Saturday, October 16, 2010

နေ့စဉ်သတင်းများ ( ၁၆ - ၁၀ - ၂၀၁၀ )

ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ဝေဖန် သတင်း
ကုလနဲ့ ပူးပေါင်းလုပ်ကိုင်မှု အားနည်းလို့ မြန်မာအပေါ် ကုလအတွင်းရေးမှူးချုပ် စိတ်ပျက် သတင်း
မြန်မာအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေးကိစ္စ ထောက်ခံဖို့ အင်ဒိုနီးရှားကို HRW တိုက်တွန်း သတင်း
စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့အတွင်း ပြောင်းလဲမှုရှိ သတင်း
အကျဉ်းသား (၁၀၀) လွှတ်၊ နိုင်ငံရေးအကျဉ်းသား မပါ သတင်း
မန္တလေးထောင်က အကျဉ်းသား (၅) ထောင်ကျော် သီတဂူဆရာတော်ကြီး အလှူပေး သတင်း
သီတဂူဆရာတော် အိုးဘိုထောင် အကျဉ်းသားတွေကို ဒါနပြု သတင်း
အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင်နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၁) သတင်း
ဗိုလ်မှူးရွှေမန်းနှင့် ဗိုလ်မှူးကီးသို့ အိတ်ဖွင့်ပေးစာ (ဆောင်းပါး)
ရွေးကောက်ပွဲပေါ် စိတ်ဝင်စားမှု အားနည်း သတင်း
ရွေးကောက်ပွဲဝင် ပါတီများ ဂျာနယ်တွေထဲမှာ ကြော်ငြာထည့်ပြီ၊ ပါတီကို ထောက်ပံ့သူများအကြောင်း အသံ ထွက် သတင်း
၂ဝ၁ဝ ရွေးကောက်ပွဲ ကျောင်းသားလူငယ်များ အသံ သတင်း
လွတ်ရက်စေ့ အကျဉ်းသားများထံမှ ကြိုတင်မဲ ကောက်မည် သတင်း
ပြည်ပရောက် မြန်မာများထံမှ ကြိုတင်မဲကောက် သတင်း
NDF မဲဆွယ်မှု ရပ်ကွက်ကော်မရှင် နှောင့်ယှက် သတင်း
ကြံ့ခိုင်ရေးပါတီ ထောက်ခံကြောင်း အပြောကြောင့် မြို့တော်ဝန် ဈေးဖွင့်ခွင့်ပေး သတင်း
“မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြ” ဟုဆိုကာ လွှတ်တော်အမတ်လောင်းများက လှည့်လည်စည်းရုံး သတင်း
မိတ္ထီလာမှာလည်း ဆည်ဖောက်လို့ ရေကြီးနေ သတင်း
ဆန္ဒပြ မြန်မာအလုပ်သမား (၃၀၀) ကျော် မဲဆောက်သို့ ရောက် သတင်း
သစ်တော မထိန်းသိမ်းလျှင် စားနပ်ရိက္ခာ မဖူလုံနိုင် သတင်း
အမေရိကန် ဖျော်ဖြေပွဲတွေမှာ ဆန္ဒပြခံရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သဘောထား သတင်း
စစ်ဝါဒဖြန့် သရုပ်ဆောင် ခန့်စည်သူ သြစတြေးလျ၊ ပါ့သ်ဖျော်ဖြေပွဲသို့ မရောက်လာသေးဟု ဆို သတင်း
ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်လောင်းများကို မိုးကြိုးပစ်၍ လူထုများ ၀မ်းမြောက် သတင်း
ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး အမေရိကန်တွင် ထောင် (၃) နှစ်ကျ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် တည်ရှိနေကြောင်း ကြေညာချက်ထုတ်ပြန် သတင်း
ဝါစိမ်းနီနဲ့ ကြယ်ဖြူအလံတော်သစ် တသိန်းခွဲကို အောက်တိုဘာ (၂၁) ရက်နေ့အပြီး ချုပ်နေ သတင်း
သမိုင်းဘီးကို နောက်ပြန်မလှည့်နဲ့ (ဆောင်းပါး)
မန္တလေးမြို့သစ်က ရေကြီးခဲ့တဲ့ ရပ်ကွက်များ အခြေအနေ နောက်ဆုံးသတင်း သတင်း
မြန်မာငွေ တန်းဖိုးတက်၍ ဘင်္ဂလာသို့ မြန်မာ့ကုန်ပစ္စည်း ဝင်ရောက်မှုနည်းပါး သတင်း
ဗိုလ်ချုပ်သန်းရွှေ၏ မြေးများ ဂျာနယ်တွင် ကြော်ငြာထည့် သတင်း
တပင်တိုင် ရွှေမင်းသမီး ရခိုင်သီးချင်းခွေ ထွက်ပြီ သတင်း
သတင်းထဲက ဂဏန်းများ သတင်း

Friday, October 15, 2010

ရွေးကောက်ပွဲသာ တခုတည်းသောလမ်းကြောင်းဟု ဒေါ်အောင်ဆန်းစုကြည်လက်မခံ

2010-10-15

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင် ရှေ့နေတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ စစ်အစိုးရ တဖက်သတ် စီစဉ်ထားတဲ့ ရွေးကောက်ပွဲကသာ တခုတည်းသော လမ်းကြောင်းဖြစ်တယ် ဆိုတာကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း ပြောဆိုလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့၊ မြန်မာနိုင်ငံမှာ ၉၀ ပြည့်နှစ်က ရွေးကောက်ပွဲ လုပ်တယ်။ NLD အပြတ်အသတ် နိုင်တယ်။ အစိုးရက မကြိုက်ဖူး။ မကြိုက်တော့ အသိအမှတ်မပြုဘူး။ အဲဒီတော့ ကိုယ်မကြိုက်ရင် အသိအမှတ်မပြုဘူး၊ ကိုယ်ကြိုက်တဲ့ ရွေးကောက်ပွဲ အခုလုပ်မှာ။ အဲဒီ

Read More...

နေ့စဉ်သတင်းများ ( ၁၅ - ၁၀ - ၂၀၁၀ )

အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံမူဝါဒ မပြောင်းလဲဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည် သတင်း
NLD ခေါင်းဆောင်များကို ရှေ့နေဦးအေးမြင့် စွပ်စွဲဝေဖန် သတင်း
စစ်အစိုးရကို စစ်ဆေးရေး ဂျပန်ထောက်ခံဖို့ မေတ္တာရပ်ခံစာပို့ သတင်း
မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအပေါ် ကုလနှင့် အာဆီယံတို့ သုံးသပ်ချက်များ သတင်း
မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တပ်မဖြန့်ရ၊ တနေရာတည်းမှာနေဖို့ စစ်အစိုးရ ညွှန်ကြား သတင်း
KIO ကို သောင်းကျန်းသူလို့ ပြန်ခေါ် သတင်း
စစ်အစိုးရကို ကေအိုင်အေကို သောင်းကျန်းသူအဖြစ် ပြန်လည်ခေါ်ဝေါ် သတင်း
မြန်မာ-လာအိုနဲ့ အိမ်နီးချင်းများ သတင်း
နိုင်ငံတော်အလံသစ် တသိန်းခွဲ အမြန်ချုပ်လုပ်ရန် ညွှန်ကြား သတင်း
သခင်အုန်းမြင့် ကွယ်လွန်ခြင်း တလပြည့် မိသားစုက ဖိတ် သတင်း
ရွေးကောက်ပွဲသာ တခုတည်းသော လမ်းကြောင်းဟု ဒေါ်အောင်ဆန်းစုကြည် လက်မခံ သတင်း
ပြည်သူ့ဆန္ဒကို မပျယ်ဖျက်ချင်လို့ ရွေးကောက်ပွဲ မ၀င်တာလို့ ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
စီအာရ်ပီပီက ရွေးကောက်ပွဲဆန့်ကျင်ရေး လှုံ့ဆော်ဆဲ သတင်း
အဖွဲ့ချုပ်၏ မဲမပေးရေး စည်းရုံးရေးအဖွဲ့ ကချင်ပြည်နယ် ရောက် သတင်း
လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ကြဖို့ သတင်း
ကျောခိုင်း ထွက်လာကြပါ သတင်း
ဝန်ထမ်းများ မဖြစ်မနေ မဲပေးရမည်ဟုဆို သတင်း
ကြံ့ခိုင်ရေးကို မဲပေးဖို့ ညွှန်ကြားချက် ရဲတွေ လက်မခံ သတင်း
အကျိုးစီးပွားအရ ကြံ့ဖွံ့ကို လက်ခံနေရသော်လည်း မဲပေးမည်မဟုတ် သတင်း
စစ်အစိုးရကြံ့ဖွံ့ပါတီက ကချင်ခရစ်ယာန်များအား ငွေပေးပြီး မဲဆွယ်စည်းရုံး သတင်း
ရပ်ကွက်ဆင်းနေကြတဲ့ တကိုယ်တော် အမတ်လောင်းများ သတင်း
မဲကော်မရှင်နှင့် မဲရုံလုပ်ငန်းတွင် ရပ်ကွက်နှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ အဓိကပါဝင် သတင်း
မဲပေးခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းတွေ စိတ်ဝင်စားသူ နည်းပါး သတင်း
မဲမပေးဘဲ နေခွင့် ရှိမရှိ သတင်း
မြန်မာပြည်နဲ့ မြန်မာအသိုင်းအ၀ိုင်းသတင်းများ သတင်း
မြန်မာပြည်တွင်း သတင်းမှတ်တမ်း သတင်း
မိတ္ထီလာမှာလည်း ထပ်မံရေကြီးနေပြီ သတင်း
သစ်တော မထိန်းသိမ်းလျှင် စားနပ်ရိက္ခာ မဖူလုံနိုင် သတင်း
ဘဝတကွေ့ခရီးတခု (ဆောင်းပါး)
မောင်စိန်ဝင်း (ပုတီးကုန်း) - ရသမြောက် စာ၊ ကဗျာများ
ဒုတိယအကြိမ် စင်္ကာပူမြန်မာစာပေဟောပြောပွဲ (၂၆-၉-၂၀၁၀)
သတင်း
ဘိုလင်းဂရင်းမြို့က (၂၁) ကြိမ်မြောက် နိုင်ငံတကာပွဲတော် သတင်း
နိုဝင်ဘာ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထပ်မံ သတိပေး သတင်း
အန်အယ်လ်ဒီပါတီ တရားဝင် ဆက်လက်ရပ်တည်နေဆဲ သတင်း
အန်အယ်လ်ဒီ တရားဝင် ရပ်တည်လျက်ရှိကြောင်း ကြေညာချက် ထုတ်ပြန် သတင်း
NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ရွေးကောက်ပွဲ သဘောထား ဆွေးနွေး သတင်း
(၂) ပတ်အတွင်း နအဖတပ်တွင်း ရာထူးနေရာများ လူစားထိုးဖွယ်ရှိ သတင်း
KIA ကို သောင်းကျန်းသူဟု ပြန်ခေါ် သတင်း
လူ့အခွင့်အရေးညီလာခံတွင် နိုင်ငံရေးအကျဉ်းသားအရေး အဓိက ဆွေးနွေး သတင်း
အနာဂတ် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ရွေးချယ်ပြီး သတင်း
ပလောင်အမျိုးသမီးအဖွဲ့ (PWO) ၏ ဆယ်နှစ်ပြည့် အခမ်းအနား ကျင်းပပြီးစီး သတင်း
ဧရာဝတီ ရွေးကောက်ပွဲကာတွန်းများ ကျေးရွာများတွင် ဖြန့် သတင်း
ယူကေရောက် မြန်မာများ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှား သတင်း
ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်တို့ရဲ့အသံ သတင်း
တိုင်းရင်းသားအပေါ် ပါတီများ၏ မူဝါဒ သတင်း
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ကြော်ငြာကပ် မဲဆွယ် သတင်း
သိန္နီ၌ USDP အ၀င်ကြမ်း၊ စစ်တပ်အနိုင်ကျင့်ရင် ကူညီဖြေရှင်းမည်ဟု စည်းရုံးပြောဆို သတင်း
မြို့တော်ဝန်ကို လူငယ်နိုင်ငံရေးအကျဉ်းသားဟောင်း စိန်ခေါ် သတင်း
ကြံ့ခိုင်ရေးပါတီက တအိမ်တယောက် မလာမနေရ မဲဆွယ်စည်းရုံး သတင်း
မြေသိမ်းအမှုတွင် ယုဇန ဦးဌေးမြင့်ကို ချန်လှပ် သတင်း
လားရှိုးက နာမည်ကြီး KDUP ပါတီ အနိုင်ရလျှင် USDP နှင့် ပူးပေါင်းဖို့များ သတင်း
အခါခါ အလိမ်မခံ ရွေးကောက်ပွဲကို မြေလှန်သပိတ်မှောက်ကြရန်သာ (ဆောင်းပါး)
ထိုင်းငါးဖမ်းစက်ရုံက မြန်မာအလုပ်သမားများ စက်ရုံက ထွက်ခွာ သတင်း
ရွှေ့ပြောင်းအလုပ်သမားများထံမှ ငွေထပ်မံ ကောက်ဦးမည် သတင်း
ထန်းတပင်မြို့နယ်တွင် ဒေသခံရွာသားများ အဆက်မပြတ် လုပ်အားခိုင်းစေခံရ သတင်း
ဘတ်စ်ကားမှောက် ချင်းလူငယ် (၃) ဦး သေဆုံး သတင်း
ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးလည်း စံချိန်တင်ထိုးတက် သတင်း
အစာအဆိပ်သင့်စေသည့် ကြိတ်ခွဲမှုန့်များ ပြည်တွင်း၌ ရောင်းချနေ သတင်း
လန်ဒန်မှာ ပထမဆုံးအကြိမ် မြန်မာ့အနုပညာ ဖော်ကျူးတင်ဆက်ပွဲ ကျင်းပ သတင်း
စီစဉ်သူ မသေချာမှုကြောင့် အနုပညာရှင်များ ပွဲဖျက် သတင်း

Thursday, October 14, 2010

“ရွေးကောက်ပွဲနဲ့ ပြည်မအေး၊ အားလုံး ကြေလည်အောင် ဆွေးနွေးရမယ်”

ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ မျက်စိကုသရန် ရောက်ရှိနေစဉ် မဇ္ဈိမ သတင်းထောက် ခင်ဖြူဝင်းက တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

NLD ဆက်လက် ရပ်တည်ဖို့နဲ့ ရှေ့အလားအလာကို ဘယ်လိုမြင်ပါသလဲ။

သူတို့က NLD ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်၊ ဒါပေမဲ့ NLD ဟာ NLD ပါပဲဗျာ၊ NLD ဆက်ရပ်တည်ဖို့ အခွင့် အလမ်းတွေရှိပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ပြန်တောင်းဆိုဖို့ NLD အခန်းကဏ္ဍ ပြန်ရောက် လာအုံးမှာပါ။

NLD ရဲ့ လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဘယ်လို ဆက်လုပ်မယ် ပြင်ထားပါသလဲ။

သူတို့က NLDကို မရှိတော့ဘူး၊ ပျက်ပြယ်ပြီ၊ ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် ဥပဒေအရ သူတို့ ဖျက်သိမ်းလို့ မရဘူး၊ ဘာကြောင့်လဲ ဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ရလာတဲ့ ရလဒ်အရ မြန်မာတပြည်လုံးက NLD ကို လွှတ်တော် ကိုယ်စားလှယ်တွေ အများဆုံး ရွေးပေး ခဲ့တာဖြစ်တယ်။

အဲဒီအခွင့်အာဏာက ပြည်သူလူထုက ပေးတဲ့ ပြည်သူလူထုကပေးတဲ့ ကိုယ်စားလှယ်တွေ အပေါ်မှာပဲ ရှိနေ သေးတယ်။ အဲဒါကြောင့် ဒီလို ရွေးကောက်ပွဲက ရလာတဲ့ ရလဒ်ရှိနေရဲ့သားနဲ့ ဘာမှလဲ မလုပ်ရသေး၊ ဘာမှလဲ မဆောင်ရွက်ရသေး၊ ဘာအပြစ်မှလဲ မလုပ်၊ ဘာအမှုအခင်းမှလဲ မလုပ်ဖူး တိုင်းပြည်အတွက် ဥပဒေဘောင် အပြင်ဘက်ကနေ ဖေါက်ဖျက်တာမျိုးလဲ မရှိဘဲနဲ့ ဒါကို ပျက်ပြယ်ပြီ၊ ဖျက်လိုက်ပြီ ဆိုတာက အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် NLDက ရှိနေသေးတယ်။ တခုရှိတယ် သူတို့ထင်သလို NLD ပါတီမရှိဘူး၊ အဲဒါ မှန်တယ် ထားလိုက်။ဒါပေမဲ့ NLDဟာ ပြည်သူ့ပါတီ အနေနဲ့ ပြည်သူလူထု ထဲမှာ အစဉ်ရှိသွားမယ်။ ပြည်သူလူထုရဲ့ အားပေးမှု ထောက်ခံမှု သူတို့ရဲ့ ကြင်နာမှု ထောက်ထားမှု၊ စာနာမှု အားလုံးကိုရရှိပြီး ပြည်သူလူထု ထဲကို ဝင်တိုးတဲ့ ပြည်သူ့ရဲ့ပါတီ အနေနဲ့ ပြည်သူအားကိုးတဲ့ ပါတီအနေနဲ့ အသက်ရှင်လျက် ရှိတယ်၊ အသက်ရှင်လျက်ရှိမယ်၊ နောင်ကိုလည်း တလျောက်လုံး ရှင်လာမယ်။ ပြီးတော့မှ ပြန်လုပ်စရာ ရှိတာတွေလဲ ပြည်သူလူထုရဲ့ ထောက်ခံချက်နဲ့ လုပ်လာနိုင်မှာဖြစ်တယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အချက်ပါ။

ကျနော်တို့ အခွင့်အရေး တွေကို ကျနော်တို့ ပြန်တောင်းဆိုမယ်။ ဥပဒေမှာရှိတယ်၊ အရင်တုန်းက ထုတ်ပြန် ထားတဲ့ ဖြစ်တည်ပြီးရှိနေတဲ့ ကိစ္စအရပ်ရပ်မှာ နောက်ဥပဒေက ထုတ်လိုက်လို့ ဒီဥပဒေက ရှေ့မှာရှိနေတဲ့ လူ ဥပဒေတယောက် အတွက် သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း နစ်နာမယ် ဆိုရင် အဲဒီ နစ်နာချက် တွေကို တရားဥပဒေက ကုစားပေးရမယ်။ ဒါကြောင့် ဒီအချက်တွေကို ကျနော်တို့ တရားရုံးကို တင်ထားပြီးသား ဖြစ်တယ်။ အခု အဲဒီ နစ်နာမှုတွေဟာ NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာ မဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ် ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီနစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။

Read More...

ချီလီ သတ္တုတွင်း လုပ်သားအားလုံး လွတ်မြောက်ပြီ

ဗုဒ္ဓဟူး, 13 အောက်တိုဘာ 2010

မြေအောက်ထဲမှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ ချီလီသတ္တုတွင်းတူး အလုပ်သမား ၃၃ ယောက်ကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်တင် နိုင်လိုက်ပါပြီ။

မြေအောက်ပေ ၂,၀၀၀ ကျော် အနက်မှာ ပိတ်မိနေသူတွေကို မြေပေါ် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် သူတို့ရဲ့ မိတ်ဆွေ၊ မိသားစုတွေနဲ့ ၀မ်းပန်းတသာ ပြန်လည် ဆုံဆည်းခဲ့ကြသလို လွတ်မြောက်လာသူ တယောက်ချင်းကိုလည်း ချီလီသမ္မတ ဆီဘက်ရှန် ပင်နဲရား (Sebastian Pinera) က ကြိုဆိုခဲ့တာပါ။

အရင်က မကြုံဘူးတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ ကမ္ဘာတလွှား သတင်းမီဒီယာတွေက တိုက်ရိုက် ထုတ်လွှင့်ပြသ နေကြတာပါ။

သြဂုတ်လ ၅ ရက်နေ့ကတည်းက ပိတ်မိနေတဲ့ ရွှေနဲ့ ကြေးနီ သတ္တုတွင်းတူး အလုပ်သမားတွေကို အထူးစီမံ ပြုလုပ်ထားတဲ့ အရေးပေါ် ကယ်ဆယ်ရေး သတ္တုခြင်းတောင်း တလုံးကို တွင်းထဲကိုချပြီး တယောက်ချင်းစီ ကယ်ထုတ်နေတာ ဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အား ကောင်းမွန်နေပုံ ရပေမဲ့ စိတ်ရော၊ ကိုယ်ပါ ပြန်လည်နာလန်ထူလာဖို့ လနဲ့ချီ အချိန်ယူရလိမ့်မယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

၂ လကျော်ကြာ အမှောင်ထဲမှာ နေခဲ့ရတဲ့ တွင်းတူးသမားတွေ မျက်လုံး မထိခိုက်စေဖို့ တွင်းထဲကနေ လွတ်မြောက် လာစဉ် အထူး ပြုလုပ်ထားတဲ့ နေကာမျက်မှန်တွေကို တပ်ဆင် ထားကြရတာပါ။ သူတို့ကိုတော့ ၄၈ နာရီကြာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ရဟတ်ယာဉ်တွေနဲ့ ခေါ်ဆောင် သွားခဲ့ကြပါတယ်။ ချီလီအစိုးရကတော့ သူတို့အတွက် ၆ လအထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားဖို့ ကတိပြုခဲ့တာပါ။

Read More...

နေ့စဉ်သတင်းများ ( ၁၃ - ၁၀ - ၂၀၁၀ )

မဲပေးခွင့်ပေးတာဟာ ဥပဒေနှင့် မကိုက်ညီဟု ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
နောက်တက်မယ့် မြန်မာအစိုးရ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ အမေရိကန် မျှော်လင့် သတင်း
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ နယူးဇီလန်လွှတ်တော် တောင်းဆို သတင်း
ဂျပန် ဒု-နိုင်ငံခြားရေးဝန်ကြီး မြန်မာအတိုက်အခံတွေကို လက်ခံတွေ့ဆုံ သတင်း
NLD ခရီးစဉ်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီ ပူးပေါင်းပါဝင် သတင်း
တိုက်ပွဲဖြစ်လျှင် SSA မြောက်ပိုင်းကို ‘ဝ’ ကူမည် သတင်း
တနိုင်း ကေအိုင်အို ဆက်ဆံရေးရုံး ရွှေ့ခိုင်း သတင်း
အယ်ဒီတာ ထောင် (၁၃) နှစ် ကျ သတင်း
ဒိန်းမတ်သံရုံးသို့ တုံ့ပြန်စာ သတင်း
ရွေးကောက်ပွဲ အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ဖို့ အာဆီယံ တိုက်တွန်း သတင်း
ရန်ကုန်တွင် ရွေးကောက်ပွဲဆန့်ကျင်ရေးစာများ ထပ်ဖြန့် သတင်း
ရွေးကောက်ပွဲဆန့်ကျင်ရေးသီချင်းများ တိုင်းရင်းသူများ သီဆိုဖြန့်ဝေ သတင်း
ကရင်ပြည်နယ်တွင် KSDDP မှ လွှတ်တော်ကိုယ်စားလှယ် (၄) ဦးသာ ရွေးကောက်ပွဲဝင်မည် သတင်း
ရွေးကောက်ပွဲ အကြိုကာလတွင် ကျေးရွာဥက္ကဋ္ဌတဦး အသတ်ခံရ သတင်း
ရွေးကောက်ပွဲအချက်အလက် ပြည်သူတွေ ဘာမှမသိသေး သတင်း
လူထုကို မဲဆွယ်ရန် ခက်ခဲနေဆဲဟု တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းက ပြော သတင်း
ဒီငြိမ်းပါတီ ဒီမိုကရက်တစ် မိတ်ဆွေအုပ်စုက နှုတ်ထွက် သတင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်ချိုချိုကျော်ငြိမ်း မဲဆွယ်စည်းရုံးရေးဆင်း သတင်း
မဲဆွယ်စည်းရုံးဖို့လာတဲ့ ကြံ့ဖွတ်အဖွဲ့ကို အိမ်ရှင်က မောင်းထုတ် သတင်း
ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်များ စထူ သတင်း
ကြံ့ဖွံ့ ကြိုတင်မဲ စုဆောင်းမှု အရှိန်မြှင့် သတင်း
အရက်တိုက်ပြီးလည်း ကြံ့ဖွံ့ မဲဆွယ် သတင်း
မောင်စွမ်းရည် ပြောပြတဲ့ သခင်အုန်းမြင့်အကြောင်း သတင်း
ဦးအောင်စောဦး ပြောပြတဲ့ သခင်အုန်းမြင့် အောက်မေ့ဘွယ် အခမ်းအနားအကြောင်း သတင်း
ဆည်ရေဖောက်ချသဖြင့် လူနေရပ်ကွက်များ ရေလွှမ်း သတင်း
မန္တလေး ဆည်ရေလွှမ်း လူ (၂,၅၀၀) ခန့် အိုးအိမ်စွန့် သတင်း
မိုးကြောင့် ဆက်လက်ရေကြီး သတင်း
မိုးကြီးလေကြီး ဧရာဝတီ စိုက်ခင်းများ ရေနစ် သတင်း
မဲဆောက်-မြဝတီတံတား မကြာခင် ပြန်ဖွင့်မည် သတင်း
ကန်တော်ကြီးပဲလေ့စ် ဟိုတယ် ဦးတေဇ လွှဲယူ သတင်း
သျှမ်းအရှေ့ မြို့နယ်အချို့ မဲဆန္ဒနယ်မှ ပယ်ထုတ်ခံရနိုင်ဟု လားဟူပါတီအား နအဖ ခြိမ်းခြောက် သတင်း
ရန်ကုန်မြို့ရဲ့ တချို့မြို့နယ်တွေမှာ မုန်တိုင်းသတိပေးချက်များ နှိုးဆော်လျက်ရှိ သတင်း
ဗိုလ်သန်းရွှေ၏ လက်ခုပ်တွင်းမှ ရွေးကောက်ပွဲ စိန်ခေါ်မှု သတင်း
အမျိုးသားဒီမိုကရေစီအင်အားစု ကချင်ပြည်နယ်၌ ရုံးခွဲဖွင့်လှစ် သတင်း
အန်ဒီအက်ဖ်ပါတီမှ ကချင် (၂) ဦး စစ်ဗိုလ်ထွက်များနှင့် ပြိုင်မည် သတင်း
NDF ပါတီ၏ လူထုမဲဆွယ်စည်းရုံးခြင်း ကချင်ပြည်နယ်တွင် ဟန့်တား သတင်း
လွယ်လင်မြို့ခံများ အိမ်တံခါးပိတ် သော့ခတ်၍ USDP အား ကျောခိုင်း သတင်း
ဂျာအေးကို သူ့အမေ ရိုက်ပါလို့ မှောင်မိုက်မှာငို (ဆောင်းပါး)

Wednesday, October 13, 2010

ကြပ်ပြေးမှာ အောင်မြေနင်းတဲ့ နအဖထိပ်သီးအမတ်လောင်းတွေ

ရဲဘော်ဖိုးသံချောင်း

၁၃ အောက်တိုဘာ ၂၀၁၀

နအဖအစိုးရဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်နေရာက အရွေးခံမယ် ဆိုတာကို တတိုင်း ပြည်လုံး အနေ အထားနဲ့ မကြေညာဘဲ ဒေသ အလိုက်ကွက်ပြီး ကျောက်သင်ပုန်းပေါ် ကပ်တာမျိုးနဲ့ အသိပေး နေတာကို သတိထား မိကြလိမ့်မယ် ထင်ပါတယ်။ ဒါ ဘာကြောင့်လဲ ဆိုတာကိုရော သတိထား မိကြပါသလား။ အလားတူပဲ ကြပ်ပြေး နေပြည်တော်က မဲဆန္ဒ နယ်တွေမှာ ကြံ့ဖွံ့က ဘယ်သူတွေ ၀င်အရွေးခံမယ် ဆိုတာကိုရော စောကြော မိကြပါသလား။ သူတို့ ဘာကို ဖုံးကွယ် ချင်နေကြတာလဲ။

နည်းနည်းလေး ဒုက္ခခံပြီး စူးစမ်းကြည့်လိုက်ရင် ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ကြံ့ဖွံ့ အမတ်လောင်း တွေဟာ နအဖရဲ့ ထိပ်သီးတွေချည်း ဖြစ်နေတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ ဗိုလ်သိန်းစိန်က ဇဗ္ဗုသီရိ မြို့နယ်၊ ဗိုလ်တင်အောင်မြင့်ဦးက ပုဗ္ဗာသီရိမြို့နယ်၊ ဗိုလ်ရွှေမန်းက ဇေယျာသီရိမြို့နယ် စသဖြင့် ၀င်ပြိုင်ကြမှာပါ။ ဒါဘာကြောင့်ပါလဲ။

Read More...

အာဏာရှင် မှ ဒီမိုကရေစီပြောင်းလာတဲ့ ချီလီနိုင်ငံရဲ့ အံ့ဖွယ်သတင်း

အောက်တိုဘာ ၁၃ ရက် ၂၀၁၀

ချီလီသမတနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လို နှိုင်းယှဉ်မလဲ



* စစ်ဆင်ရေး အမည်။ ။ ဖီးနစ် (Phoenix)
* အချိန်။ ။ နံနက် ၆ နာရီ။ အောက်တိုဘာ ၁၃၊ ၂၀၁၀ (ထိုင်းစံတော်ချိန်)။
* နေရာ။ ။ ချီလီမြောက်ပိုင်း၊ ဆန်ဂျို့စ်
* ကယ်တင်နည်း ။ ပိတ်မိနေတဲ့နေရာထိရောက်ဖို့ ကျောက်သား မီတာ ၇၀၀ (မိုင်ဝက် လောက်ရှိ) ကို လူ တကိုယ်စာထက်ကြီးတဲ့ ပင်မဆင်းတွင်း (Shaft) တခု တည့်တည့် ဖောက် ပါတယ်။ ဒီအပေါက်ကနေ လူတကိုယ်စာ ဆန့်တဲ့ (Phoenix Capsule) လို့ အမည်ပေးထားတဲ့ သတ္ထုပေါင်းချောင် ကိုချ၊ ချိန်းကြိုးနဲ့ ဆွဲတင် ကယ်တင် ရပါတယ်။ အောက်ကနေ အပေါ် ရောက်တဲ့အထိ ပေါင်းချောင်ထဲမှာ နေရမယ့်အချိန်က ၁၂ မိနစ် ကနေ မိနစ် ၂၀ လောက် ကြာပါမယ်။ မြေပေါ်ဆွဲ တင်တဲ့အခါ လူတဦးစီ တိုင်းမှာ အောက်ဆီဂျင် မျက်နှာဖုံးနဲ့ မြေပေါ် ရောက်တဲ့အခါ အလင်းရောင်ဒဏ် ကနေ မျက်လုံး မထိခိုက် အောင် မျက်မှန်မဲတွေ တပ်ဆင် ထားပေးပါတယ်။

ချီလီနိုင်ငံ မြောက်ပိုင်း ကြေးနီနဲ့ရွှေထုတ်လုပ်တဲ့ ဆန်ဂျို့စ်သတ္ထုတွင်းဟာ လွန်ခဲ့တဲ့ ၆၈ရက် တုန်းက ကျောက်တုန်းတွေ ပြိုကျပြီး တွင်းပိတ် သွားပါတယ်။ တွင်းထဲမှာ လူ ၃၃ ဦး ပိတ်မိသွား ပါတယ်။

မြေပေါ်သို့ ပထမဦးဆုံးရောက်ရှိလာသော မိုင်းလုပ်သားနှင့်
နှစ်သိမ့် အားပေးနေသော ချီလီ သမတ

ဒီကနေ့ မနက် ထိုင်းစံတော်ချိန် ၆ နာရီမှာ ပိတ်မိနေတဲ့ သတ္ထု တူးဖော်ရေးသမား ၃၃ ယောက်ကို ချီလီ သမတ ကိုယ်တိုင် အနီးကပ် စောင့်ကြပ်ပြီး ကယ်တင် နေပါတယ်။ အခု ထိုင်းစံတော်ချိန် ၁၂း၀၈ မိနစ်မှာ ပိတ်မိနေသူတွေ ထဲက တတိယမြောက် လူဟာ ဘေးအန္တရယ် ကင်းစွာနဲ့ မြေပေါ်ကို ပြန်လည် ရောက်ရှိလာပါပြီ။ ကျန်တဲ့ သူတွေကိုလည်း ဆက်လက် ကယ်တင် နေပါတယ်။ အားလုံး ချောချောမောမော မြေပေါ်ကို ပြန်ရောက်ပြီး မိသားစုတွေနဲ့ ပျော်ရွှင်စွာ ပြန်လည် ဆုံစည်းနိုင်မှာ ဖြစ်ကြောင်း မိသားစုဝင်တွေကို သမတ က ပိုင်ပိုင်နိုင်နိုင် ပြောဆို အာမခံပါတယ်။ အားလုံးဟာ ဒီတစ်ရက်နှစ်ရက် အတွင်းမှာ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ ကြရတော့မှာ မလွဲပါဘူး။


ဒါနဲ့တချိန်တည်းမှာတော့ အောက်တိုဘာ ၈ရက်နေ့က ကျနော်တို့ မြန်မာပြည်၊ အထက်ပိုင်းမှာ အစိုးရက ဆည်တော်လေး ဆည် ဖောက်ချလို့ လူ ၅၀ သေပြီး၊ ဆည်နားက ရွာ၂ရွာမှာ အိမ် ၁၅၃ လုံး ရေမြုပ် သွားပါတယ်။ လူပေါင်း များစွာဒုက္ခ ရောက်နေပါတယ်။

၁၁ ရက်နေ့ကလည်း ဆည်တော်ကြီးဆည်ကို ထပ်မံ ဖောက်ချ လိုက်ပြန်ပါတယ်။ ရွာပေါင်း ဘယ် လောက်၊ လူပေါင်း ဘယ်လောက် ထပ်မံ ဒုက္ခရောက်ကြမလဲ ဆိုတာတော့ အသေးစိတ် မသိ ရသေး ပါဘူး။

ဝိမုတ္တိ

ကိုးကား။ BBC ရုပ်သံ

Read More...

ချီလီမိုင်းတွင်းတွင် ပိတ်မိနေသော လူ ၃၃ ဦး အား ယနေ့ စတင် ကယ်တင်


Live News

အခုပို့စ်တင်တဲ့ အောက်တိုဘာ ၁၃ ရက်၊ ထိုင်းစံတော်ချိန် ၁၁ နာရီ ၃၅ မိနစ်မှာ ဒုတိယမြောက်လူကို မြေပေါ်သို့ ဘေးအန္တရာယ် ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချီလီနိုင်ငံ သမတ ကိုယ်တိုင် အနီးကပ် ကြည့်ရှု အားပေးနေပါတယ်။


တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုရန် ဤနေရာတွင် နှိပ်ပါ



===========================

နေ့စဉ်သတင်းများ ( ၁၂ - ၁၀ - ၂၀၁၀ )

လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မဲပေးမည်မဟုတ် သတင်း
မျက်စိခွဲစိတ်ကုသမှုကို အောင်မြင်စွာ ခံယူခဲ့တဲ့ သူရဦးတင်ဦး မြန်မာပြည်သို့ ပြန်လည်ထွက်ခွာ သတင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (၂၂) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ သတင်း
ရွေးကောက်ပွဲကိစ္စ ထိုင်းဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး ဆွေးနွေး သတင်း
မြန်မာရွေးကောက်ပွဲအပေါ် နိုင်ငံတကာစိုးရိမ်မှု ထိုင်းဝန်ကြီးချုပ် အသိပေး သတင်း
တက်လာမည့် မြန်မာအစိုးရသစ်နှင့် ထိုင်း ပူးပေါင်းဆောင်ရွက်ရန် အသင့် သတင်း
ထိုင်းနဲ့ မြန်မာရဲ့ ရွေးကောက်ပွဲနဲ့ စီးပွားရေးကိစ္စ သတင်း
ထိုင်းအစိုးရ PTT ရေနံကုမ္ပဏီ အာဆီယံဒေသတွင်း လုပ်ငန်းတိုးချဲ့နေ သတင်း
လေးနှစ်ခန့် ပိတ်ထားသည့် ဘုရားသုံးဆူဂိတ် ပြန်ဖွင့်တော့မည်လား သတင်း
နယ်စပ်ဂိတ်၊ အခွန်ကြီးမြင့်မှုနှင့် ဖမ်းဆီးမှုများကြောင့် ကုန်သည်များ အခက်ကြုံ သတင်း
နအဖနှင့် ဒီကေဘီအေ နှစ်ဘက်အခြေအနေ ပိုမိုတင်းမာလာ သတင်း
ရှမ်းပြည်မြောက်ပိုင်း၌ စစ်တပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှုများ ပြုလုပ် သတင်း
မိုင်းဆတ်စစ်ဌာနချုပ် ပေါက်ကွဲမှုဖြစ် သတင်း
မွန်ရွာတရွာ၌ မြန်မာစစ်တပ် ဓားပြတိုက်သည့်အပြင် လူသတ်မှုပါ ပြုလုပ်ခဲ့ သတင်း
ဘုရားသုံးဆူမှအပြန် မြန်မာစစ်ကြောင်း နှစ်ကြိမ် ပြောက်ကျား အပစ်ခတ်ခံရ သတင်း
ဇီးကုန်း NLD မဲမပေးရေးကမ်ပိန်း သတင်း
ရွေးကောက်ပွဲမတိုင်ခင် အခြေခံပညာကျောင်းအားလုံး ပိတ်မည် သတင်း
ရွေးကောက်ပွဲ နီးကပ်လေ ဖိအားပေးမှုများလေ သတင်း
ရုပ်သံ/ရေဒီယို မဲဆွယ်ပွဲများ လူငယ်စိတ်မဝင်စား သတင်း
မဲထည့်ရန် မှတ်ပုံတင် အတင်းလုပ်ခိုင်းပြီး ငွေတောင်း သတင်း
ငွေကြေးကိစ္စ NDF ပါတီ ရှင်းချက်ထုတ် သတင်း
ဒီမိုကရေစီပါတီ မိတ်ဆွေများအဖွဲ့တွင် ဒီငြိမ်း ပြန်ပူးပေါင်း သတင်း
မဲဆန္ဒရှင်စာရင်း မိတ္တူရဖို့ ပါတီတွေ ငွေမတတ်နိုင် သတင်း
မြေသိမ်းပြီး ကြံ့ခိုင်ကိုယ်စားလှယ်လောင်း ယုဇနကုမ္ပဏီပိုင်ရှင်ကို အမှုကနေ ပယ်ထုတ်ထား သတင်း
ယုဇနတရားစွဲမှုမှာ အမတ်လောင်း ဦးဌေးမြင့်ကို ချန်ထား သတင်း
ကြံ့ခိုင်ရေးပါတီ မဲရဖို့ နည်းစုံသုံး သတင်း
ကြံ့ဖွံ့စည်းရုံးရေးသုံးပစ္စည်းများ ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံများမှ အခမဲ့ထုတ်သုံး သတင်း
အစိုးရရုံးများတွင်လည်း ကြံ့ဖွံ့မဲဆွယ် သတင်း
စစ်အာဏာရှင် သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြစို့ သတင်း
“လွှတ်တော်ထဲမှာ ကျနော်တို့ လွှမ်းမိုးနိုင်မယ်” (အင်တာဗျူး)
ထွက်ပေါက် ဘယ်မှာလဲ (ဆောင်းပါး)

Tuesday, October 12, 2010

PDC Monthly News Commentary - October 2010



News Commentary October 2010

ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ

လူထုစိန်ဝင်း

‘ဝေဖန်ရေး’ နဲ့ပတ်သက်ပြီး လူငယ်တွေ မကြာခဏ လာရောက် ဆွေးနွေးကြတယ်။ တချို့က စာပေ ဝေဖန်ရေး အကြောင်း သက်သက် ပြောဆိုတတ်ပြီး တချို့လူငယ် တွေက ဝါဒရေးရာ ဝေဖန်ရေးများနဲ့ ပတ်သက်ပြီး ဆွေးနွေး တတ်ကြတယ်။

သူများကို ဝေဖန်ရင် ကြိုဆိုတယ်

အဲဒီလို ဆွေးနွေးရင်းနဲ့ မူကို ဝေဖန်တာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသဘော လူကို ဝေဖန်တဲ့ ကိစ္စဘက်ကို အမြဲလိုလို ရောက်သွားလေ့ ရှိတယ်။ ဝေဖန်ရေးနဲ့ ပတ်သက်ရင် လူတိုင်း ပြောလေ့ပြောထ ရှိတဲ့ စကားတခွန်း ရှိတယ်။ “ဝေဖန်ရေး ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်၊ အားပေးရမယ်၊ ကြိုဆိုရမယ်” ဆိုတာပဲ။ ဒါပေမယ့် သူများကို ဝေဖန်တာကို ကြိုဆိုပေမယ့် ကိုယ့်ကို ဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော် ရှားပါတယ်။

“ဒါ ဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ” လို့ စိတ်ဆိုးမာန်ဆိုး တုံ့ပြန် ကြတာသာ များတာကို တွေ့ရတယ်။ တချို့က ဆတ်ဆတ်ထိ မခံ ပြန်ပြီး ချေပတယ်။ တချို့က ပြန်မချေပဘဲ နေပေမယ့် ရင်ထဲမှာတော့ အောင့်သက်သက်နဲ့ မကျေမနပ် ဖြစ်နေတတ်တယ်။ တချို့ကျတော့ လူရှေ့သူရှေ့မှာ ဟန်ဆောင် ပြုံးနေပြီး စိတ်ထဲက ကြိတ်ဒေါသ ထွက်နေတယ်။

လိပ်ပြာသန့်သူမှ
ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာ ယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လို ဝေဖန်မှုမျိုးကို မဆို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း စတဲ့ တဒင်္ဂ စိတ်လှုပ်ရှားမှု မျိုးတွေ လုံးဝ မရှိဘဲ ဥပေက္ခာ ပြုထားနိုင်စွမ်း ရှိကြတယ်။ ဒီလိုလူမျိုးက တော်တော်ရှားတယ်။ ဒါကြောင့် တချို့တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ်ဓာတ်နဲ့ အတွေးအခေါ် အများကြီး ရင့်ကျက် နေသူများမှသာ စိတ်လှုပ်ရှားမှု မရှိဘဲ ဥပေက္ခာတရား လက်ကိုင် ထားနိုင်တာ ဖြစ်တယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၁ - ၁၀ - ၂၀၁၀ )

မြန်မာ့အရေး ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ဆက်လက်ထောက်ခံသွားမည် သတင်း
ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိ သတင်း
ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ခရီးစဉ်အပေါ် သုံးသပ်ချက် သတင်း
အကျဉ်းသားအများအပြား ပြန်လွှတ်ပေးဖွယ်ရှိကြောင်း ပြည်တွင်းသတင်းထောက်က ပြော သတင်း
အကျဉ်းသားများ လွှတ်ပေးမည်၊ နိုင်ငံရေးအကျဉ်းသားများ မပါနိုင် သတင်း
လွှတ်ပေးမည့်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပါဖို့ မမျှော်လင့် သတင်း
မြန်မာအတိုက်အခံခေါင်းဆောင် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ လှိုက်လှဲစွာ ဂါရ၀ပြုကြ သတင်း
ချင်းအမျိုးသား ဗစ်တာဗျက်လျန်င်ကို နော်ဝေးမစ်ရှင်မှ စိန့်စတီဗင်ဆု ချီးမြှင့်မည် သတင်း
နယူးဇီလန်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ မြန်မာအသိုင်းအ၀ိုင်းတို့ တွေ့ဆုံ သတင်း
စွမ်းအင်ညွှန်မှူး မောင်းလာသည့်ကား လယ်ဝေးမြို့အ၀င်တွင် ယာဉ်တိုက်မှုဖြစ် သတင်း
ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အဖွဲ့ချုပ်က ညောင်ရွှေမြို့၌ ရှင်းလင်းပြောကြား သတင်း
ဇီးကုန်းမြို့၌ မဲမပေးဘဲ နေနိုင်သည်ဆိုသည့် ပညာပေးမှုပြုလုပ် သတင်း
ရွေးကောက်ပွဲသတင်းဖော်ပြပုံ ပီပြင်မှုမရှိကြောင်း လူထုစိန်ဝင်း ဝေဖန် သတင်း
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံခြားဧည့်သည် လက်မခံဖို့ စက်မှုဝန်ကြီး အမိန့်ထုတ် သတင်း
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ညီမ၏အိမ် ဖောက်ထွင်းခံရ၊ ရပ်ကွက်လူထုအား စစ်ဆေးတားမြစ် သတင်း
ဂီတမွန်အဖွဲ့မှ အဆိုတော်များ ရွေးကောက်ပွဲသီချင်း မဆို သတင်း
ကြော်ငြာဘုတ်များဖြင့် ပါတီများ ကြော်ငြာခွင့်ရ သတင်း
ဒီမိုမိတ်ဆွေများ အဖွဲ့ဝင်ဖို့ ငွေကြေးရှင်းရန်လို သတင်း
ငွေကြေးအကူအညီပေးသည်ဆိုသည့် စွပ်စွဲချက်အပေါ် ကျားဖြူပါတီ ငြင်းဆို သတင်း
ဖလုံ-စဝေါ် ပါတီဆိုင်းဘုတ်ထောင်ပွဲ ပြုလုပ်ပြီးစီး သတင်း
အန်ဒီအက်ဖ်ပါတီက ငွေတောင်းခံသည့်အပေါ် ရွေးကောက်ပွဲကော်မရှင်ထံ စတင် သတင်း
၂၀၁၀ ရွေးကောက်ပွဲ ဒီမိုကရေစီအပြောင်းအလဲ လမ်းစအဖြစ် NDF ရှုမြင် သတင်း
တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာသတင်းများ သတင်း
မန္တလေး ရေးဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်ဆဲ သတင်း
ထိုင်းငါးဖမ်းပိုက်ကွန်စက်ရုံ၌ မြန်မာအလုပ်သမားများ ဆန္ဒပြ သတင်း
ဘုရားသုံးဆူနယ်စပ် တရားဝင် နယ်စပ်ဖြတ်ကျော်ဂိတ် လူဖြတ်သန်းသွားလာခွင့်ပြု သတင်း
ရွာသားများ သွားလာမှု ကန့်သတ်ခံရခြင်းနှင့် အဓမ္မကောက်ခံငွေ ပေးဆောင်နေရ သတင်း
နန်းဆုရတီစိုး ပျောက်ဆုံးနေ သတင်း
မိုင်းလုပ်သားတွေကို ကယ်တင်နိုင်တော့မယ် သတင်း

အပေါ်သို့