Friday, November 16, 2012

ATM စက်များတွင် တစ်နေ့လျှင် အများဆုံး ကျပ်ငွေ(၉)သိန်းသာ ထုတ်ယူနိုင်

ထက်အောင်ခန့်(မြစ်မခ)
15 Nov, 2012

Master Card ၊ Maestro ၊ Cirrus Card များကို ကိုင်ဆောင်ထားသူများအနေဖြင့် CB ဘဏ် ATM စက်များတွင် နိုဝင်ဘာ (၁၅)ရက်နေ့မှ စတင်ကာငွေများ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် ATM စက်များတွင် တစ်နေ့လျှင် သုံးကြိမ်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ခါထုတ် ယူပါက ငွေကျပ် သုံးသိန်းအထိသာ ထုတ်ယူနိုင်ခြင်းသည်။

“လောလောဆယ်တော့ အဲ့လိုသုံးမျိုးကို ထုတ်ပေးလို့ရတယ်။ တစ်နေ့ကို သုံးကြိမ်အထိ ထုတ်လို့ ရပါတယ်။ ပြီးတော့ တစ်ခါထုတ်ရင် သုံးသိန်းအထိ ထုတ်ပေး လို့ရတယ်။” ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကတ်များအား CB ဘဏ်၏ ATM စက်ထားရှိသည့် နေရာ ဒေသအသီးသီး၌ (၂၄)နာရီ ထုတ်ယူနိုင်ခြင်းဖြစ်ပြီး ATM စက်မှာ တစ်နိုင်ငံလုံးတွင် (၃၆) လုံးရှိသည်။

တစ်ခါထုတ်ယူပါက Master Card charges အနေဖြင့် ငွေကျပ်(၅၀၀၀) ဖြတ်တောက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

“Master က ချမှတ်ပေးထားတဲ့ နှုန်းအတိုင်းပဲ။ Master ကတ်ပေါ်မှာထုတ် တဲ့အတွက် ကွန်မြူနစ်ကေး ရှင်း ယူတဲ့သဘောပါ။ အနည်းအများ အပေါ် မခွဲတော့ဘူး။” ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

CB ဘဏ်သည် နိုဝင်ဘာ (၃) ရက်နေ့တွင်လည်း အီလက်ထရွန်းနစ် ငွေချေစနစ် ကုမ္ပဏီတစ်ခု ဖြစ် သည့် VISA ကုမ္ပဏီနှင့် လိုင်စင်စင်သဘောတူညီချက် ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင် အသုံးပြုနိုင်ရန်လျာထားကြောင်း သိရသည်။

Ref: မြစ်မခ

Read More...

အန္တရာယ်ကိုထွေးပွေ့နေရတဲ့ ချင်းတွင်းမြစ်ဝှမ်း”

ဒေါက်တာစိန်စိန်သိန်း
16 Nov, 2012

ကမ္ဘာပေါ်တွင် အသေချာဆုံးတစ်ခုမှာ " ပြောင်းလဲခြင်းဖြစ်စဉ်" ဖြစ်သည်မှာ တရုတ်စကားပုံ ဖြစ်မည် ထင်သည်။ ပြောင်းလဲခြင်း ဖြစ်စဉ်တို့ကသာ သေချာသည့်သဘော ဖြစ်ပေလိမ့်မည်။ ကျွန်မမြေပုံတစ်ခုကို မြင်ခဲ့၍ ပုံတွင်းမှ အပြောင်းအလဲကို မြင်လိုက် ရခြင်း ဖြစ်သည်။ ဝေဟင်မှ လျှပ်စစ်သံလိုက် အလင်းလှိုင်းများနှင့် ပုံရိပ်ဖေါ်ခြင်း Remote Sensing method အရရိုက်ထားသော ပုံမှာ ပြောင်းလဲနေသော ချင်းတွင်းမြစ်ဝှမ်းကို မြင်ခဲ့ လိုက်ရပါသဖြင့် ၀မ်းနည်းကြေကွဲရပါ၏။ မြန်မာနိုင်ငံ၏ မြောက်ပိုင်းရှိ ဥရုမြစ်မှ မြစ်ဖျားခံကာဧရာဝတီသို့ ရေပို့ပေး၏။ ပို့ပေးစရာ ရေတို့က နည်းချေပြီ။

Read More...

ဝိုင်းမော်စက်မှုဇုန်စီမံကိန်း မစမီကပင် တောင်သူများကန့်ကွက်

လုဆိုင်း- ကချင်ပြည်နယ် (မြစ်မခ)
15 Nov, 2012

ကချင်ပြည်နယ်အစိုးရမှ ဝိုင်းမော်မြို့နယ်၌ စက်မှုဇုန်မံကိန်းတည်ဆောက်ရန် အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ဒေသခံ တောင်သူများက နိုဝင်ဘာလ (၁၄) ရက်က နိုင်ငံတော်သမ္မတထံ ကန့်ကွက်စာ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ ကန့်ကွက်ရတဲ့အကြောင်းကတော့ စီမံကိန်းနေရာဟာ ဘိုးဘွားစဉ်ဆက်ကနေဒီနေ့အထိ စိုက်ပျိုးလုပ် ကိုင်နေ တဲ့မြေ ဖြစ်တယ်။ စိုက်ပျိုးမြေ မရှိလို့မရဘူး၊ မိသားစုအားလုံးက ဒီစိုက်ပျိုးရေးနဲ့ပဲ အမှီပြုပြီး လုပ်ကိုင်စားသောက်နေတာပါ။ မကန့်ကွက်လို့ မရပါဘူး”ဟု တောင်သူ ဦးအောင်ထွေးက ပြောသည်။

Read More...

KBC အစည်းအဝေး တက်ရောက် ရန် KNU အဖွဲ့ဝင် ၃ဦး ဖိတ်ကြားခံရ

15 November 2012
စောခါးစူးညား

မြန်မာနိုင်ငံရှိ Karen Baptist Convention ခေါ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ တစ်ခုက နိုဝင်ဘာလ ၁၇ရက်နေ့၌ အစည်းအဝေးတစ် ရပ် ပြုလုပ် မည်ဖြစ် ပြီးယင်း အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ကိုယ်စားလှယ် ၃ဦး အပါအ၀င် ထိုင်း-မြန် မာနယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းအချို့ကို ဖိတ်ကြား ထားသည်။

၂ရက်ကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးတွင် KBC အဖွဲ့ကိစ္စအပြင် လက်ရှိ ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မည်သည့်အဆင့်၌ ရှိနေကြောင်း၊ ရှေ့ဆက် မည်သို့လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့်အခြေအနေပေါ် မူတည်၍ ဆောင်ရန်၊ ရှောင်ရန် ကိစ္စများကို မည်သို့ ပြင်ဆင်သင့်ကြောင်း စသည်တို့ကို ဆွေးနွေးသွားမည်ဟု KBC အမှုဆောင် အရာရှိဖြစ်သူ ဒေါက်တာဂါဘရီလ်(Dr. Gabriel)က ပြောသည်။

Read More...

အိုဘားမားခရီးစဉ် မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး

2012-11-15

အမေရိကန်သမ္မတ အိုဘားမား ရဲ့ နိုဝင်ဘာ ၁၉ ရက် မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင် မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှာဖြစ်တယ်လို့ အစိုးရပိုင်းကပြောပါတယ်။

ကြာသပတေးနေ့ထုတ် သတင်းစာတွေမှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့သတင်း ပါလာပါလိမ့်မယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

Read More...

မြန်မာ့ဒီမိုကရေစီအရေး အားပေးဖို့ အိန္ဒိယပြည်သူတွေကို ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

2012-11-15

မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်ရောက်အောင် ကြိုးစားနေဆဲဖြစ်တာကြောင့် မြန်မာပြည်သူတွေနဲ့ အတူ အားပေးရပ်တည် ပေး သွားဖို့အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာလ ၁၄ ရက် မနေ့ညနေပိုင်းက ကျင်းပတဲ့ နေရူးအထိမ်းအမှတ် ဟောပြောပွဲမှာ အိန္ဒိယပြည်သူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုရာမှာ အိန္ဒိယဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် အားတက်သရော ထောက် ခံခဲ့ရာက ၁၉၉၀ ခုနှစ်တွေ အတွင်း လမ်းကြောင်းပြောင်းသွားတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရသလဲမေးကြပါတယ်။

Read More...

စစ်တပ်ကိုယ်စားလှယ်တွေ ပူးပေါင်းမှသာ ဒီမိုကရေစီ ပန်းတိုင် ရောက်မည်

2012-11-15

လွှတ်တော်တွင်းမှာ ကိုယ်စားပြုနေတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မိမိတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမှသာ အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်နိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် တတိယနေ့မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ အိန္ဒိယမီဒီယာ CNN-IBN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အင်္ဂလိပ်ဘာသာနဲ့ ပြောဆိုခဲ့ရာမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Read More...

ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ နိုင်ငံတကာ အတွက် ဝမ်းနည်းဖွယ်ဖြစ်

2012-11-15

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာရခိုင်တွေ နဲ့ မူဆလင်တွေအကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာဟာ နိုင်ငံတကာ အသိုင်း အဝိုင်းအတွက် ကြီးမားတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါလို့ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံက NDTV သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ အိန္ဒိယနိုင်ငံမှာ ထုတ်လွှင့်တဲ့ NDTV သတင်းထောက်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခုပါလားလို့ မေးမြန်းခဲ့ပါတယ်။

Read More...

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရ

2012-11-15

မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ အလုပ်အကိုင် ရရှိရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ လှိုင်မြို့နယ်မှာရှိတဲ့ International Business Center အဆောက်အဦးမှာ ကျင်းပခဲ့ရာမှာ မသန်စွမ်းသူတွေဟာ သူတို့ရသင့်တဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရကြောင်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ မဲထည့်တဲ့အခါ မသန်စွမ်းသူတွေဟာ သာမန်လူတွေနဲ့ တန်းတူအခွင့် အရေး မရရှိသလို၊ ပညာသင်ကြားရေးတွေမှာ ခွဲခြားဆက်ဆံခံရတာတွေလည်း ရှိနေတယ်လို့ အခမ်းအနားမှာ ဦးဆောင်ဆွေးနွေးသူတွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ ကုန်တိုက်တွေမှာ ဈေးဝယ်တဲ့အခါ ဝှီးချဲတွေနဲ့ ဝင်လို့မရတဲ့အတွက် မသန်စွမ်းသူတွေအနေနဲ့ အများသူ ငှာတွေလို လွတ်လပ်စွာ သွားလာခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

ဒီလို သူတို့ရပိုင်ခွင့်အခွင့်အရေးတွေကို အသိအမှတ်ပြု စဉ်းစားပေးနိုင်ဖို့ နဲ့ လိုအပ်ရင် ဥပဒေပြုနိုင်ဖို့အတွကို လွှတ်တော်မှာ အဆို တင်သွင်းထားတယ်လို့ သိရပါတယ်။

မသန်စွမ်းသူတွေအနေနဲ့ အမှီအခိုကင်းကင်း ဘဝရပ်တည်နိုင်ဖို့အတွက် စွမ်းရည်မြင့်မားလာစေဖို့၊ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေရရှိဖို့၊ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ ရရှိလာအောင်ဆောင်ရွက်ပေးဖို့ စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ(၁၃)ရက်နေ့ကနေ (၁၅)ရက်နေ့ အထိ (၃)ရက်ကြာကျင်းပခဲ့တဲ့ မသန်စွမ်းသူတွေရဲ့ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ AAR ဂျပန် အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေး အသင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် လူပုဂ္ဂိုလ် (၁၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဒေါ်စုဖိတ်ခေါ်

သိင်္ဂီထိုက်
15.11.2012

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သတင်းတပတ်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်း စွမ်းအင်နဲ့ ရင်းမြစ်ဆိုင်ရာ နည်းပညာသိပ္ပံ TERI ကိုရောက်ရှိစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် လိုအပ်နေသေး တဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြား သွားပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

Read More...

အဆိုတော်ခင်မောင်တိုး ကွယ်လွန်

ကိုသားညွန့်ဦး
15.11.2012

ကိုယ်ပိုင်သံစဉ်တွေကိုသာ အဓိကသီဆိုခဲ့တဲ့ နိုင်ငံကျော်အဆိုတော် ခင်မောင်တိုး ဒီနေ့မနက်ပိုင်း စင်္ကာပူနိုင်ငံမှာ ကွယ်လွန် သွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

အသက် ၆၂နှစ်အရွယ် အဆိုတော် ခင်မောင်တိုးဟာ ဒီကနေ့မနက်ပိုင်း ဒေသစံချိန် ၈နာရီကျော်မှာ စင်ကာပူနိုင်ငံမှာ အသည်း ရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပါတယ်။ အသည်းရောဂါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကတည်းက စင်ကာပူနိုင်ငံမှာ ဆေးဝါး ကုသမှုခံယူနေတာဖြစ်ပါတယ်။ ကိုခင်မောင်တိုးရဲ့ မိသားစုဝင်တွေလည်း အခု စင်ကာပူနိုင်ငံကို ရောက်ရှိနေပြီး၊ ကျန်နေတဲ့ သူ့ရဲ့ရုပ်ကြွင်းကို စင်ကာပူနိုင်ငံမှာပဲ သဂြိုလ်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်တွေကို အဓိကထား သီဆိုခဲ့တဲ့ အဆိုတော်ခင်မောင်တိုး ကွယ်လွန်မှုဟာ မြန်မာ့ဂီတလောကအတွက် ကွက်လပ်တစ်ခုဖြစ်သွားစေတယ်လို့ အဆိုတော် မမီမီဝင်းဖေက ပြောပါတယ်။

Read More...

တရုတ်ခေါင်းဆောင်သစ် ရာထူး Xi Jinping ကို ပေးအပ်

15.11.2012

ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေအထွေအတွင်းရေးမှူးအဖြစ် တရုတ်ခေါင်းဆောင်သစ် နေရာ ရာထူးကို Xi Jinping ကို ပေးအပ်လိုက်ပါပြီ။ ဒုသမ္မတ မစ္စတာ Xi ဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ Hu Jintao ပြီးရင် ပါတီရဲ့ခေါင်းဆောင် ရာထူးကို ဆက်ခံမဲ့သူဖြစ်တယ်ဆိုတာကိုတော့ အချိန်အတော်ကြာကြာ ကတည်းက မျှော်လင့်ထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဘေဂျင်းမြို့တော်ရဲ့ ပြည်သူ့ ခန်းမထက်က ကော်ဇော်နီပေါ်မှာ မစ္စတာ Xi ဟာ တရုတ် ခေါင်းဆောင်သစ် ခြောက်ယောက်နဲ့အတူ လျောက်လှမ်းခဲ့ပါတယ်။

Read More...

Post titleBPရေနံကုမ္ပဏီ ဒေါ်လာ သန်း ၄ ထောင်ကျော် ဒဏ်ဆောင်ရမည်

15.11.2012

မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံယိုဖိတ်မှုတွေ နဲ့ လူကိုပါသေဆုံးစေတဲ့ ပေါက်ကွဲမှုဖြစ်ပွါးစေမှုနဲ့ ပါတ်သက်ပြီး ဗြိတိသျှ ရေနံ ကုမ္မဏီ BP မှာ အပြစ်ရှိကြောင်းနဲ့ ဒဏ်ကြေးငွေအဖြစ် ဒေါ်လာ သန်းပေါင်းလေးထောင်ငါးရာ (သန်း ၄၅၀၀) ပေးဆပ်ဖို့ ကိစ္စကို BP ရေနံကုမ္မဏီ က သဘောတူညီခဲ့ပါတယ်။

Read More...

အိုဘားမားခရီးစဉ် ကြိုတဲ့ မြန်မာ့မီဒီယာ

မဆုမွန်
15.11.2012

အမေရိကန်သမ္မတ ဘာရပ်အိုးဘားမား မြန်မာနိုင်ငံကို ရောက်လာမယ့် ရက် နီးကပ်လာတာနဲ့အမျ မြန်မာသတင်းမီဒီယာတွေမှာ အမေရိကန်သမ္မတခရီးစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာသလို သမ္မတဆိုက်ရောက်လာမယ့် ရန်ကုန်မြို့မှာလည်း လုံခြုံရေးတင်းကျပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ ဘရပ်အိုဘားမားဟာ မြန်မာနိုင်ငံကို ဒီရက်ပိုင်းအတွင်းမှာပဲ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းခေါင်းဆောင်သမ္မတတဦးရဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် သမိုင်းဝင်ခရီးစဉ်နဲ့ ပတ်သက် ပြီးတော့ မြန်မာနိုင်ငံသတင်းမီဒီယာတွေမှာ လည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါတယ်။ ဒါပေမယ့် ပုဂိုလပိုင် သတင်းဂျာ နယ်တွေမှာပဲ ဝေဝေဆာဆာဖော်ပြနေပြီးတော့ အစိုးရပိုင် သတင်းမှာတော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမရှိဘူးလို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌ မောင်ဝံသက ဗွီအိုအေမြန်မာပိုင်းက ပြောပါတယ်။

Read More...

အိုဘားမားအတွက် ရန်ကုန်တက္ကသိုလ် ပြန်လည်မွမ်းမံ

စနေလင်း
November 15, 2012

လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား မိန့်ခွန်းပြောမည်ဟု သတင်းပြေးနေသည့် ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်၊ တက္ကသိုလ်ဝင်း အတွင်းရှိ အဓိပတိလမ်းမနှင့် စာသင်ဆောင်တချို့ကို ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်နေပြီး လုံခြုံရေးလည်း တင်းကျပ်ထားသည်။

အဆိုပါ အခမ်းအနားသို့ ကန့်သတ်ထားသော ဧည့်သည် အရေအတွက်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Read More...

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ၀န်ကြီးဌာနများ တရားစွဲခံရမည်

သာလွန်ဇောင်းထက်
November 15, 2012

အစိုးရ၀န်ကြီးဌာန ၁၅ ခုက ယမန်နှစ်ဘဏ္ဍာနှစ်အတွင်း အလွဲသုံးစား ထားသောပြုလုပ်ထား ပြည်သူ့ဘဏ္ဍာ များကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခြင်း မရှိပါက ၀န်ကြီးဌာနများကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြောဆိုလိုက်သည်။

ယမန်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ပြည်ထောင်စုအစိုးရဌာနအဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စစ်ဆေးတွေ့ရှိခြင်းနှင့်စပ်လျဉ်းသော အရေးကြီးအစီရင်ခံစာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်း ထိုက်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

Read More...

အမေရိကန် သမ္မတ၏ မြန်မာ ခရီးစဉ်သည် မဟာဗျူဟာ နိုင်ငံရေး

November 15, 2012

နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည့် အမေရိကန်သမ္မတ ဘားရက်ဟူစိန်အိုဘားမား၏ သမိုင်းဝင် ခရီးကို မြန်မာအစိုးရနှင့် ပြည်သူလူထုကသာမက ဒေသတွင်းကပါ အရေးပါသော ခရီးစဉ်တရပ်ဟု ရှုမြင်သုံးသပ်နေကြသည်။

ပြန်လည် ရွေးကောက် တင်မြှောက် ခံခဲ့ရသော သမ္မတ အိုဘားမား၏ အမေရိကန် ပြည်ထောင်စု အစိုးရသည် စက်တင်ဘာလ အတွင်း အမေရိကားသို့ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ လာရောက် လည် ပတ်ခဲ့စဉ် ကလည်း မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး ဆယ်စုနှစ်ကြာ ဒဏ်ခတ် ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးခဲ့သည်။

Read More...

အိန္ဒိယကို စိတ်ပျက်မိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ဇာနည်မာန်
November 15, 2012

မြန်မာ့ဒီမိုကရေစီရေးအတွက် အလိုအပ်ဆုံးအချိန်တွင် အားပေးမှု နောက်ပြန်လှည့်သွားသော အိန္ဒိယနိုင်ငံအား စိတ်ပျက်ခဲ့မိကြောင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

နယူးဒေလီမြို့ ဗီဂ်ရန်ဘာဝန်ရှိ ပလန်နရီ ခန်းမတွင် ယမန်နေ့ညက ကျင်းပသည့် ဂျဝါဟာလာနေရူး မွေးနေ့အထိမ်းအမှတ် ဟောပြော ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နေရူးတို့ ရှိစဉ်ကတည်းက ဖြစ်တည်ခဲ့သည့် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုအကြောင်းကို ပြောဆိုစဉ် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More...

အဆိုတော် ခင်မောင်တိုး ကွယ်လွန်

ရန်ပိုင်
November 15, 2012

ခေတ်ပေါ်မြန်မာ သီချင်းလောကတွင် ကိုယ်ပိုင်သံစဉ် တခေတ်ဆန်းစေခဲ့သည့် မဇ္စျိမလှိုင်းတေးဂီတ၏ ပင်တိုင် အဆိုတော် ခင်မောင်တိုး အသက် ၆၂ နှစ်သည် စင်ကာပူနိုင်ငံ ဒေသစံတော်ချိန် ယနေ့နံနက် ၈နာရီ ၁၈မိနစ် တွင် အသည်းရောဂါဖြင့် ကွယ်လွန် သွားပြီဖြစ်သည်။

ကိုတိုးကြီးဟု ပရိသတ်က ချစ်ခင်စွာ ခေါ်သည့် အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် စက်တင်ဘာလဆန်းကတည်းက စင်ကာပူ နိုင်ငံသို့ သွားရောက်ကာ ဆေးကုသခံနေရခြင်းဖြစ်သည်။ ကိုခင်မောင်တိုး၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို စင်ကာပူနိုင်ငံတွင် သဂြိုလ် မည်ဖြစ်သည်ဟု သူငယ်ချင်းဖြစ်သူ မဇ္စိုမလှိုင်းမှ တေးရေးဆရာလည်းဖြစ် ဘေ့စ်ဂစ်တာသမားလည်းဖြစ်သူ ကိုရဲလွင် ကပြောသည်။

“ဆိုးတူကောင်းဖက် နေခဲ့ကြတာလေ၊ ကျနော်သူငယ်ချင်းနဲ့က ဘာမှ အမုန်းတရားမရှိဘူး၊ နောက်ဆုံးလမ်းခွဲသွားတယ်ဗျာ၊ သူလည်း နောက်ဆုံးအချိန်အထိ ကျနော်ကို သတိရနေတယ်လို့ ပြောတယ်” ဟု ကိုရဲလွင်က ဧရာဝတီသို့ အမှတ်တရစကား ဆိုသည်။

ကိုခင်မောင်တိုးသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် ဂီတ၀ဿန် ပွဲတွင် နောက်ဆုံး ဖျော်ဖြေခဲ့ပြီးနောက် စင်ကာပူနိုင်ငံသို့ သွားရောက်ဆေးကုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဖျော်ဖြေမှုကို ပင်ပန်းကြီးစွာ ပြုလုပ်ခဲ့ရကြောင်း ကိုရဲလွင်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် ကိုရဲလွင်မှာ အမေရိကန်နိုင်ငံသို့ ခရီးထွက်နေရသောကြောင့် စင်ကာပူသို့ မသွားခဲ့နိုင်သော်လည်း ဖုန်းဖြင့် နောက်ဆုံးအချိန်ထိ အဆက်အသွယ်သာ လုပ်နိုင်ခဲ့ကြောင်းလည်း ဆိုသည်။

ကိုခင်မောင်တိုးနှင့် စက်မှုတက္ကသိုလ် ပထမနှစ်ကတည်းက အနုပညာရောင်းရင်း နောက်တဦးဖြစ်သည့် ကဗျာဆရာ စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကလည်း မိသားစု ကဲ့သို့ နေထိုင်သည့် သူငယ်ချင်း တဦး တိမ်းပါးသွားခြင်းဖြစ်သည့်အပြင် ဂီတ လောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ဆိုသည်။

“ကျောင်းပြီးလို့ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ ကွဲကွာသွားပေမယ့် သူနဲ့ ကျနော်နဲ့က အနုပညာလောကမှာကျန်ခဲ့ပြီး အမြဲတွေ့နေတာ၊ မိသားစုလို နေကြတာဆိုတော့ ခံစားရတယ်”ဟု မောင်စိန်ဝင်း (ပုတီးကုန်း) က ဆိုသည်။

စစ်ကိုင်းတိုင်း မော်လိုက်ဇာတိ ကိုခင်မောင်တိုးသည် ငယ်စဉ်ကတည်းက ဂီတ၀ါသနာပါသူဖြစ်ပြီး ၁၉၆၆ ခုနှစ် စွယ်တော်ရိပ်ဟု တင်စားခေါ်ဝေါ်ကြသော ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကို တက်ရောက်သင်ကြားခဲ့သည်။ ဂီတအနုပညာဘက်တွင်သာ ပိုစိတ် ပါဝင်စားသဖြင့် ကျောင်းမပြီးခဲ့ချေ။

အပေါင်းအသင်းများကြား အေးဆေးတည်ငြိမ်စွာနေတတ်သူ၊ စကားပြောလျှင် လေးလေးမှန်မှန်သာ ပြောဆိုတတ်ပြီး မထုံ တက် တေးနေတတ်သူဖြစ်ပြီး ကိုသန်းမြင့်(တယော)၊ ကိုစောဝင်း(စောင်း)၊ ဘူမိဗေဒကျောင်းသား ကိုတင် မောင်လှိုင် (မျက်သွယ်)၊ ကဗျာဆရာမောင်စိန်ဝင်း( ပုတီးကုန်း) တို့နှင့် အများဆုံး တွဲဖက်ပေါင်းသင်းခဲ့သည်။

၁၉၆၈ခုနှစ်၌ နောင်တွင် မဇ္စျိမလှိုင်းကို ပူးပေါင်းတည်ထောင်သူများဖြစ်လာမည့် ကိုရဲလွင်၊ ကိုမောင်မောင် တို့နှင့် တွဲဖက်မိပြီး အင်းလျား၊ သီရိ၊ မာလာ၊ ရတနာ၊ သဇင် စသည့် တက္ကသိုလ်ကျောင်းဆောင်များရှေ့တွင် ကိုယ်တိုင်ရေးသီချင်းများကို စတင်လေ့ကျင့် သီဆိုခဲ့ကြသည်။

ထိုစဉ်က ကိုခင်မောင်တိုးမှာ အဆိုထက် တီးခတ်မှုကိုသာ အားသန်သူဖြစ်ပြီး၊ အင်ဂျင်နီယာပညာထက် အနုပညာကို သာ ပိုမိုခုံမင်သူအဖြစ် ငယ်သူငယ်ချင်းဖြစ်သူ ကဗျာဆရာ မောင်စိန်ဝင်း( ပုတီးကုန်း)က ဆိုသည်။

ဆံပင်ရှည်ထားပြီး ဂစ်တာတီးခြင်းအား သရုပ်ပျက်ဂီတဟု ရှုတ်ချနေခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တပါတီအာဏာရှင် ခေတ်ဦးတွင် ကိုခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုမောင်မောင်၊ ကိုနေ၀င်း တို့နှင့်အတူ ၁၉၇၄ ခုနှစ်ခန့်က“ ပြဿာနာအုပ်စု” ဆိုသည့် တေးဂီတ၀ိုင်းကို တည်ထောင်ပြီး ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်၊ ရင်ခုန်နေသော အိမ်မက်ငယ် စသည့် တေးစီးရီးကို ထုတ်ခဲ့သည်။

“အဲဒီတုန်းက ပြဿနာ Problem ဆိုတဲ့စကားက ခေတ်စားတယ်လေ၊ အဲဒီတော့ ပြဿာနာ နာမည်ကို ရွေးပြီး ဖွဲ့လိုက်တာ”ဟု ကိုရဲလွင်က ပြောသည်။

နောက်ပိုင်းတွင် ကီးဘုတ် ဇော်မျိုးထွဋ်၊ ဒရမ် တွတ်ကီတို့ပါ ပါဝင်လာပြီး “လိစ္ဆ၀ီ” တေးဂီတဟု ပြောင်းလဲဖွဲ့စည်းကာ “ဝိုင်းရဲ့ ဆည်းဆာ”၊ “အဉ္ဇလီအတွက် ဂီတဉ္ဇလီ” စသည့် တေးသီချင်းများကို ထုတ်ဝေခဲ့သည်။

သို့သော် ၁၉၈၄ ခုနှစ်ဦးပိုင်း မဇ္စျိမလှိုင်း တေးဂီတနှင့်အတူ သီဆိုခဲ့သည့် “ မဟာဆန်သူ” တေးစီးရီးသည် ကိုယ်ပိုင်သံစဉ် တခေတ် ဆန်းစေပြီး ထိုခေတ်လူငယ်များအတွင်း အထူးရေပန်းစားကာ လူကြိုက်များခဲ့ပြီး ခင်မောင်တိုး အမည်ကို လူသိများ စေခဲ့သည်။

ထို့ပြင် ကြိုးကြာသံ၊ မျက်သွယ်၊ လေးညှိ့ရှင်၊ရောင်စဉ် ခုနှစ်သွယ်၊ ဝေးခဲ့ပြီ ပန်းခရမ်းပြာ အပါအ၀င် အောင်မြင်ကျော်ကြားသော တေးစီးရီး ၂၀ ခန့် သီဆိုထုတ်ဝေခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝေဝေခိုင်နှင့် သားသမီး ၃ ဦး ကျန်ရစ်သည်။

Ref: ဧရာဝတီ

Read More...

မြန်မာရေလုပ်သားများကို ထိုင်းစစ်တပ် ဝင်ဖမ်း

သန်းထိုက်ဦး
November 15, 2012

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းရေတပ် အာဏာပိုင်များက အဆိုပါ မြန်မာပြည်သားများ နေထိုင်လျက်ရှိသည့် ဖန်င ခရိုင် အတွင်းရှိ ထလမုကျေးရွာကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

Read More...

အဆိုတော် ခင်မောင်တိုး ကွယ်လွန်

ကွန်းချမ်း
နိုဝင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ်

ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ထင်ရှားသူ အဆိုတော် ခင်မောင်တိုး (အသက် ၆၂ နှစ်) သည် ကြာသပတေးနေ့ စင်ကာပူ စံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်တွင် အထွေထွေဆေးရုံကြီး၌ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။

“ကျနော် ချာတိတ်ကတည်းက ကျနော်တို့ အိမ်ကို သူဝင်ထွက်နေတာ။ ကျနော့်အကို ကိုချစ်ကို (တေးရေး)ရဲ့ သူငယ်ချင်းပေါ့။ ကျနော့်ဆရာ ဆိုလည်း မမှားဘူး။ ကျနော် အခုအချိန်မှာ သူ့ကို အရမ်းနှမြော အရမ်းဝမ်းနည်းနေ တယ်”ဟု မဇ္ဈိလှိုင်း တေးဂီတ အဖွဲ့တွင် လက်တွဲဖော်လည်းဖြစ်၊ တပည့်တဦးလည်း ဖြစ်သူ ကိုသားထွေး က ပြောသည်။

Read More...

သမ္မတဦးသိန်းစိန် အာဆီယံထိပ်သီးအစည်းအဝေး လေးရက်ကြာ တက်ရောက်မည်

မျိုးသန့်
နိုဝင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ကျင်းပ လျက်ရှိသော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မြန်မာ သမ္မတ ဦးသိန်းစိန်တက်ရောက်ရန်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လေးရက် တာ နေထိုင်မည်ဖြစ်သည်ဟု ထိပ်သီးအစည်း အဝေး ကျင်းပရေးကော်မတီ၏ ထုတ်ပြန်သည့် အစီအစဉ်တွင် ပါရှိသည်။

သမ္မတသည် အထူးလေယာဉ်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့နံနက် ၁ဝ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာ မည်ဖြစ်သည်ဟု အစီအစဉ်တွင်ပါရှိသည်။

Read More...

အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

ခင်မျိုးသွယ်
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၂ ခုနှစ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများ အပါအဝင် ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၄ဝ (၁) အရ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း သိရသည်။

Read More...

Wednesday, November 14, 2012

နှစ် ၄၀ ကြာပြီး အိန္ဒိယကို ခြေချတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးအစ

ဇာနည်မာန်
November 13, 2012

အင်ဒီရာဂန္ဒီ လေဆိပ် ဧည့်ကြိုနေရာမှာ မြန်မာတိုင်းရင်းသားဝတ်စုံ၊ ချင်းတိုင်းရင်းသားဝတ်စုံ ကိုယ်စီ၊ ပန်းကုံးကိုယ်စီနဲ့ အမျိုး သမီးတွေ ဒေါ်အောင်ဆန်းစုကြည် အလာကို ကြိုဆိုဖို့ စောင့်နေကြတယ်။

ကြိုဆိုဖို့ လာတယ်သာ ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လေယာဉ်နဲ့ ပါလာမယ်၊ ဘယ်အချိန် ရောက်မယ်ဆိုတာ သေသေချာချာ မသိဖြစ်နေကြတယ်။

Read More...

ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ဝင်များကို ထိုင်းအာဏာပိုင်များ တရက်ကြာ ဖမ်း

သန်းထိုက်ဦး
November 13, 2012

ိုတိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်၏ ဆွေမျိုးနှင့် တပ်ဖွဲ့ဝင်တချို့ လိုက်ပါလာသည့် ကားတစီးကို ထိုင်းအာဏာပိုင်များက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နောက်တရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

Read More...

ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့်ရှိ

နန်းသီရိလွင်
November 12, 2012

စစ်ကိုင်းနှင့် ရွှေဘိုခရိုင်အတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျပျက်စီးသည့်အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်းခန့် ရှိနိုင်ကြောင်း စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက်တွင် ယမန်နေ့က ငလျင်လှုပ်ခတ်မှုများကြောင့် တခြား တိုင်းဒေသများ အပါအဝင် သေဆုံးသူ စုစုပေါင်း ၁၁ ဦး၊ ပျောက်ဆုံးနေသူ ၃၆ ဦး ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားရခ်ျတာ စကေးလ် ၆ ဒဿမ ၈ ရှိ အင်အားပြင်းထန်သည့် ငလျင်ကြောင့် စစ်ကိုင်းခရိုင်နှင့် ရွှေဘို ခရိုင်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ပေးမည့် ဆောက်လုပ်ဆဲ ရတနာသိင်္ခ ဧရာဝတီ မြစ်ကူးတံတား၏ တံတားတိုင် ၁ နှင့် ၃ အကြားရှိ ၂၀ မီတာ အရှည် တံတားသံပေါင်နှင့် တာဝါတိုင်တခု ပြိုကျ ပျက်စီးခဲ့ကြောင်း ဇက် ရေယာဉ်တစီးနှင့် Barge ယာဉ်တစီး တို့သည် လျှောကျသည့် တံတား သံပေါင်အောက်တွင် ဧရာဝတီ မြစ်အတွင်း နစ်မြုပ်ခဲ့ကြောင်း သိရသည်။

“ငလျင်လှုပ်တဲ့ အချိန်မှာ ကျနော်နဲ့အတူ တံတားပေါ်မှာ တော်တော်များများရှိနေတယ်။ ပထမတော့ ငလျင်က အလျားလိုက် လှုပ်တယ်။ နောက် အပေါ်အောက် လှုပ်တဲ့အချိန်မှာ တံတားပေါ်က ဆောက်လက်စ တာဝါတိုင်က လေးပေလောက် အပေါ်ကို မြောက်တက်သွားပြီး မြစ်ဘက်ကို ပြုတ်ကျသွားတာ။ အဲဒီမှာ ကျနော်တို့ အလုပ်သမားတွေလည်း ပြုတ်ကျကုန် တာပဲ” ဟု ရတနာသိင်္ခ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမား တစ်ဦး ကဆိုသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ရတနာသိင်္ခ တံတားဆောက်လုပ်ရေး လုပ်ငန်းနေရာသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုသွားခဲ့သည်။

“မြစ်ထဲမှာ ရှိနေတဲ့ တံတားတိုင် ၃ နဲ့ စဥ့်ကူးဘက်က တံတားတိုင်တွေအားလုံးကို စစ်ဆေးပြီးပါပြီ။ အားလုံး အခြေအနေ ကောင်းပါတယ်။ ဒီဘက်က တံတားတိုင်တွေကိုပဲ ပြန်ဆောက်ရဖို့ ရှိတယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောသည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြိုကျ ပျက်စီးနေသည့် တံတားကို ကြည့်ရှုစစ်ဆေးသွားပြီး ငလျင်ဘေးဒဏ် ခံခဲ့ရသည့် ကျောက်မြောင်းမြို့နယ်ခွဲ ဒေသခံများကို တွေ့ဆုံ အားပေးသွားကြောင်း သိရသည်။

“အသေအပျောက် မရှိပေမယ့် ကျနော်တို့ ဆိုရင် တရွာလုံး နီးပါး အပြင်ထွက်နေရတယ်။ အဲဒါကို ဒုတိယ သမ္မတကို ပြောချင် ပေမယ့် တိုင်းဒေသကြီး ၀န်ကြီးချုပ်က အားလုံး အဆင်ပြေတယ် ဆိုတာကိုပဲ ပိတ်ပြောနေတော့ ကျနော်တို့ အနေနဲ့ ပြောဆိုဖို့ ခက်နေတယ်။ အိမ်တွေ ပြိုမှာ ကြောက်လို့ လူတွေကို ဘောလုံးကွင်းထဲမှာ စုထားရတယ်။ သူတို့ရဲ့ စားဝတ်နေရေး၊ အိမ်၊ ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေ ပြန်ဆောက်ဖို့ ကျန်နော်တို့မှာ ဘာမှ မရှိဘူး” ဟု ရွှေဘိုမြို့နယ် ကျောက် မြောင်း မြို့နယ်ခွဲ မလားကျေးရွာအုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက ပြောသည်။

မလားကျေးရွာ အုပ်စုနှင့် မခေါက် ကျေးရွာ အုပ်စုများတွင် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သာနိက အဆောက် အအုံများ၊ အုတ်ဖြင့် ဆောက်ထားသော လူနေအိမ်များ ပြိုကျမှု အများဆုံးဖြစ်ပြီး မလားကျေးရွာ အုပ်စုနှင့် မခေါက်ကျေးရွာ အုပ်စုအကြားရှိ တံတားငယ် တစင်းမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးနေသဖြင့် အဆက်အသွယ် မပျက်စေရန် ရပ်ရွာလူထုက ဖြစ်သလို ပြင်ဆင်ထားရကြောင်း သိရသည်။

ငလျင်ကြောင့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကျည်တော်ပေါက်နှင့် ကန်တောင် ကျေးရွာ ရွှေတော ရွှေတွင်း ၂ တွင်းတွင် အလုပ် သမား ၂၀ တို့သည် ၄ နာရီအကြာ ပိတ်မိနေခဲ့ကြပြီး ယခုအခါ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ပြီးနောက် နိုဝင်ဘာလ ၁၂ ရက် နံနက် ၃ နာရီအထိ နောက်ဆက်တွဲ ငလျင် ၆ ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီး အင်အားအနည်းငယ် ပြင်းထန်သော ငလျင်ငယ်များ ဖြစ်ကြောင်း မိုးလေ၀ သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ

Read More...

Tuesday, November 13, 2012

အဆောက်အဦးသစ်ကိစ္စဆန္ဒထုတ်ဖော်မှုမှာ ၄င်းတို့နှင့်မဆိုင်ကြောင်း ပုဂံရှေးဟောင်းဌာနမှ ရှင်းလင်း

ငြိမ်းချမ်း(မြစ်မခ)
13 Nov, 2012

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အဆောက်အဦးသစ်များ တည်ဆောက်နေမှုအပေါ်ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ သော်လည်း ၄င်းအဆောက်အဦးများမှာ ယခင်စစ်အစိုးရလက်ထက်ကတည်းက တည်ဆောက် ခဲ့ခြင်းကြောင့် အချို့အကြောင်း အရာများမှာ ရှေးဟောင်းဌာနနှင့် သက်ဆိုင်ခြင်းမရှိသောကြောင့် လိုက်လျော မပေးနိုင်ကြောင်း ပုဂံရှေးဟောင်းဦးစီးဌာနထံက သိရသည်။

Read More...

ကလေးသူငယ်နှင့် ထူထောင်ရေးလုပ်ငန်းများအတွက် BCမှ ဦးစီးသည့် ရန်ပုံငွေဖျော်ဖြေပွဲကျင်းပမည်

မြစ်မခ
13 Nov, 2012

ဗြိတိသျှကောင်စီစာကြည့်တိုက်မှဦးစီးသည့် CSI (Civic Society Initiative) လူငယ်ပရဟိတ အဖွဲ့အစည်း၏ တတိယအကြိမ် ရံပုံငွေဖျော်ဖြေပွဲအား နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခြံအမှတ် ၁၂ အေ ၊ မေခလမ်း ၊ မရမ်းကုန်းမြို့နယ်ရှိ ဗြိတိသျှကောင်စီ ညွှန်ကြားရေးမှူး ၏ နေအိမ်ခြံဝင်းအတွင်း၌ ကျင်းပမည် ဖြစ်ပါသည်။

ရည်ရွယ်ချက်မှာ အားငယ်ချို့တဲ့သော ကလေးငယ်များ၏ကိုယ်ပိုင်အရည်အချင်းကို ပြသခွင့်ရရှိပြီး မိမိကိုယ် ကိုယုံကြည်မှု ရှိလာ စေရန်၊ စောင့်ရှောက်မှုကင်းနေသော သက်ကြီးရွယ်အိုများအား အစာ အာဟာရ နှင့် နေရာထိုင်ခင်း အတွက် ကူညီထောက်ပံ့ မှုပေးနိုင်ရန်၊ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ် ဒေသ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့ မှုပေးနိုင်ရန် တို့ဖြစ်သည်ဟု CSI မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

Read More...

တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

ယမင်း(မြစ်မခ)
13 Nov, 2012


မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးမှုဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများပင်ဖြစ်၍ (၈၅)ရာခိုင် နှုန်းရှိကြောင်း သိရသည်။

ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခံရမှု ပုံစံ(၇)မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇)မျိုးတွင် အဓမ္မထိမ်းမြား လက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

Read More...

ရန်ကုန်လေဆိပ် ၀န်ထမ်းများအတွက် လစာမဲ့ခွင့် (၅)နှစ်ပေးရန် အစီအစဉ်ရှိ

ဥာဏ်ဥာဏ် (မြစ်မခ)
13 Nov, 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကကဏ္ဍအဖြစ် ဆောင်ရွက်သည့်အခါ၌ လက်ရှိတာဝန် ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၌ ၀င်ရောက်လုပ်ကိုင်လိုသည့် ၀န်ထမ်းများအား လစာမဲ့ခွင့်အဖြစ် (၅)နှစ်ပေးရန် စီစဉ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက သိရှိရသည်။

ယခုကဲ့သို့ စီစဉ်ထားရာ၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိဝန်ထမ်းများအနေဖြင့် ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် ပုဂ္ဂလိကကုမ္ပဏီများမှ လစာ ရယူကာ (၅)နှစ် အလုပ်လုပ်ကိုင်ခွင့် ပြုခြင်းဖြစ်သည်။

“ဒီလို ပုဂ္ဂလိက ကုမ္ပဏီအတွက် တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေက အစိုးရ ၀န်ထမ်းများ အဖြစ် ဆက်လက် သတ် မှတ်ခြင်း ခံထားရမှာ ဖြစ်ပါတယ်။” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦက ပြောသည်။

လစာမဲ့ခွင့်(၅)နှစ်ပြည့်သည့်အခါ အစိုးရ၀န်ထမ်းတာဝန်အား ထမ်းဆောင်လိုခြင်း မရှိတော့ပဲ ကုမ္ပဏီဝန်ထမ်း အဖြစ်သာ တာဝန်ထမ်းဆောင် လိုပါကလည်း ခွင့်ပြုပေးနိုင်ရန် အတွက်ပါ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ပုဂ္ဂလိကကုမ္ပဏီများ၌ အဆိုပါ ၀န်ထမ်းများ၏ စွမ်းဆောင်မှုအပေါ်မူတည်၍ အမှုထမ်းမှ တဆင့် အရာထမ်းများ ဖြစ်လာနိုင် ကြောင်းကိုလည်း သိရှိရသည်။

“ဒီလို လစာမဲ့ခွင့်နဲ့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်မှာတော့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိတဲ့ ၀န်ထမ်း တွေ အတွက်သာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ဆက်ပြောသည်။

အထက်ပါဆောင်ရွက်ချက်များအား ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ ထံသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်နှင့် ခွင့်ပြုချက် ရရှိလာပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပုဂ္ဂလိကမှ ၀င်ရောက်လုပ် ကိုင်သည့်အခါ လုပ်ငန်းများအစီအစဉ်တကျဖြစ်စေရေးနှင့် လိုအပ်သည့် စည်းကမ်းချက်များ၊ ထုတ်ပြန်ချက် များအား ရေးဆွဲပြု စုလျက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိက လုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူလျှက်ရှိကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဋ္ဌာနမှ သိရှိရသည်။

Ref: မြစ်မခ

Read More...

လူခြောက်သောင်းကျော်မှ Samsumg Galaxy mini ကံထူးရှင်(၈၀) ပေါ်ထွက်

ထက်အောင်ခန့် (မြစ်မခ)
12 Nov, 2012

ရန်ကုန်ရှိ လူကြီးမင်းဖုန်းဆိုင်(၇)ဆိုင်မှာ Samsumg Galaxy mini အမျိုးအစား ဟမ်းဆက် အလုံးရေ ၈၀ အား နိုဝင်ဘာ ၁၂ ရက်နေ့က မဲဖောက်ပေးခဲ့သည်။

ယခုအစီအစဉ်မှာ နိုဝင်ဘာ (၃)ရက်နေ့တွင် အစီအစဉ် ဖျက်သိမ်းခဲ့သောကြောင့် လူကြီးမင်းဖုန်း ဆိုင်အား လိမ်လည်သည်ဟု သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မီဒီယာအရှေ့တွင် မဲဖောက်ပေးခဲ့ခြင်း ဖြစ်သည်။

Read More...

ကျောက်ဝိုင်းတွင် လောပန်တစ်ဦးက ကလေးတစ်ယောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
12 Nov, 2012

တရုတ်နိုင်ငံသားတစ်ဦးမှ အမျိုးသားကလေးငယ်တစ်ဦးအား ၎င်း၏ပိုက်ဆံခိုးယူသူဟု ထင်မြင်၍ ကိုယ်ထိလက် ရောက်ကျူးလွန် မှုနှင့် ပတ်သက်၍ မန္တလေးကျောက်မြတ်ဈေးအတွင်းမှ လူအများစုက ဈေးရုံအား ၀န်းရံမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျွန်တော်က ချဉ်ပေါင်းသည်ဆီကနေ ချဉ်ပေါင်းတောင်းစားနေတာ၊ သူက ကျွန်တော့် နောက်ကနေ တကောက် ကောက် လိုက်နေတာ၊ လိုက်နေတာနဲ့ လောပန်း ဘာတုန်းဆိုမေးလိုက်တော့ သူက ကျွန်တော့် ဂုတ်ကိုညှစ်ထားတာ၊ အဲဒါ နဲ့ သူ့လက်ကို ပုတ်ပြီး ထွက်ပြေးတော့ သူကလိုက်လာပြီး ပြန် မိသွားတော့ လက်သီးနဲ့ ထိုးတယ်“ ဟု ကိုယ်ထိလက် ရောက် ကျူးလွန်ခံရသူ အမျိုးသားကလေး ငယ်က ပြောသည်။

Read More...

အပေါ်သို့