Friday, July 22, 2011

Monthly News Commentary - July 2011

PDC Monthly News Commentary - July 2011

Irrawaddy Dam EAI Review by BANCA - 2009

Irrawaddy Dam EAI Review by BANCA - 2009

ဂွ၊ တောင်ကုတ်၊ မြေပုံ မိုးရွာ ရေကြီး နောက်ဆက်တွဲ သတင်းများ

7/21/2011

ရခိုင်ပြည်နယ်တ၀န်းလုံးတွင် မိုး အဆက်မပြတ် ရွာသွန်းနေသဖြင့် မြို့နယ် အတော်တော်များများတွင် ရေလွှမ်းနေကြောင်း သတင်း ရရှိသည်။ ဂွ၊တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင် ရေလွှမ်းနေကြောင်းသိရသည်။

ဂွမြို့နယ်အတွင်း ရေကြီးနေမှုကြောင့် အိမ်ခြေ ၁၀ လုံး ရေထဲ မျောပါသွား

ပေးပို့သူ- မောင်ရမ္မာ

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနည်းဆုံး အိမ်ခြေ ၁၀ လုံးခန့် မိုးရေထဲ မျောပါ သွားသည်ဟု သိရသည်။

" အခု အချိန်ထိ ရွာသစ်ကုန်း၊ ဒေါင်းချောင်း၊ ပေါက်တူးအထိ ရေတွေပြည့်နေပါတယ်။ ပေါက်တူးရွာက အိမ်ခြေ ၁၀ လုံးလောက် ရေထဲ မျောပါသွားတယ်လို့ သိရပါတယ်။ အခုတော့ ရွာသစ်ကုန်းရွာက လူတွေကို ဂွက လူငယ် အဖွဲ့တွေက ကယ်ဆယ်ရေး တွေလုပ်ပြီးတော့ စားနပ်ရိက္ခာတွေ ပို့ပေးပြီး လူတွေကို ဂွမြို့ကို ပို့ထားပါပြီ။"ဟု ဂွမြို့မှ ကယ်ဆယ်ရေး လုပ်နေသူ လူငယ် တဦးက နိရဉ္စရာသို့ပြောသည်။

Read More...

မြောက်ဦးမြို့ ရေမြုပ်၍ မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ပြောင်းရွှေ့

7/21/2011

မြောက်ဦးမြို့တွင် မိုးအဆက် မပြတ် ရွာသွန်းပြီး ရေတက်လာသဖြင့် မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေကြရသည်ဟု သတင်း ရရှိသည်။

ဒေသခံ လူငယ် တစ်ဦးက "ရပ်ကွက်တိုင်းလိုလို ရေမြုပ်နေပါတယ်။ အခု ရပ်ကွက်တိုင်းက မြေနိမ့်တဲ့ နေရာက မိသားစုတွေကို စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ ဘေးလွှတ်ရာကို ပြောင်းရွှေ့ နေကြရပါတယ်" ဟု ပြောသည်။

Read More...

မြန်မာနိုင်ငံ အနှံ့အပြား မိုးကြီးသဖြင့် လယ်မြေများ ရေမြုပ်

ခင်ဦးသာ
21 July 2011

မြန်မာတနိုင်ငံလုံး၌ မိုးအဆက်မပြတ်ရွာသွန်းနေပြီး တိုင်းနှင့်ပြည်နယ် အများအပြား၌ ရေလွှမ်းမှုများ ဖြစ်ပေါ်နေကာ ဒေသ တချို့တွင် လယ်မြေများစွာ ရေမြုပ်နေကြောင်း ကြားသိရသည်။

Read More...

ဗုံးတရားခံများကို ရှာမတွေ့သေး

လင်းသန့်
21 July 2011

အာဏာပိုင်တို့က ပြီးခဲ့သည့်လ မြို့ကြီး၃ခု ဗုံးပေါက်ကွဲမှုများအတွက် သံသယရှိသူတို့၏ အမည် နှင့် ဓာတ်ပုံများကို နေရာ အများ အပြားတွင် လိုက်လံ ကြေညာလျက်ရှိသည်။

Read More...

သံအရာရှိများ ခိုလှုံခြင်းနှင့် ဂျွန်မက်ကိန်းခရီးစဉ် အဆက်အစပ် ရှိသလား

ရန်ပိုင်
21 July 2011

မြန်မာအဆင့်မြင့် သံအရာရှိနှစ်ဦး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ရခြင်းမှာ အမေရိကန်အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ်နှင့်ပတ်သက်နေသည်ဟု နေပြည်တော်ရှိ အစိုးရအသိုင်းအ၀န်းက ပြောဆိုကြသည်။

Read More...

နယ်စပ်တွင် ပျက်ကျသည့် ထိုင်း ဘလက်ဟော့ခ် ရှာဖွေနေဆဲ

သန်းထိုက်ဦး
21 July 2011

ထိုင်း-မြန်မာနယ်စပ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က ပျက်ကျခဲ့သော ထိုင်းစစ်တပ်မှ ဘလက်ဟော့ခ် ရဟတ်ယာဉ်မှ အသက်ရှင် ကျန်ဖွယ် ရှိသူများကို မြန်မာစစ်တပ် အကူအညီဖြင့် ထိုင်းစစ်တပ်က ယမန်နေ့မှ စတင်၍ သွားရောက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

Read More...

Thursday, July 21, 2011

ကချင်ဒုက္ခသည်များ​အတွက် အ​ရေး​ပေါ်အကူအညီလိုအပ်

July 21, 2011
နေသွင်

ကချင်ပြည်နယ်ထဲက စစ်ပွဲ​တွေမှာ ကချင်အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​ဖို့​ စစ်သား​တွေက အထက်က အမိန့်​ရထား​တဲ့​အတိုင်း​၊​ မုဒိမ်း​မှု​ပေါင်း​ ၃၂ မှုရှိ​နေပြီလို့​ ထိုင်း​နိုင်ငံအ​ခြေစိုက် ကချင်အမျိုး​သမီး​အဖွဲ့က ဆိုပါတယ်။

Read More...

မတရားရောင်းစားခံရသည့်မြေကိစ္စ အုပ်ချုပ်ရေးရုံးက အရေးမယူ

July 21, 2011

ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲက ရွာသားပိုင် မြေလွတ်မြေရိုင်းတွေကို ဒီကေဘီအေ တပ်မှူးတချို့နဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းပြီး ရောင်းချခဲ့တဲ့ကိစ္စမှာ နစ်နာကြေးတွေ ပြန်ရဖို့အတွက် ရွာသားတွေက အုပ်ချုပ်ရေးရုံးမှာ အဆင့်ဆင့်တိုင်ကြား ခဲ့ပေမယ့် ဒီကနေ့အထိ အရေးယူဖြေရှင်းပေးတာ မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

Read More...

ပေါ်တာများ​နှင့်​ချီတက်လာသည့်​စစ်​ကြောင်း​ကို ​ကေအိုင်​အေ ချုံခိုတိုက်ခိုက်

July 21, 2011

ကချင်ပြည်နယ်၊ ​ ဝိုင်း​မော်မြို့နယ်အတွင်း​ မ​နေ့​က ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် (ကေအိုင်​အေ) နဲ့​ အစိုး​ရတပ်ဖွဲ့အကြား​ တိုက်ပွဲဖြစ်ခဲ့​ပါတယ်။

Read More...

မြန်မာ့အရေး နှုတ်ဆိတ်မနေရန် အိန္ဒိယကို အမေရိကန်ပြော

ဇာနည်မာန်
21 July 2011

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ပပျောက်ရေးတို့အတွက် ထုတ်ဖော်ပြောဆို ရန် အိမ်နီးချင်း အိန္ဒိယအစိုးရအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တိုက်တွန်းပြောဆိုလိုက်သည်။

Read More...

မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို ၀န်ကြီး ကလင်တန် တိုက်တွန်း

20 ဇူလိုင် 2011

မန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေဟာ ဆက်လက်ပြီး အခြေအနေ ဆိုးဝါးနေဆဲ ဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာအာဏာပိုင်တွေကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းစေချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တိုက်တွန်းပေးဖို့ကိုလည်း အိန္ဒိယ အစိုးရကို ၀န်ကြီး ကလင်တန်က သူမရဲ့ ၂ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း ချနိုင်းမြို့မှာ ဒီကနေ့ တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Read More...

ဆိုမာလီတောင်ပိုင်း အငတ်ဘေးဆိုက်

20 ဇူလိုင် 2011

အာဖရိက ဦးချိုဒေသမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားဒဏ် ခံနေရချိန်မှာပဲ ဆိုမာလီယာနိုင်ငံရဲ့ တောင်ပိုင်း နယ်မြေ ၂ ခုကို အငတ်ဘေး ကြုံနေရတဲ့ ဒေသတွေအဖြစ် ကုလသမဂ္ဂက ကြေညာလိုက်ပါတယ်။

ဘာကူးလ် (Bakool) နဲ့ ရှာဘဲလ် (Shabelle) အနိမ့်ပိုင်း ဒေသတွေမှာ အငတ်ဘေး ကြုံနေရတဲ့အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကုလ သမဂ္ဂက ပြောဆိုလိုက်တာပါ။

Read More...

ဧ၀ရတ်တောင်အမြင့် ပြန်တိုင်းမည်

20 ဇူလိုင် 2011

တရုတ်နဲ့ နီပေါ နယ်စပ်မျဉ်းမှာ ရှိနေတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ရဲ့ အမြင့်ပေကို ပြန်တိုင်းဖို့ နီပေါအစိုးရက ကြေညာခဲ့ပါတယ်။

နီပေါအစိုးရက ဂြိုဟ်တုကတဆင့် အကွာအဝေးကို တွက်ချက်တိုင်းတာတဲ့ Global-positioning Satellites (GPS) စနစ်ကို အသုံးပြုပြီး တောင်အမြင့်ကို တိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း နယ်မြေပြုပြင်ရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ မကြာခင် နှစ်တွေအတွင်း ဧ၀ရတ်တောင်ထိပ်ရဲ့ အမြင့်ပေနဲ့ ပတ်သက်လို့ အငြင်းပွားလာခဲ့ကြတာ ဖြစ်ပါတယ်။

Read More...

အကျဉ်းကျ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ၅ ဦး မြန်မာအစိုးရ ပြန်လွှတ်ပေး

20 ဇူလိုင် 2011
မသင်းသီရိ

မြန်မာနိုင်ငံက အကျဉ်းထောင်တွေတွင်း နှစ်ရှည် အကျဉ်းချခံထားရတဲ့ အရင် စစ်ထောက်လှမ်းရေး အကြီးတန်း အရာရှိ ၅ ဦးကို ပြန်လွှတ်ပေးလိုက်တာဟာ အခု မြန်မာအစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာမှာ နောက်ကွယ်ကနေ အသုံးချဖို့ ဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ အကြောင်းကတော့ အခုလွှတ်ပေးလိုက်တဲ့ အထဲမှာ အရင် စစ်ထောက် လှမ်းရေးအဖွဲ့က တိုင်းရင်းသားရေးရာ ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်နဲ့အတူ ဒု-ဗိုလ်မှူးကြီးဟောင်း သက်တင်စိန် တို့ဟာ အရင် စစ်အစိုးရလက်ထက်က တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ အရေးပါတဲ့ ကဏ္ဍတွေက ပါဝင်ခဲ့တာကြောင့် ဖြစ်တယ် လို့လည်း ပြောပါတယ်။ ဒီသုံးသပ်ချက် အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

Read More...

မယ်ဆိုင်မှာ မူးယစ်ဆေးပြား ၁ သန်းကျော် ဖမ်းမိ

2011-07-20

မြန်မာဖက်က တာချီလိတ်မြို့နဲ့ မျက်နှာချင်းဆိုင် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ ထိုင်း ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦး အပြန်အလှန် ပစ်ခတ်ရာမှာ ၁ ဦးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး စိတ်ကြွ ဆေးပြား ၁ သန်းကျော်နဲ့ လက်နက်ပစ္စည်း တွေကို ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် Nation သတင်းစာက ရေးပါတယ်။

အမည်အဖွဲ့အစည်းအတိကျမသိရတဲ့ လက်နက်ကိုင် မူးယစ်မှောင်ခိုတဦးနဲ့ ပစ္စည်းသယ်သူ တဦး လိုက်ပါလာတဲ့ မော်တော်ကားကို ထိုင်းရဲက တနင်္ဂနွေနေ့ညပိုင်းက နောက်ယောင်ခံလိုက်ခဲ့ရာမှာ ထိုင်းရဲတွေကို မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ထွက်ပြေးခဲ့ တယ်လို့ ဆိုပါတယ်။

Read More...

ဟိန္ဒူဘာသာဝင် NLD အဖွဲ့ဝင် နယ်ကျော်မှုနဲ့ အဖမ်းခံရ

2011-07-20

အမျိုးသားဒီမိုကရေစီ အဖွဲ့ ဝင်တဦးဖြစ်သူ တပ်ကုန်းမြို့ နယ် ဗိုလ်မင်းရောင် ရပ်ကွက်နေ ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်ကို မိတ္ထီလာမြို့ နယ်မှာကျင်းပတဲ့ ၁၅ မြို့ နယ် အစည်းအဝေး တက်ရောက်ရာက အပြန် ဗုဒ္ဓဟုးနေ့ ညနေပိုင်းမှာ SB၊ စရဖ၊ လဝက ပူးပေါင်းအဖွဲ့ က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Read More...

မြန်မာနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့မှု အမေရိကန်အောက်လွှတ်တော် သက်တမ်းတိုး

2011-07-20

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မဖေါ်ထုတ်တဲ့အတွက် အမေရိကန် အစိုးရက လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က စတင်ပြီး ချမှတ်ထားတဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေကို ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းက အမေရိကန် အောက်လွှတ်တော်က ထပ်မံ သက်တမ်း တိုးမြှင့်လိုက်ပါတယ်။

Read More...

အစိုးရတပ်မှ ၇ ဦး KIO မိထားဆို

ဖနိဒါ
ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ၂ ရက်ကြာ တိုက်ပွဲတွင် အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၂၁ မှ ဗိုလ်ကြီး တဦးနှင့် တပ်သားများ အပါအဝင် ၇ ဦးကို လက်နက်ပစ္စည်းများနှင့်အတူ KIO က လိုင်ဇာဗဟိုဌာနချုပ်တွင် ဖမ်းဆီးထားသည်။

KIO တပ်ရင်း ၁၈၊ ၂၃ တို့နှင့် ပမခ လက်အောက် ခလရ ၂၁ တို့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ် ဝိုင်းမော်မြို့နယ် ခယာ ကျေးရွာတွင် ယခု ဇူလိုင်လ ၁၆၊ ၁၇ ရက် နှစ်ရက်ကြာတိုက်ပွဲတွင် မြန်မာအစိုးရ တပ်သား ၁ဝ ဦးကျော် ကျဆုံးသည့်အပြင် စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့သည်။

Read More...

ထိုင်း ဘလက်ဟော့ စစ်ရဟတ်ယာဉ်ပျက် မြိတ်အနီးတွေ့ဟုဆို

မျိုးသန့်
ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

အင်္ဂါနေ့မွန်းလွဲပိုင်းက ပျက်ကျသွားခဲ့သည့် ထိုင်းစစ်တပ်ပိုင် ဘလက်ဟော့ ရဟတ်ယာဉ်ကိုမြန်မာနိုင်ငံ မြိတ်မြို့အနီးတွင် တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းရတ် Thairath သတင်းဌာနက ရေးသားသည်။

ဘလက်ဟော့ ရဟတ်ယာဉ် NQ 24113 ကို ထိုင်းမြန်မာနယ်စပ်နှင့် တမိုင်ခန့်အကွာ မြိတ်မြို့အနီး မြန်မာတပ်ရင်း၁ဝ၁ အနီး
တွင် တွေ့ရှိကာ ရဟတ်ယာဉ်တွင်း သေဆုံးသူများ၏ အလောင်းများ ထိုင်းနယ်စပ်သို့ ပြန်သယ်ရန်မြန်မာအရာရှိများ၏ ညွှန်ကြားချက်များကို စောင့်ရန်လိုနေသေးသည်ဟု သတင်းတွင်ဖော်ပြသည်။

Read More...

Hot News အမှု SSC မရုပ်သိမ်းသေး

သဲသဲ
ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

Hot News ဂျာနယ်နှင့် အယ်ဒီတာချုပ် ဒေါ်မမ (ခ) ဒေါ်ဟေမာအား တရားစွဲထားသော ရန်ကုန်ရှိ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ SSC ခေါ် Shwe Gon Dine Specialist Centre မှ တာဝန်ရှိသူများအကြားဆွေးနွေးမှုများ ရှိခဲ့သော်လည်း အမှုကို ပြန်ရုပ်သိမ်း ရန် အကြောင်းကြားခြင်း မရှိသေးကြောင်း တရားလို SSC အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေတဦးဖြစ်သူ ရှေ့နေ ဦးရဲမြင့်က ပြောသည်။

“တွေ့တယ်ဆိုတာကိုတော့ သိတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာ ကျနော် မသိပါဘူး။ အမှုကြေအေးဖို့ကို ကျနော့်ဘက်ကို ဘာမှညွှန်ကြားမလာသေးလို့ ဒီအတိုင်းပဲ ဆက်သွားနေပါတယ်။ အမှုရုပ်သိမ်းဖို့က အကယ်၍ သူတို့တောင်းပန်တယ်ဆိုရင် ကျနော်တို့ စဉ်းစားသွားရမယ့် ကိစ္စပါ” ဟု ရှေ့နေဦးရဲမြင့်က ပြောသည်။

တရားစွဲဆိုမှုနှင့် ပတ်သက်၍ Hot News ဂျာနယ်က ဇူလိုင် ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် တရားဆိုင်သွားမည်ဟုပြောဆို ခဲ့ပြီး နောက်ပိုင်းတွင် သွားရောက် တွေ့ဆုံမှုမှု ဖြစ်ခဲ့ခြင်းဟု ယုံကြည်ရသည်။

Read More...

ICC အမြန်ရောက်လိုသူ အငြင်းပွားဖွယ်ရာ ဦးထူးထူးဟန်

ကိုပေါက်
ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICC သို့ တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို မြန်မာစစ်ရာဇ၀တ်ကောင်အဖြစ် ထုတ်ဖော်ဝန်ခံခဲ့ကြောင်း သြစတြေးလျ နိုင်ငံသားဖြစ်နေပြီး မိမိကိုယ်ကို စစ်ထောက်လှမ်းရေး ဗိုလ်ဟောင်းဟု ဆိုထားသူ ဦးထူးထူးဟန်က မဇ္ဈိမကို ပြောသည်။

၁၉၈၈ လူထုအုံကြွမှုအတွင်း အစိုးရဆန့်ကျင်ဆန္ဒပြသူ ၂၄ ဦးအား ကိုယ်တိုင်ပစ်သတ်ခဲ့ပြီး ၁၀၀ ကျော် သတ်ဖြတ်ရာ၌ ပါဝင် ခဲ့သည်ဟု ဦးထူးထူးဟန်၏ ၀န်ခံဖြောင့်ချက်များကို ကိုးကား၍ သြစတြေးလျနိုင်ငံ AAP သတင်းဌာနတွင် ဇူလိုင်လ ၁၈ ရက်နေ့ ကတည်းက ဖော်ပြပါရှိခဲ့ပြီး ဖြစ်သည်။

Read More...

လုမ္ဗနီ ဘာသာရေး လုပ်ငန်းစီမံကိန်း၊ တရုတ် ဒေါ်လာ ၃ ဘီလီယံ မြှုပ်နှံ

20 July 2011

ဗုဒ္ဓဘုရားရှင် ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က နီပေါနိုင်ငံ လုမ္ဗနီမြို့လေးတွင် ဖွားမြင်ခဲ့သည်။ ယခု တရုတ်အစိုးရက

Read More...

ထိုင်းစစ်ရဟတ်ယာဉ်တစီး မြန်မာ ဘက်ခြမ်းတွင် ပျက်ကျ

20 July 2011

Black Hawk အမျိုးအစားရှိ ထိုင်းစစ်ရဟတ်ယာဉ်တစ်စီး မြန်မာဘက်ကမ်းမှာ ယမန်နေ့က ပျက်ကျသွားကြောင်း ထိုင်းသ တင်းဌာနများတွင် ဖော်ပြထားသည်။

လေယာဉ်ပျက်ကျရာ၌ ထိုင်းအဆင့်မြင့် စစ်ဘက်အရာရှိ ၈ဦး အပါအဝင် ထိုင်းရုပ်သံလိုင်း (Channel-5)မှ ဗွီဒီယို သတင်း ထောက်တစ်ဦးလည်း ပါဝင်ကြောင်း ဘန်ကောက်ရှိ Bangkok Post သတင်းစာမျက်နှာတွင် ဖော်ပြပါရှိသည်။

၎င်းအဖြစ်အပျက်သည် ထိုင်း-မြန်မာနယ်စပ် ပက်ခ်ျဘူရီခရိုင်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် မြန်မာဘက်ကမ်း ထားဝယ် ခရိုင်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Read More...

တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ ဥရောပစိတ်မ၀င်စား

20 July 2011
စောခါးစူးညား

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဖြစ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအ ကြား စိတ်ဝင်စားမှု နည်းပါးသည့်အတွက် စိတ်ပျက်မိကြောင်း ဥရောပတိုက်တွင် မြန်မာ့အရေး လှုပ်ရှားနေသည့် ဗြိတိန်အခြေ စိုက် Burma Campaign-UK အဖွဲ့က ပြောကြားလိုက်သည်။

အဆိုပါအဖွဲ့၏ လှုံ့ဆော်ရေးမှူး နမ့်ဇိုယာဖန်းက “တိုင်းရင်းသားဒေသမှာ အစိုးရတပ်က ထိုးစစ်ဆင်တဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတောင်မှ အီးယူနိုင်ငံအများဟာ စိတ်ဝင်စားမှု နည်းတာကိုကြည့်ရင် ရင်လေး စရာပဲ။ သူတို့က အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံရေးအခင်းအကျင်းကိုပဲ ပိုအာရုံစိုက်ကြတယ်။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

KIA ဌာနချုပ်တွင် စစ်ရေးပြင်ဆင်

သန်းထိုက်ဦး
20 July 2011

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဌာနချုပ် လိုင်ဇာဒေသကို အစိုးတပ်များက ရက်ပိုင်းအတွင်း ၀င်ရောက် တိုက် ခိုက်မည် ဆိုသည့် သတင်း ထွက်ပေါ် နေသောကြောင့် မြို့လုံခြုံရေး ပို၍ တိုးမြင့်ထားသည်ဟု သိရသည်။

Read More...

ဦးခင်ညွန့် ပြန်လွတ်တော့မည်လော

လင်းသန့်
20 July 2011

စနေနေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်တော့မည့် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမှု အား အစိုးရသစ်က မည်သို့ ဆက်လက် ကိုင်တွယ်မည်ကို နိုင်ငံရေးလေ့လာသူများက စိတ်ဝင်စားနေကြသည်။

Read More...

လုပ်ငန်းခွင်ကြောင့် ဒဏ်ရာရသူ အမှုမလုပ်ရန် တရုတ်ကုမ္ပဏီ ဖိအားပေး

ခင်ဦးသာ
20 July 2011

ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းလုပ်ငန်းခွင်တွင် ယခုလဆန်းက ဒဏ်ရာပြင်းထန်စွာရရှိသွားသော အမျိုးသမီးတဦးအား တရုတ်ပိုင် China National Petroleum Corporation (CNPC) ကုမ္ပဏီမှ လျော်ကြေး ကျပ်သိန်း ၄၀ ပေးပြီး အမှုမလုပ်ပါဟု ခံဝန်ကတိဖြင့် ဖိအားပေး လက်မှတ်ထိုးခိုင်းကြောင်း သိရသည်။

ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသော အမျိုးသမီးသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်နေသော မဒေးကျွန်းပေါ်ရှိ ရွာမ ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မနုခင်သန်း ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် လုပ်ငန်းခွင်အနီးရှိ နေအိမ်တအိမ်၌ ရှိနေစဉ် လုပ်ငန်းခွင် မိုင်းခွဲရာမှ လွင့်စဉ်လာသော ကျောက်တုံးထိမှန်ရာမှ ခါးရိုးကျိုးပြီး အောက်ပိုင်းတပိုင်းလုံး လှုပ်ရှားမှု မပြုနိုင် တော့ ကြောင်း ၎င်းနှင့်ဆွေမျိုးတော်စပ်သူ တဦးက ဧရာဝတီကို ပြောသည်။

Read More...

Wednesday, July 20, 2011

၎ ဒီဂရီ ကွာဟချက်

20 July 2011

ကမ္ဘာပေါ်တွင် လူသားတွေ မရှိခင် နှစ်ပေါင်း ဆယ်သန်းလောက်က ကမ္ဘာကြီးသည် ယနေ့ ကမ္ဘာထက် ၄ ဒီဂရီ ခန့်ပို၍ ပူနွေးခဲ့သည်။ ကုလသမဂ္ဂ မှတ်တမ်းများအရ မျှော်မှန်းထားသည့် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုက ဤရာစု ကာလတွင်ပင် လေး ဒီဂရီ ပိုပူနွေးလာစေသည်။

မဲလ်ဘုန်း တက္ကသိုလ်တွင် ပြုလုပ်သည် ကာဗွန် အခွန်ကိစ္စ ကွန်ဖရန့်တက်ရောက်သည့် နိုင်ငံရေး သမားတွေက ပြဿနာ၏ အဖြေ ဖေါ်ထုတ်ကြမည်ဖြစ်သည်။ ယနေ့ထက် ၄ ဒီဂရီ ပိုပြီး ပူနွေးလာမည့် ကမ္ဘာကြီးမှာ ဘာတွေဖြစ်လာမည်နည်း။

Read More...

ထူးထူးဟန်၏စကား ယုံကြည်သူ နည်းပါး

20 July 2011
ရန်ပိုင်

မြန်မာနိုင်ငံတွင် အနည်းဆုံး လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည် ဟူသော သြစတြေးလျနိုင်ငံရောက် ကိုထူးထူးဟန် ဆိုသူ၏ မကြာသေးခင်က ပြောကြားချက်များကို ယုံကြည်ရန် ခက်ခဲသည်ဟု အများက ယူဆနေကြသည်။

Read More...

အပေါ်သို့