Saturday, March 5, 2011

၎ နှစ်အတွင်း မြန်မာဒုက္ခသည် ၆၅ဝဝဝ နိုင်ငံခြားထွက်

ကျော်ခ
မတ်လ ၀၄ ရက် ၂၀၁၁ ခုနှစ်

နယ်စပ်အခြေစိုက် ဒုက္ခသည်စခန်း ၉ ခုမှ ၄ နှစ်အတွင်း တတိယနိုင်ငံသို့ ထွက်ခွါ သွားသည့် မြန်မာဒုက္ခသည် ဦးရေ ၆၅ဝဝဝ ရှိပြီဟု ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို ကူညီနေသည့် Thai Burma Border Consortium-TBBC က ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျံ၊ ထမ့်ဟင်၊ နို့ဖိုး၊ ဘန့်ဒုံယမ်း၊ မယ်လအူး၊ မယ်ရာမိုနှင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ ရှိ စစ်ပြေးဒုက္ခသည်များ နိုင်ငံရေးခိုလှုံသူများကို ၂ဝဝ၆ မှ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလထိ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ အပါအဝင် တတိယနိုင်ငံများသို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ နေထိုင်သူ များအဖွဲ့ International Organization of Migration, IOM က စီမံ၍ ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ထိုစခန်းများမှ တတိယ နိုင်ငံများသို့ ထပ်မံပို့ဆောင်ရန် ၁၁၁ဝ၇ ဦး ကျန်ရှိသေးသည်။

ထိုအနက်မှ အမေရိကန် ပြည်ထောင်စုသို့ ၉၅၃၈ ဦး၊ သြစတေးလျ ၈၅၇ ဦး၊ ကနေဒါ ၃၃၉ ဦး၊ ဖင်လန် ၁၂၃ ဦး၊ ဆွီဒင် ၈ဝ ဦး၊ နယ်သာလန် ၅ဝ ဦး၊ နော်ဝေး ၅ဝ ဦး၊ ဂျပန် ၂၇ ဦး၊ ဗြိတိန် ၄ ဦး၊ နယူးဇီလန် ၅ ဦး၊ ဒိန်းမတ် ၈ ဦးနှင့် အခြားနိုင်ငံများသို့ ၂၆ ဦး သွား ရမှာဖြစ်သည်။

“တတိယနိုင်ငံကို ရောက်သွားတဲ့ ဒုက္ခသည်တွေထဲမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ များပါတယ်။ အများစုကတော့ အမေရိကန်ကို ရောက်သွားကြတာ များတယ်” ဟု ကရင်ဒုက္ခသည်ကော်မတီ KRC အတွင်းရေးမှူး ဆရာ ဂျော့က မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်များသည် အခြေချမည့် နိုင်ငံ၏ ဘာသာစကားနှင့် နေထိုင်မှု ပုံစံများကို လေ့လာသင်ကြားပြီးပါက ၎င်းနိုင်ငံများရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကြလေ့ ရှိကြောင်း သူက ဆက်ပြောသည်။

TBBC သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှ ဒုက္ခသည်များအား စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ၁၄ဝ ၄၅၂ ဦးကို အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်။

ထို့ပြင် မြန်မာပြည်တွင်း စစ်ပွဲများကြောင့် ထွက်ပြေးလာရသည့် ဒေသခံ တိုင်းရင်းသား ယာယီဒုက္ခသည်များကိုလည်း အမိုးအကာနှင့် အစားအသောက်များ ကူညီပံ့ပိုးပေးခဲ့ သေးသည်။

ယခုအခါတွင်မူ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စခန်းများအတွင်းရှိ ဒုက္ခသည်များကိုပါ ယခင်နှစ်များကဲ့သို့ မပေးနိုင်တော့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

အလားတူဖြစ်ရပ်ကို အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိအမှတ်ပြုထားသည့် မြန်မာဒုက္ခသည် ၄ဝဝဝ ကျော်ကိုလည်း UNHCR က ဆေးဝါးစရိတ်နှင့် နေထိုင်စရိတ်အဖြစ် တလျှင် ရူပီးငွေ ၂၅ဝဝ (ကျပ် ၄၅ဝဝဝ ဝန်းကျင်) ဖြင့် ၆ လအထိ ထောက်ပံ့ခဲ့သည်။

သို့သော် ယခုအခါ ၎င်းထောက်ပံ့ငွေကို ရပ်ဆိုင်းလိုက်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် ချင်းဒုက္ခသည် ကော်မတီ KRC ဥက္ကဋ္ဌ Steven Ral Kap Tluang က မဇ္ဈိမကို ပြောသည်။

“အဲဒီလို ရပ်ဆဲလိုက်တဲ့အတွက်ကြောင့် ဒုက္ခသည်တွေမှာ နေရေးထိုင်ရေးနဲ့ စားသောက်ရေးတွေမှာ ဒုက္ခတွေ့ကုန်ပြီး တွေ့ကရာ အလုပ်တွေကို ကြုံသလို လုပ်၊ ကြုံသလို စား အနေအထားတွေကို ရောက်ကုန်တယ်” ဟု သူက ပြောသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ထိစပ်သော မြို့များတွင် UNHCR က ဒုက္ခသည် အသိမှတ်ပြုထားခြင်း မရှိသေးသော မြန်မာနိုင်ငံသား ဒုက္ခသည် ၇ သောင်းခန့် ရှိသည်ဟု ခန့်မှန်းရကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လထိ မြန်မာနိုင်ငံသား ၄ဝဝဝ ကျော်ကို ဒုက္ခသည်အဖြစ် လက်မှတ်များ လုပ်ပေးထားပြီး ဖြစ်ကြောင်းနှင့် နောက်ထပ် လာရောက်လျှောက်ထားသူ မှာလည်း ထက်ဝက်ခန့်ရှိကြောင်း နယူးဒေလီမြို့ရှိ UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူ Roberto Mignone က ထိုလထဲတွင် မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

Ref;mizzima

Read More...

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းနေရာ ဒေသခံပြည်သူများ လက်မခံကြ

စောချစ်သူ ၊ ဗိုလ်မုတ်သုန် (ဓါတ်ပုံ .. ဧရာဝတီ မှ)

၂၀၁၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ကစပြီး အပစ်ရပ် ဒီကေဘီအေ တပ်ဖွဲ့မှ နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းခဲ့ရတဲ့ ကရင်ပြည်နယ်အတွင်းက တပ်ဖွဲ့တွေကို တပ်ရင်းနေရာတွေ သတ်မှတ်၊ တပ်ရင်း တည်ဆောက်ရေး လုပ်ငန်းတွေ အ တွက် ကုန်းကျစရိတ်တွေ ချပေးခဲ့ပါတယ်။ ကရင်ပြည်နယ်တွင်း နယ်ခြား စောင့်တပ်ဖွဲ့ထဲကမှ ဗိုလ်မုတ်သုန် ဦးဆောင်း တဲ့ နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းနေရာချထားမှုကို ဒေသခံရွာသားတွေက လက်မခံနိုင်ပဲ ဖြစ်နေကြပါတယ်။

နအဖ တပ်ရင်း ၃၅၃ နဲ့ အပြင်ကွင်းကလေးကြားမှာရှိတဲ့ မင်းသမီးတောင်နေရာကို နယ်ခြားစောင်တပ်ရင် ၁၀၂၂ အ တွက် တပ်ရင်းတည်းဆောက်ရေးပြင်ဆင်နေချိန်မှာပဲ မတ်လ ၄ ရက်နေ့က ဒေသခံပြည်သူတွေက လက်မခံ ကန့်ကွက် တဲ့အတွက် သက်ဆိုင်ရာ ဒေသအကြီးအကဲတွေနဲ့ ပြန်ပြီ ညှိနှိုင်းနေရပါတယ်။

အခြေအနေကို အပြင်ကွင်းကလေးရွာသားတဦး ပြောပြတာက…

“သူတို့ နယ်ခြားစောင့်တပ်နေရာယူတာက ဘာပဲပြောပြော ကျနော်တို့ ရွာသားပိုင်မြေတွေပါ။ သူတို့ တပ်လာတည်တာ လည်း နစ်နာသူတွေအတွက် ဘာနစ်နာကြေးမှမရဘူး၊ မဲ့ပလယ် နဲ့ ဝှေ့ရှမ်းကြားမှာလည်း ဟိုတခါတုန်းက ရွာသားမြေ တွေကို ဒီလိုပဲ တပ်နေရာအတွက်ဆိုပြီး အလုခံရသေးတယ်လေ၊ တည်ဆောက်ရေးအတွက် ငွေတွေလဲ ရထားကြတာပဲ၊ နောက် သူတို့က ကျနော်တို့ ရွာသားတွေကြားထဲ လာနေရင် ဟို တောထဲက တိုက်နေတဲ့ အဖွဲ့တွေ ခဏခဏလာတိုက် ရင် ကျနော်တို့ ရွာသားတွေက ကြားထဲက ခံရအုံးမယ်၊ ကျနော်ကတော့ လက်မခံဘူး။ သူတို့က ရွာလူကြီးကိုလည်း ညှိ နေတယ် မရဘူး၊ ခု ကွင်းကလေး ဆရာတော်ကို ဝင်ညှိပေးဖို့ သူတို့သွားစည်းရုံးနေတယ်” လို့ ပြောပြသွားပါတယ်။

ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်ရင်းတွေကို ၁၀ ရင်းအထိ ဖွဲ့စည်းထားပြီး အင်အား ၂၀၀၀ လောက်ရှိပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့ အနိမ့်ဆုံးအဆင့်ကို လုပ်ခလစာ ၃ သောင်ခွဲအထိ သတ်မှတ်ထားပါတယ်။ နယ်ခြားစောင့် တပ်ရင်း တရင်းကို တပ်ရင်းတည်းဆောက်ရေးအတွက် ကျပ်ငွေ သိန်း ၁၀၀၀ သတ်မှတ်ပေးထားတယ်လို့လဲ သိရှိရပါ တယ်။

Ref;naytthit

Read More...

ကျောင်းသားနှစ်ဦးအရက်တိုက်ပြီး မြန်မာစစ်သား စုဆောင်းခံရ

04 March 2011


ကျောင်းသား (၂) ဦးအား အရက်တိုက်ယစ်မူးစေပြီး အတင်းအဓမ္မမြန်မာ စစ်သား စုဆောင်းမှုတစ်ခု ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်ထဲ လွန်ခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့သည်ဟု ဒေသခံများပြောသည်။

အထက်တန်းကျောင်းသားနှစ်ယောက်မှာ ၁၄ နှစ်အရွယ်နှင့် ၁၅ နှစ်အရွယ် ၉တန်းနှင့် ၁၀တန်းတက်နေကြသည့် ပူတာအိုခရိုင်၊ ဆာခွမ်ဒမ်းကျေးရွာသားဖြစ်သည်ဟု ၎င်းကျောင်း သား နှစ်ဦးနှင့်နီးစပ်သူများက ဆိုသည်။

“သူတို့လေးတွေခု ငိုနေကြတယ်။ အိမ်ပြန်ချင်နေကြတယ်။ ဒါမဲ့ မြန်မာစစ်တပ်က ခွင့် မပြုဘူး။ မိဘတွေကလည်း ဘာမှမတတ်နိုင်ဘူး။” ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြော သည်။

နှစ်ယောက်လုံးကိုစစ်တပ်ထဲမှပြန်ခေါ်ထုတ်နိုင်ရန် ကြိုးစားခဲ့မိပြီးနောက် ကလေးမိဘများ ပို၍ဒုက္ခရောက်ရပြီး အတူနေဒေသခံရွာသားများမှာလည်း ကျောင်းသားမိဘများ၏ တောင်းဆို သည်ကို မလိုက်လျောသည့် ဒေသခံမြန်မာစစ်တပ် အပေါ် ဒေါသထွက် နေကြဟု သိရသည်။

အဓမ္မစစ်သားစုဆောင်းခံနေရသည့်ကျောင်းသားနှစ်ဦးအား မြန်မာပြည်အလယ်ပိုင်း မြန်မာစစ် စခန်းသို့ ပို့လွှတ်သွားရန် သိရှိရကြောင်း ဒေသခံများပြောနေကြသည်။

“စစ်တပ်ကပြောတာကတော့ သူတို့က ကလေးတွေကို အတင်းတိုက်တွန်းတာမဟုတ်ဘူး။ ကလေးတွေဖာသာ ဆုံးဖြတ်ကြတာ။” ဟု ဒေသခံက ဆက်ပြောပြသည်။

ပူတာအိုဒေသသည် ဝေးလံခေါင်ဖျားသည့်အတွက် အခြားအဖွဲ့အစည်းများထံမှ အကူအညီ များရရှိရန် ခက်ခဲပါသည်။

“ဘယ်ဌာနဆိုင်ရာ၊ ဘယ်ရဲဌာနကမှ ကူညီဖို့မရှိဘူး။” ဟု ဒေသခံတစ်ဦးပြောသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (SPDC) က နိုင်ငံတကာအလုပ် သမားအဖွဲ့(ILO)နှင့် လက်တွဲကာ ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်မည့်အစား ကလေးစစ်သားစုဆောင်းနေသည်ဟု နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (International Human Rights Watch) ၏ ၂၀၁၁ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပဋ္ဋိပက္ခထဲပါဝင်ကြတဲ့ အဖွဲ့တွေအားလုံးဟာ ကလေး စစ်သား စုဆောင်းလေ့ကျင့်ပေးနေဆဲဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ILO အဖွဲ့နဲ့ ကလေးစစ်သားပပျောက်ရေးသ ဘောတူထားတာတောင်မှ ကလေးစစ်သားတွေ သုံးနေဆဲဖြစ်တယ်။” ဟု လူအခွင့်အရေးစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရနှင့် ဂျင်နီဗာအခြေစိုက် အိုင်အလ်အိုအဖွဲ့ သဘောတူညီမှုရရှိပြီးနောက် ၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ILO ဆက်ဆံရေးအရာရှိတစ်ဦး ထားရှိခဲ့သည်။

“မြန်မာစစ်တပ်မတော်ကြည်းဟာအစီရင်ခံစာပြုစုတဲ့ကာလာအတွင်းမှာပဲ ကလေးစစ်သား စုဆောင်းနေတာတွေ ဆက်လက်ပြီးတိုးတက် နေပါတယ်ဆိုတဲ့သတင်း ILO ကရရှိထားပါတယ်။” ဟုကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးက လုံခြုံရေး ကောင်စီ သို့ ၂၀၁၀ ခုနှစ် ဧပြီ ၁၃ ကတင်ပြခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၉ ဧပြီအထိ ကလေးစစ်သား ၂၆၅ ဦးအား မြန်မာစစ်တပ်က မိဘထံပြန်လည်အပ်နှံခဲ့သည်ဟု ယင်းအစီရင်ခံစာတွေ ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတွင် စုစုပေါင်း ကလေးစစ်သား ၇၀၀၀၀ ခန့်ရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများကဆိုသည်။

Ref;KNG

Read More...

ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ လွှတ်တော် ကိစ္စ စီအာပီပီ ဆွေးနွေး

2011-03-04

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စီအာပီပီ ခေါင်းဆောင် တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ဒီကနေ့ အစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံ အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ပါတယ်။

(Photo:Courtesy of NCGUB)

ရာဝတီ မြစ်ကြောင်း တစ်လျှောက် သစ်တော ပြုန်းတီးမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေ ဆိုးဝါးလာနေတာနဲ့ ပတ်သက်ြပီး ဆွေးနွေးခဲ့ကြကြောင်း စီအာပီပီ အတွင်းရေးမှုး ဦးအေးသာအောင်က အခုလို ပြောပြပါတယ်။ "ကျနော်တို့ အဓိက အချက် ၃ ချက် ဆွေးနွေးကြပါတယ်။ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ သစ်တော ပြုန်းတီးမှု အပါအ၀င် ကိစ္စ အ၀၀တွေဟာ ဧရာဝတီ မြစ်ကြောင်းက ထိခိုက်လာတယ်။ ထိခိုက်လာမယ်။ ပြီးတော့ မြစ်ဝကျွန်းပေါ် အထိ ထိခိုက်လာမဲ့ ထိခိုက်နေတဲ့အတွက် စိုးရိမ်တဲ့ အကြောင်းကိုလည်း ဆွေးနွေးကြတယ်။ နောက်နောင်မှာလည်းဘဲ ဒီဧရာဝတီ မြစ်ကြောင်းနဲ့ ပတ်သက်လို့ နေရာတကာမှာ ဖြစ်ပျက်နေတဲ့ အခြအနေ အကြောင်း အရာတွေကို အသေးစိတ် ဆက်ပြီး လေ့လာသွားဖို့  ကျနော်တို့ ဆွေးနွေးခဲ့ ကြပါတယ်။" အဲဒီ သဘာဝ အရင်းအမြစ်နဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေ အပြင်၊ အခုအခါ ကျင်းပနေစဲ လွှတ်တော်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဦးအေးသာအောင်က ဆက်လက်ပြီး အခုလို ရှင်းပြပါတယ်။ "လွှတ်တော် အတွင်းမှာ ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောတာ ဆွေးနွေးတာ၊ ပြည်သူတွေ အတွက် ဆွေးနွေးတာ အခုအချိန် အထိ မတွေ့ရသေးဘူး။ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်က ကိုယ်စားလှယ်တွေက အများစု လွှမ်းမိုးထားတဲ့ အတွက်ကြောင့် ဒီလွှတ်တော်မှာ ဒီလူတွေရဲ့ အကျိုးကို ထောက်ပြနိုင်မဲ့ ပြောနိုင် ဆိုနိုင်မဲ့ အနေအထား တွေကို မတွေ့ရဘူး။ ဒါကြောင့် ကျနော်တို့ လွှတ်တော် ကိုယ်စားပြု ကော်မတီက လွှတ်တော်ထဲက ဆွေးနွေးချက်တွေကို ပြည်သူတွေဖက်ကနေ ဆက်လက် သုံးသပ် ထောက်ပြ ဝေဖန်ကြဖို့ ကျနော်တို့ ဆွေးနွေးကြ ပါတယ်။" ဒါ့အပြင် မကြာသေးမီကမှ စစ်အစိုးရက ပြဌာန်းလိုက်တဲ့ နိုင်ငံတော် ပြန်တမ်းအရ မြန်မာနိုင်ငံ ဘတ်ဂျက် ရသုံးငွေ ဆိုင်ရာဥပဒေနဲ့ ပတ်သက်လို့လဲ အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီဥပဒေကို ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်က ပြဌာန်းမှသာ သင့်တော်မှာ ဖြစ်သလို၊ ဒီဥပဒေအရ စစ်တပ်အတွက် အသုံးစားရိတ်ဟာ တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး အပိုင်းတွေထက် များနေပြီး ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းပြည် ဘဏ္ဍာတွေကို အကန့်အသတ် မရှိ သုံးစွဲခွင့်ရှိအောင် ပြဌာန်းထားတာတွေဟာ လုံးဝ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်ဦး၊ အလုပ်အမှုဆောင် ဦးဝင်းတင်၊ ဇိုမီးအမျိုးသားကွန်ဂရက် ခေါင်းဆောင် ဦးပူကျင်ရှင်းထန် အပါအ၀င် စီအာပီပီ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

Ref;RFA

Read More...

Friday, March 4, 2011

ဘတ်ဂျက်နဲ့ အထူးရန်ပုံငွေ ဥပဒေအင်္ဂါရပ်နဲ့မညီ

မသင်းသီရိ
04 မတ် 2011

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်တွေထဲမှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးထက်ကို ကာကွယ်ရေး အသုံး စရိတ်တွေ ပိုများနေတဲ့အပေါ် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဝေဖန်လိုက်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း တွေအတွက် ဘဏ္ဍာငွေသုံးစွဲတာနဲ့ပတ်သက်ပြီးတော့ ပြဌာန်းချက်ဟာလည်း ဥပဒေနဲ့ မညီဘူးလို့လည်း ထောက်ပြလိုက်ပါတယ်။ အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေမှာ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးတွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေး အသုံးစာရိတ်တွေထက် တပ်မတော်နဲ့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်တွေ များနေတဲ့အပေါ် NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ဒီကနေ့ စာထုတ်ပြန်ဝေဖန်လိုက်တာပါ။ ဒါ့အပြင် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ အသုံးစရိတ်ဆိုင်ရာ အထူးဥပဒေနဲ့ ပတ်သက် လို့လည်း NLD က ထောက်ပြခဲ့သလို ဒီသုံးစွဲမှုတွေအပေါ် ပြည်သူလူထုက သိခွင့်မရှိတာ၊ လွတ်တော်တွင်းဆွေးနွေးခွင့်တွေ မရှိတဲ့ အပေါ်ကို အဓိက ထောက်ပြခဲ့တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းကပြောပါတယ်။

“တပ်မတော်ရေးရာနဲ့ ကာကွယ်ရေးအသုံးစာရိတ်ကို ယာထားတဲ့ငွေတွေက လွန်မင်းစွာ များပြားနေတယ်လို့ ကျနော်တို့ တွေ့ရတာ ကိုပြောတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၊ ကျန်းမာရေးအတွက် ဘဏ္ဍာငွေခွဲဝေယာထားတဲ့ ပမာဏဟာ အလွန်နည်းပါး ကြောင်း မြင်သာတဲ့အချက်ဖြစ်ကြောင်း ကျနော်တို့ ဖော်ပြတယ်။ နောက်တခုက နိုင်ငံတော်အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် လိုအပ်သော အသုံးစာရိတ် ဆိုင်ရာ အထူးရန်ပုံငွေဥပဒေ မြန်မာနိုင်ငံပြန်တမ်းမှာ ပါပါတယ်။ နှစ်စဉ် လိုအပ်တဲ့ ငွေကြေးပမာဏ ကို သမ္မတရဲ့ သဘောတူညီချက်နဲ့ ဖြည့်ဆည်းရမယ်၊ အဲဒီလိုပြောပါတယ်။ နောက်ပြီးတော့ ဒီဖြည့်ဆည်းရမယ့်ဘဏ္ဍာငွေကို သုံးတာ ကလည်း ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ကပဲ သုံးမယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်ကသုံးတဲ့ငွေနဲ့ ပတ်သက်ပြီးတော့ ဘယ်သူ ကမှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ခြင်း ဒါတွေမလုပ်ရဘူး မလိုဘူးလို့ ပြဌာန်းထားတယ်။ အဲဒီတော့ အဲဒီပြဌာန်းချက်နဲ့ ပတ်သက်ပြီးတော့ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲခြင်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူများက စစ်ဆေးမေးမြန်းခွင့် မရှိဘူးလို့ ပိတ်ပင် ထားတာ က ကျနော်တို့ ဒီဥပဒေဟာ ဥပဒေအင်္ဂါရပ်နဲ့ မကိုက်ညီဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။”

ဥပဒေအင်္ဂါရပ်နဲ့ညီဖို့အတွက်လိုအပ်တဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ ဦးဉာဏ်ဝင်း ထောက်ပြတာက -

“ဥပဒေအင်္ဂါရပ်နဲ့ညီဖို့ဆိုရင် ဥပဒေမှာပါတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက တာဝန်ခံမှုရှိရမယ်။ တာဝန်ယူမှုရှိရမယ်။ မြင်သာထင်သာရှိရမယ်။ ဒီအချက်တွေ မပါလို့ရှိရင် ဥပဒေအင်္ဂါရပ်နဲ့ မညီပါဘူး။”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ CRPP အဖွဲ့ကလည်း NLD ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာရေးအသုံးစရိတ် ဝေဖန်ချက်အပေါ်မှာ ပူးတွဲပါဝင်ပြီး ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒီကနေ့ CRPP အဖွဲကပြုလုပ်ခဲ့တဲ့ အစည်းဝေးမှာ နိုင်ငံတော်အသုံးစရိတ်ပေါ် NLD ရဲ့ဝေဖန်မှုကို ထောက်ခံတာအပြင် အရှေ့အလယ်ပိုင်း ဒေသတွေမှာ ဖြစ်နေတဲ့ အာဏာရှင်တော်လှန်ရေး လူထုဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံထဲမှာရှိတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ် ခဲ့ကြတယ်လို့ CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“လစ်ဗျားအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က ကြိုဆိုတဲ့အကြောင်း၊ ပြီးတော့ လစ်ဗျားမှာ လက်ရှိအစိုးရက ဆန္ဒပြနေတဲ့ပြည်သူတွေကို ပစ်ခတ်တာတွေ၊ ဗုံးကျဲတိုက်ခိုက်တာတွေ ဒါတွေနဲ့ပတ်သက်လို့ အလွန်ပဲ စိုးရိမ်တဲ့အကြောင်း။ ပြီးတော့ နောက်ဆက်တွဲဖြစ်လာမယ့် အရေးတွေကိုလည်း ကျနော်တို့က စောင့်ကြည့်သွားမယ်။ ဒါကို အထူးစိုးရိမ်တဲ့အကြောင်းတွေကိုလည်း ဆွေးနွေးကြပါတယ်။ ၈.၈.၈၈ အရေးအခင်းမှာရော၊ သံဃာ့အရေးအခင်းမှာရော ပစ်ခတ်တာတွေ သွေးမြေကျရတာတွေ၊ အသက်ပေါင်းများစွာ ဆုံးရှုံးတာတွေ ဒီလိုပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းတာတွေကို လစ်ဗျားအရေး အခင်းတွေနဲ့ ဆက်စပ်ပြီးတော့ ဆွေးနွေးကြပါတယ်။”

ဒီလိုအခြေအနေတွေအပြင် မြန်မာနိုင်ငံမှာ အရေးတကြီးကြုံနေရတဲ့ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝင်းကျင် ပျက်စီးမှုကိစ္စတွေအပေါ်မှာလည်း အထူး ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

“သစ်လုံးတင်တဲ့ကားတွေ တရုတ်ပြည်ဘက်ကို ဘယ်နှစ်စီးလောက်ထွက်တယ်။ ဒါတွေနဲ့ပတ်သက်လို့ သစ်တောတွေရဲ့ ပြုန်းတီးမှုတွေ၊ အဲဒါတွေရဲ့ အကျိုးဆက်အနေနဲ့ မြစ်ရေလျှံမှုတွေ၊ တောင်ပြိုမှုတွေ ဒါတွေကိုဆွေးနွေးပါတယ်။ သစ်တောတွေ ပြုန်းတဲ့အတွက်ကြောင့် နောက်ဆက်တွဲ ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်၊ မြစ်ကြောင်းတလျှောက်မှာရှိနေတဲ့ ပြည်သူတွေရဲ့ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေမှာ ထိခိုက်မယ့်အကြောင်းတွေ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ ထိခိုက်လာမယ့် ထိခိုက်နေတဲ့အကြောင်းအရာတွေကိုလည်း ဆွေးနွေးတယ်။”

CRPP အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ သစ်တောပြုန်းတီးမှုတွေ၊ သဘာဝပတ်ဝင်းကျင် ပျက်စီးမှုတွေအပေါ်မှာ CRPP အဖွဲ့က အချက်အလက်တွေ ပိုမိုစုဆောင်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဝေဖန် ထောက်ပြဖို့ စီစဉ်ထားတဲ့အပြင် ပြဿနာတွေ ရပ်တန့်သွားအောင် နိုင်ငံအတွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကိစ္စတွေကို လုပ်နိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အကြံပြုတင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါ တယ်။

Ref;VOA

Read More...

ထေရဝါဒအသင်းများ နိုင်ငံတဝှန်း ဖွင့်လှစ်မည်

မတ်လ ၀၄ ရက် ၂၀၁၁ ခုနှစ်


တိုင်းနှင့် ပြည်နယ်မှ ကျေးရွာအဆင့်အထိ မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်းများ ဖွင့်လှစ်မည်ဟု ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်မှ အသင်းတာဝန်ရှိသူ အဆိုအရ သိရသည်။

အသင်းဌာနချုပ်မှာ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီဝင်းအနီး ယခင်က တောင်တန်း ဒေသ သာသနာပြုမြေနေရာရှိ အဆောက်အအုံတွင် တည်ရှိမည်ဖြစ်ပြီး၊ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ရွာများအထိ သာသနာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် သတ်မှတ်ထားရှိရမည်ဟု သိရခြင်း ဖြစ်သည်။

အသင်းရည်ရွယ်ချက် ၇ ချက်အဖြစ် နိုင်ငံတဝှန်း နယ်စပ်နှင့် တောင်တန်းဒေသများနေ တိုင်းရင်းသားများ ဗုဒ္ဓတရားတော်နှင့်အညီ ကောင်းသော အသက်မွေးဝမ်းကျောင်းဖြင့် စီးပွားရေး၊ လူမှုရေးဘဝ မြင့်မားစေရန်၊ ဗုဒ္ဓအဆုံးအမ ခံယူနိုင်စေရန်နှင့် ရတနာ ၃ ပါးကို မီခိုအားထား ဆည်းကပ်ပူဇော်ခွင့် ရစေရန်၊ စိတ်ထားဖြူစင်၍ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့ဘောင်ဖြစ်ရန်၊ ပါဠိနှင့် မြန်မာဘာသာ စာပေများကို တတ်မြောက်ပြီး ဗုဒ္ဓတရားတော်ဆိုင်ရာ ပညာဗဟုသုတ ပြည့်ဝကြွယ်သော သာသနာပြုပုဂ္ဂိုလ်များ ပေါ်ထွန်းစေရန် ပါရှိသည်။

ကျန်အချက်များမှာ နယ်စပ် တောင်ပေါ် မြေပြန့် တိုင်းရင်းသားချင်း ယုံကြည်ချစ်ခင် လေးစားမှု ပိုမို တိုးပွားစေရန်၊ သာသနာပြုရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်များကို သာသနာတော် ပြန့်ပွားရေးကိစ္စများ ဆောင်ရွက်ရာတွင် မပင်မပန်း ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော အထောက်အပံ့ အကူအညီများ လှူဒါန်းပေးနိုင် ရန်နှင့် သာသာနာပြု လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရာတွင် အဆင့်ဆင့် သော အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ဖြစ်သည်။

အသင်းတွင် ဗဟိုသာသနာနုဂ္ဂဟအသင်းက အမြင့်ဆုံးဖြစ်ကာ ယင်းနောက်တွင် အဆင့် ဆင့်ထားရှိကြောင်းနှင့် အသင်းရုံးများကို ယခုအခါ ယင်းနေရာအလိုက် ဓမ္မာရုံ ကဲ့သို့သော သာသနာနှင့်ဆိုင်သော အဆောက်အအုံတို့တွင် ဆိုင်းဘုတ်တင် ဖွင့်လှစ်နေ ကာ သီးသန့်နေရာဖြင့် ထားရှိရမည်ဟူ၍ သတ်မှတ်ချက် မရှိကြောင်း မရမ်းကုန်း အသင်းတာဝန်ရှိသူက ရှင်းပြသည်။

အသင်းဝင်အဖြစ် လက်ခံလျက်ရှိရာ ယာယီအသင်းသားအတွက် ဝင်ကြေး ၂၅ဝဝ ကျပ်ကို အသင်းဝင်ကြေးအဖြစ် ကောက်ခံပြီး၊ ရာသက်ပန် အသင်းသားအဖြစ် ကျပ် ၅ သောင်းဟူ၍ ဘဏ္ဍာငွေကြေးဆိုင်ရာ သတ်မှတ်ချက်များတွင် ဖော်ပြထားသည်။

အသင်းဝင်လိုသူသည် (၁) မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် (၂) အသင်းအဆင့်ဆင့်သို့ လျှောက်လိုသူက ၁၂ နှစ်အထက် (၃) နိုင်ငံရေးကင်းရှင်းပြီး အသင်း၏ တိုးတက်ရေးကို စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်သူ (၄) အကျင့်စာရိတ္တ ကောင်း၍ ကိုယ်ကျင့်သိက္ခာနှင့် သီလ၊ သမာဓိတို့ကို ထိန်းသိမ်းနိုင်သူ (၅) အတ္တဟိတနှင့် ပရဟိတကို မျှတစွာ ဆောင်ရွက်နိုင်သူဖြစ်ပြီး၊ အသင်းက လိုအပ်လျှင် မိမိကိုယ်ကျိုးထက် အသင်း အကျိုးကို ဦးစားပေးဆောင်ရွက်နိုင်သူ စသဖြင့် ဖြစ်ရမည့်အပြင် အသင်းဝင် များသည် အသင်း၏ တိုးတက်ရေးအတွက် မိမိတို့ စေတနာအလျောက် လှူဒါန်းငွေများ ထည့်ဝင်နိုင်သည်ဟု သတ်မှတ်ထားသည်။

အသင်းဝင်လျှောက်လွှာ ပုံစံ ၁ တွင် ပြည့်စုံစွာ ဖြည့်သွင်း၍ အသင်းဝင် ၂ ဦး၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ မြို့နယ်အသင်း အလုပ်အမှုဆောင် ကော်မတီထံ လျှောက်ရမည်ဖြစ်ကာ၊ လျှောက်လွှာကို မြို့နယ် တာဝန်ရှိသူများက ဗဟိုသို့ တင်ပြ၍ ဝင်ခွင့်ပြုမပြု ရယူရမည်။

ဘဏ္ဍာငွေကြေးဆိုင်ရာ သတ်မှတ်ချက်များမှာ (၁) ဗဟို၏ အစီအစဉ်ဖြင့် အလှူရှင်များ၏ လှူဒါန်းငွေနှင့် ပစ္စည်းများကို အလှူခံရယူခြင်း (၂) အသင်းဝင်များသည် မိမိတို့စေတနာ အလျောက် လှူဒါန်းနိုင်ခြင်း (၃) အနည်းဆုံး ၂၅ဝဝ ကျပ် လှူဒါန်းသူကို ဂုဏ်ထူးဆောင် အသင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း (၄) လှူဒါန်းငွေ ကျပ် ၅ သောင်းနှင့်အထက် လှူဒါန်းသူကို ရာသက်ပန်အသင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ် သည်။ ယင်းအတိုင်း အသင်းအဆင့်အဆင့်တွင် ဆောင်ရွက်မည်ဖြစ်သည်။

အလုပ်အမှုဆောင်ကော်မတီသည် အသင်းပိုင်ငွေများ၊ စေတနာရှင်များ၏ လှူဒါန်းငွေနှင့် ပစ္စည်းများကို ဘဏ္ဍာငွေ သုံးစွဲမှု စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း ပြုရမည်ဖြစ်ကာ၊ ငွေကြေးနှင့် ပစ္စည်းများ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ စနစ်တကျ သုံးစွဲခြင်း၊ ထိန်းသိမ်းခြင်း ရှိမရှိ စစ်ဆေးနိုင်ရန် စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်းထားမည်။

ထူးကဲပြောင်မြောက်စွာ တာဝန်ထမ်းဆောင်သော သာသနာပြု ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များကို သာသနာနုဂ္ဂဟဘွဲ့တံဆိပ်၊ သာသာနာပြုဘွဲ့တံဆိပ်တို့ကို မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းက ချီးမြှင့်မည်။

တာဝန်ပေးအပ်ခံရသော ရဟန်းတော်သည် ဝိနည်းသိက္ခာ တစုံတရာ ဖောက်ဖျက်ကျူးလွန်ကြောင်း ပေါ်လွင်ပါက ဝိနည်းစည်းကမ်းနှင့်အညီ သြဝါဒါစရိယ ဆရာတော် များ ပေးအပ်သော အပြစ်ဒဏ်ကို ခံယူရမည်။ အသင်းဝင်က ပြစ်မှုကျူးလွန် သည့်အတွက် သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်ချမှတ်ခံရလျှင် အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်သည်။

အသင်းဖွဲ့စည်းပုံမှာ သြဝါဒါစရိယ ဆရာတော်များအဖွဲ့က အမြင့်ဆုံးဖြစ်၍ ယင်းအောက်၌ ပြည်နယ်နှင့် တိုင်း သြဝါဒါစရိယ ဆရာတော်များအဖွဲ့နှင့် ဗဟိုနာယကအဖွဲ့ ရှိသည်။ ထိုကဲ့သို့ပင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာမှာ အဆင့်ဆင့် ဖွဲ့စည်းထားသည်။ အလုပ်အမှုဆောင် အဖွဲ့များမှာလည်း ထိုနည်းတူစွာ ဖြစ်သည်။

ဗဟိုနာယကအဖွဲ့အောက်မှ ကော်မတီများတွင် လူပုဂ္ဂိုလ်များသာ ပါဝင်ကာ ယင်းတို့တွင် စီမံခန့်ခွဲရေး၊ စည်းရုံးရေး၊ စာရိတ္တမြင့်မားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် သုံးစွဲရေး၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ကော်မတီများ ကိုပါ ထားရှိသည်။

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်နှင့် ရပ်ကွက် အဆင့်အသီးသီး၌ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အသင်းရုံးခန်းများ ဖွင့်လှစ်လျက်ရှိကာ၊ ယင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဦးစီးဆောင်ရွက်ပြီး ဗဟိုအဆင့်ဥက္ကဋ္ဌမှာ ကမ္ဘောဇ ဦးခင်ရွှေ ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ခရိုင် ၄ ခရိုင်ရှိရာ တခရိုင်လျှင် ဥက္ကဋ္ဌတဦး၊ တမြို့နယ်လျှင် ဥက္ကဋ္ဌတဦး၊ ရပ်ကွက်တခုလျှင် ဥက္ကဌတဦးစီ ခန့်အပ်တာဝန်ပေးထားသည်။

ယင်းအသင်းရုံးများကို ရပ်ကွက်နှင့် မြို့နယ် ဓမ္မာရုံများတွင် ထားရှိပြီး၊ ငှားရမ်းအသုံးပြုခြင်း မဟုတ်ဘဲ အမိန့်အရ (အထက်က ညွှန်ကြားချက်အတိုင်း) ထားရှိကြောင်း မရမ်းကုန်း တာဝန်ရှိသူ အဆိုအရ သိရသည်။

အသင်းကို ၂ဝဝ၈ ခုနှစ်တွင် ဦးခင်ရွှေက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သူသည် ကြံ့ဖွံ့ပါတီမှ အမျိုးသားလွှတ်တော် အမတ်ဖြစ်သည်။

Ref;mizzima

Read More...

အခြေခံဥပဒေနှင့် အပစ်ရပ်များ

ဦးမျိုး (ဥပဒေ)
မတ်လ ၀၄ ရက် ၂၀၁၁ ခုနှစ်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ အခန်း ၃ တွင် ခုံရုံး၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။ ဤဥပဒေ ပုဒ်မ ၁၂ (ခ) တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ခြင်းဟု ဖော်ပြထားပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း (ပုဒ်မ ၉၆ ကို ရည်ညွှန်းသည်) တွင် ကဏ္ဍ ၁၁ ခုကို ဖော်ပြထားသည်။

(၁) နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး
(၂) နိုင်ငံခြားရေး
(၃) ဘဏ္ဍာရေးနှင့် စီမံကိန်း
(၄) စီးပွားရေး
(၅) စိုက်ပျိုးရေးနှင့် မွေးမြူရေး
(၆) စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော
(၇) စက်မှုလက်မှု
(၈) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး
(၉) လူမှုရေး
(၁ဝ) စီမံခန့်ခွဲရေး
(၁၁) တရားစီရင်ရေး

ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်း (ပုဒ်မ - ၁၈၈ ကို ရည်ညွှန်းသည်) တွင် ကဏ္ဍ ၈ ခုကို ဖော်ပြထားသည်။

(၁) ဘဏ္ဍာရေးနှင့် စီမံကိန်း
(၂) စီးပွားရေး
(၃) စိုက်ပျိုးရေးနှင့် မွေးမြူရေး
(၄) စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော
(၅) စက်မှု လက်မှု
(၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး
(၇) လူမှုရေး
(၈) စီမံခန့်ခွဲရေး

ဇယား ၃ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း (ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်) တွင် အောက်ပါတို့ကို တွေ့ရသည်။ မည်သည့်ကဏ္ဍမျှ ပါမလာသည်မှာ ထူးခြားချက်ဖြစ်သည်။

(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး
(၃) ပြည်သူ့ကျန်းမာရေး
(၄) စည်ပင်သာယာရေး လုပ်ငန်း
(၅) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
(၆) စားကျက်မြေများ ထိန်းသိမ်းရေး
(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး
(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
(၉) မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာ ကိစ္စ
(၁ဝ) မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာ ကိစ္စ

အထက်ဇယား ၃ ခုစလုံးပါ အခန်းများအရ ဥပဒေပြဋ္ဌာန်းကြရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိကို စိစစ်ပေးရမည့် တာဝန်သည် ခုံရုံးတွင် ရှိသည်ဟု ဖော်ပြထားသည်။ ၂ဝဝ၄ ခုနှစ်တွင် အမျိုးသားညီလာခံသို့ အပစ်အခတ် ရပ်စဲထားသည့် ငြိမ်းအဖွဲ့ ၁၃ ဖွဲ့ စုပေါင်း တင်သွင်းခဲ့သည့် ဥပဒေပြုရန် စာရင်းဇယား ၇ ချက်မှာကား ပျောက်ကွယ်သွားခဲ့လေပြီ။

၁၃ ဖွဲ့ တင်ပြခဲ့သည့် ပြည်ထောင်စု အခြေခံ ဥပဒေပြုရန် အချက်များမှာ -

(၁) ထပ်တူဥပဒေပြုစာရင်း ထားရှိရေး
(၂) အကြွင်းအကျန် အာဏာကို ပြည်နယ်တွင် ထားရှိရေး
(၃) ဥပဒေပြုကဏ္ဍမှာ တိုင်းရင်းသား လူမျိုးစုကို သီးခြားထားရှိရေး
(၄) ပြည်နယ်လွှတ်တော်တွေမှာ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေပြုပိုင်ခွင့် ရှိရေး
(၅) ပြည်နယ် လွှတ်တော်တွေမှာ စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့် ရှိရေး
(၆) တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းပိုင်ခွင့် ရှိရေး
(၇) ပြည်နယ် ဖွဲ့စည်းပုံ သီးခြားရေးဆွဲ ပြဋ္ဌာန်းကျင့်သုံးခွင့် ရှိရေး

ပြည်ထောင်စု မုန့်ဆီကြော်မှာ နအဖ စစ်အုပ်စု နှုတ်ခမ်းနာနှင့် မတည့်လိုက်လေခြင်း။ တပြည်ထောင် ဖက်ဆစ်နာဇီစနစ်သို့ ချီတက်နေလေပြီ။ ကန့်သတ်ဥပဒေပြု စာရင်း၊ ကြွင်းကျန် ဥပဒေပြုစာရင်းနှင့် ထပ်တူဥပဒေပြု စာရင်း ဟူ၍ကား ဘာတခုမျှ မတွေ့ရှိရပါ။ အားလုံး သီးသန့် ကန့်သတ်ချက် စာရင်းများသာ ဖြစ်နေပါသည်။

အကယ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ တတိုင်းတိုင်း၊ တဖွဲ့ဖွဲ့က ဇယား ၃ ဥပဒေပြု စာရင်းတွင် မပါသည့် ဥပဒေ တရပ်ရပ်ကို တင်ပြလာခဲ့သည် ရှိသော်၊ သို့မဟုတ် - အထက်ပါ ၇ ချက်ကို ယခုလွှတ်တော်များတွင် အကယ်၍ တင်ပြလာသည်ရှိသော် ဤခုံရုံးက ဘာများ တတ်နိုင်ပါမည်နည်း။ ဤသည်မှာ အဓိက အကျဆုံး မေးခွန်းဖြစ်ပါသည်။

ဤဥပဒေ အခန်း ၄ ။ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထား ရယူရန် တင်သွင်းခြင်း။ ပုဒ်မ ၁၄ တွင် အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို ပုဒ်မ ၁၅ ပါ နည်းလမ်းနှင့်အညီ ခုံရုံးသို့ တင်သွင်းခွင့် ရှိသည်။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊
(ဃ) ပြည်သူ့ လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁ဝ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များ ဟု ဖော်ပြထားသည်။

ပုဒ်မ ၁၅ (ဃ) တွင် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁ဝ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များဖြစ်လျှင် မိမိ၏ တင်ပြချက်ကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ခုံရုံးသို့ ပေးပို့ရမည် ဟု ပါရှိပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည် ဟု ပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု လွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည် ဟုလည်း ပုဒ်မ ၃၇ တွင် ပြဋ္ဌာန်းထားသေးသည်။ ထို့ကြောင့် ယခုကဲ့သို့ ဥပဒေမျိုးကို ပြည်ထောင်စု စစ်စစ် ဥပဒေပြု အဖွဲ့ကသာ စုပေါင်းရေးဆွဲပြီး ပြဋ္ဌာန်းသင့်သည့် ဥပဒေမျိုးသာ ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၁ဝ ရာခိုင်နှုန်းက သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ခုံရုံးသို့ ပုဒ်မ ၁၅ (ဃ) အရ ဥပဒေအတိုင်း အပစ်ရပ် ၁၃ ဖွဲ့ တင်ပြခဲ့သည့် ၇ ချက်ကို ထပ်ဆင့်တင်ပြလျှင် ခုံရုံးက မုချလက်ခံ ဆုံးဖြတ်ချက်ပေးရပါမည်။ အကယ်၍ လက်မခံလျှင် အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့အားလုံးက ဘာလုပ်ကြမည်နည်။ တခြားရွေးလမ်း ရှိပါသေး၏လော။

Ref;mizzima

Read More...

ဦးတေဇ နှင့် ကြံ့ဖွံ့ကုမ္ပဏီ ဆက်သွယ်ရေးလုပ်ငန်း လက်ဝါးကြီးအုပ်ရန် ကြံ

04 March 2011

ဦးတေဇနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့ )ပိုင် ကုမ္ပဏီ၂ ခု ပူးပေါင်း၍ FTTX စနစ် ၀န်ဆောင်မှုကို လက်ဝါးကြီး အုပ်ရန် စီစဉ်နေသောကြောင့် အဆိုပါ ၀န်ဆောင်မှုကို လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီများကြား မကျေနပ်မှုများ ဖြစ်ပွားနေ သည်ဟု သိရသည်။

FTTX စနစ်သည် ဖိုက်ဘာ ဆက် ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင် သံကြားလိုင်း ၊တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော ၀န်ဆောင်မှုဖြစ်ပြီး ရန်ကုန် ၊ မန္တလေးမြို့ကြီးများတွင် လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီများမှ နယ်မြေဇုန် အလိုက် မြို့နယ်များ သတ်မှတ်ကာ ၀န်ဆောင်မှု စတင် ပေးနေသည်။

အဆိုပါ ၀န်ဆောင်မှုကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် နည်းပညာ ကုမ္ပဏီများ စုပေါင်းဖွင့်လှစ်ထားသော ရတနာပုံ တယ် လီပို့ ကုမ္ပဏီတွင် ပါဝင်သည့် ကုမ္ပဏီများကို BOT စနစ်ဖြင့် စက်တင်ဘာလက စာချုပ် ချုပ်ဆို၍ စတင် လုပ်ကိုင်ခွင့် ပြုခဲ့ သည်။

Elite ကုမ္ပဏီ ၊ Red Link ၊ High the Princess ၊ Fortune International ၊ MDS ၊ Kinetic Myanmar ၊ Sky Net ၊ Fisca စသည့် ကုမ္ပဏီများ လုပ်ကိုင် ခွင့်ရထားသည်။

ဦးတေဇ ပိုင် Elite ကုမ္ပဏီ နှင့် ကြံ့ဖွံ့ ကျောထောက်နောက်ခံပြု တည်ထောင်ထားသည့် ITCS ကုမ္ပဏီ ပူးပေါင်း၍ ရန်ကုန်ဈေးကွက်တခုလုံးကို အဓိက လုပ်ကိုင်မည် ဖြစ်သောကြောင့် လက်ရှိ လုပ်ကိုင်နေ သည့် ကုမ္ပဏီများအား လုပ်ငန်း ရပ်ဆိုင်းရန် နှင့် နယ်မြို့များသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ပြောဆိုလိုက်သောကြောင့် မကျေနပ် မှုများဖြစ်ပေါ်နေသည်ဟု ရတနာပုံတယ်လီပို့ အသိုင်းအ၀န်းမှ သိရသည်။

“စာချုပ်တွေလဲချုပ်ပြီး ၄၊ ၅ လလောက်ပိုက်ဆံ အများကြီး အကုန်ခံ လုပ်ငန်း ပြီးသလောက်ရှိမှ ဆက်မလုပ်ဖို့ခေါ်ပြောတယ်။ ဒီလို အခုစာချုပ်တွေချုပ်ပြီး လုပ်ခွင့်ပြုလိုက်၊ တော်တော်လေးကြာလို့ "ထူး" လိုကုမ္ပဏီကြီး တခုက လုပ်ချင်လာရင် ချက်ချင်း ရပ်ခိုင်းလိုက်၊ ဒီလိုစီးပွားရေးပေါ်လစီမျိုး နဲ့ကတော့ ဘယ်လောက်စီးပွားရေး ဖွင့်ဖွင့် ဘယ်နိုင်ငံခြား ကုမ္ပဏီမှမလာဘူး”ဟု လုပ်ငန်းရပ်ဆိုင်းခံရသည့် နည်းပညာကုမ္ပဏီ တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက ဆက်၍“ရန်ကုန်မြို့တွင်း နယ်မြေခွဲပြီး ကုမ္ပဏီ အလိုက် ဥပမာ- Red Link ကတော့ ဘယ်မြို့နယ်မှာ ၀န်ဆောင်မှုပေး။ လိုအပ်တဲ့ ဆက်သွယ်ရေး ၊ လိုင်းချိတ်ဖို့ အဲဒီကုမ္ပဏီက တာဝန်ယူတပ်ဆင် အကုန်လုပ်။ ဒီအတွက် ကုမ္ပဏီတွေ အသီးသီးက ကျပ် သိန်း ထောင်ချီပြီး ရင်းနှီးမြှပ်နှံလုပ်ကိုင်နေကြတာ”ဟု ဆိုသည်။

“ကျနော်တို့ အားလုံးကို စာချုပ်ထဲက ပါတဲ့အတိုင်း ၅ နှစ်ပေးလုပ်မယ်ပြောထားတာ။ အခု ရန်ကုန်မှာရှိတဲ့ မြို့နယ်တွေ အကုန် လုံး Elite နဲ့ ITCS ကပဲ လုပ်တော့မယ်။ ကျန်တဲ့လူတွေ နယ်ဘက်တွေ ဆင်းလုပ်ဆိုတော့ ကျနော်တို့ ရင်းထားတာတွေ အကုန်လုံးဘာသွားလုပ်တော့မှာလဲ။ လုပ်ငန်းစနေတာ အခု တ၀က်တပျက် ရပ်ရမယ့်အနေအထားဖြစ်နေတယ်”ဟု Sky Net ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး“Elite ကိုယ်တိုင်လည်း လုပ်ခွင့်ရတဲ့ထဲမှာ ပါတာပဲ။ တခုလုံးကို သူပဲလုပ်ချင်နေတာမျိုးကတော့ ၀န်ကြီးနဲ့ ပိုင်တယ်ဆိုပြီး သဘောကျ လက်ညှိးထိုးသလို ၊ လုပ်ချင်သလို လုပ်ခွင့်ရနေတာမျိုးကတော့ မဖြစ်သင့်ဘူး”ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ Wi-Fi ဇုန် ဧရိယာ ၁၃ ခုရှိပြီး အဆိုပါ FTTX စနစ်အကောင်အထည်ပေါ်လာပါက Wi-Fi ဇုန် ဧရိယာ များလည်း တိုးပွား လာမည်ဖြစ်သည်။ FTTX စနစ်သည် ယခင်ပုံမှန် အသုံးပြုနေသော ဆက်သွယ်ရေး နည်းပညာနှင့် မတူဘဲ မြန်နှုန်းမြင့် နည်းပညာများဖြင့် အချက်အလက် အင်တာနက်ဝန်ဆောင်မှုများကို မြေအောက် ဖိုက်ဘာ ဆက်ကြောင်း များမှ တဆင့် တပ်ဆင်သွားမည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။

ယင်း ပြဿနာများဖြစ်ပွားနေသောကြောင့် ၀န်ဆောင်မှု လုပ်ငန်းများ တ၀က်တပျက် ဖြစ်ကာ နှောင့်နှေးမှုလည်း ဖြစ်သွားသည် ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောပြသည်။

“ကုမ္ပဏီတွေ အားလုံးက တော်တော်မကျေမနပ်ဖြစ်နေတယ်။ ညီတူညီမျှ မရှိတာ တော်တော်ဆိုးတယ်။ ဒီ ၀န်ဆောင်မှုက ရန်ကုန်မှာဆိုလည်း လူတော်တော်သိလာတော့၊ ဒီ ဈေးကွက်တခုလုံးကို လိုချင်တော့ Elite က သူပဲလုပ်မယ်ဆိုပြီး ၀န်ကြီးကို ပြောတယ် ကြားတယ်။ ဒါကြောင့်လည်း အခုလို ဖြစ်လာတာပဲ”ဟု ၎င်းက ပြောသည်။

ဆက်လက်၍“အခုအခြေအနေက ကျနော်တို့ဘက်က အာဏာပိုင်နဲ့ပတ်သက်နေတော့ ပြောသလို လုပ်ရမယ့်အနေအထားဖြစ် နေတယ်။ မကျေနပ်လည်းမတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ထဲမှာပါတဲ့ ကုမ္ပဏီတခုကတော့ တန်အောင် ပိုက်ဆံပေး ရင် ထွက်ပေးမယ် ပြောတယ်။ ဘာမှတော့ သူတို့ဘက်က တုံ့ပြန်တာ မရှိသေးဘူး”ဟုလည်း ဆိုသည်။

လုပ်ငန်းရပ်ဆိုင်းရန် ပြောဆိုပြီးနောက်တွင် ကုမ္ပဏီများအား ကုန်ကျစရိတ် မည်မျှ ရှိသည်ဟု အာဏာပိုင်များက မေးမြန်း ခဲ့သော်လည်း ယခုအချိန် ငွေကြေးပြန် အလျော်ပေးခြင်းများ မရှိသေးဟု အဆိုပါကုမ္ပဏီများမှ သိရသည်။

ITCS သည် ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုဟုကြေညာထားသော်လည်း အာဏာပိုင်များနှင့် ကြံ့ဖွံ့ အသင်းဝင်များ ပါဝင်လုပ်ကိုင် နေ သော အဖွဲ့အစည်းကြီးတခုဖြစ်ပြီး ရတနာပုံ တယ်လီပို့၏ စီမံခန့်ခွဲမှုပိုင်းတွင် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ကုမ္ပဏီ များထံမှ သိရသည်။

ထို့အပြင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းကာ Prepaid Card (ကြိုတင်ပေးငွေပေးကတ်) များ၊ တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ်ရောင်းချ နေသည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော Elite ကုမ္ပဏီသည် ဖိုက်ဘာဆက်ကြောင်း အွန်လိုင်း ၀န်ဆောင်မှုအပြင် အိုင်တီ နည်းပညာ ဆက်စပ် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဖုန်းဟန်းဆက်များ ထုတ်လုပ်တင်သွင်း ရောင်းချခြင်း၊ ကျပ် ၅ သိန်းတန် CDMA ဖုန်းလိုင်းများရောင်းချခြင်း၊ ၅ သိန်းတန်ဖုန်း ငွေဖြည့်သွင်း ကတ်များ ဖြန့်ချိရောင်းချခြင်း လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

Ref;irrawaddy

Read More...

မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီး ဖြစ်ပြီ

04 March 2011

ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု ရေပန်းစားနေသော ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ယခုအပတ် အတွင်း ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေး လိုက်ကြောင်း သတင်းရ ရှိသည်။

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၉ ကျောင်းဆင်း ဗိုလ်ချုပ် ကြီး မင်းအောင်လှိုင်သည် ယခုမတ်လ အတွင်း ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ရန် ရှိပြီး ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ အနီးကပ် သင်ကြား ပို့ချမှုများကို ခံယူ နေရ ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း က ပြောသည်။

“ဗိုလ်ချုပ်မင်းအောင်လှိုင်က တပ်ချုပ်ကြီး အိမ်ကို နေ့တိုင်းလိုလို သွားနေရတယ်။ တပ်တွင်းစကားတွေ အရတော့ သြ၀ါဒ ခံယူရတာလို့ပြောတယ်” ဟု နေပြည်တော် စစ် အရာရှိတဦးက ပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အမျိုးသား လုံခြုံရေးကောင်စီ အပါအ၀င် လုံခြုံရေးနှင့် ပတ်သက်သော အဖွဲ့အစည်း များတွင် ပါဝင်ရမည် ဖြစ်သည်။

ကာကွယ်ရေး ၀န်ကြီးအဖြစ် ခန့်အပ်သည်ကို လက်သင့် မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စောဒကတက် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်မှ ထုတ်ပယ် ခံရပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်မည့်အပေါ် စစ်တပ်အရာရှိ အသိုင်းအ၀န်းက လိုလားခြင်း မရှိကြောင်း သိရသည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာရင် တပ်မတော်ထဲမှာ အကွဲအပြဲတွေ ရှိလာနိုင်ပါတယ်” ဟု နေပြည်တော် စစ်အရာရှိတဦးက ဆိုသည်။

နေပြည်တော် စစ်တပ် အသိုင်းအ၀န်း၏ အဆိုအရ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Ref;irrawaddy

Read More...

၁၀ နှစ် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးသည့် ထိုင်းဝန်ထမ်းများ လာဘ်စား

သန်းထိုက်ဦး
04 March 2011

မြန်မာနိုင်ငံသား ၁၄၀၀၀ ကျော်၏ ထိုင်း နိုင်ငံအတွင်း ၁၀ နှစ် သက်တမ်း နေထိုင်ခွင့် လက်မှတ်များကို ပြန်လည်စိစစ်ရန် ညွှန်ကြားချက်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ၀င်ဟယ်(Waing Haeng) မြို့နယ်အတွင်းရှိ ရွာသူကြီးနှင့် ထိုင်းအစိုးရ ၀န်ထမ်းများ တရားမ၀င် လာဘ်ပေး လာဘ်ယူ ပြုလုပ်ရန်အတွက် အခွင့်အရေး တခု ဖြစ်နေသည်။

၂၀၀၇ နှစ်ကုန်ပိုင်းနှင့် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် ၀င်ဟယ်မြို့နယ်ရုံးမှ မြန်မာနိုင်ငံသား ၂၀၀၀၀ နီးပါးကို ၁၀ နှစ် သက်တမ်း နေထိုင်ခွင့် လက်မှတ် များ ပြုလုပ်ပေးခဲ့သည်။ ယင်း၂၀၀၀၀ နီးပါးထဲမှ ၁၄၀၀၀ ကျော်ကို ထပ်မံစိစစ်ခိုင်းခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား အများစုက ၁၀ နှစ် သက်တမ်းနေထိုင်ခွင့် လက်မှတ်များကို (၁၀ နှစ်ခံ လက်မှတ်)ဟု ခေါ်ကြသည်။

၁၀ နှစ်ခံ လက်မှတ်သည် နိုင်ငံအတွင်း နှစ်ရှည်လာရောက် နေထိုင်သူများကို ထုတ်ပေး ခြင်းဖြစ်ပြီး လက်မှတ် ရရှိထားသူများသည် မြို့နယ် ထောက်ခံစာဖြင့် အလုပ်လုပ် ခွင့်ရသည့်အပြင် ထိုင်းနိုင်ငံ အတွင်း၌လည်း သွားလာရန်အတွက် အဆင်ပြေ သောကြောင့် မြန်မာနိုင်ငံသားများအကြား ရေပန်းစားလျက် ရှိသည်။

သို့သော်လည်း ယင်းလက်မှတ်များပြုလုပ်ရာတွင် တရားမ၀င် လာဘ်ပေးလာဘ်ယူမှုများ ရှိနေပြီး တချို့မှာ မိသားစုဝင် တခု အတွင်း လူ ၂၀၀ ခန့်ရှိနေခြင်းတို့ကို ခရိုင် အုပ်ချုပ်ရေးရုံးက တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ပြန်လည်စိစစ်ရန် အစီအစဉ် ဖြစ် ပေါ်လာ ခြင်းဖြစ်သည်။

၁၀ နှစ်ခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ၂၀၁၁ ခု ဇန်န၀ါရီလ မှ စတင်၍ မတ်လ ၁၅ ရက်နေ့ အထိ ၀င်ဟယ်မြို့နယ် ရုံးသို့ လာရောက် အကြောင်းကြား ဆက်သွယ်ရန် ဒေသခံ အာဏာပိုင်များက အသိပေးထားသည်။

ပြန်လည်စိစစ်ရမည့် လက်မှတ်ကိုင်ဆောင်ထားသူများသည် အမည် စာရင်းအသစ်တွင် ထည့်သွင်းရန်အတွက် ထိုင်းဘတ် ငွေ ၂၀၀ မှ ၅၀၀ ကို သက်ဆိုင်ရာ ရွာသူကြီးများထံသို့ ပေးဆောင်နေကြရသည်။ ပြန်လည်စိစစ်ရန် မလိုလားသူ တချို့က သက် ဆိုင်ရာ အာဏာပိုင်များနှင့် ပတ်သက်သူများကို လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်လျက်ရှိသည်။

“ရွာသူကြီးကို စာရင်းသွင်းဖို့အတွက် ဘတ်ငွေ၂၀၀ ပေးခဲ့ရတယ်”ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ၁၀ နှစ်ခန့်ကြာပြီဖြစ် သည့် ရှမ်းတိုင်းရင်းသူ မနန်းခမ်းက ပြောသည်။ မနန်းခမ်း သည် နေ့စဉ်ပုံမှန် အလုပ်အကိုင် အတည်တကျ မရှိသော်လည်း အလုပ်ရှိ သည့်နေ့များတွင် တရက်လျှင် ဘတ် ၁၂၀ သာ ရရှိသူဖြစ်သည်။

၂၀၀၇ ခုနှစ်ကုန်ပိုင်းတွင် ၁၀ နှစ်ခံ လက်မှတ်ရရှိရန်အတွက် မနန်းခမ်း အနေဖြင့် ရွာသူကြီး အား ဘတ်ငွေ ၂၀၀၀ ပေးခဲ့ရကြောင်း သိရသည်။

“အခုအချိန်အထိ အကြွေးမကြေသေးဘူး၊ ဘ၀လုံခြုံရေးအတွက် ကတ်(၁၀ နှစ်ခံ လက်မှတ်)လုပ်ချင်တယ်၊ လာဘ်ထိုးဖို့ ပိုက် ဆံ မရှိဘူး၊ ဘတ် ၅၀၀၀ လောက် ကုန်မယ်ဆိုရင်တောင်မှ ကတ်ရဖို့ မသေချာဘူးလို့ ကြားတယ်”ဟု မနန်းခမ်းက ပြောသည်။

၁၀ နှစ်ခံလက်မှတ် ပြုလုပ်ရာတွင် ၀င်ဟယ်ဒေသအတွင်း နှစ်ရှည်လများ နေထိုင်သူတဦး၏ ထောက်ခံချက် လိုအပ်သည်။ ဒေ သခံ များကလည်း ငွေကြေးဖြင့် ထောက်ခံချက် အများ အပြားကို အမည်အမျိုးမျိုးဖြင့် ရေးပေးလေ့ရှိသည်။

“ကတ်တွေကို ပြန်စိစစ်ရတော့မယ် ဆိုတော့ ကျမကို ထောက်ခံတဲ့ လူရဲ့ နာမည်နဲ့ ကျမရဲ့နာမည် လွဲနေတယ် လို့ပြောတယ်၊ ကျမကို ထောက်ခံတဲ့ လူနာမည်တွေကို တခေါက်မှ မကြားဖူးဘူး”ဟု အသက် ၂၅ နှစ်အရွယ်ရှိသော ရှမ်းတိုင်းရင်းသူ နန်းဇမ် က ဆိုသည်။

ဝင်ဟယ်မြို့နယ် အနီးရှိ ကျေးရွာ ဒေသများတွင် အလုပ်လုပ် နေသူများသည် ရှမ်း တိုင်းရင်းသား အများစုဖြစ်ကြပြီး ဆောက် လုပ်ရေးလုပ်ငန်း၊ ကြက်သွန်နှင့် ငရုပ် စိုက်သော စသည့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

မြန်မာပြည်မှ လာရောက်အခြေချ နေထိုင်သူများ အနေဖြင့် ထိုင်းအစိုးရ၏ဥပဒေ နားမလည်မှုနှင့် ထိုင်းစာ မဖတ်တတ်၊ မရေး တတ်ခြင်းသည်လည်း ဒေသခံများနှင့် အာဏာပိုင်များအတွက် လိမ်လည်စရာ အခွင့်ကောင်း တခုဖြစ်ခဲ့သည်။

မြို့နယ်ရုံး၏ စိစစ် ဆောင်ရွက်ချက်များသည် ယုတ္တိမရှိကြောင်း၊ အာဏာပိုင်များအကြား လာဘ်လာဘ်ယူမှု မညီမျှသဖြင့် ယခု ကဲ့သို့ ပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် ကိုစိုင်းမောင်ကလည်း ပြောသည်။

“ပိုက်ဆံနဲ့ လာလုပ်တဲ့ လူတွေပဲ အရင်ရတယ်၊ မလုပ်တဲ့လူတွေက နောက်မှရတယ်၊ အဝေးကလာတဲ့လူတွေက တိုးတိုး တိတ် တိတ် ရွာသူကြီးနဲ့ ညှိနှိုင်းပြီး လုပ်တာရှိတယ်၊ မြန်မာပြည်က လာတဲ့လူတွေက မိသားစုကို ပိုက်ဆံ ပြန်ထောက်ပံ့ရ တော့ သိပ် မတတ် နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ဝင်ဟယ်မြို့နယ်ရုံးက သေချာ စစ်ဆေးမှု မပြုလုပ်ဘဲ ၁၀ နှစ်သက်တမ်းရှိသည့် ကတ်များကို ထုတ်ပေးရခြင်းနှင့် ပတ်သက်၍ လေ့လာသူများက မေးခွန်း ထုတ်လျက်ရှိသည်။ ဖြစ်ပေါ်လာသည့် ပြဿနာများ အတွက် အာဏာပိုင်များတွင် တာဝန်ရှိသည် ဟုလည်း ဆိုသည်။ ကတ်ထုတ်ပေးစဉ်က မြန်မာနိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်၊ ဓာတ်ပုံ၊ လက်ဗွေ စသည်တို့ကို တောင်းခံခဲ့ကြောင်း သိရသည်။

ဧရာဝတီက ဒေသခံများ၏ လာဘ်ပေး လာဘ်ယူ ပြုလုပ်မှုရှိသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ၀င်ဟယ်မြို့နယ်ရုံးသို့ ဆက်သွယ်ခဲ့ရာ ၀န်ထမ်းအမျိုးသမီး တဦးက ငြင်းဆို ခဲ့သည်။

၁၀ နှစ်ခံလက်မှတ်များအား ၁၉၉၉ ခုနှစ် အောက်တိုဘာလ ပထမ သတင်းတပတ်မတိုင်ခင် လာရောက်နေထိုင်ပြီး ထိုင်း အစိုး ရ ထံတွင် မှတ်ပုံတင်သွင်းရန် ကြိုးစားသူများ၊ တရားဝင်မှတ်တမ်း မရှိသော ကျောင်းသား၊ ကျောင်းသူများ၊ မွေးဖွားပြီး မိဘများ၏ စွန့်ပစ်ခြင်းကို ခံရသူများ၊ ထိုင်းနိုင်ငံ၏ အကျိုးကို လိုလားသူများအား ထုတ်ပေးလေ့ ရှိသည်။

ယင်းလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ပညာဆက်လက်သင်ကြားခွင့်၊ သတ်မှတ် ထားသောနေရာတွင် ယာယီနေထိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်၊ ကျောင်းသား ကျောင်းသူများနှင့် မိဘ၏ စွန့်ပစ်ခြင်း ခံရသူများအနေဖြင့် ဆေးကုသခွင့် ခံစားရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြောသည်။

သို့သော်လည်း ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ဆေးရေး ဂိတ်များ၌ ရှာဖွေစစ်ဆေးမှုများကို သာမန်ထက် ပိုမိုခံကြရပြီး မိန်းကလေးများ အနေနှင့် ခန္ဓာကိုယ်အနှံ့ အသေးစိတ် ရှာဖွေခံကြရသည်။

ယခု ၁၀ နှစ်ခံကတ်များ ပြန်လည် စိစစ် ခံရခြင်းနှင့် ပတ်သက်၍ ၀င်ဟယ် ပတ်ဝန်းကျင်ရှိ ရွာများတွင် ကောလာဟလမျိုးစုံ ပျံ့နေပြီး မြန်မာ အလုပ်သမားများက ဒေသခံ အာဏာပိုင်များကို မကျေမနပ် ပြောဆိုမှုများလည်း ရှိနေကြသည်။

“လူတိုင်း အပယ်ခံရတယ်လို့ ကြားတယ်၊ မဟုတ်တာ တခုခုဖြစ်နေတာကတော့ သေချာတယ်”ဟု ၀င်ဟယ်မြို့တွင် ဆိုင်ကယ် တက္ကစီ မောင်းနေသူ တဦးက ပြောသည်။

ဝင်ဟယ်မြို့နယ်ရုံး အနီးရှိ ဈေးဆိုင် ပိုင်ရှင်တဦးကလည်း ၁၀ နှစ်ခံကတ်များ ပြန်လည် စိစစ်မှုနှင့်ပတ်သက်ပြီး အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို နားမလည်ဟု ပြောသည်။

ယင်းမြို့နယ်ရုံးဝင်းအတွင်း၌ ရှမ်း အစားအစာများရောင်းသည့် ဈေးဆိုင်တန်းများနှင့် ဆိုင်များအနီး ရှိနေသော လူများကလည်း ၁၀ နှစ်ခံကတ်များကို မည်သည့်အတွက် ပြန်လည်စစ်ဆေးခြင်းအား နားမလည်နိုင်ကြောင်း ပြောဆိုလျက်ရှိကြသည်။

ဝင်ဟယ်မြို့နယ်ရုံး လမ်းထိပ် အဝေးပြေးကားလမ်းပေါ်ရှိ ကားမှတ်တိုင်တွင် ခေါင်းငိုက် စိုက်ချလျက် ကားစောင့်ဆိုင်းနေသူများ ရှိသကဲ့သို့ ရွာသူကြီးအိမ်သို့ သွားရောက်၍ ဘတ်ငွေ ၃၀၀ ပေးကာ စာရင်းသွင်းမည့်သူများကလည်း ဆိုင်ကယ် တက္ကစီသမား နှင့် ဈေးညှိနေကြသည်ကိုတွေ့ရှိနေရသည်။

ဈေးသည်တဦးကမူ“သိပ်မပူနဲ့ အခြေအနေက ကောင်းသွားလိမ့်မယ်၊ အခုတော့ အိမ်ပြန်ကြတော့”ဟု အော်ဟစ်ပြောဆို နေ သည်။ ရုံးအတွင်းမှ ပြန်ထွက်လာသော လူအများ၏ အမှုအရာများသည် ညှိုးနွမ်းနေကြသည်။

နန်းယိင်း ဆိုသည့် ရှမ်းတိုင်းရင်းသူ တဦးကလည်း“ပြန်စိစစ်နေတယ် ဆိုပေမယ့်လည်း အနည်းဆုံးတော့ ပိုက်ဆံ ကုန်မယ်၊ အလုပ် ပျက်မယ်၊ အလကား လုပ်ပေးတာမှ မဟုတ်တာ”ဟု ပြောဆိုနေသည်။

Ref;irrawaddy

Read More...

ဖွဲ့စည်းပုံ ခုံရုံးနှင့် အာဏာရှင်

ဦးမျိုး (ဥပဒေ)
ကြာသပတေးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၀၄ မိနစ် ။ ။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (နအဖ ဥပဒေ အမှတ် ၂၁/၂ဝ၁ဝ) ကို ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့စွဲအရ (ပုံ) သန်းရွှေ လက်မှတ်ဖြင့် ထုတ်ပြန်ပိုင်ခွင့် ရှိပါသလား။ နိုင်ငံ တနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စကို အဆုံး အဖြတ်ပေးရမည့် ခုံရုံးကို မည်သူ တဦးတယောက်၏ အမိန့်နှင့်မျှ ပြဋ္ဌာန်းရိုး မရှိပါ။

ပြည်ထောင်စုစစ်စစ် လွှတ်တော်မျိုးကသာ ဥပဒေပြဋ္ဌာန်းပိုင်ခွင့် ရှိပါသည်။

အကယ်၍ ယခုလို ဥပဒေမျိုးကို ဥပဒေပြုလွှတ်တော်ကသာ ပြဋ္ဌာန်းလျှင် ဘာဖြစ်သွားပါ မည်နည်း။ မရောင်ရာ ဆီလူး၊ မဟုတ်တာ အနာ လုပ်တာမျိုးက တိုင်းပြည်ကို ချောက်ထဲ ရောက်အောင် လုပ်ခြင်းသာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက် အဓိပ္ပာယ် ဖွင့်ဆိုခြင်းကို ဤခုံရုံး ဥပဒေ ပုဒ်မ ၁၂ (က) အရ လုပ်ငန်း တာဝန် ဆောင်ရွက် ရပါမည်။ ပုဒ်မ ၁၂ (ဆ) တွင်လည်း တရားရုံးတရုံးက စစ်ဆေးဆဲ အမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ နှင့် ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့် အငြင်းပွားမှုကို အဆုံး အဖြတ်ပေးခြင်း ဟုလည်း ပါရှိပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၃ က ခုံရုံး၏ အဆုံးအဖြတ်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဟု ဖော်ပြခြင်း ဖြစ်သည်။

ဤဥပဒေ ပုဒ်မ ၁၇ တွင် - ”တရားရုံးတရုံးသည် အမှုတမှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေ တရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်မှု ရှိမရှိ၊ ညီညွတ်မှု ရှိမရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ခုံရုံးကလည်း တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးလျှင် အဆိုပါ တရားရုံးသည် အမှု စစ်ဆေး စီရင်ခြင်းကို ရပ်ဆိုင်းထားပြီး၊ မိမိ သဘောထားနှင့် အတူ ပြည်ထောင်စု တရားသူကြီး ချုပ်ထံ စောလျင်စွာ တင်ပြရမည်။ ပြည်ထောင်စု တရားသူကြီး ချုပ်သည် အဆိုပါ တင်ပြချက်ကို မိမိ သဘောထားနှင့် အတူ ခုံရုံးသို့ တင်သွင်းရမည်” ဟု ပါရှိသည်။

အကယ်၍ တရားရုံးတရုံးရုံးတွင် နအဖ စစ်အုပ်စု တည်ဆဲ ဥပဒေ တခုခုနှင့် ယခု ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေပုဒ်မ တခုခုတို့ အငြင်းပွားမှု စစ်ဆေး စီရင်ရာတွင် ပေါ်ပေါက်သည် ဆိုပါက ခုံရုံးသို့ တင်ပြရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၆ (ဃ) တွင် နိုင်ငံတော်သည် - စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်း မပြုရဟု ဖော်ပြထားသည်။ သို့သော် နအဖ စစ်အုပ်စု တည်ဆဲ ဥပဒေ ဖြစ်သည့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေ (နအဖ ဥပဒေ အမှတ် ၉/၈၉) ပုဒ်မ - ၃ တွင် အောက်ဖော်ပြပါ စီးပွားရေး လုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ အဖြစ် လုပ်ကိုင် ဆောင်ရွက်ခွင့် ရှိသည်။ (က) မှ (ဌ) အထိ ဖော်ပြထားသည်။ အတိုချုပ် ဖော်ပြအပ်ပါသည်။

(က) ကျွန်းသစ်
(ခ) သစ်တော
(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့
(ဃ) ပုလဲ။ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာများ
(င) ငါး၊ ပုဇွန်
(စ) စာတိုက်နှင့် ကြေးနန်း
(ဆ) လေကြောင်းနှင့် ရထားပို့ဆောင်ရေး
(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း
(ဈ) အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လုပ်ခြင်း လုပ်ငန်း
(ည) သတ္တုရှာဖွေထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်း လုပ်ငန်း
(ဋ) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
(ဌ) လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်းတို့ ဖြစ်ပါသည်။

အစိုးရကသာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုပြီး၊ အခြား မည်သူ့ကိုမျှ စီးပွားရေး လုပ်ပိုင်ခွင့် မပေးဘဲ အစိုးရ အကြောင်း ပြချက်ဖြင့် စီးပွားရေး ဆိုင်ရာ လုပ်ငန်းများကို နအဖ ဥပဒေ အမှတ် (၉/၈၉) ဖြင့် နိုင်ငံပိုင် သိမ်းယူခြင်း ပြုလုပ် ထားသည်ကို တွေ့ရပေသည်။

ကြံ့ဖွံ့အစိုးရကသာ နိုင်ငံပိုင် သိမ်းယူခွင့် ရှိသည်ဟု ပြဋ္ဌာန်း ထားသည့် နအဖ စစ်ခေါင်းဆောင် ၏ ဥပဒေမှာ ရယ်ရွှင် ဟားတိုက် ဖွယ်ရာ ဟာသ တပုဒ်နှင့် တူနေ ပေတော့သည်။ အကယ်၍ ငါးဖမ်း တံငါသည် တဦးမှာ ကရုကမာ ကောင်ထဲမှ ပုလဲကြီး တလုံးကို ရရှိသည် ဆိုပါစို့။ ထိုတံငါသည်က ဈေး၌ ဝယ်ယူသူ တဦးဦးကို ငွေ အမြောက်အမြားဖြင့် ရောင်းချ လိုက်သည်တွင် နိုင်ငံပိုင် စီးပွားရေး ဥပဒေ ပုဒ်မ ၉ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်သည့် အပြင် ငွေဒဏ်လည်း ချမှတ်ပါတော့မည်။ ထို့ပြင် ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း နိုင်သည်ဟု ပြဋ္ဌာန်း ထားပါသည်။

ပြည်သူလူထုမှာ နိုင်ငံပိုင်အဖြစ် မြေယာ အမြောက်အမြား လုယက် သိမ်းယူခြင်း ခံနေရပါသည်။ ဘယ်သူ့ထံ တွင်နည်း။ နအဖ စစ်အုပ်စု ထံတွင် ဖြစ်သည်။ စစ်အုပ်စု ကြံ့ဖွံ့ အစိုးရက နိုင်ငံပိုင် သိမ်းယူနိုင်ရန် ပြဋ္ဌာန်း ထားသည့် ဥပဒေများကို မည်သည့် ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ပါမည်နည်း။ ဤသို့ဆိုလျှင် -

ဘာလုပ်ကြမည်နည်း။


Ref: မဇ္ဈိမ

Read More...

Uncensored Burma - Daily News ( 2011 Mar 3)

news on Mar 3

Read More...

Thursday, March 3, 2011

မြန်မာသို့ အများဆုံး အကျိုးတူအလှူရှင် ဗြိတိန်ဖြစ်လာ



မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကူညီထောက်ပံ့မှုများကို ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန DFID က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ အများဆုံး အကျိုးတူ ထောက်ပံ့သည့် အလှူရှင်နိုင်ငံ ဖြစ်လာသည်။

လာမည့် ၄ နှစ်အတွင်း ခန့်မှန်းခြေ ပေါင် သန်း ၁၈ဝ (အမေရိကန်ဒေါ်လာ သန်း ၃ဝဝ) ပေးအပ်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ကူညီသည့် နိုင်ငံများအနက် အများဆုံး ပေးအပ်သည့် နံပါတ် ၁ နိုင်ငံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

’’ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံသို့ တနှစ်လျှင် ပျမ်းမျှ ပေါင် ၄၆ သန်း (အမေရိကန်ဒေါ်လာ ၇၅ သန်း) ကို နှစ်စဉ် ၂ဝ၁၅ ခုနှစ်အထိ ထောက်ပံ့သွားမည်။ ဤထောက်ပံ့ငွေကို ကုလသမဂ္ဂအဖွဲ့၊ နိုင်ငံတကာနှင့် ဒေသခံ NGO များနှင့် ရပ်ရွာအဖွဲ့အစည်းများမှတဆင့် ထောက်ပံ့ပေးကမ်းသွားမည်’’ ဟု နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး အင်ဒရူးမစ်ချယ်လ်က ပြောကြားခဲ့သည်။

ထိုသို့ပေးအပ်မည့် အထောက်အပံ့များအနက်
အသေးစိတ်ခေါင်းစဉ်များကို ခွဲခြား ပြော ကြားသွားခဲ့ရာတွင်မိခင် ၁၂၇ဝဝဝ ကျော် ကို ဘေးအန္တရာယ်ကင်းစွာ မီးဖွားပေး နိုင်စေ ရေးနှင့် မရည်ရွယ်ဘဲ ရသော ကိုယ်ဝန် ၁၅ဝဝဝဝ ကိုတားဆီးကာကွယ် နိုင်ရေးအတွက်လည်း ပါဝင်သည်’’ ဟု ပြောဆိုသွားခဲ့သည်။

အထောက်အပံ့ စာရင်းတွင် ငှက်ဖျား ရောဂါရှင် ၁.၈ သန်း၊ မူလတန်းအရွယ် ကလေး ၂၇၇ဝဝဝ၊ အမျိုးသမီး ၁၁ဝဝဝဝ တို့အတွက် အလွယ်တကူ ချေးငွေရရှိရေး၊ အမျိုးသမီးနှင့် အမျိုးသား ၉၂ဝဝဝ အတွက် စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်ရာတွင် ကူညီရေး၊ လူများကို သူတို့ဘဝ ရွေးချယ်ထိန်းချုပ်ရာတွင် အကူအညီအထောက်အပံ့ ပေးနေကြသော ရပ်ရွာအဖွဲ့အစည်း များအား ကူညီရေးတို့လည်း ပါဝင်သည်။

ငွေအများစုမှာ ကုလသမဂ္ဂ အေဂျင်စီများမှတဆင့် အစိုးရက ခွင့်ပြုထားသော လုပ်ငန်း များအတွက် ပေးအပ်မည် ဖြစ်သော်လည်း စစ်ပွဲဖြစ်နေသော ဒေသများနှင့် ရွာပုန်းရွာရှောင် များမှ မြန်မာနိုင်ငံပြည်သူများအတွက်လည်း ပါဝင်သည်ဟု DFID မြန်မာရုံးအကြီး အကဲ ပေါလ်ဝှစ်တင်ဂမ် Paul Whittingham က ပြောသည်။

’’ဤကိစ္စသည် အင်ဒရူးမစ်ချယ်၏ မြန်မာနိုင်ငံအတွက် အဓိကဦးစားပေး လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ ပဋိပက္ခများတွင် မြေစာပင် ဖြစ်ရသူများကို ထောက်ပံ့ရေးမှာ ဗြိတိန်နိုင်ငံရှိ ကျနော်တို့အားလုံးအတွက် ဦးစားပေးလုပ်ငန်း တလျှောက်လုံးပင် ဖြစ်ခဲ့ပါသည်’’ ဟု သူက ပြောသည်။

’’ဒါကို နည်းအမျိုးမျိုးနဲ့ ကျနော်တို့ လုပ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။ နယ်စပ်ကနေ အတွင်းအထိဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။ စစ်ပွဲဖြစ်ပွားရာ နေရာအတွင်းရှိ ရွာပုန်းရွာရှောင်တွေက ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ပေးနိုင်မယ့် အဖွဲ့အစည်း တွေကိုလည်း သင့်တော်တယ် ထင်မြင်ယူဆရင် တတ်နိုင်တဲ့အချိန်မှာ ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေဟာ ကျနော်တို့အတွက် ဦးစားပေး လုပ်ငန်းတွေအဖြစ် ဆက်လက် ရှိနေမှာပါ’’ ဟု သူက ပြောသည်။

ဗြိတိန်နှင့် မြန်မာအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဝှစ်တင်ဂမ်က ’’နိုင်ငံတနိုင်ငံအတွင်းကို အကူအညီတွေ ဘယ်လိုပေးအပ် ရမယ်ဆိုတဲ့ ကိစ္စအတွက် ကျနော်တို့မှာ အီးယူ (ဥရောပသမ္မဂ) ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဗြိတိန်ဟာ ဒီစည်းမျဉ်းတွေကို အတိအကျ လိုက်နာတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီအကူအညီတွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ညှိနှိုင်းဖို့ လိုတယ်။ အဓိကအားဖြင့် လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နဲ့ တိုင်ပင်ညှိနှိုင်းရတာပါ။ ပြည်တွင်း ပြည်ပက ဒီလိုအဖွဲ့အစည်းတွေ တော်တော်များများနဲ့ တိုင်ပင်ဆွေးနွေးပြီးပြီ’’ ဟု မဇ္ဈိမကို ပြောခဲ့သည်။

ဗြိတိန်က မြန်မာနိုင်ငံသို့ ပေးအပ်နေသော အကူအညီများသည် ၂ဝ၁၁ ခုနှစ်အတွင်း နှစ်ဆ တိုးသွားခဲ့ခြင်းမှာ မြန်မာအစိုးရအပေါ် ထားရှိသည့် သဘောထား ပြောင်းလဲသွားခြင်း ကြောင့် မဟုတ်ပါဟု သူက ဆိုသည်။

’’အခုလို တိုးမြှင့်ပေးအပ်ခဲ့တာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့လည်း မဆိုင်ပါဘူး။ စစ်အစိုးရကို ကျနော်တို့ ဆက်ဆံတဲ့နေရာမှာ ဒါတွေက ချဉ်းကပ်မှုပုံစံကို ပြောင်းလဲသွားစေမှာလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ရပ်တည်ချက် အနေအထားက သိပ်ရှင်းပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု လည်း မရှိ၊ တိုးတက်မှုအတွက်လည်း ကိုယ်စားမပြုနိုင်လို့ဘဲ မြင်ပါတယ်။ ကျနော်တို့ မြင်ချင်တာ ငြိမ်းချမ်းမှုရှိပြီး၊ သာယာဝပြောတဲ့ ဒီမိုကရေစီရှိတဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မြန်မာနိုင်ငံ ဖြစ်ပါတယ်’’ ဟု သူက ပြောသည်။

ဗြိတိန်အကူအညီများ ယခုကဲ့သို့ တိုးမြှင့်ပေးအပ်သည့်အပေါ် မိမိတို့ တက်ကြွလှုပ်ရှား သူများအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ဘားမားကင်ပိန်းအဖွဲ့ (ဗြိတိန်) မှ မတ်က်ဖာမနာ Mark Farmener က ပြောသည်။

သူ့အနေဖြင့် DFID ကို တိုက်တွန်းပြောကြားလိုသည်မှာ ’’ပြည်တွင်းတွင် လုပ်ကိုင် ရသည်မှာ အလွန်တင်းကျပ်သော အကန့်အသတ်များ ရှိနေသည့်အတွက် ဒီမိုကရေစီ မြှင့်တင်ကျယ်ပျံ့ရေး လုပ်ငန်းများကို ပြည်တွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများ မှတဆင့်၎င်း၊ ပြည်တွင်းတွင် မြေအောက်ကွန်ရက်များရှိသည့် အဖွဲ့အစည်းများမှတဆင့်၎င်း သိသာစွာ တိုးတက်သွားအောင် ဆောင်ရွက်ပေးစေလို ပါသည်’’ ဟု ပြောဆိုသွားသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကလည်း မဇ္ဈိမကို ပြောကြားရာတွင် ’’လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးတာနဲ့ ပတ်သက်လို့ ကျနော်တို့တောင်းဆိုတာ တကယ်စစ်မှန်ရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ စောင့်ကြည့်လေ့လာ အကဲခတ်တဲ့စနစ် ကောင်းကောင်း ရှိရမယ် ဆိုတာတွေပဲ ဖြစ်ပါတယ်’’ ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် ဂလိုဘယ်ဖန်း Global Fund ကလည်း HIV/AIDS ဝေဒနာ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၂ သန်း ပေးအပ်ကူညီမည့် စာချုပ်တရပ်ကို မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည်။

သူတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထိန်းအချုပ်၊ အတားအဆီးများ ရှိခဲ့သည့် အတွက်ဟုဆိုကာ ဂလိုဘယ်ဖန်းသည် ၂ဝဝ၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ မိမိသဘောအလျောက် တဖက်သတ် ထွက်ခွါသွားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံတနိုင်ငံမှ ယခုကဲ့သို့ ထွက်ခွါသွားခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ဂလိုဘယ်ဖန်းထံမှ ထောက်ပံ့ကူညီမှုများ ရယူရန်အတွက် ’နိုင်ငံတွင်း ညှိနှိုင်းတိုင်ပင်သည့် ယန္တရားစနစ်တရပ်´ ရှိရမည်ဖြစ်ပြီး၊ ယင်းအတွက် ကျယ်ပြန့်များပြားသော အဖွဲ့ဝင်များကို ပွင့်လင်းမြင်သာမှုရှိသည့် စနစ်ဖြင့် ရွေးချယ်ရမည်ဟု ဂလိုဘယ်ဖန်း၏ ပြောရေးဆိုခွင့်ရှိသူ မာဆီလာရိုဂျို Marcela Rojo က ပြောသည်။

’’ဂလိုဘယ်ဖန်း၏ အတွေ့အကြုံများအရ ဤစနစ်ရှိခြင်းဖြင့် အစိုးရ၊ လူထုအခြေပြုအဖွဲ့များ၊ ရောဂါခံစားနေရသော လူမမာများ၊ အခြား ကာယကံရှင်များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ အတော်လေး ပြုလုပ်နိုင်ကြောင်း တွေ့ခဲ့ရသည်’’ ဟု သူက မဇ္ဈိမကို အီးမေးလ် မှတဆင့် ပြောဆိုခဲ့သည်။

’’ဒီလိုဆောင်ရွက်နိုင်လို့ ကျန်းမာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတရပ် လုပ်နိုင်ပြီလို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ HIV/AIDS၊ တီဘီ၊ ငှက်ဖျား ဖြစ်နေတဲ့ ဝေဒနာရှင်တွေအတွက်တော့ သက်ဆိုင်ရာ ကာယကံရှင်များ တပြိုင်ထဲ ဆွေးနွေး ချဉ်းကပ်နိုင်တဲ့ အနေအထားတခုကိုတော့ ဖန်တီးပေးနိုင်မှာပါ’’ ဟု သူက ပြောသည်။

Ref;mizzima

Read More...

သြစတြေးလျ လုပ်ငန်းရှင်များနှင့် UMFCCI တွေ့မည်

မျိုးသိဏ်း
မတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ်။

သြစတြေးလျ လုပ်ငန်းရှင် အစုအဖွဲ့တခုက မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် UMFCCI တာဝန်ရှိသူများကို ယခုလ ၁၇ ရက်နေ့တွင် လာရောက်တွေ့ဆုံမည်။

တွေ့ဆုံမည့်သတင်း မှန်ကန်ကြောင်း UMFCCI ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မဇ္ဈိမကို အတည်ပြုပြောဆိုပြီး၊ လွှတ်တော် မခေါ်ခင်က နအဖ စစ်အစိုးရ ထုတ်ပြန်ခဲ့သည့် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကို လာလေ့လာမည်ဟု ထင်ရကြောင်း သူက ခန့်မှန်း သည်။

"လာမယ်ဆိုတာတော့ သေချာသွားပါပြီ။ ဖိတ်စာတော့ ကျနော့်ဆီ မရောက်သေးဘူး။ ပြင်ဆင်နေတာတွေတော့ ရှိပါပြီ။ စီးပွားရေး အခြေအနေ တိုးတက်ပြောင်းလဲမှုတွေနဲ့ ဆက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေအတွက် လာပြီးတော့ ကြည့်တယ် ထင်ပါတယ်။ အတိအကျ မဟုတ်ရင်တောင် အခု နောက်ပိတ်ဆုံး Law တွေဘာတွေ ထုတ်ထားတဲ့ ကိစ္စတွေ လာပြီးတော့ သုံးသပ်တယ် ထင်ပါတယ်။ ဒါ ကျနော် မှန်းဆကြည့်တာပေါ့လေ" ဟု သူက ဆိုသည်။

UMFCCI လက်အောက်ရှိ မြန်မာ့စိုက်ပျိုးရေး အခြေခံစားကုန်ထုတ်လုပ်သူများ အသင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးဇော်မင်းဝင်းက ယခုတွေ့ဆုံ မှုသည် UMFCCI အနေဖြင့် တွေ့ဆုံမှုဖြစ်ပြီး အစိုးရကိုယ်စားပြု မည်သည့်အဖွဲ့ အစည်း ပါဝင်မည်ကို မသိသေးကြောင်း သူက ဆက်ပြောသည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ ကြံ့ခိုင်ရေးပါတီ အမတ်အဖြစ် နေပြည်တော်တွင် လွှတ်တော်တက်နေသည်။ ဖြစ်ပေါ်လာမည့် အစိုးရသစ် ဝန်ကြီး ၃ဝ စာရင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး (သို့) စက်မှုလက်မှု ဖွံ့ဖြိုးရေးဝန်ကြီး ဖြစ်လာ နိုင်သည်ဟု ထင်ကြေးပေးခံထားရသူ ဖြစ်သည်။

Ref;mizzima

Read More...

လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မသင်းသီရိ
03 မတ် 2011

မြန်မာပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ နိုင်ငံရေး ခံစားချက်တွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိုပြီးသိအောင် တိုးမြှင့် လုပ်ဆောင်ကြဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်နဲ့ တိုင်း စည်းရုံးရေးမှူးတွေ NLD ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ပွဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာ ပြည်သူလူထုတွေရဲ့ ခံစားနေရမှုတွေကို NLD ပါတီက ပိုပြီး သိရအောင် လူထုဆီက အသံတွေ နားထောင်ဖို့၊ တုံ့ပြန်ချက်တွေ ပေးနေတဲ့ လူထုဆီကို NLD ပါတီဝင်တွေ အရောက်သွားဖို့ ကိစ္စတွေကို ဒီကနေ့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ပါတီတရပ်မှာ အထက် အောက် အမြဲတမ်း ထိတွေ့ဆက်ဆံဖို့ရယ်၊ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ ပြည်သူလူထုဆီက တုံ့ပြန်မှု၊ ခံစားမှု ဒါတွေကို သိချင်တယ်။ နောက် ဒီအပေါ်မှာ ဆွေးနွေးတာပေါ့။ နိုင်ငံရေးဆိုတာ ပြည်သူလူထုအတွက် လုပ်တာ။ အဲတော့ ပြည်သူလူထုဆီက ခံစားမှုကို သိနေရမယ်။ သူတို့က လာမပြောတောင် ကိုယ်က ဒီဟာကို သွားရောက် နားထောင်ဖို့၊ လေ့လာဖို့ တာဝန်ရှိတယ်။ ဒီတာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်ကြဖို့၊ ဒါကို ဆွေးနွေးကြတာ။”

NLD ပါတီဟာ လူထုကြား အရောက်သွားဖို့နဲ့ ပြည်သူတွေ အကျိုးအတွက် တောင်းဆိုနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကိုလည်း ယုံကြည်ချက် အပြည့်နဲ့ ရှေ့ဆက်ဖို့ NLD ပါတီခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

“ပြည်သူတွေဆီက သတင်းမရရင်တောင် ကိုယ်က သတင်းကို၊ ပြည်သူတွေ ခံစားမှုကို သိအောင် လုပ်ရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ပြောကြားတဲ့ စကားပါ။ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ပြည်သူတွေရဲ့ အကျိုးအတွက် တောင်းဆိုတာ၊ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံး နည်းလမ်းနဲ့ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်တာ။ ဒီဥစ္စာက မဖြစ်သေးဘူးလို့ အပြစ်ပြောနေမယ့်အစား ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။”

NLD ရုံးချုပ်မှာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD တိုင်းနဲ့ပြည်နယ် ၁၃ ခုက စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့ထိ အလှည့်ကျ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ပထမဆုံးနေ့မှာ ရန်ကုန်တိုင်း တာဝန်ခံ စည်းရုံးရေးမှူးတွေ၊ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တာဝန်ခံ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ စခဲ့ပါတယ်။ အထူးသဖြင့် ကိုယ်ယူထားတဲ့ တာဝန်ကို ကျေပွန်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ရန်ကုန်တိုင်းဟာ ဗဟိုအဖွဲ့ချုပ်နဲ့ အနီးဆုံးဖြစ်တာမို့ တခြားမြို့နယ်နဲ့ တိုင်း၊ ပြည်နယ်တွေထက်စာရင် စံပြအဖွဲ့အစည်းတခု ဖြစ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသလို ကိုယ်ယူထားတဲ့ တာဝန်ကို မကျေဘူးဆိုရင်လည်း လူထုကို အားနာစရာ ကောင်းတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ တခါ NLD ပါတီဟာ လှုပ်ရှားသင့်သလောက် မလှုပ်ရှား၊ လုပ်သင့်သလောက် မလုပ်သလို တက်ကြွသင့်သလောက်လည်း တက်ကြွတာ မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားပါတယ်။

ကိုယ့်ကို ထောက်ခံတယ်ဆိုပြီး ထိုင်မနေကြဖို့နဲ့ ကိုယ့်ကို ထောက်ခံစေချင်ရင် ကိုယ့်ဘက် ကလည်း လူထုအတွက် ကြိုးစား အလုပ်လုပ်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ နိုင်ငံမှာ အကြောက်တရား ကင်းဖို့အတွက် ကြောက်တဲ့သူဘက်ကလည်း အဲဒီခံစားမှု ပျောက်အောင် ကြိုးစားရမှာ ဖြစ်သလို မကြောက်စေချင်သူ ဘက်လည်း ကြိုးစားရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်တွင်းကနေ ထွက်လာတဲ့ ဥပဒေတွေနဲ့ လူထုကို အသိပေး တင်ပြဖို့ ဆက်လက် ဆွေးနွေးသွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပြည်သူလူထု သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျနော်တို့ နောက်ထပ် စာတွေ ထုတ်ဖို့လည်း စီစဉ်ပါတယ်။ ဒါ ပြည်သူတွေကို အသိပေးမှာ။ လက်ရှိ လွှတ်တော်ကြီးလည်း ခေါ်နေတယ်၊ ဥပဒေတွေကလည်း ထုတ်နေတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ အစီအစဉ် ရှိပါတယ်။ ပါတီတရပ်က အမြဲတမ်း သိရှိနေရမယ်၊ သိရှိအောင်လည်း လုပ်ဖို့ တာဝန်ရှိတယ်၊ ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြဖို့ ပြောတာပါ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ထိ ကျင်းပသွားမယ့် NLD ပါတီရဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေး အခြေအနေတွေအပြင် လူမှုရေးနဲ့ စီးပွားရေး ကိစ္စတွေကိုပါ အပြန်အလှန် ဆွေးနွေးကြပြီး လူထုကို တင်ပြဖို့ စီစဉ်ထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

Ref;VOA

Read More...

စစ်အစိုးရ၏ ကာကွယ်ရေး အသုံးစရိတ်သစ် စာရင်းမှန်မဖြစ်နိုင်ဟု ဝေဖန်

2011-03-02

စစ်အစိုးရက ပြဌာန်းလိုက်တဲ့ နိုင်ငံတော် ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှု ဘတ်ဂျက်ထဲက ကာကွယ်ရေး အသုံးစရိတ်ဟာ ၄ ပုံ ၁ ပုံ ရှိပေမဲ့ စာရင်းမှန် မဖြစ်နိုင်ဘူးလို့ လေ့လာသူ တချို့က ဝေဖန်ပါတယ်။


အခုနှစ်အတွက် စစ်အစိုးရ ပြဌာန်းလိုက်တဲ့ နိုင်ငံ့ဘဏ္ဍာ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ သစ်ထဲမှာ ကာကွယ်ရေး စစ်အသုံးစရိတ်ကို ၂၅ ရာနှုန်းနီးပါး သုံးစွဲဖို့သတ်မှတ်ထားပြီး၊ ကျန်မာရေးနဲ့ ပညာရေးကဏ္ဍတွေမှာတော့ ၅ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲဖို့ လျာထား ကြောင်း မနေ့က ထုတ်ပြန်တဲ့ စစ်အစိုးရဲ့ နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါ တယ်။

ဘတ်ဂျက်တခုလုံးရဲ့ လေးပုံတပုံနီးပါးဖြစ်တဲ့ ၂၃ ဒသမ ၆ ရာနှုန်းကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် သတ်မှတ်ထားပြီး၊ ကျန်းမာရေးမှာ ၁ ဒသမ ၃ ရာနှုန်း၊ ပညာရေးမှာ ၄ ဒသမ ၁၃ ရာနှုန်းပဲ သုံးစွဲဖို့ ခွဲဝေ ထားတာ ဖြစ်ပါတယ်။

စစ်အစိုးရက နှစ်ပေါင်းများစွာအတွင်း အခုလို ဘတ်ဂျက်စာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပေမဲ့ စစ်အသုံးစရိတ်နဲ့ ပတ်သက်လို့ စာရင်းထဲ မဖော်ပြပဲ သုံးစွဲမှုတွေနဲ့ပါ ထည့်တွက်ရင် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ၄၅ ရာနှုန်း လောက်အထိ ရှိနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က သုံးသပ်ပါတယ်။

“ဒီ လေးပုံတပုံဆိုတာက ဒီ ဘတ်ဂျက်မှာ ဖြစ်တယ်။ အခြား ဘတ်ဂျက်စာရင်းမှာ မပါတဲ့ ငွေတွေနဲ့ ဝယ်တဲ့ နောက်တခုက ဒီ ပစ္စည်းပေါ် barter system နဲ့ လဲတဲ့ ကိစ္စတွေမှာလည်း တချို့က ဒီ ဘတ်ဂျက်ထဲမှာ မပါတာတွေ အများကြီး ပါတယ်။ အနည်းဆုံး ကျွန်တော်တို့ ခန့်မှန်းတာက (၄၁ ကနေ ၄၅ ရာခိုင်နှုန်းလောက်) သုံးပါတယ်၊ ဘတ်ဂျက်ရဲ့။”

စစ်အစိုးရဟာ နိုင်ငံဘဏ္ဍာ ခွဲဝေသုံးစွဲရာမှာ ဘတ်ဂျက်တခုလုံးရဲ့ ၄၀ ရာနှုန်းနီးပါးကို စစ်အသုံးစရိတ်အဖြစ် အဓိကထား သုံးစွဲနေပြီး၊ ကျန်မာရေးနဲ့ ပညာရေးတို့မှာ မဆိုစလောက်ပဲ သုံးစွဲနေခဲ့တာကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ပေါ်ထွက် ခဲ့တဲ့နောက်ပိုင်း ဘတ်ဂျက်အသုံးစရိတ်တွေ လူသိရှင်ကြား ထုတ်ပြန်ကြေညာမှုကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေးတို့လို အရေးကြီးတဲ့ ကဏ္ဍတွေမှာ ထိရောက်တဲ့ ငွေကြေးသုံးစွဲမှု မရှိတာကြောင့် အဖက်ဖက်က ဆိုးဝါးနိမ့်ကျနေခဲ့တယ်လို့ လေ့လာသူ တွေက သုံးသပ်ပါတယ်။ ကုလသမဂ္ဂ ယူနီဆက် ကလေးများ ရန်ပုံငွေအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်ထဲမှာ မြန်မာနိုင်ငံဟာ မွေးကင်းစကလေး သေဆုံးမှု အများဆုံး ၄၄ နိုင်ငံမြောက်အဖြစ် ဖော်ပြခံရပါတယ်။

စစ်အစိုးရက အခုလို နိုင်ငံဘဏ္ဍာငွေတွေထဲက ကာကွယ်ရေး အသုံးစရိတ်ကို ဘာ့ကြောင့် အများဆုံး သုံးစွဲနေသလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Ref;RFA

Read More...

အင်းစိန် ဗုံးကွဲမှု ဂယက် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ရိုက်ခတ်

Read More...

ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်တိုးမြင့်ဆဲ

Read More...

ယာယီနိုင်ငံကူး လက်မှတ်ဖြင့် မြန်မာပြည်ပြန်သူများ ငွေညှစ်ခံရ

Read More...

အီဂျစ်စစ်ကောင်စီ ပြုပြင်ရေးသမားတွေနဲ့ ဆွေးနွေး

ဗုဒ္ဓဟူး, 02 မတ် 2011

အီဂျစ်နိုင်ငံမှာ ယာယီအုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင် တွေက ပြုပြင် ပြောင်းလဲရေးကို လိုလားတဲ့ နိုင်ငံရေး သမားတွေ၊ တတ်သိ ပညာရှင်တွေနဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မနေ့က တွေ့ဆုံပြီး အရပ်သား အုပ်ချုပ်တဲ့ အစိုးရကို အာဏာ လွှဲပြောင်းပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဖွဲ့ထဲမှာ အီဂျစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုမှာ အထင်ကရဖြစ်တဲ့ မစ္စတာ မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) နဲ့ အီဂျစ် သမ္မတ အဖြစ် ၀င်ရောက် အရွေးခံ သင့်တယ်လို့ အများက ထင်ကြေး ပေးနေကြတဲ့ အာရပ် အဖွဲ့ချုပ် အကြီးအကဲ အာမာ မူဆာ (Amr Moussa) တို့လည်း ပါဝင်ပါတယ်။

အဲဒီအစည်းအဝေးမှာ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ရွေးကောက်ပွဲ ကျင်းပ ရမယ့်ရက် သတ်မှတ်ရေးတို့ ဖြစ်ပါတယ်။

သမ္မတ ရွေးကောက်ပွဲကို အရင်လုပ်ရမလား၊ ပါလီမန် ရွေးကောက်ပွဲ တွေကိုပဲ အရင် လုပ်ရမလား ဆိုတာ ကိုတော့ အီဂျစ် ယာယီ အစိုးရက မဆုံးဖြတ်ရ သေးပါဘူးလို့ သတင်း မီဒီယာတွေက ပြောပါတယ်။

တချို့က သမ္မတ ရွေးကောက်ပွဲတွေကို ပါလီမန် ရွေးကောက်ပွဲ မတိုင်မီ အရင် ကျင်းပဖို့ လိုလား ကြပါတယ်။ ဒါမှ နိုင်ငံရေးပါတီ တခုခုက နိုင်ငံရေးမှာ ကြီးစိုးတာမျိုးကို ရှောင်ရှား နိုင်မှာလို့ ဆိုပါတယ်။

အရင်လက လူထုအုံကြွမှုကြီးကြောင့် သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) နှုတ်ထွက်သွားပြီး ကတည်းက အီဂျစ်စစ်တပ် ထိပ်တန်း ကောင်စီက တိုင်းပြည်ကို ယာယီ အုပ်ချုပ် ပေးနေတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အိုမန်နိုင်ငံ ဆန္ဒပြပွဲများကြောင့် မြန်မာလုပ်သားများ လုံခြုံရေးစိုးရိမ်

2011-03-02

အရှေ့အလယ်ပိုင်းဒေသက အာရပ်နိုင်ငံတွေမှာလိုပဲ အိုမန် နိုင်ငံမှာလည်း အာဏာရှင် အစိုးရ တွေကို ဆန့်ကျင်တဲ့ ဆူပူမှုတွေ ဖြစ်ပွားနေတဲ့ အတွက် အဲဒီမှာ ရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမား တွေက သူတို့ရဲ့ လုံခြုံရေး အတွက် စိုးရိမ် နေကြတယ်လို့ သိရပါတယ်။

အိုမန် အပါအဝင် အာရပ်နိုင်ငံတွေ အတော် များများမှာ ရှိတဲ့ နိုင်ငံခြားသား အလုပ် သမားတွေကို သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရ သံရုံးတွေက လုံခြုံရေး အရ အမြဲတမ်း သတိ ပေးချက်တွေ ထုတ်ပြန်ပြီး အနီးကပ် ဂရုစိုက် နေကြပေမဲ့ မြန်မာ သံရုံးတွေ ကတော့ လုံခြုံရေးအရ ဘာမှ ဆက်သွယ် ဆောင်ရွက်တာ မရှိဘူးလို့ အိုမန်နိုင်ငံမှာ အလုပ် လုပ်နေတဲ့ မြန်မာ အမျိုးသမီး တဦးက ပြောပါတယ်။

“ကျွန်မ အဲဒီ အတွက်ကတော့ လုံခြုံရေးကတော့ စိုးရိမ်စိတ်ကတော့ ရှိလာ နိုင်တယ်။ ဘာလို့တုန်း ဆိုတဲ့ အခါကျတော့ အခု သူတို့ အဓိက ဆန္ဒပြတဲ့ အကြောင်းရင်းက များသောအားဖြင့်က နိုင်ငံခြားသားတွေ များတာကိုး။ နိုင်ငံခြားသားတွေ များတဲ့ အခါကျတော့ ပုံမှန်နိုင်ငံသား အများစုကတော့ သူတို့ အလုပ် အခွင့်အရေး နည်းပါးတယ်ပေါ့နော်။ အဲဒီအချက်လည်း ပါတယ်။ ဆိုတော့ ကျွန်မတို့ ဒီမှာလာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေလည်း စိတ်ပူ ကြတာပေါ့နော်။”

“ခုထက်ထိတော့ သံရုံးကတော့ ကျွန်မတို့ကို ဘာမှ အကြောင်းမကြားပါဘူး။ ကျွန်မတို့ ကတော့ များသော အားဖြင့်ကတော့ ပတ်စပို့ သက်တမ်း တိုးဖို့တို့၊ ဒီ အခွန်ဆောင်ဖို့ ကိစ္စတွေ ဆိုရင်တော့ ကိုင်ရို၊ အီဂျစ်ကို ဆက်သွယ်ပါတယ်။ ဒါပေမဲ့ ဒါမျိုး ကိစ္စအတွက် ကျွန်မတို့ကို ဘာမှတော့ အကြောင်း မကြားပါဘူး။ အခြေအနေ ကတော့ ဘာမှန်း မသိတဲ့ အခါကျတော့ စိတ်တော့ ပူနေကြတယ်။”

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေ ပြီးခဲ့တဲ့ ၂ ရက်က မီးရှို့ခဲ့တဲ့ အိုမန်နိုင်ငံ မာ့စ်ကပ် မြို့တော်က ခေတ်မီ ကုန်စုံ ဆိုင်ကြီးမှာလည်း မြန်မာ နိုင်ငံသားတချို့ အလုပ် လုပ်ကြတယ်လို့ သိရပါတယ်။

အိုမန်နိုင်ငံမှာ မြန်မာနိုင်ငံသား တထောင်ကျော် ရှိပြီး ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ အဆင့်မြင့် ဝန်ထမ်းတွေ အနေနဲ့ အလုပ် လုပ်ကိုင် နေကြသူတွေ ရှိသလို မြန်မာအများစု ကတော့ ဆောက်လုပ်ရေး အလုပ်တွေမှာ လုပ်ကိုင် နေကြရတယ်လို့ သိရပါတယ်။ အဲဒီ နိုင်ငံဟာ ရေနံ ပေါကြွယ်ပေမဲ့ နိုင်ငံသားတွေ အကြား အလုပ်လက်မဲ့ များပြားနေတာနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် နည်းပါး လှတာကြောင့် အုပ်ချုပ်သူ စူလတန် စော်ဘွားကို ပြည်သူတွေက မကျေမနပ်ဖြစ်ပြီး ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

Ref: RFA News

Read More...

နာဂစ်ဒေသ ရေရရေး NLD ဦးစားပေးမည်

သဲသဲ |
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၂ ရက် ၂၀၁၁ ။ ။

နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂစ်သင့် ဒေသတွင် နွေရာသီ ကာလ သောက်သုံးရေ ရရှိရေး ဦးစားပေး ကူညီမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောသည်။

ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်း နာဂစ်သင့် ဒေသများ၌ ရာသီဥတု ပူပြင်းကာ သောက်သုံး ရေကန်များ ခန်းခြောက် နိုင်သဖြင့် အဝိစိတွင်း တူးကာ ရေဖူလုံရေး ဦးစားပေးမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

ဒီနှစ်မှာလည်းပဲ အခု ကျနော်တို့ဆီ ရောက်ရှိတဲ့ သတင်းတွေ အရ နွေရာသီ ခေါင်ခေါင်တောင် မရောက်သေးဘူး သောက်သုံးရေ အခက်အခဲ ဖြစ်မယ့် အလားအလာတွေ တွေ့နေပါတယ်။ အဲဒါကို နာဂစ်လွန် ဒေသက တချို့ ကျေးရွာတွေမှာ အဝီစိတွင်းတွေ တူးပြီး လှူဒါန်းနေတာ ရှိပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

လူဦးရေ တထောင်ခန့်ရှိ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်း ရွာ၌ မိုးရေလှောင် သောက်ရေကန် ၃ ကန် ရှိသော်လည်း လာမည့်နွေ အတွက် မဖူလုံနိုင် သဖြင့် ရွာဘုန်းကြီးကျောင်းတွင် NLD က အဝီစိတွင်း တူးနေပြီ ဖြစ်သည်။ သောက်သုံး ရေလှောင်ရန် အမိုးပါသည့် ကန်အပါအဝင် ရေစုပ်စက်ပါ တပ်ဆင်ပေးမည် ဖြစ်သဖြင့် ကျပ်သိန်း ၃ဝ ခန့် ကုန်ကျနိုင်သည်ဟု NLD ခန့်မှန်းသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင်လည်း စက်ရေတွင်းတူးရန် စီစဉ်ထားသည်။ ထို့ပြင် ဧရာဝတီနှင့် ပဲခူးတိုင်းရှိ ရွာအချို့က ရေတွင်း ရေကန်များ တူးဖော်ပေးရန် အကူအညီ တောင်းထားကြောင်းနှင့် ပံ့ပိုး ကူညီမှုများ ရရှိပါက တတ်နိုင်သမျှ ဆောင်ရွက် သွားမည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“နောက်ထပ်ကတော့ အလှုရှင်တွေရဲ့ ကူညီမှုရတာနဲ့ ထပ်ပြီး တူးမှာခင်ဗျ။ ဒေးဒရဲဘက် နာဂစ်ဖြစ်တဲ့ နေရာတွေက ရေတွင်း ရေကန်တွေ လုပ်ပေးဖို့ အခု အကူအညီ တောင်းလာတာတော့ အများကြီးပဲ’’ ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီတိုင်း ဘိုကလေးနှင့် မော်ကျွန်းမြို့နယ်တွင် သောက်သုံးရေ အတွက် စက်ရေတွင်း ၄ တွင်း NLD က လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့်နှစ် နွေရာသီတွင် စံချိန်တင် ပူပြင်းခဲ့သဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်း၊ ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ ဒေသ အများအပြား ရေတွင်း ရေကန်များ ရေခန်းခြောက်သဖြင့် သောက်သုံးရေ ရှားပါးမှု ရင်ဆိုင်ခဲ့ရပြီး ဒေသခံများက အလှူရှင်များ လာရောက် လှူဒါန်းသည့် ရေကိုသာ အားကိုးခဲ့ရသည်။

မြစ်ဝကျွန်းပေါ်ဒေသခံ ၁ သိန်း ၈ သောင်းခန့် သုံးရေနှင့် သောက်ရေသန့် ရှားပါးခဲ့ရကာ၊ တသိန်းခန့်မှာ နေအိမ်များ ပြန်ဆောက်ရန် လိုအပ် နေသေးကြောင်း ရန်ကုန် ကုလသမဂ္ဂ ရုံးက ၂ဝ၁ဝ မေလထဲတွင် ထုတ်ပြန် ပြောဆိုခဲ့သည်။

နာဂစ်ဒေသသာမက ပဲခူးတိုင်းမှ ရွာ ၆ဝ ကျော်၌ပါ သောက်သုံးရေ ရှားပါးမှု ဆိုးရွားစွာ ကြုံခဲ့ သေးသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တဝှန်း ဖြစ်ပေါ်နေသည့် သောက်သုံးရေ ပြဿနာနှင့် ပတ်သက်၍ NLD လူမှု အထောက် အကူပြုအဖွဲ့ အပါအဝင် ရေအလှူရှင်များ အနေဖြင့် ရေတိုရေရှည် စီမံကိန်းချပြီး လုပ်ဆောင်သွားရန် နေအိမ်တွင် အထိန်းသိမ်း ခံနေရစဉ် တိုက်တွန်းခဲ့သေးသည်။

စက်ရေတွင်း တူးဖော်ခြင်း၊ ရေစုပ်စက် လှူဒါန်းခြင်းနှင့် ရေတွင်း တူးခြင်းများအတွက် NLD က ပြီးခဲ့သည့် နှစ်ထဲတွင် ကျပ်သိန်းပေါင်း ၁၄ဝဝ ထက်မနည်း အကုန်အကျ ခံခဲ့သည်။

၂ဝ၁ဝ တွင် အပူပြင်းကာ ရေပြတ်လပ်မှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လူသေဆုံးမှု အထိ ဖြစ်ခဲ့ပြီး၊ ရှမ်းပြည်နယ် အင်းလေး ကန်တွင် ရေခန်းခြောက် ခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, March 2, 2011

ပအိုဝ်းပြည်သူ့စစ်ထိန်းချုပ်ဒေသရှိ ဘိန်းချက်စက်ရုံကို SSA ကတိုက်ခိုက်

02 March 2011

စစ်အစိုးရလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ထိန်းချုပ်နယ်မြေရှိ ဘိန်းချက်စက်ရုံအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု SSA က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း နမ့်ဆမ်မြို့နယ် မိန်းကျစ်တိုက်နယ်အတွင်းရှိ ဘိန်းချက်စက်ရုံ (၃) ခုအား လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ဘိန်းစိမ်း ကီလို(၁၀၀)ကျော် နှင့် မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးဝါး များကို သိမ်းဆည်းမိသည်ဟု SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်က ယခုလိုပြောသည်။

“အဲဒီမိန်းကျစ်နယ်ထဲက လွယ်ရေးမှာ စခန်း(၂)ခုနဲ့ ၀မ်ဟင့် စခန်းတစ်ခု စုစုပေါင်း သုံးနေရာကို ကျနော်တို့ SSA က၀င်တိုက်တော့ သူတို့ တပ်စခန်းထဲမှာ ကျနော်တို့ သတင်း ရရှိထားတဲ့ အတိုင်း ဘိန်းစိမ်းက ကီလိုတစ်ရာကျော်နဲ့ ဟီးရိုးအင်းချက်ဖို့ ဓါတုဆေး တွေက ပေပါနဲ့ (၅) ပေပါသိမ်းမိတယ်လို့ ပြောပါတယ်။”

ယင်းတိုက်ခိုက်မှု၌ အဝေးပစ် ၆၀ မီလီမီတာ မော်တာတစ်လက်၊ အမ် ၇၉ သေနတ်တစ်လက်၊ G-3 မောင်းပြန်ရိုင်ဖယ် (၁) လက်၊ အမ် ၁၆ မောင်းပြန်ရိုင်ဖယ် (၂) လက်နှင့်အတူ ခဲယမ်းမျိုးစုံ အပါ အ၀င် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခြောက်ဦး၏အလောင်း တို့အား SSA တပ်ဖွဲ့က သိမ်းဆည်းရမိသည်ဟု ဆက်ပြောသည်။

နံနက် (၁၁) နာရီခန့်မှစတင်၍ ညနေ (၆)နာရီ အချိန်ခန့်ထိ (၇) နာရီကြာဖြစ်ပွားခဲ့ပြီး SSA ဖက်မှ ထိခိုက်ကျဆုံးမှု မရှိဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရဖွဲ့စည်းပေးသည့် ပြည်သူ့စစ်တပ်ဖွဲ့များသည် စစ်ရေး အတွေ့အကြုံ မရှိသည့်အတွက် SSA နှင့် တိုက်ပွဲဖြစ်ပွားပါက ထိခိုက်ကျဆုံးမှု ပိုများနိုင်သည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခုလိုပြောသည်။

“အများအားဖြင့်တော့ ပြည်သူ့စစ်က နဂိုကတည်းက စစ်ရေးအတွေ့အကြုံ ကလည်းမရှိ တဖက်က လည်း နအဖရဲ့ အမိန့်အောက်မှာပဲ သွားလာလှုပ်ရှား လုပ်ရတဲ့အခါကျတော့ တိုက်ရည်ခိုက်ရည် တော့ ညံ့တာပေါ့။ အဲဒီလို တိုက်ပွဲဖြစ်ရင်တော့ ပြည်သူ့စစ်ဖက်က ပိုပြီးတော့ ထိခိုက်ကျဆုံးမှု များတာပေါ့ဗျာ။ ဖြစ်နိုင်ခြေလေ ကျနော်ပြောတာက။”

တိုက်ပွဲဖြစ်ပွားမှုအား အသေးစိတ်မသိရသော်လည်း ယခုလိုဘိန်းစိမ်း ထွက်ရှိသည့်ရာသီ၌ ဘိန်းခွန်လာကောက်သည့် SSA တပ်ဖွဲ့နှင့် တရုတ်ကုန်သည်များ ပိုင်ဆိုင်သည့် ဘိန်းချက်စက်ရုံကို ကာကွယ်ပေးသည့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပြောဆိုသည်။

“ဘိန်းချက်စက်ရုံပိုင်ဖို့ ဘိန်းတွေဝယ်ပြီးတော့ ဓါတုဗေဒဆေးတွေဝယ်ပြီးတော့ လုပ်ဖို့ ဆိုတာ အရင်းအနှီး တော်တော်ကုန်မယ်။ ပိုင်ဆိုင်မှုကတော့ တရုတ်ကုန်သည် တွေပါ။ အများအားဖြင့် တော့။ ပြည်သူ့စစ်ဆိုတဲ့ အဖွဲ့တွေက လုပ်အားခလေး၊ စောင့်ရှောက် ခလေး၊ စားဖို့ သောက်ဖို့လေး ရရုံပေါ့။ ဒီလို Position feel လေး ကောက်တဲ့ သဘောလောက်နဲ့ လုပ်နေကြတာပါ။ သူတို့ပိုင်ဖို့ကတော့ ကျနော်ထင်တယ် မဖြစ်နိုင်ဘူး။”

SSA တပ်ဖွဲ့သည် ၁၉၉၆ ခုနှစ်က စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည့် ယခင်ဘိန်းဘုရင် ခွန်ဆာ တပ်ဖွဲ့မှ ခွဲထွက်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆောင်ရွက်လာခဲ့ပြီး လက်ရှိ စစ်အစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

စစ်အစိုးရဖွဲ့စည်းပေးသည့် ပြည်သူ့စစ်တပ်ဖွဲ့များ ပေါ်ပေါက်လာပြီးနောက်ပိုင်း ရှမ်းပြည် နယ် အတွင်း ဘိန်းနှင့်မူးယစ်ဆေးဝါး ထုတ်လုပ်မှု ယခင်ကထက်ပိုများ လာသည် ဟု ရှမ်းပြည်မူးယစ် ဆေးဝါး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောသည်။ မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကဘိန်းစိမ်းတန်ချိန် ၃၃၀ ထွက်ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တန်ချိန် ၅၈၀ သို့ တိုးမြှင့်လာသည့် အတွက် ဘိန်းထုတ်လုပ်မှု ၇၅ ရာခိုင်နှုန်း တိုးမြှင့်လာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု ဆိုင်ရာရုံး (UNODC)၏ အစီရင်ခံစာအရ သိရသည်။

Ref;nmg

Read More...

၂၀၁၁ ဘတ်ဂျက် စစ်အသုံးစရိတ် များလွန်း

02 မတ် 2011

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်တွေကို မြန်မာစစ်ကောင်စီက ခွဲဝေ ချမှတ်ပေးလိုက်တာမှာ ကာကွယ်ရေးအတွက် အသုံးစရိတ်က စုစုပေါင်း အသုံးစရိတ်ရဲ့ လေးပုံတပုံနီးပါး ရှိပါတယ်။ တဘက်မှာတော့ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ် နှစ်ခုပေါင်းရင်တောင် ၅% ကျော်ကျော်လေးပဲ သတ်မှတ်ထားပါတယ်။ စစ်ရေးဆိုင်ရာ အသုံးစရိတ်ဟာ ကျိုးကြောင်း မဆီလျော်ဘဲ များလွန်းလှပြီး ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာ အသုံးစရိတ်ငွေ နည်းလွန်းတာဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက် နစ်နာစေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမှာ ပါဝင်တဲ့ အသေးစိတ် လျာထား သတ်မှတ်ချက်တွေကို အင်္ဂါနေ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကို ပြဋ္ဌာန်းတုန်းကလည်း အကျယ်တ၀ံ့ ထုတ်ပြန်ကြေညာတာမျိုး မရှိခဲ့သလို အခုလည်းပဲ သာမန် ပြည်သူလူထု များရာစုကြီး ဖတ်ခွင့်ရဖို့ ခက်ခဲလှတဲ့ ပြန်တမ်းမှာပဲ ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်အရ စစ်ဘက် အသုံးစရိတ်ကို ဘဏ္ဍာငွေ တခုလုံးရဲ့ ၂၃.၆%၊ ဈေးကွက်ပေါက်ဈေးအရ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ သန်း ၂,၀၀၀ ကျော် သုံးစွဲဖို့ သတ်မှတ်ပေးထားပါတယ်။ ကျန်းမာရေးအတွက် အသုံးစရိတ်ကို ၁.၃%၊ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော်၊ ပညာရေးအတွက် အသုံးစရိတ်ကို ၄.၁၃%၊ အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး အသီးသီး သတ်မှတ်ထားပါတယ်။

အခုလို စစ်ရေးအသုံးစရိတ်နဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအတွက် အသုံးစရိတ် အဆမတန် ကွာခြားနေတဲ့အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို မှတ်ချက်ပေးပါတယ်။

“စစ်ရေး အသုံးစရိတ် အဲဒီလို မြင့်နေတာ တိုင်းပြည်တိုးတက်ရေးအတွက် ဘာမှ အကျိုးမရှိဘူးဗျ။ သူတို့က လုံခြုံရေး ဦးစားပေး ပြောနေပေမဲ့ လုံခြုံရေး အခက်အခဲက မရှိဘူး။ တကယ်တမ်းကျတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဆိုတာလည်း နိုင်ငံရေးအရ ရှင်းလို့ရှိရင် ဒါတွေက ဒီလောက်အထိ သုံးစရာ မလိုဘူး။ ပညာရေး၊ ကျန်းမာရေးစရိတ် မမြင့်ဘဲနဲ့ တိုင်းပြည် တိုးတက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”

အခုသတ်မှတ်ပေးလိုက်တဲ့ ဘဏ္ဍာငွေဟာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သုံးစွဲဖို့ ဖြစ်တာကြောင့် အခြေခံဥပဒေကို ပြဋ္ဌာန်း၊ ရွေးကောက်ပွဲတွေလုပ်၊ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတာတောင်မှပဲ စစ်အစိုးရကပဲ ရှေ့လာမယ့် အနာဂတ်ကို ကြိုတင် ဆုံးဖြတ်ပေးထားသလို ဖြစ်နေတယ်လို့ ဝေဖန်သူက ဗဟုဖွံ့ဖြိုးမှုအဖွဲ့က ဦးအောင်သူငြိမ်း ဖြစ်ပါတယ်။

“အဲဒီအနေအထား အခုတွေ့ရတဲ့ အခါကျတော့ အခုလက်ရှိ ၀န်ကြီးဌာနအသစ် ဘယ်လောက်ဖွဲ့မလဲ ဆိုတာ ဒါကို ကြိုဆုံးဖြတ်ပေးထားသလို ဖြစ်နေတယ်။ နောက်တခုကကျတော့ အခု လွှတ်တော်က ခေါ်နေတဲ့ အချိန်မှာ ဒီ ဘတ်ဂျက်လောနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေက လုံးဝ ဆွေးနွေးပိုင်ခွင့် မရှိတဲ့ အနေအထားမျိုး ဖြစ်သွားတာပေါ့။”

ဘဏ္ဍာငွေ ဥပဒေကို ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး လွှတ်တော် အစည်းအဝေးတွေက ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်တာ ဖြစ်တဲ့အတွက် သူတို့ သတ်မှတ်ထားချက်အရ အခြေခံဥပဒေ အသက်ဝင်မယ့်နေ့ မတိုင်ခင်မှာပဲ ကြိုပြီး လုပ်ခဲ့တာပါ။ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ လုပ်ငန်းရပ်တွေကို စစ်ကောင်စီက ဆောင်ရွက်ပေးဖို့ ပြဋ္ဌာန်းထားတယ် ဆိုတာကို ထောက်ပြီး လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသင့်ပြီး စစ်အသုံးစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ လုပ်သင့်သလို ပညာရေး၊ ကျန်းမာရေးတွေမှာ ပိုသုံးသင့်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။

“တကယ်ဖြစ်သင့်တဲ့ ပုံစံက ဒီဘတ်ဂျက်ကို နအဖက မထုတ်သင့်ဘူး၊ နံပါတ်တစ်က၊ အခုဟာ နအဖက ထုတ်တာ။ ပြည်သူ့လွှတ်တော်ကြီး စနေပြီဆိုရင် ပြည်သူ့ လွှတ်တော်ကသာ ဘတ်ဂျက်ကို အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးတော့ ထုတ်သင့်တယ်။ အဲတော့ ဒါ ထုတ်သင့်တဲ့အပိုင်း။ နောက် ပညာရေး၊ ကျန်းမာရေးကို အသုံးစရိတ် အများကြီး ပေးပြီးတော့ တိုင်းပြည် အနာဂတ်အတွက် လုပ်ပေးရမယ်။ စစ်တပ် ဒါမှမဟုတ် ကာကွယ်ရေးစရိတ် ဆိုတာက ကျနော်တို့ နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့တော့ ဒီဥစ္စာတွေက ဒီလိုပဲ ဖြစ်နေမှာပဲ။ တိုင်းရင်းသား အရေးတွေကို နိုင်ငံရေးအရ ဖြေရှင်းဖို့ဟာ နံပါတ်တစ်ပဲ။ အဲဒီလို ဖြေရှင်းရင် ဒီစရိတ်တွေကလည်း မလိုအပ်တော့ဘူး။”

ဗဟုအဖွဲ့က ဦးအောင်သူငြိမ်းကတော့ စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ အခု ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အသွင်ပြောင်းယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကို နမူနာပေးပြီး ဝေဖန် သုံးသပ်ပြပါတယ်။

“အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် တချိန်တုန်းက စစ်တပ်ရဲ့ ဘတ်ဂျက် အသုံးစရိတ်က ၁၀% ပဲ ရှိပါတယ်။ နောက်တခုက အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံမှာ ကြည့်ရင် သူတို့က ကျန်းမာရေး၊ ပညာရေး၊ မြို့ပြ၊ ကျေးလက် ဖွံ့ဖြိုးရေး ကိစ္စတွေကို အများကြီး သုံးပါတယ်။ အခုအနေအထားမှာဆိုရင် ကျနော်တို့ တွေ့တဲ့အခါကျတော့ ကျန်းမာရေး ကိစ္စတွေ ဘာတွေက တော်တော်နည်းတယ်။ ပညာရေး ကိစ္စတွေလည်း တော်တော်နည်းတယ်ဆိုတာ အနာဂတ်အတွက်တော့ မကောင်းဘူးလို့ ပြောရမှာပေါ့ဗျာ။”

ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ ဆိုင်တဲ့ အသေးစိတ်တွေ ထွက်လာတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ်မှာ မှာယူထားတဲ့ ရုရှားလုပ် MIG-29 တိုက်လေယာဉ်အသစ် အစီး ၂၀ ထဲက ပထမအသုတ်ကို ဒီလထဲမှာ ရတော့မယ်လို့ Flightglobal ဆိုတဲ့ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၅၃ သန်း ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရပါဘူး။

မြန်မာစစ်အစိုးရဟာ တိုင်းပြည်နဲ့ မမျှတဲ့ စစ်အင်အားကို တည်ဆောက်နေပြီး လူထုရဲ့ သာယာဝပြောရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို လျစ်လျူရှုထားတဲ့အတွက် မြန်မာလူထုဟာ ဆင်းရဲတွင်း နက်သထက်နက်၊ ပညာရေးနဲ့ ကျန်းမာရေး ချို့ယွင်းသထက် ချို့ယွင်းလာနေတယ်လို့ ပြည်တွင်းပြည်ပက ဝေဖန်ပြစ်တင်ကြပါတယ်။

Ref;VOA

Read More...

ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်

ဖနိဒါ
မတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးတပ် ဒုဗိုလ်မှူးကြီးသက်ပုံက အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။

ဒုဗိုလ်မှူးကြီးသက်ပုံက မြစ်ကြီးနားရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး ဂျီးနောင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ပြင်ရှိ စရဖ ရုံးတွင် တွေ့ဆုံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ အကောက်ခွန်ရုံးရှေ့တွင် အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲနိုင်သော အပြင်းစား TNT ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော မိုင်းဗုံး ၁ဝ လုံးကို တွေ့ရှိပြီးနောက် KIO လက်ချက်ဟုလည်း ဒုဗိုလ်မှူး ကြီးသက်ပုံက စွပ်စွဲလိုက်သည်။

“KIO က အခုလို လုပ်လာတဲ့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ စစ်အင်အားသုံး ဖြေရှင်းမယ်ဆိုတာ အကြိမ်ကြိမ် ပြောတယ်။ ဒီဗုံးက KIO လုပ်ဗုံးဖြစ်တယ်၊ အစိုးရကို ရန်စတာဖြစ်တယ်၊ (KIO လက်အောက်ခံတပ်) KIA တပ်မဟာ ၃ ရဲ့ လက်ချက် ဖြစ်တယ်ဆိုပြီး စွပ်စွဲတာ” ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အစိုးရအနေဖြင့် စိတ်ရှည်သည်းခံနိုင်သည့် အတိုင်းအတာ ကုန်လာပြီဟု ဒုဗိုလ်မှူးကြီး သက်ပုံက ပြောခဲ့သေးသည်။

စရဖ-KIO တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး KIO ဗဟိုကော်မတီဝင်များ အရေးပေါ် အစည်းအဝေးကို အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် လိုင်ဇာဌာနချုပ်၌ ပြုလုပ်ကြောင်း KIO အရာရှိတဦးက ပြောသည်။

မိုင်းဗုံးများ တွေ့ရှိရာ ဒေသသည် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲတွင် ဖြစ်သည်။ သို့သော် KIO ဗုံးမဟုတ်သလို၊ စစ်အစိုးရ လုပ်ကြံမှုဟု KIO လိုင်ဇာမြို့ ဌာနချုပ်မှ အဆိုပါ အရာရှိက တုံ့ပြန်စွပ်စွဲလိုက်သည်။

“ကျနော်တို့ဗုံး မဟုတ်ဘူး၊ သိလည်း မသိဘူး။ ဒါက သူ့တို့ အကြံနဲ့ လုပ်တာပဲ။ တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ ဆိုပြီး ရေးထားပြီးတော့ ကျနော်တို့ သွားထားသလို လုပ်တာ။ ကျနော်တို့က အဲဒီလို မညစ်ပတ်ဘူး။ ကျနော်တို့ကို နာမည်ပျက်အောင် လုပ်ချင်တာလေ” ဟု သူက ပြောသည်။

ဒုဗိုလ်မှူးကြီးသက်ပုံက သိမ်းဆည်းရမိသည့် ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ၏ ဓာတ်ပုံ များအား ပြသခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် မိုးမောက်၊ မြစ်ဆုံ၊ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတွင် တွေ့ရှိသော မိုင်းများနှင့် အရွယ်အစား၊ အမျိုးအစား တူနေသည်ဟုလည်း ပြောဆိုခဲ့ကြောင်း KIO အရာရှိက ပြန်ပြောပြသည်။

ထို့ပြင် ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် မန်စီမြို့နယ် KIA တပ်ရင်း၁၇ နှင့် စစ်အစိုးရ တပ်အကြား ပစ်ခတ်မှုကို KIO စတင်ပစ်ခတ်ခဲ့မှုအဖြစ် စရဖ က အစည်းအဝေးတွင် ပြောခဲ့သေးသည်။

စစ်အစိုးရ၏ ဖိအားပေးမှုကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီကို ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ KIO ပါဝင်နေသဖြင့် စစ်တပ်ခေါင်းဆောင်များ အလိုမကျ ဖြစ်နေသည်ဟုလည်း ဆိုခဲ့သည်။

“သူ ပြောတယ်၊ အခု အစည်းအဝေး ဆုံးဖြတ်ချက်ပေါ် မူတည်တယ်တဲ့။ ဦးဂေါင်ရီဇော်ဆိုင်း သီးခြားအဖွဲ့တွေနဲ့ ပြန်ဖွဲ့တဲ့အတွက် နေပြည်တော်က လူကြီးတွေ စိတ်ကသိကအောင့် ဖြစ်နေတယ်။ သည်းခံစိတ် ကုန်လာပြီလို့ပဲ ပြောတယ်” ဟု KIO အရာရှိက ပြောဆိုသည်။

ဖက်ဒရယ်ကောင်စီတွင် ဒုဥက္ကဋ္ဌ ၁ အဖြစ် KIO ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက တာဝန်ယူထားသည်။

Ref;mizzima

Read More...

လွှတ်တော် မူကြမ်းကော်မတီ ဥက္ကဋ္ဌ ရာထူးကြောင့် ဒွိဟပွား

Read More...

အပေါ်သို့