Wednesday, November 21, 2012

(၂၃) ရက်နေ့ နန်းခင်ဇေယျာ ကျေးဇူးတုံ့ပြန်မည်

ထက်အောင်ခန့် (မြစ်မခ)
20 Nov, 2012

နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်းတွင်ကျင်းပမည့်နန်းခင်ဇေယျာ၏ ပရိတ်သတ်များ ကို ကျေးဇူးတုံ့ပြန်ပွဲ (သို့မဟုတ်) Thank You Party ပွဲကိုတက်ရောက်လိုသူများသည် နန်းခင်ဇေယျာမေးလ်ထဲသို့ စာရင်းပေးထားသူများမှာ နိုဝင်ဘာ (၁၉) ရက်နေ့အထိ ၆၇၃ ယောက်ရှိကြောင်းသိရသည်။

“ညီမရဲ့မေးလ်ထဲကို နေ့စဉ်ပွဲတက်ရောက်ချင်လို့ ပို့တဲ့စာတွေအရေအတွက်တော်တော်များတယ်။ တစ်ချို့ဆိုရင် နှစ်စောင်၊ သုံးစောင် ထပ်နေတဲ့သူတွေရှိတယ်။ အဲ့ဒါတွေကိုပြန်ပြီးစိစစ်နေရတယ်။ ဒီရက်ပိုင်းခရီးသွားနေရတဲ့ အတွက် ပွဲစီစဉ်သူတွေနဲ့ တာဝန်ရှိတဲ့သူ တွေကိုချက်ချင်း forward လုပ်ပေးနေပါတယ်။ “ဟု နန်းခင်ဇေယျာက ပြောသည်။

ပရိတ်သတ်များအား ကျေးဇူးတုံ့ပြန့်ပွဲကို ညနေ (၄) နာရီမှ ည (၇) နာရီ (၁၀)မိနစ်အထိ အစီအစဉ်(၁၅) ခုဖြင့်ကျင်းပမည် ဖြစ်ကြောင်းသိရပြီးယခုပွဲကိုကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ vote လုပ်ပေးတဲ့သူတွေကို မမေ့ဘူးဆိုတာကို ပြချင်တဲ့အတွက် တတ်နိုင်သည့်ဘက်ကကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

“ညီမအနေနဲ့ လက်ရှိနေရာကိုရောက်ခဲ့တာဟာ vote လုပ်ပေးခဲ့ကြတဲ့မြန်မာနိုင်ငံသားတွေရဲ့ ကျေးဇူးကြောင့်ပါ။ အဲ့ဒီကျေးဇူး တွေကိုညီမဘယ်တော့မှ မမေ့ဘူးဆိုတာလေးကိုပြချင်တဲ့အတွက် ညီမဘက်ကနေနိုင်သလောက်လေးနဲ့ ညီမကိုပံ့ပိုးကူညီပေးနေတဲ့ Red Link Company တို့ပူးပေါင်းပြီးလုပ်ဖြစ်တဲ့သဘောပါ။” ဟု နန်းခင်ဇေယျာက ပြောသည်။

နန်းခင်ဇေယျာသည် Red Link ရဲ့ Brand Ambassador တစ်ယောက်ဖြစ်ပြီးယခုရက်ပိုင်းတွင် Tourist တွေနဲ့ ခရီးသွား နေရကာ (၂၃)ရက်နေ့တွင်ကျင်းပမည့် ကျေးဇူးတုံ့ပြန်ပွဲသို့ မလာရောက်နိုင်သည့်နန်းခင်ဇေယျာ၏ ပရိတ် သတ်များအား စိတ်မကောင်း ဖြစ်မိကြောင်းသိရသည်။

“ဒီပွဲကိုမလာရောက်နိုင်တဲ့ ပရိတ်သတ်တွေအတွက်လည်း ညီမ သူတို့နဲ့ထပ်တူစိတ်မကောင်းပါဘူး။ ဖြစ်နိုင်ရင်တော့ ညီမလည်း အားလုံးကိုတွေ့ချင်တာပါ။ဒီပွဲကိုလာမှ နန်းခင်ဇေယျာကို အားပေးခဲ့တဲ့လူတွေ လို့သတ်မှတ်တာမဟုတ်ဘဲ။ နန်းခင်ဇေယျာကိုအား ပေးခဲ့တဲ့လူတွေထဲကမှ လာနိုင်သလောက်လူတွေကိုသာဒီပွဲမှာတွေ့ဆုံ ခွင့်၊ ကျေးဇူးတင်ကြောင်းပြောခွင့် ရမှာပါ။” ဟုနန်းခင်ဇေ ယျာက ဆက်ပြောသည်။

နိုဝင်ဘာ (၂၃) ရက်နေ့တွင်ကျင်းပမည့် ပွဲတွင် အဆိုတော်ဘိုဖြူကလက်တီးသီချင်းဖြင့်တီဆိုဖျော်ဖြေကာနန်းခင်ဇေယျာ ကိုယ်တိုင် ရှမ်းအကဖြင့်ဖျော်ဖြေမည်ဖြစ်ပြီး၊ We Are TheWorld တေးသီချင်းဖြင့် နန်းခင်ဇေယျာနှင့်အတူ အကလေးများမှတေး သရုပ် ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင်ပရိတ်သတ်များကို လည်း မဲဖေါက်ပေးမည့် အစီစဉ်သစ်ကိုပါထည့်သွင်း သွားမည် ဖြစ် ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့