မဇ္ဈိမသတင်း
ကြာသပတေးနေ့၊ မေလ 07 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ ရမည်းသင်းမြို့ ဈေးအတွင်းရှိ ဒေါ်အေးကြည်နှင့် သားများ ရွှေဆိုင်ကို သေနတ်သမား ၃ ဦးက ဓားပြတိုက်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီအချိန် ဆိုင်မပိတ်မီ ကလေးတွင် မော်တော်ဆိုင်ကယ်ဖြင့် ရောက်လာသော သေနတ် သမားများက မဲမဲမြင်ရာ စွတ်ပစ်ပြီး ဆိုင်ရှိ ရွှေများကို လုယူသွားခဲ့ခြင်း ဖြစ်သည်။
သေနတ်ဒဏ်ရာကြောင့် လူ ၁ ဦးသေကာ ၂ ဦး ဒဏ်ရာရသွားခဲ့ကာ ရွှေပိသာ ၇ ပိသာကျော် ပါသွားခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင်၏ မိသားစုဝင် တဦးက ပြောသည်။
သေနတ်သမားများက မော်တော်ဆိုင်ကယ်ဖြင့်ပင် ပြန်ထွက်သွားပြီး လမ်းတွင်တွေ့သော ဆိုင်ကယ်တစီးမှ ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်၍ လုယူ ပြောင်းစီးသွားခဲ့ကြသည်။ ဆိုင်ကယ်ပိုင်ရှင်မှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရမည်းသင်းမှ မဇ္ဈိမ သတင်းထောက်က ပြောသည်။
ရွှေဆိုင်ကို အလုတွင် ပစ်ခတ်သွားခဲ့သော သေနတ်ဒဏ်ရာကြောင့် လူတဦး ပေါင်ထိကာ အခြားတယောက် ပုခုံးကို ထိမှန်ခဲ့သည်။
မန္တလေးတိုင်းတွင်းရှိ ရမည်းသင်းမြို့တွင် နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း ပထမဆုံး ဆိုးရွား လွန်းလှသော ဓားပြမှုဖြစ်သည်ဟု ဒေသခံ ရဲတပ်သား တဦးကို ကိုးကား၍ မဇ္ဈိမသတင်းထောက်က ပေးပို့ထားသည်။
(သတင်းအပြည့်အစုံကို ဆက်လက် တင်ပြသွားပါမည်)
Ref: မဇ္ဈိမ
Thursday, May 7, 2009
သေနတ်သမားများက ရွှေဆိုင် ဓားပြတိုက်၊ တဦးသေ နှစ်ဦး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)
















































0 comments:
Post a Comment