Wednesday, November 21, 2012

ကမ်းခြေဆင်းလမ်းပျောက်ပယ်နေသည့် ငွေဆောင်

မျိုးမင်းထွန်း (မြစ်မခ)
20 Nov, 2012

ငွေဆောင်ကမ်းခြေတွင် ပြုလုပ်ထားသော ကမ်းခြေဆင်းလမ်းများပျောက်ပယ်နေခြင်းကြောင့်အပန်းဖြေသူများ အနေဖြင့် ကမ်းခြေ ဆင်း၍ အပန်းဖြေရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

"အရင်ကတော့ရှိပါတယ်။ ဒါပေမယ့် အခုက လာရောက်အပန်းဖြေတဲ့သူတွေ ကမ်းခြေဆင်းဖို့ကျတော့ ဟိုတယ်တွေ တည်ခိုးခန်း တွေက သူတို့ဆီ လာတည်းခိုခဲ့သူတွေ သွားလာနိုင်ဖို့ ဖောက်ထားတဲ့ လမ်းတွေ ဆိုတော့ ဘယ်သွားခွင့်ပြုလိမ့်မလဲ"ဟု ဒေသခံ ကိုသန်းငွေက ပြောသည်။

ငွေဆောင်ကမ်းခြေသည် ၂၀၀၄ ခုနှစ်က ဖွင့်လှစ်ခဲ့သော ကမ်းခြေတစ်ခုဖြစ်ပြီး (၁၀) ပေခန့်ကျယ်သော ကမ်းခြေဆင်းလမ်းများ (၅)လမ်း ဖောက်လုပ်ထားရှိခဲ့ကြောင်း ငွေဆောင်ဟိုတယ်ဇုန်မှ သိရှိရသည်။

"ကမ်းခြေဖွင့်ကာစတုန်းကတော့ ဟိုတယ်တစ်ခုနဲ့တစ်ခုကြားမှာ အပန်းဖြေသူတွေ သွားလာနိုင်ဖို့အတွက် လမ်းတွေ ထားရှိခဲ့ပါတယ်။ ဒါပေမယ့်ကြာလာတော့ဟိုတယ်တွေက မြေနေရာတွေ တိုးဆောက်တာနဲ့ ပျောက်ကုန်တာ"ဟု ငွေဆောင်ဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးသော်ဇင်က ပြောသည်။

ကမ်းခြေဆင်းလမ်းမရှိခြင်းကြောင့် ငွေဆောင်ကမ်းခြေသို့လာရောက်သူဧည့်သည်များမှာ နီးစပ်ရာ ဟိုတယ်၊ တည်းခိုခန်းများ၏ လမ်းများကိုအသုံးပြု၍သာ ကမ်းခြေသို့ဆင်းနေရကြောင်း တည်းခိုခန်းဖွင့်လှစ် ထားသော ပိုင်ရှင်များထံမှ သိရသည်။

"ကမ်းခြေဆင်းလမ်းမရှိတော့ လာတဲ့ဧည့်သည်တွေကနီးစပ်ရာဟိုတယ်၊ တည်းခိုခန်းက လမ်းတွေကိုပဲအသုံးပြု ပြီးကမ်းခြေကိုဆင်း နေရတယ်။"ဟုငွေဆောင်ကမ်းခြေရှိ ဧရာဝတီတည်းခိုရိပ်သာပိုင်ရှင်ဦးစန်းရွှေကပြောပြ သည်။

ထိုကဲ့သို့ ဟိုတယ်နှင့် တည်းခိုရိပ်သာ လမ်းများမှ ၀င်ထွက်သွားလာမှုကြောင့် တည်းခိုသူများမှာ လုံခြုံရေးစိတ် အနှောင့် အယှက် ဖြစ်ရခြင်းနှင့် နိုင်ငံခြားခရီးသွားများနှစ်သက်မှုမရှိခြင်းတို့ကြောင့်အချို့ဟိုတယ်များမှာ ဧည့်သည်များကမ်းခြေ ဆင်းခွင့် ကိုပိတ် ပင်ထားကြောင်း၊ လာရောက်သူဧည့်သည်များ အနေဖြင့်လည်း (ပြည်တွင်းခရီးသွားများ ကမ်းခြေဆင်းရန်) အခက်တွေ့ရ ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါကမ်းခြေတွင် မြန်မာနိုင်ငံမှ (၂၀၁၃) ခုနှစ်၌ လက်ခံကျင်းမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင် လှေလှော်ရွက် တိုက်ပြိုင်ပွဲအပါအ၀င်အခြားအားကစားနည်း ၃ မျိုးခန့် ကျင်းပမည့်ကမ်းခြေတစ်ခုဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့