Friday, May 8, 2009

ကရင်ခွဲထွက်များ ပျောက်ကွယ်စေရန် နအဖ လုပ်ဆောင်ဟု ငြိမ်းချမ်းရေး ကောင်စီ ပြောကြား

NEJ / ၇ မေ ၂၀၀၉



မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင် ခွဲထွက်များ အားလုံး အလိုအလျောက် ပျောက်ကွယ် သွားမည့် အစီအစဉ်ကို နအဖမှ စနစ်တကျ လုပ်ဆောင်နေသည်ဟု ကေအန်ယူ /ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ် ပြောကြားခြင်းဖြစ်သည်။

Read More...

နေ့စဉ်သတင်းများ ( ၇ - ၅ - ၀၉ )

DKBA တပ်များ ဝေါလေခီးစခန်းမှ ပြန်လည်ဆုတ်ခွာနေ သတင်း
ဆီဆိုင်မြို့နယ်တွင် စစ်တပ်က ရွာသူကြီးကိုသတ်၍ ရွာသား ၈၀ ကျော် ဖမ်းဆီးထား သတင်း
ချဲအမှုဖြင့် စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင် အဖမ်းခံရ သတင်း
အာဆီယံ တုပ်ကွေးဆွေးနွေးပွဲ မြန်မာပျက်ကွက် သတင်း
ကလေးငယ်များ အဓမ္မလုပ်အားစေခိုင်းခံရ မွန်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန် သတင်း
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးထိပါးခံနေရပြီ (သုံးသပ်ချက်)
မြန်မာကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်က အခွန်တိုးကောက် သတင်း
ကေအိုင်အိုတပ်ကို တပ်မတော်လက်အောက်သွင်းရန် ကမ်းလှမ်း သတင်း
ဆီဆိုင်မြို့နယ်တွင် စစ်တပ်က ရွာသူကြီးကိုသတ်၍ ရွာသား၈၀ကျော် ဖမ်းဆီးထား သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် မိတ္ထီလာအဖွဲ့ချုပ် တောင်းဆို သတင်း
A(H1N1) တုပ်ကွေး သတင်းထုတ်ပြန်ချက် အမှတ် ၁၉ သတင်း

Thursday, May 7, 2009

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန်တဦး ရေကူးသွား

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 07 2009 10:01 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံသား Mr. John Willian Yeattaw သည် နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ မေလ ၃ ရက် ညပိုင်းတွင် အင်လျားကန်တွင်းမှတဆင့် ရေကူး၍ သွားရောက် နေထိုင်ခဲ့ကာ ၂ ရက်ကြာ နေထိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

မစ္စတာ ဂျွန် ဝီလီယံသည် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်ဝင်းမှ မေလ ၅ ရက်ညပိုင်းတွင် ရေကူး၍ ပြန်ထွက်လာခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာက ရေးသားထားသည်။



သို့သော် နောက်တရက်နံနက် ၅း၃ဝ နာရီတွင် အင်ယားကန်အတွင်း ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးနေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက သူ့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ဂျွန် ဝီလီယံသည် အမေရိကန်ပတ်စ်ပို့ (PP.No-4397677222/28.4.200) ကိုင်ဆောင်ထားသူဖြစ်ပြီး မြန်မာနိုင်ငံသို့ မေလ ၂ ရက်နေ့က ရောက်ရှိခဲ့သည်ဟု ပါရှိသည်။ ဖမ်းဆီး ရမိစဉ်က နိုင်ငံကူး လက်မှတ်နှင့် ကင်မရာတလုံး၊ ခေါက်ပလာယာ တလက်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည် ဆိုသည်။

Ref: မဇ္ဈိမ

သေနတ်သမားများက ရွှေဆိုင် ဓားပြတိုက်၊ တဦးသေ နှစ်ဦး ဒဏ်ရာရ

မဇ္ဈိမသတင်း
ကြာသပတေးနေ့၊ မေလ 07 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ရမည်းသင်းမြို့ ဈေးအတွင်းရှိ ဒေါ်အေးကြည်နှင့် သားများ ရွှေဆိုင်ကို သေနတ်သမား ၃ ဦးက ဓားပြတိုက်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီအချိန် ဆိုင်မပိတ်မီ ကလေးတွင် မော်တော်ဆိုင်ကယ်ဖြင့် ရောက်လာသော သေနတ် သမားများက မဲမဲမြင်ရာ စွတ်ပစ်ပြီး ဆိုင်ရှိ ရွှေများကို လုယူသွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဒဏ်ရာကြောင့် လူ ၁ ဦးသေကာ ၂ ဦး ဒဏ်ရာရသွားခဲ့ကာ ရွှေပိသာ ၇ ပိသာကျော် ပါသွားခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင်၏ မိသားစုဝင် တဦးက ပြောသည်။

Read More...

နေ့စဉ်သတင်းများ ( ၆ - ၅ - ၀၉ )

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် နအဖပြော၊ ၀ တပ်ဖွဲ့ မကျေမနပ်ဖြစ်နေ သတင်း
နယ်စပ်ရှိ မွန်ပြည်သစ်ပါတီနယ်မြေတွင် နိုင်ငံသားကတ်ပြား စတင်ထုတ်ပေး သတင်း
ဗိုလ်ချုပ်ကြီးများ အိတ်ဖောင်းဖို့ အကူအညီရန်ပုံငွေတွေ ထပ်တောင်း သတင်း
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို ပြန်ရုပ်သိမ်းမည်ဟု နအဖဗျူဟာမှူး ခြိမ်းခြောက် သတင်း
“ဆန်ရှင်” မထိရောက်ဟု စာရေးဆရာကျော်ဝင်း ပြော သတင်း
နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် တရားစွဲသင့်ဟု BLC ပြောကြား သတင်း
ကိုရီးယားလွှတ်တော်အမတ် ၂ ဦး မြန်မာပြည်သွားမည် သတင်း
တွံတေးမှ ဆုတောင်းသူနှစ်ဦးကို တတိယအကြိမ် ရုံးထုတ် သတင်း
ဈေးရွှေ့ခိုင်း၍ လပွတ္တာဈေးသည်များ ဒုက္ခရောက် သတင်း
ပါရဂူဘွဲ့ဝင်ခွင့် အသက် ၃၀ အောက် သတ်မှတ် သတင်း
လစာမရသည့် မြန်မာအလုပ်သမားများ စားဝတ်နေရေး အဆင်မပြေသဖြင့် ဆန္ဒပြ သတင်း
မြန်မာကလေးများ ကံဆိုးမိုးမှောင်ကျ သတင်း
အပစ်ရပ်အဖွဲ့များ အသွင်ပြောင်းရေး စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ် သတင်း
ပဲခူးအလုပ်သမ ၁ဝ ဦး လျော်ကြေး သဘောတူညီမှုမရ သတင်း
ရဲက သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းကို ဖမ်းဆီးသတ်ဖြတ် သတင်း
အနည်းငယ် မြင့်တက်လာသည့် ရာဘာဈေး သတင်း
ချင်းပြည်နယ် စားနပ်ရိက္ခာရှားပါးမှု စိုးရိမ်ရဆဲ သတင်း
မြန်မာအစိုးရ ဥပဒေချိုးဖောက် သတင်း
နယ်ခြားစောင့်တပ်ဖွဲ့ရန် နအဖ ဖိအားပေးသည်ကို ၀ တပ်မှ လက်မခံ သတင်း
ယုဒ္ဓယခေတ်အကြောင်းပြ ဗမာအလုပ်သမားအပေါ် ဆိုးခိုးလုယက်သည့် ထိုင်းနှစ်ယောက် ဖမ်းမိ သတင်း

ပြန်တိုက်မည်လော၊ အညံ့ခံမည်လော

Wednesday, 06 May 2009

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အဖို့ ပို၍ ဂနာမငြိမ် စိုးရိမ်ဖွယ် ဖြစ်လာသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက အမှန်တကယ် ငြိမ်းချမ်းရေး မဟုတ်သော်လည်း တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် အပစ် အခတ် ရပ်စဲပြီး၊ တစုံတရာ တည်ငြိမ်မှု ရှိခဲ့သည်။ တချိန်က မြန်မာ စစ်အစိုးရကို လက်နက် စွဲကိုင် တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့ အများစုက အပစ်အခတ် ရပ်စဲခဲ့ကြပြီ ဖြစ်ပြီး၊ အဖွဲ့ အနည်းစုသာ ဆက်လက်၍ တိုက်ပွဲဝင်နေကြသည်။ အပစ်ရပ် အဖွဲ့များက လက်နက် ဆက်လက် ကိုင်စွဲ ထားသော်လည်း၊ တိုက်လို ခိုက်လိုစိတ် နည်းပါးနေပြီကို တွေ့ကြရပြန်သည်။


လာမည့်နှစ် တချိန်ချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားသည်နှင့် အညီ၊ ပိုနေမြဲ ကျားနေမြဲ အခြေအနေ အတိုင်း ဆက်လက် နေထိုင်ရန် မဖြစ်နိုင်ကြတော့ပါ။ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည့် အလားအလာနှင့် တိုး၍ ရင်ဆိုင် နေကြရသည်။ စစ်အစိုးရက ၎င်း၏ တချိန်က ရန်သူများကို နိုင်ငံရေး ပါတီများ ဖွဲ့ရန်၊ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် တိုက်တွန်းနေသည်။ တချို့ အဖွဲ့များကလည်း စိတ် မတက် မကြွ တုံ့ပြန်ကြပြီး၊ အချို့ကလည်း ဖိအားကို တုံ့ပြန် ရင်ဆိုင်ရန်အတွက် ပြင်ဆင်နေကြသည်။

Read More...

Wednesday, May 6, 2009

ပါကစ္စတန်တိုက်ပွဲကြား အရပ်သား ၅၀၀,၀၀၀ လောက် ထွက်ပြေးနိုင်

06 May 2009

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ်မှာ အစိုးရ စစ်တပ်နဲ့ တာလီဘန် သူပုန်တို့ကြား တိုက်ခိုက်မှု ကြီးထွား လာနေလို့လူ ၅၀၀,၀၀၀ လောက် ထွက်ပြေး လာကြလိမ့်မယ်လို့ တာဝန်ခံများက ခန့်မှန်း ပြောကြားကြပါတယ်။

ဆွပ်တ် (Swat) တောင်ကြား မင်ဂိုရာ(Mingora) မြို့က လူတွေ ဘေးကင်းရာကို ထွက်ပြေး လာကြတဲ့အခါ နေရာချထားဖို့ ယာယီစခန်းများ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆောက်လုပ် ထားတယ်လို့ ပြည်နယ် ပြန်ကြားရေး ၀န်ကြီး မီယန် အစ်ဖ်တစ်ကာ ဟူစိန် (Mian Iftikhar Hussain) က ပြောဆိုပါတယ်။

အရပ်သားများ ပြောင်းရွှေ့နေထိုင်နိုင်ကြရေး ညမထွက်ရအမိန့် စစ်တပ်က ပြန်လည် ရုပ်သိမ်း လိုက်ပြီးနောက် ကြောက်လန့်နေကြတဲ့ အရပ်သားများ အဲဒီဒေသက စတင် ထွက်ခွာနေကြပါပြီ။ မင်ဂိုရာမြို့ တစိတ် တပိုင်းကို သူပုန်တွေက ကင်းလှည့် နေကြပြီး အချက်အချာကျတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းများ မြှုပ်နေကြတယ်လို့ ဒေသခံများက ပြောပြပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ထဲမှာ ပါတဲ့အတိုင်း သူပုန်တွေက လက်နက် မချဘဲ သဘောတူညီချက်ကို ချိုးဖောက်လို့ ပါကစ္စတန် စစ်တပ်က တာလီဘန် သူပုန်များအား အရင်လ ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ပက်ရှ်ဝါ (Peshawar) မြို့အနီး စစ်တပ်ရဲ့ စစ်ကြောရေး စခန်းထဲကို အသေခံ ဗုံးဖောက်ခွဲကား တစီး မောင်းဝင်လာလို့ အရပ်သား ၄ ယောက်နဲ့ စစ်သား ၁ ယောက် သေဆုံးသွား ပါတယ်။

Read More...

နေ့စဉ်သတင်းများ

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမား ၇ သိန်း ထပ်လက်ခံမည် သတင်း
ခြေလျင်တပ်ရင်း စစ်လက်နက်တိုက် အဖောက်ခံရ၊ လက်နက်ခဲယမ်းများ ပါသွား သတင်း
ဂျော်ဂျီယာတပ်တွင်းပုန်ကန်မှု အချိန်မီပြန်ထိန်းနိုင် သတင်း
မြန်မာ့အကျပ်အတည်းများကို ဖြေရှင်းဖို့ EU နှင့် ဂျပန်တို့ စစ်အစိုးရကို တောင်းဆို သတင်း
နိုင်ငံတကာဥပဒေကို မျက်ကွယ်ပြုပြီး ခြံစည်းရိုးခတ်ပါက ထိုင်ကြည့်နေမည်မဟုတ်ဟု ဘင်္ဂလားထိပ်တန်းအ ရာရှိတဦးမှ သတိပေးပြောကြား သတင်း
ဝတ်ပြုဆုတောင်းသူများကို သာသနာရေးဌာနက တရားစွဲ သတင်း
မြန်မာပြည်လူဦးရေ သန်းတရာဖြစ်လာတဲ့အထိ ဆန်အတွက် မပူနဲ့တဲ့ သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို စစ်အစိုးရပယ်ချ သတင်း
အာဆီယံဒေသ လူ့အခွင့်အရေးညီလာခံကို မြန်မာအတိုက်အခံအဖွဲ့ တက်ရောက် သတင်း
ILO နှင့် နေပြည်တော်၏ ဆုံးဖြတ်ချက် အောင်လံအာဏာပိုင်များ မလိုက်နာ သတင်း
မုန်တိုင်းသင့်ဒေသမှာ မျိုးစပါးနှင့် စိုက်ပျိုးရေးအကူပစ္စည်း မလုံလောက် သတင်း
တွံတေးအန်အယ်လ်ဒီက ဒေသအာဏာပိုင်များအား သာသနာညှိုးနွမ်းစေမှုဖြင့် တရားပြန်စွဲ သတင်း
လွတ်လပ်စွာသတင်းယူနိုင်ကြောင်း ငါးအဖွဲ့ချုပ်က ပြောဆို သတင်း
တရုတ်နိုင်ငံရောက် မက္ကဆီကိုနိုင်ငံသားတွေ စင်းလုံးငှားလေယာဉ်နဲ့ ပြန်ခေါ်ပြီ သတင်း
ပြည်တွင်းက နာဂစ်တနှစ်ပြည့် ကုသိုလ်ပြုပွဲများ သတင်း
တပ်ဖွဲ့အင်အား လျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်း သဘောထားကွဲ သတင်း
ကုက္ကိုလှ နွေစပါးစီမံကိန်း ရေအခက်အခဲဖြစ်နေ သတင်း
မင်းကိုနိုင်ကျန်းမာရေး မိသားစုတွေ ပူပင်နေရ သတင်း
သင်တန်းကြေးမရလို့ ဆရာ၊ ဆရာမတွေ အခက်ကြုံ သတင်း

Tuesday, May 5, 2009

ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းမှတ်တိုင်များ

ဆောင်းပါးရှင် - ဒုဗိုလ်မှူးကြီးအေးမြင့်

၁၉၅၅ ခုနှစ်မှာ ကျနော်က စစ်သားဖြစ်လာပြီမို့ စစ်သမိုင်းတွေကို ပို၍ လေ့လာမှတ်သား သိရှိ ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့ ထက်မြက်တဲ့ စစ်ရေး စွမ်းဆောင်မှုများကြောင့် တပ်မတော် အတွင်းမှာသာမက တိုင်းပြည်မှာရော နိုင်ငံတကာမှာပါ ဗိုလ်ချုပ်ကျော်ဇောဟာ အောင်မြင်သော စစ်သူကြီးတစ်ဦးအဖြစ်နဲ့ ဂုဏ်သတင်း ပြန့်လွင့် ကျော်ကြားခဲ့တာ သတိပြုမိပါတယ်။

ဒီ ကျော်ကြားမှု ကြောင့်ပဲ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းဟာ သူ့ရဲ့ အနာဂတ် ရှေ့ရေးအတွက် တွေးပူပြီး စိတ်မအေးနိုင် ဖြစ်နေရှာပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပြိုင်ဘက် ထိပ်သီး ဆိုရှယ်လစ် စစ်ဗိုလ် တချို့ဟာ ဗိုလ်ချုပ်ကျော်ဇော အပေါ် မနာလို၊ မရှုစိမ့်၊ သ၀င်တိုစိတ်များ ပြင်းပြ လာရာက ၁၉၅၆ ခုနှစ်မှာ ၀န်ကြီးချုပ် ခေတ္တတက်နေတဲ့ ဆိုရှယ်ညစ် ပဂေးကြီး ဦးဗဆွေထံ အကြံအဖန် လန်ကြုပ်ဇာတ်လမ်းဆင် တင်ပြလို့ ကန်ထုတ်ကြပြန်တာ တွေ့ရပါတယ်။ သရုပ်ပြ အမွှန်းတင် စီစဉ်တင်ဆက်ကြသူများထဲမှာ ဆိုရှယ်ညစ် ထိပ်သီး ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ် မှူးကြီးအောင်ကြီးနဲ့ ဗိုလ်နေ၀င်းတို့ ပါဝင်ကြောင်း သမိုင်း အထောက်အထား တွေ့ခဲ့ရပါတယ်။

၁၉၅၇ ခုနှစ်မှာ ဗိုလ်ချုပ်ကျော်ဇော ခမျာ တပ်မဲ့ ဗိုလ်ချုပ်ဘ၀ကို ရောက်သွား ခဲ့ရပါတယ်။ နာမည်ကျော် စစ်သူကြီးတစ်ဦး တိုင်းပြည်မှာ ဆုံးရှုံးသွားခဲ့သလို မနေ့က တပ်မတော်မှာပါ အတိုင်းမသိ ထိခိုက် နစ်နာခဲ့ရပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ ပုဂ္ဂိုလ်တဦးကို မလိုမုန်းထား ဖယ်ရှား လိုက်တယ် ဆိုရင်ပဲ ယင်းပုဂ္ဂိုလ်ရဲ့ သမိုင်းကိုပါ မှေးမှိန် ပျောက်ပြယ်အောင် စွမ်းဆောင်ခဲ့ကြတာ ရင်နာစရာ တွေ့ရှိ နားလည်ခဲ့ရပါတယ်။


Read More...

နအဖ စစ်ကြောင်းတခုလုံး သေကြေဆုံးရှုံးရသည်အထိ ကရင်/ပအိုဝ်း ပူးပေါင်း တပ်ခြုံခိုတိုက်ခိုက်

တနင်္လာနေ့၊ 04 မေလ 2009

ကရင် - ပအိုဝ်း ပူးပေါင်းတပ်လှုပ်ရှားစစ်ကြောင်းက စစ်အစိုးရ စစ်ကြောင်း တခုအား အမိအရ ခြုံခိုတိုက်ခိုက်ရာ နအဖတပ်၏ လူသူ လက်နက်အားလုံး သေကြေ ဆုံးရှုံးကြောင်း သျှမ်းပြည် တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

မေ ၃ ရက် နံနက် ၁၀း၀၀ နာရီကျော်က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တပ်မ ၁ နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်း စစ်ကြောင်း တကြောင်းသည် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အခြေစိုက် စကခ (၇) လက်အောက်ခံ ခမရ ၄၂၆ (ဘန်းယဉ်) မှ ဗိုလ်ကြီးမျိုးအောင် ဦးဆောင်သည့် အင်အား ၁၂ ယောက်ပါ စစ်ကြောင်း တခုအား (တောင်ကြီးမြို့ အရှေ့တောင်ဘက် မိုင် ၄၀ ကျော်) ဆီဆိုင်မြို့နယ် ဘန်းယဉ် အရှေ့ဘက် နမ့်ပွန် ချောင်း အနောက်ဘက်ခြမ်း၌ ခြုံခိုတိုက်ခိုက်ရာ နအဖ စစ်ကြောင်းဘက်၏ လူသူ လက်နက်အားလုံး သေကြေဆုံးရှုံး ကြောင်း ဒေသခံ ပအိုဝ်း ရွာသားများက ဆိုပါသည်။

“ဘန်းယဉ်အခြေစိုက် ခမရ ၄၂၆ ကလေ၊ သူတို့ ထွက်သွားတုန်းက ၁၀ ယောက် ကျော်ထင်တယ်။ တယောက်မှ ပြန်မလာဘူး။ တိုက်ပွဲဖြစ်တဲ့ ဘက်က ဒေသခံတွေကတော့ အားလုံးသေတယ်လို့ ပြောတာဘဲ” အမည်မဖေါ်လိုသည့် ဒေသခံတဦးက ဆိုသည်။

အဆိုပါတိုက်ပွဲ နှင့်ပတ်သက်၍ PNLA ဦးစီးချုပ်ဗိုလ်မှူးကြီး ခွန်သူရိန်ကလည်း သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပါသည်။

Read More...

နေ့စဉ်သတင်းများ

ဝက်တုပ်ကွေး နှိုးဆော်ချက်အဆင့် ကုလ ထပ်မတိုးသေး သတင်း
နာဂစ်မုန်တိုင်းသင့် ဘုန်းကြီးကျောင်းတွေ ပြိုပျက်ဆဲ သတင်း
ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာ စစ်အစိုးရအဖွဲ့ ပယ်ချ သတင်း
တိုင်းရင်းသားလက်နက်ကိုင်များ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွယ်ရှိ သတင်း
ကမ္ဘာတ၀န်း ၀က်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၀၀၀ ကျော်သွားပြီ သတင်း
ဖွဲ့စည်းပုံပြင်ပေးရင် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ စဉ်စားမည် သတင်း
နာဂစ်ဘေးသင့်ဒေသ သောက်ရေသန့် ရှားပါးနေ သတင်း
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ လက်နက်ခဲယမ်းများ ဖမ်းမိ သတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အစိုးရတွေ့ဆုံရာမှာ မွန်ပြည်သစ် မပါသေး သတင်း
အပစ်ရပ်အဖွဲ့များ၏ စစ်အင်အားလျှော့ချဖို့ စစ်အစိုးရ၏ ကမ်းလှမ်းချက် သတင်း
မြန်မာဘလော်ဂါအတွက် အဆိုးရွားဆုံး သတင်းလွတ်လပ်ခွင့် အကင်းမဲ့ဆုံးနိုင်ငံ သတင်း
မြန်မာနိုင်ငံရှေ့နေများကောင်စီကို စစ်အစိုးရက မတရားအသင်းကြေညာ သတင်း
အဖွဲ့ချုပ်ဆုံးဖြတ်ချက်ကို ၈၈ မျိုးဆက်၊ သံဃာ့တပ်ပေါင်းစုနှင့် ဗကသတို့က ထောက်ခံ သတင်း
နိုင်ငံရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူများကို နိုင်ငံရေးအမှုနှင့် တရားမစွဲဆိုရန် ညွှန်ကြားချက်ထုတ် သတင်း
အပစ်ရပ်တို့ သက်တမ်းကုန်ဆုံးပြီဟု စရဖအရာရှိချုပ် ပြော သတင်း
နှစ်ရှည်လောင်းကစားဝိုင်းကြောင့် ဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်နေကြရ သတင်း
ဆန်တင်ပို့ခွင့် စည်းမျဉ်းသစ်ကြောင့် ဆန်ကုမ္ပဏီအများစု အဆိုးဆုံးအခြေအနေဆိုက် သတင်း

အပေါ်သို့