2011-03-07
ဧရာဝတီမြစ်ဆုံ ရေကာတာ ဆောက်လုပ်မဲ့ နေရာအနီးက ဧရာဝတီမြစ်ကူး တံတားတိုင်ထူရေး လုပ်ငန်းကို ဒီနှစ်နွေရာသီအတွင်း အပြီးသတ် နိုင်အောင် နေ့ဆိုင်းညဆိုင်းနဲ့ ဆောက်လုပ် နေတယ်လို့ သိရပါတယ်၊
“မြစ်ဆုံ ရေကာတာ လုပ်မဲ့ နေရာမှာပဲ ဧရာဝတီ မြစ်ကူးတံတားပေါ့၊ အဓိကကတော့ အရှေ့အာရှ တရုတ်နဲ့ တောင်အာရှ အိန္ဒိယဖက်ကို ဖြတ်မဲ့ လီဒိုလမ်းပေါ့၊ အဲဒီ ဖြတ်မဲ့ မြစ်ကူးတံတား ဖြစ်တာပေါ့။ အခု ဗလမင်းထင်ကတော့ နည်းနည်း သေးတဲ့ ပုံစံ မျိုးဖြစ်တယ်။ ဒါကြောင့် အခုဟာက ပိုကြီးတဲ့ တန်ချိန် မြောက်မြားစွာ တင်နိုင်တဲ့ တံတား၊ ခိုင်ခန့်တဲ့ တံတား တည်ဆောက်နေတယ်။ နွေရာသီမှာ တံတားတိုင်တွေ အပြီးလုပ်နေတယ်။ ဒါကြောင့် လူတွေကတော့ နေ့ဆိုင်းညဆိုင်းနဲ့ အလုပ်လုပ်နေတယ်။”
မြစ်ကူးတံတား ဆောက်လုပ်ရေးမှာ အောက်ပြည်အောက်ရွာက ရွှေ့ပြောင်းအလုပ် သမားတွေ လာရောက် လုပ်ကိုင်နေကြကြောင်းလည်း ပြောပါတယ်၊
“အလုပ်သမားတွေကတော့ တရုတ် အလုပ်သမားတွေ ရှိတယ်၊ အဲတရုတ် အင်ဂျင်နီယာတွေ ရှိတယ်၊ အဓိက အလုပ်သမားတွေကတော့ အောက်ဖက်က များတယ်။ အလုပ်သမား တန်းလျားတွေ ရှိတာကိုး။ အဲ တရုတ်ကုမ္ပဏီကနေ လုပ်တယ်။ ဖက်စပ် တဲ့ဟာတော့ အေးရှားဝေါလ်။ အဓိက တရုတ် စွမ်းအင် ဝန်ကြီးဌာနကပဲ။”
မြစ်ကြီးနား-ဗန်းမော်ကားလမ်းမှာ ရှိတဲ့ ဗလမင်းထင် ဧရာဝတီမြစ်ကူး တံတားဟာ ပေ ၂၆၀၀ ကျော် ရှည်လျားပြီး ၁၉၉၈ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပါတယ်၊ ဒီတံတားရှိတဲ့အတွက် မြစ်ကြီးနား-ဝိုင်းမော် သွားလာနိုင်ပြီး မြစ်ကြီးနားနဲ့ ဗန်မော်-ချီဘွေ-ပန်ဝါ--ကမ်ပိုက်တီး တဆက်တည်းသွားနိုင်တယ်လို့ ဆိုပါတယ်၊
Asia World ကုမ္ပဏီဟာ မန္တလေး-လားရှိုး-မူဆယ်လမ်းနဲ့ သိန္နီ-ချင်းရွှေဟော်လမ်း ဆောက်လုပ်ခွင့်လည်း ရရှိထားပါတယ်။
Ref;RFA
0 comments:
Post a Comment