Friday, April 11, 2008

ညီညွတ်သောစွမ်းအားဖြင့် စစ်ကျွန်ဘ၀မှ ရုန်းထွက်ကြ





Wednesday, April 9, 2008

နအဖမှ ထုတ်ပြန်ခဲ့သည့် ဥပဒေအမှတ် ၅/၉၆ကို ဖျက်သိမ်းသင့်ကြောင်း ဥပဒေရေးရာသုံးသပ်တင်ပြချက်



ဒါဖတ်ပြီးမှ မဲပေးပါ (၁)

ဒါဖတ်ပြီးမှ မဲပေးပါ (၁)
ဦးစိန်ကျော်လှိုင်

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းဟာ လူတယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခု အကျိုးစီးပွား အတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးလို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မကြာခင်က ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန်ပြောတာ မှန်မမှန် စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို မြေလှန်ဆန်းစစ်ဖို့လိုလာပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲဖို့ အမျိုးသားညီလာခံ စကျင်းပတဲ့ လွန်ခဲ့တဲ့ (၁၄) နှစ်ကို ပြန်ကြည့်ရင် ညီလာခံဦးးတည်ချက် (၆)ချက် သတ်မှတ်ထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတွက် အခြေခံမူတွေ အမျိုးသားညီလာခံက တဆင့် ရေးဆွဲရာမှာ ဒီဦးးတည် ချက် (၆) ချက်နဲ့ မလွတ်စေဖို့ စစ်အစိုးရက ကြိုတင် ဘောင်ခတ်ထားတာပါ။

Read More...

Monday, April 7, 2008

နိုင်ငံသားကဒ်ပြား မဟုတ်




Read More...

အဖွဲ့ချုပ် ၏တိုက်ပွဲခေါ်သံကြောင့် ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ အလုပ်ရှုပ်နေပြီ

အဖွဲ့ချုပ် ၏တိုက်ပွဲခေါ်သံကြောင့် ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ အလုပ်ရှုပ်နေပြီ

၃ ဧပြီ ၂၀၀၈၊ နေ့လည် ၁ နာရီအချိန်၌ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း သည် ရန်ကုန်မြို့ ကျိုက္ကဆံလမ်းရှိ ကြံ့ဖွံ့ရုံးတွင် ရန်ကုန်တိုင်းအတွင်းရှိ ၄၁ မြို့နယ်မှ ကြံ့ဖွံ့အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များအား ခေါ်ယူတွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ “ကန့်ကွက်မဲပေးရေး” ကြေညာချက်အပေါ် မိမိတို့မြို့နယ်များရှိ ပြည်သူများ၏ တုံ့ပြန်ပြောဆိုနေမှုများကို သေသေချာချာ စောင့်ကြည့် ကြရန်နှင့် မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူများအား အမြဲတစေ ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေသောလုပ်ရပ်များ ကို နားမယောင်စေရေး ရှင်းလင်းပြောဆိုကြရန် မှာကြားပြောဆိုခဲ့သည်။

သက်ဆိုင်ရာမြို့နယ်များမှ အတွင်းရေးမှူးများကလည်း မိမိတို့မြို့နယ်များ၏ စည်းရုံးရေးအခြေအနေများကို တင်ပြကြရာ မြို့တော်ဝန်က စည်းရုံးရေးလုပ်ငန်းများကို အထူးမြှင့်တင်ဆောင်ရွက်သွားကြရန်မှာကြားပြီး ညနေ ၃ နာရီ တွင် အစည်းအဝေးကို ရုပ်သိမ်းလိုက်လိုက်သည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈)



ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၂၀၀၈ ခုနှစ် ဧပြီလ (၂) ရက်
၁၃၆၉ ခုနှစ် တပေါင်းလပြည့်ကျော် (၁၂) ရက်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ပန်ကြားချက်

၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်မည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်း လုံးဝမဟုတ်ပါ။



Read More...

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်၉၇/ခ၊အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၂၀၀၈ ခုနှစ်၊ ဧပြီလ (၂) ရက်
၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၂) ရက်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရ မည့်အချက်များ

(၁) ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းကို (၇) ရက် ကြိုတင် ကြေညာရမည် ဖြစ်သည်။

(၂) ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် မိမိတို့၏ အမည်ပါ မပါ ကြိုတင် လေ့လာရပါမည်။
(က) မပါလျှင် သက်ဆိုင်ရာ ရက်ကွက်၊ ကျေးရွာကော်မရှင်သို့ တင်ပြနိုင်သည်။
(ခ) ဖြစ်နိုင်လျှင် သေဆုံး၊ ပြောင်းရွှေ့သွားသော ဆန္ဒမဲပေးသူများစာရင်းကို ကြိုတင်ပြုစုထားပါ။

Read More...

မဲရုံကိုသွားရမယ်

မဲရုံကိုသွားရမယ်

အညွန့်တုံးမျိုးဆက်ဘ၀ လွတ်မြောက်ကြဖို့
စစ်ဥပဒေယုတ် ဆန္ဒခံယူပွဲ
ကန့်ကွက်မဲပေးဖို့ မဲရုံသွားရမယ်။

ဟိန်းနိုင်
Buram Digest မှကူးယူဖော်ပြသည်။

သူငယ်ချင်းသို့

သူငယ်ချင်းသို့

သူငယ်ချင်းရေ-
အကယ်၍
မင်းရဲ့သားသမီးတွေ
စားစရာမရှိ
ဝတ်စရာမဲ့ဘ၀နဲ့
စစ်ကျွန်ဘဝ
ကျရောက်နေတာကို
မမြင်ချင်ဘူးဆိုရင်------။


Read More...

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး မဲရုံပုံစံ

မဲအလိမ်မခံရအောင်

အပြည့်အစုံဖတ်ရှုလိုပါက ပုံကိုနှီပ်၍ဖတ်ပါ။

လူထုချစ်တဲ့ လူထုရဲ့ အမေ (၉၃ နှစ်) ကွယ်လွန်

လူထုချစ်တဲ့ လူထုရဲ့ အမေ (၉၃ နှစ်) ကွယ်လွန်



ပြည်သူချစ်သော စာပေမိခင်ကြီး လူထုဒေါ်အမာသည် ဧပြီလ ၇ ရက် ယနေ့နံနက် မြန်မာစံတော်ချိန် ၈နာရီ ၃၇မိနစ် အချိန်က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။
ကျနော်တို့တိုင်းပြည် ကျနော်တို့ပြည်သူလူထုအားလုံး၏ တန်ဘိုးးမဖြတ်နိုင်သည့် လမ်းပြရှေ့ဆောင် မဟာကြယ်စင်တစင်း ဆုံးရှုံးလိုက်ရပြီဖြစ်သည့်အတွက် ၀ိမုတ္တိဝိုင်းတော်သားများမှ မိသားစုများနှင့် ပြည်သူတရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အပေါ်သို့