၃ ဧပြီ ၂၀၀၈၊ နေ့လည် ၁ နာရီအချိန်၌ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း သည် ရန်ကုန်မြို့ ကျိုက္ကဆံလမ်းရှိ ကြံ့ဖွံ့ရုံးတွင် ရန်ကုန်တိုင်းအတွင်းရှိ ၄၁ မြို့နယ်မှ ကြံ့ဖွံ့အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များအား ခေါ်ယူတွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ “ကန့်ကွက်မဲပေးရေး” ကြေညာချက်အပေါ် မိမိတို့မြို့နယ်များရှိ ပြည်သူများ၏ တုံ့ပြန်ပြောဆိုနေမှုများကို သေသေချာချာ စောင့်ကြည့် ကြရန်နှင့် မိမိတို့မြို့နယ်အတွင်းရှိ ပြည်သူများအား အမြဲတစေ ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေသောလုပ်ရပ်များ ကို နားမယောင်စေရေး ရှင်းလင်းပြောဆိုကြရန် မှာကြားပြောဆိုခဲ့သည်။
သက်ဆိုင်ရာမြို့နယ်များမှ အတွင်းရေးမှူးများကလည်း မိမိတို့မြို့နယ်များ၏ စည်းရုံးရေးအခြေအနေများကို တင်ပြကြရာ မြို့တော်ဝန်က စည်းရုံးရေးလုပ်ငန်းများကို အထူးမြှင့်တင်ဆောင်ရွက်သွားကြရန်မှာကြားပြီး ညနေ ၃ နာရီ တွင် အစည်းအဝေးကို ရုပ်သိမ်းလိုက်လိုက်သည်။
















































0 comments:
Post a Comment