Wednesday, November 21, 2012

ရခိုင်ပြည်နယ်တွင်း ART ဆေးဝါးမပြတ်လပ်အရေး ရခိုင်လူမှုအဖွဲ့အစည်းမှ ကူညီမည်

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
21 Nov, 2012

ရခိုင်ပြည်နယ်အတွင်း HIVပိုးရှိသူများအတွက် ဆေးဝါး မပြတ်လပ်စေရေးအတွက်ရခိုင်လူမှုအဖွဲ့အစည်းများမှ ကူညီမည်ဟု နိုဝင်ဘာ (၁၈) ရက်နေ့က စစ်တွေမြို့ဝံလက် ဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်ခဲ့သည့် အသိပညာ ပေးဆွေးနွေးပွဲတွင်ရခိုင်လူမှုအဖွဲ့အစည်း များက ပြောဆိုခဲ့သည်။

(Myanmar Positive Group(National PLHA Network)နှင့် (UtopiaAssociation)တို့ ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ HIV ပိုးရှိသူများအတွက် ARTဆေးဝါးမပြတ်လပ်ရေးရှေ့ဆက်လုပ်ဆောင်နိုင်ရန် ရခိုင်လူမှုအဖွဲ့ အစည်း များဖြစ်သည့် ရခိုင်သဟာယအသင်း၊ ဝံလက်ဖောင်ဒေးရှင်း၊ ABCDတို့ကဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ကျွန်နော်တို့တစ်ခုကူညီလို့ရတာက ဒီအဖွဲ့အစည်းHIV မိသားစုရဲ့သားသမီး ကလေးပညာရေးအတွက် ကျွန်နော်တို့ ပညာရေး လမ်းကြောင်းနဲ့ကူညီပေးလို့ရပါတယ်” ဟု ဝံလက်ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ဆိုသည်။

ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင်း HIVပိုးရှိသူများအတွက် ဆေးဝါးပြတ်လပ်မှုများရှိခဲ့သလိုအသက်ဆုံးပါးမှု များလည်းရှိခဲ့ကြောင်းသိရသည်။

“ပဋိပက္ခအတွင်းမှာ အဲဒီအထဲမှာဆိုးဆိုးဝါးဝါးဖြစ်တာက ARTဆေးဝါးပြတ်လပ်မှုနဲ့အသက်ဆုံးပါးသွားသူ (၆) ယောက်ရှိပါတယ်၊ အမျိုးသမီး(၄)ဦးပါတယ်”ဟု MyanmarPositiveGroup မှရခိုင်ဒေသဆိုင်ရာကိုယ်စားလှယ် ဦးသန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် PLHA ပိုးရှိသူများအတွက်ဆေးပေးခန်းတစ်ခုဖွင့်ရန်လူမှုအဖွဲ့အစည်းများဖြင့် ဆွေးနွေး ထားပြီးမကြာမီ မြိုမိမြိုဖ များနှင့် ညိုနှိုင်သွားဖို့ အစီအစဉ်ရှိကြောင်းဦးသန်းထွန်းက ဆိုသည်။

ယခင်က PLHAတို့အတွက် ART ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို AZGနယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီးနောက်ပိုင်းတွင် ရုံးမဖွင့်တော့သဖြင့် Myanmar Positive Group(National PLHA Network နှင့် Utopia Association အဖွဲ့ကကျန်းမာရေးစောင့်ရှောက် မှုပေးရန် စီစဉ်နေခြင်းဖြစ်သည်။

“ကျွန်နော်တို့ Utopia Association အဖွဲ့နဲ့ MPG တို့ပေါင်းပြီးစစ်တွေမြို့ထဲမှာ ဆေးခန်းတစ်ခန်းဖွင့်နိုင်အောင် မြို့မိ မြို့ဖ တွေနဲ့ညိုနှိုင်းသွားဖို့အစီအစဉ်ရှိပါတယ်၊ ဆေးခန်းဖွင့်ဖို့အတွက်လဲကျွန်နော်တို့ကြိုးစားနေပါတယ်။ အဖွဲ့အစည်းတွေကလဲ ဝိုင်း ပြီးမှတ်ချက်ပေးထောက်ပြတာတို့ရှိပါတယ်။ MS ဟော်လန် (AZG) ပြောတာကဆေးခန်းဖွင့်မယ်ဆိုရင် သူတို့ဆီ က ဆရာဝန် တစ်ယောက်ထားပေးမယ်လို့တော့ပြောတယ်“ဟု ဦးသန်းထွန်းက ဆိုသည်။

စစ်တွေမြို့မှ HIV ပိုးရှိသူတစ်ဦးက “ကျွန်မက PLHA ဖြစ်နေတော့ဆေးဝါးကို Utopia ကဘဲ ယူနေပါတယ်၊ အစိုးရဆေးရုံမှာ ဆေးပေးပေမယ့် စိတ်ကမလုံမလဲဖြစ်တယ်။ Utopia မှာဆိုရင် ဘဝတူ တွေဆိုတော့ ပွင့်ပွင့်လင့်လင့်ဆွေးနွေးလို့ရတယ်”ဟု ပြောပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် ART ဆေးသောက်သုံးနေရသည့် PLHAစုစုပေါင်း (၃၃၀)ရှိပြီး၊ (၂၈၅) ဦးမှာ ART ဆေးဝါးသောက်ရန်လို အပ်နေသေးကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့