Tuesday, November 20, 2012

ပုဒ်မ ၁၄၄ ထုတ်ထားသည့် ကြားက ကျောက်တော်တွင် ဆိုင်တချို့ ဖေါက်ထွင်းခံရ

November 19, 2012


ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်ကြားက ဈေးဆိုင်များ ဖေါက်ထွင်းခံ နေကြရသည်ဟု သိရသည်။

လွန်ခဲ့သော သောကြာနေ့ ည နှင့် စနေ နံနက် အကြားတွင် ကျောက်တော်မြို့ ရွှေပြည်သစ် ကားဂိတ်တွင် ဆိုင်တချို့ ဖေါက်ထွင်း ခံခဲ့ရသည်။

“အဓိက ဖေါက်ထွင်း ခံရတာက ဒေါ်မိုးရွှေဆိုင် ဖြစ်ပါတယ်။ ဆိုင်ထဲက ပစ္စည်းတွေတော့ အကုန်လုံး ယူသွားပါတယ်။ ခန့်မှန်းခြေ (၅)သိန်းဖိုးခန့် ရှိပါလိမ့်မယ်။ ဆိုင်က စားသောက်ကုန် ရောင်းတဲ့ ဆိုင် ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုမောင်ချေက ပြောသည်။

တစ်ခြား ဆိုင်တစ်ခုမှလည်း ရန်ကုန်က ပို့ထားသည် ဖုံးဆက်များ ဖေါက်ထွင်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။

“ ဆိုင်တွေမှာ လုံခြုံရေး အခြေအနေကြောင့် အရေးအခင်း ဖြစ်ပြီး ကတည်းက ဘယ်သူမှ မအိပ်ကြပါဘူး။ ညနေဆိုရင် အိမ်ပြန် လာတယ်။ မနက်ဆိုရင် ဆိုင်သွားဖွင်တယ်။ အခုလို အစောင့်မရှိတဲ့ အတွက် ဖေါက်ထွင်းသွားတာ ဖြစ်ပါတယ်။ ဖေါက်ထွင်းသွားတာ ဘယ်သူဆိုတာတော့ လက်ပူး လက်ကြပ် မမိတဲ့ အတွက် ပြောဖို့တော့ ခက်ပါတယ်။ လူတွေက သံသယ ဖြစ်နေကြတာတော့ ရှိပါ တယ်” ဟု သူက ဆိုသည်။

ကျောက်တော်တွင် ညမထွက်ရ အမိန့်ကို သက်ဆိုင်ရာမှ လျှော့ပေါ့ ပေးခဲ့သော်လည်း ည ၁၀ နာရီမှ မိုးထ ၅ နာရီထိ အပြင် မထွက်ရဟု သတ်မှတ်ထားသည်ဟု ဆိုသည်။

“ စစ်တပ်ကတော့ အဲဒီ ရွေပြည်သစ် ကားဂိတ်နားမှာ မရှိပါဘူး။ သူတို့က ဂစ္ဆပ နဒီ တံတားနားမှာဘဲ ရှိပါတယ်။ ခုဖြစ်တဲ့နေရာက သူတို့ရှိတဲ့ နေရာနဲ့ နည်းနည်း ဝေးပါတယ်” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်တွင် လတ်တလော အခြေအနေတွင် နယ်ကျေးရွာများတွင်လည်း စပါးခင်းများမှ စပါးများကို ခိုးယူ ရိတ်သိမ်းမူ၊ ကျွဲနွား ခိုးမူများလည်း ပေါ်ပေါက်နေကြောင်း သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့