အကျဉ်းထောင်က အမျိုးသားအဆောင်အလုပ်ရုံ၊ အမျိုးသမီးဆောင်နှစ်ဆောင်
ပြိုကျခဲ့ပြီး သေဆုံး၊ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
4 hours ago
ထိုင်းနိုင်ငံ နယ်စပ်က မြန်မာဒုက္ခသည် စခန်းတွေကို လေ့လာပြီး ဒုက္ခသည်တွေ ကို ကူညီရေး ထိုင်းအစိုးရနဲ့ ဆွေးနွေးဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ EU က လူသားချင်းစာနာမှု အကူအညီပေးရေးဌာန အကြီး အကဲ Kristalina Georgieva ဟာ ဒီကနေ့ စနေနေ့မှာ ထိုင်းနိုင်ငံကို ရောက်မယ် လို့ သိရပါတယ်။
အခုအချိန်ကာလမှာ အာဖရိက မြောက်ပိုင်းနိုင်ငံတွေက ဆန္ဒပြမှုတွေနဲ့ ဒုက္ခသည် ကယ်ဆယ်ရေးတွေကိုပဲ တကမ္ဘာလုံးက အာရုံစိုက်နေပေမယ့် ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည်စခန်းတွေ အရေးကိုလည်း EU အနေနဲ့ မျက်ခြေပြတ် မခံနိုင်ကြောင်း Ms. Georgieva က ပြောပါတယ်။12 မတ် 2011
အကျဉ်းကျနေတဲ့ လူရွှင်တော် ဇာဂနာ လွတ်မြောက်ရေးအတွက် နိုင်ငံတကာက လူရွှင်တော်တွေ တောင်းဆိုလှုပ်ရှားနေကြရာမှာ နယူးဇီလန်နိုင်ငံက လူရွှင်တော်တွေလည်း ပါဝင်လာကြတယ်လို့ Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ကြီးက ပြောပါတယ်။ ထင်ရှားတဲ့ လူရွှင်တော် တွေဖြစ်ကြတဲ့ Michele A’ Court နဲ့ Jeremy Elwood တို့ဟာ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က ဦးဆောင်လှုပ်ရှားနေတဲ့ ဇာဂနာ လွတ်မြောက်ရေး အစီအစဉ်မှာ ပါဝင်လာကြတာပါ။
ဇာဂနာကို ၂၀၀၈ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း စီမံခန့်ခွဲပုံနဲ့ပတ်သက်ပြီး အစိုးရကို ဝေဖန်ခဲ့တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရတာပါ။ ဥရောပက လူရွှင်တော်တယောက်ဖြစ်တဲ့ Michael Mittermeier ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာ ဇာဂနာ ရဲ့အကြောင်းတွေကို စုံစမ်းမေးမြန်းခဲ့တာကို မှတ်တမ်း ရုပ်ရှင်တကား ရိုက်ကူးခဲ့ပါတယ်။
ဒီဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင်ကတော့ ကျနော်နေရတဲ့ ဒီအကျဉ်းထောင် လို့ အဓိပ္ပါယ်ရတဲ့ This Prison Where I Live ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား မိတ်ဆက် အထူးပွဲပြသရာမှာ နယူးဇီလန် လူရွှင်တော်တွေ ဖြစ်ကြတဲ့ Michele နဲ့ Jeremy တို့က ရယ်စရာ အခွင့်အရေးအတွက် ရပ်တည်ကြဖို့ ပြောကြားသွားပြီး လွတ်လပ်စွာ ဖော်ပြပြောဆိုပိုင်ခွင့်ဟာ လူ့အခွင့်အရေးအတွက်သာမက လူသားဟာ ကိုယ့်ကိုယ်ကိုယ် ရယ်စရာလုပ်နိုင်ဖို့ အတွက်လည်း အရေးကြီးလှပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မကြာမီ ဇာဂနာ အကြောင်းရိုက်ကူးထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ကြရတော့မှာပါ။
Ref;VOA
11 March 2011
ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်သွင်းမှုကို မြန်မာဘက်က ပိတ်ပင်ထား သော်လည်း ဂျပန်နိုင်ငံမှတဆင့် တင်သွင်းလာသည့် တပတ်ရစ် ကားများကိုမူ ကုန်သည်များက မဲဆောက်မှတဆင့် နယ်ခြား သောင်ရင်းမြစ်ကိုဖြတ်ကာ မြ၀တီဘက်သို့ နေ့စဉ်တင်ပို့လျက်ရှိသည်။မြ၀တီခရိုင် အာဏာပိုင်များက မတ်လ ၉ ရက်နေ့မှ စတင်ကာ နေပြည်တော် အမိန့်ဖြင့်ထိုင်းကုန်ပစ္စည်းများ တရားမ၀င် လမ်းကြောင်းမှ တင်သွင်းမှု များကို ထပ်မံ ပိတ်ပင်လိုက် သော်လည်း မြန်မာကုန်သည် များက မြ၀တီခရိုင် အာဏာပိုင်များနှင့် နားလည် မှုယူကာ ဂျပန်နိုင်ငံမှတဆင့် တင်သွင်းလာသည့်ကားများကို ထိုင်းဘက်ရှိ အမှတ် ၁၇ လှေဆိပ် မှတဆင့် မြ၀တီဘက်သို့ တင်သွင်းနေခြင်းဖြစ်ကြောင်း ထိုင်းနှင့်မြန်မာ ကားကုန်သည် များက ပြောသည်။
ထိုင်းဘက်ခြမ်း အမှတ် ၁၇ ဂိတ်ရှိ ဂျပန်တပတ်ရစ်ကားများ ရောင်းချသည့် ထိုင်း ကုမ္ပဏီတခုမှ အရောင်းမန်နေဂျာက “မြန်မာဘက်က ထိုင်းကုန်တွေပိတ်ပေမယ့် ကားတွေ ကတော့ တနေ့အစီးရေ ၄၀ လောက်ကတော့ သူ့နည်းသူ့ဟန်နဲ့ မြန်မာကုန်သည် တွေ သယ်နေကြတာပဲ။ ကားတွေကို ညဘက် ကူးကြတာများတယ်” ဟု ပြောသည်။
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား မြောက်ဘက်ရှိ အမှတ် ၁၇ လှေဆိပ်တွင် ထိုင်းကား ကုမ္ပဏီ ၄၀ ခန့် အရောင်းဌာနများ ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံ မြ၀တီဘက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ပြီး ထိုင်းဘက်မှတဆင့် မြ၀တီဘက်သို့ ကားတစီးကူးလျှင် ဘတ် ၁ သောင်းခန့် (ကျပ် ၂ သိန်း ၈ သောင်းကျော်) မြန်မာအာဏာပိုင်များကို ပေးရသည်ဟု မြန်မာကားကုန်သည်တဦးက ပြောသည်။
အဆိုပါကားများကို မြ၀တီမှတဆင့် မြန်မာနိုင်ငံအတွင်းပိုင်းသို့ သယ်ဆောင်ရာတွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းနှင့် မြ၀တီနှင့် ကော့ကရိတ်မြို့များကို ရှောင်ကွင်း ၍ တောလမ်းမှတဆင့် သယ်ယူကြခြင်းဖြစ်သည်။
မြန်မာ ကားကုန်သည်တဦးက “မြ၀တီ-ကော့ကရိတ် တောင်ကျော်ကားလမ်းမှာက တိုက်ပွဲတွေ ခဏခဏဖြစ်တော့ တောလမ်းကနေပဲ အသုံးပြုကြတာများတယ်။ ဒီလမ်း ကကြမ်းတော့ အရမ်းနုတဲ့ တန်ဖိုးကြီးကားတွေကိုဆိုရင် ဒီလမ်းက မသွားကြဘူး။ လမ်းကြမ်းတော့ ကားထိတာ ခိုက်တာတွေများတယ်။ ဒီလမ်းကို ထော့ကိုကိုးလမ်းလို့ ခေါ်တယ်။ ဒီလမ်းကသွားရင် ကော့ကရိတ်မြို့ပြင်အထိ ပေါက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လမ်းကြောင်း ဖြတ်သန်းရာတွင် အခွန်အကောက်များကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) သို့လည်း ပေးရကြောင်း၊ လက်ရှိ အနေ အထားအရ ထိုလမ်းကို တခြားကုန်သည်များလည်း အသုံးပြုနေကြကြောင်း သိရသည်။
မြ၀တီခရိုင် အာဏာပိုင်များက အဆိုပါတောလမ်းခရီးကို အသုံးမပြုကြရန် ကုန်သည်များကို ညွှန်ကြားထားသော်လည်း ကုန်သည်များက လိုက်နာခြင်းမရှိဘဲ နေ့စဉ်အသုံးပြုနေသည်ဟု မြန်မာကုန်သည်များက ပြောသည်။
ထိုင်းနိုင်ငံသည် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် လျှပ်စစ် ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းမျိုးစုံ၊ အ၀တ်အထည်၊ အားကစားပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းနှင့် စားသောက်ကုန်မျိုးစုံ၊ ဓာတုပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်း၊ ရော်ဘာ၊ စာရေးကရိယာမျိုးစုံ လယ်ယာနှင့် ရေလုပ်ငန်းသုံး ပစ္စည်းများ၊ ကွန်ပြူတာ ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ကားဆက်စပ်ပစ္စည်းများ၊ တီဗီ၊ ရေခဲသေတ္တာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်းပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းများထဲတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်သည်။
မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှ စတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ခဲ့ သည်မှာ ယနေ့အထိဖြစ်သည်။
ယင်းသို့ မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို ပိတ်လိုက်သဖြင့် တရား မ၀င်နည်းဖြင့် ကုန်သွယ်မှုပြုရာ တလလျှင် ဘတ်သန်း ၈၀၀ ဖိုးခန့်ရှိပြီး ယခင်က ထက် ကျဆင်းသွားသည်ဟု ထိုင်းကုန်သည်ကြီးတဦးက ပြောသည်။
မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြော တရားဝင်ဖွင့်လှစ်ထားစဉ်က မြန်မာဘက်သို့ တင်ပို့သည့် ထိုင်းကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ထိုင်းဘတ် သန်း ၃၀၀၀ ကျော် ရှိသည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။
ထိုင်းကုန်ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း မြန်မာဘက်မှ ခရီးသည်များ ထိုင်းဘက်သို့ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခြင်းမရှိကြောင်း မြ၀တီမြို့ခံတဦးက ပြော သည်။
Ref;Irrawaddy
ခင်ဦးသာ
11 March 2011
လတ်တလော ကျင်းပနေသော လွှတ်တော် အစည်းအဝေးများတွင် ဒီမိုကရက်တစ် လွှတ်တော် အမတ်များ၏ ပြောဆို ဆွေးနွေးမှုများကို ဆင်ဆာဖြတ်၍ စစ်အစိုးရ သတင်းစာများက ဖော်ပြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ ပြောတာတွေက ၁၀ ရာခိုင် နှုန်းလောက်ပဲ သတင်းစာမှာ ဖော် ပြတာတွေ့တယ်၊ ပြည်သူတွေ ကတော့ ကျနော်တို့ပြောတာ တွေကို ဖတ်ပြီး ဟားနေကြမှာ သေချာတယ်”ဟု ဆင်ဆာ ဖြတ်ခံရသူ ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။
ဒီမိုကရက်တစ် ကိုယ်စားလှယ်များ၏ အပြန်အလှန်ပြောဆိုဆွေးနွေးမှုများကို ဆင်ဆာဖြတ်ခံ ရသော်လည်း ပြန်လည်ဖြေဆိုသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ ကိုယ်စားလှယ်(၀န်ကြီး)များ၏ ပြောဆိုမှု ကိုမူ အပြည့်အစုံ ဖော်ပြပေးထားသည်ဟု ဆိုကြသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ်များသည် ဂီရိ လေဘေးဒုက္ခသည်များနှင့် ပတ်သက်၍ လို အပ်ချက်များ၊ ပံ့ပိုးမှုများ အများအပြား လိုအပ်နေသေးကြောင်းကို ဆွေးနွေးခဲ့သော်လည်း သတင်းစာတွင် ရေးသားထားခြင်း မတွေ့ရဘဲ ဖြေဆိုသူ ကြံ့ဖွံ့ဝန်ကြီး ဦးမောင်မောင်ဆွေ၏ ဖြေဆိုချက်များကိုသာ အပြည့်အစုံ ရေးသားထားကြောင်း RNDP ကိုယ်စားလှယ် တဦးက ရှင်းပြသည်။
“ဥပမာ ဆန်အိတ် ၃၀ လောက်လိုနေတာ ၂ အိတ်လောက်ပဲ အထောက်အပံ့ရသေးတယ် ဆိုတဲ့ ဆွေးနွေးမှုကို လုံးဝရေးထား တာ မတွေ့ရပေမယ့် ၀န်ကြီးပြောတဲ့ ထောက်ပံ့ ပစ္စည်းတွေကိုတော့ အတိအကျ ဖော်ပြထားတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပြုလွှာများ၊ မေးခွန်းများကို ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များက ဆက်တိုက်ပယ်ချ နေသည်ဟုလည်း သိရသည်။
ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုပြုလွှာများကို သက်ဆိုင်ရာ ၀န်ကြီးများက ဌာနအလိုက် ၎င်းတို့ပြုစု ထားသော အချက်အလက်များဖြင့် တုံ့ပြန်ပြောဆို သွားသည်ကို စစ်အစိုးရ၏ သတင်းစာများ၌ ရေးသားထားသည်။
အဆိုပြုလွှာ တင်သွင်းသော ကိုယ်စားလှယ်များ၏ အချက်အလက် အထောက်အထားဖြင့် ပြန်လည် ဆွေးနွေးထောက်ပြခြင်း များကို အပြည့်အစုံမဖော်ပြဘဲ ဖြုတ်ထားခဲ့ပြီး ၀န်ကြီး များ၏ ဖြေဆိုမှု အပြည့်အစုံနှင့် အဆိုပြုလွှာကို ပြန်လည်ရုပ်သိမ်းကြောင်း သာ သတင်းစာများတွင် ဖော်ပြထားသည်။
နမ့်ခမ်း မဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုံး၏ “၀င်ငွေနည်းပြည်သူများအတွက် ဆေးကုသခွင့်အာမခံချက်ရှိသော အမျိုးသား ကျန်းမာရေးစနစ် တခုထူထောင်ရန်” အဆိုပြုလွှာကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်က မြန်မာနိုင်ငံ၌ စရိတ် မျှပေး ကျန်းမာရေး ဆိုင်းဘုတ်ချိတ်၍ ငွေကြေး ချို့တဲ့သူများအတွက်သာမက ငွေကြေး တတ်နိုင်သူများကိုပါ အခမဲ့ ကုသပေးနေခြင်း များရှိသည်ဟုဆိုကာ ပယ်ချခဲ့ကြောင်း သိရ သည်။
Ref;Irrawaddy
11 March 2011
ယနေ့ ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန် အရှေ့မြောက်ပိုင်းရှိ လယ်ယာ လုပ်ငန်းများတွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်လျှက် ရှိနေပြီး တိုကျိုမြို့တွင် မြန်မာ ၂ သောင်းကျော် ရှိကြောင်း ဂျပန်ရောက် မြန်မာတဦးက ပြောသည်။ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယနေ့ မွန်းလွဲပိုင်းက အင်အား ၈. ၉ မဂ္ဂနီ ကျု အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းကြီး ကျရောက်ခဲ့သည်။
ဆက်သွယ်ရေးလိုင်းများ ပြတ်တောက် သွားသည့်အတွက် ဂျပန်တွင် ရောက် ရှိနေသော မြန်မာများ၏ မိသားစု ၀င်များက စိုးရိမ်နေကြသည်။
ရန်ကုန်မြို့ခံတဦးက “အင်တာနက်ဆိုင်လာရင်း ဆူနာမီဖြစ်နေပြီဆိုလို့ ကျနော့်ညီကို ဆက်သွယ်နေတာ မရသေးဘူး။ သူက ဂျပန်မှာ လယ်ယာလုပ်ငန်း လုပ်ဖို့ မနှစ်ကတည်းက ရောက်နေတာပါ။ သူ့အတွက် စိုးရိမ်တယ်” ဟု ပြောသည်။
မြန်မာ သရုပ်ဆောင်နှင့် အဆိုတော်များဖြစ်သော နေတိုး၊ ဟန်ထွန်း၊ ၀င်းကိုခိုင်၊ ရတနာမိုင်နှင့် ချောစုခင်တို့သည်လည်း ဂီတဖျော်ဖြေပွဲ အတွက် ဂျပန်နိုင်ငံ တိုကျိုသို့ ရောက်ရှိနေရာ ၎င်းတို့နှင့် အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များ စိတ်ပူနေကြသည်။
ဂျပန်နိုင်ငံတွင် ရာစုနှစ် တခုအတွင်း အကြီးမားဆုံးသော သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ရာ ငလျင်လှုပ်ပြီးနောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ ဂျပန် အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့သည်။
တိုကျိုမြို့နေ ဦးမြတ်သိန်းက “ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီ။ ရထားတွေ မပြေးတော့ဘူး။ ဘတ်စ်ကား တွေလည်း မထွက်တော့ဘူး။ တက္ကစီတချို့တော့ ပြေးနေသေးတယ်။ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်။ မိတ်ဆွေတချို့ကို ဖုန်းခေါ်နေတာ မရသေးဘူး။ နိုင်ငံခြားက ဖုန်းတချို့ကိုတော့ လက်ခံလို့ ရနေပါသေးတယ်။ ကျနော့်အခန်းမှာတော့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေပြီ။ ဂျပန်မှာနေလာတဲ့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး အခြေအနေ ကြုံနေရပါတယ်” ဟု ဆိုသည်။
ဂျပန်နိုင်ငံတွင် ထုတ်ဝေနေသည့် ရွှေမော်ကွန်းဂျာနယ်၏ facebook စာမျက်နှာတွင် “အင်အားပြင်းထန်တဲ့ ငလျင်ကြောင့် အခန်း တခုလုံးပြိုပျက်၊ အလုပ်အတွက် သုံးနေတဲ့ ကွန်ပျူတာလည်း ပျက်စီးသွား၊ ဒီစာကို ဖုန်းနဲ့ ရိုက်တင်ပါတယ်၊ စိတ်ပူပေးတဲ့ မိတ်ဆွေ တွေကို ကျေးဇူးတင်၊ အသေးစားငလျင် အကြိမ်များစွာ လှုပ်နေသေးပြီး စိတ်ချရမှု မရှိသေး” ဟု ရေးသားထားသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဦးကျော်ညွှန့်က ၎င်းနေထိုင်ရာတိုကျိုတွင် အဆောက် အအုံများ လှုပ်ခတ်၍ ပျက်စီးမှုတချို့ ရှိသော်လည်း ငလျင်ဒဏ်ကို မြောက်ပိုင်း ဒေသလောက် မခံရကြောင်း ပြောသည်။
“ဒီက အဆောက်အအုံတွေက ငလျင်ဒဏ် ခံနိုင်အောင် ဆောက်ထားတာ ဆိုတော့ တိုက်ပြိုတဲ့ အဆင့်အထိတော့ မရောက် လောက်ဘူးလို့ ယူဆရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ Sendai မြို့သို့ အင်အားပြင်းစွာ ၀င်ရောက်ခဲ့ရာ Sendai လေယာဉ် ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံအတွင်း နေရာ အတော်များများတွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေပြီး လယ်ကွင်း များ၊ အဝေးပြေး လမ်းမကြီး များလည်း ရေလွှမ်းမိုးမှု ခံနေရသည်။
နောက်ဆုံးရရှိသော သတင်းများအရ အနည်းဆုံး လူ ၄၄ ဦး သေဆုံးသည်ဟု သိရသည်။
ဂျပန်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ် ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက် နေသူများကို အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ်အခြေအနေ ကြေညာထားသည်။
ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ် ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံ တို့တွင် လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။
Ref;Irrawaddy
11 March 2011
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ့ဥသျှောင်အဖွဲ့၏ ဥက္ကဋ္ဌရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက် ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိက ကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည် ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။“အဓိကကျတဲ့ တပ်တွင်းရာထူးတိုးပေး တာ၊ လက်နက်ဝယ်တာ၊ နျူကလီးယား စီမံကိန်းနဲ့ တခြားအရေးကြီး တဲ့ ကာကွယ်ရေး ဆိုင်ရာ ကိစ္စ တော်တော် များများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က တိုက်ရိုက် ကိုင်တွယ်မယ်။ ဗိုလ်ချုပ် ကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်ရေးပြ ပွဲ တွေ လောက်မှာပဲ မိန့်ခွန်းပြောတာ မျိုး လုပ်ရမယ်။ ဘယ်ကိစ္စမဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်ညွှန်ကြားမှု ကိုပဲ ခံယူရမယ်” ဟု နေပြည်တော်မှ စစ်တပ် အရာရှိကြီး တဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးမည် ဖြစ်သော်လည်း စစ်တပ်မှ အငြိမ်းစားယူခြင်း မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်အဖွဲ့ အကြီး အကဲနေရာတွင် ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဆက်လက် ချုပ်ကိုင် ထားမည်ဖြစ် ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း လက်ရှိရာထူး တာဝန်ဖြင့် ပင် ဥသျှောင် အဖွဲ့၌ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်က ပြောသည်။
လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် ရာထူး တာဝန်တချို့ကို လွှဲပြောင်း ရယူ လုပ်ကိုင်နေပြီဖြစ်ပြီး နိုင်ငံ့ဥသျှောင်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် လုပ်ကိုင်နေရကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ် ခံထားရသော ဦးသိန်းစိန်သည်လည်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ၎င်းဦးဆောင်သော အစိုးရသစ်သို့ အာဏာလွှဲပြောင်း ပေးပြီးပါက နိုင်ငံတော် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လစဉ်အစီရင်ခံ တင်ပြရမည်ဟု သတင်းရရှိသည်။
“ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေအများကြီးခွဲပြီး အုပ်ချုပ်ခိုင်းထား ပေမယ့် သူကပဲ ထိပ်ဆုံးကနေ ချုပ်ကိုင် ထားတယ်။ သမ္မတကလည်း ငါသမ္မတပဲဆိုပြီး လုပ်ချင်ရာလုပ်လို့ မရဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ငါ ကာကွယ်ရေး ဦးစီးချုပ်ဆိုပြီး လုပ်လို့မရဘူး။ အကုန်လုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်ဝန်ထမ်းက ဆိုသည်။
နိုင်ငံ့ဥသျှောင်အဖွဲ့သည် စစ်အစိုးရ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင် ခြင်းမရှိသော အဖွဲ့အစည်း တခုဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲတဦး ခန့်အပ်ကာ နိုင်ငံ့ ဥသျှောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဟု သိရှိရသည်။
နေပြည်တော်အခြေစိုက် စစ်ဘက်ဆိုင်ရာ သတင်းများအရ တပ်မတော်တွင် အမြင့်ဆုံး ရာထူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးကိုသာ ထားရှိတော့မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှလွဲ၍ ဗိုလ်ချုပ်မှူး ကြီးရာထူး ကို မည်သည့် စစ်အရာရှိကိုမှ ပေးအပ်မည်မဟုတ်ကြောင်း နေပြည်တော် စစ်ဘက် ဆိုင်ရာ အသိုင်းအဝန်းက ပြောသည်။
Ref;Irrawaddy
ကျနော့ ဇာတိမြို့က မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသ မြို့ကလေးတမြို့ပါ။ မိဘ တွေရဲ့ စီးပွားရေး အခြေအနေ ကတော့ သူလိုကိုယ်လို မရှိမရှား အတန်းအစား ထဲကလို့ ဆိုရမှာပေါ့။ ၁၉၉၃ မှာ ကျနော် ၁၀ တန်းအောင်တဲ့အခါ အဖေ က မကွေးကောလိပ်မှာ ကျောင်းဆက်ထားဖို့ စီစဉ်ပါတယ်။ ဒါပေမယ့် ကျနော်လက်မခံခဲ့ပါဘူး။ မွေးချင်းတွေထဲမှာ ကျနော်က အကြီးဆုံးဆိုတော့ ကျနော့ ပညာရေးအတွက် မိဘမှာ ဆက်ပြီး ၀န်မတက်စေချင်လို့ပါ။
၁၉၉၄ နှစ်ဆန်းပိုင်းမှာတော့ ကျနော့ ဦးလေးနေထိုင်ရာ ရန်ကုန်မြို့ကို အလည် ရောက်လာတယ်။ အဆင်ပြေရင် ရန် ကုန်မှာ အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် လည်း ပါပါတယ်။ ဦးလေးက ဌာနဆိုင်ရာ ၀န်ထမ်းတဦး ဖြစ်လေတော့သူ့ဌာနမှာ အလုပ်ရလိုရငြား စုံစမ်းကြည့်ပါသေးတယ်။ အဆင်မပြေပါဘူး။ ၀န်ထမ်းအလုပ်ဆိုတာကလည်း အမြဲတစေ လျှောက်လွှာခေါ်ယူတာ မဟုတ်လေတော့ ခက်တော့ အခက်သား။
တနေ့နေ့လယ်ခင်းမှာ ပျင်းပျင်းရှိတာနဲ့ သတင်းစာတစောင်ကို လှန်လှောကြည့်မိရင်း လျှောက် လွှာခေါ်ယူတဲ့ ကြော်ငြာ တခုကို ဖျတ်ကနဲတွေ့လိုက်မိတယ်။
“တပ်မတော်(ရေ) တွင် အမှုထမ်းရန် တပ်သားသစ် များအလိုရှိသည်” တဲ့။
ကျနော့စိတ်ထဲမှာ ၀မ်းသာသွားမိတယ်။ ညနေပိုင်း ဦးလေးရုံးကပြန်ရောက်လာတဲ့အခါ သတင်းစာပြပြီး တိုင်ပင်ကြည့်တော့ ကြော်ငြာဖတ်ပြီး ဦးလေးစဉ်းစားခန်းဝင်နေတာ တွေ့ရ တယ်။ ခဏကြာမှ“စစ်သားလုပ်ရမယ် ဆိုပေမယ့် ရေတပ်ဆိုတော့ သိပ်မဆိုးဘူး ထင်ရတာပဲ။ သံလျှက်စွန်းရေတပ်မှာ ဦးလေးရဲ့ သူငယ် ချင်းတယောက်ရှိတယ်၊ သူနဲ့ တိုင်ပင်ကြည့် တာပေါ့။”
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း ဦးလေးနဲ့ ကျနော် သံလျှက်စွန်းရေတပ် အိမ်ထောင် သည်လိုင်းကို ရောက်သွား တယ်။ အခန်သင့်ဆိုသလိုပဲ ဦးလေးရဲ့ သူငယ်ချင်း ကို တွေ့ပါတယ်။ သူတို့နှစ်ယောက် စကားပြောလို့ အတန်ကြာတော့ ဦးလေးက လာရင်းကိစ္စက တိုင်ပင်ပါတယ်။
ဒါနဲ့ ရေတပ်ဆရာကြီးက “အေးကွာ စစ်သားတယောက်အနေနဲ့ ပြောရတာတော့ မကောင်းဘူး။ သေသေချာချာ စဉ်းစား ပါအုံး။ စစ်တပ်ဆိုတာ ၀င်ပြီးရင်ထွက်ဖို့ သိပ် မလွယ်ဘူး။ ငါတောင် နှုတ်ထွက်ခွင့်တင်ထားတာ (၃) နှစ်ရှိပြီ၊ ခုထိ အ ကြောင်းမထူး သေးဘူး” လို့ အခြေအနေကို ရှင်းပြပါတယ်။
သို့ပေမယ့်လည်း အပြင်လောကမှာ မရေမရာဖြစ်နေတာကြောင့်ရယ်၊ ကျနော်တို့ အညာ ဒေသမှာ ပင်လယ်ပြင်မမြင်ဖူး တော့ စစ်သင်္ဘောကြီးစီးပြီး ပင်လယ်ပြင် ဖြတ်သန်း ရမှာကို စိတ်ကူးယဉ်မိတာရယ်ကြောင့် ရေတပ်ထဲကိုဝင်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါ တယ်။ ကျနော့ဖက်က သေချာပြီဆိုတော့လည်း ဆရာကြီးကဘာမှ မပြောတော့ဘဲ သူတာဝန်ရှိသမျှ အ ကူအညီပေးပါတယ်။ နောက်တနေ့ ရုံးဖွင့်ရက်မှာ ကျနော့ကို တပ်သားသစ်စုဆောင်းရေးဌာနကို ခေါ်သွားပြီး လျှောက် လွှာပုံစံယူပေးပါတယ်။ နောက်ပြီး စုဆောင်းရေး တာဝန်ခံကိုလည်း ကျနော်ဟာ သူ့တူတော်စပ်ကြောင်း မိတ်ဆက် အပ်နှံပေးပါတယ်။
ဒီလိုနဲ့ သင်္ကြန်ကာလကိုဖြတ်သန်းပြီး ဧပြီ ၂၂ ရက်နေ့မှာ အင်တာဗျူးကိစ္စတွေပြီးလို့ ဆေးကြီးစစ် အောင်တဲ့အခါ စာ ချုပ် ချုပ်ဆိုရပါတယ်။
အဲဒီနေ့မှာ ကျနော့ရဲ့စစ်မှုထမ်းသက်စတယ်လို့ သိရပါတယ်။ စစ်သည်လောင်း တဦး ဖြစ်သွားပြီမို့ ဧရခ အဆောင်တခု ထဲကို ပြောင်းရွှေ့နေထိုင်ရပြီး တပ်ထောက်က ကျွေးတဲ့ ထမင်းကိုစားရ ပါတော့တယ်။ နေ့စဉ် မနက်စောစောအိပ်ယာ ထ လက်ဖက်ရည် ကျဲကျဲလေးသောက် တန်းစီလူစုခွဲပြီး တပ်တွင်း သန့်ရှင်းရေးလုပ်အားပေးရ ပါတယ်။ နေ့လယ် (၁၁) နာရီလောက်မှာ ထမင်းစား၊ ခေတ္တအနားယူပြီးတော့ လုပ်အားပေးလုပ်၊ နေ့လယ် လက်ဖက်ရည်သောက် ညနေ (၅) နာ ရီ ရေချိုး ညစာစား၊ ညဖက်မှာ ဗီဒီယိုကြည့် သူငယ်ချင်း အသစ်တွေနဲ့ စကားဖောင်ဖွဲ့လို့ ပျော်စရာတော့.. အကောင်း သား။
ကျနော်တို့ကို ရအတ (၃၃) မှာ ခေတ္တတွဲဖက်ထားတာဖြစ်ပြီး တပ်မှူးက ဗိုလ်မှူးစိုးသိန်း (နောင်ကာ ကွယ်ရေးဦးစီးချုပ်-ရေ) ဖြစ်ပါတယ်။ သူက ကျနော်တို့ကို ရဲဘော်လေးတွေ ရဲဘော်လေးတွေနဲ့ မြှေက်ပင့်ပြီး ခိုင်းလိုက်တာ သူ့တပ်နောက် က ဧရာမသဲပုံကြီးဟာ အိုဒီ (ရဲဘော်သစ်) တွေရဲ့လုပ်အားနဲ့ ပြောင်တလင်းဖြစ်သွားတယ်။ မိဘအိမ်မှာ လက်ကျော တင်းအောင်မလုပ်ခဲ့တဲ့ ကျနော်တို့တတွေ စစ်ဗိုလ်ကြီးရဲ့ မြှောက်လုံးတွေကြားမှာ အသက်ရှူမှားအောင် လုပ်အားပေးခဲ့ ရတယ်။ ဒါတောင် တချို့ကနောက်တတ်သေးတယ် “စားပြီးအိပ် နေ တပ်မတော် (ရေ) တန်းစီတန်းဖြုတ် လခထုတ်” တဲ့။
မေလထဲက ရက်တရက်မှာတော့ သင်တန်းတက်ဖို့ ကျနော်တို့အုပ်စု ပုသိမ်မြို့ ရလတ (၃၇) ကိုသွားရတယ်။ စစ်ရေ ယာဉ် ဆင်းမင်း၊ စစ်ရေယာဉ် စိန္တာ စစ်သင်္ဘောနှစ်စီးနဲ့ ပို့ပေးတာ။ သင်္ဘောပေါ် မတက်ခင် ဧရခ Jetty မှာ တန်းစီလူ စစ်တော့ စုဆောင်းရေးတာဝန်ခံ ဆရာကြီး မြတ်ဆိုင်ကပြောတယ်၊ အမိန့်သံလိုလို နောက်ပြောင်သံ လိုလိုနဲ့ “ကဲ..ဒီနေ့ကစပြီး မင်းတို့အားလုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၆) လ ကျခံစေ”။
ရုတ်တရက် သူဘာကိုဆိုလိုသလဲ နားမလည်ခဲ့မိဘူး။ သင်တန်းကျောင်းကိုရောက်တော့မှပဲ ကောင်းကောင်း သဘော ပေါက်မိတော့တယ်။
ရန်ကုန် ကနေ ပုသိမ်ကို ညလုံးပေါက် သင်္ဘောစီးပြီးသွားရပါတယ်။ ညအချိန်ဆိုတော့ မြို့တမြို့ကိုရောက်တိုင်း မြင် ကွင်းဆန်းဆန်းလေးတွေကို တွေ့ရမြဲ။ သင်္ဘောဆိပ်လို့ ထင်ရတဲ့နေရာတွေမှာတော့ လူတွေ လှုပ်လှုပ်ရွရွ သွားလာလှုပ် ရှားနေတာကို မြင်ရတယ်။ တချို့မြို့တွေမှာဆိုရင် လျှပ်စစ်မီးမှိန်မှိန်အောက်မှာ ရေနံဆီမီးခွက်လေးတွေနဲ့ ဈေးရောင်း နေကြတာ။ ကျနော့ဘ၀မှာ ရေလမ်းခရီးသွားရတာ ဒီအကြိမ် ပထမဆုံးဖြစ်ပြီး အတွေ့အကြုံသစ်တခုနဲ့ မကြာမီဖြတ်သန်း ရမှာကို တွေးမိတော့ ရင်ထဲမှာလှုပ်ရှားနေပြီး တညလုံးအိပ်မရတော့ပါဘူး။
ပုသိမ်မြို့ကိုရောက်တော့ မနက် (၈) နာရီလောက်ရှိနေပါပြီ။ ရလတ (၃၇) Jetty မှာ သင်တန်းဆရာတွေ လာစောင့်နေ တာ မြင်ရပါတယ်။ Jetty မှာ ရေယာဉ်ကပ်ပြီးတဲ့အခါ ၀ါးစိမ်းတုတ်ကိုယ်စီကိုင်ထားတဲ့ သင်တန်းဆရာနှစ်ယောက် ရေ ယာဉ်ပေါ်တက်လာပြီး
“နှမစောင်းတွေ အားလုံးငြိမ်ငြိမ်နေကြ၊ ပြောတာနားထောင်။ ခုချိန်ကစပြီး လုပ်ဆို တာကိုလုပ် မလုပ်နဲ့ဆိုတာကို လုံးဝ မလုပ်နဲ့၊ ပြောသလိုမလုပ်ရင် ဟောသည်မှာ ကြည့်” ဆိုပြီး
ဝါးစိမ်းတုတ်နဲ့ နီးစပ်ရာသေတ္တာတလုံးကို ဖုန်းကနဲမြည်အောင်ရိုက်ချလိုက်ပါတယ်။ ပြီးတော့ နှစ်ယောက်တတွဲ သေတ္တာ တွေသယ်ထုတ်ပြီး Jetty ပေါ်မှာပုံထားရပါတယ်။ နောက်မှတခါ အိပ်ဆောင်ရှိရာကို သယ်ပို့ရပြန်တယ်။ သေတ္တာအားလုံး အိပ်ဆောင်ထဲ ရောက်သွားတော့ ကျနော်တို့အားလုံး စစ်ရေးပြကွင်းမှာ တန်းစီလူစစ်ဆေး ပါတယ်။ ကျနော်တို့ သင် တန်းကိုမလာခင် (၃၃) တပ်ထောက် ဆရာတွေက တန်းစီညာညှိ အခြေခံသဘော သင်ပေးလိုက်ပါသေးတယ်။ သို့သော်လည်း စစ်ပညာကိုခုမှ စတင်ထိတွေ့ဖူးသူတွေဆိုတော့ စစ်ပုံကျတယ်လို့တော့ မဟုတ်ဖူးပေါ့။ ကျနော်တို့ တန်းစီနေတုန်း မှာ ၀ါးလုံးပိုင်းကိုင်ထားတဲ့ ဆရာနှစ်ယောက် သုံးယောက်က ရှေ့နောက် ၀ဲယာကနေ လိုက်ကြည့်နေပြီး သူတို့စိတ်ထဲမှာဒေါင့်မကျိုးဘူးလို့ ထင်တဲ့သူဆိုရင် ဇက်ပိုးကိုဖြတ်အုပ်တာတို့ နံနှစ်ဖက်ကိုလက်ဖနောင့်နဲ့ ညှပ်ရိုက်တာတို့ လုပ်ပါတယ်။ (ဒီလိုလုပ်တာဟာ ကျနော်တို့ရဲ့ မဟုတ်မခံ လူငယ် စိတ်ဓာတ်ကို တမင်ဦးချိုးလိုက်တာပါ)
ပြီးတော့မှ သင်တန်းမှူး ဆရာကြီးတင်ရွှေ ကို တန်းအပ်ပါတယ်။ ဆရာကြီးတင်ရွှေက ကျနော်တို့ရှေ့မှာ ဟန်ပါပါ ခါး ထောက်ရပ်ပြီး
“မင်းတို့ ရန်ကုန်မှာကတည်းက ငါ့နာမည်ကိုကြားဖူးကြလိမ့်မယ်။ ရေတပ်သင်တန်း ကျောင်းတွေမှာ ချီးပုံး တင်ရွှေ ဆိုရင် မသိတဲ့လူ မရှိဘူး။ အဲဒါ ငါပဲ။ ဒီတော့ ငါပြောချင်တာ မင်းတို့ရဲ့အရပ်ထဲက သောက်ကျင့်တွေကို တပ်ပြင်ခြံစည်းရိုးမှာ ချိတ်ထားခဲ့။ ခုချိန်မှာ မင်းတို့ကို တပ်မတော်က ပိုင်သွားပြီ” လို့အစချီပြီး သင်တန်းမှာ လိုက်နာရမယ့် စည်းကမ်းချက် တွေကို ဖတ်ပြပါတယ်။
နောက်တနေ့ကစပြီး ကျနော်တို့တတွေ အခြေခံစစ်ရေးပြဘာသာရပ်ဖြစ်တဲ့ လက်နက်မဲ့ စစ်ရေးပြဘာသာရပ်ကို စတင် သင်ကြားရပါတယ်။ သင်တန်းကာလတလျောက်လုံး မနက်လေးနာရီခွဲ အိပ်ယာထချိန်ကစပြီး ညမီးပိတ်အိပ်ချိန် (၁၀) နာရီအထိ သင်ခန်းစာ တွေ လုပ်အားပေးတွေနဲ့ အချိန်လုပြီး လှုပ်ရှားရတာပါ။ သင်တန်းမှာအပြေးတက်ပဲ ရှိပါတယ်။ အေးအေးဆေးဆေး လမ်းလျှောက်ရတယ်ဆိုတာ မရှိပါ။ ညပိုင်းမှာတော့ ညနေ (၆) နာရီကနေ နောက်နေ့မနက် (၄) နာရီအထိ တပ်စုလိုက်အလှည့်ကျ ကင်းစောင့်ရ ပါတယ်။
သင်တန်းကာလမှာ တသက်စာအမှတ်ရစေတဲ့ ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ မနက် (၄) နာရီ ခွဲမှာအိပ်ယာ ထရပြီး (၅) နာရီမှာ PT ပြေးရတာဆိုတော့ ကျနော်တို့ အတွက် အပေါ့အလေးသွားဖို့ အချိန် နာရီဝက်ပဲရပါတယ်။ ကျနော်တို့အတွက် ဆောက်ပေးထားတဲ့ အိမ်သာက (၁၀) ယောက်စာ တောက်လျှောက် အိမ်သာပါ။ ဆောင့်ကြောင့် ထိုင်လို့ရရုံ အကွာအဝေးထားကာ ၀ါးလုံးတန်းနှစ်ခုကို အရှည်လိုက် ခင်းထားပြီး အောက်မှာ မြေကျင်းတူးပေးထားပါ တယ်။ လူတယောက်နဲ့တယောက် အကြား ဘာအကာအရံမှမရှိပါ။ အရှက်ကြီးသူတွေအဖို့ အစပိုင်းမှာ အတော့ကို ဒုက္ခ ရောက်ရပါတယ်။ သင်တန်းသားက (၂၀၀) ကျော်ရှိတာမို့ (၁၀) ဦးစာ အိမ်သာတလုံးနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ မနက် အိပ်ယာထချိန်မှာ ပိုပြီးဆိုးပါတယ်။
ဒီလိုနဲ့ တနေ့မှာတော့ ပြဿနာပေါ်ပါတော့တယ်
မနက်ပိုင်းသင်ခန်းစာတွေပြီးလို့ နေ့လည်ထမင်းစား တန်းစီတဲ့အခါ ဆရာတင်ထွဋ်က တပ်စု တစုချင်း အိမ်သာဘေးက ကုက္ကိုပင်ကြီးအောက်ကို ခေါ်သွားစေပါတယ်။ အားလုံးစုံတဲ့ အခါ ကုက္ကိုပင်ခြေရင်းက ဧရာမ မစင်ပုံကြီးကို လက်ညှိုး ထိုးပြပြီး ဘယ်သူ့ လက်ချက်လည်း စစ်မေးတော့ လက်သည်မပေါ်ပါ။ စစ်တပ်ဆိုတာ တယောက်မကောင်း အများ မဟုတ်လား။ သင်တန်းသားအားလုံး ညာလက်ညှိုးနဲ့ တယောက်တကော်ကော် ပြီး ရွှေ့ရပါတော့တယ်။ စစ်သည်နှစ်ရာ ကျော်ရဲ့ လုပ်အားကြောင့် မစင်ပုံကြီးအစအနမရှိအောင် ပျောက်သွားပြီး ၀က်စာပုံးကြီးလည်း ပြည့်လျှံသွားပါတယ်။ (တမင်အကျင့်ယုတ်တာ..ထမင်းစားတဲ့ လက်နဲ့ကော်ခိုင်းပြီး လက်ဆေးခွင့်လည်းမပေးပါ)
မနက်စောစော PT ပြေးချိန်မှာတော့ တပ်မတော်ဆောင်ပုဒ်တွေ တခုပြီးတခု စည်းချက် ညီညီ အသံကုန်ဟစ်ပြီး ဆိုရပါ တယ်။ ဆောင်ပုဒ်ဆိုတာ တိုးလို့ လမ်းဘေးကို ငေးလို့ ဆိုပြီး လူရှေ့သူရှေ့မရှောင် အပြစ်ပေးခံရတာလည်း မနည်းပါ။ မှတ်မှတ်ရရ တခုကတော့ လက်ခုပ်သံတိုးလို့ဆိုပြီး ကတ္တရာလမ်းမျက်နှာပြင်ကို လက်ဖ၀ါးနဲ့ ရိုက်ခိုင်းတယ်။ တကြိမ်နဲ့ မပြီး နှစ်ကြိမ်နဲ့မပြီး။ ကြာတော့ ဒေါသကို မထိန်းနိုင်တော့တဲ့ ရဲဘော်တယောက် ကတ္တရာလမ်းကို အသားကုန်ရိုက်ချ လိုက်တာ လက်ဖ၀ါး ဟက်တက် ကွဲသွားပါလေရော။ ဒါတောင် PT ဆရာက သူ့ကိုအရွဲ့တိုက်တာလို့ အပြစ်တင်လိုက် သေးတယ်။ ရေတပ်မှာက သင်တန်းဆရာ လုပ်ချင်တဲ့သူ အင်မတန်နည်းပါတယ်။ သင်တန်းဆရာဘ၀ကို မကျေနပ်စိတ် ကလည်း သင်တန်းသားတွေဆီကို ရောက်လာတတ်သေးတယ်။
စိတ်လှုပ်ရှားရဆုံး အတွေ့အကြုံတခုကတော့ ခရီးရှည်ချီတက်ခြင်း (LRB) သင်ခန်းစာမှာပါ။ အဲဒီသင်ခန်းစာ လေ့ကျင့် တဲ့အခါ ပုသိမ်မြို့ အနောက်ပိုင်း ချောင်းသာကမ်းခြေဖက်ဆီကို သွားရပါတယ်။ တောင်တွေ တက်လိုက်ဆင်းလိုက်တောလမ်းသွားရလိုက်နဲ့ အတော် ပင်ပန်းပါတယ်။ ခရီးတထောက်နား တဲ့နေရာ ရောက်တော့လည်း ချက်ပြုတ်ရေး နားခို ရေး တာဝန်ကိုယ်စီယူကြရတယ်။ ဒီလိုနဲ့ တနေရာအရောက်မှာတော့ မတ်စောက် နေတဲ့ တောင်ကြီးကိုတက်ရမှာ တုံ့ ဆိုင်းနေကြတယ်။ သူ့ကိုယ်ကြည့် ကိုယ့်သူကြည့် ဘယ်သူစပြီး တက်မှာလည်းပေါ့။
အဲဒီအချိန်မှာ သေနတ်သံတချက်ထွက်ပေါ်လာပြီး လေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူး သန်းအောင် ရဲ့ အမိန့်သံစူးစူးဝါးဝါး ကို လည်း ကြားလိုက်ရတယ်။
“အားလုံးကျားထိုးတက်ကြ”။
ကျနော်နဲ့ မလှမ်းမကမ်းက သူငယ်ချင်းတယာက် မှောက်လျက်ကြီးလဲလို့။ သူ့ဘောင်းဘီ မှာလည်း ချွေးမဟုတ်တဲ့ ရေစီး ကြောင်းကြီး။ နောက်မှ သိကြရတယ်။ သေနတ်ကျည်ဆံက သူ့ပေါင်အောက်တည့်တည့်က ဖြတ်သွားတာကိုး။
အတိုချုပ်ပြောရရင်တော့ ဒီလိုနဲ့ပဲ ကျနော်တို့ရဲ့ (၅) လတာ တပ်သားသစ်အခြေခံ သင်တန်းကြီး အောင်မြင်စွာပြီးဆုံး သွားတယ်ပေါ့ဗျာ။ အရပ်သားစိတ် ဘယ်လောက် ပျောက်သွားပြီလဲ၊ စစ်သားပုံဘယ်လောက် ပေါက်နေပြီလဲ ဆိုတာ တော့ ကိုယ့်ကိုယ်ကို မဝေခွဲတတ်ခဲ့ပါဘူး။ လေ့ကျင့်ရေးဌာနချုပ်ကို ပြန်ရောက်ပြီး ခွင့် (၁၀) ရက်ရတာမို့ မိသားစုရှိရာ ကို အပြေးပြန်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါ အမေက ကျနော့ကို အကြာကြီးစိုက်ကြည့်နေပြီး သူ့ပါးပြင်မှာ မျက်ရည်တွေ တလိမ့်လိမ့်စီးကျ လာတာကို မြင်ရတော့ ကျနော် ဘယ်လိုအားတင်းပြီး ဣနြေ္ဒ ဆည်နိုင်တော့မှာလည်းဗျာ…။
နေမင်းသူ
Ref;naytthit
သေချင်ရင် စိန်မစားနဲ့ မြန်မာပြည်မှာ လေယာဉ်မောင်းပါ။ လေယာဉ်မယ်လုပ်ပါလို့ ပြောရမလိုဖြစ်နေပြီ။ မြန်မာပြည်မှာ လေယာဉ်မောင်းနေသူတွေ၊ လေယာဉ်မယ်တွေကို ကျနော် တကယ်ကိုစိုးရိမ်ပါတယ်။ ချီးလည်းချီးကျူးပါတယ်။ နအဖ လက်ထဲမှာ လေယာဉ်ပျံတွေက ခဏခဏ ပျက်ကျနေတယ်။ ပြင်ဆင်မှု၊ ထိမ်းသိမ်းမှုတွေကလည်း ညံ့တယ်။
လေယာဉ်မောင်းတာ လေယာဉ်မယ်လုပ်တာ ခုလို ခေတ်ပျက်နေတဲ့ မြန်မာပြည်မှာ အလုပ်ကောင်းတခုပါ။ ဒါပေမဲ့ အ သက်အန္တရာယ်ကနီးလွန်းတယ်။အန္တရာယ် (Risk) က များလွန်းတယ်။ သိပ်ဝါသနာပါတယ်။ ဒါမှမဟုတ် ဒီအလုပ်ကိုပဲ ကျွမ်းကျင်နေပြီဆိုရင်တော့ တခြားနိုင်ငံက လေကြောင်းလိုင်းတွေမှာ အလုပ်ပြောင်းလဲလျေက်သင့်ကြတယ်။
ကျနော် ဘ၀မှာ တတိုင်းပြည်လုံး တုန်လှုပ်သွားတဲ့ ပထမဆုံး လေယာဉ်ပျက်ကျမှုကတော့ ကျနော်တို့ ငယ်ငယ်က ဖေါ ကာတစီးပျက်ကျတယ်။ လေယာဉ်ပျံနံပတ်ကို ကျနော် တော်တော်ကြီးတဲ့အထိ မှတ်မိတယ်။ လူတွေသေကြတယ်။ သေတဲ့အထဲမှာ လေယာဉ်မယ် တင်တင်လှိုင်ကိုတော့ မေ့လို့မရဘူး။ ကျနော်တို့အိမ်နဲ့ သိပ်မဝေးဘူး။ သူက တောင်ဥက္ကလာ ၁၆ ရပ်ကွက်မှာနေတယ်။
သူက တရုပ်ကပြား။ ထက်မြက်တယ်။ လှတယ်။ ချောတယ်။ မိဘကိုလုပ်ကျွေးနေတာပါ။ လေယာဉ်က ရန်ကုန်နဲ့ မြိတ် ပြေးတဲ့လေယာဉ်။ စက်ချို့ယွင်းပြီး ပယ်လယ်ထဲ ပျက်ကျ တယ်။ ပင်လယ်ထဲမှာ လေယာဉ်ကမိနစ်အနည်းငယ် ပေါနေ သေးတယ်။ လေယဉ်မယ် တင်တင်လှိုင်က သူ ကိုယ်လွတ်ရုန်းပြီး သွားရင်ရပေမယ့် ခရီးသည်တွေကို ဦးစားပေး ကယ် ထုတ်ခဲ့တယ်။ သူကတော့ အချိန်မရတော့တဲ့အတွက် လေယာဉ်နဲ့အတူ ပင်လယ်ကြမ်းပြင်မှာ ထာဝရအိပ်စက်ခဲ့ရတယ်။ သူရဲ့ သူရဲကောင်းပီသတဲ့ ဇတ်လမ်းက ကျနော်တို့ ငယ်စဉ်က ပုံပြင်တပုဒ်ပါ။ စစ်ဗိုလ်ချုပ်တွေရဲ့ သူရဲဘောကြောင်တဲ့ စိတ်ဓါတ် အတိုင်း အရပ်သားထဲက သူရဲကောင်းစိတ်ရှိတဲ့သူကို လူမှုထူးချွန်ဆု မပေးခဲ့ပါဘူး။ ဒီအကြောင်းကို ဆရာ မောင်သော်က စာပေဟောပြောပွဲတခုမှာ ပြောခဲ့ဘူးပါသေးတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ တလော က လေယာဉ်စက်ချို့ ယွင်းတယ်။ လေယာဉ်မှူး က မြစ်ထဲကိုထိုးဆင်းပြီး ခရီးသည်တွေ မသေအောင် ကယ်နိုင်တယ်။ သူ့ကို ကွန်ကရက်က သူရဲကောင်းဆု ချီးမြှင့်တယ်။ ဘာကြောင့် မြန်မာနိုင်ငံက ခေါင်းဆောင်ဆိုသူ တွေဟာ စိတ်ဓါတ်ရေးရာအရ သိပ်ကို လူစဉ်မမီလောက်အောင် သိမ်ဖျင်းနိမ့်ကျ နေပါ သလဲ။ သူတို့ငယ်စဉ် က သူတို့မိဘတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ကြရလို့လား။ သိပ်ကို လူ့အောက်သူ့အောက်ကို ကျတဲ့ ဘ၀တွေက ပေါက်ပွား လာလို့လား။ စိတ် ပိုင်းဆိုင်ရာ မပြည့်ဝသူ တွေလား စဉ်းစားစရာတွေပါ။
သူအစ်ကိုက ကျနော်တို့နဲ့ ရင်းနှီးတဲ့အတွက် သူညီမ လေယဉ်မယ် တင်တင်လှိုင်ရဲ့ ကိုယ်လုံးပေါ် ဓါတ်ပုံလေးကို အမြဲတမ်း ထည့်ထားတယ်။ ကျနော်တို့ ကလေးတွေကို မကြာခဏပြပြီ သူ့ညီမလေးအကြောင်းကို လွမ်းတသ ပြောနေတယ်။ ခုတော့ သူရဲ့ သူရဲကောင်း ပီသတဲ့ပုံပြင်ကို လူတွေမေ့သွားပြီ။
နောက်တက္ကသိုလ်ရောက်တော့ မြိတ်က သူငယ်ချင်းတယောက်ကို ပေါင်းမိတယ်။ သူက အရင်းနှီးဆုံး သူငယ်ချင်းဖြစ် လာတယ်။ ကျနော် တော်လှန်ရေးထဲကိုဆင်းတော့ သူလည်းအတူပါလာတယ်။ သူမိဘနှစ်ပါးက ငယ်ငယ်ကထည်းက ဆုံးသွားတယ်လို့ ပြော တယ်။ ဘယ်လိုဆုံးသွားသလဲမေးမိတော့ ကျနော်ခုနက ပြောတဲ့ ဖေါကာလေယာဉ်ပျံ ပျက်ကျတုံး က ပါသွားတယ်လို့ ဆိုတယ်။ တိုက်ဆိုင်မှုက ထူးဆန်း စရာပါ။
ကျနော်တို့ကြီးလာတော့ အဆိုတော်စိန်လွင် တယောက် တွင်အော်တာ လေယာဉ် ပျက်ကျပြီး ဆုံးတယ်။ စိန်လွင် အသံ ကို ကျနော်တို့ ငယ်စဉ်က သိပ်ကြိုက်တယ်။ အသံ သိပ်ကောင်းတယ်။ အောင်မြင်ထင်ရှားတဲ့ အဆိုတော်ပါ။
သူများနိုင်ငံတွေမှာဆိုရင် သူလို အောင်မြင်နေတဲ့အဆိုတော်တယောက်ဟာ လေယာဉ်မောင် အလုပ်ကို ဆက်လုပ်စရာ မလိုတော့ပါဘူး။ သူ ဘာကြောင့် ဒီအလုပ်ကို ဆက်လုပ် သလဲ။ မဆလခေတ်မှာ အဆိုတော်တွေဟာ ချမ်းသာသွား လောက်အောင် ၀င်ငွေမကောင်းလို့လား။ ဒီအလုပ်ပေါ်မှာ သူဝါသနာပါနေလို့လား ကျနော်မသိပါ။ သူဆုံး သွားတဲ့ အတွက် သမျောမိတာပဲ ကျနော် သိတယ်။
ပိုဆိုးလာတာက ဒီလေကြောင်းလိုင်းတွေဟာ တိုင်းပြည်ပိုက်ဆံတွေကို ခိုးယူပြီး မတရား ချမ်းသာလာတဲ့ သန်းရွှေ မိသား စုက နောက်ကွယ်ကနေ ရှယ်ယာတွေ ပိုင်နေ ကြတယ်။ သူတို့က ခတ်စုတ်စုတ်လေယာဉ်တွေကို ဈေးပေါပေါနဲ့ဝယ်။ အ မြတ်များများ ရဖို့ ရည်ရွယ်ချက်တခုပဲ သူတို့သိနေခြင်း ဖြစ်တယ်။ သူတို့ခေတ်မှာ လေယာဉ် တွေဟာ အခေါင်းပျံတွေအ လားဖြစ်နေတယ်။ မကြာခဏ ပျက်ကျတယ်။ လေယာဉ်ပျက်ကျ တာ သတင်းမဟုတ်တော့သလို ဖြစ်လာတယ်။
လေကြောင်းဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် ခရီးသည်ရော လေယာဉ်ဝန်ထမ်း တွေပါ ရွေးချယ် ခွင့်မရှိ။ သူတို့ကိုပဲ ဘုန်းရှင် ကံရှင် ကျေးဇူးရှင်တွေလို့ ထင်နေရတယ်။
လေယဉ်မောင်တွေ မယ်တွေမှာ ဘာအခွင့်ရေးမှ မရှိဘူး။ လေယာဉ်ထိမ်းသိမ်းမှုတွေကို စနစ်တကျ မရှိဘူး။ သူတို့ လေ ယဉ်တွေ ပျက်ကျတယ်။ လမ်းချောထွက်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတိုင်း လူတွေ ၀မ်းသာတယ်။ ကျနော်လည်း ၀မ်းသာတယ်။ ဒါပေမဲ့ သေဆုံးရတဲ့ ဒဏ်ရာရသွားတယ်ဆိုတဲ့သူတွေအတွက် ရိုးသားတဲ့ ၀န်ထမ်းတွေ အတွက် ကျနော်တို့ မပျော်ပါဘူး။ စိတ်မကောင်းကြပါဘူး။
မြန်မာ့လေကြောင်းနဲ့ ပုဂံလေကြောင်းက ၀န်ထမ်းတွေလည်း ပြည်သူတွေ ဘာကြောင့် မပျော်ဘူးဖြစ်နေတာကို သိနိုင် ပါစေ။ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါ။
Ref;naytthit
10 March 2011
မတ်လ ၁၀ရက်။ နန်းထူးစံ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းတွင် ယခုလှုပ်ရှား လျှက်ရှိသည့် နအဖ တပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ ထိမှန်ဒဏ်ရာရရှိမှုများရှိ ကြောင်း ဒေသခံများက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)လက်အောက်ခံ ဗျူဟာမှူးဇော် သိန်း ဦးစီးသည့် ခမရ(၄၀၂)၊ (၄၀၅)၊ (၄၀၆)တပ်ရင်း များက မယ်ကျူကျေးရွာအနီးမှနေ၍ ယခု မတ်လ ၅ရက်နေ့၌ ကျေးရွာအ တွင်းရှိ ဘုန်းကြီးကျောင်းနားတွင် လက်နက်ကြီးငယ်များ ပစ်ခတ်ခဲ့ခြင်းကြောင့် ၁၄နှစ် အရွယ် ကိုရင်လေးတပါး ထိမှန်ခဲ့သည် ဟု ဒေသခံတစ်ဦးက ကေအိုင်စီကို ပြောသည်။
ဘွဲ့အမည် ရှင်သုဟံဆိုသည့် အဆိုပါကိုရင်လေးသည် ၎င်း၏ဘယ်ဖက်ပေါင်တွင် ကျည်ဆံ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာဆေးကု သရန်အတွက် နအဖတပ်မှ မြန်မာငွေကျပ် ၂သောင်း ထုတ်ပေးခဲ့သည်ဟု ထိုဒေသခံက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် စခန်းထိုင်သည့် နအဖ ခမရ(၅၄၇)မှ ဗိုလ်ရဲထွန်း ဦးဆောင်သောအဖွဲ့ သည် ယခု မတ်လ ၄ရက်နေ့က ရွာသစ်ကုန်းကျေးရွာ အတွင်းသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများကြောင့် ၁၀နှစ်အရွယ် မိန်းကလေး တဦး၏ ဘယ်ဖက်ရင်ဘတ်တွင် လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာရရှိ ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည့် KNU ၏ သတင်းမှတ်တမ်းအရ သိရ သည်။
ယခုလို နအဖ တပ်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်များ ပစ်ခတ်လာ သည့်အပေါ် ရွာသူရွာသားများက ကြောက် လန့်နေကြသည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလအတွင်း၌လည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ နအဖ တပ်များမှ အလားတူ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ၁၃နှစ် အရွယ် ကျောင်းသူတဦး သေဆုံးခဲ့သည်။
Ref;KIC
ရဲသူ ၊
မတ်လ ၁၀ ရက် ၂၀၁၁
ဂင်းနစ်စံချိန် မဝင်ပေမယ့် မြန်မာနိုင်ငံမှာ ထူးထူးဆန်းဆန်း ဖြစ်စဉ်တွေ နေ့စဉ်ရက်ဆက် ဆိုသလို တွေ့နေရပါတယ်။
၂၀၀၅ ခုနှစ်က ဖြစ်ခဲ့တာဆိုပေမယ့် ဒီကနေ့မှာတော့ Youtube တို့ Facebook တို့မှာ တင်ထားတဲ့ ဗွီဒီယိုတခုမှာ မြန်မာနိုင်ငံက မိန်းမ စင်စစ်ကနေ ယောင်္ကျားဘဝကို ပြောင်းလဲသွားတဲ့ အကြောင်းကို တွေ့ရမှာပါ။ ထိုမိန်းခလေးသည် လှိုင်သာယာမြို့နယ် ၈ ရက်ကွက် ပဒေသာ ၆ လမ်းက ဦးကျော်ဌေး ဒေါ်ကြည်ကြည်ဝင်းတို့၏ သမီး ဖြစ်ပြီး မသင်းစန္ဒာကနေ မောင်သိန်းစိန် အဖြစ် အမည်ပြောင်းလဲ သတ်မှတ် ခဲ့ပါတယ်။ (အောက်ပါ ဗွီဒီယိုကိုကြည့်ပါ။ )
မတ်လ ၁၀ ရက် ၂၀၁၀ ။ ။
ဒီနေ့ ကျွန်တော် ၈၁ နှစ်ပြည့်တယ်။ ရှစ်ဆယ်ကျော်ဆိုတော့ အက်တဲ့အိုးကို ခေါက်ရင် အက်သံ ပေါ်သလို အိုတဲ့လူဆီက အို သံပဲ ထွက်ပေမှာပဲပေါ့။ ဒါပေမဲ့ အဲဒီ အိုသံမှာ အရေးတော်ပုံ ကြွေးကြော်သံ နောက်ခံ တီးလုံးတွေကတော့ ဟိန်းထွက်နေမှာပဲလို့ ပြောချင်တယ်။
ကျွန်တော်ဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက ပေါက်ဖွား လာခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ အရေးတော်ပုံ တပ်သားတဦး ဖြစ်ပါတယ်လို့ အမြဲပြောနေတာ ဖြစ်ပါတယ်။
အသက် ၆၀ မှာ ကျွန်တော် အရေးတော်ပုံတပ်သား ဖြစ်လာတယ်။ အခု အသက် ရှစ်ဆယ်မှာလဲ အရေးတော်ပုံ တပ်သား အဖြစ် ခရီးဆက်မြဲ ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ အားလုံး လမ်းတူရင် လူချင်း ဆုံကြပါလိမ့်မယ်။ ကျွန်တော်တော့ နောက်ထပ်နှစ်ပေါင်း လေးငါးဆယ်လောက် ခရီးဆက်လှမ်းနေမှာပါ။
ဒီမိုကရေစီ ပန်းတိုင်မှာ အရေးတော်ပုံတပ်သားတွေ ဆုံကြပါစို့ရဲ့လို့ ပြောချင်ပါတယ်။
ဦးဝင်းတင်
Posted by admin on March 10, 2011
ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီမှ ရွာအဝင် လမ်းမကြီးကို သူတို့ ပါတီက ခင်းပေးပါမယ်လို့ ရွေးကောက်ပွဲ မတိုင်ခင်က ရွာသူ၊ ရွာသားတွေကို ကတိပေးခဲ့ပြီး အခုတော့ဖြင့် ကျေးရွာ နေ ပြည်သူတွေ ထံမှ တအိမ်ထောင်ကို ငွေကျပ် တသောင်းစီ အနည်းဆုံးထား ကောက်ခံ နေတယ်လို့ သတင်း ရရှိပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်းခင်က ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ကြံ့ဖွံ့ အဖွဲ့ဟာ မဲ အောင်နိုင်ရေး အတွက် မဲဆွယ်စည်း ရုံးတဲ့ အနေနဲ့ ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ကာလတွေမှာ ရပ်ကွပ် ကျေးရွာ အသီးသီးရှိ မြေသား လမ်းတွေကို စည်ပင် သာယာရေး အဖွဲ့ရဲ့ စက်ယန္တရားတွေ ငွေကြေးတွေကို အသုံးချပြီး လမ်းခင်းခြင်း လမ်းဖွင့်ပွဲများပြု လုပ်ခဲ့ခြင်း တွေကို ၎င်းတို့ပါတီ မဲရရေး အတွက် ပြုလုပ် ခဲ့ကြပါတယ်။
နိုဝင်ဘာ (၇) ရက်နေ့ ရွေး ကောက်ပွဲမတိုင်ခင်က သန်လျှင်မြို့ ကြံ့ဖွံ့ ပါတီက မဲဆွယ် စည်းရုံးသော အနေဖြင့် ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ အဝင် လမ်းမကြီးကို လမ်းခင်းပေးမယ် ဆိုပြီး ကျောက်ခဲတွေကို လမ်းဘေးဝဲ ယာတလျှောက် ပုံချ ထားခဲ့ပါတယ်။
ရွေးကောက်ပွဲနေမှာ NDF ပါတီက ဗိုလ်ချုပ်ကျေးရွာမှာ မဲအများစု ရသွားတဲ့ အတွက် ရွာလမ်းမကြီးကို ဆက်လက် ခင်ကျင်းပေးခြင်း မပြုတော့တဲ့ အတွက် ရွာသူ၊ ရွာသားတွေက မကျေမနပ် ပြောဆို နေကြပါတယ်။ ခုတော့ ကြံ့ဖွံ့ပါတီနဲ့ ရယက တို့ ဦးဆောင်ကာ တအိမ်ထောင်ကို လမ်းခင်းဖိုး အတွက် အနည်းဆုံး ကျပ်တသောင်း ထဲ့ရမယ်ဆိုပြီး အတင်း အကျပ် လိုက်ကောက်နေပါတယ်။
ဗိုလ်ချုပ်ရွာ ရွာအဝင်လမ်းမကြီးကို ကျောက်ကြမ်းများသာ ခင်းထားပြီး လမ်းမကြီး ကိုလည်း အနှေးယာဉ်၊ အမြန်ယာဉ်များ သွားလာခွင့် မပြုဘဲ ပိတ်ဆို့ထားခဲ့တာ (၂) လလောက် ကြာနေပြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကျေးရွာနေ ရွာသူ၊ ရွာသားတွေအနေနဲ့ ကုန်ဈေးနှုန်းကလဲ ကြီးမားပြီး စားဝတ်နေရေး ခက်ခဲ ရတဲ့ ကြားထဲ တအိမ်ထောင်ကို ကျပ်တသောင်း အတင်းအဓမ္မ ထည့်ဝင်ရသေး၊ လမ်းကိုလည်း ပြီးအောင် မခင်းပေးဘဲ ပိတ်ဆို့ ထားတဲ့ အတွက် ခရီးသွား ပြည်သူ ကျောင်းသား ကျောင်းသူ အလုပ်သမားတွေ အနေနဲ့ သွားလာရတာ အခတ်အခဲနဲ့ နေ့စဉ် ရင်ဆိုင် နေကြရပါတယ်။
ပေးပို့သူ .. လွင်မြင့်
Ref: နေ့သစ်
အောင်မြတ်စိုး
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၉ ရက် ၂၀၁၁
ဘန်ကောက် (မဇ္ဈိမ) ။ ။ သဘောမတူသော အချိန်ပို ခိုင်းစေမှုကြောင့် အလုပ် သမားများ ဆန္ဒပြမှု တရပ် ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ သားရေစက်ရုံ၌ အင်္ဂါနေ့တွင် စတင် ဖြစ်ပွားလျက် ရှိသည်။
စက်မှုဇုန် ၃၊ ဖန်ချက်ဝန် ဦးရွှေအုံးလမ်းရှိ ပင်မစက်ရုံနှင့် စက်ရုံခွဲ တခုရှိ လုပ်သား ၃ ထောင်နီးပါး တပြိုင်တည်း လစာ ဖြတ်ခံရမှုနှင့် အချိန်ပို ခိုင်းစေမှုအပေါ် မကျေနပ်၍ ဆန္ဒပြနေကြောင်း အလုပ်သမားများကို ကူညီနေသူ ကိုသန်းက မဇ္ဈိမက ပြောသည်။
ကွန်းချမ်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၉ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေနေစဉ် လျှပ်စစ်မီး မရသဖြင့် ဒေါသ ထွက်နေသော မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ အင်္ဂါနေ့ ညပိုင်းတွင် ဆူပူမှု ဖြစ်ပွားခဲ့သည်။
ည ၈ နာရီခန့်တွင် ကျောင်းသား ၅ဝ ကျော်က ဆိုင်ကယ်ကိုယ်စီဖြင့် ငန်းတေးရပ်ရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့ ခဲများဖြင့် ပစ်ပေါက်ကြသည်။
“စာမေးပွဲ မဖြေခင် နှစ်ရက်ကတည်းက မီးမလာဘူး၊ အခုဖြေနေတာလည်း နှစ်ရက်ရှိပြီ။ မီးမလာတော့ ၁ဝ တန်း ကျောင်းသူ ကျောင်းသားတွေ တော်တော် ဒုက္ခရောက်တယ်။ ဒါ့ကြောင့် သူတို့ကိုယ်စား ကျနော်တို့ ဒီလို လုပ်ရတာပါ” ဟု ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ နိုင်ငံတဝှန်းတွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမှာ ဖြစ်သည်။
ခဲပေါက်ခြင်းကြောင့် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မှန်များ ကွဲသွားခဲ့ကြောင်း မန္တလေးရပ်မှ မျက်မြင် တွေ့ရှိသူ တဦးက ပြောသည်။
၂ဝဝ၉ ခုနှစ် မတ်လတွင်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲ မဖြေဆိုမီ ၄ ရက် ဆက်တိုက် မီးပျက် နေသဖြင့် တက္ကသိုလ် ကျောင်းသား ၁ဝဝ ခန့် ယခုလိုပင် ဆူပူ ဆန္ဒပြခဲ့အပြီး လျှပ်စစ်မီး ပြန်ရခဲ့သည်။
Ref: မဇ္ဈိမ
လူရယ်လို့ သိတတ်တဲ့အရွယ်ထဲက အပေးအယူသဘောတွေကို စတင်မိတ်ဆက် ခဲ့ကြရပါတယ်။ ပြုံးတတ်တဲ့အရွယ်မှာ များများပြုံးတဲ့ကလေးက မပြုံးတဲ့ကလေးထက် ပိုလို့ချစ်ခင်ခံရပါတယ်။ ဒါပေမဲ့ ကိုယ်ပေးတဲ့အရာဟာ သူလက်ခံနိုင်တဲ့ အရာဖြစ်ဖို့ တော့ အရေးကြီးပါတယ်။
ကျမတို့ ငယ်စဉ်က ကျမတို့အဖေက ဆုပေးဒဏ်ပေး စနစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးပါတယ်။ ကျမတို့အဖေက နေရာတခုကို အလည်ခေါ်မယ်ဆိုရင် သူ့စည်းကမ်းချက် တွေကို လိုက်နာမှ နောက်တချိန် ထပ်ခေါ်မယ်ဆိုတာမျိုးကစ လို့ စာမေးပွဲမှာ အဆင့်တက်လာအောင် လုပ်တာမျိုးအဆုံး အပေးအယူနဲ့လုပ်တော့ ကျမတို့ ငယ်စဉ်ဘ၀က အရိုက်မခံ ရသလောက်ပါပဲ။ ဒါပေမဲ့ အဖေက ကျမတို့ လိုချင်တဲ့အရာနဲ့ အပေးအယူလုပ်ခဲ့တော့ အဖေအောင်မြင်ခဲ့တာပါ။
၁၉၈၈ ခုနှစ် မတ်လအရေးအခင်းမှာ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကို လျစ်လျူ မရှုခဲ့ရင်၊ ဇွန်လအရေးတော်ပုံ ဖြစ် လာဖို့ မသေချာပါဘူး။ ဇွန်လအရေးတော်ပုံသာ မဖြစ်ခဲ့ရင် ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်လာမယ်လို့ ဘယ်သူက ပြော နိုင်ခဲ့မှာလဲ။ အကယ်၍ ဗိုလ်ချုပ်နေ၀င်းဟာ တိုင်းပြည်တိုးတက်ဖို့ ကျိုးစားခဲ့မယ်ဆိုရင် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ် အရေးတော်ပုံတွေ ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ပြည်သူတွေလိုလားတာကို စောစောစီးစီးပေးခဲ့ရင် ကမ္ဘာက ပြစ်တင်ဝေဖန်တာကို ခံစရာ မလိုပါဘူး။
ပေးတဲ့လူနဲ့ ယူတဲ့လူ အသံတူဖို့တော့ လိုပါတယ်။ အပေးအယူလုပ်တယ်ဆိုတာ မှန်ကြည့် သလိုပါဘဲ။ တခါထဲတောင်း ဆို၊ တခါထဲ အခွင့်အရေးရတဲ့သူ ဆိုတာက မရှိနိုင်ပါဘူး။ တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားရေးဝါဒ ရပ် တန့်သွားဖို့ အတွက် ၄၇ နှစ်ကြာမြင့်ခဲ့ပြီး မင်ဒဲလားက ထောင်ထဲမှာ ၂၆ နှစ်ကြာခဲ့ပါတယ်။ ဒီအတောအတွင်း (ANC) က ဘာတွေလုပ်ဆောင်ခဲ့ကြလဲ။ ဘာကြောင့် P.W.Botha က မင်ဒဲလားနဲ့ တွေ့ဆုံရပါသလဲ။ အေအင်စီက လက်နက်ကိုင် တိုက်ပွဲတွေ၊ လူထုတိုက်ပွဲ တွေကို အများအပြား ဆင်နွဲခဲ့ကြပါတယ်။ တကယ့်အကြပ်အတည်းက တောင်အာဖရိကနိုင်ငံ မှာ လူဦးရေတိုးပွားလာတာ၊ စီးပွားရေးမတည်ငြိမ်တာ၊ အလုပ်အကိုင် ရှားပါးတာ၊ ရောဂါဘယထူပြောတာတွေကြောင့် ပြည်သူအများစုက ဆင်းရဲဒုက္ခနဲ့ရင်ဆိုင် နေရပါတယ်။ ဒီကလပ်အစိုးရကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ ကလဲ ရှိနေပါတယ်။
နိုင်ငံတကာက ဘာကြောင့်စီးပွားရေးပိတ်ဆို့တာလဲ၊ စီးပွားရေးပိတ်ဆို့တာက အုပ်ချုပ်တဲ့ လူတန်းစားရဲ့ လူ့အခွင့်ရေးချိုး ဖောက်မှု တွေ၊ အဂတိလိုက်စားမှုတွေ စတဲ့အပြစ်တွေအတွက် ဒဏ်ခတ်လိုက်တာဖြစ်ပြီး၊ လူ့အခွင့်အရေးလေးစားလိုက် နာရင် တဖြေးဖြေးဖွင့်ပေးတဲ့ နိုင်ငံတကာရဲ့ အပေးအယူပုံစံတခုဖြစ်ပါတယ်။ လေယာဉ်ပျံသန်းရာ လမ်းကြောင်းတွေကို ပါ ပိတ်ဆို့ထိန်းချုပ်ထားပါတယ်။ အတင်းကျပ်ဆုံး အခြေအနေအဖြစ် တောင်အာဖရိက နိုင်ငံကိုကိုယ်စားပြု အားကစား ပွဲတွေကိုပါ ပိတ်ဆို့ ထားလိုက်တာပါ။
မြန်မာပြည်ရဲ့ သမိုင်းတလျောက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့၊ အစိုးရတပ်တွေ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာ ကြာပါပြီ။ ၁၉၉၀ ခုနှစ်ကစလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လာပါတယ်။ ဒေသခံပြည်သူတွေကလည်း ကြိုဆိုကြ ပါတယ်။ ဒါပေမဲ့ န၀တနဲ့ သေချာတဲ့ သဘောတူညီမှုမရခဲ့ပါဘူး။ သေချာတဲ့ သဘောတူညီမှုအစား စီးပွားရေး လုပ်ပိုင်ခွင့် တွေပေးလိုက်လို့ တိုင်းရင်းသား အဖွဲ့တွေကြား သွေးကွဲခဲ့ရတဲ့ အဖြစ်အပျက်တွေလဲ မရေတွက်နိုင်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်လောက် လက်နက်ကိုင်တိုက်ပွဲ တွေမရှိခဲ့ပေမဲ့ တိုင်းရင်းသားအဖွဲ့တွေကိုအင်အားလျော့နည်းသွားအောင်တော့ ကျိုးပမ်းခဲ့ပါတယ်။ အခုတော့ မြန်မာပြည်တနံတလျားမှာ သေနတ်သံတွေက နေရာပြန်ယူနေပါပြီ။
နအဖ က အပေးအယူလုပ်တာ ကျွမ်းကျင်ပါတယ်။ အရှေ့တောင်အာရှကိုတော့ မက်လုံးပေးနိုင်ခဲ့ပါတယ်။ အရှေ့ တောင်အာရှ နိုင်ငံတွေကို သဘာဝအရင်းအမြစ်တွေ ဈေးပေါပေါနဲ့ ပေးလိုက်ပြီး အဲဒီနိုင်ငံတွေက ထောက်ခံမှုတွေကို ယူခဲ့လိုက်နိုင်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပေမဲ့ အ ရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကတော့ အရေးမယူနိုင်ခဲ့ပါဘူး။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က မစ္စတာဂန်ဘာရီကို အကြိမ်ကြိမ်စေလွတ်ခဲ့ပေမဲ့၊ တစုံတရာ ထူးခြားမှုမရှိခဲ့ပါဘူး။ ဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၃ ကြိမ်လောက်တွေ့ဆုံအပြီးမှာတော့ လမ်းမပေါ်မှာ လူတွေကို ပစ်သတ်ခဲ့တဲ့ ပုံရိပ်တွေ ပျောက်ကွယ်သွားတာကတော့ နိုင်ငံတကာက မြန်မာပြည်အပေါ်ထားတဲ့ သဘောထားလို့ မှတ်ချက် ချမိပါတယ်။
အီဂျစ်နိုင်ငံဟာလည်း အာဏာရှင် မူဘာရက် နှစ်ပေါင်း၃၀ကျော် အုပ်စိုးခဲ့ပါတယ်။ နိုင်ငံတွင်းက ပညာတတ်လူငယ်များ စွာဟာ အကြိမ်ကြိမ် ထောင်ကျခံနေရတာကို ပြင်ပ နိုင်ငံတွေက သတိမထားမိကြပါဘူး။ ၂၀၁၁ ဖေဖော်ဝါရီလမှာတော့ ဖေ့စ်ဘုတ်ကနေ တော်လှန်ရေးတခုကို စတင်ခဲ့ပါတယ်။ ပြည်သူတွေအားလုံးပါဝင်ပြီး သန်းနဲ့ချီတဲ့ လူတွေလမ်းမတွေ ပေါ်မှာ ချီတက်ဆန္ဒ ပြခဲ့ပါတယ်။ မူဘာရက် ပြုတ်ကြပြီးတဲ့နောက်တော့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိ နိုင်းခဲ့နှိုင်ပါပြီ။
မူစလင်ကမ္ဘာမှာ ပထမဦးဆုံးစတင်ခဲ့တဲ့ တူနီးရှားနိုင်ငံမှာတော့ အာဏာရှင်သမ္မတ ဘင်အာလီက ထွက်ပြေးခဲ့ရပြီး ကြား ဖြတ် အစိုးရက ၆ လအတွင်းရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ဂတိရရှိထားပြီးဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ အောင်ပွဲ ဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကြောင့်လဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ချိန်ရောက်မှ ပြန်လည် အသက်ဝင်လာပါတယ်။ အီ ဂျစ် ဆန္ဒပြပွဲတွေမဖြစ်ခင်မှာဘဲ ဒေါ်အောင်ဆန်းစုကြည် က လူငယ်ကွန်ရက်တွေ ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ NLD ရဲ့ နိုင် ငံရေးလှုပ်ရှားမှု မြှင့်တင်ဖို့လဲ ပြောနေပါတယ်။ တွေ့ဆုံဆွေးနွေးဖို့အတွက် ကြီးမားတဲ့ဖိအား ကတော့ ရှိကိုရှိရပါလိမ့်မယ်။ LSE (London School of Econo-mics) က ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ်မှာတော့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံလို သူတွေဟာ ပြည်သူလူထု ဖွံဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံ တယ်ဆိုရင်တော့ အဲဒီအတွေးအခေါ်ဟာ မှားယွင်းသွား မယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တဆုပ်စာ လူတန်းစားအတွက်ပဲ အကျိုးဖြစ်ထွန်းသွားမှာ မို့လို့ပါ။ ဒါ ပေမဲ့ ကိုယ်ကျိုးစီးပွားအတွက် ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ သူဘာမှ မပြောလိုပါဘူးလို့ ပြောပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တွန်းလှန်တာဖြစ်ပြီး၊ မြန်မာ ပြည်ကတော့ အာဏာရှင်တွေကို အဖိနှိပ်ခံတွေက ဆန့်ကျင်တော်လှန်တာဖြစ်တယ်လို့ဆိုပါတယ်။ အာဏာလက်ဝယ် ထားရှိနေသူက သူ့ရဲ့အာဏာကို မစွန့်လွတ်ချင်လို့ အမျိုးတူလူတွေကို ထောင်ဒဏ်နှစ်ရှည်ချထား၊ လမ်းမတွေပေါ်မှာ ပစ်ခတ် သတ်ဖြတ်တာမျိုးတွေ လုပ်ခဲ့ပေမဲ့ ပြည်သူတွေက စစ်တပ်ကြီးတခုလုံးကို ဆန့်ကျင်တာမဟုတ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က အကြိမ်များစွာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
ဆန့်ကျင်တော်လှန်သူတွေ ညီညွတ်ရင်၊ အသံတသံထဲထွက်ရင်တော့ စစ်တပ်အတွင်းက အမှန်တရားမြတ်နိုးသူတွေ ဟာ ဆန့်ကျင်တော်လှန်သူတွေနဲ့ ပူးပေါင်းလာမှာပါ။ စစ်တပ် ကြီးက ပြည်သူလူထုဘက်ကို ရပ်လိုက်ရင်တော့ အာဏာ ရှင်ဟာ ဘာမှ လုပ်နိုင်တော့ မှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေ ရောက်လာအောင်တော့ ဆန့်ကျင်တော်လှန်နေသူ တွေ က ပေးဆပ်ရမှာပါ။ ဒါမှ အမှန်တရားကို ရယူနိုင်မယ်မဟုတ်လား။
ကျမတို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ အများကြီးရှိပါတယ်။ အဲဒီရင်းနှီးမြုပ်နှုံမှုတွေဟာ ပြည်သူကို အကျိုးမပြုပါဘူး။ အခုအချိန်မှာ နော်ဝေအပါအ၀င် နိုင်ငံတချို့ ရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ဘ၀ဟာ ကုန်းကောက်စရာ မရှိ အောင် မွဲတေနေဆဲပါ။ အကျိုးအမြတ်ကို ခံစားနေသူတွေက လက်တဆုပ်စာ လူတွေပါ။ ဖိအားပေးတဲ့နေရာမှာ ပြည် တွင်း ပြည်ပ အားလုံးပါဝင်သင့်တယ်လို့ ထင်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ စစ်တပ်ရဲ့ အရည်အသွေးနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို သူမဆန့်ကျင်ဘူး။ စစ်တပ်ဆိုတာ နိုင်ငံအတွက် အရေးကြီးတယ်။ ဒါပေမဲ့ ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တဲ့ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဖြစ်စေချင်တယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ဆို တာက စစ်အစိုးရကို ခုံရုံးတင်ဖို့မဟုတ်ဘဲ အဲဒီအဖွဲ့က စေ့စပ်ဆွေးနွေးရေးကို အထောက်အကူပြုနိုင်မယ်လို့သူက ယုံ ကြည်ပါတယ်။
စစ်တပ်ထဲမှာလဲ မညီမျှမှုတွေ ရှိနေပါတယ်။ အောက်ခြေအဆင့် တပ်သားတွေအပါအ၀င် ဗိုလ်မှူးအဆင့်လောက်အထိ က စားဝတ်နေရေး ခက်ခဲပါတယ်။ ပညာမသင်နိုင်တဲ့ တပ်တွင်းမိသားစုက ကလေးတွေ၊ စီးပွားရေးအတွက် ဘ၀ကို ရောင်းနေရတဲ့ တပ်မတော်သားရဲ့ ဇနီးတွေအကြောင်းကိုလည်း ကြားနေရပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ လူတစု ကောင်းစားရေးကိုပဲ စဉ်းစားနေတဲ့ အာဏာရှင်ကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်တော့ ကျမတို့မြန်မာပြည်ဟာ အရှေ့တောင်အာရှရဲ့ စပါးကျီဖြစ်ခဲ့ဘူးပါတယ်။ အဖိုးအဖွားတွေပြောပြတဲ့ ဒဏ္ဍာ ရီကို နားထောင်ရင်း ကျမတို့ကိုယ်တိုင် မြန်မာပြည်ကြီးကို ဖွံဖြိုးတိုးတက်စေချင်ပါတယ်။ အိမ်တအိမ်လိုပဲပေါ့ အိမ်သား တွေ မညီညွတ်ရင် ကြီးပွားဖို့ဆိုတာက အိပ်မက်တခုပဲ ဖြစ်မှာပါ။ ဒါကြောင့်ကျမတို့ အမျိုးသားပြန်လည် သင့်မြတ်ဖို့ လိုပါ တယ်။ ကျမတို့ မြန်မာစစ်တပ်ဟာ အမှန်တကယ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ် ရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လွတ်လွတ်ချင်းမှာပဲ သူအင်တာနက်အသုံးပြုမယ်လို့ ပြောပြ ပါတယ်။ သူက ဖေ့စ်ဘုတ်က နေ၊ စကိုက်ကနေ၊ gtalk ကနေလူငယ်တွေနဲ့ တွေ့ချင်တယ်။ လူငယ်တွေတွေရဲ့ အမြင်၊ ခံစားချက်တွေကို သိချင်ပါ တယ်။ လူအများနဲ့ ဆက်သွယ်ဖို့ အင်တာနက်ကို အသုံးပြုဖို့ လူငယ်တွေကိုလဲ တိုက်တွန်းခဲ့ပါတယ်။ ဒေါ်စု ပြောတာနဲ့ မရှေးမနှောင်းမှာ ဖေ့စ်ဘုတ်ကိုအသုံးပြုတဲ့ တော်လှန်ရေးတွေ ပေါ်လာတာ ကတော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ပါ့မလား။
ခင်ငြိမ်းသစ်
Ref;naytthit
March 8th, 201
ယနေ့ကျရောက်သည့် နှစ်(၁၀၀) ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက် ၍ “ဒီနှစ်ကတော့ နှစ်တရာပြည့် အမျိုး သမီးများနေ့ ဖြစ်တယ်၊ အမျိုးသမီးများ အရေး တိုက်ပွဲဝင်ခဲ့ တဲ့ အမျိုးသမီး တွေကို ဂုဏ်ပြုပြီး ဆက်လက် ခွဲခြားခြင်းခံနေရတဲ့ အမျိုးသမီးတွေကို ဆက်လက်တိုက်ပွဲဝင် အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးတွေရဲ့ နေ့ထူး နေ့ မြတ်တနေ့ ဖြစ်တယ်ဆိုတာ အသိမှတ်ပြုရင်း လုပ်တာ ဖြစ်တယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် လိုည်းနွေနှောင်း က ပြောသည်။
အခမ်းအနားတွင် မြန်မာပြည်အရှေ့ခြမ်း တိုင်းရင်းသားဒေသများမှ စစ်ပွဲများအတွင်း ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရရှာသည့် အမျိုးသမီးများနှင့် ကလေးငယ်များအခြေအနေကို ကရင်အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
“အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးက အောင်မြင်တဲ့ ခေါင်းဆောင်တွေဖြစ်နေပြီး မြင့်မားနေပေမဲ့ ကျန်တဲ့ အမျိုးသမီး တဦးက အဆင့်အရမ်းနိမ့်ကျနေရင် အမျိုးသမီးတွေအတွက် အောင်မြင်မှုမဟုတ်သေးဘူး၊ ကျန်တဲ့ ကိုးယောက်က နိမ့်ကျနေတဲ့ တယောက်ကို မြှင့်တင် ပေးဖို့ တာဝန်တွေ အားလုံးမှာရှိတယ်” ဟု ပြောသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသူတဦးကလည်း မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့သည်။
စစ်အစိုးရအနေဖြင့် အမျိုးသမီးများအပေါ်အခွင့်အရေးများ ချိုးဖောက်နေမှုနှင့် ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ ရပ်တန့်ရန် လိုအပ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် လိုည်းနွေနှောင်းက ဆက်ပြောသည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွား နေသည့် စစ်ပွဲများ အမြန်ဆုံးရပ်ပေးရန်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အမြန်ဖော် ဆောင်ပေးရန်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား/သူများ အားလုံးနှင့် တိုင်းရင်းသား ခေါင်းဆောင် များကို အမြန်ဆုံးလွှတ်ပေးရန်၊ နှစ်ပေါင်းများစွာကတည်းက အမျိုးသမီး များအား လူသားဖြစ်မှုအပေါ် ဆန့်ကျင်သည့် လုပ်ဆောင်မှုများ၊ အဓမ္မပြုကျင့်မှု များ တရားဝင်ခွင့်ပြုထားသည်များကို ရပ်တန့်ပေးရန် အချက်သုံးချပ်ပါသည့် ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။
ယနေ့ ပြုလုပ်သည့် အခမ်းအနားသို့ ဒေသတွင်းရှိ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့စည်းတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့များမှ အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
Ref;yoma3
ဦးဇော်ဝင်းလှိုင်
08 မတ် 2011
မြန်မာနဲ့ အိန္ဒိယ အသင်းတို့ရဲ့ ၂၀၁၂ ခုနှစ် အိုလံပစ် ဘောလုံးခြေစစ်ပွဲ ဒုတိယပွဲကို မနက်ဖြန် ရန်ကုန်မှာ ကစားကြဖို့အတွက် အိန္ဒိယ ဘောလုံးအသင်းဟာ မြန်မာနိုင်ငံကို ရောက်နေပြီ ဖြစ်ပါတယ်။ မြန်မာ ဘောလုံးဝါသနာရှင် တွေကတော့ ဒီပွဲမှာ မြန်မာအသင်း နိုင်နိုင်ခြေရှိတယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွဲရဲ့ ဒုတိယပွဲစဉ်ကို မနက်ဖြန်ညနေ ၄ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ မြန်မာနဲ့ အိန္ဒိယအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမအဆင့် ခြေစစ်ပွဲ ဖြစ်ပေမဲ့ အိန္ဒိယမှာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ပွဲမှာ မြန်မာအသင်းက အိမ်ရှင် အိန္ဒိယအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားပြီး ဖြစ်တာကြောင့် မြန်မာအသင်း ဒီပွဲမှာနိုင်မှ အိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယ၊ မြန်မာ ဘောလုံးပွဲ အခြေအနေကိုတော့ ၀ါရင့် အားကစား ဆောင်းပါးရှင် ခင်မောင်ထွေး (ပျဉ်းမနား) က အခုလို သုံးသပ်ပြပါတယ်။
“ခြေစစ်ပွဲ အောင်ဖို့ဆိုတာ ဝေးသေးတယ်ဗျ။ အခုဟာ AFC ရဲ့ ၂ ဆင့်ပေါ့ဗျာ။ ဒါက ပထမအဆင့် ခြေစစ်ပွဲပါ။ မြန်မာနဲ့ အိန္ဒိယလိုပဲ၊ ၂ သင်းစီ၊ ၂ သင်းစီ၊ ပါကစ္စတန်တို့၊ အသင်းလေးတွေ တာဂျစ်ကစ္စတန်တို့ ဘာတို့ အကုန်လုံး ကစားနေကြပါတယ်။ ကျနော်တို့ က အဲဒီအထဲက ၂ သင်း အပါအ၀င်ပေါ့။ ကျနော်တို့က ဒီအသင်းမှာ နိုင်ပြီးတော့မှ အကယ်၍ ကျနော်တို့ ရန်ကုန်မှာ ကစားတဲ့ပွဲက၊ ကျနော်တို့က အိန္ဒိယမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့အတွက် အဝေးကွင်း ဂိုးရထားတယ်။
“ဒီမှာ ၁ ဂိုး၊ ဂိုးမရှိတဲ့ ပြန်နိုင်ရင် ကျနော်တို့ Qualify ဖြစ်မယ်ပေါ့။ Qualify ဖြစ်မယ်ဆိုတာ ဒုတိယအဆင့် တက်ဖို့ပဲ။ တိုက်ရိုက် လန်ဒန်ကို Qualify မဖြစ်သေးပါဘူး။ အိန္ဒိယအသင်းက အိန္ဒိယမှာ ကစားတုန်းကတော့ ကျနော်တို့ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထား တယ်လေ။ မြန်မာပြည်မှာတော့ မြန်မာနည်းပြဆရာက မြန်မာပြည်မှာ ပြန်ပြီး အနိုင်ယူမယ်လို့တော့ ပြောတာပဲ။”
မြန်မာနဲ့ အိန္ဒိယ အသင်းတို့ရဲ့ ပထမ ခြေစစ်ပွဲကို အိန္ဒိယနိုင်ငံ ပူနေး (Pune) မြို့မှာ ပြီးခဲ့တဲ့လတုန်းက ကစားခဲ့ကြတာပါ။ အခု ရန်ကုန် သုဝဏ္ဏကွင်းမှာ ကစားမယ့် ပွဲမှာတော့ မြန်မာအသင်းက အိန္ဒိယအသင်းကို ၁ ဂိုး ဂိုးမရှိ၊ ဒါမှမဟုတ်ရင်လည်း ဂိုးအပြတ်အသတ်နဲ့ အနိုင်ရမှသာ ဒုတိယအဆင့် ခြေစစ်ပွဲကို တက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာဘောလုံးပရိသတ်တွေကလည်း ဒီပွဲဟာ အိမ်ကွင်းမှာ ကစားတဲ့ပွဲ ဖြစ်တာက တကြောင်း၊ မြန်မာအသင်းက အနိုင်ရမှ ဖြစ်မယ့် အခြေအနေ ဖြစ်တာက တကြောင်းတို့ကြောင့် ဒီပွဲမှာ မြန်မာအသင်း အနိုင်ရမယ်လို့ တွက်ဆထားတဲ့အကြောင်း ရန်ကုန်မြို့က ဘောလုံး ၀ါသနာရှင်တဦးက ပြောပါတယ်။
“အားလုံးတော့ မျှော်လင့်ထားကြတယ်လေ။ ၁းဝ နဲ့ နိုင်ပြီဆိုလည်း ကျနော်တို့အသင်းက တက်မှာဆိုတော့ နိုင်နိုင်ခြေရှိတယ်လို့ ယူဆထားကြပါတယ်။ အခု နိုင်ငံခြား နည်းပြကလည်း တော်တော် တော်တဲ့ အခြေအနေ ရှိတယ်လေ။ အသင်းကလည်း အရင်ကထက်ပိုပြီး Strong ဖြစ်နေတဲ့ အခြေအနေ ရှိတယ်။ သူလည်း တကယ့် Selection တွေ ရေးထားတယ်လို့ စာစောင်ထဲမှာတော့ အဲဒီလိုပဲ ဖတ်ရတယ်။”
မနက်ဖြန် ကစားမယ့် အိုလံပစ် ခြေစစ်ပွဲကို မြန်မာဘောလုံးပရိသတ်တွေက စိတ်ဝင်စားမှု များတဲ့အတွက် လက်မှတ်တွေတောင် အခုချိန်မှာ ၀ယ်ရခက်နေပြီလို့လည်း အဲဒီ ဘောလုံးဝါသနာရှင်က ပြောပါတယ်။ မြန်မာအသင်းရဲ့ နည်းပြကတော့ ဆားဗီးယား နိုင်ငံသား မီလန် ဇီဗာဒီနိုဗစ်ခ်ျ (Milan Zivadinovic) ဖြစ်ပါတယ်။
အာရှတိုက်အတွင်း တချိန်က ချန်ပီယံဆုတွေရပြီး အောင်မြင်ခဲ့တဲ့ မြန်မာဘောလုံး အသင်းဟာ ၁၉၇၂ ခုနှစ်က ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပွဲအတွက် တကြိမ်သာ ခြေစစ်ပွဲ အောင်ခဲ့ဖူးပြီး အဲဒီပွဲမှာ အသန့်ရှင်းဆုံး အသင်းဆုကို ရခဲ့ဖူးပါတယ်။
အိန္ဒိယအသင်းဟာလည်း မြန်မာအသင်းလိုပဲ တချိန်က ဒေသတွင်း ပွဲစဉ်တွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးမှ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တဲ့ ဘောလုံးအသင်း ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် သြစတြေးလျနိုင်ငံ မဲလ်ဘုန်း အိုလံပစ်ပွဲမှာ ဘူလ်ဂေးရီးယား အသင်းကို တတိယနေရာလုပွဲမှာ ရှုံးနိမ့်ခဲ့ပြီး စတုတ္ထ ရခဲ့ဖူးတဲ့ သာဓက ရှိပါတယ်။
ဒီအတောအတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဥက္ကဋ္ဌ ဆက် ဘလက်တာ (Joseph Blatter) ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ဖို့ရှိပြီး စစ်အစိုးရ အရာရှိ တွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် FIFA ရဲ့ Goal Project အစီအစဉ်နဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မန္တလေးမှာ ဖွင့်ထားတဲ့ လူငယ် ဘောလုံးသင်တန်းကျောင်းကိုလည်း ဆက် ဘလက်တာ ကိုယ်တိုင် သွားဖွင့်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
Ref;VOA
■ Recognition of Burma's Proliferation
■ Plagiarism in the Burma Nuclear SCOOP
■ Nuclear Proliferation and Burma the Hidden Connection
■ Images of Suspected Uranium Mine and Refinery in Burma
■ Burma's Secret Agreement With North Korea
■ BURMA-A-Threat-to-International-Security-and-Peace
■ Additional-Burmese-Missile-Sites-Identified
■ WMD Nexus Between North Korea and Burma
■ Where's the State Dept Nuclear Report on Burma
■ BURMA DIGEST Interview on Burma Nuclear
■ Analysis of Burma's Nuclear Program 1
■ Analysis of Burma's Nuclear Program 2
■ Russia Burma Nuclear Intelligence Report-1
■ Russia Burma Nuclear Intelligence Report-2
■ Arm-Including Nuke Dealing With N-Korea
■ Burma and Nuclear Proliferation: Policies and perceptions (Andrew Selth)
■ Time for a close look at Burma's nuclear programme
■ Burma's nuclear bomb alive and ticking
■ Asean-Burma (Myanmar): Way Forward By Kavi Chongkittavorn
■ Even Paranoids Have Enemies By Andrew Selth
■ Burma’s Armed Forces: Looking Down the Barrel By Andrew Selth
■ Burma's China Connection and the India Ocean Region By Andrew Selth
■ The Time for Change By Martin Smith
■ Burma's Cease fires at Risk By Tom Kramer
■ NEITHER WAR NOR PEACE The Future of cease-fire Agreements in Burma
■ Between Isolation and Internationalization The state Burma
■ Burma's Armed Forces Preparing For The 21st Century
■ China's Real Politik Engagement with Myanmar
■ A Historical Overview of Political Transition in Myanmar Since 1988
■ Sino-Myanmar Economic Relations Since 1988
■ The Road to Naypyidaw- Making Sense of the Myanmar Government's Decision to Move its Capital
■ သတင်းစာဆရာကြီးဦးဝင်းတင်နှင့် စစ်အာဏာ ရှင် စနစ်ကို ဆန့်ကျင် သူများ
■ On track for trans-Asian rail expansion
■ THE REVOLUTION IN MILITARY AFFAIRS AND CONFLICT SHORT OF WAR 1994
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အိန္ဒိယ သမတ ဒေါက်တာအေပီဂျေ အဗ္ဗဒူလ်ကလမ် တို့၏ တွေ့ဆုံဆွေးနွေးချက် မှတ်တမ်း
■ တပ်ထဲဝင်ရောက်လာပုံ၊
■ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဂျွန်ဝီလျံ ယက်တော ၀င်ရောက်သည့် ကိစ္စ
အပိုင်း(၁) အပိုင်း(၂)
■ တပ်မတော်အကြောင်းသိကောင်းစရာ
အပိုင်း(၁) အပိုင်း(၂)
■ ၂၀၀၉ မတ်လ တော်လှန်ရေးနေ့ အထူးအစီ အစဉ်
အပိုင်း(၁) အပိုင်း(၂)
■ ဗိုလ်မှူးအောင်လင်းထွဋ်ပြောပြတဲ့ နအဖ အတွင်းရေး
အပိုင်း(၁) အပိုင်း(၂)
■ တပ်မတော်ဟာ အနာဂါတ်မြန်မာနိုင်ငံတော်မှာ အရေးကြီးလား
အပိုင်း(၁) အပိုင်း(၂)
■ နအဖရဲ့ ရက်စက်ယုတ်မာမှု
အပိုင်း(၁) အပိုင်း(၂)
VOA နှင့် အင်တာဗျုး
■ ၈၈ ကာလ စစ်ထောက်လှမ်းရေးအဖွဲ့ အခန်းကဏ္ဍ ဖတ်ရန်
■ နိုင်ငံတကာခုံရုံးတင်ရေးကိစ္စ၊
■ ခရစ္စတီးကျွန်းလူသတ်မှု
■ စစ်အာဏာရှင်ရဲ့  ၀ါဒဖြန့်နည်း အသံဖိုင်
■ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒီပဲယင်း အကြမ်း ဖက်မှု အကြောင်း
■ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ
ပေးစာနှင့် ရေးစာများ
■ ဇွန်လ အစီရင် ခံစာ
ဖတ်ရန်
■ သြဂုတ်လ အစီရင် ခံစာ ဖတ်ရန်
■ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းသို့ အိတ်ဖွင့်ပေးစာ
ဖတ်ရန်
■ ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှု ဖတ်ရန်
■ (၆၄) ကြိမ်မြောက် တော်လှန်ရေးနေ့ သဝဏ်လွှာ ဖတ်ရန်
■ ဦးကျော်တင့်ဆွေသို့ ပေးစာ ဖတ်ရန်
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88