Saturday, July 2, 2011

ဩစေၾတးလ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

July 2, 2011
နော်နိုရင်း

လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံပါတီနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ တွေဆုံခဲ့ကြတယ်။

Read More...

HIV ရောဂါသည်များအတွက် ၅ နှစ်အတွင်း ဆေးဝါးရအောင် မြန်မာအစိုးရက လုပ်ပေးမည်ဟု ဆို

July 2, 2011
ပီတာအောင်

မြန်မာနိုင်ငံက HIV ပိုးကူးစက်ခံနေရသူ အားလုံးအတွက် လာမယ့် ၂၀၁၅ ခုနှစ်မှာ ဆေးဝါးအကူအညီနဲ့ ကုသပြုစုစောင့်ရှောက်မှု အကူအညီတွေရအောင် လုပ်ပေးမယ့်လို့ မြန်မာအစိုးရက ကတိပြု ပြောဆိုခဲ့တဲ့အကြောင်း (UNAIDS) ကုလသမဂ္ဂ အေအိုင်ဒီအက်စ် အဖွဲ့က ဇူလိုင် ၁ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Read More...

ရှမ်းပြည်ရှိ စစ်တပ်အတွက် သိမ်းမြေများ လျော်ကြေးပေး

ဟိန်းသူ
02 July 2011

ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲတွင် စစ်တပ်အတွက် မြေဧက ရာချီ သိမ်းခဲ့သည့်ကိစ္စကို သက်ဆိုင်ရာက ပြန်လည်ဖြေရှင်းပေး သည့်အတွက် မြေသိမ်းခံဒေသခံများနှင့် ပြေလည်မှုရရှိသွားပြီ ဖြစ်သည်။

Read More...

Burma Update - Updae in Kachin State - 1 July 2011

Burma Update - Updae in Kachin State - 1 July 2011

ဘင်္ဂလာဒေခ်ျ့ဝန်ကြီးချုပ်မှ မြန်မာသို့ကုန်ပစ္စည်းများ တင်ပို့သူ မှောင်ခိုသမားကြီး ၁၇ ဦးအား ဖမ်ဆီးရန် အမိန့်ထုတ်

7/1/2011


ဘင်္ဂလာဒေခ်ျ့ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာမှ မြန်မာနိုင်ငံသို့တားမြစ်ကုန်ပစ္စည်းများ တင်ပို့နေသူ မှောင်ခို စီးပွားရေး သမားကြီး ၁၇ ဦးကို ဖမ်းဆီးရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့အမိန့်ထုတ် လိုက်ကြောင်း သတင်း ရရှိသည်။

Read More...

Friday, July 1, 2011

မြန်မာ့ဒီမိုကရေစီလူ့အဖွဲ့အစည်း ရောက်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခင်ဦးသာ
01 July 2011

မြန်မာပြည်သူလူထု တရပ်လုံး ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ မကြာမီ ရောက်ရှိတော့မည် ဟုမျှာ်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

Read More...

အသိမ်းခံလယ်မြေပြန်ရရေး ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံရသူများ ပြစ်ဒဏ်လျှော့

ဇာနည်မာန်
01 July 2011

မကွေးတိုင်း ကံမမြို့နယ် စစ္စရံရွာရှိ လယ်ဧက ၄၀၀၀ ကျော် သိမ်းဆည်းမှုကို တရားစွဲဆိုသည့်အတွက် ရိုက်နှက်ခံရပြီး ထောင်ဒဏ် ကျခံနေရသော လယ်ပိုင်ရှင် တောင်သူ ၅ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ ချမှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

Read More...

ဝန်ထမ်းပင်စင်နှင့် နိုင်ငံရေး ပင်စင် လစာများ တိုးမည်

ရန်ပိုင်
01 July 2011

အစိုးရက အငြိမ်းစား ၀န်ထမ်းများ စားဝတ်နေရေး သက်သာမှုရှိစေရန် လက်ရှိ ခံစားနေရသည့် ပင်စင်လစာကို လာမည့် ဇူလိုင် လမှ စတင်ပြီး တိုးမြှင့်ပေးမည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ပင်စင်လစာ တိုးမြှင့်ရန် ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ ခဲ့ခြင်း ဖြစ်ပြီး၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ရက်နေ့မတိုင်မီ အငြိမ်းစားယူခဲ့သည့် ပင်စင်စားများအားလုံး အကျူံးဝင်ကြောင်း၊ တိုးမြှင့် မှုနှုန်းထားမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့်ပင်စင်ခံစားခွင့်အတိုင်း ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Read More...

ကရင်နယ်ခြားစောင့်ချင်း တိုက်ပွဲ ဖြစ်၊ တပ်ရင်းမှူး တဦးကျ

01 July 2011

ကရင် နယ်ခြားစောင့်တပ်ဖွဲ့ချင်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး တဦး ကျဆုံး သွားသည်။

Read More...

Thursday, June 30, 2011

ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံ

2011-06-30

အာဏာသိမ်း စစ်အစိုးရ ဖျက်သိမ်းပြီးနောက်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို လေ့လာ အကဲခတ်ဖို့ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Ms. Kikuta ဟာ ဒီကနေ့  ဒေါ်အောင်ဆန်းစုကြည် နဲ့  တွေ့ ဆုံ ဆွေးနွေးခဲ့ ပါတယ်။

Read More...

ဦးဝင်းတင် ရုံးပြန်တက်သဖြင့် လူငယ်များ အားတက်ဟုဆို

ထွန်းထွန်း
ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်


နိုင်ငံရေးပါတီအနေဖြင့် လှုပ်ရှားမှုမလုပ်ရန် အစိုးရသစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား သတိပေးနေစဉ် ကျန်းမာရေး ချို့ယွင်းသဖြင့် နေအိမ်၌ တလခန့် ဆေးကုခဲ့ရသည့် ပါတီဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင် ရုံးပြန်တက်လာသောကြောင့် အားတက်မိကြောင်း လူငယ်တာဝန်ခံ ကိုမျိုးညွန့်က ပြောသည်။

အသက် ၈၂ နှစ်အရွယ် ဦးဝင်းတင်သည် မေလ ၂၇ ရက်နေ့တွင် ဘယ်ဘက်ပေါင်၌ ဆင်ရေယုန်များ ပေါက်သဖြင့် အာရှတော်ဝင်ဆေးရုံ၌ ဆေးကုသခဲ့ရပြီး အသည်း၊ နှလုံး၊ ကျောက်ကပ်၊ ရင်ခေါင်းနှင့် အစာအိမ် စစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။ မေလ ၃ဝ ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရခဲ့သော်လည်း နေအိမ်၌ ဆေးကုသမှု ဆက်လက် ခံယူခဲ့ရသည်။ သို့သော် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း/ပြည်နယ် လူငယ်များတွေ့ဆုံပွဲ ဒုတိယနေ့ အခမ်းအနားမှစ၍ ရုံးပြန်တက်နိုင်ခြင်း ဖြစ်သည်။

Read More...

ပင်စင်စားများ လစာတိုး

ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်

အစိုးရဝန်ထမ်း ပင်စင်စားများ၏ ပင်စင်နှုန်းထားကို ဇူလိုင်လမှသည် တိုးမြှင့်ပြီး အလုပ်လုပ်စဉ်က ရရှိခဲ့တဲ့ လစာအတိုင်း ပေးမည်ဟု မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အား နိုင်ငံပိုင် မြန်မာ့ရုပ်သံက ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။

Read More...

ထိုင်းရွေးကောက်ပွဲ ကမ်ပိန်းများ ဒုက္ခသည်အရေး လျစ်လျူရှု

Steve Mullins
ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်


ထိုင်းနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပြည်တွင်းရေး ကိစ္စများသာ ဖုံးလွှမ်းနေပြီး ထိုင်းအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များမှာ လတ်တလော အချိန်၌ ဦးစားပေး ဆွေးနွေးခံရခြင်း မရှိဘဲ မှေးမှိန်လျက်ရှိသည်။

ရွေးကောက်ပွဲ အကြိုကာလတွင် အထူးတလည် အချေအတင် ငြင်းခုံနေသည့် ကိစ္စများမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်၏ Pheu Thai ပါတီအပေါ် လွှမ်းမိုးမှု အနေအထား၊ ထိုင်းနိုင်ငံသို့ သူ ပြန်လာနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ချေ ရှိမရှိနှင့် ပြီးခဲ့သည့် နှစ်ထဲ သွေးထွက်သံယို အဆုံးသတ်ခဲ့ရသည့် ဆန္ဒပြပွဲများအပြီး စွဲချက်တင်ခံခဲ့ရသည့် ဆန္ဒပြသူများအပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပေးမပေး ဆိုသည်များသာ ဖြစ်နေသည်။

Read More...

ကချင်နှင့် အပစ်ရပ်ဖို့ သဘောတူညီချက် ရလုနီးပြီ

ဖနိဒါ
ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်


မြန်မာအစိုးရဘက်က စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရရှိဖို့ နီးစပ်နေပြီဖြစ်သည်။

ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးစီးသော ၃ ဦးပါ ကိုယ်စားလှယ်အဖွဲနှင့် KIO ဘက်မှ ဒုစစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ခေါင်းဆောင်သော ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ လဂျားယန်ရှိ KIO ဆက်ဆံရေးရုံးရှေ့တွင် တနာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။

“သူတို့ဘက်က တဖက်သတ် အပစ်ရပ်ဆိုင်းထားတယ်ဆိုတာကို ခိုင်မာမှု သက်သေရှိရမယ်။ အဲဒီအချက်တွေ လုပ်ပေးနိုင်တယ်ဆိုရင် ကျနော်တို့ဘက်က ရှေ့တန်းတွေ ရုပ်သိမ်းဖို့ ညွှန်ကြားမှာပါ။ အဲဒီ ညွှန်ကြားမှု ပြီးရင် သူတို့ စစ်တပ်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်နဲ့ ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းရေးတခုကို လက်မှတ်ထိုးကြမယ်။ ဒီနေ့ တွေ့ဆုံပွဲ ပဏာမ တွေ့ဆုံမှုလို့ ပြောရမယ်” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို ပြောသည်။

Read More...

အိမ်ပိုင်တရားမမှု ရှုံးသူက သမ္မတကိုတိုင်

ကိုဝိုင်း
ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်


အိမ်ပိုင်ဆိုင်မှု အငြင်းပွားသည့် တရားမမှုတခုတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားသူကြီး စစ်ဆေး ဆုံးဖြတ်မှုသည် တရားမျှတမှု မရှိဟုဆိုကာ အစအဆုံး ပြန်စစ်ပေးရန် အမှုရှုံးသည့် တရားပြိုင် အမျိုးသမီးက သမ္မတ ဦးသိန်းစိန်ထံ တိုင်စာ ပို့လိုက်သည်။

အိမ်ပိုင်ဆိုင်မှုတွင် တရားသူကြီး ဦးရွှေမောင်သည် အဂတိ လိုက်စားကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲကာ ထိရောက်စွာ အရေးယူပေးရန် အမှုရှုံးသူ မိုးညှင်းမြို့နေ မသင်းသင်းအေးက ဇွန်လ ၂ဝ ရက်နေ့တွင် သမ္မတထံ တိုင့်တန်းခဲ့ခြင်း ဖြစ်သည်။ မသင်းသင်းအေး၏ ခင်ပွန်းဖြစ်သူ ကွယ်လွန်သူ အိမ်ပိုင်ရှင် ဦးသက်လွင်၏ အမက အိမ်ပေါ်မှ နှင်ချသဖြင့် အိမ်ကို သူပိုင် ကိုယ်ပိုင် အငြင်းပွားရာမှ တရားရုံး ရောက်သွားခြင်း ဖြစ်သည်။

Read More...

မြောက်ကိုရီးယား ကင်ချီ ရန်ကုန်မှာ ဝယ်လို့ရတော့မယ်

ဇွန်လ ၃၀ ရက် ၂၀၁၁ ခုနှစ်

အာရှတိုက်မှာ ကိုရီးယား အစားအစာက အလုံးအရင်းနဲ့ကို ထိုးဖောက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်က ကိုရီးယား စားသောက်ဆိုင်ကတော့ နားလည်သူတချို့အတွက် အံ့အားသင့်စရာ ဖြစ်နေပါတော့တယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်ရဲ့ ပုံကိုပဲဖြစ်ဖြစ်၊ သူ့အဖေရဲ့ ပုံကိုပဲဖြစ်ဖြစ် ဘယ်သူကမှ မမြင်ကြပေမယ့်လည်း မြန်မာပြည်ရောက် ကော်ရိုစားသောက်ဆိုင်က ပြုံယမ်းရဲ့ ပထမဆုံး ရသာစုံ စားတော်ဆက်ဖြစ်လိမ့်မယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရန်ကုန်မှာ ကိုရီးယားစားသောက်ဆိုင် အမြောက်အမြား ရှိတာပါ။ ဒါပေမဲ့ ဒီဆိုင်ကတော့ မြောက်ကိုရီးယားက လာဖွင့်တဲ့ ပထမဆုံးဆိုင် ဖြစ်ပါလိမ့်မယ်။ ဒီဆိုင်ကို ဘယ်သူက ဖွင့်ထားတယ်ဆိုတာ မေးစရာတောင် မလိုတဲ့ အလုပ်ပါ။ ဆိုင်နာမည်ကကို အဖြေပေးပြီးသား။

Read More...

ဗဟိုချုပ်ကိုင်မှု ပြန်ကျင့်သုံးပြီ

ခင်ဦးသာ
30 June 2011

ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာ များအား ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) က ပြန်လည် ချုပ်ကိုင်တော့ မည် ဖြစ်ကြောင်း ပြည်နယ်၊ တိုင်းဒေသကြီးများ၏ လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

Read More...

ထိုင်း-မြန်မာ နယ်စပ် တံတားသစ် တည်ဆောက်ရေး ဆွေးနွေး

30 June 2011

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်တွင် မကြာမီ အသစ်ထပ်မံ တည်ဆောက်မည့် တံတားနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများ ယမန်နေ့က မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးသည်။

Read More...

မြန်မာနည်းပြချုပ် အထုတ်ခံရဖွယ်ရှိ

ဟိန်းသူ
30 June 2011

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့ဖြစ်သည့် မွန်ဂိုလီးယား အိမ်ကွင်းတွင် ယမန်နေ့က မြန်မာအသင်း တဂိုး ဂိုးမရှိ ရှုံးသွားသဖြင့် အသင်းနည်းပြချုပ် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု သိရသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် သားနှင့်အတူ ပုဂံသို့ ဘုရားဖူးသွားမည်

လင်းသန့်
30 June 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုခရီစဉ်အဖြစ် သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ပုဂံ ဒေသသို့ ဘုရားဖူး သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Read More...

KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး

သန်းထိုက်ဦး
30 June 2011

အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့ တွေ့ဆုံဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ဆွေးနွေးပွဲပြီးဆုံးကြောင်း KIO က ပြောသည်။

ယင်းဆွေးနွေးပွဲ၌ အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန် အပါအ၀င် ၃ ဦး လာရောက်ကြောင်း၊ KIO က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်ပြီး ၆ ဦး တွေ့ဆုံကြောင်း သိရသည်။

Read More...

ဟန်ချက်ညီစစ်ရေးလှုပ်ရှားမှု ဖော်ဆောင်သွားမည်

June 30, 2011
ခင်မင်းဇော်

မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးတိုက်ပွဲတွေဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းချင်တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ သဘောထားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေသာ ဖြစ်တယ်လို့ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးမျိုးဝင်းက ပြောပါတယ်။

Read More...

ကချင်လူငယ်များ ဖမ်းဆီးခံနေရပြီး နှစ်ဦးပျောက်ဆုံးနေ

June 30, 2011

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နဲ့ ဖားကန့်လမ်းတလျှောက်ရှိ နန့်ဟိုင်းကျေးရွာနေ လူငယ်တွေကို နယ်မြေခံစစ်တပ်နဲ့ ရဲတို့က ဖမ်းဆီးနေပါတယ်။

Read More...

လယ်သိမ်းခံရပြီး ထောင်ကျသည့် လယ်သမားများ ပြန်လွတ်ပြီ

June 30, 2011
အေး​နိုင်

မကွေးတိုင်း ကံမမြို့နယ် စစ္စရံကျေးရွာသား ခြောက်ဦးအမှုကို ခရိုင်တရားရုံးက အများဆုံးပြစ်ဏ် (၃) လအထိသာ တပေါင်းတည်းကျခံစေဖို့ လျှော့ပေါ့ ပေးလိုက်တာကြောင့် ပြန်လည် လွတ်မြောက်ကြတော့မှာပါ။

ခရိုင်အယူခံလိုက်သူ တရားခံရဲ့ အထက်တန်းရှေ့နေ ဦးတင်အောင်ထွန်းက “အယူခံကို အခုလ ၂၀ ရက်နေ့က တင်ခဲ့ပြီး ၂၈ ရက်နေ့က အပြီးသတ် လျှောက်လဲချက်ကြားနာခဲ့ပြီး ဒီကနေ့မှာတော့ အမိန့်ချတာပေါ့နော်၊ မြန်မာစံတော်ချိန် မနက် ၁၀ နာရီမှာ အမိန့်ချလိုက်တယ်လေ။ မင်းဘူးခရိုင်တရားရုံးက ၀န်ထမ်းတယောက်က လွှတ်ဝရမ်းကိုယူပြီး မင်းဘူးကနေ သရက်ကို ထွက်သွားပါပြီ၊ လွှတ်ဝရမ်း သရက်ထောင်ကို ရောက်တာနဲ့ လွှတ်ပေးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

Read More...

KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး

သန်းထိုက်ဦး
30 June 2011

အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့ တွေ့ဆုံဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ဆွေးနွေးပွဲပြီးဆုံးကြောင်း KIO က ပြောသည်။

Read More...

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၁၂/၀၆/၁၁


Wednesday, June 29, 2011

တရုတ်ဘက်မှ မြန်မာတပ် ဝင်တိုက်မည်ဟု KIA မယုံကြည်

ဘကောင်း
29 June 2011

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအား တရုတ်နိုင်ငံ နယ်နမိတ် အတွင်းမှတဆင့် စစ်ဆင်ရေးဆင်နွှဲရန် တရုတ်အစိုးရက မြန်မာအစိုးရတပ်ကို ခွင့်ပြုလိမ့်မည်ဟု အယုံအကြည်မရှိကြောင်း KIA ခေါင်းဆောင်များက ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

မကြာသေးခင်က ယူနန်ပြည်နယ် မန်ရှီမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ အစိုးရ အရာရှိများ အစည်းအဝေးတွင် လိုင်ဇာအား ထိုသို့တိုက်ခိုက်ရန် မြန်မာဘက်က အကူအညီတောင်းကောင်း တောင်းနိုင်သည်ဟု လိုင်ဇာတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တခု၌ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။



ရှမ်းပြည်နယ် ကွတ်ခိုင်၊ သီပေါနှင့် သိန္နီမြို့နယ်များရှိ KIA တပ်ဖွဲ့များကို တပ်မှူး ဗိုလ်မှူးကြီး ဇောင်ရော်က ဦးစီးလျက်ရှိသည်။ ထိုမြို့နယ်များသည် ဘင်္ဂလားပင်လယ်အော်မှ ယူနန်ပြည်နယ်သို့ တင်ပို့မည့် တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ မြို့နယ်များ ဖြစ်ကြသည်။

ပိုက်လိုင်းလုံခြုံရေးအတွက် ၄င်း၏ တပ်ဖွဲ့များကို တိုက်ခိုက်လာပါက KIA အနေနှင့် တုံ့ပြန်မည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ဇောင်ရော်က “ကျနော်တို့ ပျောက်ကျားစစ် ဆင်နွှဲပါမှာ။ ကျနော်တို့မှာ လောင်ချာ လက်နက်ငယ်တွေ အလျှံပယ် ရှိပါတယ်။ ဒါတွေနဲ့ပဲ မိုးမောက်ကို မြန်မာစစ်တပ်က တိုက်တဲ့အချိန်မှာ ကျနော်တို့ အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့တာပါ” ဟု ဆိုသည်။

ဇွန်လနောက်ဆုံးပတ်အတွင်း မြန်မာစစ်တပ်က ကွတ်ခိုင်နှင့် သိန္နီမြို့နယ်များသို့ စစ်ကူများ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထိုစစ်ကူများမှာ အရပ်သား အဝတ်အစားဝတ်ထားသော အုပ်စုငယ်များအသွင်ဖြင့် ဒေသတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇောင်ရော်က ယမန်နေ့က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးကြီး ဇော်င်ရော်က “ကြည့်ရတာ ကျနော်တို့တော့ စစ်ပွဲကြီးနဲ့ ရင်ဆိုင်ရတော့မယ်နဲ့တူတယ်” ဟု ဆိုသည်။

KIA နှင့် မြန်မာအစိုးရကြား တိုက်ပွဲများသည် နှစ်ဖက်သဘောတူထားသည့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို ပျက်ပြားစေခဲ့သည်။ မြန်မာအစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးချိန်မှစ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တင်းမာမှုများ စခဲ့သည်။

ယင်းသို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အစိုးရ ကိုယ်စားလှယ်များ၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းလာချက်အပေါ် ငြင်းဆန်ခဲ့သည်။ အစိုးရအနေနှင့် အပစ်ရပ်ရေးအတွက် အထောက်အထား စာရွက်စာတမ်းများ ပြရန် အစိုးရကိုယ်စားလှယ်များမှ တဆင့် ပြန်ကြားခဲ့သည်။

တရုတ် အစိုးရက တိုက်ပွဲများကို KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့ နှစ်ဖက်စလုံးမှ ရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း ၄င်းတို့နှင့် တရုတ်အစိုးရ အရာရှိများအကြား ဆက်သွယ်ရေးမှာ ပြတ်တောက်လုနီးပါး ဖြစ်နေသည်ဟု KIA ခေါင်းဆောင်များက ဆိုသည်။

သို့ရာတွင် မြန်မာအစိုးရနှင့် KIA အကြား ဆွေးနွေးညှိနှိုင်းရန်အတွက် တရုတ်အစိုးရအနေနှင့် စီစဉ်ဆောင်ရွက်ပေးရန် လိုလားသည်ဟု ၄င်းတို့က ဆိုသည်။ ထိုသို့ တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်ပေးစေလိုခြင်းမှာ KIA နှင့် မြန်မာအစိုးရကြား ရရှိမည့် မည်သည့်သဘောတူညီချက်ကိုမဆို မြန်မာအစိုးရဘက်က တာဝန်ခံမှုရှိစေရန် ဖြစ်သည်ဟု သိရသည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့များ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ ယင်းတိုက်ပွဲ၌ အစိုးရတပ်မှ ၃ ဦးကျဆုံးပြီး ၄င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း KIA တာဝန်ရှိသူများက ပြောသည်။

နယ်စပ်ဒေသမှ ဧရာဝတီက နောက်ဆုံးလက်ခံရရှိသည့် သတင်းများအရ မူဆယ်မြို့အနီးတွင် ရဟတ်ယာဉ်နှင့် အစိုးရတပ်ဖွဲ့ဝင် များကို ချပေးပြီး မော်တော်ယာဉ် ၆ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ တရုတ်နယ်စပ်ကို ဖြတ်ဝင်မည့် တပ်ဖွဲ့ဝင်များဟု ယူဆ ရကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့