Saturday, August 20, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက် အမှတ် ၁၄ /၁၈ /၁၁

Statement 14-08-11

Friday, August 19, 2011

နိုင်ငံတော် သန်မဒကျီး ၏ မေတ္တာစာ


- ၁၉ ၊၈၊၂၀၁၁

ပြည်ပရောက် မြန်မာနိုင်ငံရေး တက်ကြွသူ၊ ကြွတက်သူ၊ နိုးကြားသူ၊ ကြားနှိုးသူ၊ လှုပ်ရှားသူ၊ လုပ်စားသူ၊ အဖွဲ့အစည်းများ၊ လူပုတ်ဂိုလ်များကို ကျန်းမာ ချမ်းသာစေကြောင်း ဦးစွာ နှုတ်ခွန်း ဆက်လိုက်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က နေပူတော်မှာ ကျနော် တွေ့ဆုံ ပြောကြားလိုက်တဲ့ မိန်းခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများ အရေးနဲ့ ပတ်သက်ပြီး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်တာတောင် မဟုတ်ပဲ စဉ်းစားပေးမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ရုံနဲ့ ပြည်ပရောက် မြန်မာ နိုင်ငံရေး သမားတွေ အဖွဲ့အစည်းတွေကြား “ ကြိုဆိုတယ် .. မကြိုဆိုဘူး.... ပြန်မယ်.. မပြန်ဘူး.... စောင့်ကြည့်မယ်... စဉ်းစားဦးမယ်... မိန်းမနဲ့ တိုင်ပင်ဦးမယ်...ယေက်ျား နဲ့ တိုင်ပင်ဦးမယ်... ယုံကြည်တယ်... မယုံကြည်ဘူး...” စသဖြင့် သဘောထား အမျိုးမျိုး ကွဲပြားခဲ့သလို တဦး အပေါ်တဦး အယုံအကြည်တွေ ကင်းမဲ့ကြ… နားလည်မှုတွေ လွဲကြ..နဲ့ အတော်လေးကို အားရဖွယ် တွေ့မြင်ရပါတယ်။


Read More...

နာရေးအသင်း တရားဝင် ဖွဲ့စည်းခွင့် အလားအလာရှိ

18 သြဂုတ် 2011
မနန္ဒာချမ်း

ရုပ်ရှင်သရုပ်ဆောင် မင်းသား ကျော်သူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ နာရေးကူညီမှု အသင်းဟာ တရားဝင် ဖွဲ့စည်းလုပ်ကိုင်ခွင့် မှတ်ပုံတင်သက်တမ်း ထပ်တိုးမပေးဘဲ ဆိုင်းငံ့ခံထားရတာကနေ အခုတော့ အလားအလာ ကောင်းလာပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် အခုလို ဆိုင်းငံ့ခံထားရတဲ့ မှတ်ပုံတင် သက်တမ်းတိုးမှုကိစ္စ အလား အလာ ပြန်ကောင်းလာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ တရားဝင် ဖွဲ့စည်းလုပ်ကိုင်ခွင့် မှတ်ပုံတင် သက်တမ်းဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ မှာကတည်းက ကုန်ဆုံးခဲ့တာပါ။ ဒါကို ဆက်တိုးမပေးဘဲ ဆိုင်းငံ့ခံထားရတာ ဖြစ်ပါတယ်။ ဒီကိစ္စ သက်တမ်းတိုးပေးဖို့ကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အသင်းအဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ ပွဲမှာ နာရေးကူညီမှု အသင်းရဲ့ အတွင်းရေးမှူး ဆရာမ သန်းမြင့်အောင်က သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူရဲ့ ဇနီး ဒေါ်ရွှေဇီးကွက်က အခုလို ပြောပြပါတယ်။

Read More...

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စုကို ဖိတ်ကြား

18 သြဂုတ် 2011

နေပြည်တော်မှာ မနက်ဖြန် စတင်ပြုလုပ်မယ့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက တရားဝင် ဖိတ်ကြားလိုက်ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့ တုန်းကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ဖိတ်စာ လာရောက် ပေးပို့တာလို့ သိရပါတယ်။

NLD ဘက်က ပြောခွင့်ရ ဦးအုန်းကြိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည် အခုလို ဖိတ်စာ လက်ခံရရှိတာကို အတည်ပြုပေမဲ့ တက် မတက် ဆုံးဖြတ်ချက်ကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။

Read More...

ဝင်ငွေခွန်များ လျှော့ချပေး

18 သြဂုတ် 2011
မသင်းသီရိ

နိုင်ငံခြားဝင်ငွေ ရနေတဲ့ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ ပြည်တွင်း ပြည်ပ နိုင်ငံသားတွေ ပေးဆောင်နေကြရတဲ့ ၀င်ငွေခွန်ကို လျှော့ချ ပေးဆောင်ဖို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးက ဒီနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုပေးဆောင်နေကြရတဲ့ ၀င်ငွေခွန် ၁၀% ကို လျှော့ချပြီး ၂% သာ ပေးဆောင်ကြရတော့မှာ ဖြစ်ပေမဲ့ ဒီဝင်ငွေခွန် လျှော့ချတဲ့ ကာလသက်တမ်းကလည်း ၆ လပဲဖြစ်တယ် ဆိုတာကို ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီနေ့ သြဂုတ်လ ၁၈ ရက် ကြာသပတေးနေ့က စပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ၆ လအတွင်း ၀င်ငွေခွန်တွေကို ၁၀% ကနေ ၂% အထိ လျှော့ချ ကောက်ခံမယ်လို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ပြည်တွင်းမှာရှိနေတဲ့ အထည်ချုပ် စက်ရုံတွေ၊ ပြည်ပကိုရောက်ပြီး အလုပ်လုပ်နေကြသူတွေ အတွက် အားလုံး အကျုံးဝင်ပါတယ်။

Read More...

အဂတိလိုက်စားမှု ဆန့်ကျင်ရေး အိန္ဒိယမှာ အစာငတ်ခံ ဆန္ဒပြမည်

18 သြဂုတ် 2011

အိန္ဒိယနိုင်ငံမှာ သောကြာနေ့ကျရင် လူအများအပြား ပါဝင်တဲ့ အစာငတ်ခံ ဆန္ဒပြပွဲကြီး တခုကို လုပ်ဖို့ ထိပ်တန်း လှုပ်ရှားသူ တယောက်က စီစဉ်နေပါတယ်။

အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုပြီး တင်းကျပ်တဲ့ ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ အဲဒီ အစာငတ်ခံ ဆန္ဒပြပွဲကို လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒီလှုပ်ရှားမှုဟာ တနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးပါပြီ။

Read More...

ဆီးရီးယား သမ္မတ ဆင်းပေးဖို့ အနောက်နိုင်ငံတွေ တောင်းဆို

18 သြဂုတ် 2011

နိုင်ငံရေး ဆန္ဒပြသူတွေကို အပြင်းအထန် ဖြိုခွဲ နှိမ်နင်းတဲ့အတွက် ဆီးရီးယား သမ္မတ ဘာရှား အယ်လ်-အာဆဒ် (Bashar al-Assad) နှုတ်ထွက်ပေးဖို့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြား ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တောင်းဆိုနေကြပါတယ်။

မစ္စတာ အာဆဒ် နှုတ်ထွက်ဖို့ အချိန်ရောက်နေပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြာသပတေး နေ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ မစ္စတာ အာဆဒ် အစိုးရအပေါ် စီးပွားရေးအရ ဖယ်ထုတ် ကန့်သတ် ထားတာကို ပိုပြီး အားကောင်းစေဖို့အတွက် သာမန်ထက် ထူးခြားတဲ့ ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဖို့ အမိန့်တရပ်ကိုလည်း အမေရိကန် သမ္မတက ထုတ်ပြန်ခဲ့ပါတယ်။

Read More...

ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်

18 သြဂုတ် 2011
ဦးသားညွန့်ဦး

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးချင်တယ်လို့ မြန်မာအစိုးရက တရားဝင် ကမ်းလှမ်းတာကို မြန်မာအစိုးရပိုင် သတင်းတွေမှာ ဒီကနေ့ညပဲ ကြေညာသွား ပါ တယ်။ တိုင်းရင်းသားတွေဘက်ကတော့ တဖွဲ့ချင်း တွေ့မယ့်အစား တိုင်းရင်းသား ပြဿနာတွေကို အားလုံး စုစည်း ဖြေရှင်း ပေးဖို့ လိုလားနေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး အခြေခံ တူညီမှုတွေကို ရှာသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြန်လည်သင့်မြတ်ရေး မိန့်ခွန်း ပြောဆိုပြီး တရက်မှာပဲ အခုလို အစိုးရ သတင်းဌာနတွေကနေ တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မျိုး ကြည် က လက်မှတ်ထိုးထားပါတယ်။

Read More...

သမ္မတ ဦးသိန်းစိန် အစည်းအဝေးမှာ လက်တန်းပြောဆိုတာ ယုံကြည်လို့ မရနိုင်

18/8/2011

၂၀၁၁ ခုနှစ် သြဂတ်စ်လ ၁၇ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်ဟာ ပြည်ပမှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြစ်မူ ကျူးလွန်တာ မရှိဘူးဆိုရင် အချိန်မရွှေး ပြန်လာရန် စဉ်းစားပေးမှာ ဖြစ်ကြောင်း ပြောဆိုသွား ခဲ့သည်။

အဆိုပါ စကားကို နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမူရေး နယ်ပယ် အသီးသီး၊ အသင်း အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

Read More...

Green Peace သင်္ဘော ဆေးရုံ လုပ်ရန် ဘင်္ဂလာဒေခ်ျ့သို့ လွှဲ

18/8/2011

သဘာဝပတ်ဝန်းကျင် လူပ်ရှားမူ အဖွဲ့ Greenpeace International မှ ၂၂ နှစ်ကြာ အသုံးပြုခဲ့သော သင်္ဘော တစ်စီးကို ရေပေါ် ဆေးရုံ အဖြစ် အသုံးပြုရန် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါသင်္ဘောကို Greenpeace လူပ်ရှားမူ အဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ဒေသ အန်ဂျီအို တခုဖြစ်သော Friendship သို့ သြဂတ်စ် ၁၆ ရက်နေ့က စင်္ကာပူနိုင်ငံတွင် လွှဲပြောင်း ပေးအပ်လိုက်သည်။

Read More...

သံတွဲမှ မွတ်ဆလင်များကို � E� တံဆိပ်ပါ အိမ်ထောင်စု စာရင်းများ ထုတ်ပေး

18/8/2011

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျေးရွာ တစ်ချို့မှ အစ္စလာမ် ဘာသာဝင်များ၏ ယခင် အိမ်ထောင်စု စာရင်းများကို သိမ်းယူပြီး ယခုအခါ � E � တံဆိပ်ပါ အိမ်ထောင်စု စာရင်းများကို ထုတ်ပေးနေကြောင်း ဒေသခံ မွတ်ဆလင် ခေါင်းဆောင် တစ်ဦးက ပြောသည်။

� E � တံဆိပ်ပါ အိမ်ထောင်စု စာရင်းမှာ ဧည့်နိုင်ငံသား အဖြစ် သတ်မှတ်ထားသော အိမ်ထောင်စု စာရင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

Read More...

စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထား

လင်းသန့်
18 August 2011

နေပြည်တော်တွင် ကျင်းပမည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားစာကို ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် လက်ခံရရှိကြောင်း သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိတ်စာကို မနေ့က ရပါတယ်။ ဖိတ်တဲ့ ရက်က သြဂုတ်လ ၁၉ ကနေ ၂၁ ပါ။ ဒေါ်အောင်ဆန်းစုကြည် တက်မယ်၊ မတက်ဘူးဆိုတာကတော့ လောလောဆယ် ကျနော်တို့ မပြောနိုင်သေးပါဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

Read More...

ပြည်ပရောက်အတိုက်အခံတွေ ပြန်မှာလား

ခင်ဦးသာ
18 August 2011

ပြည်တော်ပြန်ရန် တံခါးဖွင့်ပေးလိုက်ပြီဟု သမ္မတဦးသိန်းစိန်က ပြောဆိုသော်လည်း ခိုင်မာသည့် အာမခံချက် တစုံတရာ မရှိသောကြောင့် အိမ်ပြန်ရန် မဖြစ်နိုင်သေးဟု ပြည်ပရောက် အတိုက်အခံများက ဆိုကြသည်။

ဦးသိန်းစိန်၏ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း၊ စစ်ခေါင်းဆောင်ဟောင်းများ ပါဝင်သည့် အစိုးရအဖွဲ့သစ်၏ မူဝါဒကို လက်တွေ့ အကောင်အထည် ဖော်ရန် အချိန်အတန်ကြာယူရဖွယ်ရှိကြောင်း ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦးတွင် ထိပ်တန်းတာဝန် ယူခဲ့ဖူးသူ ဦးအောင်နိုင်ဦးက ပြောသည်။

Read More...

Thursday, August 18, 2011

ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ်

သောကြာနေ့တွင် နေပြည်တော်၌ ကျင်းပမည့် သမ္မတ ဦးသိန်းစိန် တက်ရောက်မည် ဖြစ်သော နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် တရား ဝင် ဖိတ်ကြားထားပြီး ဖြစ်သည်။

အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်မည့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဗုဒ္ဓဟူးနေ့က သွားရောက်ကာ ဖိတ်စာပေး ဖိတ်ကြားထားခြင်း ဖြစ်သည်။

Read More...

ဦးသိန်းစိန် မိန့်ခွန်း

သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ်

သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC တွင် ကျင်းပသည့် စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီး အသင်းအဖွဲ့ အသီးသီးမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောသည်။

ဦးသိန်းစိန်၏ အမှာစကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

Read More...

ဗိုလ်မှူးများ ဝေစု မတည့်၍ မှောင်ခို တင်ပို့မည့် နွားများ မာန်အောင်တွင် ဖမ်းဆီးခံရ

8/18/2011
စံလင်း

ဒေသအတွင်း စခန်းချနေသော ရေတပ် ဗိုလ်မှူးများ အကြား ဝေစု မတည့်ရာမှ ရခိုင်ကနေ ဘင်္ဂလာသို့ တင်ပို့ရန် စီစဉ်ထား သည့် နွားကောင်ရေ ၁၂၀ ဖမ်းဆီးခံရကြောင်း သတင်း ရရှိသည်။

သြဂတ်စ်လ (၇) ရက်နေ့က ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် စခန်းမှ ဗိုလ်မှူး တဦးက လာရောက် ဖမ်းဆီးခြင်း ဖြစ် ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

Read More...

တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် စတင်

ရန်ပိုင်
18 August 2011

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) က လုပ်ငန်း စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ ပန်ဆိုင်း စသည့် ဒေသများကို ဖြတ်သန်းသွားမည် ဖြစ်ပြီး ယခုအခါ ကျောက်မဲမြို့နယ်တွင် ပိုက်လိုင်းဖြတ်သန်းမည့်နေရာများ၌ ရှိနေသည့် ဥယျာဉ်ခြံမြေများအတွက် CNPC က လျော်ကြေးများ စတင်ပေးနေကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။

Read More...

နယ်စပ်တွင် စက်မှုဇုန်ထောင်မည်

18 August 2011

နယ်စပ်ဒေသ မြို့များတွင် စက်မှုဇုန်များ တည်ထောင် သွားမည်ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းစိုးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

လုပ်သားအင်အား အများအပြား အသုံးပြုရသော လုပ်ငန်းများကို အဓိက တည်ထောင်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်မြို့များ တွင် အစပြုမည်ဟု ၀န်ကြီးက ပြောကြားသည်။

Read More...

ကာကွယ်ရေးဦးစီးချုပ်(လေ) နယ်လှည့် စစ်ဆေးတဲ့သတင်း

17 August 2011

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း(လေချုပ်)ဟာ လေတပ်စခန်းများသို့ လွန်ခဲ့တဲ့ နှစ်ပတ်က လှည့်လည် စစ်ဆေးခဲ့ကြောင်း လေတပ်အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

Read More...

လူ့အခွင့်အရေးကောင်စီ တိုင်မည့် NLD အစီအစဉ် ကြန့်ကြာနေ

ကျော်ခ
သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ်

မြန်မာ အစိုးရသစ်က တရားမဝင်ဟု ဆိုနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ ရပ်တည်ရေးနှင့် ပါတီအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ တိုင်တန်းရန် ပြင်ဆင်နေမှုများ ကြန့်ကြာ နေသည်။

မူလက သြဂုတ်လ ပထမပတ်ထဲတွင် တိုင်တန်းရန် ပြင်ဆင်ထားသော်လည်း စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂ဝ ကျော် NLD ဖြတ်သန်း လာရသည့် အခြေအနေများကို အသေးစိတ် ပြုစုနေသဖြင့် ခန့်မှန်းသည်ထက် ပိုကြာ နေရခြင်း ဖြစ်ကြောင်း ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရသော်လည်း အာဏာ လွှဲပြောင်းပေးအပ်ခြင်း မခံရ သည့် NLD ပါတီ၏ ဥပဒေ ရေးရာ အကြံပေး တဦးဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောသည်။

Read More...

မြန်မာအစိုးရအပေါ် လက်တွေ့လုပ်ရပ်ဖြင့်သာ ကြည့်မည်

17 သြဂုတ် 2011

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြား ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံက ထွက်ခွာမသွားမီမှာ ပြစ်မှု မကျူးလွန်ခဲ့ဘူးဆိုရင် မြန်မာနိုင်ငံကို အချိန်မရွေး ပြန်လာနိုင်ဖို့ စဉ်းစားပေးမယ်လို့ သမ္မတ ဦးသိန်းစိန်ကပြောပါတယ်။ တကယ်လို့ အပြစ်ကျူးလွန်ခဲ့ သူတွေ ရှိရင်လည်း ထိုက်သင့်တဲ့ပြစ်ဒဏ် ခံယူဖို့ ပြန်လာမယ်ဆိုရင် သဘောထားကြီးကြီးနဲ့ စဉ်းစားပေးမှာ ဖြစ်တယ်လို့ သမ္မတ က ဆိုပါတယ်။

မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေဟာ စိတ်အားတက်စရာတွေ ဖြစ်ပေမဲ့ လက်တွေ့လုပ်ရပ်တွေနဲ့သာ ဆုံးဖြတ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်းဒ် (Victoria Nuland) က သြဂုတ်လ ၁၇ ရက်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပုံမှန်လုပ်နေကျ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Read More...

ဆိုမာလီ ဒုက္ခသည် ကလေးငယ် သေဆုံးမှုနှုန်း မြင့်မား

17 သြဂုတ် 2011

အီသီယိုးပီးယား ဒုက္ခသည်စခန်း တခုမှာ ထိတ်လန့်စရာ ကောင်းလောက်တဲ့နှုန်းနဲ့ ဆိုမာလီ ဒုက္ခသည် ကလေးငယ်တွေ သေဆုံး နေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောပါတယ်။

အီသီယိုးပီးယား အရှေ့ပိုင်းက ကိုဘေ (Kobe) ဒုက္ခသည်စခန်းမှာ အသက် ၅ နှစ်အရွယ်အောက် ပျမ်းမျှ ကလေး ၁၀ ယောက် တနေ့တနေ့ သေနေကြတယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။ အာဟာရ ချို့တဲ့တာက သေရတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး ၀က်သက်ရောဂါ ပျံ့နှံ့နေတာကလည်း ပြဿနာကို ပိုဆိုးသွားစေတယ်လို့ ပြောပါတယ်။

Read More...

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေ ပြန်လာခွင့်ပြု

17 သြဂုတ် 2011
ဦးမိုးဇော်

ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အသင်းအဖွဲ့ ခေါင်း ဆောင်တွေ တွေ့ဆုံပွဲမှာ ဦးသိန်းစိန်က ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေ ကြ တဲ့ မြန်မာနိုင်ငံသား အားလုံးကို တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နေရပ်ရင်း ပြန်လာပြီး အတူပူးပေါင်း လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အစိုးရသစ် တာဝန်ယူခဲ့တဲ့ ၄ လတာ ကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကိုလည်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်း အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့ ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံပွဲကို မွန်းလွဲ ၂ နာရီလောက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဦးသိန်းစိန်က သူတို့ အစိုးရသစ် လက်ထက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ခဲ့တာတွေနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို မိနစ် ၂၀ လောက် ပြောဆိုခဲ့ပါတယ်။

Read More...

ဌာနေပြန်ရေး နိုင်ငံရေး လွတ်လပ်ခွင့် လိုအပ်ဟု ပြည်ပရောက် အတိုက်အခံများ တုံ့ပြန်

17 သြဂုတ် 2011
ဦးသားညွန့်ဦး

၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို မြန်မာ နိုင်ငံကို ပြန်လာခွင့် ပြုလိုက်ပြီလို့ ဒီကနေ့ နေ့လယ်ပိုင်း နေပြည်တော်မှာလုပ်တဲ့ အစည်းအဝေး တခုမှာ သမ္မတ ဦးသိန်းစိန်က ကြေညာသွားပါတယ်။ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူတွေကတော့ မြန်မာပြည် ပြန်ဖို့ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေး အခင်း အကျင်းနဲ့ လွတ်လပ်စွာ နိုင်ငံရေး လှုပ်ရှားခွင့်ရှိဖို့ လိုအပ်မယ်လို့ တုံ့ပြန်ကြပါတယ်။ ဒီပြောဆိုချက်ဟာ အမျိုးသား ရင်ကြား စေ့ရေး အတွက် ရည်ညွှန်းတယ် ဆိုရင်တော့ အကျဉ်းထောင်တွေ အတွင်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အရင် ပြန်လွှတ်သင့်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထား ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်း စီးပွားရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့် ပြုလိုက်ပြီး ပြစ်ဒဏ်ရှိသူတွေကို လျှော့ပေါ့ဖို့ စဉ်းစားပေးမယ်လို့ ပြောဆိုသွားတာပါ။ မြန်မာ နိုင်ငံ ဒီမိုကရေစီ အင်အားစု (FDB) ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကတော့ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူ တွေ မြန်မာပြည် ပြန်နိုင်ဖို့ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေးနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်း ရှိဖို့လိုမယ်လို့ ပြောပါတယ်။

Read More...

အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ အကြံပေး မြန်မာနိုင်ငံ ရောက်ရှိ

17 သြဂုတ် 2011
ဒေါ်ခင်မျိုးသက်

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ်၊ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ (John Kerry) ရဲ့ အကြံပေး အရာရှိတဦး ဖြစ်တဲ့ အက်ဒ်မန် ထရီဘာတီဟာ ရန်ကုန် အမေရိကန်သံရုံး တာဝန်ခံ ၂ ဦးနဲ့အတူ ဒီနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုကော်မတီဝင်တွေအပြင် ရွေးကောက် ပွဲ ၀င်ခဲ့ကြတဲ့ ပါတီ ၈ ခုက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံခဲ့ကြပြီး မြန်မာအစိုးရသစ် အဖွဲ့နဲ့ ပတ်သက်တဲ့ သဘောထားတွေကို စုံစမ်း မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီရဲ့ အကြံပေး မစ္စတာ အက်ဒ်မန်ဟာ ဒီနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးကို သွားရောက်ပြီး အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

Read More...

နိုင်ငံခြား ငွေလဲလက်မှတ် FEC ဈေးနှုန်း မတည်ငြိမ်

17 သြဂုတ် 2011
ဦးကျော်ထင်

ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ သုံးစွဲ နေတဲ့ FEC နိုင်ငံခြားငွေ လဲလှယ်မှု လက်မှတ်ကို မကြာခင် ပြန်ရုပ်သိမ်းတော့မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဒီရက်ပိုင်းအတွင်း FEC ငွေဈေး မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။ အရင်က FEC တဒေါ်လာကို မြန်မာကျပ်ငွေ ၈၀၀ ၀န်းကျင် ရှိနေရာက ၆၀၀ လောက်ထိ ထိုးကျသွားပြီး ဒီနေ့မှာတော့ ဈေးအနည်းငယ် ပြန်တက်လာပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

အစိုးရ အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း မကြာခင်ပဲ ဒေါ်လာနဲ့ FEC ဈေးနှုန်း သိသိသာသာ ကျလာတာဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဖြစ်ပါတယ်။ မေလဆန်းပိုင်းက တဒေါ်လာကို ၈၃၇ ကျပ်နဲ့ FEC တယူနစ်ကို ၈၃၄ ကျပ် ဈေးရှိရာကနေ ဒီကနေ့ ပေါက်ဈေးက ဒေါ်လာက ၇၃၇ ကျပ်နဲ့ FEC က ၆၈၀ ကျပ် ၀န်းကျင်ထိ ကျသွားတာပါ။

Read More...

ပြည်​တော်ပြန်​ရေး​ သမ္မတမိန့်​ခွန်း​ နိုင်ငံ​ရေး​အင်အား​စုများ​ကြိုဆို


August 17, 2011
အံ့ဘုန်းမြတ်

နိုင်ငံ​ တော်သမ္မတဦး​သိန်း​စိန်က ပြည်ပ​ရောက်နိုင်ငံသား​တွေ ပြန်လာပြီး​ ဖွံ့ဖြိုး​တိုး​တက်​ရေး​လုပ်ငန်း​တွေမှာ ပါဝင်​ဆောင်ရွက်ကြဖို့​ ဖိတ်​ခေါ်လိုက်တဲ့​အ​ပေါ် အတိုက်အခံ နိုင်ငံ​ရေး​ အင်အား​စု​တွေက ကြိုဆိုလိုက်ကြသလို ယုံကြည်ချက်​တွေ​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကိုပါ လွှတ်​ပေး​ဖို့​ လိုအပ်​ကြောင်း​ ​တောင်း​ဆိုလိုက်ကြပါတယ်။

Read More...

အပေါ်သို့