံ တို့ အောက်သို့ပင် နိမ့်ကျနေကြောင်း ပထမဆုံးအကြိမ် ၀န်ခံမှုပြုသွားပြီး လာဘ်ပေး လာဘ်ယူမှုပပျောက်အောင် လုပ်ရမည်ဟု ထဲ့သွင်းပြောဆိုသွားသည်။

နိုင်ငံတော်သမ္မ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဦးသိန်းစိန်အား အာဏာလွှဲပေးမည့် ရက်ကိုမူ ယခုအချိန်အထိ အတိအကျ မထုတ်ပြန်သေးပေ။ ၀န်ကြီးများလိုအပ်လျှင် လာရောက်တွေ့ဆုံနိုင်ကြောင်းလည်း တပ်မတော်နေ့က ညစာစားပွဲအခမ်းအနား တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖိတ်ကြားသွားခဲ့သည်။

အစိုးရနှင့် နီးစပ်သော သတင်းတခုက အစိုးရသစ် ဝန်ကြီးအဖွဲ့သည် မတ်လ ၂၉ ရက် အင်္ဂင်္ါနေ့တွင် ကျမ်းသစ္စ္စာ ကျိန်ဆိုကြမည်ဟု ဆိုသည်။ သို့သော် အရင်ရက်များက လွှတ်တော်အမတ်များက ခန့်မှန်းရာတွင် အစိုးရအဖွဲ့သစ်သည် ဧပြီလ ပထမ အပတ်ထဲတွင် အာဏာရယူလိမ့်မည်ဟု ဆိုသည်။

Transparency International အဖွဲ့၏ ၂၀၀၉ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) တွင် အဂတိလိုက်စားမှုအမြင့်ဆုံး စာရင်း၌ ဆိုမာလီယာ နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် အာဖဂန် နစ္စ္စတန်နှင့်အတူ ပူးတွဲ ဒုတိယ နေရာ၌ ရှိနေသည်။

Ref;Mizzima

Read More...

အာဆီယံ ညီလာခံ တက်ရေးအဆို လွှတ်တော်သစ်တွင် အတည်ပြု


အရှေ့တောင်အာရှ လွှတ်တော်အမတ်များ အစည်းဝေးသို့ ၂ဝ၁ဝ လွှတ်တော်အမတ်များ တက်ရောက်ခွင့်ရရေး အဆိုကို တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးလိုက်ကြောင်း လွှတ်တော်အမတ်များက ပြောသည်။

“အာဆီယံ အမတ်များညီလာခံ (ASEAN Inter-Parliamentary Assembly) အဲဒါကို တရားဝင်ပါဝင်ရေး ပြည်ထောင်စု လွှတ်တော်၏ သဘောထားရယူခြင်းဆိုပြီးတော့ နာယက ကနေ တောင်းတာ၊ မြန်မာပြည်တခုထဲ လွှတ်တော်မရှိသေးလို့ပေါ့လေ၊ တခြားနိုင်ငံတွေ ဝင်ထားပြီးပြီပေါ့။ အဲဒါဝင်ဖို့ လွှတ်တော်က သဘောတူသလားပေါ့၊ သဘောတူပါတယ် ဆိုတာနဲ့ ပြီးသွားတာပေါ့” ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဦးခိုင်မောင်ရည်က ပြောသည်။

aipa

အရှေ့တောင်အာရှနိုင်ငံ လွှတ်တော်အမတ်များညီလာခံ (ASEAN Inter-Parliamentary Assembly) တွင် မြန်မာလွှတ်တော်အမတ်များ တက်ရောက်ခွင့်ရရေး အဆိုသည် သောကြာနေ့တွင် လွှတ်တော်အမတ်များ ရရှိထားသည့် တနင်္လာနေ့ လွှတ်တော်အစည်းအဝေး အစီအစဉ်တွင် မပါဘဲ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ယနေ့မှ ထိုအဆိုကို တင်သွင်းခဲ့သည်။

တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်း ဒိုက်ဦး ကြံ့ဖွံ့အမတ် ဦးမင်းဆွေက ပဲခူးတိုင်းအတွင်း ဆည်ရေသောက် စနစ်များ ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးခွန်းကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ဦးဌေးဦးက ပြန်လည် ဖြေကြားခဲ့သည်။

မေးသည့်သူက ကြံ့ဖွံ့အမတ်ဖြစ်ပြီး ဖြေသည့်သူကလည်း ကြံ့ဖွံ့ခေါင်းဆောင် ဖြစ်ခဲ့ခြင်းကြောင့် လွှတ်တော်အစည်းအဝေးသည် မိသားစုဆွေးနွေးပွဲသဖွယ် ဖြစ်နေကြောင်း အမည်မဖော်လိုသူ လွှတ်တော်အမတ်တဦးက ဝေဖန်သည်။

“ဖြေသွားတဲ့ အဖြေကတော့ လုပ်ပေးနေပါတယ်ဆိုတဲ့ဟာပဲ ဖြေသွားတယ်။ ထုံးစံအတိုင်း သူတို့ ဆောင်ရွက်ထားတဲ့ဟာတွေကို တန်းစီပြီးတော့ နာရီဝက်လောက် ပြောသွားတယ်။ ဦးမင်းဆွေ ( ဒိုက်ဦး) က ကြံ့ဖွံ့အသင်းဝင် ဦးဌေးဦးကလဲ ကြံ့ဖွံ့အတွင်းရေးမှူးဆိုတော့ သူ့အဖေနဲ့ သူ့သား စကားပြောသွားကြတာပေါ့ဗျာ” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါက်တာ အေးမောင်၏ နိုင်ငံတော်အတွင်း ကြက်ငှက်ရောဂါ ဖြစ်ပွားခြင်းကြောင့် မွေးမြူရေးသမားများ နစ်နာခြင်းအတွက် လျော်ကြေးပေးရေးအဆိုကို ကန့်ကွက်သူ ၃ ဦးနှင့် ထောက်ခံသူ ၂ ဦးရှိခဲ့သည်။

ဒေါက်တာအေးမောင်အဆိုကို နောက်လာမည့် အစိုးရလက်ထက်တွင် ထပ်မံဆောင်ရွက်ရန် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ထပ်မံဆောင်ရွက်ရန် မရှိကြောင်း ဆုံးဖြတ်ခဲ့ သည်ဟုလည်း လွှတ်တော်အမတ်တဦးက ပြောသည်။

အခြားအဆိုတခုဖြစ်သည့် ရွှေ့ပြောင်းအလုပ်သမားများအရေး သင့်တော်သည့် ဌာနတခု သတ်မှတ်ပေးရေး အဆိုကို ထောက်ခံဆွေးနွေးသူ တယောက်ရှိပြီး ကန့်ကွက် ဆွေးနွေးသူ ၂ ယောက်ရှိခဲ့သည်။ ယင်းနောက် အဆိုတင်သွင်းသူ ဒေါက်တာ မြတ်ဉာဏစိုးက သူ့အဆိုကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

အင်္ဂါနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာ မြတ်ဉာဏစိုး၏ အဆို ၃ ခု ဆွေးနွေးမည် ဖြစ်သည်။

ထိုအဆိုများမှာ လွှတ်တော်ကြီး ၃ ရပ် ပေါ်ထွန်းလာသည်နှင့်အတူ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရသည့် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့အား ဥပဒေပြု လုပ်ငန်းများအတွက် ဦးဆောင်လမ်းညွှန်ကာ တာဝန် ထမ်းဆောင်နေကြသည်ကို အထူးပင် ဝမ်းမြောက်ကြောင်း အဆို၊ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများကို ဆန္ဒပြု ရွေးချယ်တင်မြောက်ခဲ့သည့် နိုင်ငံတော် အုပ်ချုပ်ရေး လုပ်ငန်းအတွက် ပြည်သူပြည်သားအပေါင်းအား စောင့်ရှောက် သွားမည့်အတွက် အထူးပင် ဝမ်းသာကြောင်းအဆို၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကို အထူးပင် ဝမ်းသာကြောင်းအဆိုများ ဖြစ်သည်။

အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်တွင် တောင်သူလယ်သမားများ ပိုးသတ်ဆေး သုံးစွဲမှုနှင့် ပတ်သက်သည့်မေးခွန်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့်မေးခွန်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းကြမည်ဟု လွှတ်တော်အမတ်များထံမှ စုံစမ်းသိရသည်။

Ref;Mizzima

Read More...

တလအတွင်း KIO ဝန်ထမ်း ၄ ဦး အဖမ်းခံရ


နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဖားကန့်ခရိုင် တပ်ရင်း ၆ နယ်မြေမှ ဝန်ထမ်း ၂ ဦး ယခုလ ၂၄ ရက်နေ့တွင် ဒေသခံစစ်တပ်က ဖမ်းဆီးသဖြင့် တလအတွင်း အဖမ်းခံရသူ KIO ဝန်ထမ်း ၄ ဦး ရှိသွားပြီဖြစ်သည်။

ဆိုင်းတောင်မြို့ ဆိုင်းဇွပ်တိုက်နယ်ရုံးမှ ဒုတိုက်နယ်မှူး ဦးဘရန်မိုင်နှင့် ရုံးစာရေး ကိုလဆိုင်းကို ဖားကန့်အခြေစိုက် ခလရ ၇၄ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး ကရင်ကြီးပါ လက်နက်ကိုင် စစ်သား ၁ဝ ဦးက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခုလဆန်းတွင် KIO တပ်ရင်း ၁၁ မှ ဝန်ထမ်း ဦးယော်ဘောမ်ကို ကျပ် ၁ဝ သိန်းနှင့်အတူ မြစ်ကြီးနား အခြေစိုက် ခလရ ၃၇ ကလည်း ကောင်း၊ တရုတ်နယ်စပ် ဆန်ပိုင်အခြေ စိုက် KIO တပ်ရင်း ၃ မှ ဝန်ထမ်း ဦးဇော်နန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) စစ်ဘက်ရေးရာ လုံခြုံရေးတပ်က လည်းကောင်း ဖမ်းဆီးခဲ့သေးသည်။

ယခုနောက်ဆုံး ဖမ်းဆီးမှုတွင် ဒုတိုက်နယ်မှူး ဦးဘရန်မိုင်၏ တိုက်နယ်မှူးရုံးကို ခလရ ၇၄ တပ်သားများက ဝိုင်းရံကာ ဖမ်းဆီးခဲ့ပြီး၊ စာရေး ကိုလဆိုင်းကိုမူ ဓာတ်ဆီဆိုင်၌ ဆီဖြည့်နေစဉ် လက်နက်ကိုင် စစ်သားများက ဖားကန့်မြို့ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဝင်းလွင်ဦး၏ အမိန့်ဖြင့် ဖမ်းဆီးခဲ့သည်ဟု KIO တပ်ရင်း ၆ အရာရှိ တဦးက ပြောသည်။

သူတို့နှစ်ဦးကို ဖားကန့် ဆိုင်းဇွပ်ရပ်ကွက်မှ ဓာတ်ဆီဆိုင်အချို့၌ ဆက်ကြေး ကောက်ခံသည်ဟု စွပ်စွဲကာ ပြစ်မှုဆိုင်ရာ ဥပဒေ ခြိမ်းခြောက်မှုဖြင့် ပုဒ်မ ၃၆၅ ၊ ၅၁၁ တို့ဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

“ကြံဖန်ပြီး တရားစွဲထားတာပဲ။ သူတို့နှစ်ယောက်က ဘာမှ လိုက်မတောင်းဘူး။ ကိုယ့်ရုံးမှာ အေးအေးဆေးဆေးပဲ နေတာကို လာဖမ်းတယ်။ ကျနော်တို့ မရရအောင် ပြန်ယူရမှာပါ။ ဘာအပြစ်မရှိတဲ့ ဝန်ထမ်း ၂ ဦးကို ဖမ်းထားတာ သူတို့အမှားပဲ။ တခုခုဖြစ်လာရင် ဖားကန့် ဗျူဟာမှူးရဲ့ တာဝန်ပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။ ကျပ် ၁ဝ သိန်းကျော်၊ CDMA လက်ကိုင်ဖုန်းတလုံး၊ ဆိုင်ကယ်တစီးနှင့် Digital Camera တလုံးပါ သိမ်းသွားသည်ဟု ဆိုသည်။

ယခုအခါ ၂ ဦးစလုံးကို ဖားကန့် ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု KIO သတင်း ရပ်ကွက်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်မခံသဖြင့် စစ်အစိုးရနှင့် KIO အကြား ဆက်ဆံရေး တင်းမာနေပြီး၊ KIO နယ်မြေအတွင်း စစ်အစိုးရတပ်များ စစ်အင်အား တိုးချဲ့မှုနှင့် လှုပ်ရှားမှုများ ရှိနေသည်။


Ref;Mizzima

Read More...

အင်ဂျင်နီယာဗိုလ်ချုပ် ကာကွယ်ရေးဝန်ကြီးအလုပ် နှင့် တပ်ချုပ်

ရော်နီညိမ်း ။

စနေ, 26 မတ် 2011။ ။

တပ်မှူးတပ်သား ပြောစကား (၀၅၃)

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၉)

၂၀၁၁၊ မတ်လ ၂၆။

လာမယ့်ဧပြီလဆန်းမှာ တရုတ်နိုင်ငံရဲ့ နံပါတ်(၄)ခေါင်းဆောင် မြန်မာ နိုင်ငံကို ရောက်ရှိလာပြီး၊ မြန်မာ အစိုးရ အဖွဲ့သစ်ကို အသိ အမှတ်ပြု ချီးကျူး ဂုဏ်ပြုဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့်၊ ဒီရက်ပိုင်း အတွင်း အစိုးရ ၀န်ကြီး အဖွဲ့သစ် ဖွဲ့တာနဲ့ ကျမ်းသစ္စာ ကျိန်ဆို ကြတာတွေ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ ၀န်ကြီးလောင်း စာရင်း ထဲမှာ ပါဝင်တဲ့ စစ်ခေါင်းဆောင် သုံးဦး၊ ဘယ်ဝန်ကြီး ဌာနတွေရဲ့ ၀န်ကြီးတွေ ဖြစ်လာကြမလဲ ဆိုတာကို ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်နဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း တို့က ခန့်မှန်း တွက်ချက် ထားပါတယ်။ ဦးရော်နီညိမ်း က ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ စီစဉ် တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ လွှတ်တော် အစည်းအဝေးတွေ ခေါ်တဲ့ အခါမှာ၊ ၀န်ကြီး စာရင်းထဲမှာ တပ်မတော် ကိုယ်စားလှယ် သုံးယောက်ရဲ့အနေ အထားကို အခုအတိုင်း ကြည့်ရင်တော့ စစ်တက္ကသိုလ် အပတ်စဉ်(၁၉)က ကျောင်းဆင်းတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဟာ သူဟာ စီနီယာ အကျဆုံးပဲ။ နောက်ပြီးတော့ တိုက်ခိုက်ရေး တပ်က လာတာလည်း ဖြစ်တယ်။ တိုက်ခိုက်ရေး တပ်က လာတဲ့ နောက်ထပ် တစ်ဦး၊ ဗိုလ်ချုပ်လှမင်း။ သူကတော့ စစ်တက္ကသိုလ် အပတ်စဉ်(၂၂)က ဆင်းပြီးတော့မှ၊ မနှစ်က အထိ သူဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဖြစ်ရာကနေပြီးတော့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၃) (ကစထ-၃)ရဲ့ ကစထမှူး ဖြစ်လာ ခဲ့တာပေါ့နော်။ အရင် ဗိုလ်ချုပ်ကြီး ကိုကိုလည်း အဲဒီနေရာကပဲ။ နောက် တစ်ယောက်ကို ကြည့်လိုက်တဲ့ အခါကျတော့ ဗိုလ်ချုပ်သိန်းဌေး။ သူကတော့ B.E (Mechanical) အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာန စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ် (ညွှန်ကြားရေး မှူးချုပ်) (ဒုတိယ) ဗိုလ်ချုပ်ကြီး တင်အေး နောက်ဆုံး လုပ်သွားတဲ့ အချိန်မှာ၊ သူဟာ ဒုတိယ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ် အနေနဲ့ ကျနော်တို့ တွေ့ခဲ့ရ ပြီးတော၊့ အခုတခါ ၀န်ကြီးစာရင်းမှာ ပါလာပြန်ပါပြီ။ အဲဒီ အခါကျတော့ ဒီ ၀န်ကြီး သုံးပါးထဲမှာ လက်နက်ကိုင် ရဲတပ်ဖွဲ့ကို ကိုင်ရမယ့် ပြည်ထဲရေး ၀န်ကြီးကို ဘယ်သူ့ကို ပေးမယ်လို့ ထင်ပါသလဲ ခင်ဗျ။ ဗိုလ်ချုပ် လှမင်းကို ပေးမလား။ အင်ဂျင်နီယာ တပ်က လာတဲ့ ဗိုလ်ချုပ်သိန်းဌေး ကို ပေးမလား။ အဲဒါ ဖြစ်နိုင်သလား။ အကယ်၍ ဗိုလ်ချုပ်ကြီး ကိုကိုက ကာကွယ်ရေး ၀န်ကြီး ဖြစ်မယ် ဆိုရင် ပေါ့။ ဦးအောင်လင်းထွဋ် အရင် ရှင်းပြပေးပါခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကိုရော်နီရေ..ကျနော်အရင်ဆုံး ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်သဘောထားကို ပြောချင် တယ်ဗျာ။ အခု နောက်ဆုံးပေါ့ဗျာ၊ ဗိုလ်ချုပ် မြင့်အောင်နှင့် ဗိုလ်ချုပ်ကိုကို ကိုလည်း သူ သတင်း လွှင့်တယ်။ လွှင့်ပြီးတော့မှ သူ ပြန် နားထောင်တယ်။ ဆိုလိုတဲ့ သဘောက ဗိုလ်ချုပ်မှူးကြီးဟာ ဘယ်အရာမဆို ပြောင်းပြန် စဉ်းစားတတ်တယ် ဆိုတာကို၊ ကျနော် အရင်ဆုံး သတိပေး လိုပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ မထင်တာတွေကို လျှို့ဝှက်သဲဖို လိုလို ပဟေဠိ လိုလို လုပ်တတ် တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဗိုလ်ချုပ် သိန်းဌေး၊ အင်ဂျင်နီယာ အရာရှိကိုရော၊ ကာကွယ်ရေး ၀န်ကြီး မပေး နိုင်ဘူးလား။ အဲဒါကိုတော့ အင်ဂျင်နီယာ အရာရှိဖြစ်တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်သိန်းဌေးဟာ သူက စစ်ရုံးမှာ Lieutenant (ဗိုလ်) ဘ၀ ကတည်း ကိုက နေလာခဲ့တဲ့ အတွက် သူဟာ စစ်ရုံး အပါးဝတယ်လို့ ပြောလို့ ရပါတယ်။ staff officer ပါပဲ။ တသက်လုံး staff officer ပဲ လုပ်ခဲ့တဲ့ လူပါ။ သူက လက်အောက်ခံ တပ်တွေရဲ့ တပ်မှူး တခါမှ မဖြစ်ခဲ့ဖူးဘူး။ ရုံးအလုပ်ပဲ တောက်လျှောက် လုပ်လာခဲ့တယ်။ အရင် Colonel GS (စစ်ဦးစီးဗိုလ်မှူးကြီး) ဖြစ်ခဲ့တဲ့ ကက ထုတ် (ကာကွယ် ရေးဝန်ကြီးဌာန စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး ညွှန်ကြားရေးမှူးရုံး) ညွှန်မှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ် ခင်မောင်ဝင်း ကလည်း သူ့ကို အင်မတန်မှ ပစား ပေးခဲ့တယ်။ နိုင်ငံခြားသွားတဲ့ အခါတိုင်းလည်း၊ သူကပဲ စီစဉ်ရတာ ရှိ တယ်။ တခြားနိုင်ငံတွေနဲ့ လက်နက် ၀ယ်တဲ့ အချိန်မှာလည်း နိုင်ငံခြား ကုမ္ပဏီတွေနဲ့ သူပဲ ဆက်သွယ်တယ်၊ ဆက်ဆံတယ်။ အားလုံးကို စီမံတယ် ဆိုတဲ့ အတွေ့အကြုံ မျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အခုပြန်ကြည့်လိုက်တဲ့အခါမှာလည်း ကာကွယ်ရေး ၀န်ကြီးကို ဗိုလ်ချုပ်ကြီး သန်းရွှေ တောက်လျှောက် ကိုင်လာတဲ့ အချိန်မှာ၊ ဒုတိယ ကာကွယ်ရေး ၀န်ကြီး တွေဟာလည်း အများဆုံး စစ်အင်ဂျင်နီယာ အရာရှိကြီး တွေပဲ လုပ်သွားတာ ကျနော်တို့ တွေ့ရပါတယ်။ DI (Defense Industry)(ကာကွယ်ရေး ပစ္စည်းစက်ရုံများ) ဘက်ကလာတဲ့ ခုနက ပြောတဲ့ ဗိုလ်ချုပ် ခင်မောင်ဝင်းလည်း ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဖြစ်ခဲ့တယ်။ အခု ကာကွယ်ရေး ဒုဝန်ကြီးလုပ်တဲ့ ဗိုလ်ချုပ်အေးမြင့်လည်း အင်ဂျင်နီယာ အရာရှိပါပဲ။ အခုတော့ ဦးအေးမြင့်ဆိုပြီး အရပ်သား ၀န်ကြီး စာရင်းထဲမှာ၊ သူကလည်း အခု ပါလာပြန်ပါတယ်။ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်အောင်လှိုင်။ သူလည်းပဲ အင်ဂျင်နီယာ အရာရှိ။ ကာကွယ်ရေး ဒုဝန်ကြီး လုပ်ခဲ့တယ်။ အဲဒီတော့ အင်ဂျင်နီယာ မဟုတ်ဘဲနဲ့ ဒုဝန်ကြီး လုပ်ခဲ့တာကို တွေ့ခဲ့ရတာ ကတော့၊ လေကြောင်းရန် ကာကွယ်ရေး ဒုအရာရှိချုပ် လုပ်သွားတဲ့ ဗိုလ်ချုပ်ကြည်ဝင်း။ ဒု ကာကွယ်ရေး ၀န်ကြီး ခဏ ဖြစ်ပါတယ်။ အဲဒါပဲ တွေ့ခဲ့ရပါတယ်။ အဲဒီအခါ ကျတော့ ဗိုလ်ချုပ် သိန်းဌေးလို ပုဂ္ဂိုလ်ကို၊ အခုအခါမှာ အင်ဂျင်နီယာ အရာရှိ ဖြစ်သော်ငြားလည်းပဲ ကာကွယ် ရေးဝန်ကြီး ပေးမယ်ဆိုရင် ပေးနိုင်တယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း မြင်ပါသလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဒီကာကွယ်ရေးဝန်ကြီးနေရာက၊ ကျနော့် အနေနဲ့ကျတော့ အာဏာ ရှိတာ မရှိတာထက် စာရင်၊ အရေးပါတဲ့ နေရာလို့ ကျနော် သွားမြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ နိုင်ငံ တစ်ခု လုံးရဲ့ GDP (Gross Domestice Products စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဘိုး) ထက်ဝက်လောက်ကို သုံးနေတာ၊ တပ်မတော် ဖြစ်တယ်။ အဲဒီ တပ်မတော် အသုံးစားရိတ်ရဲ့ ထက်ဝက်လောက်ကို သုံးနေတာ ကလည်း DI (Defense Industry) ပဲ ဖြစ်တယ်။ ဥပမာ မြောက်ကိုရီးယားကို ဗိုလ်ချုပ်ကြီး ရွှေမန်း သွားပြီးတော့ MOU (Memorandum of Understanding) (နားလည်မှုစာချွန်) သဘောတူညီမှု စာချုပ် သွားထိုးတဲ့ အချိန်မှာဆိုရင်၊ အားလုံးကို စီစဉ်ခဲ့တာ ဗိုလ်ချုပ်သိန်းဌေးပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သူကိုယ်တိုင်လည်း ပါသွားတယ် မဟုတ်လား၊ အဲဒီ ခရီးစဉ်မှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီမှာ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့နောက်မှာ ထိုင်နေတာက ဗိုလ်ချုပ် သိန်းဌေးပါ ခင်ဗျ။ ဆိုတော့ သူက negotiator (စေ့စပ်ညှိနှိုင်းသူ) လည်း ဖြစ်နေတယ်။ ပြီးတော့ စစ်ရုံး အတွေ့အကြုံ တွေလည်း အများကြီး ရှိတယ၊် ဆိုတော့ ကာကွယ်ရေး ၀န်ကြီးနေရာက၊ သူ့အပြင် တခြားတော့ မမြင်ဘူးလို့ ကျနော် ပြော ချင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်မှူးအောင်လင်းထွဋ် အနေနဲ့ကော ဘယ်လို မြင်သလဲ ခင်ဗျ။ ဗိုလ်ချုပ် သိန်းဌေးကို ကာကွယ်ရေး ၀န်ကြီး မပေးဘူးဆိုရင်၊ တခြား လက်နက်ကိုင် ရဲတပ်ဖွဲ့တို့ လုံထိန်းတပ်ဖွဲ့ တွေကိုပါ ကိုင်ရမယ့် ပြည်ထဲရေး ၀န်ကြီးကော အင်ဂျင်နီယာ အရာရှိ ဗိုလ်ချုပ်သိန်းဌေးက၊ ဖြစ်နိုင်ပါသလား။ ဒါမှမဟုတ် နယ်စပ်ရေးရာ ၀န်ကြီးကော ဗိုလ်ချုပ်သိန်းဌေးက ဖြစ်နိုင်ပါသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော့်အမြင်တော့ အများဆုံး ဖြစ်နိုင်တာက ခုနက ကိုစိုင်းသိန်းဝင်း ပြောသွား သလိုပါပဲ။ ဗိုလ်ချုပ် သိန်းဌေးက ဗိုလ်ချုပ်မှူးကြီးရဲ့ အတွင်းလူ ဖြစ်နေပါပြီ။ သူ လျှို့ဝှက် လုပ်ထားတဲ့ ကိစ္စတွေ ပေါ့လေ၊ နျူးကလီးယား အပါအ၀င် အားလုံး ဒီ မြောက်ကိုရီးယား နဲ့ကော၊ ကျန်တဲ့ ဒီနိုင်ငံတွေနဲ့ ကောပေါ့ လေ၊ စစ်လက်နက် ပစ္စည်းနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ ကိစ္စတွေ အားလုံးဟာ ဗိုလ်ချုပ် သိန်းဌေးက အသိဆုံး ဖြစ်နေတဲ့ အတွက်ကြောင့်၊ ဗိုလ်ချုပ် သိန်းဌေးဟာ ကာကွယ်ရေး ၀န်ကြီး ဖြစ်လာ လိမ့်မယ်လို့၊ ကျနော်လည်း မြင်ပါတယ်။ တဘက်က ဗိုလ်ချုပ် ကိုကိုရော ဗိုလ်ချုပ် လှမင်းရောက ကျနော်နဲ့ အတူတူ စစ်တက္ကသိုလ် အောင်ဇေယျ တပ်ခွဲ တပ်စု(၉)မှာ အတူတူ နေခဲ့ဖူးပါတယ်။ ဗိုလ်ချုပ် ကိုကိုရော ဗိုလ်ချုပ် လှမင်းရောဟာ၊ စိတ်ရင်း စေတနာ မှန်မှန်နဲ့ တပ်မတော် အပေါ်မှာ သစ္စာရှိရှိ လုပ်ကြမယ့် လူတွေပါ။ ဒါ့ကြောင့်မို့လည်း အန္တရာယ် ရှိတယ်လို့ ယူဆတဲ့ အတွက်ကြောင့် သူတို့ကို လက်နက်ကိုင် တပ်တွေ ကိုင်ခိုင်းမယ့် အစား ၀န်ကြီး ဌာနကို ပို့လိုက်တာပါ။ ပြည်ထဲရေး ၀န်ကြီး အနေနဲ့ကတော့ ကျနော်မြင်တာ seniority (၀ါစဉ်)အရ ပေါ့လေ၊ ဒါ ဗိုလ်ချုပ်ကိုကို ဖြစ်ဖို့ များပါတယ်။ နယ်စပ်ဝန်ကြီး ဆိုတာကတော့ ကိုလှမင်းလေးက သူတို့ ထားရာနေ စေရာသွားမယ့် ဗိုလ်ချုပ်လှမင်းကို၊ နတလ (နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင် သာယာရေး ၀န်ကြီး ဌာန) ၀န်ကြီးဆိုပြီး၊ အမြင်ပေါ့လေ၊ ဖြစ်ဖို့ များပါတယ်။ ဒါကိုလည်း ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်ကြီးကိုကိုနဲ့ ဗိုလ်ချုပ်လှမင်းတို့ဟာ၊ တပ်ထဲမှာ လူရိုသေ ရှင်ရိုသေ ပေါ့နော်။ သူ တို့က ဖျောင့်ဖျောင့် မှန်မှန်နဲ့ တလျှောက်လုံး လုပ်လာခဲ့တဲ့ အတွက် အားလုံး ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက်ကြောင့်မို့၊ တပ်ထဲမှာဆက်မထား ရဲတော့ပဲ၊ kick up ပေါ့နော်၊ ကန်တင်တဲ့ အနေနဲ့ ၀န်ကြီး ရာထူးကို ပို့လိုက်တဲ့ သဘောလည်း ရှိတယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က၊ မြင်တာပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ကျနော် အဲဒီအတိုင်းပဲ မြင်ပါတယ်။ တပ်မတော်မှာ ဆက် ထားမယ် ဆိုရင်တော့ သူ့ကို အပြည့်အ၀ ထောက်ခံလိမ့်မယ်လို့ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) မယုံကြည်တဲ့ အတွက်ကြောင့်မို့၊ ဒါ နယ်ဘက်ကို ပို့လိုက်တဲ့ သဘောပါ။ အများ အမြင်မှာတော့၊ ထင်ကြတာက ၀န်ကြီးဆိုရင် မြင့်သွားတယ်လို့ ထင်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ ပြောင်းပြန်ပါ ခင်ဗျ။ စစ် ယူနီဖောင်းဝတ်မှ ဂုဏ်သိက္ခာ ရှိတယ်လို့၊ အခုအချိန်ထိ ထင်ထားဆဲ ရှိပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဗိုလ်မှူးစိုင်းသိန်းဝင်းကို ကျနော်မေးချင်တာက၊ ကာကွယ်ရေး ၀န်ကြီး၊ ဗိုလ်ချုပ် သိန်းဌေးများ ဖြစ်ခဲ့ပြီ ဆိုရင်၊ စစ်လက်ရုံး တပ်က လာတဲ့ လူတွေ ဒုဝန်ကြီး ဖြစ်ခဲ့စဉ် တုန်းကတော့၊ ဘယ်သူမှ ဘာမှ ပြဿနာ မရှိဘူး။ ဒါပေမယ့် ကာကွယ်ရေး ၀န်ကြီးဟာ၊ အမြင် အားဖြင့်တော့ ဒီ cabinet member (အစိုးရအဖွဲ့ဝင် ၀န်ကြီး) ဆိုတော့ မြင့်နေတယ်။ ကာကွယ်ရေး ဦးစီးချုပ်ထက် နိမ့်တယ် ဆိုတာ၊ ဗိုလ်မှူးတို့လို စစ်သား အချင်းချင်းပဲ သိနေတဲ့ ကိစ္စ။ အဲဒီတော့ ကာကွယ်ရေး ၀န်ကြီးဆိုတာ အင်ဂျင်နီယာ အရာရှိက ဖြစ်လာ ခဲ့ရင်၊ တိုက်ခိုက်ရေး တပ်တွေကကော ဘယ်လို သဘောထားတွေ ဖြစ်လာမယ်လို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်း ထင်ပါသလဲခင်ဗျ၊ ဗိုလ်မှူး စိုင်းသိန်းဝင်းလည်း တပ်ထဲမှာ နှစ်(၂၀) နီးပါး တာဝန် ထမ်းဆောင်ခဲ့တာ ဆိုတော့၊ တော်တော်လေး နှံ့နှံ့စပ်စပ် သိနေတယ်လို့ ကျနော်တို့ မြင်ထားပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်အနေနဲ့ကတော့၊ ဗိုလ်ချုပ်သိန်းဌေးဟာ ဆက်ဆံရေး ကလည်း ပြေပြစ်တဲ့ အတွက် ကြောင့်မို့လို့၊ သူ အဆင်ပြေအောင် ထိန်းနိုင်မယ် လို့တော့ ကျနော် ထင်ပါတယ်။ ကာကွယ်ရေး ၀န်ကြီး နေရာ ဆိုတာလည်း၊ သိပ်စွာနိုင်တဲ့ အနေအထား မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒါက ဗိုလ်မှူးစိုင်းသိန်းဝင်းက စစ်အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ စစ်အင်ဂျင် နီယာ အရာရှိကြီးက ကာကွယ်ရေး ၀န်ကြီး ဖြစ်လာမှာဟာ၊ ဟိုဘက်က တိုက်ခိုက်ရေး တပ်တွေက ဘယ်လိုမှ သဘောထားမှာ မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုး ရှိတယ်ပေါ့နော်။ ဗိုလ်မှူး အောင်လင်းထွဋ် အနေနဲ့ကော၊ ဘယ်လို မြင်ပါသလဲခင်ဗျ။ ဥပမာ၊ အခု ဗိုလ်ချုပ်ကြီး မြင့်အောင် အတွက် နာကျည်းနေတဲ့ လူတွေ ရှိကောင်းရှိမယ်။ တခါ ထပ်ပြီး ကာကွယ်ရေး ၀န်ကြီးကို လည်း ဗိုလ်ချုပ်ကြီး ကိုကို ကို မပေးဘူး၊ အင်ဂျင်နီယာ အရာရှိကို ပေးမယ် ဆိုရင်၊ ဗိုလ်ချုပ်လှမင်းကို (ကာကွယ်ရေးဝန်ကြီး) ပေးလိုက်တာ ထက်တောင်မှ၊ နာကျည်းမယ့် လူတွေများ၊ တိုက်ခိုက်ရေး တပ်ခေါင်းဆောင်တွေ ထဲမှာ ရှိနိုင်ပါသလား ခင်ဗျ။ အမိန့် မနာခံမှုတွေ ဘယ်လိုများ ထပ်ပြီး ဖြစ်ပေါ် လာနိုင်ပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီတော့ ကာကွယ်ရေးဝန်ကြီးရာထူး ဗိုလ်ချုပ် သိန်းဌေးကို ပေးမယ် ဆိုရင် လည်း၊ ရင်ထဲမှာပဲ ကြိတ်ပြီးတော့မှ မကျေနပ်ကောင်း မကျေနပ် ဖြစ်နေ ကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော် သိသလောက် ကာကွယ်ရေး ၀န်ကြီးဟာ၊ အထူး သဖြင့်တော့၊ ကိုစိုင်းသိန်းဝင်း ပြောသလိုပေါ့လေ၊ budget ပေါ့၊ မြန်မာပြည်ရဲ့ budget တ၀က်လောက်ကို၊ သူက ကိုင်သုံးရမှာ ဖြစ်တဲ့ အတွက်ကြောင့် ငွေရေး ကြေးရေး ပိုင်း ဆိုင်ရာမှာတော့ ဗိုလ်ချုပ်မှူးကြီး စိတ်ကြိုက် ခိုင်းမယ့် သူပါ။ ငွေးရေးကြေးရေး ပိုင်းနဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်လုပ်တဲ့ လူက၊ ကာကွယ်ရေး ၀န်ကြီးကို၊ မလွှမ်းမိုး နိုင်အောင်ပေါ့ ဗျာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ ပေါ်လစီအရ double check (နှစ်ဘက်ခွ ထောက်ထားတဲ့ အလုပ်) လုပ်ထားတဲ့ အနေအထားမျိုး ဖြစ်မယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ် သိန်းဌေးဟာ၊ ဗိုလ်ချုပ် မှူးကြီး စိတ်ကြိုက် သုံးစွဲနေတဲ့ ကာကွယ်ရေး စားရိတ် ကိစ္စတွေမှာ၊ သူလည်း ထဲထဲဝင်ဝင် ပါဝင် ပတ်သက် နေတာ ဆိုတော့၊ အခု ဒီလူ ဒီပုဂ္ဂိုလ်နဲ့ပဲ ရှေ့ဆက် သွားတဲ့ သဘောမျိုးလို့ ကျနော်တို့ မြင်ကြည့်လို့ ရပါသလား။ ဗိုလ်မှူးစိုင်းသိန်းဝင်း ဘယ်လို မြင်ပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိက က၊ ကျနော်တို့ တပ်တွေမှာ ဗျာ၊ တပ်တတပ်မှာ RF 1 ၊ RF 2 ဆို ပြီးတော့မှ ထားကြတာ ရှိတယ်။ Regiment Fund (တရားဝင် budget အရ ကာကွယ်ရေး ၀န်ကြီးဌာနမှ ပေးအပ်သော အစိုးရပိုင်ငွေ) ပေါ့။ တပ်ရင်း ရန်ပုံငွေ ဆိုတာ။ အဲဒီလိုပဲ တပ်မတော်ကြီး တခုလုံးမှာလည်း ရန်ပုံငွေ စာရင်းနှစ်ခု ရှိလိမ့်မယ်လို့၊ ကျနော် ယုံကြည်ပါတယ်။ ဥပမာ တခု ကျနော် ပြောရရင်၊ တပ်ရင်းတွေမှာ လိုအပ်တဲ့ ထောက်ပံ့ စားရိတ် ကို တရားဝင် ပေးနေတာက၊ ကျပ် တစ်သောင်းလောက်ပဲ ရှိတယ်။ ဆိုတော့၊ အဲဒီ ငွေက A4 စာရွက်ထုပ် နှစ်ထုပ် လောက် ၀ယ်လိုက်ရင်၊ ကုန်သွားပြီ။ အဲဒီ ရုံးသုံးစာရွက်တွေ ၀ယ်တာနဲ့တင် ကို၊ အစိုးရက တရားဝင် ထောက်ပံ့ထားတဲ့ ငွေက ဘယ်လိုမှ မလောက်ဘူး။ အဲဒီမှာ၊ လိုတဲ့ ပိုက်ဆံတွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖြည့်ရတာတွေ ရှိတယ်။ အဲဒီမှာ ကျနော်တို့က ငွေကို တရားမ၀င် ရှာရတာ ရှိတယ်။ ပြီးတော့ တရားမ၀င် သုံးရတာ ရှိတယ်။ အဲဒီမှာ ရငွေသုံးငွေ ဆိုတဲ့ စာရင်းတွေက အစစ်အမှန်က တစ်ခု၊ အတု က တစ်ခု၊ ဖြစ်နေတယ်။ အတုက ဘာလဲဆိုတော့ format (ပုံစံဇယား အသေချထားချက်) အရ လုပ်ရတဲ့ပုံစံ မျိုး။ တပ်မတော်က (အစိုးရဆီက ငွေနဲ့) တရားဝင် ထောက်ပံ့တဲ့ စားရိတ်အရ လုပ်ထားတဲ့ စာရင်းက၊ အတုဖြစ် နေတယ်။ တကယ့်တကယ် on ground (လက်တွေ့အနေအထား) မှာ၊ (တရားမ၀င် ရှာထားသော ငွေများနှင့်) သုံးနေတာကျတော့၊ အစစ်ပေါ့။ အဲဒီလိုမျိုး စာရင်းနှစ်ခု ထားရတာ ရှိတယ်။ ဒါ ကျနော် ဥပမာ တစ်ခုကို ပြော ပြတာပါ။ တပ်မတော်ကြီး တစ်ခုလုံးမှာလည်း၊ အဲဒီလို စာရင်းတွေ နှစ်မျိုး၊ ရှိပါလိမ့်မယ်။ အဲဒါက သူ(ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) တောက်လျှောက် သုံးလာခဲ့တဲ့ ဗိုလ်ချုပ် သိန်းဌေးကို၊ ဆက်သုံးရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ် နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း တို့ကို ဆက်သွယ် မေးမြန်းပြီး ဒီအစီအစဉ်ကို တင်ဆက်ခဲ့တာပါ။ ကျနော် ရော်နီညိမ်းပါ။


Ref: VOA News

Read More...

အပေါ်သို့