မင်းချမ်း
ဖေဖေါ်ဝါရီ ၂၆၊၂၀၁၁
ထိုင်းနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့မှ မကြာမီရက်ပိုင်းအတွင်း ရှေ့တန်းမှ ပြန်တော့မည့် ဗျူဟာမှူး နှုတ်ဆက် သည့် ဇာတ်သဘင်ပွဲ ဘန်းပြသော လောင်းကစားဝိုင်းများ အထူး စည်ကား နေကြောင်း ကောင်းဝါမှသတင်းရယူ ခဲ့သည်။
“ပွဲနာမည်က ဟိန်းချစ်တဲ့၊ ပွဲကြည့်သူ ကနဲနဲ၊ ကစားဝိုင်း ထဲမှာ ကလူပိုစည် ကားတယ်” ဟု ပွဲကြည့်ပရိသတ် တစ်ဦးက ပြောသည်။
အဆိုပါ ဇာတ်ပွဲသွင်းလောင်းကစားဝိုင်း များကို ဘုရားသုံးဆူမြို့၊ ရဲစခန်းရှေ့၊ ဂေါက်ကွင်း၌ လာမည့် မတ်လ ၁ ရက်နေ့အထိ တစ်ပတ်ခန့်ဖွင့်လှစ်သွားမည်ဟု အနီထောင် လောင်းကစား ဒိုင်တစ်ဦးက ပြောသည်။
“နောက်ထပ်ငါးညကျန်သေးတယ်၊ ကျုပ်တို့ဒိုင်တွေအတွက်အလုပ်ဖြစ်တာပေါ့၊ တစ်ညလုံး စည်စည်ကားကား ကစားနိုင်တာပေါ့ဗျာ” ဟု အမည်ဖေါ်ခွင့်မရသောအနီထောင် ဒိုင်က ပြောသည်။
ဘုရားသုံးဆူမြို့သို့ လွန်ခဲ့သော ၃ လခန့်ကရောက်ရှိလာသော စကခ(၈) နည်းဗျူဟာ(၁)မှ ဗိုလ်မှူးကြီးသိန်းဇော် တာဝန်ချိန်ကုန်ဆုံးသဖြင့် မကြာမီရက်ပိုင်းအတွင်း ရှေ့တန်းမှ ပြန်မည်ဖြစ်သည်ဟုပြောဆိုသည့်အတွက် လက်ဆောင်ပဏ္ဍာဆက်သရန် လောင်းကစား ဝိုင်းကျင်းပ ပြုလုပ်ရကြောင်း ဒေသခံကုန်သည်တစ်ဦးက ပြောသည်။
အမည်မဖေါ်လိုသော ကျောင်းသားမိဘတစ်ဦးက “စာမေးပွဲလည်းနီးနေပြီ၊ အခုတွေ့နေ ရတဲ့အတိုင်းပဲ ကျောင်းသားခလေးတွေ ဖဲဝိုင်း၊ အန်ဂလုံဝိုင်း၊ ကစားဝိုင်းထဲရောက်နေကုန် ပြီ၊ ကျောင်းစာကိုစိတ်ဝင်တစား ဘယ်လို ဖတ်ကြမှာတုန်း”ဟု ပြောသည်။
“ကရင်တွေလမ်းပိတ်ထားတယ်၊ သစ်တွေသယ်ခွင့်မရဘူး၊ သုံးဆူမြို့အာဏာပိုင်တွေ အခက်အခဲ ဖြစ်နေပုံရတယ်၊ ဒါကြောင့် ဗျူဟာမှူးအပြန်ခရီးရံပုံငွေဆိုပြီး အကြံအဖန် လုပ်ရတာပေါ့ဗျာ” ဟု ထိုင်း နယ်စပ်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ဝေဖန် ပြောဆိုသည်။
တစ်ညလျှင် လောင်းကစားဝိုင်းအကောက်ကြေး ဘတ်ငွေလေးသောင်းခန့်ရရှိပြီ မြန်မာကျပ် ငွေ ၁၂ သိန်းခန့် ရရှိသည်ဟု ကစားဝိုင်းကောက်ခံသူမှ စုံစမ်းသိရှိရသည်။
Ref;kaowao
Sunday, February 27, 2011
ဘုရားသုံးဆူနယ်စပ်မှအပြန်ဗျူဟာမှူးနှုတ်ဆက်သည့် ဇာတ်ပွဲဘန်းပြလောင်းကစားဝိုင်းစည်ကား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment