Tuesday, November 20, 2012

မိုးထိမိုးမိရွှေလုပ်သားများ နေပြည်တော်သို့ ခရီးဆက်ရန် (၃) ရက်နားခံရ

ထက်အောင်ခန့် (မြစ်မခ)
20 Nov, 2012

ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေသည့်မိုးထိမိုးမိရွှေလုပ်သားများအား နိုင်ငံခြား ဧည့်သည် ခရီးစဉ် ရှိသည့်အတွက်နိုဝင်ဘာ (၁၉) ရက်နေ့ညတွင် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးမှ (၃) ရက်ဆိုင်းငံ့ ပေးရန် တားဆီး ခဲ့ကြောင်းသိရသည်။

“တားဆီးခံရတာက မြို့လှမြို့၊ ရွှေနတ်တောင်ကျောင်းမှာ (၁၉) ရက်နေ့ည (၁၀)နာရီခွဲမှာ ရဲတပ်ဖွဲ့မှူးကနိုင်ငံခြား ဧည့်သည်ခရီးစဉ် ရှိတဲ့အတွက်ရက်ဆိုင်းငံ့ ပေးဖို့လာတားတာပါ။ ဒီနေ့မနက်မှာ မြို့နယ်မှူးက ဖုန်းဆက်တယ်။ ကုမ္ပဏီက ညှိနှိုင်း ချင်တယ်ဆိုပြီး တော့ပြော တယ်။”ဟု ရွှေလုပ်သား တစ်ဦးဖြစ်သူ ကိုနေအောင်ထက် က ပြောသည်။

ထို့ကြောင့် ရွှေလုပ်သားများသည် လမ်းလျှောက်ချီတက်ခြင်းကို ၃ ရက်ခန့်ဆိုင်းငံ့ထားမည်ဖြစ်ပြီး (၃) ရက်ပြည့်ပါ ကနေပြည်တော်သို့ ဆက်လက်ချီတက်လမ်းလျှောက်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့က ပြည်ပနိုင်ငံက လူကြီးတွေလာမယ်ဆိုတော့ ခဏတော့နား ထားပါမယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံ တော် အကြီးအကဲတွေကိုသိတတ်တဲ့အပိုင်းရယ်၊ပြီးတော့တန်ဖိုးထား တဲ့အပိုင်းတွေရယ်ကြောင့် ခဏနားထားပါမှာ။ ပြီးရင်တော့ နေပြည်တော်အထိဆက်လက်ချီတက်သွားမှာပါ”ဟု ရွှေလုပ်သားတစ်ဦး မှပြောသည်။

ရန်ကုန်မှ နေပြည်တော်သို့ နိုဝင်ဘာ (၈) ရက်နေ့မှစတင်ချီတက်လမ်းလျှောက်ကြပြီး နိုဝင်ဘာ (၂၀) ရက်နေ့တွင် မိုင် ၂၀၀ကျော် ရှိသော ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် မြို့လှမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ပူပြင်းလှသည့် ရာသီဥတုဒဏ်ကြောင်း ဖျားနာသူ (၆) ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြကြောင်းသိရသည်။

“အခု ဖျားတာနာတာတို့ ရှိတယ်။ ခြေထောက်နာတာတို့ ထိခိုက်ဒဏ်ရာရတာတို့ကတော့ လူတိုင်းလိုလိုဖြစ်တယ်။ အခု ရန်ကုန်ကနေ နေပြည်တော်အထိကိုလျှောက်လာတာ မိုင်၂၀၀ ကျော်နေပါပြီ။ အကုန်လုံးနေပြည်တော်အထိလျှောက် ဖို့သံဓိဌာန်ချထားပါတယ်။”ဟု ၄င်းက ဆက်ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့