Saturday, December 12, 2009

ဂျိုးဇက်စတစ်ဂ်လဇ်ကို ဆရာတင်မလို့တဲ့လား

ရဲဘော်ဖိုးသံချောင်း
၁၁ ဒီဇင်ဘာ ၂၀၀၉

အမေရိကန်က နိုဘယ်လ်ဆုရ ဘောဂဗေဒပညာရှင် မစ္စတာဂျိုးဇက် စတစ်ဂ်လဇ် ဗမာပြည်ကို ရောက်လာတော့မယ်။

ယက်တောဒီပလိုမေစီ အရှိန်ရနေပါကလားလို့ တွေးစရာပါပဲ။

နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဆီနေတာဂျင်ဝက်ဘ်လို အမေရိကန်အမတ်ကိုသာ မက ဒေါက်တာ စတစ်ဂ်လဇ်လို အမေရိကန် ပညာရှင်ကိုလည်း ကြပ်ပြေးကို ရောက်လာအောင် သူတို့ လုပ်နိုင်စွမ်း ရှိတယ်လို့ ဝင့်ဝါနေမှာ မြင်ယောင်မိနေပါတယ်။ မကြာခင်မှာ မစ္စစ်ကလင်တန်၊ သမ္မတ အိုဘားမားတို့ကိုပါ ကြပ်ပြေးကို ရောက်လာစေမယ်လို့များ ကြုံးဝါးနေသလားလည်း မသိပါဘူး။

ဒီမှာမေးစရာဖြစ်လာတာက ဗေဒင်ဆရာကလွဲရင် ဘယ်သူဆရာလုပ်တာကိုမှ လက်ခံလေ့ မရှိတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ဘာရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက စီးပွားရေး ပါရဂူတယောက်ကို အခုလို ပင့်ခေါ် အကြံဉာဏ် တောင်းနေတာလဲ။ နအဖ စစ်အစိုးရဟာ ဗမာပြည် စီးပွားရေးကို နားလည် သဘောပေါက်တဲ့ ဗမာနိုင်ငံသား စီးပွားရေးပညာရှင် ရှာမတွေ့နိုင်လို့လား။ ဒါမှမဟုတ် မရှာချင်လို့လား။

နအဖရဲ့ ဒီခြေလှမ်းရဲ့ နောက်ကွယ်မှာ စီးပွားရေးရည်ရွယ်ချက်ထက် နိုင်ငံရေး ရည်ရွယ်ချက်က ပိုတယ်လို့ ထင်ပါတယ်။

သေချာနေတာတချက်ကတော့ စစ်အစိုးရဟာ ယက်တောကိစ္စက စခဲ့တဲ့ ဝါရှင်တန်နဲ့ ဆက်ဆံရေးကို စိုသောလက် မခြောက် စေရအောင် ဆက်သွယ်မှုတွေ တမျိုးပြီးတမျိုး၊ ဖန်တီး ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေက အမေရိကန်ကို သွားလိုက်၊ အမေရိကန်က လူတွေက ကြပ်ပြေးကိုလာလိုက်၊ ရွှေလမ်းငွေလမ်း ပေါက်နေတယ်လို့ ပြောလို့ရအောင်၊ ကမ္ဘာက ထင်မြင်လာအောင် လုပ်နေကြတာ ဖြစ်ပါတယ်။ အမေရိကန်က အလံစိမ်း ပြလိုက်ရင် ဥရောပဆိုတာ ခြေထောက်နဲ့ သာမက ခေါင်းနဲ့တောင် လာနိုင်တယ် ဆိုတာလည်း သူတို့ တွက်မိပါတယ်။ အာဆီယံလိုဟာကတော့ စကားထဲတောင် ထည့်ပြောစရာ မလိုတော့ပါဘူး။ နောက်ပြီး သူတို့အနေနဲ့ တခြား အိမ်နီးနားချင်း တွေကို လက်မထောင်ပြပြီး ဈေးဆစ်လို့လည်း ပိုကောင်းမယ်ဆိုတာ သေချာနေပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၁ - ၁၂ - ၀၉)

စစ်အစိုးရကို အရေးယူရေး ကမ္ဘာ့တရားမျှတရေးအဖွဲ့က ထောက်ခံ သတင်း
တရုတ်စစ်ဗိုလ်ချုပ် မြန်မာပြည်ရောက် နယ်စပ်ဒေသ ကိစ္စဆွေးနွေးဟု ယူဆရ သတင်း
နိုင်ငံရေးအကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော် သတင်း
သမ္မတ အိုဘားမား၏ မိန့်ခွန်းမှာ မြန်မာနိုင်ငံကို ဥပမာပေး ပြောသွား သတင်း
မြန်မာ့နိုင်ငံရေးပြဿနာ ကုလသမဂ္ဂမှာ မပြတ်စောင့်ကြည့်သွားမည် သတင်း
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းလွတ်လပ်ခွင့် မြန်မာနိုင်ငံမှာရဖို့ အရေးကြီး သတင်း
စစ်အစိုးရ၏ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အဆင်သင့် သတင်း
မြန်မာ့မိခင် ဒေါ်ခင်ကြည်အကြောင်း သိကောင်းစရာ သတင်း
ဒဂုံအရှေ့မြို့နယ် ရပ်ကွက်တခုတွင် ဒေသခံများကို ဦးပိုင်လီမိတက်က ဖယ်ခိုင်းနေ သတင်း
တရုတ်နှစ်သစ်ကူး ၀က်တုပ်ကွေး သတိထား သတင်း
A(H1N1) တုပ်ကွေးကြောင့် တရုတ်-မြန်မာနယ်စပ် ကျောင်းများပိတ်လိုက်ရပြီ သတင်း
ရွှေ့ပြောင်းလုပ်သားကလေးများကို ထိုင်းက နေထိုင်ခွင့်လက်မှတ် ထုတ်ပေးမည် သတင်း
ပြည်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းနေ သတင်း
ကြံတောင်သူများကို ခုတ်ယူရောင်းချခွင့်မပြုသေး သတင်း
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ သတင်း
စစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု´ စစ်ဆေးရန် လုံခြုံရေးကောင်စီကို တိုက်တွန်း သတင်း
လွှတ်တော်အမတ် (၄၄၂) ဦးက မြန်မာ့အရေးနှင့် ပတ်သက်ပြီး တောင်းဆို သတင်း
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ကောက်ယူ သတင်း
၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန် နိုင်ငံတကာကို တောင်းဆို သတင်း
အန်အယ်လ်ဒီ အမျိုးသမီးအထောက်ကူပြုအဖွဲ့များ ရန်ကုန်တိုင်းအတွင်း ပြင်ဆင်ဖွဲ့စည်း သတင်း
ရန်ကုန်မြို့ ဘုန်းကြီးကျောင်းများတွင် ကင်းပုန်းများချထား သတင်း
သာသနာပိုင် မြေကွက်အား လာဘ်ငွေပေး သိမ်းယူ သတင်း
ဝတပ်ဖွဲ့၏ မြို့နယ်တောင်းဆိုချက် ကန့်ကွက်စာများ လျှို့ဝှက်ဖြန့်ဝေ သတင်း
နအဖ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ဝ တပ်ဖွဲ့ နယ်မြေတောင်းဆိုမှုကို တန်ပြန် သတင်း
ဒီကေဘီအေ တပ်သားတဦး လက်နက် (၃) လက်နှင့်အတူ ကေအဲန်ယူထံ ပူးပေါင်း သတင်း
မြန်မာစစ်တပ်ရိုက်နှက် ရွာဥက္ကဌ မေ့မျောနေ သတင်း
မြန်မာ အနောက်ဘက်နယ်စပ်တွင် အလှည့်ကျ စစ်ကြောင်းက အရပ်သားများကို ပေါ်တာဆွဲ သတင်း
ဓာတ်ပြားဟောင်း၏ ပြည်တော်သာစီမံကိန်းအသစ် (ဆောင်းပါး)
နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှားမှု (ဆောင်းပါး)
ရွှေဂုံတိုင်ကို အားမဖြည့်ဘဲ မျှော်မြဲမျှော်နေရင် မျှော်သူမောမယ် (ဆောင်းပါး)
အမေရိကန်-အရှေ့တောင်အာရှ ဆက်ဆံရေး (၂) (ဆောင်းပါး)
(၁၁) နှစ်ကြာ မြန်မာ့အင်တာနက် ခရီးကြမ်း (ဆောင်းပါး)
အဖြူရောင် လင်္ကာ (ဆောင်းပါး)

Friday, December 11, 2009

ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာ အိုဘားမား လေးစား

10 December 2009

ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်သော ဂုဏ်သိက္ခာတွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ တလေးတစားနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောကြားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားပါတယ်။ အမေရိကန် သမ္မတဟာ နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာ တရားဝင် လက်ခံခဲ့တာပါ။

သမ္မတ အိုဘားမားဟာ ကမ္ဘာ့နိုင်ငံတွေ စစ်ဖြစ်ပွားရတဲ့ အခြေအနေ၊ ငြိမ်းချမ်းရေး အမြန်ဖော်ဆောင်ဖို့ လိုအပ်တယ် ဆိုတဲ့ အခြေအနေတွေ အကြောင်း အကျယ်တ၀ံ့ ပြောကြား ခဲ့တာကို ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် ပေါ်လာ ၀ုဖ်ဆွန်က (Paula Wolfson) သတင်း ပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

သမ္မတအိုဘားမားဟာ ဒီငြိမ်းချမ်းရေးဆုကို ကျိုးနွံစွာ လက်ခံရတာ ဖြစ်တဲ့ အကြောင်း၊ နိုဘဲလ် ကော်မတီက ဒီဆုကို ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတယ်ဆိုတာ သိရှိတဲ့အကြောင်း စတင် ပြောကြားခဲ့ပါတယ်။

“တစိတ်တဒေသအားဖြင့်တော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကျနော့် လုပ်ရပ်တွေရဲ့ အစပိုင်းသာ ရှိသေးပြီး ဆုံးခန်း မတိုင်သေးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အရင်က ဒီဆုကို လက်ခံရရှိခဲ့ကြတဲ့ Schweitzer တို့၊ King တို့၊ Marshalတို့၊ Mandela တို့ရဲ့ စွမ်းဆောင်မှုတွေနဲ့ စာရင် ကျနော့်ရဲ့ စွမ်းဆောင်မှုတွေက မပြောပလောက်ပါဘူး။”

ဒါ့အပြင် ပိုပြီး အရေးကြီးတဲ့ ကိစ္စတခုက သူဟာ စစ်ပွဲနှစ်ခုအကြား ပိတ်မိနေတယ် ဆိုတဲ့ အချက်ပါပဲလို့လည်း ဆက်ပြီး ပြောကြားပါတယ်။

Read More...

နေ့စဉ်သတင်းများ ( ၁၀ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ၀န်ကြီးတွေ့ဆုံမှု အန်အယ်လ်ဒီမှ သတိထားကြိုဆို သတင်း
နအဖ၏ ရာဇ၀တ်မှု စုံစမ်းရေးအတွက် ဗြိတိန်အစိုးရ ကူညီပေးရန် တောင်းဆို သတင်း
အန်အယ်လ်ဒီပါတီက ၎င်းဗဟိုအဖွဲ့စာရင်းကို အတည်ပြုထုတ်ပြန် သတင်း
မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှု မရှိသေးဟု စကော့မာစီယယ်က ပြော သတင်း
ရန်ကုန်တွင် ကျင်းပမည့် တပ်မှူးအဆင့် အစည်းအဝေး မြန်မာဘက်က ရွှေ့ဆိုင်း သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် ရခိုင်တိုင်းမှူး ညွှန်ကြားချက်များထုတ် သတင်း
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ကို နအဖ ဖိအားပေး သတင်း
ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယတိပြတ်ပြောဆို သတင်း
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ဒဗလျူအယ်လ်ဘီက စည်းရုံးမည် သတင်း
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် စတင်ဖွဲ့စည်း သတင်း
လွတ်မြောက်လာသော သတင်းသမားများ အလုပ်အာမခံချက်မရှိ သတင်း
အမေရိကန်ဒေါ်လာ (၉၃) သန်းတန် မူးယစ်ဆေးဝါးများ စစ်အစိုးရ မီးရှို့ဖျက်ဆီး သတင်း
မြန်မာနိုင်ငံမှာ ဥပဒေအရ လူ့အခွင့်အရေး အကာအကွယ်ပေးမှု အားနည်း၊ AHRC ဝေဖန် သတင်း
ပုသိမ်က လူ့အခွင့်အရေးနေ့အခမ်းအနား တားမြစ်ခံရ သတင်း
လူ့အခွင့်အရေး အခမ်းအနားကို အာဏာပိုင်များ ခွင့်မပြု၍ လူစုခွဲလိုက်ရ သတင်း
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်မှ ကြေညာချက်ထုတ်ပြန် သတင်း
မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည် သတင်း
ရာသီဥတုပြောင်းလဲမှုကြောင့် ဒုတိယ အထိခိုက်ဆုံးမှာ မြန်မာဟု အစီရင်ခံစာက ဆို သတင်း
ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် မှတ်ပုံတင် စာရင်းကောက် သတင်း
ဈေးရောင်းပွဲတော်ပြုလုပ်ခြင်းကို ဒေသခံများ မကျေနပ် သတင်း
ဗန်းမော်မြို့တွင် လောင်းကစားနှင့် ခိုးဆိုးလုယက်မှု ထူပြော သတင်း
ပုဂ္ဂလိကလုပ်ငန်းရှင်များ လောင်စာဆီ တင်သွင်းရန် ပြင်ဆင် သတင်း
ထူးကုမ္ပဏီ ၀န်ထမ်းများ မောက်မာရိုင်းပျ သတင်း
ကမ္ဘာနှင့်ရင်ဘောင်မတန်းချင်သည့် မြန်မာပြည်၏ ကျောက်ခေတ်စီးပွားရေး- စီဒီအမ်အေ ဖုန်းလျှောက်လွှာ များ တခေတ်စားပြန် သတင်း
စာပန်းချီ (ဆောင်းပါး)
ဂုဏ်ပြုခံမြင်ကွင်းက ရလိုက်တဲ့ အသိ (ဆောင်းပါး)
မျက်ကန်းဖော်လံဖားတကောင်ရဲ့ အကျိုးအကြောင်းမဲ့ ဟောင်သံများ (ဆောင်းပါး)
နိုဘဲလ်ငြိမ်းချမ်းရေးဆု လက်ခံဖို့ သမ္မတ အိုဘားမား အော်စလိုသို့ ထွက်ခွာ သတင်း
ပါလက်စတိုင်းကို သံတံတိုင်း ကာလိုက်ပြီ သတင်း

စစ်သား၊ စစ်ကျွန်နှင့် ကျွန်ဝယ်ရာ အဆစ်ပါသူများ

ကြည်ဝေ
Thursday, 10 December 2009

မင်္ဂလာဒုံဈေးကို တပတ်ပတ်ပြီးချိန်မှာတော့ သူ့စိတ်ကို သေသေချာချာ ပိုင်းဖြတ် နိုင်လိုက်ပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီး အောင်ကို (အမည်ရင်း မဟုတ်ပါ) က ပြောပြသည်။

တပ်ထဲမှ ဈေးသို့လာခဲ့ရသည့် ရည်ရွယ်ချက်မှာ သူ ငွေလိုစဉ်က ရရာဈေးဖြင့် ရောင်းခဲ့သော ကျည်ကပ်ဘူးကို ပြန်ဝယ်ဖြည့်ရန် ဖြစ်သည်။

စစ်အင်္ကျီ၊ ဘောင်းဘီကအစ ဦးထုပ်၊ ခါးပတ်၊ မတ်ခွက်၊ ရေဘူး စသည့် စစ်သားသုံးပစ္စည်း အမျိုးမျိုး ရောင်းချလျက် ရှိသော ဆိုင်များရှိသည်။ ဆိုင် တချို့တွင် ကျည်ဆံ၊ ကျည်ကပ်ဘူး၊ သေနတ် စသည်ဖြင့် ၀ယ်ယူ နိုင်သကဲ့သို့၊ ပြန်ရောင်း နိုင်သော ဆိုင်တချို့လည်း ရှိသည်။

မင်္ဂလာဒုံဈေးတွင် သာမက ထောက်ကြံ့ဈေး၊ လှည်းကူးဈေး၊ မှော်ဘီဈေး စသည့် ဈေးများတွင်လည်း စစ်အသုံး အဆောင် ပစ္စည်း အရောင်းဆိုင်များ ရှိကာ ထိုဆိုင် အများစုတွင် စစ်သားသုံး ပစ္စည်း အမျိုးမျိုးကို ၀ယ်ယူ နိုင်သလို ရောင်းချင်လည်း ရောင်းလို့ ရနိုင်သည်။

တပ်ထဲရှိ ငွေလိုသူများက မတ်ခွက်၊ ရေဘူး၊ ခါးပတ်ကအစ ကျည်ဆန်၊ ကျည်ကပ်ပါမကျန် သူ့အဆက်အသွယ်နှင့်သူ ရောင်းချ လိုက်ကြ၊ ငွေလက်ထဲ ပြန်ရလာသည့်အခါ ထိုဆိုင်များတွင်ပင် ပြန်ဝယ်ဖြည့်လိုက်ကြနှင့် သံသရာ လည်နေကြသည်။

လွန်ခဲ့သော ၆ လခန့်က ငွေလိုသည့်အတွက် ကျည်ကပ်ဘူးတဘူးကို တပ်ကြပ်ကြီးအောင်ကို ထုတ်ရောင်းခဲ့သည်။ ထိုစဉ်က ကျပ် ၈ ထောင်ဈေး ရခဲ့ပြီး ယခုပြန်ဝယ်ဖြည့်မည် ဆိုသောအခါ ကျပ် ၁ သောင်းခွဲ ဈေးဖြစ်နေပြီ။ ဖောက်သည်ဆိုင် ဖြစ်သောကြောင့် ကျပ် ၁ သောင်း ၂ ထောင့် ၅ ရာ နှင့်ပြန်ရောင်းပေးမည်ဟု ဆိုင်ရှင်က ပြောသော်လည်း ပြန်ဝယ်ဖြည့်ရန် လက်တွန့်သွားခဲ့သည်။

တလလျှင် လစာငွေကျပ် ၃ သောင်းခွဲကျော်သာ ရသော သူလိုလူအနေနှင့် ကျပ် ၁ သောင်းကျော်ခန့် ပြန်သုံးရန် ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။၊ ထို့ကြောင့် ဈေးထဲ တပတ်ပတ်ရင်း စဉ်းစားခဲ့သည်။ နောက်ဆုံးတော့ ပြန်မ၀ယ်နိုင်သေး ဟုသာ အဖြေထွက်ခဲ့သည်။

ဒီကြားထဲ ကံဆိုးပြီး စစ်လျှင်တော့ သူပြစ်ဒဏ်ခံရမည်။ ထောင်ချမည်ဆိုလျှင်လည်း အချခံလိုက်တော့မည်။ ရာထူးချမည် ဆိုလျှင်လည်း ချပါစေတော့ဟု သူ စိတ်ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီးအောင်ကိုက ပြောပြသည်။



တပ်သား တဦးလျှင် ၀င်ဝင်ခြင်း ကျပ် ၁၆၀၀၀ ဟု သတ်မှတ်ထားပြီး ၂ နှစ် လုပ်သက်ရှိလာပါက ၂၁၀၀၀၊ ဒုတပ်ကြပ် တဦးလျှင် ၂၂၀၀၀ မှ လုပ်သက်ရလာပါက ၂၇၀၀၀၊ တပ်ကြပ် တဦးလျှင် ၂၈၀၀၀ မှ လုပ်သက် ရလာပါက ၃၃၀၀၀၊ တပ်ကြပ်ကြီး တဦးလျှင် ၃၄၀၀၀ မှ ၃၉၀၀၀၊ တပ်ခွဲ တပ်ကြပ်ကြီး တဦးလျှင် ၄၀၀၀၀ မှ ၄၅၀၀၀၊ ဒုအရာခံ ဗိုလ်တဦးလျှင် ၄၆၀၀၀ မှ ၅၁၀၀၀၊ အရာခံဗိုလ် တဦးလျှင် ၅၂၀၀၀ မှ ၅၇၀၀၀၊ ဒုဗိုလ်တဦးလျှင် ၁ သိန်း၊ ဗိုလ်တဦးလျှင် ၁ သိန်း နှစ်သောင်း၊ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတဦးလျှင် ၁ သိန်း ၃ သောင်းမှ နှစ်နှစ်သက်တမ်း ရှိပါက ၁ သိန်း ၄ သောင်း၊ ဗိုလ်မှူးတဦးလျှင် ၁ သိန်း ၅ သောင်းမှ ၁ သိန်း ၆ သောင်း၊ ဒုဗိုလ်မှူးကြီး တဦးလျှင် ၁ သိန်း ၇ သောင်းမှ ၁ သိန်း ၈ သောင်း၊ ဗိုလ်မှူးကြီး တဦးလျှင် ၁ သိန်း ၉ သောင်းမှ ၂ သိန်း၊ ဗိုလ်မှူးချုပ် တဦးလျှင် ၃ သိန်း၊ ဗိုလ်ချုပ် တဦးလျှင် ၄ သိန်း၊ ဒုဗိုလ်ချုပ်ကြီးတဦးလျှင် ၆ သိန်း၊ ဗိုလ်ချုပ်ကြီး တဦးလျှင် ကျပ် ၈ သိန်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီး တဦးလျှင် ကျပ် ၁၀ သိန်းနှင့် ဗိုလ်ချုပ်မှူးကြီးအတွက် ကျပ် ၁၂ သိန်း သတ်မှတ်ထားသည်။ အဆိုပါ လစာများကို ၁ ရက် ဧပြီလ ၂၀၀၆ ခုနှစ်မှ စပြီး ယနေ့အထိ ခံစား စေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

Thursday, December 10, 2009

နေ့စဉ်သတင်းများ ( ၉ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး (၉) ကြိမ်မြောက် တွေ့ဆုံ သတင်း
ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်လ်ဒီ ကြေညာ သတင်း
မီဒီယာဖြင့် ရှုပ်ထွေးအောင် မပြုလုပ်ဟု အန်အယ်လ်ဒီ ပြောဆို သတင်း
အမေရိကန်နဲ့ ဆွေးနွေးမှု မြန်မာဘက်က တိုးတက်မှု မပြသေး သတင်း
နအဖကိုယ်စားလှယ်အဖွဲ့ကို ဆန္ဒပြကန့်ကွက် သတင်း
ရွေးကောက်ပွဲအတွက် နအဖ ဆွဲဆောင်မှုလုပ်၊ ပြည်သူတို့ကို အနိုင်မကျင့်ရန် ညွှန်ကြား သတင်း
မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ပြည်တွင်းမငြိမ်မသက်မှုများ သက်ဆိုးရှည် သတင်း
မူးယစ်ဆေးထုတ်လုပ်မှု အစိုးရထိန်းချုပ်နယ်မှာ ပိုများ သတင်း
လူငယ်များအကြား မူးယစ်ဆေးဝါးဆိုးကျိုး ပညာပေးမှု အားနည်းနေသေး သတင်း
ကလေးစစ်သားတားဆီးရေးသင်တန်းများ မထိရောက် သတင်း
ကမ္ဘာ့ရာသီဥတုဆိုးဝါးမှု အခံရဆုံး (၃) နိုင်ငံမှာ မြန်မာပါဝင် သတင်း
Facebook အဖွဲ့ဝင်အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကမ်ပိန်း Chryler ကားကုမ္ပဏီက စီ စဉ်ပေးမည် သတင်း
အလွတ်သတင်းထောက်တွေ အကျဉ်းချတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာနိုင်ငံပါဝင် သတင်း
ဆယ်နှစ်အတွင်း အကောင်းဆုံးဓာတ်ပုံစာရင်းတွင် သတင်းထောက် သေနတ်ပစ်ခံရသည့် ဓာတ်ပုံပါ သတင်း
အိုင်အယ်လ်အို တိုင်ကြားသူ အောင်လံက ဦးမြင့်မောင်ကို ထောင် (၂) နှစ်ချ သတင်း
အင်္ဂါဝတ်ပြုတောင်းပွဲများ ပြုလုပ်နေဆဲ သတင်း
ဘူးသီးတောင်ထောင်မှာ အသားရိက္ခာ (၂) ကျပ်သားအထိ လျှော့ချ သတင်း
ပြန်ပေးဆွဲခံထားရသည့် မြန်မာအင်ဂျင်နီယာ မလွတ်မြောက်သေး သတင်း
ရွာသားများကို စစ်တပ်မှ မိုင်းဖောက်၍ ခြိမ်းခြောက် သတင်း
ရခိုင်ပြည်နယ်မှ အဓမ္မခိုင်းစေမှု သတင်း
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ရှိနေဆဲလို့ လူ့အခွင့်အရေးအဖွဲ့ ဝေဖန် သတင်း
ကန်ပိုက်တီးဂိတ် လဝက ငွေသိန်းချီယူကာ တရုတ်နိုင်ငံသားများကို ပြည်တွင်းဝင်ခွင့်ပြု သတင်း
နေပြည်တော် အထူးတပ်ဖွဲ့မှ အခွန်အကောက်ကြမ်း၍ ဒေသလုပ်ငန်းရှင်များ ဒုက္ခရောက် သတင်း
တနိုင်ငံလုံးတွင် နံပါတ်တခုတည်းဖြင့် ဆိုင်ကယ်စီးနင်းခွင့်ပြုမည် သတင်း
မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာ သတင်း
အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် ARV လိုအပ်ဆဲ သတင်း
မျှော်စင်ကျွန်း ဂီတပွဲ ရုန်းရင်းဆန်ခတ်မှု ရဲ (၂၀၀) ကျော်ဖြင့် ထိန်းသိမ်းရ သတင်း
ထိုင်း-မြန်မာ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲ နှစ်နိုင်ငံမှ အဆိုတော်များ သီဆိုမည် သတင်း

နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ အန်အယ်လ်ဒီ မှ ဦးဝင်းတင် တုံ့ပြန် ပြောဆို

မင်းနိုင်သူ
၉ ဒီဇင်ဘာ ၂၀၀၉

ယနေ့ထုတ် နအဖအစိုးရသတင်းစာများတွင်ပါရှိသော ဆောင်းပါးရှင် ချမ်းမြအေး၏ စိတ်ရင်း စေတနာမှန်ပြီး ရိုးသားမယ်ဆိုရင် ဆိုသည့် ဆောင်းပါး၌ ရေးသား ဖော်ပြချက်များသည် ဗိုလ်ချုပ်မှူးကြီး၏ သဘောထားဖြစ်သည်ဟု မယူဆကြောင်း အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က တုံ့ပြန် ပြောဆိုလိုက်သည်။

အဆိုပါဆောင်းပါတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးထံ ပေးစာကို ပြည်ပ မီဒီယာများနှင့် ပေါင်းကာ ကြိုဖွ ခဲ့သည်ဟု ရေးသားထားသည်။

“ဒီဆောင်းပါးတွေဟာ အစိုးရရဲ့ သဘောထားကို ထင်ဟပ် တတ်တယ် ဆိုပေမယ့် ဒီဆောင်းပါးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထား ဖြစ်တယ်လို့ မယူဆဘူး။ ဆောင်းပါးရှင်ဟာ ကြားခံ အဆင့်နဲ့ ရေးသားနေသူသာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး ဆီကို တိုက်ရိုက် တင်ပြထားတာ ဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီက တုံ့ပြန်မှု ရှိလာဦးမယ်လို့ ထင်တယ်။ ဆောင်းပါး နိဂုံးမှာလည်း တွေ့ဆုံမှု ဖြစ်လာဦးမယ့် သဘော ရေးထားတာလည်း ရှိတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

အဆိုပါဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာ နှစ်စောင်နှင့် စပ်လျဉ်းပြီး နအဖ စစ်အစိုးရ ရှုထောင့်မှ သုံးသပ် တင်ပြထားခြင်း ဖြစ်သည်။

“အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အကြီးအကဲ ထံ အိတ်ဖွင့် ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်ပ မီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုး ဝေဖန်သွေးထိုးရင်း တွန်းပို့နေကြတာ တွေ့ရပါတယ်” ဟု ဆောင်းပါးရှင်က အစချီ ရေးသားထားသည်။

Read More...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၂၉ / ၁၂ / ၀၉



Wednesday, December 9, 2009

နေ့စဉ်သတင်းများ ( ၈ - ၁၂ - ၀၉)

ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ဆန္ဒပြကြမယ် သတင်း
လက်နက်မအပ်၊ နယ်မြေမလွှဲဟု ၀ အဖွဲ့ ဆုံးဖြတ် သတင်း
လက်နက်ဖြင့် ကာကွယ်မည့် မူကို ဝ' တပ်က အောက်ခြေကို ချပြ သတင်း
ကုလသမဂ္ဂ ရာသီဥတုညီလာခံကြီး ကိုပင်ဟေဂင်မှာ စတင်ကျင်းပ သတင်း
မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်း သတင်း
မြန်မာပြည်၌ ဆင်းရဲမှုတိုက်ဖျက်ရေး ယူအန်ဒီပီက ကူညီ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံဝင်ချိန်တွင် အစိုးရရှေ့နေများကလည်း ရှေ့တိုးမည် သတင်း
တိုင်းနှင့် ပြည်နယ်တို့၌ အဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း သတင်း
နော်အုန်းလှတို့ကို တရားစွဲထားမှုအတွက် သက်သေစစ်ဆေး သတင်း
အသက်မပြည့်သည့် ကလေးကို စစ်တပ်မှ ပြန်ခေါ်လိုကြောင်း မိဘများက သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တင်ပြထား သတင်း
မသိနားမလည်သူများကို လှည့်ဖြားပြီး စစ်တပ်ထဲခေါ်သွင်း သတင်း
ခြံစည်းရိုးကာရံမည့် နအဖစစ်သားများ နယ်စပ်သို့ ထပ်မံရောက်ရှိ သတင်း
အချက်အခြာ သာစည်မြို့မှ ရထားမထွက်တော့၍ ပြည်သူများ အခက်ကြုံ သတင်း
ငါးဖမ်းသမားတွေကို လူဝင်မှု ဥပဒေနဲ့ အရေးယူ သတင်း
မုန်တိုင်းဘေးကာကွယ်ရေး လမုတောများ စိုက်ပျိုး သတင်း
စီဒီအမ်အေဖုန်းလိုင်း တသိန်းခွဲ ထပ်မံချပေးမည် သတင်း
အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေအပေါ် နှိပ်ကွပ်မှုကို အီရန်နိုင်ငံသားတွေ အာခံ သတင်း
အီရတ် ဗုံးကွဲမှု လူ (၁၀၀) ကျော် သေဆုံး သတင်း
အမေရိကန် ကိုယ်စားလှယ် မြောက်ကိုရီးယားကို ရောက်ရှိ သတင်း
‘တိုင်းပြည်ရေး’ က ‘၀မ်းရေး’ ကို ဘယ်လိုပြောင်းလဲစေမှာလဲ သတင်း
‘အမေ’နှင့် ‘မှိုင်း’ မှသည် ‘မိုး’ ထိအောင် အခမ်းအနားမြင်ကွင်း သတင်း
ဂူဂဲလ်မှာ အဘိဓာန် တင်ထားပြီ၊ လွယ်ကူမြန်ဆန်စွာ သုံးနိုင် သတင်း
ရော့ခ်ဂီတဝိုင်း Emperor ဒေလီ ဂီတပွဲတော်တွင် ဖျော်ဖြေမည် သတင်း
ဝ တပ်ဖွဲ့က လက်နက်မစွန့်လွှတ်ဘဲ မိမိကိုယ်မိမိ ကာကွယ်သွားမည် သတင်း
ပါတီပေါင်းစုံ ယှဉ်ပြိုင်နိုင်မယ့် ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရန် သံဃာ့ဥသျှောင်အဖွဲ့က တိုက်တွန်း သတင်း
Chrysler ကားသစ်ကြော်ငြာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို သတင်း
ဘိုကလေးမြို့ ကျေးရွာ (၂) ရွာ၌ အန်အယ်လ်ဒီ အ၀ီစိတွင်း တူးဖော်လှူဒါန်းမည် သတင်း
ဂက်စ်စိမ့်ထွက်သည့် နေရာတဝိုက် ဝင်မိသူများကို ပစ်ခတ်နိုင်သည်ဟု အာဏာပိုင်များ ကြေညာထား သတင်း
စစ်တပ်ရိက္ခာအတွက် ရခိုင် (၁၀) မြို့နယ်မှ စပါးဝယ်ယူမည် သတင်း
ကရင်နီ IDP (၂၈) ဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလွတ်မြောက် သတင်း
အရန်မီးသတ်များကို လက်နက်ငယ် သင်တန်းပေး သတင်း
မြ၀တီမှ ကျေးရွာဥက္ကဋ္ဌ သေနတ်ပစ်ခံရ၍ သေဆုံး သတင်း
ကလေးစစ်သား တားဆီးရေးသင်တန်း ရန်ကုန်တွင် ကျင်းပ သတင်း
ငယ်ရွယ်သူများ သေဆုံးမှုသတင်း ဖော်ပြမှု စာပေစိစစ်ရေးက ကန့်သတ်ပိတ်ပင် သတင်း
ပခုက္ကူစက်မှုဇုန် လျှပ်စစ်မီး မလုံလောက်၊ လုပ်ငန်းအချို့ ရပ်ဆိုင်းထား သတင်း
ပလတ်စတစ်လုပ်ငန်းရှင်များ အမှိုက်သိမ်းရမည် သတင်း
ပွဲကခွင့် ပါမစ်ကြေး (၁၀) သိန်း ပေးနေရ၊ ပွဲငှားနှင့် ဇာတ်ပွဲတို့ အခက်ကြုံ သတင်း
ယမန်နှစ်နှင့်မတူ စပါးဈေး ထိုးတက် သတင်း
တွေ့ဆုံဆွေးနွေးရေးတွင် စဉ်းစားရမည့် ဘုံတူညီချက်များ (ဆောင်းပါး)
အိန္ဒိယ soft ပါဝါ (၂) (ဆောင်းပါး)
ဗိုလ်ကတော်တွေ ဘာလုပ်ခဲ့လဲ၊ ဘာလုပ်နေလဲ (ဆောင်းပါး)
ဘီးလှိမ့်ဖို့အရေး ရတက်မအေးတဲ့ တက္ကစီ (ဆောင်းပါး)

မြန်မာပြည်က အမှားများ

Tuesday, 08 December 2009



(ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

Tuesday, December 8, 2009

နေ့စဉ်သတင်းများ ( ၇ - ၁၂ - ၀၉)

ဝ တပ်ဖွဲ့၏ (၉) ချက်ပါ အဆိုကို မြန်မာစစ်အစိုးရက လုံးဝငြင်းပယ် သတင်း
ဖုန်ကြားရှင်း ရုံးတာဝန်ခံအား နအဖ ထောင်ဒဏ် (၁၂) နှစ် စီရင် သတင်း
မြန်မာ့အရေး ထိရောက်စွာ ကိုင်တွယ်ဖို့ လွှတ်တော်အမတ် (၄၀၀) လက်မှတ်ထိုး သတင်း
ကိုပင်ဟေဂင်ညီလာခံမှာ စစ်အစိုးရကို ဖိအားပေးဖို့ တိုက်တွန်း သတင်း
ပါတီပေါင်းစုံကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန် နအဖကို အပြည်ပြည်ဆိုင်ရာရဟန်းတော်များအဖွဲ့ချုပ်က မေတ္တာရပ်ခံ သတင်း
၂ဝ၁ဝမှာ ဘတ်ဂျက် အပိုအလိုမရှိအောင် အစိုးရဌာနများ သုံးစွဲနေ သတင်း
အဖွဲ့ချုပ် နာဂစ်ကယ်ဆယ်ရေးကော်မတီက အကူအညီတွေ လိုအပ်နေဆဲဟုဆို သတင်း
ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြ သတင်း
မောင်တောမီး သိန်း (၅၀) ကျော်ဖိုး ဆုံးရှုံး သတင်း
မော်လမြိုင်ဈေးဖွင့်ပွဲတွင် လုံခြုံရေး တင်းကျပ်စွာ ချထား သတင်း
ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ကြိုးမဲ့ အင်တာနက်စနစ် စတင်မည် သတင်း
တီဗွီလိုင်စင်ကြေးနဲ့ လက်ခံဖြတ်ပိုင်း ပြဿနာ သတင်း
လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်စလုပ်ပေမယ့် စိတ်ဝင်စားသူနည်း သတင်း
ထိုင်း-မြန်မာချစ်ကြည်ရေး ယဉ်ကျေးမှု စင်တင်တေးဂီတပြပွဲတော် သတင်း
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ သတင်း
အီရန် ဆန္ဒပြပွဲ ရဲ ဖြိုခွဲ သတင်း
အမေရိကန်ကိုယ်စားလှယ် မြောက်ကိုရီးယားခရီး စတင် သတင်း
မတူကွဲပြားမှုများ ပေါင်းစည်းရန် မွေးနေ့တွင် ဒေါက်တာ စင်သီယာမောင် တိုက်တွန်း သတင်း
အာဏာပိုင်များက ရိက္ခာများကို ဖြတ်စားသဖြင့် ဘူးသီးတောင်ထောင်ထဲရှိ ထောင်သားများ အာဟာရမပြည့် ၀ဖြစ်နေ သတင်း
အသစ်ဖွဲ့စည်းလိုက်သော ရခိုင်အမျိုးသားကောင်စီမှ ဘင်္ဂလာဒေခ်ျ့တွင် မူဝါဒရေးရာ ရှင်းလင်းပွဲလုပ် သတင်း
ဒေါက်တာဝင့်သူနှင့် တက်ကြွသူများအမှုအတွက် ရှေ့နေပါဝါ တောင်းခံ သတင်း
ကားမိုင်းထိ၍ ရွာသားတဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ သတင်း
ကျပ်သိန်း (၅၀၀၀) တန်ဖိုးရှိ ရွှေထည်များ ခိုးယူမှု တရားခံ မမိသေး သတင်း
ဗိုလ်ချုပ်ကြီး ရွှေမန်းသား ဝိုင်ဖိုင်အင်တာနက်လုပ်ငန်း လုပ်ကိုင်ခွင့်ရ သတင်း
သေဆုံးခဲ့သူ ကျောင်းသူလေး၏ မိသားစုအား အထူးကုဆေးခန်းက တောင်းပန်ပြီ သတင်း
မော်လမြိုင်ဈေးသစ်ကြီး ဖွင့်ပွဲလုပ်၊ တိုင်းမှူးနှင့် ဧရာဟင်္သာကုမ္ပဏီ အောင်ပွဲခံ သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာနှစ်စောင် ဘယ်လောက်အရေးပါမလဲ (ဆောင်းပါး)
Anemia (အနီးမီးယား) ခေါ် ဒုက္ခသည် ရောဂါတမျိုး (ဆောင်းပါး)
ရေကျော် (ဆောင်းပါး)
စီးပွားပျက်ကပ် ဆေးမြီးတိုနဲ့ ဆေးမြီးရှည် (ဆောင်းပါး)

Monday, December 7, 2009

တတိယမြောက် အိုအေစစ်

ဂါမဏိ

၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက်ရောက်သွားတဲ့အတွက် လူမှုရေး၊ စီးပွားရေး ယိုယွင်း ကျပ်တည်းမှုတွေ၊ မတရား နှိပ်ကွပ်မှုတွေကို ခါးစည်း ခံခဲ့ရတဲ့ မြန်မာပြည်သူတွေ အဖို့ မွန်းကျပ် ပိပြားမှုတွေဆီက အပြီးအပိုင် လွတ်မြောက်ဖို့ မဖြစ်နိုင် ခဲ့ပေမယ့် အခါအားလျော်စွာ တစုံတရာ သက်သာရာ သက်သာကြောင်း ရစေတဲ့ နေရာဌာနလေးတွေ ပေါ်လာခဲ့ပါတယ်။ ဒါတွေဟာ ပူလောင်ပြင်းရှ ခြောက်သယောင်း ထနေတဲ့ သဲကန္တာရကြီးထဲက ရေကြည်တပေါက် သောက်နိုင် စိမ်းမြအေးချမ်းတဲ့ အရိပ်လေးနည်းနည်း ခိုနားနိုင်စရာ အိုအေစစ်တွေလို ဖြစ်ခဲ့ပါတယ်။

အခု တင်ပြမယ့် အိုအေစစ် (၃) ခုဟာ အောက်ဗမာပြည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က လူမျိုးပေါင်းစုံ ပြည်သူတွေ အတွက် တခဏ ခိုနား အားဖြည့်စရာတွေ ဖြစ်ခဲ့ ဖြစ်နေပါတယ်။ အဲဒီအိုအေစစ်တွေ ကတော့ သထုံ-သက္က တောင် အလံတရာ နယ်မြေ၊ ဘားအံ- သာမညတောင် နယ်မြေနဲ့ (ထိုင်းနိုင်ငံ) မြန်မာနယ်စပ် အနီး မဲဆောက်မြို့က မယ် တော်ဆေးခန်းတို့ ဖြစ်ပါတယ်။

အလံတရာဆရာတော် ပအိုဝ်းလူမျိုး ဦးးစန္ဒနဝံသဟာ ပြည်တွင်းစစ်မီး အရှိန်ကြီးကြီးနဲ့ တောက်လောင်နေတဲ့ သထုံ နယ်မှာ အမြင့်ပေ ၆၀၀ (ရွှေတိဂုံဘုရားထက် နှစ်ဆနီးပါးအမြင့်) ရှိတဲ့ စေတီတော်ကြီးကို လူထုအားသက် သက်နဲ့ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ ဘယ်ကမှ ငွေကြေး၊ အဆင့်မြင့် ဆောက်လုပ်ရေး အတတ်ပညာ ပံ့ပိုးမှု မရဘဲ ဧရာမ စေတီတော် တည်ဆောက်ရေးကို စီမံ ခန့်ခွဲဖို့ဆိုတာ တော်ရုံတန်ရုံ စိတ်ဓာတ်၊ အရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ပအိုဝ်း၊ မွန်၊ ကရင်တွေရဲ့ အင်မတန် ကြည်ညို လေးစားမှုကို ထိုက်ထိုက်တန်တန် ရယူခဲ့ပြီးတော့ စေတီ တော်ကြီးကို နှစ် (၄၀) ကြာ တည်ဆောက် ခဲ့ရပါတယ်။ ပေါ်တာထမ်း၊ ရွာမီးရှို့၊ ရန်သူသတင်း ရိုက်နှက်စစ်မေး၊ ငွေ တောင်း စသဖြင့် စစ်ဘေးစစ်ဒဏ် ခံရတဲ့ လူထုတွေဟာ အလံတရာ ဆရာတော် ခြေရင်းကို ရောက်လာပြီး ခိုလှုံခွင့်ရခဲ့ ကြပါတယ်။ ဆရာတော်က စေတီတည်နေတဲ့ ဧရိယာကို ဘေးမဲ့ နယ်မြေအဖြစ် သတ်မှတ်ပြီး လာသမျှလူတွေကို သက်သတ်လွတ် ထမင်းကျွေးပြီး အိပ်ဖို့ နေရာပေးပါတယ်။ ဒီ နယ်မြေထဲမှာ စစ်နှစ်ဘက်စလုံးက ပေါ်တာဝင်မဆွဲ၊ ငွေ ဝင်မကောက်ရဲဘဲ ရှိန်ကြပါတယ်။ အလံတရာနယ်မြေထဲ အတင်းဝင် ပေါ်တာဆွဲ၊ ငွေဝင်ကောက်တဲ့ စစ်သားတွေဟာ စစ်ဆင်ရေး ထွက်တဲ့အခါ မိုင်းနင်းမိတာ၊ တိုက်ပွဲကျတာ စသဖြင့် တမျိုး မဟုတ်တမျိုး ဒုက္ခရောက်တယ် ဆိုပြီးတော့ လည်း နာမည်ကြီးခဲ့ပါတယ်။


Read More...

ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ပိုင်အမည်ဖြင့် မော်တော်ယာဉ်၊ ဆိုင်ကယ် ပိုင်ဆိုင်ခွင့် လုပ်၍ရပြီ ဖြစ်သည်။

၁၃.၁၀.၂၀၀၉ နေ့စွဲထုတ် ကုန်းလမ်းပို့ဆောင်ရေးဌာန အမိန့်ကြော်ငြာစာတွင် တောင်ပေါ်သား လက်မှတ် ရှိသူများနှင့်အတူ ထောရော ၃၈/၁ (နေထိုင်ခွင့်လက်မှတ်) ရှိသော ရွှေ့ပြောင်း အလုပ်သမားများ သည်လည်း မိမိတို့ ကိုယ်ပိုင် အမည်ဖြင့် ဆိုင်ကယ် ၀ယ်ခြင်း၊ ပိုင်ရှင် အမည်ပြောင်းခြင်း စသည်တို့ လုပ်ခွင့်ရပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ လုပ်လိုသူများသည် မိမိတို့၏ ထောရော ၃၈/၁ (နေထိုင်ခွင့်လက်မှတ်) မူရင်းနှင့် မိတ္တူကို ယူဆောင်၍ ကုန်းလမ်း ပို့ဆောင်ရေးဌာန (ခွန်းစုံ) တွင် သွားရောက် လျှောက်ထား လုပ်ယူနိုင်ပါသည်။

ယာဉ်မောင်းလိုင်စင်အတွက် ယခုအခါ စဉ်းမျဉ်းစည်းကမ်းများ ရေးဆွဲနေဆဲ ဖြစ်ပြီး နောက်ပိုင်းတွင် အတည်ပြုချက် အမိန့်ကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်သည်။

နေ့စဉ်သတင်းများ ( ၆ - ၁၂ - ၀၉)

ဒေါ်အောင်ဆန်းစုကြည်ပေးစာ ထားဝယ် NLD ထောက်ခံ သတင်း
၂၀၁၀ ရွေးကောက်ပွဲနှင့် မီဒီယာအခန်းကဏ္ဍ သတင်း
မဲဆောက်မြို့တွင် တေးဂီတဖျော်ဖြေပွဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ သတင်း
တရားမ၀င် ငါးဖမ်းသမားတွေကို တရားစွဲလိုက်ပြီ သတင်း
မုန်တိုင်းကြောင့် မိဘမဲ့သူတွေအတွက် ရန်ပုံငွေပွဲ သတင်း
အိန္ဒိယရောက် မြန်မာအမျိုးသမီးတွေ နှောက်ယှက်တာ ပိုပြီးကြုံတွေ့နေရ သတင်း
ရန်ကုန်ရှုခင်း ၊ ဒီဇင်ဘာ ပထမပတ် သတင်း
အစိုးရဆန့်ကျင်ရေး အီရန်ကျောင်းသားဆန္ဒပြပွဲအတွက် နှစ်ဘက် စိုင်းပြင်း သတင်း
အီရတ်ရွေးကောက်ပွဲဥပဒေ အတည်ပြုပြီ သတင်း
လိင်တူစိတ်ဝင်စားသူ နောက်တဦးကို ဂိုဏ်းအုပ်ခန့် သတင်း
ဘင်လာဒင်သတင်း အမေရိကန်တို့ မသိနိုင် သတင်း
ရာသီဥတုဆိုင်ရာ စာချုပ်သစ် အကောင်အထည်ဖော်ရေး ဒေါ်လာ သန်း (၃၀,၀၀၀) လိုအပ်နေ သတင်း
ရာသီဥတု ညီလာခံ စဖို့ ပြင်ဆင် သတင်း

Sunday, December 6, 2009

မြန်မာ၊ လော၊ ကမ်ပူးချား နိုင်ငံသား အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထားမှုကို အချိန်ကာလ ထပ်မံ တိုးပေးခြင်း

၃.၁၁.၂၀၀၉ ရက်နေ့ ၀န်ကြီးများ အစည်းအဝေးတွင် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထား ပြုလုပ်ခြင်းကို အချိန်ကာလ ထပ်မံ တိုးမြှင့် ပေးရန် ဆုံးဖြတ်ချက်ချ မှတ်လိုက်ပါသည်။ အကြောင်းမှာ စာရင်း ပေးသွင်းထားသော်လည်း အုပ်ချုပ်ရေး ရုံးတွင် ဓါတ်ပုံ ရိုက်ပြီး ထောရော ၃၈/၁ (ဟောင်းဘတ်) လုပ်ရန် ကျန်နေသော လူဦးရေ ၉၀၀၀ ကျော်ရှိနေပြီး ထောရာ ၃၈/၁ (ဟောင်း ဘတ်) လုပ်ပြီးသော်လည်း ကျန်းမာရေး စစ်ရန် ကျန်နေသေးသူ ၁၅၂၉၈၂ ဦး စုစုပေါင်း ၁၆၁ ၉၈၂ ဦး တို့ ကျန်ရှိနေပါသည်။ ထို့ကြောင့် သတ်မှတ်ထားသော အချိန်ကာလတွင် သက်ဆိုင်ရာ ဌာနတို့မှ အချိန်မမီ၍ မလုပ်ပေး နိုင်ခဲ့ခြင်းကို ဖြေရှင်းရန်နှင့် မှန်ကန်သော အလုပ် ငှားရမ်းမှု ဖြစ်စေရန် အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။

၁။ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ရေးအချက်လက် မှတ်တမ်းတင်၍ ထောရော ၃၈/၁ (ဟောင်းဘတ်) လုပ်ခြင်းကို ၄.၁၁.၀၉ မှ ၁၈.၁၁.၀၉ အထိ ၁၅ရက် အတွင်း လုပ်ဆောင်ရန်။

၂။ ကျန်းမာရေးဌာနတွင် ကျန်းမာရေး စစ်ဆေးခြင်းကို ၄.၁၁.၀၉ မှ ၂.၁.၁၀ ထိ ရက် ၆၀ အ တွင်း လုပ်ဆောင်ရန်။

၃။ အလုပ်ရှာဖွေရေးဌာနတွင် အလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထားခြင်းကို ၄.၁၁.၀၉ မှ ၁.၂.၁၀ ထိ ရက်ပေါင်း ၉၀ အတွင်း လုပ်ဆောင်ရန် ထုတ်ပြန် လိုက်ပါသည်။

ရွှေ့ပြောင်းအလုပ်သမားတို့၏ မှီခိုသူ သားသမီးများ နေထိုင်ခွင့် အတွက် ၀န်ကြီးများ အစည်းအဝေး က နေထိုင်ခွင့် လက်မှတ် ပြုလုပ်ပေးရန် သဘောတူ အမိန့် ချမှတ်လိုက်ပါသည်။ ရွှေ့ပြောင်း အလုပ်သမားတို့၏ သားသမီးများသည် မြို့နယ် အုပ်ချုပ်ရေးရုံးတွင် ၁၉.၁၁.၀၉ မှ ၂.၁.၁၀ အထိ ရက်ပေါင်း ၄၅ရက် အတွင်းတွင် နေထိုင်ခွင့် လက်မှတ် လာရောက် ပြုလုပ်ကြရန် ကြေငြာထားပါသည်။

အလုပ်သမားများ အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) လုပ်ခြင်း ကိစ္စကို အလုပ် ရှာဖွေရေး ဌာနက တာဝန်ယူ၍ အလုပ်ရှင်များထံ အကြောင်းကြားရမည် ဖြစ်ပါသည်။

လူထုဒေါ်အမာ (သို့မဟုတ်) ပြည်သူချစ်သော ကလောင်ရှင်

ဘိုဘိုလန်းစင်
Tuesday, 01 December 2009

(၁)

“လူရဲ့ အမွန်မြတ်ဆုံး လုပ်ဆောင်မှုက ကိုယ်ကျိုးစွန့်ပြီး မေတ္တာ စေတနာနဲ့ သူများအကျိုးကို ရွက်ဆောင် ပေးခြင်းပဲ ဖြစ်တယ်။ ငါ့သားလူဖြစ်ရကျိုး နပ်အောင် တစ်ခုခုတော့ လုပ်နိုင်စေချင်တယ်။ ဘာလုပ်သင့်တယ်၊ ဘာကို လုပ်မယ်ဆိုတာ သားဘာသာ စဉ်းစားဆုံးဖြတ်ပေါ့။ …


ဘိုဘို့မှာ အသိပညာတွေ လုံလောက်အောင် စုဆောင်းမိမှာကို အဘွား သံသယ မရှိဘူး၊ အဲဒီ အသိတွေနဲ့ လူနဲ့လူချင်းအတွက် ဘိုဘိုက အနစ်နာခံ ဆောင်ရွက်ပေးတဲ့ မွန်မြတ်တဲ့ လူသားတစ်ဦး ဖြစ်လာစေချင်တယ်။ စာအုပ်တွေနဲ့အတူ၊ သက်ရှိလူတွေကိုလည်း ဘိုဘို စိတ်ဝင်စား စေချင်သေးတယ်။ ဘိုဘို့ ဦးနှောက်ထဲမှာ ရှိတဲ့ ပညာတွေ၊ အသိတရားတွေကို တခြားလူတွေ အတွက် အသုံးချပေးနိုင်တဲ့ မြေးကလေး ဖြစ်လာပါစေလို့ အဘွား ဆန္ဒပြုပါတယ်။ …”

၇ တန်းနှစ်မှစ၍ မွေးနေ့တိုင်းဤသို့ အမှတ်တရ စာလေးများရေးပေးလေ့ ရှိသည်မှာ နောက်ပိတ်ဆုံး ကျနော်ဘွဲ့ရသည့် ၂၀၀၆ ဖေဖော်ဝါရီလ အထိပင်တည်း။ အတူနေမြေး ၅ ယောက်စလုံးကို အစဉ်ပြောဆို ဆုံးမခဲ့ရုံသာမက မှတ်မှတ်သားသားဖြစ်အောင် စာကလေးတွေရေး ဆုံးမခဲ့ခြင်း၏ တန်ဖိုးကို အဘွားမရှိမှ ကောင်းကောင်းသိပါပြီ။

သို့ပေမယ့် တနိုင်ငံလုံးနှင့် ကမ္ဘာအရပ်ရပ်က မြန်မာစာဖတ် လူငယ်များအတွက် ရည်စူး ရေးသားခဲ့သည့် အမေ့ရှေးစကား ဆောင်းပါးများ ရေးစက အဘွားက ဘာလို့ အဘွားကြီးလေနဲ့ အမေ၊ အမေဆိုပြီး ရေးရပါလိမ့်၊ တသက်လုံး ကျမလို့ ရေးလာတာပဲဟု စလုံးစခု ဖြစ်မိပါသေးသည်။ ထိုစဉ်ကပင် ၈၀ နားကပ်နေသည့် ကိုယ့်အဘွားကို နောက်နှစ်တွေ အကြာကြီး နေဦးမည်ဟု ထင်နေခဲ့သည်ကိုး။

(၂)

အဘွားနှင့် လူချင်းမတွေ့ဘူးလိုက်သူများက သူ့ကို အင်မတန့် သိက္ခာကြီးနှင့် ဧရာမ အာဇာနည် မိန်းမကြီးလို ခန့်ခန့်ကြီး နေလိမ့်မည်ဟု တွေးကြောက်သည်ကို တွေ့ဖူးပါ၏။ အသက် ၈၀ ကျော်ထိ တအိမ်လုံးက လူ ၁၅ ယောက်လောက်စာ ဈေးဝယ်ပြီး ဆိုက္ကားစီးပြန်သည့် အဘွား အကြောင်းပြောပြကာ ကိန်းကြီး ခန်းကြီး မနိုင်ရပါကြောင်း ရှင်းပြရသည်။

မမြရင်သီချင်းများ၊ ညွန့်ညွန့်စိန်၏ မှန်ကြိုက်သူ သီချင်းစသည်တို့ကို လိုက်ညည်း နေတတ်သည့်၊ ဟာသတွေ အရွှန်းတွေ ဖောက်ရင်း ပြုံးနေတတ်သည့် သူ့ရုပ်ပုံကို မျက်စိထဲက ဖျောက်မရပေ။ စာရေးဆရာမ ဆိုပြီး အိမ်မှုကိစ္စတွင် ရှော်သည့် (အဘွားစကားနှင့် ရှော်လကွီး ဂွီး) ဆိုသည့် အစားထဲကလည်း မဟုတ်ပါ။ မန္တလေးပုံစံ အစားအသောက်ကို စုံစုံကောင်းကောင်းနှင့် ရှာရှာဖွေဖွေ စီမံစားတတ်ပြီး အဆီအအိမ့်၊ ဘိုစာ၊ တရုတ်စာတွေထက် တောစာ၊ တောငှက်၊ တောအရွက်တွေကို ခုံခုံမင်မင် ရှိလှသည်ကို အောက်မေ့လှပါ၏။

လူကြီးဆိုပြီး သူ့အတွက်သီးသန့်ပြင်ပေးသည့် အစားအသောက် ဟူသမျှကိုလည်း “ဟေ့…. မင်း စားပါကွ…။ ငါမကြိုက်လို့..” ဆိုပြီး မြေးတွေပန်းကန်ထဲ ထည့်ပေးတတ်သည့် မြန်မာအဘွားတယောက်သာ ဖြစ်ပါသည်။

Read More...

နေ့စဉ်သတင်းများ ( ၅ - ၁၂ - ၀၉)

အီးယူ ဒဏ်ခတ်မှုကြောင့် ဗိုလ်ချုပ်မှူးကြီး သမက် မာစီးဒီးကား ၀ယ်မရ သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုန်တိုင်းသင့်ဒေသတွေကို ကွင်းဆင်း သတင်း
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် အလှူပွဲကျင်းပ သတင်း
လွှတ်ရက်စေ့ မြန်မာ့အကျဉ်းသား (၄၇) ဦး ပြည်တော်မပြန်နိုင် သတင်း
ကိုးကန့်အဖွဲ့ကို အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်း သတင်း
စစ်တွေတွင် ကျောင်းကားတစီး တိမ်းမှောက်၍ ကျောင်းသားတချို့ ဒဏ်ရာပြင်းထန်စွာရရှိ သတင်း
တရားမ၀င်သော နည်းလမ်းဖြင့် တရုတ်ဆိုင်ကယ် နေ့စဉ် တင်သွင်း သတင်း
ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ သတင်း
ရုရှား ညကပွဲရုံ မီးလောင်မှု လူ (၁၀၀) ကျော် သေဆုံး သတင်း
ရာသီဥတု ပြောင်းလဲမှု သိပ္ပံပညာရှင်တွေကို ကုလထောက်ခံ သတင်း
ကိုပင်ဟေဂင်ညီလာခံမှာ ရာသီဥတုဆိုင်ရာ မူဝါဒတွေ ချမှတ်ရေး တောင်းဆိုဆန္ဒပြ သတင်း
ကမ္ဘာဖလားဘောလုံးပွဲစဉ် အုပ်စုများခွဲပြီ သတင်း
၂၀၁၀ ရွေးကောက်ပွဲ လိုချင်သည့် ပုံစံလုပ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီး ယုံထားလား သတင်း
တိုက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော်မှု ဒီကေဘီအေ ပိတ်ပင် သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် သက်ဆိုင်ရာက ပြင်ဆင်ခွင့်ပေး သတင်း
ယုံကြည်မှုတည်ဆောက်ရေး မျှော်လင့်ချက်ဖြင့် ဘီဒီအာရ်တပ်မှူး မြန်မာသို့ သွားမည် သတင်း
ရခိုင်ပြည်နယ်မှ ရေအားလျှပ်စစ် ရခိုင်ပြည်သူများအတွက် မဟုတ်ပါ သတင်း
ဘေးဧရိယာက မြန်မာများက မြန်မာပြည်ကို ကူညီကြမည် သတင်း
မြန်မာကျပ်ငွေ ခိုင်နေမှုအပေါ် ဝေဖန်သုံးသပ်ခြင်း (ဆောင်းပါး)

အပေါ်သို့