ရဲဘော်ဖိုးသံချောင်း
၇ အောက်တိုဘာ ၂၀၀၉
မျက်မှောက်အချိန်မှာ ဗမာပြည်နိုင်ငံရေးဟာ နိုင်ငံတကာ အ၀န်းအ၀ိုင်းကို ရောက်သွားတာနဲ့ အတူ ကမ္ဘာအနှံ့ရှိ ဗမာပြည်နဲ့ မကင်းသူတွေဟာ သတင်းတွေကို နားစွင့်ကြ၊ ပြောဆို ဆွေးနွေးကြ၊ ထင်မြင်ချက် ပေးကြ၊ ရှေ့ အလားအလာတွေကို တွက်ကြနဲ့ အတော့်ကို လှုပ်ရှားနေကြပါတယ်။ အနည်းဆုံး ဦးနှောက်ပိုင်း လှုပ်ရှားကြတယ်လို့ ဆိုရင် မမှားပါဘူး။ သဘာဝကျစွာပဲ တချိန်တည်းမှာ အယူအဆ အမျိုးစုံလည်း ပလူပျံအောင် ပေါ်ပေါက်နေပါတယ်။
ဒီလိုတကမ္ဘာလုံးက အာရုံစိုက်အလေးထားနေတဲ့ အကြားမှာပဲ နအဖ စစ်ဗိုလ်ချုပ် တွေက ဒေါ်အောင်ဆန်း စုကြည် အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို အယူခံတာ ပယ်ချ လိုက်တယ် ဆိုတဲ့ ကိစ္စ ပေါ်ထွက်လာပါတယ်။ နအဖရဲ့ ဗီဇနဲ့ သဘာဝကို အမှန်အတိုင်း မြင်ထားတဲ့ လူတွေ အဖို့မှာ ဒီလုပ်ရပ်ဟာ ဘာမှ မဆန်းဘူးလို့ ပြောစရာပါပဲ။ ဒါပေမယ့် အမေရိကန်က အမတ် မစ္စတာဝက်ဘ် တို့လို လူတွေ အဖို့တော့ နအဖ ဗိုလ်ချုပ်တွေ “ဖိုးသင်းမျောက်” လို လုပ်လိုက်တဲ့ အတွက် အတော်ကို အနေရ ခက်သွားမှာပါ။ ဒါဖြင့် ဗမာပြည်သား နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး အင်အားစုတွေ အတွက်ရော နအဖရဲ့ ဒီလုပ်ရပ်ဟာ ဘယ်လို အဓိပ္ပာယ်ဆောင်ပါသလဲ။
စိတ်ဝင်စားစရာတွေ့ရတဲ့ အချက်တချက်ကတော့ ဒီလုပ်ရပ်ဟာ အခုတလော ဗမာပြည် နိုင်ငံရေးမှာ ပေါ်ပေါက် ပြောဆိုနေကြတဲ့ အယူအဆ အသစ်တွေ၊ အကြောင်းပြချက် အသစ်တွေကို တိုက်ရိုက် အဖြေပေး လိုက်သလို ဖြစ်သွားတာပါပဲ။
ဥပမာတခုပြရရင် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဗမာပြည်မှာ နိုင်ငံရေး လုပ်စရာ စပေ့စ် (နယ်ပယ်) ရမယ်လို့ ဆိုနေသူတွေ။ သူတို့ ရည်ညွှန်း နေကြတဲ့ စပေ့စ် ဆိုတာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အခုလို အယူခံခွင့်၊ ပြင်ဆင်မှု တောင်းဆိုခွင့်တွေ ပေးတဲ့ စပေ့စ် မျိုးလားလို့ ပြန်မေးရမလို ဖြစ်နေပါတယ်။ နအဖဟာ နောင်မှာလည်း ဒီလို လှုပ်ရှားခွင့်တွေ၊ “ကြိုးကိုင် ဒီမိုကရေစီ” တွေ ပေးနေမှာပဲ ဆိုတာ သေချာပါတယ်။
တချို့ကတော့ “ဘာမှမရှိတာနဲ့စာရင် တခုခုရှိတာက ကောင်းတယ်” လို့ ဆိုကြပါတယ်။ ဒါဖြင့်ရင် အခုလို တရားဥပဒေနဲ့ တရားရုံးကို လိုရာဆွဲသုံး လုပ်နေတာမျိုးတွေ တခုခုအဖြစ် တည်ရှိနေတာ မျိုးကရော ကောင်းတယ်လို့ ဆိုမလား။
၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြီးနောက် “ဒီမိုကရေစီကို ရာခိုင်နှုန်းတရာ ရချင်မှရမယ်။ ဒါပေမယ့် ဒီမိုကရေစီကို ခြေလှမ်း တလှမ်းတော့ လှမ်းလိုက်နိုင်မယ်” လို့ ဆိုတဲ့ လူတွေကိုတော့ ဒီလို ဘိန်းပစ်ဖမ်း၊ မရှိတော့တဲ့ ဖွဲ့စည်းပုံ ဥပဒေထဲက ပုဒ်မတွေနဲ့ အပြစ်ပေး စတဲ့ ခြေလှမ်းမျိုးတွေနဲ့ ဒီမိုကရေစီဆီကို လှမ်းလို့ ရမှာတဲ့လားလို့ မမေးသင့် ပေဘူးလား။
ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ရှေ့မတိုးသာနောက် မဆုတ်သာ အကျပ် အတည်း တွေ့နေရတာဟာ ဒေါ်အောင်ဆန်း စုကြည်ဘက်က တင်းမာလို့ ဖြစ်တယ်လို့ ဆိုနေတဲ့ လူတွေကိုတော့ များများမပြော ကဲ-ဘယ့်နှယ်ရှိစ လို့သာ မေးလိုက်ဖို့ လိုမယ် ထင်ပါတယ်။
အထက်ပါ အယူအဆကို တင်တဲ့လူတွေက “ဘောလုံးဟာ ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ဘက်မှာ ရောက်နေတယ် လို့လည်း ပြောလေ့ရှိပါတယ်။ ဗိုလ်သန်းရွှေတို့က ဒီလို အာဏာသုံးပြီး မတရားတဲ့ တဖက်သတ် နည်းတွေနဲ့ ဘောလုံးကို တဖက်က ကွင်းထဲ ပို့နေတယ် ဆိုတာကို အခုကိစ္စက ထပ်ပြီး သက်သေ ပြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီလိုဆုံးဖြတ်လိုက်တယ် ဆိုတော့မှပဲ တချို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ ထုတ်ပြန်ချက်တွေ ထွက်လာ ကြတာ တွေ့ရပါတယ်။ တိုက်ဆိုင်မှုလား၊ တမင် လုပ်တာလား ဆိုတာကိုတော့ ကာယကံရှင်တွေမှ သိမှပဲ။ ဒါပေမယ့် ဗမာပြည် ပြည်သူတွေ ကတော့ ဒီလုပ်ရပ်ကို မျက်မှောက် ကြုတ်မိ ကြမှာပါပဲ။ အတူသမိုင်းတရားခံ ဖြစ်ရအောင် နအဖက အငှားဗိုက်နဲ့ ထားထိုးခံဖို့ တရားခံ ရှာထားတဲ့ ဒီရွေးကောက်ပွဲကို သိန္ဓိ တင်ပေးသလို ဖြစ်နေမယ်ဆိုတာ စဉ်းစားကြသင့်ပါတယ်။
ချုပ်ပြောရရင် နအဖရဲ့ဒီလုပ်ရပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ သေဖော်ညှိ သူတွေ အားလုံးကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ အကြောင်းပြတာတွေ အတွက် အားတက်စရာ၊ မျှော်လင့်စရာ မရှိကြောင်း ဖြစ်ပေါ်မှုတိုင်းက ဖော်ပြနေပါတယ်။
ဒီကိစ္စမှာ မြင်သင့်တာနောက်တခုက အယူခံပယ်ချတာဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဗိုလ်သန်းရွှေဆီ ပေးစာကို အဖြေ ပေးလိုက်တာ ဖြစ်တယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အာဏာ ရှိနေတဲ့လူတွေဟာ သူတို့ တိုက်ရိုက် အဖြေပေးလို့ မရတဲ့ ကိစ္စတွေကို ဒီလိုပဲ တဖက်လှည့်နဲ့ အဖြေ ပေးတတ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တကမ္ဘာလုံး မြင်အောင် သံလွင်ခက်ကို ဝှေ့ယမ်း ပြနေချိန်မှာ ဗိုလ်သန်းရွှေတို့က ဘီးလူးစွယ်ကို ဖြဲပြ လိုက်တာဖြစ်ပါတယ်။
ပိုပြီး ဒေါသထွက်စရာကောင်းတာက နအဖစစ်အစိုးရ ဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဒီလို အယူခံ ပယ်ချလိုက်ပြီးတဲ့ နောက်မှာ တပတ်မှ မကြာဘူး၊ ဆက်ဆံရေး ၀န်ကြီး ဗိုလ်အောင်ကြည်နဲ့ တွေ့တယ်ဆိုတာ ဖြစ်လာတာပါပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာတွေ ရှေ့မှာ ပြုံးပြ ခိုင်းပါတယ်။ သူတို့ဟာ အမေရိကန် ကျေနပ်အောင် ဒီလိုတွေ့ခိုင်းတာ၊ ၀ါဒဖြန့်ကောင်းရုံ လုပ်တာမှန်း လူတိုင်း သိပါတယ်။ ဒါပေမယ့် မနေ့တနေ့ကမှ မတရားဆုံးဖြတ်ပြီး အချုပ် သက်တမ်း တိုးထားတာ ခံရသူဘက်က စဉ်းစားကြည့်ရင်တော့ ဒီလိုလုပ်တာဟာ အင်မတန် ရိုင်းပြတဲ့ စောကားမှု ဖြစ်ပါတယ်။
ပိုထင်ရှားသွားတာကတော့ ဦးဝင်းတင် တနေ့က ပြောသလို နအဖဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဈေးဆစ်စရာ ဓားစာခံလို အသုံးပြုနေတယ် ဆိုတာပါပဲ။ ဗိုလ်အောင်ကြည် ဆွေးနွေးတယ် ဆိုတဲ့ မျက်လှည့်ပြပွဲကို ကာလတခု ရပ်ထားပြီးနောက် ယနေ့လို အချိန်ကျမှ ပြန် ပွဲထုတ်လာတာဟာ နအဖရဲ့ မရိုးသားမှုကို ပြသတာဖြစ်ပါတယ်။
တပါတည်းမှာ ထောက်ပြရမှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ နိုင်ငံရေး အမှု၊ ဒီမိုကရေစီ ပြဿနာ ဖြစ်တယ် ဆိုတာကိုလည်း ဒီကိစ္စတွေက ထင်ရှားစေပါတယ်။ ဒါ့အပြင် နအဖ ဗိုလ်ချုပ်တွေ အနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရမယ် ဆိုတာကို ငြင်းပယ်ဆဲပဲ ဆိုတဲ့ သာဓကတခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တနေ့မှာ ဗိုလ်သန်းရွှေတို့တတွေရဲ့ တခြား သမိုင်းတရားခံ တွေကို ပြည်သူ့ ခုံရုံး တင်ရာမှာတော့ တရားမျှတ စေရမယ်ဆိုတာ ပြည်သူတွေက အခုကတည်းက ရိုးရိုးသားသား၊ ရဲရဲတင်းတင်း အာမခံထားပါမယ်။
သူများလို တို့မရိုင်းတယ်၊ တိုင်းသိပါရဲ့ ဖြစ်ရပါစေမယ်။ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး ဆိုတာလည်း တကယ် မြင်တွေ့ ကြရ ပါစေမယ်။
Saturday, October 10, 2009
ဒီအယူခံကို ပယ်လိုက်တယ်ဆိုတာရဲ့ အဓိပ္ပာယ်
နေ့စဉ်သတင်းများ ( ၉ - ၁၀ - ၀၉)
■ အမေရိကန်သမ္မတ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ရွေးချယ်ခံရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ တွေ့ဆုံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်များ ပိတ်ဆို့အရေးယူမှုကိစ္စ ဆွေးနွေး သတင်း
■ သမ္မတအိုဘားမား အာရှခရီးစဉ် မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဖို့မရှိ သတင်း
■ အာဆီယံဆွေးနွေးပွဲမှာ အိုဘားမား မြန်မာနဲ့ တွေ့နိုင် သတင်း
■ အန်အယ်ဒီ အကြီးတန်းခေါင်းဆောင်များနှင့် သံတမန်များ ဆွေးနွေးမည် သတင်း
■ စစ်အစိုးရခေါင်းဆောင်များ မူးယစ်ဆေးဝါးပတ်သက်မှု ဖွင့်ချမည်ဟု UWSA ပြော သတင်း
■ ဦးဝင်းတင် မျက်စိခွဲစိတ်ကုသမှု ခံယူမည် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်သတင်း ပြည်သူများ အထူးစိတ်ဝင်စား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အယူခံမှု ဗဟိုတရားရုံးတက်ရေး ကြန့်ကြာ သတင်း
■ ရဲချုပ်၏ သတင်းဟောင်း စစ်အစိုးရသတင်းစာတွင် လိမ်လည်ဖော်ပြ သတင်း
■ ရဲအရာရှိအရှုပ်တော်ပုံနဲ့ အနှိပ်ခန်းများရဲ့ ဒုက္ခနှင့် အခြားသတင်းတပုဒ် သတင်း
■ ၀ နှင့် အစိုးရစစ်တပ်အင်အား စံနှုန်းပြည့်မီသလား သတင်း
■ ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းပေးရန် ဒါကာက ကုလခုံရုံးကို တိုင်တန်း သတင်း
■ မြန်မာဘက်က နယ်စပ်ခြံစည်းရိုးကာနေ၍ ဘင်္ဂလားဒေ့ရှ်က တပ်လှန့်ထား သတင်း
■ နှစ်လကျော်အတွင်း လူ (၁၀၀) ခန့် ဖမ်းဆီးခံရဟု AAPP ပြော သတင်း
■ အစွမ်းအစပြဖို့အချိန်ရောက်ပါပြီ အန်အယ်လ်ဒီ (ဆောင်းပါး)
■ တွေ့ဆုံချိန် - ၇ နာရီ ၂၅ မိနစ် (ဆောင်းပါး)
■ ၂၀၁၀ ရွေးကောက်ပွဲ နိဒါန်း ကောင်းနိုင်ပါ့မလား (ဆောင်းပါး)
■ ပြည်သူနဲ့ နိုင်ငံရေး (ဆောင်းပါး)
Friday, October 9, 2009
နေ့စဉ်သတင်းများ ( ၈ - ၁၀ - ၀၉)
■ ရဲမှူးကြီးဝင်းနိုင်ကို အင်းစိန်ထောင် အထူးဆောင်တွင် ချုပ်နှောင် သတင်း
■ မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ သင့် မသင့် ပြင်သစ်ဝန်ကြီး တင်ပြ သတင်း
■ ပိတ်ဆို့မှုအပြင် မူဝါအသစ် စဉ်းစားရန်လိုဟု ပြင်သစ်အစိုးရ ပြော သတင်း
■ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေအမှု ရှေ့နေ (၃) ဦး ထပ်မံပါဝါပေး သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံဆွေးနွေးမှုအကြောင်း ပြည်သူလူထု သိစေလို သတင်း
■ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မည်လော သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် (၇) ကြိမ်မြောက်တွေ့၊ ရဲချုပ်ခင်ရီဓာတ်ပုံဟောင်းများ သတင်းစာ တွင် ဖော်ပြ သတင်း
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံတကာခုံရုံတင်ရေး အမျိုးသမီးအဖွဲ့များ ဆွေးနွေး သတင်း
■ မြင်းခြံမှ လူငယ်တဦး ပြန်လွတ်၊ ရမည်းသင်းမှ လူငယ်တဦး ထပ်အဖမ်းခံရ သတင်း
■ အင်္ဂါဘုရားဖူးအဖွဲ့ဝင် (၄) ဦး အဖမ်းခံရ၊ ကျန်လူများ ဖိအားပေးခံရ သတင်း
■ ဒီမိုကရေစီအရေးကြိုးပမ်းသူ (၈) ဦး တောင်ကိုရီးယား၌ နိုင်ငံရေးခိုလှုံခွင့်ရရှိ သတင်း
■ မြန်မာ့အရေးလှုပ်ရှားသူ (၉) ဦးကို ကိုရီးယားနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေး သတင်း
■ ဝ တပ်များအား နအဖစစ်တပ်က သပ်လျှိုစည်းရုံးနေ သတင်း
■ ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခတိုင်းမှူးကိုယ်တိုင် အမိန့်ပေး သတင်း
■ နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှု ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် ယုံကြည် သတင်း
■ ရေပိုင်နက်အငြင်းပွားမှု ကုလသမဂ္ဂ ဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို သတင်း
■ ဦးအောင်စောဦးရဲ့ အမြင်နဲ့ သုံးသပ်ချက် သတင်း
■ ကုန်ဈေးနှုန်းတက်နေချိန် အာဏာပိုင်များက မယ်ပြိုင်ပွဲကျင်းပပြီး အပန်းဖြေ သတင်း
■ သောင်ရင်းတွင် ချစ်ကြည်ရေးတံတားတစင်း ထပ်ဆောက်ရန် ထိုင်း အတည်ပြု သတင်း
■ ထိုင်းရောက် မြန်မာကလေးငယ်တွေ မှတ်ပုံတင်ခွင့်ရတော့မည် သတင်း
■ နာဂစ်ဒုက္ခသည်များအတွက် အမေရိကန်အစိုးရ ဒေါ်လာ (၁၀) သန်း လှူမည် သတင်း
■ ဧရာဝတီတိုင်းအတွင်းက မုန်တိုင်းသင့်ဒေသ စပါးခင်းတွေမှာ ကြွက်ကျ သတင်း
■ ကလေးမြို့တွင် ရေကြီးနေဆဲဖြစ်ပြီး မယကမှ ဆန်အိတ်များ လှူ သတင်း
■ တောင်ကျချောင်းရေကြောင့် လူတဦး မျောပါသေဆုံး သတင်း
■ တုပ်ကွေးလို့ ယူဆရတဲ့ ရောဂါဆန်းတမျိုး ဖာပွန်ခရိုင်မှာ ကူးစက်ဖြစ်ပွားနေ သတင်း
■ ဆိုင်ကယ်များကို ဖမ်းဆီး ဒဏ်ရိုက်နေမှုများကြောင့် ဒေသခံများ အခက်ကြုံ သတင်း
■ အလုပ်လုပ်ချင်သူ များပြားနေသော်လည်း အလုပ်အကိုင်များ ရှားပါးနေ သတင်း
■ သံဃာတုနှင့် လူအချို့တို့ကို မဲဆောက်ရဲ ဖမ်းဆီး သတင်း
■ အာဖဂန်က အိန္ဒိယသံရုံးနားမှာ အသေခံဗုံးခွဲ သတင်း
■ မွတ်ဆလင်အများစုရှိတာ အရှေ့အလယ်ပိုင်းမဟုတ် သတင်း
■ စစ်ရေးနှင့် တပ်သားသစ် စုဆောင်းမှုကို တချိန်တည်းလုပ်ဆောင် သတင်း
■ ကေအဲန်ယူ တပ်မဟာ(၇)တွင် နအဖစစ်တပ်များ လှုပ်ရှားမှုရှိလာ သတင်း
■ မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေး လူငယ်များအကြား ထိရောက်မှုရှိ သတင်း
■ ရန်ကုန်ရှိ တရားမဝင် စီးပွားရေးလုပ်ငန်းများကို ရဲက ဆက်တိုက်ဖမ်းဆီးနေ သတင်း
■ ဆန်ဈေးတက်၍ အိတ်စ်ပို့ ဆန်ကုန်သည်များ အရှုံးပေါ်နေ သတင်း
■ လှိုင်သာယာစက်မှုဇုန် ပဲသန့်စင်စက်ရုံများ လုပ်ငန်းရပ်ဆိုင်း သတင်း
■ စပါးဈေးတက်သဖြင့် ပြည်ပပို့မှု ရပ်ဆိုင်းထား သတင်း
■ မြန်မာပြည်အထက်ပိုင်းမှ ကျွဲ၊ နွားများ တရုတ်ပြည်သို့ မှောင်ခိုတင်ပို့မှု တိုးလာ သတင်း
Thursday, October 8, 2009
ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး
NEJ / ၇ အောက်တိုဘာ၂၀၀၉
နအဖ စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် အယူခံမှုအား ပယ်ဖျက် ခဲ့ပြီး နောက်တနေ့တွင် နအဖ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်း စုကြည်အား စိမ်းလဲ့ ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ခေါ်ယူ တွေ့ဆုံခဲ့သည်။ ယင်းသို့ နအဖ အာဏာပိုင်များ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်ဆံမှုနှင့် နိုင်ငံရေး ရပ်တည်ချက်တို့ကို ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင် ဆက်သွယ် မေးမြန်းချက်။
မေး။ ။ အမေရိကန်အစိုးရ အရာရှိကြီးတွေက နအဖထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံ စကားပြော ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆို နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် အကျယ်ချုပ် အယူခံမှုကို နအဖ စစ်အစိုးရက အောက်တိုဘာ (၂) ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စအပေါ် သဘောထား အမြင်ကို သိပါရစေ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ မြင်သင့်တာက သိပ်ကို အဓိကကျတဲ့ ဆုပ်ကိုင် ထားရမယ့် အချက်က ဒါနိုင်ငံရေးမှု ဖြစ်တယ် ဆိုတဲ့ ကိစ္စပါ။ နိုင်ငံရေး အပေါ်မှာ အခြေခံတယ်၊ နိုင်ငံရေး ကြောင့်မို့ ပေါ်ပေါက်လာတာ ဖြစ်တယ်၊ နိုင်ငံရေး ကြောင့်မို့လို့ပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်၊ မလွတ်ဘူးဆိုတာ ဖြစ်မှာပါ။ ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး။ နိုင်ငံရေး အပြောင်းအလဲ၊ နိုင်ငံရေး အချိုးအကွေ့ အပေါ် မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှာ ဖြစ်ပါတယ်။ အခုဟာက နအဖဘက်က ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ နံပါတ်တစ်က သူတို့အတွက် အဓိကအကျဆုံး သူတို့ကို ဒုက္ခ ပေးနိုင်တဲ့သူ ဖြစ်ပါတယ်။ လောလောဆယ်မှာ အဓိကရန်သူ နံပါတ်တစ်လို့ ပြောရင်ရပါတယ်။ သူတို့ အတွက်ဆို ဒါဟာ အင်မတန် အကဲဆပ်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကို သူတို့ နည်းနည်းလေးမှ အတိမ်းအစောင်း မခံနိုင်ဘူး။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နအဖ သဘောထားတာ တခုက ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အင်မတန် ကောင်းတဲ့ ဈေးဆစ်လို့ရတဲ့ bargaining chip ပဲ။ အထူးသဖြင့် အမေရိကန်နဲ့ စကားပြောဖို့ အတွက် ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် ကျန်တဲ့ နိုင်ငံရေးသမားတွေ အားလုံး လွှတ်ရေး မလိုအပ်ဘူး။ နိုင်ငံရေး ကစားဖို့အတွက်၊ နိုင်ငံရေး အရောင်းအ၀ယ် လုပ်ရာမှာ မဲတင်းဖို့အတွက် သေချာကို ချန်ထားတဲ့၊ ယုတ်ယုတ်မာမာ အကြံအစည်နဲ့ ချန်ထားတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။
အဲတော့အခု အမေရိကန် မစ္စတာဝက်ဘ်ကိစ္စနဲ့ ပတ်သက်လို့ ကတော့ သူပြောတာ မပြောတာ အပထား၊ ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ်ဆယ် အမေရိကန်နဲ့ မပြတ်မချင်း ထောင်ထဲက ထုတ်လို့ကို မရသေးဘူး။ တနည်းနည်းနဲ့ ထည့်ထားရမှာပဲ။ အဲဒါအရ အခုလို လုပ်လိုက်တာပဲ။
မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ် အယူခံမှုကို ပယ်လိုက်တာဟာ နအဖက လုပ်မယ့် ရှေ့နှစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပေါ်မှာ တစုံတရာ သက်ရောက်မှုမျိုး ဖြစ်ပေါ် နိုင်ပါသလား။
ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရဲ့အခြေခံ ရပ်တည်ချက်က ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လို ဟာမှန်းလည်း မသိရသေးဘူး၊ ဘာမှလည်း မပြောသေးဘူး။ အဲဒါကြောင့်မို့ လုပ်ငန်းပိုင်းကို ကျနော်တို့ ထင်မြင်ချက် မပေးချင်ဘူး။ ဒါပေမယ့် အက္ခရာ ကျတာက ၂၀၁၀ ရွေးကောက်ပွဲရဲ့ အဓိက လုပ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုဖို့၊ အဲဒါကို တရားဝင်သွားအောင် လုပ်ဖို့ဖြစ်တယ်။ ၂၀၀၈ အခြေခံ ဥပဒေဟာ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ ဗမာပြည်သူ လူထုကြီး ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ အဲတော့ အဲဒါကြီးကို ဦးတည်ပြီး လုပ်တာ မှန်သမျှကို ကျနော်တို့က အားမပေးဘူး။ ၂၀၀၈ ဥပဒေကို အတည်ပြု ပြီးသွားရင် ရွေးကောက်ပွဲမှာ ဘယ်သူ တက်လာလာ နအဖ က ဂရုမစိုက်တော့ဘူး။ ကျန်တဲ့လူတွေဟာ သူလုပ်တာတွေ အားလုံးကို လက်ညှိုးထောင် ခေါင်းညိမ့်ရတဲ့ သူတွေပဲ ဖြစ်မှာပဲ။ ပြောချင်တာပြော ဒါပေမယ့် ဘာမှ အကောင်အထည် ပေါ်မှာ မဟုတ်တော့ဘူး။ အခုဟာ အချိန်မရွေး တရားဥပဒေနဲ့ အညီ အာဏာသိမ်းလို့လည်း ရနေတယ်။ ခန့်လို့ ဖြုတ်လို့လည်း ရနေတယ်။
မေး။ ။ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးဘဲ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။
ဖြေ။ ။ အဲဒါကတော့ စောစောက ကျနော်ပြောသလို ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်လိုက်လို့ ရှိရင်လည်း လွှတ်ပြီးတဲ့ အခါမှာ သူ့ဘောင်ထဲက နေပဲ နအဖက ရွေးကောက်ပွဲကို လုပ်သွားမှာပဲ။ အဲဒီဖွဲ့စည်းပုံ ဥပေဒေ အတည်ပြုဖို့ အတွက် ဆက်လုပ်သွားမယ် ဆိုရင်တော့လည်း ဒေါ်စုပါရောပြီး သူတို့ အသုံးချသွားတဲ့ ဟာမျိုး ဖြစ်မှာပဲ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံမှုကိုပယ်ပြီး နောက်တနေ့၊ အောက်တိုဘာ (၃) ရက်နေ့မှာ နအဖ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်က ဒေါ်စုကို အစိုးရ ဧည့်ဂေဟာမှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒေါ်စုက စာရေးတဲ့ ကိစ္စလို့ သိရပါတယ်။ အဲလို ဦးအောင်ကြည်ရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နအဖ လုပ်ရပ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ ဒီဝန်ကြီးနဲ့တွေ့တယ်ဆိုတဲ့ အစီအစဉ် ကိုက၊ အရင်ကတည်းက နအဖဟာ ကမ္ဘာ့ အာဘော်ပိုင်းကို လိမ်ညာဖို့ အတွက် ထွင်ထားတဲ့ဟာလို့ ယူဆပါတယ်။ ဒေါ်စုကို မဗေဒါ ရေဖြည့်သလို ဖြည့်ခိုင်းထားတာ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သက်သက် အချိန်ဆွဲ ခိုင်းထားတာ။ အခုဟာမှာလည်း အဲဒီလိုပဲ၊ အမေရိကန်ကို ပြန်ပြီးတော့ မျက်စိလှည့်နေဖို့၊ သူတို့ အလုပ် လုပ်နေပါတယ် ဆိုတာမျိုး ပြချင်တဲ့ အတွက် ဒါတမင် ဖန်တီးလာတဲ့ ကိစ္စပါ။ နောက်တခုက အခုပဲ သူ့ကို ပြင်းပြင်းထန်ထန် မတရား ဆုံးဖြတ်ချက် ချထားပြီးပြီ၊ နောက်တနေ့မှာ ပြုံးပြုံးရယ်ရယ်နဲ့ ထွက်ခိုင်းတယ် ဆိုတာဟာ အင်မတန်ကို မတရားတဲ့ဟာ၊ လူလူချင်း အင်မတန် စော်ကားတဲ့ဟာ ဖြစ်တယ်။ ကျနော်တော့ ဒေါ်စုနေရာ ကနေ အင်မတန် နာပါတယ်။
မေး။ ။ အခုလို နအဖဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာဟာ တွေ့ဆုံ ဆွေးနွေးမှု လမ်းပွင့် သွားနိုင်တဲ့ ကောင်းတဲ့ အလားအလာလို့ ယူဆသူတွေ ရှိသလို တဘက်ကလည်း ဒေါ်စုကြောင့် ပိတ်ဆို့ တားမြစ်မှုတွေ ဖြစ်လာတာ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုတွေ ရုပ်သိမ်း ပယ်ဖျက်ရေး ကိစ္စကို နအဖနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း နအဖ ဥက္ကဋ္ဌထံ ဒေါ်စုက စာပေးပို့တာနဲ့ ပတ်သက်ပြီးလည်း မလုပ်တာကို လုပ်ပါတယ်လို့ ၀န်ခံရာ ကျတဲ့သဘော သက်ရောက်တယ် ဆိုပြီး ဘ၀င်မကျသူ တချို့ရဲ့ အသံတွေလည်း ကြားရပါတယ်။ ဒါကြောင့် အခုလို တွေ့ဆုံမှု အလားအလာကို ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့တာ အခုမှ တွေ့တာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒါဟာအခုမှ လမ်းပွင့်တယ်လို့ ပြောလို့ မရဘူး။ အစောကြီးကတည်းက လုပ်နေတာ၊ ပြီးတော့ သူတို့ ဘာလို့ ပိတ်ပစ်လိုက်လဲ၊ အကြောင်း မရှိဘဲနဲ့။ သူတို့ဘက်က ရိုးသားမှု တကယ်ရှိတယ် ဆိုလို့ရှိရင် ဒီကိစ္စကို တလျှောက်လုံး ဆက်ပြီး လုပ်နေရမယ်။ နောက်ပြီးတော့ ပိုအဓိကကျတာက အပြင်ကို အသိပေးနေရမှာ၊ ဒီဆွေးနွေးပွဲဟာလည်း အပြင်က မြင်နိုင်တဲ့ transparency ရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ရမယ့်ဟာ၊ အဲလို မဟုတ်ဘဲနဲ့ တံခါးပိတ်ပြီး လက်ဆွဲ နှုတ်ဆက်တာလေးတွေ ဓာတ်ပုံရိုက်ရိုက် ပြနေလို့ကတော့ ဒါဟာ ဘယ်လိုမှ ပြည်သူလူထုကို လက်ခံစေနိုင်မှာ မဟုတ်ဘူး။ နောက်တခုက ပိတ်ဆို့ တားမြစ်မှုနဲ့ ပတ်သက်လို့ ဒေါ်စုက ၀န်ခံလိုက်တဲ့ သဘော သက်ရောက်နေတယ်လို့ ပြောကြစတမ်း ဆိုရင် နအဖဘက်ကရော ဦးအောင်ကြည်ကို လွှတ်လိုက်တဲ့ ဟာက သူတို့အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ထားတဲ့ ဟာတွေ မှားပါတယ်လို့ ၀န်ခံလိုက်တာလား။ အဲလို သာမန် အရပ်သားချင်း ပြောကြတဲ့ logic တွေနဲ့ လုပ်လို့ မရဘူးထင်တယ်။ ဒေါ်စုပြောတဲ့ဟာ ရှင်းရှင်းလေး၊ သူက နအဖကို အကူအညီပေးတယ်၊ အဲလို အဓိပ္ပာယ်ပဲ၊ သူက လက်ကမ်းတာပဲ။ နအဖက ဘာပဲလုပ်လုပ် သူလုပ်တာ မှန်သမျှက ဗမာပြည်မှာ အဓိက လိုအပ်နေတဲ့ ရင်ကြားစေ့ရေး ဆိုတဲ့ဟာနဲ့ ဝေးသထက် ဝေးအောင်၊ တချို့ အာရုံပြတ်သွားအောင် တမင်ကို ဆွဲဆွဲပြီး တနေရာကို လှမ်းခေါ်သွားနေတာ ဖြစ်တယ်။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအ ကျပ်အတည်းတွေ ပြေလည် လာနိုင်မယ့် အလားအလာရော မြင်ပါသလား။
ဖြေ။ ။ နအဖ အခုလို သွားနေပုံမျိုးနဲ့တော့ မရှိဘူးဗျ။ နအဖက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ် ဆိုတာကို သူက လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို နိုင်ငံရေး ပြဿနာလို့ သူက ထုတ်မပြောဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ဖိနှိပ်တဲ့နည်းနဲ့ ဖြေရှင်းနေတာ။ သေနတ်နဲ့ စောင့်နေတဲ့ အစောင့်တွေ ကြားထဲမှာ ဒေါ်စုကို ထည့်ထားတာဟာ နအဖက လက်နက်နဲ့ ဖြေရှင်း ထားတာဖြစ်တယ်။
မေး။ ။ ၂၀၁၀ မှာလုပ်မယ်လို့ နအဖကကြေညာထားတဲ့ ရွေးကောက်ပွဲက နီးလာပေမယ့် ရွှေဂုံတိုင် ကြေညာချက် အပါအ၀င် အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ တောင်းဆိုချက် တွေကို နအဖက လျစ်လျူရှုထား ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ ဘယ်လို ရပ်တည်မှုမျိုး ရှိသင့်ပါသလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အန်အယ်လ်ဒီဟာ ပါတီကြီးဗျ။ ဒါကြောင့် ပါတီကြီးကို ကျနော်တို့ အနေနဲ့ ဘယ်လို လုပ်သင့်ပါတယ် ဆိုတာမျိုး မပြောလိုဘူး။ မပြောလည်း မပြောထိုက်ဘူး။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အန်အယ်လ်ဒီ ချမှတ်ထားတဲ့ ရွှေဂုံတိုင် ကြေညာချက်ဟာ ဒီနေ့ အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီ အနေနဲ့ အဲဒီကြေညာချက် အပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည် သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲ ကတော့ တိုင်းပြည်ကို ဘာမှ ကောင်းကျိုးပေးမယ့်ဟာ မဟုတ်ပါဘူး။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလျှောက်လဲချက် နအဖ ပယ်လိုက်တာဟာ နိုင်ငံရေး ရပ်တည်ချက် အသစ်တွေနဲ့ အယူဆ သစ်တွေကို အဖြေပေးလိုက်တဲ့ သဘောလို့ ဆရာ့ဆောင်းပါးမှာ ပါရှိပါတယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။
ဖြေ။ ။ ဗမာပြည်ထဲမှာ ရွေးကောက်ပွဲလုပ်တော့မယ် ဆိုတာနဲ့ တပြိုင်နက်တည်း ထောင့်ပေါင်းစုံ ကနေပြီး အသံမျိုးစုံ ထွက်လာတယ်။ အဲဒီဟာတွေ ထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဟာတွေကိုတော့ အထူး မပြောတော့ဘူး။ ရွေးကောက်ပွဲ ၀င်ဖို့ ထောက်ခံနေတဲ့ ဟာတွေ၊ ဘာကြောင့် ၀င်သင့်တယ် ဆိုပြီး အမျိုးမျိုး ပြောနေတဲ့ ဟာတွေကို ဥပမာ တချို့က ရွေးကောက်ပွဲ ၀င်ခြင်း အားဖြင့် space တခု လှုပ်ရှားစရာ နေရာတခု၊ နိုင်ငံရေး လှုပ်ရှားစရာ ခွင်တခုတော့ ရသွားမှာပဲလို့ ပြောတယ်။ ဒါပေမယ့် အဲဒီခွင်ထဲမှာ ဒီဒေါ်အောင်ဆန်း စုကြည် အမှုလို ဟာမျိုး ဆင်ပြီးဖမ်းတယ်၊ ဘိန်းပစ်ဖမ်းတာမျိုး လုပ်တယ်၊ ဖဲဆင်ပြီး ဖမ်းတာမျိုးလုပ်တယ်။ ထပ်ပြီးတော့ သူတို့ ကြိုက်သလိုမျိုး လုပ်နေတာကို ဆက်ပြီး သယ်ဆောင်နေမယ် ဆိုရင်၊ လှုပ်ရှားခွင့် ရတယ်ဆိုတာလည်း အဲဒါတွေ ထောက်ခံနေရမှာပဲ၊ တခြားဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါ space ဆိုတာနဲ့ ပတ်သက်လို့ပါ။ တချို့ကပြောတော့လည်း ရွေးကောက်ပွဲက နေပြီးတော့ ဒီမိုကရေစီကို တလှမ်းချင်း လှမ်းတက်သွားမယ်လို့ ပြောတယ်။ ဒါကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည်လို ကိစ္စမျိုးဟာ ဒီမိုကရေစီလား။ အဲဒါမျိုး နောက်မရှိတော့ဘူးလို့ ဘယ်သူက အာမခံထားလဲ။ နအဖလည်း အာမမခံဘူး၊ အခုရွေးကောက်ပွဲ ၀င်မယ့် လူတွေလည်းပဲ ဘယ်သူကမှ ဒီရွေးကောက်ပွဲ လုပ်ရင် ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်လို့ ဘယ်သူမှ မပြောရဲဘူး။
မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုပေမယ့် ရွေးကောက်ပွဲ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့် စတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အခင်းအကျင်းတွေ အခုထိ မပေးသေးတဲ့ အတွက် ဒီရွေးကောက်ပွဲ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဲဒါကလည်း စဉ်းစားစရာတော့ ကောင်းတယ်။ ဘာလို့ သူတို့ မထုတ်ပြန် နိုင်သေးလဲ ဆိုတာ။ သေချာတာကတော့ သူတို့တွင်းမှာ ပြဿနာရှိတယ်။ သူတို့ထဲမှာ မပြတ်လို့ သူတို့ အပြင်ကို မထုတ်နိုင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အခုလုပ်လိုက်ချင် လုပ်လိုက်လို့ ရတယ်၊ အာဏာရထားတဲ့သူ သေနတ် ကိုင်ထားတဲ့သူ ဆိုတာ။ အဓိကတော့ သူတို့ထဲမှာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာတော့ ရှိမှာပါ။
မေး။ ။ မြန်မာပြည်သူတွေမှာ သူတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီ မျှော်လင့်ချက် ရှိနိုင် ပါသေးလား။
ဖြေ။ ။ ပြည်သူလူထုကတော့ သူတို့နဲ့ မဆိုင်ဘူး။ ပြည်သူလူထုမှာ မျှော်လင့်ချက် ရှိလား မရှိဘူးလားဆိုတာ ကိုယ်ဘယ်လောက် လုပ်နိုင်လဲ ဆိုတဲ့ အပေါ်မှာ တည်တာ။ နအဖက သဘောထား ပြောင်းလာတာ၊ စိတ်ကောင်း ရှိလာတာ ဆိုတဲ့အပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ပြည်သူလူထုကို တကယ့်တကယ် မျှော်လင့်ချက် ပေးနိုင်တာက အတိုက်အခံတွေပဲ။ အတိုက်အခံတွေ ဆိုတာ ပြည်တွင်း ပြည်ပပေါ့။ အထူးသဖြင့် ပြည်တွင်းကပေါ့။ ပြည်သူလူထုကို ဘယ်လောက်အထိ ဦးဆောင်ပြီးတော့ လုပ်ချင်ကြသလဲ။ အဲဒါ ပိုပြီး အဓိက ကျလိမ့်မယ်။
Ref: ခေတ်ပြိုင်
ဂျပန်သံရုံးအတွင်းဝန်နှင့် ဦးဝင်းတင် တွေ့ဆုံ
မင်းနိုင်သူ / ၇ အောက်တိုဘာ ၂၀၀၉
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးဝင်းတင်ကို ယမန်နေ့က ဖိတ်ခေါ် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
ဂျပန်သံရုံး၏ ဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ “လွန်ခဲ့တဲ့ရက်ပိုင်းက ကျနော်က သတင်း မီဒီယာ တခုမှာ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို ဈေးကွက် တခုအနေနဲ့သာ မကြည့်ဘဲနဲ့ နိုင်ငံရေး ဖြေရှင်းမှုတွေ လိုအပ်နေတဲ့ နိုင်ငံ၊ မိမိတို့လည်း ပါဝင်ဖြေရှင်းဖို့ တာဝန်ရှိတဲ့ နိုင်ငံ အနေနဲ့ အသိမှတ် ပြုပါဆိုတဲ့ သဘော ပြောဆိုခဲ့ဖူးပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ တွေ့ချင် သိချင်တာလေးတွေ ရှိလို့ ကျနော့်ကို ဖိတ်တာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ် အမှုဆောင်နှင့် ဂျပန်သံရုံးတို့ ပထမအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ဦးဝင်းတင်က မြန်မာ့ နိုင်ငံရေး အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့အနေနဲ့ကတော့ ဘယ်အိမ်နားနီးချင်းနဲ့ မဆို နွေးထွေးစွာ ဆက်ဆံချင်တယ်။ ကျနော်တို့ ဒီမိုကရေစီ အရေး လုပ်နေတဲ့ သူတွေ အပေါ်မှာလည်း စာနာ ထောက်ထားမှုတွေ ရှိစေချင်တယ်။ အဲဒီလို နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်း ပါတယ်။ ဂျပန်နိုင်ငံဟာ အာရှမှာ အချမ်းသာဆုံး နိုင်ငံဖြစ်သလို မြန်မာနိုင်ငံနဲ့လည်း သမိုင်းကြောင်းအရ ဆက်စပ်မှုတွေ ရှိခဲ့တယ်။ အဲဒီတော့ အနောက်နိုင်ငံ တွေက ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေကို ကာကွယ် စောင့်ရှောက် နေသလို ဂျပန်နိုင်ငံရဲ့ စောင့်ရှောက်မှုတွေကို ကျနော်တို့ တန်ဖိုးထားတယ် ဆိုတာကို ပြောတယ်” ဟု ဦးဝင်းတင်က ပြောသည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကို ရပ်တန်းက ရပ်ရန်ဆိုသည့် ထိရောက်သော ဖိအားပေးမှုမျိုး ပြုသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို ရာတွင်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရန်ဆိုသည့် အချက်နှင့် ယှဉ်တွဲ တောင်းဆို ပေးရန်တို့ကို အဓိကထား ပြောဆိုခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ (၄) နာရီခန့်မှစ၍ (၁)နာရီခန့် တွေ့ဆုံမှုတွင် ဂျပန်သံရုံး အတွင်းဝန်က ဦးဝင်းတင်၏ အမြင် သဘောထားများကို အဓိကထား မေးမြန်းခဲ့ပြီး တုံ့ပြန် ဆွေးနွေးမှု မရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော မဲခေါင် ဒေသဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ အိုကားဒါးက မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။
အဆိုပါတိုက်တွန်းမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုပြီး အာဆီယံ နိုင်ငံများ အနေဖြင့်လည်း အလားတူ တောင်းဆိုမှုများ ပြုသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။
“အာဆီယံလို အိမ်နီးချင်းအဖွဲ့အစည်းကိုလည်း ကျနော်တို့ တန်ဖိုးထားတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ကူညီ စေချင်တယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ အရေး ကြိုးပမ်းမှု အောင်မြင်မှသာလျှင် အိမ်နီးချင်း နိုင်ငံတွေ အတွက်လည်း ဒေသတွင်း တည်ငြိမ်မှုတွေ ရနိုင်မယ်။ စစ်အစိုးရ ပြောနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုသာ ဇွတ်တိုးပြီး သွားမယ်ဆိုရင် တနေ့သော အခါမှာ ဒေသတွင်း တည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။
Ref: ခေတ်ပြိုင်
၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်ရန် တိုင်းရင်းသားခေါင်းဆောင် ဟု ဆိုသူ ၃ ဦး ၀ါရှင်တန်သို့ ရောက်ရှိ
မိုးမခအထောက်တော် ၀၀၁
အောက်တိုဘာ ၈၊ ၂၀၀၉
အမည်မဖော်နိုင်သည့် သတင်းရင်းမြစ်တခု၏ အဆိုအရ မြန်မာပြည် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အားပေး ထောက်ခံရန် အမေရိကန် အစိုးရကို တိုက်တွန်းမည့် တိုင်းရင်းသား ခေါင်းဆောင်ဟု အမည်ခံထားသူ ၃ ဦး ၀ါရှင်တန်ဒီစီသို့ ရောက်ရှိ နေသည်ဟု ကြားသိရသည်။
၎င်းတို့မှာ ကချင်တိုင်းရင်းသား၊ ပြည်တွင်း Shalom ဖောင်ဒေးရှင်း ဒါရိုက်တာ၊ စစ်အုပ်စုနှင့် ကချင် လက်နက်ကိုင်တို့ အကြား စေ့စပ် ဆွေးနွေး နိုင်ခဲ့သူဟု ဆိုသည့် ဒေါက်တာ ဆဘွယ်ဂျမ် (Saboi Jum)၊ ရှမ်းတိုင်းရင်းသား၊ ပြည်ပ ယူရိုဘားမား အဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ၊ မြန်မာပြည် - တိုင်းရင်းသား လူမျိုးများ ကောင်စီ အကြံပေး ဟန်ညောင်ဝေ နှင့် ကချင် တိုင်းရင်းသူ၊ Shalom ဖောင်ဒေးရှင်း အဖွဲ့ဝင် နန်းရော်တို့ ဖြစ်သည်ဟု ကြားသိရသည်။
၎င်းတို့သည် အမေရိကန်အောက်လွှတ်တော် (House) မှ တာဝန် ရှိသူများနှင့် တွေ့ဆုံ ခဲ့ပြီးနောက် အမေရိကန်၏ အရှေ့ အာရှနှင့် ပစိဖိတ် ရေးရာ အဖွဲ့၏ ဥက္ကဋ္ဌ၊ မြန်မာပြည်ပြန် ဂျင်ဝက်ဗ်နှင့် တွေ့ဆုံပြီးလည်း မြန်မာပြည် အရေး ၎င်းတို့ သဘောထားများကို တင်ပြမည်ဟု ဆိုသည်။ ၎င်းတို့အဓိက သဘောထားမှာ ယခု တိုင်းရင်းသား လူမျိုးများ ကောင်စီ၏ အတွင်းရေးမှူး စောဒေးဗစ်ထော ထုတ်ပြန်ခဲ့ပြီး အဖွဲ့၏ ဥက္ကဋ္ဌ အပါအ၀င် အခြားတိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များ၏ ကန့်ကွက်မှု၊ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို အားပေး ထောက်ခံရေး၊ ၀န်းရံရေး မူဝါဒကို အမေရိကန် အစိုးရထံသို့ အစွံလာထုတ်ခြင်း ဖြစ်နိုင်သည်ဟု အမည် မဖော်လိုသည့် သတင်းရင်းမြစ်က မိုးမခသို့ ပြောကြားသည်။
ယခင်လ စက်တင်ဘာ နောက်ဆုံးရက်သတ္တပတ် ကလည်း မြန်မာ စစ်အုပ်စုနှင့် သဘောချင်း မျှသူများ အဖြစ် အတိုက်အခံ ဒီမိုကရေစီ အင်အားစု၏ သတ်မှတ်ခြင်း ခံထားရသူများ အမေရိကန် အထက် လွှတ်တော်၏ မြန်မာ့အရေး ကြားနာပွဲသို့ တက်ရောက်ပြီး စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြရန်၊ မြန်မာ စစ်အုပ်စုအား ပိတ်ဆို့မှုများကို ရုတ်သိမ်း ပေးကြရန် လျှောက်လဲ ခဲ့ကြသည်ဟု သိရကြောင်း၊ ထိုအထဲတွင် မြန်မာပြည်၏ ဦးသန့်၏ သား သန့်မြင့်ဦးလည်း တဦး အပါအ၀င် ဖြစ်ကြောင်း ၎င်းက ပြောကြားသွားသည်။
ယခုကဲ့သို့ စစ်အုပ်စု ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြရန်၊ အားပေးကြရန် တိုက်တွန်း သူများက စစ်အုပ်စု လက်အောက်က မြန်မာပြည်၏ ဆုတ်ယုတ် နိမ့်ကျနေသော နိုင်ငံရေး အခြေအနေများ၊ အကြပ် အတည်းများ၊ နိုင်ငံရေး အကျဉ်းသားများ၊ စစ်အုပ်စု၏ လူအခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားများ အပေါ် ဖိနှိပ်မှု၊ ရာဇ၀တ်မှုများ၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အပေါ် ငြင်းပယ်နေမှုများကို ထည့်သွင်း တင်ပြခြင်း ရှိ မရှိကိုမူ မသိရကြောင်း ၎င်းက မှတ်ချက်ပေးသည်။
Ref: မိုးမခ
နေ့စဉ်သတင်းများ ( ၇ - ၁၀ - ၀၉)
■ တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်အစိုးရအပေါ် အယုံအကြည်မရှိ လှုပ်ရှားပြင်ဆင်နေ သတင်း
■ ဂျပန်သံမှူး ဖိတ်ခေါ်မှုသည် နိုင်ငံရေးအဓိပ္ပာယ်ပြောင်းလဲမှုဟု ဦးဝင်းတင် ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည် တပတ်အတွင်း ဒုတိယအကြိမ်တွေ့ သတင်း
■ မြန်မာစစ်အစိုးရ အထီးကျန်ဘ၀က လွတ်လို သတင်း
■ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းမှု အောက်တိုဘာလကုန်မှာ အပြီးသတ်ဖို့ ညွှန်ကြား သတင်း
■ နယ်စပ်စည်းရိုးကာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အခြေအနေ တင်းမာလာ သတင်း
■ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် လုံခြုံရေးတပ်များ တိုးမြှင့်ချထား သတင်း
■ မြန်မာ့အရေးမူဝါဒ ပြန်လည်သုံးသပ်ဖို့ သြစတြေးလျကို တိုက်တွန်း သတင်း
■ တရားဝင် မြန်မာအလုပ်သမားအများအပြား မလေးရှားအကျဉ်းစခန်းတွေမှာ ပြန်လမ်းမဲ့ဆဲ သတင်း
■ မလေးရှားက မြန်မာအလုပ်သမား (၂၀၀) ခန့် ပြန်ပို့ခံရ သတင်း
■ အေအေပီပီမှ ကိုဘိုကြည် လူ့အခွင့်အရေးဆု ထပ်မံရရှိ သတင်း
■ ကိုညီညီအောင်ကို တွေ့ခွင့်ရရန် ရှေ့နေများ တောင်းဆို သတင်း
■ ဆိုင်ကယ်လုယက်မှု ပိုများလာပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရ သတင်း
■ ကလေးမြို့တွင် မိုးသည်းထန်စွာရွာပြီး ရေကြီး သတင်း
■ မိုးမပြတ်ရွာသဖြင့် စစ်ကိုင်းတိုင်း ကျေးရွာများ ရေဘေးသင့် သတင်း
■ မြစ်ရေကြီးမှုကြောင့် ကလေးမြို့နယ်တွင် ရေဘေးဒုက္ခ ကြုံနေရ သတင်း
■ မြစ်သာမြစ်ရေ မြင့်မှုကြောင့် ဒေသခံများ အခက်တွေ့ သတင်း
■ အောင်လံမြို့နယ် လယ်သမားအမှုတွဲတွင် လယ်သမားတဦး ထပ်မံတရားစွဲခံရ သတင်း
■ မရောက်သေးသည့် နွေစပါးစိုက်ရာသီအတွက် လယ်သမားများ ငွေပေးနေရ သတင်း
■ အာဆီယံ အမျိုးသမီးဘောလုံးပွဲပြိုင်ပွဲ မြန်မာပြည်တွင် ကျင်းပမည် သတင်း
■ သမ္မတအိုဘားမား အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ ပြန်လည်သုံးသပ် သတင်း
■ တိုကျိုမြို့ကို ဖြတ်သန်းတိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း သတင်း
■ တေလေညရဲ့ မီးလျှံများ (ဆောင်းပါး)
Wednesday, October 7, 2009
နအဖ ရဲ့ ရိုးလ်မိုဒယ်လ် နဲ့ ၂ဝ၁ဝ
ဂါမဏိ
နအဖ ဟာ မြန်မာနိုင်ငံမှာ ထာဝရစစ်အာဏာရှင် စနစ် ထူထောင်ဖို့ ကြိုးစားနေရာမှာ ‘နယ်စည်းမခြား အာဏာရှင်များ' ဆိုတဲ့ ကမ္ဘာ့ လက်ဝဲလက်ျာ အာဏာရှင် ပေါင်းစု ထံက နည်းယူစရာ အတု ယူစရာတွေကို တောက်လျှောက် ရှာဖွေခဲ့ ပါတယ်။ တနည်းပြောရရင် မြန်မာပြည် စစ်အာဏာရှင် စနစ် အတွက် စံပြုနမူနာ Role model တွေကို ရှာဖွေတာ၊ အဲဒီ စံပြုနမူနာ ကိုကြည့်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဗျူဟာကို ချဖို့ လုပ်နေတာဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း နဝတ-နအဖ ဟာ အစောပိုင်းနှစ်ကာလ များမှာ စစ်အာဏာရှင် ဆူဟာတိုရဲ့ အင်ဒိုနီးရှား နိုင်ငံကို စံပြုနမူနာ အဖြစ် သွားရည် တမြားမြားနဲ့ မော့ကြည့် ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အဆင့်ဆင့် ဥပဒေပြုဌာန အားလုံးမှာ စစ်သတ္တဝါ ၂၅ ရာခိုင်နှုန်း ပါဖို့၊ အရေးပါတဲ့ အုပ်ချုပ်ရေး ဌာနတွေကို စစ်သတ္တဝါတွေ ကိုင်ခွင့် ရဖို့ နအဖ အခြေခံ ဥပဒေထဲ ထည့်သွင်း ပြဋ္ဌာန်း ထားပါတယ်။ ဒါ့အပြင် ကြံ့ဖွတ်ကို ပါတီဖွဲ့ပြီး ကျန်တဲ့ ဥပဒေပြု ကိုယ်စားလှယ် နေရာ အုပ်ချုပ်ရေးရာထူး နေရာတွေ ယူဖို့လည်း ကြံစည်နေပါတယ်။
စစ်အာဏာရှင်ဆူဟာတိုလက်ထက် အင်ဒိုနီးရှားမှာ လွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်း (အမတ်နေရာ ၅ဝဝ မှာ ၁ဝဝ) ကို စစ်တပ်က ယူထားပါတယ်။ ကျန်တဲ့ နေရာတွေကိုလည်း စစ်တပ် လက်ကိုင်ဒုတ် ပါတီ ဖြစ်တဲ့ ဂိုလ်ကာ ပါတီက အများစု ယူပါတယ်။ ဂိုလ်ကာပါတီကို ဆူဟာတို အာဏာ မသိမ်းခင် တနှစ်အလို ကတည်းက ကွန်မြူနစ်ပါတီကို တန်ပြန်ဖို့ အတွက် စစ် အရာရှိကြီးတွေ ကျောထောက် နောက်ခံနဲ့ အဲန်ဂျီအို ၉၇ ဖွဲ့ကို စုပေါင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဆူဟာတို လက်ထက်မှာတော့ အဖွဲ့ပေါင်း ၂၂ဝ အထိ ရှိလာပြီး စစ်တပ်က အတိအလင်း ချုပ်ကိုင် လာပါတယ်။ ဆူဟာတို ဟာ ဂိုလ်ကာအပြင် အင်ဒိုနီးရှား ဒီမိုကရက်တစ် ပါတီနဲ့ ညီညွတ်သော ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဆိုတဲ့ တခြားပါတီလေး နှစ်ခုကိုလည်း ဖွဲ့ခွင့် ပေးထားခဲ့ပါတယ်။ ဒါကြောင့် ၃ ပါတီ စနစ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက လွှမ်းမိုးတာက ဂိုလ်ကာ ပါတီဘဲ ဖြစ်ပါတယ်။
နအဖ ဟာ အင်ဒိုနီးရှားလိုဘဲ စစ်တပ် ပါတီကြီးတခု နဲ့ တခြား အင်အားနည်း ပါတီလေးတွေ ပါဝင်တဲ့ စည်းကမ်း ပြည့်ဝ ‘ပါတီစုံ'ဒီမိုကရေစီ တည်ထောင်ချင် ပါတယ်။ ဒါပေမဲ့ နအဖရဲ့ စံပြုနမူနာ အင်ဒိုနီးရှား နိုင်ငံမှာ ဘယ်လောက်ဘဲ စစ်တပ် က ထိန်းထားပေမဲ့ ၁၉၉၈ တော်လှန်ရေးကြောင့် စစ်အာဏာရှင် စနစ် နိဂုံး ချုပ်သွားခဲ့တဲ့ အတွက် နောက်ထပ် မိုဒယ်လ် ထပ်ရှာရ ပြန်ပါတယ်။ ဗမာပြည် စစ်အာဏာရှင် အဖေကြီး နေဝင်းက ရာထူးက ဆင်းခါနီးမှာ တပါတီ ကြိုက်သလား၊ နှစ်ပါတီ ကြိုက်သလား၊ ပါတီစုံ ကြိုက်သလား မေးခဲ့ ပါသေးတယ်။ အဲဒီ စဉ်းစားချက် အတွက် နအဖရဲ့ စံပြုနမူနာ ဖြစ်နိုင်စရာ ရှိတဲ့ (ဂမ်ဖလားရဲ့ ဇာတိမြေ) နိုင်ဂျီးရီးယား နိုင်ငံမှာ စစ်အာဏာရှင် တွေက နိုင်ငံရေး ပါတီတွေကို အတင်းဆွဲစုပြီး ၂ ပါတီစနစ် ကျင့်သုံးခိုင်း ခဲ့ဖူးပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပွဲတွေ ခဏခဏ ဖြစ်ခဲ့ပြီး စစ်အာဏာရှင် စနစ် အမျိုးမျိုး စိုးမိုး ခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်များမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဘာဘန်ဂီဒါက ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ် ပြောပြီး နှစ်ပါတီ စနစ် ကျင့်သုံး စေခဲ့ပါတယ်။ နဂိုက ရှိတဲ့ ပါတီအားလုံး ဆိုရှယ် ဒီမိုကရက် ပါတီထဲ ဝင်ရင်ဝင် ဒါမှမဟုတ် အမျိုးသား ရီပတ်ဘလစ်ကန် အဖွဲ့ချုပ်ထဲဝင် ဆိုပြီး အတင်းအကြပ် ပူးပေါင်း ခိုင်းခဲ့ပါတယ်။ နှစ်ပါတီစလုံးကို စစ်တပ်က ထူထောင်ထားတာ ဖြစ်ပြီး တခုကို လက်ဝဲပါတီ၊ နောက်တခုကို လက်ျာပါတီ အဖြစ် ဖွဲ့စည်း ခိုင်းထားတာ ဖြစ်ပါတယ်။ ၁၉၉၂ လွှတ်တော် ရွေးကောက်ပွဲနဲ့ ၁၉၉၃ သမတ ရွေးကောက်ပွဲမှာ ဒီနှစ်ပါတီဘဲ ပြိုင်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သမတ အရွေးခံရသူ အာဘီယိုလာကို စစ်အာဏာရှင် ဘာဘန်ဂီဒါနဲ့ ဆန်နီအဘာချာတို့က အာဏာလွှဲ မပေးဘဲ ထောင်ထဲ ထည့်ခဲ့ပါတယ်။
၁၉၉၈ ရွေးကောက်ပွဲကျတော့ စစ်အာဏာရှင် ဆန်နီ အဘာချာက စစ်အစိုးရနဲ့ နီးစပ်တဲ့ ပါတီ ၈ ခုကိုဘဲ ယှဉ်ပြိုင်ခွင့် ပေးခဲ့ပြီး တကယ့် အတိုက်အခံ ပါတီတွေကိုတော့ ယှဉ်ပြိုင်ခွင့် မပေးခဲ့တဲ့ အတွက် ရွေးကောက်ပွဲ သပိတ်မှောက်တာ ဖြစ်ခဲ့ပြီးနောက် မဲပေးသူ အင်မတန့်ကို နည်းလှတာကြောင့် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း လိုက်ရပါတယ်။ အဘာချာ သေပြီးနောက် ကျင်းပတဲ့ ၁၉၉၉ ရွေးကောက်ပွဲ တွေမှာလည်း စစ်တပ်နဲ့ နီးစပ်တဲ့ ၃ ပါတီဘဲ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ သမတ ရွေးကောက်ပွဲ မှာတော့ လူထုက တစုံတရာ ထောက်ခံမှု ရှိတဲ့ (တချိန်က အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်ဖူးတဲ့) ဗိုလ်ချုပ်ကြီးဟောင်း အိုဘာဆန်ဂျို သမတ အရွေးခံခဲ့ ရပြီး ဒီမိုကရေစီ လမ်းစ ပေါ်လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ နိုင်ဂျီးရီးယား နိုင်ငံဟာ ချို့ယွင်းချက်တွေ ရှိနေပေမဲ့ စစ်အာဏာရှင် လမ်းပေါ်မှာ မရှိတော့ဘဲ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကိုတော့ ရောက်နေပါပြီ။
ဒါ့အပြင် နိုင်ဂျီးရီးယားနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုပေါင်း ၂၅ဝ ရှိပြီး ဘာသာစကားပေါင်း ၅၁ဝ ကို ပြောဆို သုံးစွဲ နေပါတယ်။ လွတ်လပ်ရေး ရခါစ ၁၉၆ဝ ခုတုံးက ပြည်နယ် ၃ ပြည်နယ်ဘဲ ရှိခဲ့ရာက ၁၉၆၃ ခုမှာ ဖက်ဒရယ် သမတ နိုင်ငံအဖြစ် ဖွဲ့စည်း ထူထောင်ခဲ့ပြီး အခုအခါ ပြည်နယ် ၃၆ ပြည်နယ်ကို တန်းတူ အခွင့်အရေး အပြည့် ပေးထားပါတယ်။ ခွဲထွက်ခွင့် မရှိပေမဲ့ ပြည်နယ် အားလုံး အထက်လွှတ်တော်မှာ ကိုယ်စားလှယ် အရေအတွက် တန်းတူ စေလွှတ်နိုင်ပါတယ်။ လက်ရှိ နိုင်ဂျီးရီးယား အခြေခံဥပဒေ မှာ စစ်တပ်ကို ရွေးကောက်ခံ သမတနဲ့ လွှတ်တော် လက်အောက်မှာ ထားပါတယ်။ နအဖဟာ ဖြစ်နိုင်ရင် နိုင်ဂျီးရီးယား လိုဘဲ ကြံ့ဖွတ်နဲ့ တစည နှစ်ပါတီဘဲ ရှိမယ့် ‘ပါတီစုံ’ ဒီမိုကရေစီ စနစ်ကိုလည်း တည်ဆောက် ချင်နေပါတယ်။ တခြားပါတီတွေ အားလုံး ဒီပါတီ ၂ ခုထဲ ဝင်ပေါင်း၊ ရွေးကောက်ပွဲမှာ ပြိုင် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ဂျီးရီးယားမှာ နှစ်ပါတီစနစ်နဲ့ စစ်အာဏာ ထိန်းထားရေး အလုပ် မဖြစ်ခဲ့တာကို တွေ့ရလို့ အဲသလို လုပ်ရမှာကို မဝံ့မရဲ ဖြစ်နေဟန်လည်း ရှိပါတယ်။
ဒီလိုနဲ့ ကမ္ဘာပေါ်မှာ အခိုင်မာဆုံး အာဏာရှင် စနစ် ဖြစ်နေတဲ့ မြောက်ကိုးရီးယား ကိုဘဲ စံပြုနမူနာ အဖြစ် အားကျ နေနိုင်ပါတယ်။ ၁၉၄၅ ခု ကတည်းက စပြီး အခုထိ ၆၄ နှစ်ကြာအောင် အာဏာရှင်စနစ် တောက်လျှောက် ကျင့်သုံးခဲ့တဲ့ မြောက်ကိုးရီးယားဟာ တခြား အာဏာရှင် စနစ်တွေထက် သာတာက မျိုးရိုးစဉ်ဆက် အာဏာရှင် မင်းဆက်ကိုပါ ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဖေ အာဏာရှင် ကင်အီဆွန်း ကွယ်လွန်တဲ့အခါ သား အာဏာရှင် ကင်ဂျွန်အီး တက်လာခဲ့သလို ကင်ဂျွန်အီး ကွယ်လွန်ရင်လည်း သား ကင်ဂျွန်အွန်း တက်ဖို့ စီစဉ်ထားတဲ့ အတွက် အခွင့်ထူးခံ လူတန်းစား အကျိုးစီးပွားတင် မကဘဲ ထိပ်ဆုံးက မိသားစုရဲ့အကျိုးစီးပွား ကိုပါ အာမခံချက် ရှိရှိ ထိန်းသိမ်းနိုင်တဲ့ အတွက် စစ်မင်းဆက် သာမက ရွှေကြိုင် မင်းဆက်ကိုပါ ထိန်းသိမ်း ချင်နေတဲ့ နအဖ ထိပ်သီးကြီး သန်းရွှေအဖို့ အားကျ အတုယူ စရာဖြစ်နေပါတယ်။ သန်းရွှေ ကိုယ်တိုင်က လက်အောက်ခံ ဗိုလ်ချုပ်တွေကို အဖေကြီးနေဝင်းရဲ့ ဘဝ ဇာတ်သိမ်းပိုင်းကို လက်ညှိုးထိုး ပြပြီး “အာဏာမရှိရင် ဒီလိုဘဲဖြစ်မယ်၊ တွေ့လား” လို့ ပညာ ပေးနေတာကြောင့် မြောက်ကိုးရီးယားက အာဏာရှင် ကင်မင်းဆက်ကို စံပြုနမူနာ Role model အဖြစ် အားကျနေတာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပါတယ်။ နေဝင်းရဲ့ နိဂုံးက စစ်အာဏာရှိဖို့ အရေးကြီးရုံတင် မက ပုဂ္ဂိုလ်ရေး အာဏာ ရှိဖို့လည်း အရေးကြီးကြောင်း သန်းရွှေကို သတိပေး နေပါတယ်။
မြောက်ကိုးရီးယားနိုင်ငံမှာတော့ “အဖနိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဒီမိုကရေစီ တပ်ပေါင်းစု" ကဘဲ လွှတ်တော် ရွေးကောက်ပွဲ ဝင်ခွင့်ရှိပါတယ်။ တသီးပုဂ္ဂလ တွေလည်း လွှတ်တော်မှာ နည်းနည်းပါးပါး အရွေးခံနိုင် ပါတယ်။ ဒီ“တပ်ပေါင်း စု”မှာ ကိုးရီးယား အလုပ်သမား ပါတီ (ကွန်မြူနစ်ပါတီ)၊ ကိုးရီးယား ဆိုရှယ် ဒီမိုကရက်တစ် ပါတီ နဲ့ ချွန်ဒူးအစ်ချွန်ဂူးပါတီ တို့ ပါဝင်ပြီး အားလုံးကို အလုပ်သမား ပါတီက အကြွင်းမဲ့ ထိန်းချုပ် ထားပါတယ်။ ၃ ပါတီ ပါဝင်တဲ့ ပါတီစုံ စနစ်ပါဘဲ။ ၁၉၉ဝ ခုရွေးကောက်ပွဲ တုံးက ကိုးရီးယား အလုပ်သမား ပါတီက အမတ်နေရာ ၆ဝ၁ နေရာ၊ ဆိုရှယ် ဒီမိုကရက် ပါတီက ၅၁ နေရာ၊ ချွန်ဂူးပါတီက ၂၂ နေရာ နဲ့ တသီးပုဂ္ဂလ တွေက ၁၃ နေရာ ရခဲ့ပါတယ်။ ဒီအလုပ်သမား ပါတီကဘဲ နိုင်ငံ့ အကြီးအကဲအဖြစ် ကင်မျိုးဆက်တွေကို သတ်မှတ် ရွေးချယ်တာ ဖြစ်ပါတယ်။
ခေါင်းကျလည်းစားမယ်၊ ပန်းကျလည်းစားမယ်၊ ဒေါင်လိုက်ကျမှ မင်းတို့စား ဆိုပြီး အမတ်နေရာ ၂၅ ရာခိုင်နှုန်း၊ စစ်တပ် သြဇာခံ ကြံ့ဖွတ်ပါတီ၊ အဓိက ဝန်ကြီး ရာထူးတွေ၊ အာဏာ အကြီးဆုံး တပ်ချုပ်ရာထူး၊ အချိန်မရွေး စစ်အာဏာ သိမ်းခွင့်၊ ပြင်မရအောင် လုပ်ထားတဲ့ ပုဒ်မတို့ကို အခြေခံ ဥပဒေထဲ ရေပက်မဝင်အောင် ထည့်ထားပေမဲ့ ပိုပြီး ဘဝအာမခံ ချက်ရှိတဲ့ မြောက်ကိုးရီးယားကို အားကျ နေတာကြောင့် နျူကလီးယားဗုံး ပိုင်ဆိုင်ရေး သာမက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွှေကြိုင် မျိုးဆက်သစ် မျောက်လောင်းကို ကြံ့ဖွတ် ပါတီက သမတလောင်း အဖြစ် တင်ဖို့ ကြိုးစားနေရာမှာ မျောက်လောင်း ကိုယ်တိုင်က မျောက်စိတ် မပျောက်နိုင် သေးတာက တကြောင်း၊ သန်းရွှေက ကြယ် ၃ ပွင့် ၄ ပွင့် ပေးသနားတော် မူထားတဲ့ လက်အောက်က ဗိုလ်ချုပ်တွေ လက်ခံ နိုင်အောင်လည်း မပိုင်သေးလို့က တကြောင်းကြောင့် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေ၊ ကော်မရှင်တွေ မထုတ်ပြန်နိုင်သေး၊ ရွေးကောက်ပွဲရက် မသတ်မှတ်နိုင်သေး ဖြစ်နေရပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စံပြုမိုဒယ်လ်တွေကို နအဖ စစ်အာဏာရှင် တွေက အားကျ အတုခိုး နေပေမဲ့ တကယ် ဖြစ်လာနိုင်တဲ့ မိုဒယ်လ်ကတော့ ဆိုမာလီယာ နိုင်ငံဘဲ ဖြစ်ပါလိမ့်မယ်။ ဆိုမာလီယာ နိုင်ငံဟာ ၁၉၆၉ ခုမှာစစ်တပ်က အာဏာ သိမ်းပြီးနောက် နေဝင်းရဲ့ ဗမာပြည်လိုဘဲ ဆိုရှယ်လစ် စနစ် လုပ်မယ်လို့အော်၊ ရှိသမျှ စီးပွားရေး လုပ်ငန်းတွေ စာသင်ကျောင်းတွေ ပြည်သူပိုင်သိမ်း၊ သစ်ပင်စိုက် မြေတူး တာဖို့ လမ်းဖောက် တံတားဆောက် ကျောင်းဆောက် ဟော်တယ်ဆောက် မြို့သစ်ဆောက် ရုံးဆောက် စတာတွေ အတွက် (တပတ် ၇ နာရီ) အဓမ္မ လုပ်အားပေး စနစ်ကို တနိုင်ငံလုံးမှာ ကျင့်သုံး၊ ရေတပ် လေတပ် အပါအဝင် စစ်အင်အားကို အကြီးအကျယ် တိုးချဲ့ စသဖြင့် လုပ်ခဲ့ပါတယ်။ ၁၉၇၆ ကျတော့ “ဆိုမာလီ တော်လှန်သော ဆိုရှယ်လစ်ပါတီ” ဆိုတာကို တရားဝင် တည်ထောင်ပြီး တပါတီစနစ် ကျင့်သုံးခဲ့ပါတယ်။ ဆိုရှယ်လစ် လုပ်တဲ့အတွက် ဆိုဗီယက် ပြည်ထောင်စုနဲ့ တခြား ကွန်မြူနစ် နိုင်ငံတွေက တပည့်မွေးပြီး အကြီးအကျယ် ထောက်ခံ အားပေးခဲ့ပါတယ်။ စစ်လက်နက်တွေ စစ်အကြံ ပေးတွေနဲ့ အရပ်ဖက် ပညာရှင်တွေ အများကြီး ပို့ပေးခဲ့ပါတယ်။ ၁၉၇၉၊ ၁၉၈၄ နဲ့ ၁၉၈၆ တွေမှာ ဆိုမာလီမှာ ရွေးကောက်ပွဲတွေ လုပ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဘားရဲ့ ပါတီကဘဲ ရှိသမျှ နေရာအားလုံးကို ယူခဲ့ပါတယ်။
၁၉၇၇-၇၈ မှာ တိုးချဲ့ထားတဲ့ စစ်အင်အား၊ မြင့်တက်နေတဲ့ ဘဝင်နဲ့ အီသီယိုပီးယား နိုင်ငံကို ဝင်တိုက်ရာမှာ ဆိုဗီယက် ရုရှား၊ ကျူးဘား၊ မြောက်ကိုးရီးယား တို့က တဖက်နိုင်ငံကို ငွေအား၊ လက်နက်အား သာမက လူအား (ကျူးဘား စစ်သား ၂ဝဝဝဝ၊ ရုရှားနဲ့ အရှေ့ ဂျာမဏီ စစ်အကြံပေး ၄ဝဝဝ) နဲ့ပါ ကူလို့ ကွန်မြူနစ် နိုင်ငံတွေနဲ့ ခွာပြဲပြီး အမေရိကန် ဘက်ကိုပြောင်း တပည့်ခံလိုက် ပါတယ်။ ဆိုရှယ်လစ် ကိုစွန့်ပြီး အရင်းရှင်စနစ် ဈေးကွက် စီးပွားရေးကိုလည်း ပြောင်းလိုက်ပါတယ်။ (ရုရှားကတော့ ပထဝီ နိုင်ငံရေးအရ ပိုပြီး အချက်အချာ ကျတဲ့ အီသီယိုပီးယားကို တပည့်မွေးပြီး တပည့်ဟောင်း လက်ဝဲသမားတွေ ဖြစ်တဲ့ ဆိုမာလီယာနဲ့ အီရီထရီးယား ကို ကန်ထုတ်လိုက်တာ ဖြစ်ပါတယ်။)
ဒီလိုနဲ့ စစ်ရှုံးတဲ့ ၁၉၇၈ ကစပြီး ဆိုမာလီယာမှာ အခြေအနေတွေ ယိုယွင်း ပျက်ပြားလာ၊ သြဇာ အာဏာတွေ ကျဆင်း လာတဲ့ အတွက် အတိုက်အခံတွေ လှုပ်ရှားလာပြီး ၁၉၈၁ ကစလို့ လက်နက်ကိုင် တော်လှန်ရေးတွေ တခုပြီးတခု ပေါ်လာပါတယ်။ စစ်အာဏာရှင် သမတ ဗိုလ်ချုပ်ကြီး ဆီယာ့ဒ်ဘားကလည်း အပြင်းအထန် အကြမ်းဖက် အုပ်ချုပ်တဲ့ အတွက် ဆိုမာလီ ပြည်သူတွေ အရှင်လတ်လတ် ငရဲကျခဲ့ ရပါတယ်။ အစိုးရ ဌာနတွေလည်း လုပ်ငန်းတွေ မလည်ပတ်တော့၊ စစ်တပ်ထဲမှာလည်း ဖြုတ်ထုတ်သတ်တွေ ခဏခဏဖြစ်၊ ထိပ်ဆုံးက ဗိုလ်ချုပ်များနဲ့ မိသားစုတွေ အပြင် ဝန်ကြီး ဝန်ကလေးတွေ အရာရှိ ကြီးငယ်တွေ ကလည်း ရေရေလည်လည် ဘုံးကြ ခိုးကြ ရှိသမျှ အိပ်ထဲ ထည့်ကြပါတယ်။ ၁၉၉ဝ ရောက်တော့ မြို့တော် မိုဂါဒစ်ရှူး မှာ လူ ၄ ယောက်ထက် ပိုစုခွင့် မရှိသလို ဓာတ်ဆီ ဒီဇယ် ရှားပါး ပြတ်လပ်လို့ ဓာတ်ဆီဆိုင်တွေမှာ ကားတန်း အရှည်ကြီးတွေ တန်းစီနေ၊ ခေါက်ဆွဲ တကီလိုကို အမေရိကန် ၅ ဒေါ်လာဈေး အထိ ငွေဖောင်းပွ၊ ထမင်းဆိုင်မှာ စားဖို့ ပိုက်ဆံကို ဆာလာအိပ်နဲ့ သယ်သွားရ၊ ငွေအကြွေစေ့ မရှိတော့၊ ဘဏ်တွေ လုပ်ငန်းရပ်၊ တိုင်းပြည်ကို လာတဲ့ နိုင်ငံခြားသား မှန်သမျှ သေသေချာချာ စောင့်ကြည့်၊ နိုင်ငံခြားငွေ လဲလှယ်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်၊ နိုင်ငံခြားသားတွေ ဓာတ်ပုံ ရိုက်ခွင့်ပိတ်၊ ညဖက်ဆို တမြို့လုံး လျှပ်စစ်မီး မရှိ၊ ညဖက်မှာ အာဏာပိုင်တွေက အိမ်တွေဝင်စစ် ရှာဖွေ မွှေနှောက်ပြီး လူတွေ ဆွဲခေါ်သွား။ (ဒါတွေကိုတွေ့ရင် ဆင်တူနေတဲ့ အခြေအနေကို သတိရလိမ့်မယ် ထင်ပါရဲ့။)
၁၉၉ဝ-၉၁ မှာတော့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ တပ်ပေါင်းစု ဖွဲ့ပြီး အီသီယိုပီးယား နိုင်ငံ အကူအညီနဲ့ စစ်အာဏာရှင် သမတ ဆီယာ့ဒ်ဘားကို ဖြုတ်ချ နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ရဲ့ အကျိုးဆက်တွေက ပြင်းထန် လွန်းလှသလို တော်လှန်ရေး အဖွဲ့တွေ ကြားမှာလည်း ဂိုဏ်းဂဏစိတ်၊ လူမျိုးရေး စိတ်တွေ ကြီးလှတဲ့ အတွက် တိုင်းပြည်ဟာ နလံမထနိုင် မတည်ငြိမ်နိုင်ဘဲ ၁၉၉၂ ကနေ ၂ဝဝဝ ပြည့်နှစ်အထိ ကုလသမဂ္ဂက ဆိုမာလီယာနိုင်ငံကို “အစိုးရ မရှိတဲ့နိုင်ငံ" အဖြစ် တရားဝင် သတ်မှတ် ကြေညာ ခဲ့ရပါတယ်။ အခုတော့ အစိုးရရှိတဲ့ နိုင်ငံလို့ ပြန်သတ်မှတ်ပေမဲ့ အစိုးရဟာ နိုင်ငံရဲ့နယ်မြေ နည်းနည်းလေး ကိုဘဲ ထိန်းချုပ်နိုင်ပြီး အများစု နယ်မြေတွေကို စင်ပြိုင် စစ်ဘုရင်တွေ ဓားပြဂိုဏ်းတွေ (ပင်လယ်ဓားပြဂိုဏ်းတွေ အပါအဝင်) က ထိန်းချုပ် နေပါတယ်။
ကျနော်တို့တိုင်းပြည်နဲ့ ဆိုမာလီယာ မတူတဲ့ အဓိကအချက်က ဗမာပြည်မှာ လူထုက တခဲနက် ထောက်ခံထားတဲ့၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု လက်ခံထားတဲ့ အမြင်ကျယ် အဆင့်မြင့်ပညာတတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေတာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်အာဏာရှင်တွေ ခေါင်းမာမိုက်မဲမှု အလွန့်အလွန် ရှည်ကြာနေရင်တော့ နောက်ဆုံးမှာ ဆိုမာလီယာကိန်း ဆိုက်ဖို့ အလားအလာဘဲ ပိုများ ပါလိမ့်မယ်။
နေ့စဉ်သတင်းများ ( ၆ - ၁၀ - ၀၉)
■ ဦးဝင်းတင်ကို ရန်ကုန်အခြေစိုက် ဂျပန်သံရုံးမှ ဖိတ်ခေါ်ဆွေးနွေး သတင်း
■ ENC အထွေထွေအတွင်းရေးမှူး စာကို ဥက္ကဋ္ဌဖြစ်သူ ကန့်ကွက် သတင်း
■ မြန်မာ့လူ့အခွင့်အရေး ပိုဆိုးဝါးနေကြောင်း ကင်တားနား ပြောကြား သတင်း
■ စက်တင်ဘာတလအတွင်း နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး (၃၉) ဦး ဖမ်းဆီးခံရ သတင်း
■ အာဏာအလွဲသုံးစားမှု၊ လာဘ်စားမှုတွေနဲ့ ရဲမှူးများ အရေးယူခံရ သတင်း
■ ရဲချုပ်ခင်ရီသတင်း ဖိအားပေး ဖော်ပြခိုင်း သတင်း
■ အပစ်ရပ်နယ်မြေအတွင်း အစိုးရစစ်ယာဉ်တန်း ညဘက်ဖြတ်သန်း အကဲစမ်း သတင်း
■ ရွေးကောက်ပွဲဝင်ရေး ENC ကြေညာချက် တိုင်းရင်းသားခေါင်းဆောင်များ ဝေဖန် သတင်း
■ စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသူတဦး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာ သတင်း
■ နအဖအကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုများ ပြန်လည်လွတ်မြောက်သူတဦး ဖော်ထုတ် သတင်း
■ ဖောက်ခွဲရေးသင်တန်းတက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ သတင်း
■ ဖမ်းဆီးသံဃာများ ပြန်လွှတ်ရန် တောင်းဆိုစာများ စစ်တွေတွင် ဖြန့်ဝေ သတင်း
■ ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းသူများ ဖမ်းဆီးခံနေရ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းကို တိုးတက်နိုင်ဖွယ်ရှိဟု ပြောဆို သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နှင့် အယူခံကိစ္စဆွေးနွေးရန် သူ့ရှေ့နေအဖွဲ့ တွေ့ခွင့်တောင်း သတင်း
■ ကလေးများအခွင့်အရေးစောင့်ရှောက်ဖို့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို သတင်း
■ “မြေအောက်တော်လှန်ရေး” ဟစ်ပ်ဟော့ပ်သီချင်းခွေ ဖြန့်ချီ သတင်း
■ တောင်တွင်းကြီးတွင် မီးသတ်ကို စစ်သင်တန်းပေး သတင်း
■ ရဲရန်ပုံငွေအတွက် မော်တော်ဆိုင်ကယ်များ မဝယ်မနေရ လက်မှတ်ဝယ်ထိ သတင်း
■ မလေးရှားမှ ဌာနေပြန် မြန်မာများ ခြိမ်းခြောက်ငွေညှစ်ခံနေရ သတင်း
■ ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော သတင်း
■ တရုတ်စီးပွားရေးသမားများကြောင့် လယ်ယာမြေများ ရှားပါးလာ သတင်း
■ ပုဂ္ဂလိကဆေးရုံဖွင့်ခွင့် လိုင်စင်ပေးတော့မည် သတင်း
■ ဘီလူးစည်းလူ့စည်း (ဆောင်းပါး)
Tuesday, October 6, 2009
အန်ဂျီအို ဆိုတဲ့ အစိုးမရ
ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသား ပညာရှင်တွေ၊ အလွတ် သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေ ရှာသူတွေ ဖုံးလွှမ်း သွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့ သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော် ဆေးခန်း၊ (အကျဉ်းသား ကူညီရေး အဖွဲ့တို့လို) တက်ကြွ လှုပ်ရှားသူတွေဆီ မဖြစ်မနေ သွားကြလို့ ချောင်းပေါက် မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီ ကယ်ဆယ်ရေး အဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်း စာနာရေး တက်ကြွ လှုပ်ရှားသူတွေ၊ စေတနာ့ ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်း တမ်းတမ်း ဝါသနာ ပါသူတွေဟာ အနောက်တိုင်း အကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေ ထိုင်ရင်း ခေါင်းဖြတ် လူသတ်မှုတွေ အကြောင်း၊ ဒုက္ခသည် စခန်း ရန်ပုံငွေတွေ ဘုံးခံရတဲ့ အကြောင်း၊ နအဖ-ထိုင်း- စီအိုင်အေ ထောက်လှမ်းရေးတွေ အကြောင်း၊ မိုက်ကြေးခွဲ ငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေ အကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာ အကောင်းဆုံး အဆိုးဆုံး ဖြစ်ရပ်တွေကို ဖောက်သည် ချကြပါတယ်။
ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသား တွေမှာ ဘာမှ ကြောက်စရာ မရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ် အနောက်နိုင်ငံသား ဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည် တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့ အတွက် ဒီအန်ဂျီအို တွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို ငွေကြေး ထောက်ပံ့နေတဲ့ ဘန်ကောက် အခြေစိုက် အနောက်တိုင်း အန်ဂျီအို အဖွဲ့ကြီး တဖွဲ့က ဆေးခန်းရဲ့ ငွေကြေး သုံးစွဲပုံကို လာရောက် စစ်ဆေးရာမှာ ရုံးခန်းထဲ ထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန် အများကြီးယူ မေးမြန်း စစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲ ကိုတော့ ဒါလောက် အချိန်ယူ လှည့်လည် စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေး အတွက် လာစစ်ဆေး ကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံး ဟိုတယ်မှာ တည်းသွား ခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက် ရှာဖွေရေး ခရီးထွက်လာတဲ့ အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံး တခုက ဆိုရင် မယ်လ ဒုက္ခသည် စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင်ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။
အန်ဂျီအို စီမံခန့်ခွဲရေး အစီအစဉ်တွေဟာ စာရွက်ပေါ် ရေးထားတာ ကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့် ပကတိ အနေအထားအောက် အများကြီး ရောက်နေပါတယ်။ အစိုးရ မဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရ မဟုတ်သော’ ဆိုတဲ့ အဓိပ္ပာယ်က တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် လာနေတယ်လို့ မကျေနပ်တဲ့ အန်ဂျီအို ဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ချက်တွေ အတိုင်း လိုက်လုပ်တဲ့ အန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ်ရင် အစိုးရတွေ ဆီက ရန်ပုံငွေ မရဘဲ ဖြစ်တတ်ပါတယ်။
နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဘာသာရေး အသင်းကြီးတွေက အထောက် အပံ့ကို ဘိန်းစွဲသလို စွဲနေပြီ ဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ ကူညီရေး လုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေး လုပ်ငန်းကြီး တခု ဖြစ်နေပါပြီ။
အန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ၊ အကြံပေး ပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ် အပြင် တိုင်ပင်ခ အဖြစ် တရက်ကို ဒေါ်လာ (၁,၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေသခံ ဝန်ထမ်းတွေ အကြား မနာလိုတာတွေ ခွက်စောင်းခုတ် တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ ကူညီရေး အဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမ လစာတွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံ အရာရှိတွေနဲ့ ရုံးချုပ် ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက် ဧည့်ခံ စရိတ်တွေ၊ နေ့တွက် စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ ကူညီရမယ်ဆိုတဲ့ လူထုတွေ အတွက် ကူညီပေးစရာ ဘာမှ မကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်း စာနာရေး သမားတွေကတော့ ဒေသန္တရ အခြေအနေနဲ့ ကိုက်ညီတဲ့ လစာ နည်းနည်းလေး တွေနဲ့ အကျိုးဆောင် နေကြပါတယ်။
အန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ ပဓာန အလုပ်ဖြစ်ရေး ဝါဒက ဘေးဖယ် ထုတ်လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေး ကပဲ လွှမ်းမိုး သွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေ လုပ်တဲ့အခါ ပေါ်လစီ အပြောင်းအလဲ တွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက် နားလည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လစီတွေကို ‘ရာဘာ တံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံ ဝန်ထမ်းတွေက သမုတ်ကြပါတယ်။
မဲဆောက်မှာ အန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ပုလိပ် အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့် ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသား ဦးရေက တနှစ်ထက် တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး အပါအဝင် အန်ဂျီအိုတွေက အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာ အတော် နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်း လူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အန်ဂျီအိုတွေ၊ သတင်းထောက်တွေ အနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှု ကျူးလွန် ခံရသူတွေ အတွက် သက်သာရာ ရသွားစေတာ တွေ့ရပါတယ်။
အန်ဂျီအိုသမားတွေရဲ့ လူမှုရေးစုဝေးပွဲတွေကို လူတန်းစား ခွဲခြား ထားပါတယ်။ စီနီယာ အရာရှိကြီးတွေ၊ ဆရာဝန်တွေ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးတွေ၊ လစာကြီးကြီး ရတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေက အတူတူတွဲကြ၊ သီးသန့် ပါတီပွဲတွေ လုပ်ကြ၊ စားကြသောက်ကြ၊ နိုင်ငံခြားက သွင်းလာတဲ့ တန်ဖိုးကြီး အစားအစာတွေ မုန့်တွေ ဝိုင်တွေ စားသောက်ကြ၊ ရှေးဟောင်း ပစ္စည်းတွေ လိုက်ဝယ်စုကြ လုပ်ပါတယ်။ ဒေသလစာပဲ ရတဲ့ စေတနာ့ ဝန်ထမ်းသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ အလွတ် သတင်းထောက်တွေ ကတော့ သတ်သတ်တွဲကြ ပေါင်းသင်းကြပါတယ်။ နယ်စပ်မှာ နှစ်ကြာနေပြီ ဖြစ်တဲ့ ‘ဝါရင့်နိုင်ငံခြားသား’ တွေကလည်း တသီးတခြား နေကြပါတယ်။ လူသစ်တွေနဲ့ ပေါင်းလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။
အန်ဂျီအိုတွေဟာ နယ်စပ်မှာ အဓိက တာဝန်ရှိတဲ့ ကေအန်ယူလို အဖွဲ့အစည်း တွေကို အတင်းပလူးကြ ရောသောဖောသော လုပ်ကြပါတယ်။ တချို့က သူတို့ လုပ်ချင်သလို ဖြစ်မလာတဲ့ အခါမှာတော့ စိတ်ပျက်ပြီး ပြန်သွားကြပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းရဲ့သဘာဝ၊ လျှို့ဝှက်ရေး လိုအပ်ချက် စတာတွေကို သဘော မပေါက်တဲ့ အခါ တချို့က ကေအန်ယူကို သွားပုပ် လေလွင့်ပြော အပုပ်ချ ကဲ့ရဲ့တာတွေ ဖြစ်လာသလို တချို့ကလည်း ဘုရားလို တအားအထင်ကြီး ကြည်ညို လာတာတွေလည်း ရှိပါတယ်။ ဒီဘက်က အဖွဲ့အစည်းတွေက ပုံမှန်အတိုင်း ဆက်သွားနေပြီး အန်ဂျီအိုတွေက ပြောင်းလဲ သွားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေ၊ မြင့်မြတ်တဲ့ တန်ဖိုးစံတွေနဲ့ ရောက်လာတဲ့ အန်ဂျီအိုတွေက ထိုင်းရဲနဲ့ ထိုင်းအစိုးရပိုင်း အကျင့်ပျက်မှုကို မျက်စိမှိတ် နေတာ ဖြစ်လာသလို နယ်စပ်မှာ ကူညီ ထောက်ပံ့မှုတွေ ရပ်တန့်ပြီး အကျင့်ပျက် ခြစားမှုအပေါင်း သရဖူဆောင်းတဲ့ အာဏာရှင် လက်အောက်က ဗမာပြည်ထဲ လုပ်ငန်းရွှေ့သွားတာတွေလည်း ရှိပါတယ်။
ကရင်တွေကြားမှာ အန်ဂျီအိုတွေရဲ့ အလေးပေး မ,စ ခံရဖို့ ကြည့်မကောင်းအောင် အပြိုင်အဆိုင်တွေ ဖြစ်လာသလို တဖက်မှာလည်း အန်ဂျီအိုတွေက ကရင်တွေရဲ့ ထောက်ခံမှု ဂရုစိုက်မှု ခံရဖို့ ရုပ်ပျက် ဆင်းပျက်နဲ့ အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။ ဒီအခါမှာ ပစ်ပယ် ခံရသူတွေ ရှုံးနိမ့်သူတွေက တပ်ပေါင်းစု ဖွဲ့ကြ၊ နဂိုမူလ ကျွမ်းကျင် ပညာစံနှုန်းတွေ လူသားဝါဒ စံနှုန်းတွေ နေရာမှာ ပုဂ္ဂိုလ်ရေး ပြဿနာတွေ ရှေ့တန်း တင်လာကြပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေ တော်လှန်ရေး ခေါင်းဆောင်တွေ အကျင့်ပျက် ခြစားကြောင်း၊ ပျင်းရိ ထုံထိုင်းကြောင်း၊ ကိုယ်ကျိုး ကြည့်ကြောင်း၊ သက်ဦးဆံပိုင် အာဏာရှင်တွေ ဖြစ်တဲ့ အကြောင်း ပြောဆို ဝါဒဖြန့်ပြီး မိခင်နိုင်ငံတွေ ပြန်သွားကြပါတယ်။ ဘာမှ ပူညံပူညံ မလုပ်ဘဲ နယ်စပ် ဒေသမှာ နှစ်ရှည်လများ စေတနာ့ ဝန်ထမ်း အကျိုးပြုနေတဲ့ အနောက် နိုင်ငံသား ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေကို နှာခေါင်း ရှုံ့သွားကြပါတယ်။
နယ်စပ်က တိုင်းရင်းသားတွေ ရွှေ့ပြောင်းမြန်မာပြည်သား တွေကို ကိုယ်ကျိုးမငဲ့ဘဲ အလေးပေး ဂရုစိုက်တဲ့ အန်ဂျီအိုနဲ့ အနောက်တိုင်းသား အများအပြား ရှိသလို ရာထူး တက်လမ်း အတွက် သို့မဟုတ် ငွေရှာဖို့ အတွက်ပဲ ရောက်လာသူတွေလည်း မနည်းပါဘူး။ အန်ဂျီအိုတွေ အနေနဲ့ နယ်စပ်က လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဆေးမှူးတွေကို သင်တန်းတွေ ပေးတာကတော့ အင်မတန် အသုံးဝင် အကျိုးရှိတယ်လို့ အန်ဂျီအိုတွေနဲ့ တွဲလုပ်နေတဲ့ မြန်မာ တယောက်က ပြောပါတယ်။ အဲဒါတွေက လွဲရင် ကျန်တာတွေကတော့ အာပလာပဲလို့ ဆိုပါတယ်။
အန်ဂျီအိုတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ ဘာလိုအပ်တယ် ဆိုတာလည်း မသိသလို အန်ဂျီအိုတွေရဲ့ လစာတွေ၊ စရိတ်တွေ၊ စီမံခန့်ခွဲရေး ကုန်ကျမှုတွေကိုလည်း ပွင့်လင်း မြင်သာအောင် ထုတ်ပြန်တာ မရှိဘူးလို့ နယ်စပ်က တိုင်းရင်းသား တယောက်က ပြောပါတယ်။ ကားတွေ၊ အိမ်ကြီး အိမ်ကောင်းတွေ၊ အိမ်ဖော်တွေ၊ ကွန်ပျူတာတွေ၊ ဗွီဒီယို ကင်မရာတွေ၊ ညတိုင်း စားသောက်ဆိုင် ထွက်စားတာ တွေဟာ နိုင်ငံခြားသား အားလုံးရဲ့ ဘဝ လက္ခဏာလို ဖြစ်နေတယ်၊ ဒါဟာ တချိန်က ကိုလိုနီ အရှင်သခင်တွေ လိုပဲလို့ အဲဒီလူက စွပ်စွဲပါတယ်။ အဲသလို ဇိမ်ခံနိုင်စေတဲ့ ငွေတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ အတွက် လှူဒါန်းထားတဲ့ ငွေတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတွေကို သင်တန်းပေးဖို့ အတိုင်ပင်ခံ ပညာရှင်တွေကို ကြေးကြီးပေးခေါ်ပြီး အဲဒီဆရာတွေ ပြန်သွားတဲ့အခါ ဒေသခံတွေ အတွက် သုံးစွဲ ကုန်ကျခံဖို့ ငွေကတော့ ဘယ်တော့မှ လောက်လောက်ငင မရှိပါဘူး။
တချို့အန်ဂျီအိုတွေက နအဖလေသံ အတိုင်း၊ ကေအန်ယူဟာ ဒုက္ခသည်တွေကို အသုံးချနေတယ်၊ ဒုက္ခသည် ဆန်တွေကို ကရင် စစ်သားတွေ စားဖို့ ယူတယ်၊ အန်ဂျီအို ဆေးဝါးတွေကို ကရင်ဆေးမှူးတွေ ရှေ့တန်း ထွက်တဲ့အခါ ယူသုံးတယ်၊ ရှေ့တန်းက ပြန်နားရင် ဒုက္ခသည် စခန်းမှာ ပြန်အနားယူတယ်၊ မိဘမဲ့ ကရင် ကလေးငယ်တွေကို ကလေးစစ်သား လုပ်ခိုင်းတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ လူမျိုးကြီး ဝါဒ သမား ရန်သူနဲ့ စစ်ခင်းနေရတဲ့ လူမျိုးတမျိုးမှာ ရွေးချယ်စရာ သိပ်မရှိတာကို မေ့နေကြပုံ ပေါက်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မြဟာ ကရင်လူထု အကျိုးကို မကြည့်ဘဲ ဇွတ်အတင်း စစ်တိုက် ခိုင်းနေတယ်၊ ကရင် လူကြီးတွေဟာ တော်လှန်ရေးကို အသုံးချပြီး ငွေရှာ နေကြတယ်လို့လည်း အန်ဂျီအိုတွေက နောက်ကွယ်မှာ ပြောကြပါသေးတယ်။ တကယ်တော့ ဗိုလ်ချုပ်မြဟာ နိုင်ငံရေး ပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်မယ့် အပစ်အခတ် ရပ်စဲရေးကို အင်မတန် လိုလားသူဖြစ်ပါတယ်။ ရှေ့က သွားနှင့်တဲ့ အပစ်ရပ် အဖွဲ့တွေ ထွက်ပေါက် ပိတ်နေတဲ့ သင်ခန်းစာကို ယူထားသူ ဖြစ်ပါတယ်။ အန်ဂျီအိုတွေက အာဏာရှင် ဆန်တယ်လို့ ပြောခံရတဲ့ ဗိုလ်ချုပ်မြဟာ ကရင်မဟုတ်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ ကျောင်းသားတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေး သမားတွေကို ကရင်ဌာနချုပ် မာနယ်ပလောမှာ လက်ခံ နေရာချပေးခဲ့တာ ဖြစ်ပါတယ်။
“ဒီအန်ဂျီအိုတွေဟာ နိုင်ငံရေး နားမလည်ဘူး။ သူတို့ ရာထူးတက်ဖို့ သူတို့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျုပ်ကို ဝေဖန် အပြစ်တင်နေတာ ဖြစ်တယ်။ ဒီလူတွေဟာ သူတို့ အကျိုးပဲ သူတို့ကြည့်တယ်။ ကျုပ်တို့ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ထည့် မစဉ်းစားဘူး။ … ကျုပ်တို့က ငြိမ်းချမ်းရေးကို ပစ်ပယ်ပြီး ဂုဏ်သိက္ခာကို ထိန်းနေတာ မဟုတ်ဘူး။ တရားမျှတမှု မရှိတဲ့ ငြိမ်းချမ်းရေး ဆိုတာ အလကားမို့လို့ သိက္ခာကျခံပြီး ငြိမ်းချမ်းရေး မလုပ်တာ” လို့ ဗိုလ်ချုပ်မြက ပြောခဲ့ဖူးပါတယ်။
အန်ဂျီအိုတွေဟာ ကရင်တွေကို ကူညီရာမှာလည်း ဓာတ်ပုံထဲမှာ မြင်မကောင်းမယ့်၊ ငွေရှာ မရမယ့် လုပ်ငန်းမျိုးကို မကူညီချင် သလို ကရင် တော်လှန်ရေး တပ်နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ကူညီဖို့ ငြင်းဆန်ကြပါတယ်။ ကရင်တပ်ဟာ ကရင်ပြည်သူတွေကို ကာကွယ်ဖို့ လက်နက် ကိုင်ထားရတာ ဖြစ်ပေမယ့် အန်ဂျီအိုတွေက ကရင်တပ်နဲ့ ကရင်လူထုကို ခွဲထုတ် နေတာလည်း တွေ့ရပါတယ်။
ကရင်တွေနဲ့ နယ်စပ်ဒေသက တခြားအဖွဲ့အစည်း တွေက အန်ဂျီအို တဖွဲ့နဲ့ တဖွဲ့ကြား ကစားကြသလို အန်ဂျီအို တချို့ကလည်း ဝန်ထမ်းအင်အား နည်းနည်းလေးပဲ စိုက်ထုတ်၊ ဗမာပြည် အရေးအတွက် ငွေနည်းနည်းပဲ အကုန် ခံပြီးနောက် နယ်စပ်က ရလာတဲ့ လူမှုရေး၊ ကျန်းမာရေး၊ အိဒ်စ်ရောဂါ၊ မြေမြုပ်မိုင်း စတဲ့ အချက် အလက်တွေကို သူတို့ အစီရင်ခံစာတွေထဲ ထည့်ပြီး ကိုယ့်အတွက်ကိုယ် ငွေရှာကြတယ်လို့ နယ်စပ်ကူညီရေး အန်ဂျီအို တခုက ဝါရင့်ဝန်ထမ်း ကက်သလင်းက ပြောပါတယ်။ ကရင်စခန်း တခုခုကို အတင်းတောင်းလည်၊ အဝတ်အစား လုံလုံလောက်လောက် မရှိလို့ ရှိတဲ့ အဖေ၊ ဦးလေး၊ အစ်ကို ယူနီဖောင်းအဟောင်း ကောက်ဝတ်ထားတဲ့ ကလေး တယောက်ယောက် တွေ့ရင် ဓာတ်ပုံ ရိုက်သွားပြီး ကရင်ကလေး စစ်သားအကြောင်း ဇာတ်လမ်းလုပ် သတင်း ထုတ်တာတွေလည်း ရှိပါတယ်။ တိုက်ပွဲ အတုတပွဲ ဆင်ရိုက်ချင်လို့ ကျည်ဆန်ဖိုး၊ ဝက်သွေး၊ အမဲသွေးဖိုး ပေးမယ်၊ ဘတ် (၃၀,၀၀၀) ပေးမယ်လို့ ကမ်းလှမ်းတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။
အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ထားတဲ့၊ မဲဆောက်မှာ အသစ် လာဖွင့်တဲ့ နိုင်ငံတကာ ကူညီရေး အန်ဂျီအို တခုဆိုရင် ဒါရိုက်တာကို ဧရာမ လစာပေး၊ ဝန်ထမ်း အသစ်တွေ တလှေကြီးခန့်၊ ရုံးကားတွေ အများကြီးဝယ်၊ အဲကွန်း ရုံးခန်းတွေငှား လုပ်လိုက်တဲ့ အခါ သူတို့ တာဝန်အဖြစ် သတ်မှတ်ထားတဲ့ မိသားစု ကျန်းမာရေး အစီအစဉ်တွေ လုပ်ဖို့ ပိုက်ဆံ မကျန်တော့ပါဘူး။ ဒီလိုနဲ့ ကွန်ဒွမ်မပါရင် လိင်မဆက်ဆံဖို့ ဟောပြောတာပဲ လုပ်နိုင်ပြီး ကွန်ဒွမ်တွေ၊ သန္ဓေ တားဆေးတွေ တခုမှ အခမဲ့ မဝေနိုင်တော့ဘူးလို့ ကက်သလင်းက ပြောပါတယ်။
၂၀၀၀ ပြည့်နှစ်တုန်းက အရှေ့တီမောမှာလည်း ကုလသမဂ္ဂနဲ့ အန်ဂျီအို တွေက ရန်ကုန် ကီလီ ဆိပ်ကမ်းက ဇိမ်ခံရေပေါ် ဟိုတယ် သင်္ဘောကြီးကို စင်းလုံးငှားပြီး တီမော ပြန်လည် ထူထောင်ရေး လုပ်ခဲ့တာ တီမောပြည်သူတွေ ရတဲ့ငွေထက် သင်္ဘောငှားခက ပိုကြီးတယ် လို့တောင် အသံ ထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွက် အခန်းခ တညကို ဒေါ်လာ (၁၆၀) ပေးငှားထားတဲ့ ဒီသင်္ဘောမှာ တီမောလူမျိုး ဟိုအလုပ်သမားတွေက လုပ်ခအဖြစ် တရက်ကို အများဆုံး (၃) ဒေါ်လာပဲ ရခဲ့ပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းတွေကတော့ လစာအပြင် တရက်ကို နေ့တွက်စရိတ် ဒေါ်လာ (၁၀၀) ကျော်လည်း ရခဲ့ကြပါတယ်။
ဆောင်းပါးရှင် အလန်ဒေါ်ဆင်က ၂၀၀၄ ခု ဒီဇင်ဘာ (၁၀) ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ နိုင်ငံတကာ အန်ဂျီအို အဖွဲ့ချုပ်ကြီး IFNGO က ဗမာပြည်မှာ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အစည်းအဝေးတွေ ဝပ်ရှော့တွေ လုပ်ခဲ့ပုံကို ဖွင့်ချခဲ့ရာမှာ ‘သာယာလှပတဲ့’ ကြယ်ငါးပွင့် ဟိုတယ်တွေမှာ တည်း၊ ဝေဝေဝါးဝါး ဘဏ္ဍာရေး မှတ်တမ်းတွေ လုပ်ထားတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ အန်ဂျီအို အများစုဟာ အစိုးရတွေရဲ့ လက်ခွဲလုပ်ငန်း outsourcing ဖြစ်နေပြီလို့လည်း သတ်မှတ်ခဲ့ပါတယ်။
အဲဒီ အန်ဂျီအိုတွေဟာ စစ်အုပ်စုရဲ့ မတရား လုပ်ရပ်တွေ၊ ဒေါ်အောင်ဆန်း စုကြည်ကို အကျဉ်းချထားတာ၊ မူးယစ်ဆေးဝါး ဝင်ငွေ အပေါ် ရပ်တည် မှီခိုနေတာတွေကို လျစ်လျူရှု ထားတယ်လို့ ဒေါ်ဆင်က ရေးခဲ့ပါတယ်။ “အန်ဂျီအို ဧရာမ အစုအဝေးကြီး တခုဟာ အာဆီယံ နိုင်ငံတွေထဲမှာ မူးယစ်ဆေးဝါး အသောင်းကျန်းဆုံး၊ မူးယစ်ဆေးဝါး အားအကိုးဆုံး တိုင်းပြည်ကို သွားပြီး အဲဒီက ကြယ်ငါးပွင့် ဟိုတယ်မှာ မနက်စာဘူဖေး အဝစား စနစ်နဲ့ ဗိုက်ဝ ဇိမ်ကျနေခဲ့တယ်” လို့ ရေးခဲ့ပါတယ်။
ဒီအချက်အလက်တွေကို သြစတြေးလျနိုင်ငံသား အလွတ် သတင်းထောက် ဖီလ်သော်န်တန်က “ဂနာ မငြိမ်သော ဝိညာဉ်များ” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ထုတ် ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က သတင်းစာဆရာကြီး လူထုစိန်ဝင်းက မြန်မာ လူငယ်တွေကို အန်ဂျီအို လုပ်ငန်းနဲ့ ပတ်သက်ပြီး သတိပေး ခဲ့တာကို မခံမရပ်နိုင်သူ တချို့က ဆတ်ဆတ်ခါ ပြန်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင် လုပ်ကိုင်ခဲ့သူ (ဇနီးဖြစ်သူ ထိုင်းအမျိုးသမီး ကလည်း မယ်တော်ဆေးခန်းမှာ စေတနာ့ ဝန်ထမ်း လုပ်အား ပေးနေသူ) မျက်နှာဖြူ သတင်းထောက် ကိုယ်တိုင်က အန်ဂျီအိုတွေ အကြောင်း စာအုပ် ရေးထား တာကတော့ ဆရာ လူထုစိန်ဝင်းကို ထောက်ခံ နေပါတယ်။
အန်ဂျီအို ဆိုတာ ‘အစိုးရမဟုတ်သော အဖွဲ့အစည်း’ လို့ အဓိပ္ပာယ် ထွက်တာကို အများသိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ တချို့ကတော့ လုပ်ချင်သလို လုပ်နေတဲ့ ‘အစိုးမရသော အဖွဲ့အစည်း’ ဖြစ်နေတာကို အထက်မှာ တင်ပြခဲ့တဲ့ အတိုင်း တွေ့နေရပါတယ်။
ရည်ညွှန်း။ ။ သြစတြေးလျသတင်းထောက် Phil Thornton ၏ Restless Souls စာအုပ်။
(၂၀၀၆ ခုနှစ်က ထုတ်တဲ့ စာအုပ်ဖြစ်လို့ အခုအချိန်မှာ အခြေအနေ အချက် အလက်တချို့ ပြောင်းလဲကောင်း ပြောင်းလဲ နေနိုင်ပါတယ်။)
Ref: ခေတ်ပြိုင်
နေ့စဉ်သတင်းများ ( ၅ - ၁၀ - ၀၉)
■ ဒေါ်အောင်ဆန်းစုကြည်အယူခံ ပယ်ခံရတာကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှုထိခိုက် သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စ တွေ့ဆုံဆွေးနွေးခွင့် အဖွဲ့ချုပ် တောင်းဆို သတင်း
■ စစ်အစိုးရခေါင်းဆောင်ကို မိစ္ဆာဒိဌိအဖြစ် ကြေညာ သတင်း
■ တတိယအကြိမ် သပိတ်ကံဆောင်တာ အောင်မြင်တယ်လို့ သံဃာ့တပ်ပေါင်းစု မိန့်ကြား သတင်း
■ တန်ဖဲကျေးရွာတွင် (၄၈) နာရီကြာ မနားတမ်း ဆုတောင်းပွဲ ကျင်းပ သတင်း
■ ကော့သောင်းတွင် မိုးကြီး မြေပြို၍ သံဃာ (၃) ပါး ပျံလွန်တော်မူ သတင်း
■ တပ်အသွင်ပြောင်းရေး KIO အပေးအယူ ပြုလုပ်လို သတင်း
■ သျှမ်းပြည်တပ်မတော် လက်နက်ချမည်ဟု မိုင်းတုံဗမာ့စစ်ဗျူဟာမှူး ၀ါဒဖြန့် သတင်း
■ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၅) နှစ်ပြည့် အခမ်းအနားတွင် ရဲချုပ်ခင်ရီ တက်ရောက်ခြင်းမရှိ သတင်း
■ မြန်မာ့အရေး အမေရိကန်မူဝါဒသစ် ကြားနာစစ်ဆေးပွဲ ကောက်နုတ်ချက် သတင်း
■ အမေရိကန်ပေါ်လစီနှင့် ပတ်သက်၍ ဆွေးနွေးယူဆချက်များ သတင်း
■ ဗမာစစ်သားချင်း ရန်ဖြစ်၊ အချင်းချင်းပစ်သတ်၊ (၅) ယောက်ထက်မနည်း သေဆုံး သတင်း
■ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ ခြံစည်းရိုးကာရံမှု ထပ်မံပြုလုပ် သတင်း
■ နေပြည်တော်တွင် ဆရာများနေ့ အခမ်းအနား ကျင်းပ သတင်း
■ နိုင်ငံတကာသုံး တယ်လီဖုန်းတွေ အသုံးပြုခွင့်ပေးတော့မယ် သတင်း
■ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ထိုင်းကုမ္ပဏီ သန်း (၃၀) ရှေ့ပြေးကုန်ကျထား သတင်း
■ အမျိုးအမည်မသိ တုပ်ကွေး ကရင်ဒေသခံ (၅၀၀) တွင် ဖြစ်ပွားနေ သတင်း
■ ကျေးလက်တွင် ဆိုလာပါဝါက လျှပ်စစ်ဓာတ်အားနေရာ အစားထိုးလာ သတင်း
■ နာဂစ်မုန်တိုင်းသင့် ဒေသများရှိ စပါးခင်းများတွင် ကြွက်များ ပိုမိုဆိုးဝါးလာ သတင်း
■ သျှမ်းအကြောင်း သုတေသနညီလာခံ ချူလာလုံးကွမ်းတက္ကသိုလ်၌ ကျင်းပမည် သတင်း
■ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေ သတင်း
■ ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်ပါဖို့ မြောက်ကိုရီးယား စဉ်းစား သတင်း
■ နယူးယောက်မြို့က မြန်မာအချို့ကို ကြပ်ပြေးနေပြည်တော်က မကျေမနပ်ဖြစ်နေ သတင်း
■ အဓမ္မ ဖိအားပေးလျှင် ငြိမ်းချမ်းရေးပျက်နိုင်ဟု KIO ပြော သတင်း
■ ဒီမိုကရေစီအရေးလှုပ်ရှားသူ အမျိုးသမီးများ ထိန်းသိမ်းခံရ သတင်း
■ နအဖက နျူကလီးယားလက်နက်ထုတ်ဖို့ မရည်ရွယ် သတင်း
Monday, October 5, 2009
သို့ - မစ္စတာ ဂျင်ဝက်ဘ် ထံ မှ တဆင့်
အောက်တိုဘာ ၂၊ ၂၀၀၉
ကမ္ဘာအနှံ့အပြားမှာ
အကြမ်းဖက်သမားတွေကို လိုက် ရှာနေပြီး
အိမ်ဦးခန်းမှာ လူသတ်သမားတွေကို ထမင်းဖိတ်ကျွေးနေတဲ့
အို - အမေရိကား …
လူ ထူထူမှာ
လူရှိန်အောင် စစ်ပွဲလှလှတွေကို
ထည်လည်း တွဲပြတတ်သူ လူချောလူလှ အမေရိကား
သင့်မြို့လယ် ပန်းခြံတွေမှာ သင့်နိုင်ငံသား ဆယ်ယောက်လောက်က
စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ကျင်းပနေပြီး
သင့်ငယ်ထိပ်မှာ
ဒုံးကျည်ထိပ်ဖူးတွေကို ကွန်ဒုံးလို စွပ်ထားသူ အမေရိကား
အထည်ကြီးပျက်မို့ သွေးသိပ်ပျက်နေသလား အမေရိကား
ခင်ဗျားနဲ့ ကျနော့်ကြားမှာ
အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးပဲ ရှိတဲ့ အမေရိကား
ငါ့ကို အရက်ဖြတ်ဖို့ မပြောခင်
အီရတ်စစ်ပွဲကြီးကို အရင် ရပ်ပေးပါ အမေရိကား
ချောင်းနေတဲ့နဂါးနဲ့ ၀ပ်နေတဲ့ကျား သိုင်းကြမ်း ဇာတ်တော်ကြီးမှာ
ငထွားကခါးနာမှု ၀ါဒနဲ့ စေ့စပ်ဒူးထောက်ရေး ဘုရားကု ငါတို့တိုင်းပြည်ကို ကုပေးမလို့လား
အမေရိကား …
ဖနောင့်နဲ့ပေါက်သူကို
ဖိနပ်ကလေးနဲ့ ပြန်ပေါက်မိသူတွေလည်း တရားပါတယ်နော် အမေရိကား …
ခင်ဗျားနဖူးအမာရွတ် ခင်ဗျားတော့
အာဖဂန်မှာ မြေလှန်ရှာတုံး
ခင်ဗျားကိုယ်တိုင်တော့
မြွေပွေးနဲ့ သွေးကြွေးမှာ
ဖြေဆေးမရှိခဲ့ဘူး မဟုတ်လား
အိုဘယ့် ဘယ် … အိုဘယ့်
အသင် အမေရိကား။ ။
(၁၊ အောက်တိုဘာ၊ ၂၀၀၉)
Ref: မိုးမခ
နေ့စဉ်သတင်းများ ( ၄ - ၁၀ - ၀၉)
■ ရွေးကောက်ပွဲဝင်သင့် မ၀င်သင့် ပါတီတွင်း အကွဲအပြဲမဟုတ်၊ စဉ်းစားပုံ ကွဲပြားခြင်းသာဖြစ် သတင်း
■ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ ပါဝင်မှမဟုတ် သတင်း
■ ရန်ကုန်တိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးများ အဖမ်းခံရ သတင်း
■ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဂျပန်နိုင်ငံ တိုက်တွန်း သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကိုယ်စားလှယ် တွေ့ဆုံခဲ့မှု အဖွဲ့ချုပ် ကြိုဆို သတင်း
■ စစ်အစိုးရနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းရှိဟု NLD ယူဆ သတင်း
■ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ ဆုတောင်း ဆန့်ကျင်ကြ သတင်း
■ သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့် အထူးအစီအစဉ်ကို ဒီဗွီဘီက စီစဉ်ထုတ်လွှင့်မည် သတင်း
■ ကုလစစ်ဆေးရေးမှူးတွေ နျူကလီးယားစက်ရုံသစ် စစ်ဆေးဖို့ အီရန် သဘောတူ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ဆိုင်ရာ သတင်းများ သတင်း
■ ရန်ကုန်၊ မန္တလေး၊ စစ်တွေမြို့တွေမှာ ဆုတောင်းပွဲပြုလုပ် သတင်း
■ မြန်မာစစ်အစိုးရအနေနဲ့ ၀ တပ်ဖွဲ့များကို တိုက်ခိုက်နိုင်ကြောင်း ဝေဖန်နေကြ သတင်း
■ ဘုရားသုံးဆူဒေသမှာ နအဖ စစ်ရေးပြင်ဆင်မှု တိုးလာ သတင်း
■ ချင်းမိုင်မြို့က မြန်မာသီတင်းကျွတ် သတင်း
■ ကျပ် (၅၀၀၀) တန် ထုတ်ဝေမှုအပေါ် ပြည်သူများ စိုးရိမ်မကင်းဖြစ် (ရုပ်သံသတင်း)
■ ရဲများနဲ့ ရန်ကုန်၊ (၅) ထောင်တန်ဂယက်၊ စာပေစိစစ်ရေး သတင်း
■ ၁၉၇၀ ခေတ်လွန်ကာလ သီတင်းကျွတ် (ဆောင်းပါး)
■ လွတ်ငြိမ်းချမ်းသာခွင့် (အသံလွှင့်ဆောင်းပါး)
Sunday, October 4, 2009
နေ့စဉ်သတင်းများ ( ၃ - ၁၀ - ၀၉)
■ ကမ္ဘာအေးကုန်းမြေတွင် မြန်မာသံဃာတော်တို့ သပိတ်မှောက်ကံဆောင်ခြင်း ပြုလုပ်ဟုဆို သတင်း
■ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ကျင်းပ သတင်း
■ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာက ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွေ သတင်း
■ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် ဦးဝင်းတင်၏ တုံ့ပြန်ချက် သတင်း
■ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကုလလူ့အခွင့်ရေးကောင်စီ တောင်းဆို သတင်း
■ နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် လူ့အခွင့်အရေးကောင်စီ တောင်းဆို သတင်း
■ ဘုရားသုံးဆူဒေသမှာ နအဖ စစ်ရေးပြင်ဆင်မှု တိုးလာ သတင်း
■ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပါဝင်သင့်လို့ အကြံပြု သတင်း
■ ကိုညီညီအောင်အမှုလိုက်ဖို့ အမေရိကန်သံရုံးရဲ့ ကမ်းလှမ်းချက် သတင်း
■ မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးများအတွက် စာသင်ကျောင်း သတင်း
■ နာဂစ်ကယ်ဆယ်ရေး သုံးပွင့်ဆိုင်အဖွဲ့ ထုတ်ပြန်ကြေညာချက် သတင်း
■ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုညှိနှိုင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ်များ တိုက်တွန်း သတင်း
■ အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ မုန်တိုင်းကျ ရေကြီး၊ လူအသေအပျောက်များ သတင်း
■ အင်ဒိုငလျင် အပျက်အစီးအောက် လူ (၃၀၀၀) ကျော် ပိတ်မိနေ သတင်း
■ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား သတင်း
■ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နာဂစ်ဒေသသွားရန် စီစဉ် သတင်း
■ ဒုက္ခသည်များ ပိုမိုလက်ခံရေး ပြင်ဆင်ထားရန် ထိုင်းကို အစီရင်ခံစာက တိုက်တွန်း သတင်း
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88