Friday, November 23, 2012

မင်းပြား သရက်အုပ် မွတ်ဆလင် ကျေးရွာ ပြန်လည် နေရာချ

November 22, 2012

အောက်တိုဘာလ အတွင်းက ဖြစ်ပေါ်ခဲ့သောအပြန်အလှန် တိုက်ခိုက်မူ အတွင်း ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသော သရက်အုပ် မွတ်ဆ လင်ကျေးရွာမှ ကျေးရွာသားများကို အဆိုပါ ကျေးရွာတွင်ပင် ယခုအခါ ပြန်လည် နေရာချထား ပေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Read More...

မောင်တော အကြမ်းဖက် ဆူပူမူ ဦးဆောင်သူအဖြစ် စွပ်စွဲ ဖမ်းဆီးခံရသူ ထောင် ၁၂ နှစ် ချမှတ်ခံရ

November 23, 2012

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူကို ဦးဆောင်သူဟု စွပ်စွဲ ဖမ်းဆီးခံထား ရသူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်ကို နိုဝင်္ဘာလ ၂၁ ရက်နေ့က ထောင် (၁၂) နှစ် ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ သတင်း ရရှိပြီး နောက် နိရဉ္စရာမှ ရှေ့နေမကြီး ဒေါ်အေးနုစိန်အား ဆက်သွယ်မေးမြန်းရာ“ ဟိုတစ်နေ့ကတည်းက ချလိုက် တာပါ။ နှစ်တော်တော်များ ချုလိုက်ပါတယ်” ဟုပြောဆိုသည်။

Read More...

ဘင်္ဂလာဒေခ်ျ့နယ်စပ် မြစ်နားရွာမှ ရခိုင်(၃)ဦး ဖမ်းဆီးခံရ

November 23, 2012

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ကမ်းခြေတွင် တည်ရှိသော မြစ်နားရွာမှ ရခိုင် အမျိုးသား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ RAB မှ ယမန်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

“ မနေ့ညနေ ၅ နာရီ အချိန်မှာ မြစ်နားရွာထဲကို ၀င်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ယာဘားဆေးပြားတွေလည်း သူတို့ဆီက မိတယ်လို့ ကြားရပါတယ်။ အတိအကျ ဘယ်လောက် မိတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ရွာသား တစ်ဦးက ပြောသည်။

Read More...

ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီးသွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား

November 22, 2012

နိုင်ငံတကာ မီဒီယာအများစုက ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေများဖြင့် ခိုးထွက်ပြီး မလေးရှားသို့ သွားလာနေကြသူများမှာ မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေး တိမ်းရှောင် လာရသူ ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း ထုတ်ဖေါ်ရေးသား နေကြခြင်းမှာ မဟုတ်မမှန်ဘဲ လိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက ယမန်နေ့က သတင်း ထုတ်ဖေါ် ရေးသားလိုက်သည်။

Read More...

နိုင်ငံတ၀န်း လျှပ်စစ်မီး ရရှိရေး အစိုးရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိ

ခင်ဦးသာ
November 22, 2012

မြန်မာနိုင်ငံတ၀န်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အတွက် ဗဟို အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ပြည်ထောင်စု ၀န်ကြီး က ပြောဆိုကြောင်း သိရသည်။

“မြန်မာနိုင်ငံ၏ လျှပ်စစ်ဖွံ့ဖြိုးမှု မြန်ဆန်စွာ အထောက်အကူပြုနိုင်မည့် အသေးစားလျှပ်စစ် ကဏ္ဍ ပုံဖော်မှု အစီအစဉ်ကို လက် တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးခင်မောင်စိုး က အထက်ပါ အတိုင်း ပြန်လည်ဖြေကြားသွားခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကမူ“၀န်ကြီးက လက်ရှောင်လိုတဲ့သဘောပါ၊ ၀န်ကြီးပြောတာကို စစ် တပ် ကိုယ်စားလှယ်တွေကပါ ကန့်ကွက်ကြတယ်၊ ကျေး လက်ဒေသတွေ လျှပ်စစ်မီးရရှိရေးကိစ္စကို ဗဟိုအစိုးရ က လုပ်ပေးမှ ရမယ်ဆို ပြီးတော့ ကိုယ်စားလှယ်အများစုက ကန့်ကွက်တော့မှ ၀န်ကြီးဘက်က လက်လျှော့သွားတယ်”ဟု ပြောဆိုသည်။

ထိုအဆိုအား မန္တလေးတိုင်းဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်က တင်သွင်းခြင်းဖြစ်ပြီး ကိုယ်စားလှယ် ၈ ဦး ပါဝင်ဆွေးနွေးကြကြောင်း၊ အတည်ပြုနိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ အရေအတွက် များသည့်အတွက် အဆိုကို လွှတ်တော်က အတည်ပြု ပေးလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ကျေးလက်ဒေသ မီးလင်းရေးအဆိုနှင့်ပတ်သက်၍ ၀န်ကြီး ဦးခင်မောင်စိုး က ပြန်လည်ဆွေးနွေးရာတွင် အသေးစားနှင့်အ လတ် စား လျှပ်စစ်ဓာတ် ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းများကို နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေအရ တိုင်းဒေသနှင့်ပြည်နယ် အစိုးရ တို့ကို လုပ် ပိုင်ခွင့်ပေးထားသည့် အတွက် ပြည်ထောင်စုအစိုးရ က စီမံပိုင်ခွင့် မရှိဟု ဆိုသည်။

ပြည်နယ်၊ တိုင်းဒေသ အစိုးရများအတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား ၂ တွင် လုပ်ပိုင်ခွင့်တချို့ပေး ထားသော် လည်း အရေးပါသည့် ကိစ္စများအားအလုံးကို ဗဟိုအစိုးရကသာ စီမံ ခန့်ခွဲပိုင်ခွင့် ရရှိထားသည်။ ပြည်နယ်၊ တိုင်းဒေသ အစိုးရ အတွက် ဇယား ၂ ပါ လုပ်ပိုင်ခွင့်၌ စည်ပင်သာယာ အခွန်ကောက်ခံခွင့်နှင့်ဒေသထွက် သတ္တုများကို စီမံခန့်ခွဲခွင့် စသည့်ဖြင့် ဖော် ပြ ထားသည်။

ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသအစိုးရတို့ အကြား လုပ်ပိုင်ခွင့်အာဏာ များစွာ ကွဲပြားခြားနားကြောင်း၊ လျှပ်စစ် မီး ရရှိရေးအပြင် ဒေသဖွံ့ဖြိုးရေး အတွက်လည်း ဘဏ္ဍာငွေလုံလောက်မှု မရှိကြောင်း သိရသည်။

“ဗဟိုအစိုးရက ကျပ်ဘီလီယံ တသောင်းကျော် (၁၄၀၀၀ ) ရထားတဲ့အချိန်မှာ တိုင်းဒေသ၊ ပြည်နယ် အစိုးရ အဖွဲ့တွေက ဘီလီ ယံ ၉၀၀ ပဲရထားတယ်၊ အဲဒါက ပြည်နယ်၊ တိုင်း ၁၄ ခု အတွက်ပါ၊ ဒီတော့ ဗဟိုအစိုးရရဲ့ သုံးတဲ့ငွေက အဆမတန်များနေ တယ်” ဟု ဦးဖုန်းမြင့်အောင် က ပြောသည်။

ဝန်ကြီး ဦးခင်မောင်စိုး က အသေးစားနှင့်အလတ်စား လျှပ်စစ်ဓာတ် ထုတ်လုပ်ရေး လုပ်ငန်းများအတွက် နည်းပညာပိုင်း ဆိုင်ရာများ ပံ့ပိုး ကူညီပေးရန် ပြည်နယ်၊ တိုင်းဒေသ အစိုးရများက အကူအညီတောင်းခံ လာပါက ဗဟိုအစိုးရ အနေဖြင့် ကူညီပံ့ပိုးပေး သွား မည်ဟု ပြောဆိုသည်။

လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများကို တည်ဆောက်လျှက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ် ရေးနှင့်ကုန်ချောပစ္စည်းရရှိမှု ခက်ခဲသော ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့ရှိ စီမံကိန်းတချို့မှာ ကုန်ကျ စရိတ် မြင့်မား သည်ကိုတွေ့ ရှိထားကြောင်းလည်း ၎င်း က ပြောသည်။

ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် တချို့တ၀က် အကောင်အထည် ဖော်ထားသည့် ဘူးသီး တောင် ဒေသရှိ စိုင်းဒင်ရေအား လျှပ်စီမံကိန်းအား ယခုအခါ ရပ်ဆိုင်းထားကြောင်း သိရသည်။

ထိုစီမံကိန်းအား အကောင်အထည်ဖော်ရန် ၁၉၅၂ ခုနှစ် ဦးနုအစိုးရ လက်ထက်မှ စတင်ခဲ့သော်လည်း လက်တွေ့ အကောင် အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

ပြည်နယ်တချို့၌ အကောင်အထည်ဖော်ရန် လေ့လာနေသည့် ရေအားလျှပ်စစ် စီမံကိန်းများသည် ပြည်ထောင်စု အစိုးရ အတွက် အကျိုးအမြတ် မရရှိသည့်တိုင် ဒေသတွင်းပြည်သူများ လျှပ်စစ်မီး ရရှိရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် လက်တွေ့ အကောင် အထည် ဖော်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး က ပြော သည်။

“တနိုင်ငံလုံး တန်းတူ ဖွံ့ဖြိုးစေချင်ရင် ဗဟိုအစိုးရ အနေနဲ့ ချုပ်ကိုင်ထားထာတွေ လျှော့ချပေးဖို့ လိုပါတယ်၊ လုပ်ပိုင်ခွင့် အာ ဏာ ခွဲဝေပေးဖို့၊ ဘဏ္ဍငွေတွေခွဲပေးဖို့ အရေးကြီးပါတယ်၊ လက်တွေ့ လုပ်ပေးဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။

သဘာဝ သယံဇာတ အများဆုံးထွက်ရှိသည့် တိုင်းရင်းသား ဒေသများအတွက် လျှပ်စစ်မီး ရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကို အလေးထား လုပ်ဆောင်ပေးမှု အားနည်းကြောင်းလည်း ဒေါက်တာ ဗညားအောင်မိုး က ပြောသည်။

ရန်ကုန်မြို့နှင့် အနီးတ၀ိုက်ရှိ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးနှင့် ပြည်သူများလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အတွက် ကိုမူ အမေရိကန် ဒေါ်လာ သန်း ၁၅၀ တန် သဘာဝဓာတ်ငွေ့သုံး ဂက်စ် တာဘိုင် ၂ လုံးကို ထိုင်းနိုင်ငံမှ လှူဒါန်း ထားကြောင်း၊ ထိုတာဘိုင် တည်ဆောက်ရန် ဒေါ်လာ ၄၃ သန်းကုန်ကျမည် ဖြစ်ပြီး အကောင်အထည်ဖော်ရန် ဗဟိုအစိုးရကို ပြည်ထောင်စု လွှတ်တော် က ယနေ့ ဆုံးဖြတ်ပေးလိုက်ကြောင်း သိရသည်။

လျှပ်စစ်မီး အခက်အခဲကြောင့် ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများနှင့် နိုင်ငံတ၀န်း မြို့အများအပြားတွင် လျှပ်စစ်မီး ရရှိရေး အတွက် ဖယောင်းတိုင် ထွန်းညှိ၍ ဆန္ဒပြတောင်းဆိုမှုများ ပြီးခဲ့သည့် မေလ နှင့်ဇွန်လတို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့ကြသေး သည်။

Ref: ဧရာဝတီ

Read More...

တော်ဝင်ကုမ္ပဏီ အလုပ်သမား အရေး အပြီးသတ် ဆုံးဖြတ်မည်

လဖိုင်
November 23, 2012

ရွှေပြည်သာမြို့နယ် ၀ါးတရာ စက်မှုဇုန်ရှိ တော်ဝင် ကုမ္ပဏီပိုင် သစ်အချောထည်စက်ရုံမှ ၀န်ထမ်းများ၏ တောင်းဆိုမှုများနှင့် ပတ် သက်၍ လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်ဆုံးဖြတ်ပေးသွားမည်ဟု ခုံသမာဓိအဖွဲ့က အလုပ်သမား ကိုယ်စားလှယ်များ ကို ယမန် နေ့က ပြောဆိုကြောင်း သိရသည်။

တော်ဝင် သစ်စက် အလုပ်သမား ၂၆၀ ကျော် ၏ ကိုယ်စားလှယ် ၇ ဦးက အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့် နစ်နာမှုများကို ဖြေရှင်းပေးရန် ခုံသမာဓိအဖွဲ့နှင့် သွားရောက်တွေ့ဆုံရာတွင် ယင်းသို့ အကြောင်းပြန်လိုက်ခြင်း ဖြစ်သည်ဟုအလုပ် သမား ကိုယ်စားလှယ် တဦးက ပြောသည်။

ခုံသမာဓိအဖွဲ့က အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားနေမှုကို ကြားနာစစ်ဆေးရန် ယင်းအလုပ်သမား ကိုယ်စားလှယ်များ အပါ အ၀င် လုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ် ၅ ဦးတို့အား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဆင့်ခေါ် စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

တော်ဝင် သစ်အချောထည် စက်ရုံ အလုပ်သမားများသည် လုပ်ခ လစာ မှန်ကန်စွာရရှိရေး အပါအ၀င် အလုပ်သမား အခွင့်အရေး များ အပြည့်အ၀ ရရှိရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အလုပ်သမားများ တောင်းဆိုထားသည့် အချက်များမှာ စက်ရုံရှိ အလုပ်သမားများအား အပြင်လုပ်ငန်း ခွင်များသို့ မပို့ရန်၊ အလုပ် သမားများ၏ သဘောတူညီမှုမရဘဲ စည်းကမ်းချက်များ ထုတ်ပြန်ခြင်း မပြုရန်၊ လူမှုဖူလုံရေးကတ် တပတ်အတွင်း ထုတ်ပေးရန်၊ အလုပ်ခန့်အပ်သည့် သဘောတူညီချက်(EC) စာချုပ် အမြန်ဆုံးချုပ်ပေးရန်နှင့် သပိတ်မှောက်တောင်းဆိုခဲ့သည့် ၁၈ ရက်ကြာ ကာလကို တာဝန်ချိန် (On Duty) အဖြစ် သတ်မှတ်ပေးရန် ဟူသည့် အချက်များဖြစ်ပြီး ခုံသမာဓိရုံးက နောက်ဆုံးတချက်မှ အပ အလုပ်ရှင် ဘက်မှ ဆောင်ရွက်ပေးရန် ညှိနှိုင်းဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးဆိုင်ရာ ခုံသမာဓိရုံးက အလုပ်သမားများ တောင်းဆိုသည့် အချက်များထဲမှ အချက် ၄ ချက်အား လိုက်လျောဆောင်ရွက်ပေးရန် ဆုံးဖြတ်ပေးခဲ့သော်လည်း အလုပ်ရှင်ဘက်က ဆောင်ရွက် ပေးခြင်း မရှိဘဲ ယင်း ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အယူခံဝင်ခဲ့သည်။

ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်အရ အလုပ်သမားများက လုပ်ငန်းခွင်ပြန်လည် ၀င်ရောက်ရန် ကြိုးစားသော်လည်း စက်ရုံပိုင်ရှင် ဦး ကိုကိုထွေးက အယူခံဝင်ထားဆဲဖြစ်သောကြေင့်ဟု ဆိုကာ ခွင့်မပြုခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်သမားများဘက်မှ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးသို့ သွားရောက်အသိပေး အကြောင်းကြားထားကြောင်း အလုပ်သမားခေါင်းဆောင် ကိုနေလင်းဦးက ပြောပြသည်။

“၁၁ ရက်နေ့မှာ နေပြည်တော်က ဒု ညွှန်ချုပ် ဦးသက်နိုင် ကိုယ်တိုင် အလုပ်သွားဆင်းတော့လို့ ပြောလို့ ကျနော်တို့ ပြန်သွားတာပါ။ ဒါပေမယ့် စက်ရုံအ၀င်လမ်းကို ပိတ်ထားပြီး လုပ်ငန်းခွင် ၀င်လို့ မရခဲ့ဘူး”ဟု ၎င်းက ပြောသည်။

ရွှေပြည်သာ မြို့နယ်အလုပ်သမားရုံးက ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ချက်ပေးထားပြီးဖြစ်၍ အယူခံဝင်ထားသည့် ကာလအတွင်း လုပ်ငန်း ခွင်မ၀င်ရောက်သော်လည်း လုပ်ခ ရမည်ဟု ပြောဆိုကြောင်းလည်း ကိုနေလင်းက ပြောပြသည်။

အလုပ်ရှင်ဘက်မှ အယူခံဝင်ထားသည့် ကာလ နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ အတွက် လုပ်ခ တပတ်စာလည်း မရ ရှိသဖြင့် စက်ရုံအလုပ်သမားများ သည် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရွှေပြည်သာ အလုပ်သမားရုံးရှေ့သို့သွားရောက်ကာ တပတ် စာလုပ်ခ ရရှိရေး ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခဲ့ကြသေးကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဒီမိုကရေစီ တကယ်လိုလားရင် ဖွဲ့စည်းပုံ ကို ပြင်မှဖြစ်မယ်လို့ ဒေါ်စု ပြောကြား

2012-11-22

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီ နည်းမကျတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။

RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် အင်္ဂါနေ့က ဆက်သွယ်မေးမြန်း ရာမှာ သမ္မတအိုဘားမားက မြန်မာပြည်မှာ ပြည်သူလူထုက ရွေးချယ်တဲ့အစိုးရကသာလျှင် တိုင်းပြည်အုပ်ချုပ်ခွင့်ရှိရေးကို အာမခံတဲ့ ဖွဲ့စည်း ပုံဥပဒေတခု ပေါ်ပေါက်ဖို့လိုကြောင်း ပြောဆိုခဲ့တာနဲ့ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလိုပြုပြင်ဖို့အတွက် NLD ပါတီတခုတည်းရဲ့ သဘောထားနဲ့ ဆောင်ရွက်မှာမဟုတ်ပဲ လွတ်တော်ကိုယ်စားလှယ်အများစုနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တဆက်တည်းမှာပဲ ဝန်ကြီးဌာနတွေက နိုင်ငံတော်ဘဏ္ဏာငွေ ကျပ်သန်းပေါင်း ၆ သောင်းခန့် အလွဲသုံးစားပြုခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း တက္ကသိုလ်တချို့ကို သွားရောက်လေ့လာခွင့်ရခဲ့ရာမှာ အင်မတန်အားကျစရာကောင်းကြောင်းနဲ့ မကြာခင် ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ရေးအတွက် ကော်မတီတခုဖွဲ့စည်းဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း စသဖြင့် ဒေါ်အောင် ဆန်းစုကြည်က RFA ကို ပြောဆိုခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဒေါက်တာထွန်းအောင်ကို ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်

2012-11-22

ပြီးခဲ့တဲ့ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမှု ၅ မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ မနေ့က အပြီးသတ် အမိန့် ချမှတ်လိုက်ပါတယ်။

Read More...

ရွှေပါရမီဆေးခန်းကို ရွှေ့ပြောင်း လုပ်သားတွေ လာရောက်ဆေးကုသ

2012-11-22

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁)ရပ်ကွက် မိုးကုတ်စက်ဝိုင်းကျောင်းတိုက်မှာ လာရောက်ပြီး အခမဲ့ဆေးကုသပေးနေရာမှာ မဲဆောက်ရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများပါသွားရောက် ဆေးကုသခံယူကြပါတယ်။

ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ အခမဲ့ ဆေးကုသမှုဖွင့်ပွဲကို အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ ဆရာတော် ကိုယ်တိုင် ဒီကနေ့ဖွင့်လှစ်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူ ဖို့ မြဝတီနဲ့ မဲဆောက်မြို့ရောက် ရွှေ့ပြောင်းမြန်မာအလုပ် သမား လူနာ စုစုပေါင်း (၂၅ဝဝ)ကျော် လာရောက်ခဲ့ကြတယ်လို့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း မဲဆောက် တာဝန်ခံ ကိုရှည်ကြီးက ပြောပါတယ်။

ကုသပေးတဲ့ရောဂါတွေကတော့ သွား၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းကြီး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ဦးနှောက်နဲ့ အာရုံကြော၊ အရေပြား၊ အမျိုးသမီးရောဂါနဲ့ အထွေထွေရောဂါတို့ဖြစ်ပြီး အထူးကုဆရာဝန်ကြီးတွေက ဒီကနေ့ကစပြီး နိုဝင်ဘာ (၂၄)ရက်နေ့အထိ ကုသပေးသွားမှာဖြစ်ပါတယ်။

ဆေးဝါးကုသမှုခံယူဖို့ စာရင်းပေးသွင်းထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်က ရွှေ့ ပြောင်းမြန်မာအလုပ်သမား လူနာတွေ အတွက် မဲဆောက်အခြေစိုက် မနောဖြူစင်ရေလှူအသင်းက သွားလာရေးအတွက် အခမဲ့ ကားစီစဉ် ပို့ဆောင်ပေး နေပြီး မြန်မာပြည် သားစေတနာ့ဝန်ထမ်း (၂ဝဝ)ကျော်က ဆေးကုသရာမှာ ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိ ရပါတယ်။

ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင်မှုနဲ့ ၂ဝ၁၁ခုနှစ်၊ သြဂုတ်လ (၁၄)ရက်က စတင် တည်ထောင်ခဲ့တာပါ။ မြဝတီမြို့ မိုးကုတ်စက်ဝိုင်းကျောင်းတိုက်အနီးမှာ ရွှေပါရမီ ကျန်းမာရေး အလှူမေတ္တာ ဆေးခန်းကို ဒီနှစ်၊ ဖေဖော်ဝါရီလ (၂ဝ)ရက် နေ့က ဖွင့်လှစ်ခဲ့ပြီး တပတ်မှာ (၂)ရက် အခမဲ့ ဆေးကုပေးနေတယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

ဆီရထားမီးလောင်မှု နောက်ဆက်တွဲ ဆေးရုံမှာ သေဆုံးသူ ၃၁ ယောက်ရှိနေ

2012-11-22

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာမှာ ဒီလ ၉ ရက်နေ့က ဆီရထားတွဲ မှောက်ရာက မီးလောင်ပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ကန့်ဘလူဆေးရုံမှာ မနေ့ကအထိ ၁၀ ရက် အတွင်း သေဆုံးတဲ့လူနာပေါင်း ၃၁ ယောက် ရှိသွားပြီလို့သိရပါတယ်။ လောလောဆယ် ကျန်ရှိတဲ့လူနာက ၃၀ လောက် ရှိသေးတယ်လို့လည်း သိရပါတယ်။

ရထားမှောက်တဲ့နေ့က သေဆုံးသူ ၂၅ ယောက်နဲ့ဆိုရင် စုစုပေါင်း သေဆုံးသူ ၅၆ ယောက်ရှိသွားပြီလို့ သိရပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးကနေ မြစ်ကြီးနားကိုသွားမယ့် အဲဒီ ဆီရထားတွဲတိမ်းမှောက်ရာကကျလာတဲ့ ဆီတွေကို ဒေသခံတွေက ခပ်ယူနေတဲ့အချိန် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် ထိခိုက် သေဆုံးသူအများစုဟာ ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာကဖြစ်ပြီး ကောလင်းလူစီးရထားတွဲပေါ်ကနေ လာရောက်ကြည့်ရှုသူ ခရီးသည် တချို့လည်းပါတယ်လို့ သိရပါတယ်။

မီးလောင်ဒဏ်ရာနဲ့ လူနာ ၃၀ လောက်ကို ရေရှည်ကုသဖို့ လိုတဲ့အကြောင်း ကန့်ဘလူမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမြင့်ဝင်းက အခုလို ပြောပါတယ်။

“မီးလောင်ဒဏ်ရာရတဲ့လူတွေက များသောအားဖြင့် ကြာတယ်ဗျ အချိန်မရွေးကုရမှာ လိုအပ်တဲ့အခါကျရင် ကျနော်တို့က အရေပြား အစားထိုးပြီးကုမယ့် အဆင့်အထိ ကျနော်တို့ဆီမှာတော့ ပြင်ထားတယ် မီးလောင်ဒဏ်ရာရတဲ့အထဲမှာ ၁၀၀ percents burn တွေလဲ ပါတယ်။ ၂ယောက်လောက် ကျနော်တို့ဆီမှာ ကျန်တယ်။ အဲဒီဟာတော့ အခြေအနေက စိုးရိမ်ရတယ် ကျန်တဲ့လူနာတွေ ကတော့ သိပ်မဆိုးဘူးပြောရမှာပဲ”

မီးလောင်ခံရတဲ့ လူနာတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ သိန်း၁၀၀ နဲ့ တသီးပုဂ္ဂလ စေတနာရှင်တွေရဲ့ ကူညီ ထောက်ပံ့ငွေ သိန်း ၃၈၀ လောက်ရှိနေပေမယ့် လူနာတွေကို ရေရှည်ကုသရမှာ ဖြစ်တဲ့အတွက် ဆေးဝါးနဲ့ ငွေကြေးအကူအညီတွေ ဆက်လက်လိုအပ်နေအုံးမယ်လို့ ဒေါက်တာ မိုးမြင့်ဝင်းက ပြောပါတယ်။

ရန်ကုန်၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး စတဲ့မြို့တွေကလည်း ကူညီထောက်ပံ့တာတွေရှိပြီး မီးလောင်ခံရတဲ့ ကန့်ဘလူဆေးရုံရှိ လူနာနဲ့ လူနာစောင့်တွေအတွက် မြို့ပေါ်ရပ်ကွက်တွေက စားရေးသောက်ရေး အကူအညီပေးနေကြတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

Read More...

မြန်မာ့စီးပွားရေး ခိုင်မာလာနိုင်ကြောင်း IMF ခန့်မှန်း

22.11.2012

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်မှာ ၆.၂၅% တိုးတက်လာနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က စတင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ တိုးလာနေတာတွေကြောင့် မြန်မာ့စီးပွားရေး ရှေ့လျှောက် ခိုင်မာလာနိုင်တယ်ဆိုတာကို စီးပွားရေးပညာရှင် တချို့ ကလည်း သဘောတူပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်မှု အလားအလာနဲ့ ရေရှည်ခံတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ ဆိုတာကို ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

Read More...

တရုတ်ပတ်(စ်)ပို့ပါမြေပုံ ဖိလစ်ပိုင်ကန့်ကွက်

22.11.2012

တရုတ်နိုင်ငံကူး လက်မှတ် အသစ်ပေါ်မှာ တွေ့ရတဲ့ မြေပုံထဲမှာ တောင်တရုတ် ပင်လယ်ပြင်ဒေသ တခုလုံးကို တရုတ် ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားတဲ့ အတွက် ဖိလစ်ပိုင်နိုင်ငံက ကန့်ကွက် လိုက်ပါတယ်။ ဒီပိုင်နက်ဖော်ပြချက်ထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေနဲ့ မြေပိုင်နက်တချို့ပါ ပါဝင်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Read More...

ဆီးရီးယား-တူရကီနယ်စပ် ဒုံးခွင်းဒုံးမထားဖို့ ရုရှားသတိပေး

22.11.2012

ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တူရကီဘက်အခြမ်းမှာ Patriot ဒုံးခွင်းဒုံးတွေ မချဖို့ နေတိုးအဖွဲ့ကို ရုရှားက သတိပေး လိုက်ပါတယ်။ အဲဒီ ဒုန်းကျည်တွေချထားဖို့ အနောက်အုပ်စု မဟာမိတ်တပ်ဖွဲ့အပေါ် တူရကီရဲ့ တောင်းဆိုမှုဟာ ဒေသတွင်း တည်ငြိမ် ရေးကို အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Lukashevich က ကြာသပတေးနေ့မှာ သတိပေး ပြောလိုက်တာပါ။

Read More...

မြန်မာအတွက် နယူးဇီလန်အကူအညီ ဒေါ်လာ ၇ သန်း ပေးမည်

22.11.2012
နယူးဇီလန်အစိုးရက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့မှု ပေးမယ်လို့ မြန်မာနိုင်ငံမှာ အလည်ပတ် ရောက်ရှိနေတဲ့ နယူးဇီလန်ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် နယူးဇီလန်ဝန်ကြီးချုပ် မစ္စတာဂျွန်ကီး (John Key) က အခုလို အကူညီပေးမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။

Read More...

စစ်ဗိုလ်များနှင့် ပညာရေး (၂)

23 November 2012
တင်ညွန့်

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီ ၂၅ မိနစ်တွင် မြန်မာ့အသံမှ ကရင်ပိုင်း အစီအစဉ်ကို ထုတ်လွှင့်နေစဉ်၊ အစီအစဉ်ကို ရုတ်တရက် ရပ်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော် အာဏာကို ဗမာ့ တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

ထိုနေ့နံနက်တွင်ပင် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့အသံမှ ကြေညာခဲ့သည်။ တော်လှန်ရေးကောင်စီတွင် အဖွဲ့ဝင် ၁၇ ဦးပါဝင်ပြီး၊ တော်လှန်ရေးကောင်စီဥက္ကဌမှာ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ် သည်။ ထိုစဉ်က ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနကို ပူးတွဲတာဝန်ယူရသူမှာ ဗိုလ်မှူးချုပ် သန်းဖေဖြစ်သည်။ စစ်ဗိုလ်တို့ ပညာရေးလောကတွင် စတင်စိုးမိုး လာသည့် ခေတ်ဦးဟုဆိုရမည်ဖြစ်သည်။

တော်လှန်ရေးကောင်စီတက်လာပြီးမှာ ကြားလာရသည့်ပညာရေးစနစ်မှာ “စနစ်သစ်ပညာရေး” ဟူ၍ဖြစ်သည်။ ကိုလိုနီခေတ် ပညာရေးစနစ်ကို မွမ်းမံဖာထေးထားသည့် ပညာရေးကို အလိုမရှိဟုဆိုကာ “စနစ်သစ်ပညာရေး” ကို ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။ စစ်ဗိုလ်များက လက်ရှိကျင့်သုံးနေသည့် ပညာရေးစနစ်သည် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားအတွက် စာရေး၊ စာချီနှင့် အရာ ရှိအရာခံထုတ်လုက်ရေးအတွက် အဓိကထားသည့် ပညာရေးဟူ၍ ကိုလိုနီခေတ် အမျိုးသားရေးစိတ်ဓာတ်ကို ဆက်လက်အမွေခံ ဝေဖန်ပြီး “လက်တွေ့ဘဝနှင့် စပ်ဟပ်ခြင်းမရှိဘဲ ကင်းကွာလျက် နိုင်ငံခြားလောင်းရိပ်မိကာ ပုံတူကူးချမှုများရှိနေသည့်ပညာရေး” ဟု ပက်ပက်စက်စက်ဝေဖန်လိုက်ပြီး “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ ပညာရေးမူဝါဒများ” ကို ချမှတ်လိုက် တော့သည်။ ထိုပညာရေး မူဝါဒတွင် အဓိကအားဖြင့်

(၁) အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူမပြုသော လက်ရှိပညာရေးစနစ်ကို ပြောင်းလဲရမည်။

(၂) အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြု၍ စာရိတ္တမြင့်မားမှုကို အခြေခံသော ပညာရေးကို ဆောက်တည်မည်။

(၃) သိပ္ပံပညာကို ဦးစားပေးမည်။

(၄) အခြေခံပညာကို လူတိုင်းသင်ယူနိုင်ခွင့်ရရေးကို ဦးတည်မည်။

(၅) အထက်တန်းပညာ (ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာ ထက်မြက်ခြင်းရှိ၍ အထက်တန်းကို မီအောင် လိုက်နိုင်သူ၊ ကြိုးစားမှုရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန် ရည်သန်သည်ဟူ၍ဖြစ်သည်။

အထက်ပါ ပညာရေးဆိုင်ရမူဝါဒသည် ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တနင်္လာနေ့တွင် ကြေညာသည့် တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကြေညာချက် အပိုဒ် ၁၇ (က) တွင် ပါဝင်ခြင်းဖြစ်သည်။

တော်လှန်ရေးကောင်စီနှင့် တော်လှန်ရေးကောင်စီကဖော်ထုတ်လိုက်သည့် ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးကို ၁၉၆၂ ခုနှစ်ကတည်းက ကျောင်းသားများသည် နိုင်ငံရေးအရ ဆန့်ကျင်ခဲ့ကြသည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၊ ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂ (ရကသ)နှင့် တပ်ဦး (သစ်) ကျောင်းသားများက တော်လှန်ရေးကောင်စီကို ဆန့်ကျင်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီက တိုင်းပြည်အား ထိန်းသိမ်းစောင့် ရှောက်ခြင်းဆိုသည်မှာ “လက်နက်နှင့်အာဏာသိမ်းခြင်း” သာဖြစ်သည်ဆိုပြီး ကန့်ကွက်ကြောင်း ကြေညာချက် များထုတ်ပြန်ကာ ဆန့်ကျင်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်အရေးအခင်းသည် သမိုင်းတင်နိုင်ခဲ့ သည့် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုကြီးတစ်ခုဖြစ်ခဲ့သည်။

တော်လှန်ရေးကောင်စီ၏ ဆိုရှယ်လစ်စနစ်လွှမ်းမိုးထားသည့်အယူအဆများသည် ကျောင်းသားလှုပ်ရှားမှုများ နှင့် ကိုယ်ပိုင်ကျောင်း များအပေါ် မျက်စိစပါးမွှေးစူးလာခဲ့သည်။ တော်လှန်ရေးကောင်စီက “လုပ်သားပြည်သူ များ၏ သားသမီးများအားလုံးသည် ဆိုရှယ်လစ်စီးပွားရေးစနစ်ထူထောင်ရေးအတွက် အထောက်အကူဖြစ်စေ မည့် ပညာရပ်များကို ပြည်သူ့ကျောင်းများတွင် တစ်ပြေး ညီစွာ ပညာယူသင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ ကျောင်းသားများ ပညာရည်တိုးတက်မှု၊ အတွေးအခေါ်ပြုပြင် ပြောင်းလဲမှုများကို တစ်နိုင်ငံလုံး တစ်ပြေးညီစွာ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ အသွင်အမျိုးမျိုး ပုံသဏ္ဌန်အဖုံဖုံတို့ဖြင့် ထိုးဖောက်ဝင် ရောက်လာ နေသော နိုင်ငံခြား အလေ့အကျင့်၊ နိုင်ငံခြားဓလေ့ထုံးစံ မှားယွင်းသော အတွေးအခေါ်အယူအဆစသော နိုင်ငံခြား ယဉ်ကျေးမှု လွှမ်းမိုးခြင်းများကို တားဆီးဖယ်ရှားနိုင်ရန်အတွက်လည်းကောင်း တော်လှန်ရေး ကောင်စီသည် ပထမအဆင့် တားဆီးသည့်အနေဖြင့်” ဟုဆိုကာ ၁၉၆၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် “ကိုယ်ပိုင်ကျောင်းမှတ်ပုံ တင်ဥပဒေ” ကိုပြဌာန်းလိုက်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း သာသနာပြုကျောင်းများ၊ ပြည်တွင်းရှိ တရုတ်၊ ကုလားတို့၏ လူမျိုးခြားကိုယ်ပိုင် ကျောင်းများနှင့် စီးပွားရေးသက်သက်ဖြင့် ဖွင့်လှစ်ထားသော ကိုယ်ပိုင်ကျောင်း အမြောက်အမြား ပေါ်ပေါက်လာခဲ့သည်။ ကိုယ်ပိုင် ကျောင်းများသည် ဆိုရှယ်လစ်စနစ်နှင့်ဆန့်ကျင်ဘက် ဖြစ်နေခြင်း၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားဆူပူလှုပ်ရှားမှုများ ပေါ် ပေါက်လာမှုကို မျက်မုန်းကျိုးနေသော တော်လှန်ကောင်စီသည် ဒုတိယအဆင့် အနေဖြင့် ကိုယ်ပိုင်ကျောင်းများအနက်မှ အထက်တန်း ကျောင်း ၁၀၂ ကျောင်းနှင့် အလယ်တန်းကျောင်း ၂၇ ကျောင်း စုစုပေါင်း ၁၂၉ ကျောင်းကို ၁၉၆၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ပြည်သူပိုင်ပြုလုပ်ခဲ့သည်။

တော်လှန်ရေးကောင်စီတက်လာပြီးကတည်းက ၁၉၆၂ ခုနှစ် ဇူလိုင်တွင်တစ်ကြိမ်၊ ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ် ကျောင်းသားဆူပူလှုပ်ရှားမှုများဖြစ်ပေါ်လာခဲ့သဖြင့် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်မဟာဌာန ၃ ခုကို ပိတ်လိုက်ရသည်။ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် ပုသိမ်ကောလိပ်များလည်းပိတ်ခဲ့ရသည်။ တက္ကသိုလ်ကျောင်းများကို မဖွင့်နိုင်သဖြင့် ပိတ်ထားရသော ရန်ကုန်တက္ကသိုလ်တွင် ၁၉၆၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ တက္ကသိုလ်ပညာရေး နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ သည်။ ထိုနှီးနှောဖလှယ်ပွဲတွင် တော်လှန်ရေးကောင်စီသည် စစ်အစိုးရကို ထောက်ခံသည့် ပညာရှိ ပါမောက္ခ ကြီးများ၊ ပညာရှင်များကို စည်းရုံးမွေးထုတ်နိုင်ခဲ့ပြီး စစ်တပ်အစိုးရအလိုကျ ပညာရေးဆိုင်ရာ မူဝါဒများကို ထုတ်ပြန်ချမှတ်နိုင်ခဲ့သည်။ ရလဒ်အနေဖြင့် “၁၉၆၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေး ဥပဒေ” ပေါ်ပေါက်လာခဲ့သည်။

တော်လှန်ရေးကောင်စီအလိုကျ စနစ်သစ်ပညာရေးဆိုသည်မှာ “တက္ကသိုလ်သည် စာသင်ရန်သက်သက်၊ သုတေသနပြုလုပ် ရန် သက်သက်” မဟုတ်တော့ပေ။ စနစ်သစ်တက္ကသိုလ်ပညာရေးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်တည်ဆောက်ရာတွင် ဆိုရှယ်လစ် အတွေးအခေါ်များဖြင့် လမ်းစဉ်ပါတီကိုလည်းထောက်ခံ၊ အစိုးရကို လည်း ကလန်ကဆန်မလုပ်၊ လုပ်သားကောင်းများ မွေးထုတ် ရန်ဆို သည့် အစီအစဉ်များဖြင့် စတင်တော့သည်။

လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ရသည့် သမိုင်းစဉ်ကာလတစ်လျှောက်လုံး ပညာရေးကို ဆုံးခန်းတိုင်အောင် မသင် ကြားခဲ့ရသော စစ်ဗိုလ် နိုင်ငံရေးသမားများအား ပညာရှင်များက စနစ်သစ်တက္ကသိုလ်ပညာရေးကို “မြန်မာ ဘာသာဖြင့် သင်ကြားရေး” အားဝိုင်းဝန်းအဆို ပြုကြသည်။ တက္ကသိုလ်တွင် သင်ကြားနေသော ဘာသာရပ် အသီးသီးကိုလည်း ကျောင်းသုံးစာအုပ်များကို မြန်မာဘာသာဖြင့် မဖြစ်ဖြစ်အောင် ကြိုးစားပြုစုကာ သင်ကြား ခဲ့ကြသည်။ ထိုအချိန်မှစ၍ တက္ကသိုလ်တွင် အင်္ဂလိပ်စာတတ်ပြီး ကမ္ဘာကိုရင်ဘောင် တန်းနိုင်မည့်သူများ ပျောက်ကွယ်သွားခဲ့ရသည်။ တက္ကသိုလ်တွင် မြန်မာစာဖြင့်သာ ဘာသာရပ်များကို သင်ကြားရန် အဆိုပြုပြီး အကောင်အထည်ဖော်ခဲ့မှုအပေါ် ပြန်လည်လေ့လာဆန်းစစ်ပြီး သင်ခန်းစာယူသင့်ပါသည်။

စနစ်ဟောင်းပညာရေးတွင် ဘာသာတွဲစနစ် (Combination System) ကိုကျင့်သုံးပါသည်။ တက္ကသိုလ် ကျောင်းသားတစ်ဦးသည် မိမိနှစ်သက်ရာ ဘာသာတွဲ ၄ ခုကို သင်ကြားရသည်။ စနစ်သစ်တွင် ဘာသာတွဲ အစား ဘာသာရပ်တစ်ခုတည်း ကိုသာလေ့ လာ စေသည့် အဓိကဘာသာစနစ် (Majoring System) ကိုကျင့် သုံးလိုက်သောကြောင့် တစ်လိုင်းသွားပညာရေးစနစ်ဖြစ်လာသည်။ ဥပမာ သမိုင်းမေဂျာယူသည့်သူသည် သမိုင်းဘာသာတစ်မျိုးတည်းကိုသာ လေ့လာစေသဖြင့် တစ်ဘာသာတည်းကိုသာ သိရှိနိုင် မည်ဖြစ်သည်။ ဘာသာရပ်များကို မြန်မာလိုပြောင်း၊ အင်္ဂလိပ်လို ဘာသာတွဲယူစရာကလည်းမရှိ၊ သင်ကြားရေးတွင် စမ်းသပ် အဆင့်များဖြင့်သာ အချိန်ကုန်ခဲ့သဖြင့် အင်္ဂလိပ်စာညံ့ခဲ့ရခြင်းမှာ မဆန်းပေ။ ထို့ပြင် စနစ်သစ်ဟုဆိုကာ ယခင် အမှတ် ၁၀၀ ပေးသည့် “ရာခိုင်နှုန်းစနစ်” ကိုမကျင့်သုံးတော့ဘဲ “အဆင့်အမှတ်ပေးသည့်စနစ်” ကိုပြောင်းလဲ ကျင့်သုံးသဖြင့် တက္ကသိုလ်ဆရာများ သမာသမတ်ကျပါရဲ့လားဟု မေးစရာများဖြစ်လာသည်။ အမှန်မှာ ထိုစဉ် ကတည်းက တက္ကသိုလ်ပညာရေးတွင် အဆင့်ကို ဆရာများ လက်တွင်ထားလိုက်ခြင်းကြောင့် မသမာမှုများ စတင်ခဲ့သည်ဟုဆိုနိုင်သည်။

Ref: မောက္ခ

Read More...

နိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်အတွက် ပြည်နယ်နှင့် တိုင်းများ ပြင်ဆင်နေ

ကွန်းချမ်း
နိုဝင်ဘာလ ၂၂ ရက် ၂၀၁၂ ခုနှစ်

တိုင်းနှင့် ပြည်နယ် အသီးသီးတွင် နိုဝင်ဘာလအတွင်း လူငယ်ဖိုရမ်များ ကျင်းပပြီး၊ ကျင်းပဆဲနှင့် ကျင်းပရန် စီစဉ်နေကြောင်း ဦးဆောင် ကျင်းပသူများထံမှ သိရသည်။

ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်ဖိုရမ် “Myanmar Youth Forum” သို့ တက်ရောက်မည့် ကိုယ် စားလှယ်များ စေလွှတ်နိုင်ရန်နှင့် စာတမ်းများ တင်သွင်းနိုင်ရန်အတွက် ထိုသို့ စီစဉ်နေရခြင်း ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည် က ပြောသည်။

Read More...

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို သူတို့ ဘယ်လို သုံးသပ်ကြလဲ

ခင်မျိုးသွယ်
နိုဝင်ဘာလ ၂၂ ရက် ၂၀၁၂ ခုနှစ်


ပြည်ပနှင့် ပြည်တွင်း နှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုတရပ် ဖြစ်စေရမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေပါ နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီကြီးများ ဝင်ရောက်လာစေနိုင်မည့် အချက်အလက်များ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို ကာကွယ်မှုပြုစေသည့် အချက်များ စသည်တို့ကို စီးပွားရေးလုပ်ငန်းရှင်များနှင့် မဇ္ဈိမက တွေ့ဆုံ၍ မဇ္ဈိမက သဘောထား မေးမြန်းသည်။

Read More...

နိုင်ငံရေးဆွေးနွေးရန် KIO ဘက်မှ အကြောင်းမပြန်နိုင်သေး

ဖနိဒါ
နိုဝင်ဘာလ ၂၂ ရက် ၂၀၁၂ ခုနှစ်


ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းနှင့် ပြန်လည်တွေ့ဆုံရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ လက်တလော အဆင်သင့် မဖြစ်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၃ဝ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစဉ် နိုဝင်ဘာလအတွင်း နိုင်ငံရေး စတင် ဆွေးနွေး ရန် သဘောတူခဲ့သည်။ သို့သော် KIO မှာ အဖွဲ့တွင်း အစည်းအဝေး မပြီးပြတ်သေး၍ ပြန်လည်တွေ့ဆုံရန် အသင့်မဖြစ်သေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ ကို ပြောသည်။

Read More...

မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ ကူညီမည်

November 22, 2012

မြန်မာနိုင်ငံ ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် အမေရိကန် ပြည်ထောင်စုရှိ ထိပ်တန်း တက္ကလိုလ် ၉ ခုနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က နိုင်ငံတကာ ပညာရေးအဖွဲ့ (Institute of International Education – IIE) က မြန်မာနိုင်ငံဆိုင်ရာ ၂၀၁၂ ခုနှစ် နိုင်ငံတကာ ပညာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (International Academic Partnership Program – IAPP) ၏ အစိတ်အပိုင်းတခုအဖြစ် ပါဝင်လာနိုင်ရေးအတွက် အဆိုပါ ချိတ်ဆက်မည့် မဏာမ အစီအစဉ်ကို ကြေညာလိုက်ခြင်း ဖြစ်သည်။

Read More...

ထိန်းချုပ်မှုအသစ်ကြောင့် တရားမဝင် ထိုင်း ကုန်သွင်းမှု ထက်ဝက်ကျ

ကျော်ခ
November 22, 2012

မြန်မာအစိုးရက ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းနေခြင်းကို တားဆီးနှိမ်နင်းမှု စံနစ်သစ်ဖြင့် စတင် ဆောင် ရွက်ခဲ့ပြီးနောက် ထိုင်းကုန်ပစ္စည်း ဝင်ရောက်မှု ထက်ဝက်ကျော် ကျဆင်းသွားကြောင်း မြန်မာကုန်သည်များက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက တရားမဝင်ကုန်သွယ်မှု ကျဆင်းရေး အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်သော မြဝတီ-ရန်ကုန် လမ်းကြောင်းကို ယခုလ ၂၀ ရက် နေ့မှ စတင်ကာ ရှောင်တခင်စစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် နှိမ်နင်းရေး စတင်လှုပ်ရှားခဲ့သည်။

Read More...

သမ္မတ အိုဘားမား၏ ရိုဟင်ဂျာ အသုံးအနှုန်း မြန်မာအစိုးရ လက်မခံဟု တုံ့ပြန်

သာလွန်ဇောင်းထက်
November 21, 2012

အမေရိကန်သမ္မတ အိုဘားမားက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို နိုင်ငံသားတဦးကဲ့သို့ အခြေခံ လူ့အခွင့်အရေးများ ပေး အပ်သင့်သည် ဆိုသော ပြောဆိုမှုနှင့် ဆက်စပ်ပြီး ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံကြောင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုလိုက်သည်။

Read More...

ကယားဒေသ လမ်းစီမံကိန်း လုံခြုံရေး ပြဿနာ ကြုံနိုင်

ကြယ်ပြာ
November 22, 2012

ကယားပြည်နယ်၏ အဓိကလမ်းမကြီး နှစ်ခုအား ကျပ် သန်း ၇၀၀၀ ကျော် သုံးစွဲပြီး ပြင်ဆင် ဆောက်လုပ်မည့် စီမံကိန်းတွင် အစိုးရ အနေဖြင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကို အသိပေးညှိနှိုင်းခြင်း မရှိ၍ လုံခြုံရေးပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း KNPP က ပြောသည်။

ပြင်ဆင်မည့်လမ်းများမှာ ဖားဆောင်း-မော်ချီး လမ်းနှင့် ဖရူးဆိုး-မရူးဆိုး-ဟိုရာ လမ်းပိုင်းများဖြစ်ကြောင်း၊ ၎င်းစီမံကိန်းအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စတင်မည်ဖြစ်ပြီး မော်ချီးလမ်းအတွက် ကျပ် သန်း ၃၃၀၀ နှင့် ဟိုရာလမ်းအတွက် ကျပ်သန်း ၄၀၀၀ လျာထား ကြောင်း သိရသည်။

KNPP အတွင်းရေးမှူး ၁ ခူးဦးရယ်က လမ်းများကောင်းလာပါက ဒေသခံများအတွက် အလုပ်အကိုင်များ ပိုမိုရရှိလာနိုင်ခြင်းကြောင့် ၎င်းတို့အနေဖြင့် ကြိုဆိုသော်လည်း အစိုးရအနေဖြင့် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းတို့အား အသိပေးသင့်ကြောင်း၊ ပြင်ဆင် မည့် လမ်းနှစ်ခုလုံးမှာ အစိုးရနှင့် KNPP နှစ်ဘက်စလုံးက ထိန်းချူပ်ထားသော နယ်မြေဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ပြီးဆုံးခြင်းမရှိသေး၍ ယင်း စီမံကိန်းကြောင့် လုံခြုံရေး ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း ပြောဆိုခြင်း ဖြစ် သည်။

ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က အစိုးရ၏ ကယားပြည်နယ်အတွင်း ပြုလုပ်မည့် စီမံကိန်းအားလုံးတွင် KNPP အဖွဲ့အား ပူးပေါင်းဆောင်ရွက်ခွင့် ပြုမည်ဆိုသော သဘောတူညီချက် ပါဝင်ကြောင်း သိရသည်။

“နှစ်ဦးနှစ်ဖက် ယုံကြည်ချက်ခိုင်ခိုင်မာမာ မရသေးခင်မှာ ဒီလိုမျိုး လုပ်နေမယ်ဆိုရင် ကျနော်တို့ဘက်က အာမမခံနိုင်ပါဘူး၊ လမ်း ဖောက် ဖို့ ကိစ္စအပေါ်ကို အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်” ဟု ခူးဦးရယ်က ဧရာဝတီသို့ ပြောသည်။

အဆိုပါစီမံကိန်း အတွက် ကုန်ကျငွေကို ပြည်ထောင်စု အစိုးရမှတဆင့် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Corporation Agency-JICA) က ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လမ်းများဆောက်လုပ်ရေးအတွက် ကယားပြည်နယ် ဆောက်လုပ်ရေး ၀န်ကြီးဌာန နှင့် JICA တို့က အတူပူးပေါင်း၍ ကွင်းဆင်း တိုင်းတာနေကြကြောင်း သိရသည်။

JICA အဖွဲ့သည် ၁၉၈၁ ခုနှစ်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ပြီး ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မြို့ကြီး ၁၁ မြို့တွင် စီမံကိန်းပေါင်း ၂၄ ခုကို ဆောင်ရွက်ပေးနေပြီး ချင်းပြည်နယ် အတွက်လည်း ပြည်ထောင်စု အစိုးရမှ တဆင့် ကျပ်သန်း ၉၉၀၀ ထုတ်ချေးပေးသွားမည်ဟု ဆိုသည်။

ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးချစ်လှ က“အစိုးရဆီကတော့ သန်း ၄၀၀၀ လောက်ပဲ ရမယ်ထင်တယ်။ နယ်မြေ အေးချမ်းစပြုလာပြီး ငြိမ်းချမ်းရေးလည်း ရတော့မှာဖြစ်လို့ ဒီလိုမျိုးပြင်ဆင်မှုတွေ စလုပ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း လမ်းနှစ်ခုတွင် ဖားဆောင်း-မော်ချီးလမ်းက သတ္တုတွင်းများသို့ သွားရာလမ်းဖြစ်ပြီး တောင်ဆင်း၊ တောင်တက်လမ်း ဖြစ်ကြောင်း၊ တလမ်းမောင်း ဖြစ်သောကြောင့် မိုးရာသီတွင် သွားလာရေး အလွန်ခက်ခဲကြောင်း၊ ယခင်ကတည်းကပြင်ဆင် လိုခဲ့သော် လည်း ကယားပြည်နယ်အတွင်း ဘတ်ဂျက်ငွေ မရှိခြင်းကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင်မှ စတင်နိုင်မည်ဖြစ်ကြောင်းလည်း ၀န်ကြီး ဦးချစ်လှ က ပြောဆိုသည်။

မော်ချီးလမ်းသည် အင်္ဂလိပ်လက်ထက်က စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်၏ အဓိကလမ်း ဖြစ်ကြောင်း၊ လွိုင်ကော် မြို့နှင့် မော်ချီးမြို့သို့ မိုင်ပေါင်း ၉၆ မိုင်သာ ရှိသော်လည်း လမ်းဆိုးသည့်အတွက် တညအိပ် သွားရကြောင်း၊ ထိုင်းနိုင်ငံနှင့် နယ်စပ် ထွက်ပေါက်ရှိခြင်းကြောင့် လမ်းများပြင်ဆင်ပါက ဒေသခံများ အတွက် စီးပွားရေး အခွင့်အလမ်းများ ဖြစ်လာနိုင်ကြောင်း သိရသည်။
ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်စိုးကလည်း“အစိုးရအနေနဲ့ ပြည်သူလူထုအတွက် ဒီလမ်းတွေ ကိုပြင်ပေးမှာပါ၊ သူတို့အဖွဲ့ကို အသိပေးခြင်း မပေးခြင်းကတော့ အစိုးရရဲ့ သဘော ပါ၊ အခြားဌာနတွေကိုလည်း ဘတ်ဂျက်တွေ ချပေးထားတယ်”ဟု ပြောသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် KNPP ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက် ၁၄ ချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်များ၌ နှစ်ဘက်တပ်များ ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDP)များ ပြန်လည် နေရာချထားရေး၊ နှစ်ဖက်တပ်များ သွားလာရာတွင် ကြိုတင်အသိပေးခြင်း၊ စစ်ရေး လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေးစီမံကိန်း၌ KNPP နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရွာသစ် ရေကာတာ စီမံကိန်းအား လူမှုအဖွဲ့အစည်းများအား လေ့လာစောင့်ကြည့်ခွင့်ပြုရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ယင်း သဘောတူညီချက်များထဲမှ အချက်တချို့ကို အစိုးရအနေဖြင့် ပျက်ကွက်ခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ တွင် ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များ ကွန်ရက်(KCSN) အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ၍ “မြန်မာ အစိုးရနှင့် KNPPတပ်ဖွဲ့တို့ အကြား ၆ လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အပေါ် သုံးသပ်ချက်” အစီရင်ခံစာ ထုတ်ဝေ ခဲ့သေးသည်။

သတင်းစာ ရှင်းလင်းပွ္ပဲ၌ အစိုးရအနေဖြင့် နှစ်ဘက် တပ်များသွားလာရာတွင် ကြိုတင်အသိပေးခြင်း၊ စစ်ရေး လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေး စီမံကိန်း၌ KNPPနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရွာသစ် ရေကာတာစီမံကိန်းအား လူမှုအဖွဲ့အစည်းများ လေ့ လာစောင့်ကြည့်ခွင့်ပြုရေး တို့ကို သဘောတူထားခဲ့သော်လည်း လက်တွေ့တွင် ပျက်ကွက်များရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

“သူတို့ဘက်က တာဝန်ခံမှုတွေ မရှိဘူး၊ ဥပမာ ရွာသစ် စီမံကိန်းလိုမျိုး၊ နောက် စစ်လေ့ကျင့်ရေး စီမံကိန်းလိုမျိုး၊ နောက်ပြီးတော့ မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မယ်၊ တနစ်တကျ ပြင်ဆင်မယ်၊ နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကိစ္စတွေမှာလည်း သူတို့ဘက်က လျော့ရဲရဲပဲလို့ ကျနော်တို့ဘက်က အဲဒီလိုပဲ မြင်တယ်”ဟု ခူးဦးရယ်ကလည်း ပြောဆိုထားသည်။

KNPP နှင့် ပဏမအဆင့် ငြိမ်းချမ်းရေး ယူထားပြီးနောက် ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများအား သွားလာခွင့် နေရာများ ထပ်မံချပေးခဲ့ကြောင်း၊ ယခင်က လွိုင်ကော်မြို့အထိသာ ခွင့်ပြုခဲ့ပြီး ယခုအခါ ဒီမောဆိုးမြို့နှင့် ငွေတောင်ဆည် အထိ ခွင့်ပြုပေး ကြောင်း၊ နိုင်ငံခြားသား ခရီးသွားများအတွက် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနတွင် ခွင့်ပြုချက်ယူရကြောင်း သိရသည်။

ရန်ကုန်မြို့မှ ဧည့်လမ်းညွန်တဦးဖြစ်သူ မခွန်းချိုက နိုင်ငံခြားသား ခရီးသွားများသည် ကယားပြည်နယ် ကိုစိတ်ဝင်စားသော်လည်း လုံခြုံရေး တင်းကျပ်ပြီး လမ်းကြမ်းမှုများကြောင့် သွားလာမှုနည်းပါးခဲ့ကြောင်း၊ လက်ရှိ ရခိုင် ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ယင်းဒေသသို့ ခရီးသွားလာခွင့်အား ရပ်ဆိုင်းလိုက်ပြီးနောက်တွင် ခရီးသွားလုပ်ငန်းများက ကယားပြည်နယ်နှင့် ချင်းပြည်နယ်ဘက် သို့ လုပ်ငန်းကို ဦးတည်ထားကြောင်း၊ ကားလမ်း ခရီးထက် ဘီလူးချောင်း အတွင်းမှ ရေကြောင်းခရီးဖြင့် ဖယ်ခုံမြို့အထိ သွားရ သော ခရီးစဉ်အား အထူးနှစ်သက်ကြသဖြင့် နိုင်ငံခြားသား ခရီးသွားများ ပိုများလာနေကြောင်း ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

သစ်တင်ပို့မှု တားဆီးဖို့ ခိုင်မာတဲ့ ဥပဒေနဲ့ စီမံခန့်ခွဲမှု လိုအပ်

ဝီလျံဘွတ်
November 22, 2012

နိုင်ငံပိုင်သစ်တောတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ သေကြေပျက်စီးတာကို ရပ်တန့်စေဖို့ ၂၀၁၄ ခုနှစ်မှာ သစ်တင်ပို့မှု လုံးဝတားမြစ် သွားမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ အစီအစဉ်ကို သစ်တောထိန်းသိမ်းသူတွေက ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာရှိတဲ့ ပရိဘောဂစက်ရုံတွေဆီ တင်သွင်းဖို့နဲ့ ရိုးရာဆေးဝါးဈေးကွက်တွေအတွက် သစ်ခိုး ထုတ်တာတွေကိုတော့ တားဆီးဖို့ခက်လိမ့်မယ်လို့ သူတို့က ဆိုပါတယ်။

Read More...

အသရေဖျက်မှုဖြင့် PDP ပါတီ ခေါင်းဆောင်များ အဖမ်းခံထားရ

ကျော်ခ
November 22, 2012

မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမိုကရေစီ ပါတီ (People Democracy Party – PDP) ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး မမှန်မကန်စွပ်စွဲမှု၊ အသရေဖျက်မှုတို့ဖြင့် ကချင်ပြည်နယ်အစိုးရက တရားစွဲဆိုထားသဖြင့် သက်ဆိုင်ရာဒေသများ၌ တရား ရင်ဆိုင်နေရပြီး အာမခံမရဘဲ ဖမ်းဆီးခံထားရကြောင်း PDP ပါတီက ပြောသည်။

PDP ပါတီမှ လစဉ်ထုတ် ပြည်သူ့လုပ်သား စာစောင်မှတဆင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း အပါအဝင် ပြည်နယ် အစိုးရ အဖွဲ့ဝင်များအား ပုဂ္ဂိုလ်ရေး ထိခိုက်စေသော ရေးသားမှုများ ထည့်သွင်းဖော်ပြသဖြင့် ကာယကံရှင်များက တရားစွဲဆိုထားပြီး ပါတီဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနှင့် ပါတီတာဝန်ရှိသူ ၃ ဦးတို့ တရားရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ စာစောင်ကနေပြီးတော့ ကချင်ပြည်နယ်အစိုးရကို ဂုဏ်သိက္ခာ ညိုးနွမ်းအောင်၊ ကျဆင်းအောင် ရေးတယ်ဆိုတဲ့ ပုံစံ နဲ့ဖမ်းပြီး တရားစွဲတာ” ဟု PDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ်အစိုးရက PDP ပါတီ ခေါင်းဆောင်များကို အသရေဖျက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀၊ လူအမျိုးအစား အချင်းချင်း ဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ၊ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှုကို သက်ရောက်စေမှု ပုဒ်မ ၅၀၅ (ဂ)၊ ၁၉၆၂ ပုံနှိပ်ဥပဒေ ပုဒ်မ ၂၀ တို့ဖြင့် တရားစွဲဆိုထားကြောင်း သူက ဆက်ပြောသည်။

တရားစွဲခံနေရသော ပါတီဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းထိုက်ဦးနှင့် ပါတီ ဒုဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ တနိုင်းမြို့နယ် စည်းရုံးရေး ကော်မတီဝင် ဒေါ်နန်းခမ်းထွေးတို့မှာ တနိုင်းမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေရပြီး ယင်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။

ထို့အတူ PDP ပါတီ၏ ဗဟိုဦးစီးကော်မတီဝင် ဖြစ်သည့် ဦးဝင်းနိုင်နှင့် ကချင်ပြည်နယ် စည်းရုံးရေးကော်မတီဝင် ဒေါ်ကြေးမုံ တို့မှာလည်း ယင်းအမှုဖြင့်ပင် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရပြီး ယင်းမြို့နယ် ရဲစခန်းတွင်ပင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။

ပါတီ တာဝန်ရှိသူများကို ကချင်ပြည်နယ် အစိုးရ၏ တိုင်တန်းမှုဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့က ဒေသဆိုင်ရာ အာဏာပိုင် များက ဖမ်းဝရမ်းထုတ်၍ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၅ ဦးအနက် ဒေါ်နန်းခမ်းထွေးမှာ ကျန်းမာရေး အာမခံဖြင့် အပြင်ထွက်ခွင့် ရသော်လည်း ကျန်း ၄ ဦးကို အာမခံ ပေးခွင့်မရှိသဖြင့် ချုပ်နှောင်ခံထားရကြောင်း ဦးအောင်မြင့်က ပြောသည်။

တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် အစိုးရအဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

PDP ပါတီသည် ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းတွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေး မဟာအောင်မြေမြို့နယ်၊ ပုလဲမြို့နယ်နှင့် ရေးဦးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ၃ နေရာစလုံးတွင် အနိုင်မရရှိခဲ့ပေ။

ကချင်ပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ PDP ပါတီက ၎င်းတို့ ထုတ်ဝေသော လစဉ်ထုတ် ပြည်သူ့လုပ်သား စာစောင်မှတဆင့် ဝေဖန်ရေးသားမှုများ မကြခဏ ပြုလုပ်လေ့ရှိပြီး ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သော ကချင်ပြည်နယ် အစိုးရ အနေဖြင့် ပြည်နယ်အတွင်း ကားလုပ်ငန်း၊ စက်လှေလုပ်ငန်း၊ ကချင်ရိုးရာ မနောပွဲ ကိစ္စရပ်များတွင် အာဏာသုံး လုပ်ဆောင် ချက်များရှိကြောင်း ရေးသားခဲ့သည်။

ယင်းသို့ ရေးသားမှုများအနက် ကချင်ပြည်နယ် မနောပွဲ ဘဏ္ဍာရေး ထိန်းချုပ်မှုနှင့် ပတ်သက်၍ PDP ပါတီ၏ စွပ်စွဲရေးသားမှုကို PDP ပါတီအနေဖြင့် ကချင်ပြည်နယ် အစိုးရကို ပြန်လည် တောင်းပန်ရန် အစိုးရသတင်းစာမှတဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ သော်လည်း PDP က ယင်းကြေညာချက်ကို ပြန်လည် ရုတ်သိမ်းရန် ချေပပြောဆိုခဲ့သည်။

ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲခံနေရသည့် ပါတီခေါင်းဆောင်များကိစ္စနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ ခုံရုံးဖွဲ့စစ်ဆေးပေးရန် PDP ပါတီက တောင်းဆိုထားသည်ဟု သိရသည်။

“ကျနော်တို့ မှားတယ်ဆိုရင် ပါတီကိုပါ ဖျက်ဖျက်၊ လူတွေလည်း ထောင်ကျကျ ခံရဲပါတယ်။ ကျနော်တို့က မှန်တယ်ဆိုရင်လည်း မှားတဲ့လူကို ဥပဒေအရ အရေးယူသင့်တာပေါ့၊ နိုင်ငံတော်သမ္မတကလည်း Check and balance ဆိုတာပြောထားတယ်။ အခုတော့ သူတို့က လက်ဦးမှုယူပြီး လုပ်သွားတော့ ကျနော်တို့က တဖက်စောင်းနင်းကြီး ခံလိုက်ရတာ” ဟု ဦးအာင်မြင့်က ပြောသည်။

PDP ပါတီခေါင်းဆောင်များကို တရားစွဲဆိုထားသော ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ တနိုင်း အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ် ခံခဲ့သူဖြစ်ပြီး ထိုစဉ်က ပြည်တွင်း၊ ပြည်ပ ကချင်အတိုက်အခံများနှင့် ဒေသခံ လုထုတချို့၏ ကန့်ကွက်မှုကို ခံခဲ့ရသည်။

ယခုနှစ် သြဂုတ်လဆန်းပိုင်းကလည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP) က ထုတ်ဝေသော ဒိုင်ဗာစတီး စာစောင်တွင် နိုင်ငံရေးနှင့် မသက်ဆိုင်သော အကြောင်းအရာများကို ရေးသားဖော်ပြမှုဖြင့် ပါတီ စာစောင် ထုတ်ဝေခွင့်အတွက် စပေါ်တင် ထား သည့် ကျပ် ၅ သိန်းကို ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူလိုက်သည်။

ထိုစဉ်က PDP ပါတီက ထုတ်ဝေသော စာစောင်မျက်နှာဖုံးတွင် ဝန်ထမ်းများ အကျင့်ပျက် လာဘ်ယူနေခြင်းကို သိလျက်နှင့် အရေး မယူသည့် အစိုးရကို နောက်တကြိမ် မဲပေးမမှားကြရန် ရေးသားခဲ့သည်။ ယင်းမတိုင်မီကလည်း ကြံ့ခိုင်ရေးပါတီမှ အမျိုး သား လွှတ်တော်အမတ် ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံဒေသခံ လယ်သမားများထံမှ လယ်မြေများ အဓမ္မ သိမ်းယူကြောင်း ဝေဖန်ရေးသား ခဲ့သဖြင့် ခေါ်ယူ သတိပေးခြင်း ခံခဲ့ရသည်။

Ref: ဧရာဝတီ

Read More...

Thursday, November 22, 2012

ပလက်ဝတွင် အိန္ဒိယ စီမံကိန်း အကောင်အထည်ဖော်ပြီ

မိုးဝေ- ရခိုင်ပြည်နယ် ( မြစ်မခ)
22 Nov, 2012

ပလက်ဝမြို့တွင် မြန်မာ-အိန္ဒိယ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်းကို ယခုလတွင် အကောင် အထည်ဖော်ဆောင်ရွက်နေပြီဟု သိရသည်။

အဆိုပါမြို့၏ တစ်ဘက်ကမ်းရှိ ဆိပ်ကမ်းနှင့် အိန္ဒိယသို့ တိုက်ရိုက်သွယ်တန်းမည့်ကားလမ်းကို ပြီးခဲ့သည့် နှစ်က တိုင်းတာမှု များပြုလုပ်ခဲ့ရာ ယခုလတွင် စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်။

Read More...

လာမည့် Barcamp Mandalay ပွဲအတွက် ကြိုတင်စည်းဝေးမည်

မြတ်မိုးကျော်(မြစ်မခ)
21 Nov, 2012

Barcamp Mandalay 2013 အတွက် ကြိုတင်အစည်းအဝေးကို မန္တလေးမြို့၊ ရွှေဖြူပလာဇာ(ဒုတိယထပ်)တွင် Organizer များနှင့် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် Barcamp Mandalay ပြုလုပ်ကျင်းပမည့်နေရာနှင့် ရက်တို့အပြင် ပွဲ အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးကို Organizer များသာမကပဲ Barcamp အတွက် အချိန်ပေးနိုင်သော သူများနှင့် အထောက်အပံ့ပေးနိုင်သော သူများအပြင် မီဒီယာသမားများပါ တက်ရောက်နိုင်ကြောင်း သိရှိရသည်။

Read More...

အပေါ်သို့