ဒီမိုကရေစီ လိုလားသော မြန်မာ့တပ်မတော် အရာရှိစစ်သည်များ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 21 ရက် 2009 ခုနှစ်
သို့
လေးစားအပ်တဲ့ …
အမေရိကန် သမ္မတကြီး၊ ပြင်သစ် သမ္မတကြီး၊ ဗြိတိန် ဝန်ကြီးချုပ်နဲ့ ဂျပန် ဝန်ကြီးချုပ်တို့ ခင်ဗျား။
ကျနော်တို့က ပြည်တွင်းရှိ ဒီမိုကရေစီ လိုလားတဲ့ တပ်မတော်သားတွေ ကိုယ်စား သူတို့ရဲ့ ဆန္ဒသဘောထားကို တင်ပြ ချင်ပါတယ်။
သမ္မတကြီးတို့ နိုင်ငံတကာအနေနဲ့ တပ်မတော်သား တွေကို ရက်စက် ကြမ်းကြုတ်သူတွေ၊ ဖိနှိပ်သူတွေ အဖြစ်နဲ့ အားလုံးကို သိမ်းကြုံး ပြီးတော့ စစ်အာဏာရှင်တွေ လိုပဲ ဖြစ်လိမ့်မယ်လို့ တသမတ်တည်း မမြင် မတွေး စေလိုပါဘူး၊ ဒါ့အပြင် ကျနော်တို့ တပ်မတော်သား အားလုံးကို စစ်အာဏာရှင်တွေ လိုပဲ ဒီမိုကရေစီ မလိုလားသူတွေ အဖြစ် သဘောမထား စေလိုပါဘူးလို့ ရှေးဦးစွာ ပြောကြားလိုပါတယ်။
အမှန်ကတော့ တပ်မတော်သား အများအပြားဟာ ဒီမိုကရေစီ လိုလားလို့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ တုန်းက စစ်တပ်တွေ အများအပြား အခြေစိုက်ထားတဲ့ မင်္ဂလာဒုံ၊ ဒဂုံ၊ မိတ္ထီလာနဲ့ မှော်ဘီမြို့နယ်တွေမှာ အတိုက်အခံ NLD ပါတီ အနိုင်ရခဲ့အောင် တပ်မတော် သားတွေဟာ တခဲနက် မဲပေးခဲ့ကြတဲ့ မှတ်တမ်းက သက်သေခံ ပြသခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ နှစ်ပေါင်း ၂၀ ကျော် တာဝန် ကျေခဲ့ပြီး ဖြစ်ရာ ဒုက္ခဆင်းရဲ ကျပ်တည်းမှု အကြား ပင်ပန်းနွမ်း နယ်နေကြလို့ ပြည်သူ အများစု အနေနဲ့ စစ်တပ်ပါမှ ဒီမိုကရေစီရမယ်၊ တနည်းပြောရရင် စစ်တပ် အတွင်းက ဒီမို ကရေစီ ဖော်ဆောင်မယ့်သူ ပေါ်ထွက်လာဖို့ လိုနေတယ်ဆိုတာ သဘော ပေါက်နေကြပြီ ဖြစ်ပါတယ်။ သမ္မတကြီး တို့က မြန်မာနိုင်ငံ အပေါ် ချမှတ်မယ့် မူဝါဒကို အခုအခါ သတ်မှတ်ခဲ့ရာမှာ နအဖနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံ သွားမယ် ဆိုတာမို့ သူတို့နဲ့ ဆက်သွယ် ဆောင်ရွက်ရာမှာ ထည့်သွင်းစဉ်းစား သုံးသပ်နိုင်ဖို့ အထောက်အကူ ရအောင် မြန်မာ့နိုင်ငံရေး သမိုင်း အစဉ်အလာ၊ စစ်တပ်ရဲ့ သဘော သဘာဝ၊ စစ်အာဏာရှင်ရဲ့ အကျင့်စရိုက် သွင်ပြင် လက္ခဏာတို့ကို ထည့်သွင်း ဖော်ပြ သွားပါမယ်။
မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ခြုံငုံတင်ပြရရင် ဦးဆောင်မှု ကောင်းတဲ့ ခေါင်းဆောင်တွေဟာ စစ်ရေးကို အခြေခံတဲ့ နိုင်ငံရေး မဟာဗျူဟာ ချမှတ်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကို တိုက်ယူမှ ရတယ်ဆိုတဲ့ မဟာဗျူဟာကို လက်ခံခဲ့လို့ ဟင်္သာတ မြို့ပိုင်က သူ့ကို ဆုငွေထုတ်ပြီး ဝရမ်းထုတ် ဖမ်းခိုင်းတာကို အဖမ်းမခံဘဲ ဂျပန်နဲ့ ပူးပေါင်းပြီး စစ်တပ်ဖွဲ့လို့ အင်္ဂလိပ်ကို တော်လှန်ခဲ့ပါတယ်။
တဖန် အင်္ဂလိပ်ပြန်ဝင်လို့ တပ်မတော်က ထုတ်လိုက်ရတဲ့ ပြည်သူ့ ရဲဘော်တွေကို စစ်တပ်ရဲ့ အရန် အင်အားအဖြစ် စုစည်းထားပြီး “ရရင်ရ၊ မရရင်ချ” ဆိုတဲ့ စစ်ရေးအင်အားနဲ့ ဖိအား ပေးခဲ့တာမို့ လွတ်လပ်ရေးကြီးကို ရရှိလာတာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးတော့လည်း မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း အချိန် တော်တော်များများဟာ စစ်ရေးအရ အငွေ့အသက် မကင်းတဲ့ နိုင်ငံရေး အခင်းအကျင်း ရှိခဲ့ပါတယ်။
တပ်မတော်ရဲ့ သဘာဝကို ပြောရရင် ကြိုးနီစနစ် ထိန်းချုပ်မှု၊ စိစစ် ဖြတ်တောက်မှုတွေနဲ့ လူ့ အခွင့်အရေးကို မဆို ထားနဲ့၊ စစ်တပ်ရဲ့ စစ်သည် တယောက်ချင်း ပြဋ္ဌာန်းထားတဲ့ ကိုယ်ပိုင် ရပိုင်ခွင့်နဲ့ ခံစားခွင့် တွေကိုတောင် နိုင့်ထက်စီးနင်း လုပ်နေတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ စစ်တပ်အတွင်း တပ်မတော်ထဲမှာ အဲဒီလို ဖိနှိပ် ညှဉ်းဆဲ ခံရမှုနဲ့ နိုင့်ထက်စီးနင်း လုပ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ရင် အရပ်သား ပြည်သူမပြောနဲ့ ဘေးချင်းကပ်နေတဲ့ တပ်အချင်းချင်း တွေတောင် သိခွင့် မရှိပါ။
တပ်မတော်ရဲ့ ဆက်သွယ်ရေးစနစ်ကို ရှင်းပြရရင် တပ်တွေဟာ သူတို့ရဲ့ ဆက်သွယ်ရေး စက်တွေမှာ အသီးသီး သတ်မှတ် ထားရှိတဲ့ Channel လိုင်းကိုသာ ဝင်ရပြီး လိုအပ်မှသာ ဘုံသုံးလို့ ရတဲ့ လိုင်းကို ညွှန်ကြားချက် အရ ဝင်ရပါတယ်။ (ကကဆက်) ရဲ့ ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်း အရ သတ်မှတ်ထားတဲ့ အထက်ဌာနသို့သာ ဝင်ရပြီး ခွင့်ပြုချက် မရှိတဲ့ တခြားတပ်တွေရဲ့ Channel လိုင်းကို ဝင်ပြောလို့ လုံးဝမရပါ။ သဘောက တပ်အချင်းချင်း ဘာဖြစ်နေတယ် ဆိုတာ လွယ်လွယ်နဲ့ မသိနိုင်ပါ။
စစ်အာဏာရှင် ဦးနေဝင်းလက်ထက်က ဦးနေဝင်းဇနီးရဲ့ အနီးကပ် ဖြစ်တဲ့ အိမ်ကနေ ကိုယ်ရေး အရာရှိ P.A ဗိုလ်ကြီး ကျော်စွာမြင့်ဟာ နယ်စပ်ကို ထွက်ပြေးပြီး အမေရိကားကို ရောက်သွားကြောင်း သိရပါတယ်။ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရဲ့ P.A ဗိုလ်ကြီး အုန်းကျော်မြင့် ကျတော့ စစ်အာဏာရှင် စနစ်ကို မကြိုက်ဘဲ ဒီမိုကရေစီ လိုချင်လို့ ပုန်ကန် ခဲ့ပါတယ်။
သူဟာ အဆင့်မြင့် တပ်မှူးကြီးတွေကို စည်းရုံးနိုင်ခဲ့ ပေမယ့် သစ္စာဖောက် ဗိုလ်မှူးချုပ် တယောက်ကြောင့် သတင်း ပေါက်ကြား သွားပြီး အခြေအနေ မကောင်းလို့ အမေရိကန် သံရုံးမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းဆို ခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါကြောင့် သူဟာ ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်း ခံရပြီး မသေမချင်း ကြိုးမိန့်ပေး အသတ် ခံခဲ့ရပါတယ်။ အဲဒီတုန်းက တပ်မတော် အတွင်းမှာ တော်တော်လေး တုန်ခါ သွားခဲ့ ဖူးပါတယ်။ အမေရိကန်နိုင်ငံ ကသာ သူ့ကို ပြတ်ပြတ်သားသား ကူညီခဲ့မယ် ဆိုရင် အဲဒီကတည်းက မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းခဲ့လေ မလားလို့ တွေးမိပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရှင်ဖြစ်လာတဲ့ အချိန် ကာလမှာ “နိုင်ငံ့ ကောင်းကျိုးကို ရှေးရှုပြီး ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ကြဖို့” ဆရာတော်ကြီးတွေရဲ့ မေတ္တာရပ်ခံ တိုက်တွန်းထားတဲ့ စာကို တပ်မတော်အရာရှိ ဗိုလ်ကြီးဝင်းဘိုဟာ အာဏာပိုင်တွေဆီ ပို့ဆောင် ပေးခဲ့လို့ အရေးယူခံခဲ့ ရပါတယ်။ သူဟာ မော်လမြိုင် ထောင်မှာ နှိပ်စက် ညှဉ်းပန်းခံရပြီး သေဆုံးခဲ့ပါတယ်။ နှိပ်စက် ညှဉ်းပန်းပုံက သူ့ရဲ့လည်ပင်းကို အာဏာပိုင်တွေက ခြေထောက်နဲ့ နင်းပြီး သူ့ရဲ့ ပါးစပ်ကနေ အမျိုးသမီး တွေလို “ရှင်” လို့ အတင်းအကျပ် အော်ခိုင်းတဲ့ အထိ နှိပ်စက် သတ်ဖြတ် ခဲ့ပါတယ်။ ဒါကြောင့် သမ္မတကြီးတို့ရဲ့ တွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုမှုဟာ အဲဒီခေတ် အချိန်ကာလ တုန်းက အတိုက်အခံ အဖွဲ့ အားကောင်း နေချိန် မှာတောင် အလုပ် မဖြစ်ခဲ့ကြောင်း သုံးသပ်နိုင်ဖို့ ဖြစ်ပါတယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စရိုက်လက္ခဏာကို ပြောရရင် သူ့ရဲ့ စိတ်သဘောထားဟာ လျှို့ဝှက် သိမ်မွေ့ နက်နဲပြီး ပြောင်းလွယ် ပြင်လွယ်မို့ ခန့်မှန်းရ ခက်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ သူ စတင် အာဏာရ လာလာချင်း စီမံကိန်းနှစ်ခုကို ရေးဆွဲ ခိုင်းပါတယ်။ အဲဒါတွေကတော့ Rocketry System ဒုံးလက်နက်တွေ တည်ဆောက်ရေး စီမံကိန်းနဲ့ အနုမြူလက်နက် ပိုင်ဆိုင်ရေး စီမံကိန်း ဖြစ်ပါတယ်။ ဒုံးလက်နက်တွေ တည်ဆောက်ရေး စီမံကိန်း အရ တာဝေးနဲ့ တာလတ်ပစ် - မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေ၊ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်များနဲ့ ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေဆိုပြီး ၃ မျိုး ပါဝင်ပါတယ်။
ရန်ကုန် အကြီးစား စက်ပစ္စည်းလုပ်ငန်း - ကပစ ၄ ကနေ ဒီဇိုင်းနာ ပညာရှင်တွေကို ပုံစံတွေ ရေးဆွဲခိုင်းပြီး တင်ပြ စေရာ ၁၉၉၃ ခုနှစ်မှာ စီမံကိန်းတွေကို အတည်ပြု အမိန့် ပေးခဲ့ပါတယ်။ ဒုံးကျည် စီမံကိန်းကို အရှိန်အဟုန်မြှင့် လာရတဲ့ အကြောင်းရင်း ကတော့ မြန်မာနိုင်ငံကို ကျူးကျော်လာခဲ့တဲ့ ထိုင်းနိုင်ငံက F – 16 ခေတ်မီ ဂျက်တိုက် လေယာဉ်ကို ဦးစွာ ပစ်ချနိုင်ဖို့ ဖြစ်ပြီး မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်ကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။
ဒီ့ထက်ပိုပြီး မှန်းတာက အမေရိကန် အခြေစိုက် စခန်းတွေ ရှိကြတဲ့ ထိုင်းနဲ့ ထိုင်ဝမ်၊ ဖိလစ်ပိုင် တို့ကို အနုမြူလက် နက်နဲ့ ပူးတွဲပြီး လှမ်းပစ်နိုင်တဲ့ ဒုံးကျည်နဲ့ ပိုမို ခြိမ်းခြောက် နိုင်အောင် အဲဒီ ဒုံးကျည်ကို စမ်းသပ်နိုင်ဖို့ ဖြစ်ပါတယ်။ လေကြောင်းကာကွယ်ရေး အခြေစိုက် စခန်းတွေကို ထိုင်းနိုင်ငံရှိ အမေရိကန် စခန်းတွေကို ပစ်လို့ရတဲ့ အကွာ အဝေးဖြစ်တဲ့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် ဧရိယာအတွင်း တောင်တန်းတွေပေါ်မှာ ရုရှားပညာရှင် တွေနဲ့ အတူ တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။
စီမံကိန်း ပညာရှင်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ ကိုတော့ ရုရှား၊ ယူကရိန်း၊ စင်္ကာပူ၊ မြောက်ကိုးရီးယား နိုင်ငံ တွေကနေ ပညာရှင်တွေကို အဓိကထား ခေါ်ယူ ခိုင်းခဲ့သလို တောင်ကိုးရီးယား ပညာရှင်တွေနဲ့ တရုတ်နိုင်ငံက ပညာရှင်တွေကိုလည်း အခါအားလျော်စွာ ခေါ်ခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ဟာ ရန်သူနိုင်ငံတွေ ဖြစ်နေတာမို့ ဆက်သွယ် လုပ်ကိုင်နေမှုကို တဖွဲ့နဲ့ တဖွဲ့ မသိအောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လျှို့ဝှက် ခွဲထုတ်ထားပါတယ်။
မြောက်ကိုရီးယား ပညာရှင်တွေကို တပ်မတော် ဧည့်ဂေဟာတွေမှာ တည်းခိုဖို့ မထားဘဲ အိုးအိမ် ဦးစီးဋ္ဌာနပိုင် သာကေတ အေးနန္ဒာ အိမ်ယာ လုံးချင်း တိုက်ခန်း နှစ်လုံးမှာ လျှို့ဝှက် သီးသန့် ထားဖို့ စီစဉ် ခိုင်းခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တရားဝင် သံတမန် ဆက်သွယ်မှု မရှိခင်က တရုတ်နိုင်ငံ နယ်စပ် ကုန်းတွင်းပိုင်းက တဆင့် လူမှောင်ခို သွင်းပြီး ခေါ်ယူခိုင်းခဲ့ ပါတယ်။ လက်နက်ခဲယမ်း ဝယ်ယူရာမှာ စီးပွားရေး ပိတ်ဆို့ထားလို့ ငွေပေး ငွေယူ ရှင်းတမ်း ပြုလုပ်ရာမှာ စိုးမင်းထိုက် ကုမ္ပဏီကို ကြားခံထားပြီး မြောက်ကိုရီးယားနဲ့ ကုန်ဖလှယ်တဲ့ စနစ် Barter System နဲ့ ကစားသွားပါတယ်။
တောင်ကိုးရီးယားရဲ့ ဒေဝူးကုမ္ပဏီဟာ အရေးပါတဲ့ ဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ခွင့် အခွင့်အရေးကို ရသွားခဲ့တာ ဟာလည်း စစ်တပ်ရဲ့လက်နက် ခဲယမ်း ပစ္စည်းတွေကို ဓာတ်ငွေ့ ထုတ်လုပ်ရေး ပစ္စည်းတွေ သယ်ယူရေး အကြောင်းပြပြီး အကာအကွယ်ယူ ရောနှော သယ်ဆောင် ခိုင်းချင်လို့သာ ဖြစ်ပါတယ်။
ဒုံးကျည်လက်နက် တည်ဆောက်ရေး စီမံကိန်းကို မကွေးတိုင်း၊ အထက် မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာ နေရာရှိ ကပစ (၁ဝ) မှာ အဓိက ဗဟိုပြုပြီး ဒုံးကျည် တည်ဆောက်ရေး အပြင် လိုအပ်သလို ပစ်ခတ်နိုင်တဲ့ guided missile ဒုံးလက်နက် စနစ် ဝယ်ယူရေး အစီအမံတွေလည်း ပါဝင်လာခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ် လက်နက် အင်အား တိုးချဲ့ရေး မဟာ စီမံကိန်းရဲ့ ဒုတိယ အဆင့် ဖြစ်တဲ့ နျူကလီးယား လက်နက်တွေ ဘာကြောင့် ပိုင်ဆိုင်ချင်တယ် ဆိုတာရယ်၊ ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေ အတွက် အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ် အကြောင်းတွေကို လူကြီးမင်းတို့ကို ဆက်လက် တင်ပြသွားပါမယ်။
လေးစားစွာဖြင့်
ဒီမိုကရေစီ လိုလားသော မြန်မာ့တပ်မတော် အရာရှိစစ်သည်များ
Ref: မဇ္ဈိမ
Read More...
Collapse...
■ ဆရာတော် (၂) ပါး အရိုက်ခံရမှု အာဏာပိုင်များ အရေးယူခြင်း မရှိသေး သတင်း
■ ရန်ကုန်မှ ဘုရားဖူးသံဃာတပါး ဗုဒ္ဓဂယာမှာ ပျံလွန်တော်မူ သတင်း
■ ဖုန်ကျားရှင် ပြန်လည်ထိုးစစ်ဆင်မည်ဟု သတင်းထွက်ပေါ်နေ သတင်း
■ ကေအန်ယူနှင့် ဒီကေဘီအေ ပဏာမအဆင့် ဆွေးနွေးပွဲ ပြီးစီး သတင်း
■ အလုပ်သိပ်များတဲ့ ခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်မောင်အေး ဆင်ဆာဖြတ်ခံရသလား သတင်း
■ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံအရာရှိတွေ ပြောဆို သတင်း
■ အခြေခံဥပဒေကြောင့် ပြည်တွင်းစစ် ထပ်မဖြစ်လိုဟု မွန်ပြည်သစ် ပြောကြား သတင်း
■ ကချင်ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့မည် သတင်း
■ ပါတီညီလာခံခေါ်ယူရန် အချိန်မတန်သေးဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ် သတင်း
■ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း နစကမှ ပြောဆို၊ နယ်စပ်ဆူပူအောင် ဘင်္ဂလား မီဒီယာများမှ ဆွပေးနေဟု စွပ်စွဲ သတင်း
■ ကြပ်ပြေးဆောက်လုပ်ရေး အကြွေးဆပ်ရန် ကျိုင်းတုံကားလေလံပွဲ ၀ တပ်ဖွဲ့ အများဆုံးဝယ် သတင်း
■ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ သွားရောက်ဆွေးနွေးရန်ရှိ သတင်း
■ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆီသို့ ဦးတည်နေသည့် အမေရိကန်အစိုးရ သတင်း
■ မြန်မာ့လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ရဆဲ သတင်း
■ ကုလသမဂ္ဂကိုယ်စားလှယ်တွေ မြန်မာ့အရေး ရှင်းလင်း သတင်း
■ ၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးကို ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ သတင်း
■ လူငယ် (၅) ဦးကို အသင်းအဖွဲ့ပုဒ်မနဲ့ ထောင်ဒဏ် (၅) နှစ်စီ ချမှတ် သတင်း
■ ကလေးစစ်သားတဦး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိ သတင်း
■ အရိုက်ခံရသူ ထောင်ချခံရပြီး နောက်ထပ်အမှုပါ ရင်ဆိုင်နေရ သတင်း
■ ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားတာဝန်ကျ ရဲအား စစ်ဗိုလ်က သေနတ်ဖြင့်ပစ် သတင်း
■ မလေးရှားရှိ မြန်မာသတင်းဂျာနယ်များ သံရုံးဖိအားကို ရင်ဆိုင်နေရ သတင်း
■ အာဆီယံလူ့အခွင့်အရေးကော်မရှင်နဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲ စ သတင်း
■ အာဆီယံထိပ်သီးများနှင့် တွေ့ဆုံမည့်အစီအစဉ် မခင်ဥမ္မာ ပယ်ချခံရ သတင်း
■ အာဆီယံ ထိပ်သီးအစည်းအဝေး တက်မည့် လူထုအခြေပြုအဖွဲ့ ကိုယ်စားလှယ်များ ပယ်ချခံရ သတင်း
■ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာ ကုလအထူးကိုယ်စားလှယ် တင်ပြ သတင်း
■ ကင်တာနား မြန်မာနိုင်ငံကို တတိယအကြိမ် လာဦးမည် သတင်း
■ မြင်းခြံက ဖမ်းဆီးခံရသူတွေ အခြေအနေ မိသားစုကို အကြောင်းမကြား သတင်း
■ ၀ိနည်းနှင့် မကိုက်ညီသည့် သင်္ကန်းဟောင်းများ ရောင်းချ သတင်း
■ ငွေပေးနိုင်သူများကိုသာ ထက်မြက်ထူးချွန်ဖြေရန် ရွေးချယ် သတင်း
■ မြေတိုင်းဌာနနှင့် မယက မြေတိုင်းသည့်အပေါ် မြို့ခံများ မကျေနပ် သတင်း
■ ရိက္ခာရှားပါး ချင်းပြည်သူများအတွက် ရန်ပုံငွေရှာ ဂီတပွဲ ကျင်းပမည် သတင်း
■ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ခွင့် လိုင်စင်လျှောက်ရမည် သတင်း
■ သူ … ပန်းချီဆွဲနေတယ် (ဆောင်းပါး)
■ မျက်စိလည်ရင် လမ်းပျောက်သွားလိမ့်မယ် (ဆောင်းပါး)
■ အမေရိကန်စီးပွားရေး တစေ့တစောင်း (ဆောင်းပါး)
Read More...
Collapse...
■ ပါတီညီလာခံခေါ်ယူရေး NLD ခေါင်းဆောင်ပိုင်း ပယ်ချ သတင်း
■ ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးကို အသိအမှတ်ပြုသင့်ကြောင်း KIO ပြောဆို သတင်း
■ ရန်ကုန်မြို့လယ် သုံးရေပြတ်၊ ပြဿနာရင်းမြစ်ကို အစိုးရ မကြေညာ သတင်း
■ အမေရိကန်က မြန်မာပြည်သို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်မည် သတင်း
■ ဗီယက်နမ်တိုးတက်မှု စစ်အစိုးရ အားကျ သတင်း
■ ဗီယက်နမ်-မြန်မာ ကာကွယ်ရေး သဘောတူစာချုပ် ချုပ် သတင်း
■ သုံးရောင်ခြယ် ကိုစိန်လှိုင်တို့အမှုတွဲ ယနေ့ ထပ်မံ စစ်ဆေး သတင်း
■ အောင်လံမြို့နယ်က တောင်သူ ကိုဌေးအောင်ကို ထောင် (၂) နှစ်ချ သတင်း
■ ရွာအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ သတင်း
■ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ပြဿနာကို မောင်းတောတွင် ဆွေးနွေး သတင်း
■ မြန်မာအစိုးရ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် ဗီဇာကြေး လျှော့ချ သတင်း
■ နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ သတင်း
■ ဦးတေဇ ပုဂံ FM လွှင့်မည် သတင်း
■ စစ်အစိုးရက အပစ်ရပ်အဖွဲ့တို့အား ဖဲ့ထုတ်ဖြိုခွဲနေကြောင်း လေ့လာသူများ ပြောကြား သတင်း
■ ကေအန်ယူနှင့် ဒီကေဘီအေ သဘောတူညီမှု မရရှိ သတင်း
■ NDA-K အတွက် တပ်နေရာများ သတ်မှတ်ပြီးစီး သတင်း
■ အမေရိကန်ရဲ့ မြန်မာမူဝါဒသစ် လွှတ်တော်အမတ်တွေ စောင့်ကြည့်သွားမည် သတင်း
■ EU သံတမန်များ၏ အချက်အလက်ရှာ ခရီးစဉ်တွင် ကြံ့ဖွံ့နှင့်လည်းတွေ့ သတင်း
■ မြန်မာနိုင်ငံ ကမ္ဘာ့အကျင့်ပျက်ခြစားမှု အဆိုးဆုံး စာရင်းဝင်ဖြစ်ဆဲ သတင်း
■ ကနေဒါ လွှတ်တော်အမတ် လာရီဘက်ဂ်နယ်လ်နဲ့ အင်တာဗျူး သတင်း
■ အီရန် နျူကလီးယားပြဿနာ ဖြေရှင်းရေး IAEA အဆိုပြု သတင်း
■ ပူတာအိုခရိုင်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာ သတင်း
■ လယ်ယာမြေတာဝန်ကျ မပခလက်အောက်ခံ စစ်သားများ ဂိတ်ကြေးကောက်၊ မြေငှားရမ်းကာ စီးပွားရှာနေ ကြ သတင်း
■ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် (ဆောင်းပါး)
■ မြန်မာထိပ်သီးစစ်ခေါင်းဆောင်က ရှုမြင်သည့် သခင်နှင့်ကျွန် ဆက်ဆံရေးသည် စစ်ဘုရင်စနစ်၏ အစိတ်အ ပိုင်းတခုသာဖြစ် (ဆောင်းပါး)
■ အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ် (ဆောင်းပါး)
■ ကလေးအခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း (၁) (ဆောင်းပါး)
Read More...
Collapse...
22 October, 2009
ကချင်ပြည်နယ်တွင် သစ်သူခိုးတရုတ်များနှင့် ကိုယ်ကျိုးရှာ မပခတိုင်းမှူး အဆက်ဆက် အကြောင်းများ
ပြည်တွင်းမှ စစ်ဖက်နဲ့နီးစပ်သူ (ကချင်ပြည်နယ် တောစောင့်နတ်)
တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ သဘာဝ သစ်တော များမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေကြတာ အခုဆိုရင် ဆယ်စုနှစ် တစ်ခု မက ကြာမြင့် ခဲ့ပါပြီ။ အဲဒီလို ခိုးထုတ်နိုင်အောင် မြန်မာစစ်တပ်က တိုင်းမှူး အပါအ၀င် ထောက်လှမ်းရေး တပ်မှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ သာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ၊ ရဲ၊ ဌာနဆိုင်ရာ၊ သစ်တောဌာန စတဲ့ တာဝန်ရှိသူ အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်း ပါဝင် ပတ်သက် ခဲ့ကြပါတယ်။
န၀တ အစိုးရတက်လာပြီး ၁၉၉၃ ခုနှစ်လောက်က စလို့ တရုတ်တွေဟာ မြန်မာပြည် နယ်စပ် ကချင် ပြည်နယ်မှာ ရှိတဲ့ ကျွန်းသစ် တွေကို အကြီးအကျယ် စတင်ခိုးယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလ တုံးက တရုတ်နိုင်ငံမှ ထုတ်တဲ့ ကျွဲချို ထော်လာဂျီတွေ စပေါ်လာတော့ ထော်လာဂျီနဲ့ တင်လို့ရမဲ့ အရွယ်လောက် ကျွန်းတုံးတွေကို တောထဲမှာ ဖြတ်တောက် ခွဲစိတ်ပြီး အကောင်းဆုံး သစ်သားတွေကိုသာ တရုတ်ပြည်ဘက် တင်သွားကြတာပါ။ တပ်မတော်က စစ်ကြောင်းနဲ့ ထွက်ပြီး ဖမ်းရင်လည်း မကောင်းလို့ တောထဲမှာ လွှင့်ပြစ် ထားခဲ့တဲ့ အတိုအစ လောက်သာ အဖမ်းပြပြီး သစ်အကောင်းတွေနဲ့ ကုန်သည်တွေကိုတော့ လွှတ်ပေးပြီး ငွေယူ ပြန်ခဲ့ကြတာ ပါဘဲ။
အဲဒီလိုနဲ့ မြန်မာ့သစ်တောထဲမှာ သစ်ခိုးယူမှုဟာ အဆမတန် များပြား လာလိုက်တာ ပွဲတော်ကြီး တစ်မျှ ပါပဲ။ ၁၉၉၅ ခုနှစ်မှာ ဗန်းမော် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)နဲ့ ပေါင်းပြီး ခိုးတဲ့ သစ်သူခိုး တရုတ်တွေရဲ့ ကားအုပ်စုကြီးကို မြစ်ကြီးနားဖက်မှ တိုင်းစစ်ဌာနချုပ် မပခ အုပ်စုက ဖမ်းထည့်လိုက်တာ (အဝေမတည့်တာလား ဗန်းမော် ဒကစနဲ့ ဂွင်ရိုက်ထားတာ မသိလို့လား မသိဘူး) ပြဿနာ အကြီးအကျယ် တက်သွားကာ အဲဒီခေတ်က ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သွားရှင်းရတာ၊ သစ်ခိုးကားတွေက အစီး တစ်ရာတောင် ကျော်ပါရောလား။ တရုတ်တွေလည်း အယောက် တစ်ရာကျော် ပါတယ်။
အဲဒီနောက်တော့ နဲနဲငြိမ်သလို ရှိလိုက် သစ်ခိုးမှုတွေ ပြန်ပေါ်လာ လိုက်နဲ့ ဖြစ်နေပြီး ဗန်းမော်မှာလည်း ဒကစ မထားတော့ပဲ စကခ (၂၁) ပြောင်းထိုင် လိုက်ပါတယ်။ ဒကစက ပြဿနာအကြီးအကျယ် တက်ပြီး နောက်ပိုင်းမှာ ထောက်လှမ်းရေးက တန်ခိုး ထွားလာပြီး သစ်သူခိုးတွေဟာ ထောက်လှမ်းရေးနဲ့ ပေါင်းကာ ပိုမို အတင့်ရဲစွာ လုပ်လာ ပါတော့တယ်။ ထောက်လှမ်းရေးက သတင်းအရ စုပေါင်း အဖွဲ့နဲ့ ဖမ်းမယ်ဆိုပြီး ရဲ၊ သစ်တော၊ မယက၊ တပ်တို့ကို ဖွဲ့ပြီး ဖမ်းခိုင်းပါတယ်၊ တကယ်က သူတို့ သတင်းအရသာ သွားလာ လှုပ်ရှားရပြီး သူတို့ကတော့ တကယ် ခိုးထုတ်တဲ့ အဖွဲ့နဲ့ပေါင်းကာ လမ်းကြောင်း လွှဲထားပါတယ်။ အဲဒီ အဖွဲ့ကတော့ သူကိုယ်သူ ခင်ညွှန့် မွေးစားသား ဆိုပြီး သတင်းလွှ့င် ခဲ့တဲ့ စိုးမင်းပိုင် ဆိုသူ ဖြစ်ပြီးတော့ ထောက်လှမ်းရေး (၈) တပ်မှူးကတော့ ဗိုလ်မှူး မင်းလွင် ဆိုသူ ဖြစ်ပါတယ်။
မင်းလွင်ကတော့ ခင်ညွှန့်ပြုတ်ပြီး ကကလှမ်းက လူတွေ အပြစ်ပေးတဲ့ အထဲမှာ ပါသွားပါတယ်။ စိုးမင်းပိုင်ကတော့ မင်းလွင်တို့ အခြေအနေ မကောင်းတာ ကြားတာနဲ့ တရုတ်ပြည်ဘက်ကို တိမ်းရှောင် သွားပါတယ်။ အဲဒီနှစ်လောက်က တိုင်းမှူးဟာ ဗိုလ်ချုပ် မောင်မောင်ဆွေ ဖြစ်ပါတယ်။ သူကလည်း အေးတိအေးစက်နဲ့ ဆိုပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။ ဒေသ ဖွံဖြိုးရေးအတွက် ဆိုပြီး သစ်သယ်ယူခွင့် တွေကို ပယက မှ စာနဲ့တရားဝင် သဘောမျိုး ခွင့်ပြု လာခဲ့ပါတယ်။ ဒေသအတွင်းရှိ ကျေးရွာ စာသင်ကျောင်းများ အမည် ခံ၍သော်၎င်း၊ အပစ်အခတ်ရပ် အဖွဲ့များ အတွက်သော်၎င်း နာမည်အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးပြပြီး ခွင့်ပြု လာခဲ့ပါတယ်။ အလကားတော့ မဟုတ်ပါ။ ပယက ရန်ပုံငွေအဖြစ် သစ်တစ်တန်ကို ကျပ်၂၀၀၀၀ိ/ နှုန်း ကောက်ခံတာ ဖြစ်ပါတယ်။
ပြီးတော့ ဒီတိုင်းမှူးက စာတော့နဲနဲတတ်ဟန် တူပါတယ်။ ကျွန်းကိုတော့ စာဖြင့် တရားဝင် ခွင့်ပြုခြင်း မရှိပါဘူး။ သစ်မာကိုသာ ခွင့်ပြုပါတယ်။ အဲဒီအခါ ကချင်ပြည်နယ်မှာ ပိတောက်ပွဲတော်/ တမလန်း ပွဲတော်ကြီးကို ဒေသခံများရော တရုတ်များရော ကချင် ငြိမ်းချမ်းရေး များပါ သူ့ထက်ငါ ဦးအောင် အလုအယက် ပါဝင် ဆင်နွဲ ပါတော့တယ်။ စစ်တိုင်းရဲ့ ခွင့်ပြုစာ ပါလာတော့ သစ်မာသာမက ကျွန်းကိုပါ ရောယောင် ခုတ်လှဲ ထုတ်ယူလာပြီး ဒေသခံ/ တိုင်းရင်းသားများ သာမက တရုတ်လူမျိုး အစစ်တွေပါ မြန်မာပြည်ထဲ ၀င်လာကာ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ထင်သလို ခိုးယူပါတော့တယ်။
ကချင်ငြိမ်းချမ်းရေးကလည်း သစ်ကွက်များကို ဧရိယာ အလိုက် ရောင်းစား ပါတော့တယ်။ အဲဒီနှစ်၂၀၀၂ ကူမင်း ကုန်စည်ပြပွဲ လုပ်တော့ မြန်မာဘက်က သွားတဲ့ အဖွဲ့မှာ အဲဒီအချိန်က စီးပွား/ကူးသန်း ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းလည်း ပါသွားရာ ဒေသ လေ့လာရေးအဖြစ် ကူမင်း အနီးတ၀ိုက်က ရင်ကျန်း၊ ထိန်ချုံး၊ လိုင်ဇာဘက် သွားလည်ရာမှ မြန်မာဘက်က ခိုးထုတ် သယ်ယူစုပုံထားတဲ့ ကျွန်း၊ ပိတောက်၊ တမလန်းသစ်တွေကို တန်ချိန် သောင်းဂဏန်း နီးပါး တွေ့ရတဲ့အတွက် VIDEO ရိုက်ယူသွားပြီး နေပြည်တော်က သစ်တော ၀န်ကြီးနဲ့ ဗိုလ်သန်းရွှေတို့ကို တင်ပြနိုင်ခဲ့ရာ တရုတ်မြန်မာ နယ်စပ်က သစ်ခိုးမှုကြီးဟာ လည်း မပခတိုင်းမှူး ဘယ်လိုမှ မဖုံးထား နိုင်တော့ပဲ ပေါ်လာရပါတော့တယ်။
သစ်တောရေးရာ ၀န်ကြီးဖြစ်ခါစ ဗိုလ်မှူးချုပ် သိန်းအောင်ကလည်း အစွမ်း ပြချင်နေလေတော့ ကချင်ပြည်နယ်က သစ်ခိုးမှုတွေကို ဖမ်းဆီးဖို့ စတင်ပါလေတော့တယ်။ မပခတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေ ရိပ်မိတော့ တိုင်းမှူးက ဒေသ ဖွံဇြိုးရေးအတွက် သူ့ရဲ့ တိုင်းထဲမှာ တိုင်းအစီအစဉ်နဲ့ ပုဂ္ဂလိက သစ်ထုတ်ခွင့် တန်၂၀၀၀၀ကို ရအောင် လေးလပါတ် အစည်းအဝေးမှာ တောင်းပါတော့တယ်။ အဲဒါနဲ့ သစ်ထုတ်ခွင့် ရသွားခဲ့ပါတယ်။ သို့သော်လည်း သစ်တော ၀န်ကြီးက လက်ဦးမှု ရယူပြီး ကချင်/ရှမ်းမြောက် ဒေသထဲက သစ်ခိုးမှုတွေကို ဖမ်းလိုက်တော့ တိုင်းမှူရဲ့ ပုဂ္ဂလိက သစ်ထုတ်ခွင့်ဟာ စာရွက်ရောင်းပြီးတဲ့ အဆင့်မှာပဲ ရှိခဲ့ပါသေးတယ်။
ဒါကြောင့် တိုင်းမှူးရဲ့  သစ်ထုတ်ခွင့်စာရွက် ၀ယ်လိုက်တဲ့ ဒေသခံ တွေရော/ ကချင် အပစ်ရပ် အဖွဲ့တွေရော မိအေးနှစ်ခါနာ ဖြစ်ကုန် ကြပြီး မကျေမနပ် ဖြစ်ကုန်ကြပါ တော့တယ်။ အကြောင်းကတော့ သစ်ထုတ်ခွင့် စာရွက်ကိုလည်း တစ်တန်နှစ်သောင်း ပေးဝယ်ရတယ်။ သစ်ခုတ်ခွင့် ရအောင်လည်း စစ်ဗျူဟာမှူး အပါအ၀င် ဒေသခံ သစ်တော/ သစ်လုပ်ငန်းကို ပိုက်ဆံ ပေးထားရလို့ ပါပဲ။ စာရွက် မ၀ယ်ခင်က သစ်ခုတ်ထားတာ ဖြစ်လို့ သစ်ကတရားမ၀င် ခုတ်ထားလို့ပါ။ အဲဒီအချိန်က မပခ လက်အောက်ခံ မိုးမိတ် ဗျူဟာမှူးက ဗိုလ်မှူးကြီး အောင်ညွှန့်ပါ၊ ယခုတော့ ပုံနှိပ်နဲ့စာနယ်ဇင်း ဦးဆောင် ညွှန်ကြားရေးမှူးပါ။ သိရသလောက်တော့ မိုးမိတ် ဗျူဟာအောက်မှာ ပါတဲ့ မံစီနယ်ထဲက မံဝိန်း/ ပါခမ်း/ ဘလောင်ဒင်ဆာ နယ်မြေမှာ သစ်ခုတ်ခွင့် ရဖို့ ဗျူဟာမှူးကို တစ်လ သိန်းတစ်ထောင် ပေးရတယ်လို့ ဆိုပါတယ်။
ဆင်ဘို/ တာလောကြီး ဘက်မှာလည်း ထိုနည်းလည်းကောင်းလို့ သိရပါတယ်။ ရှမ်းမြောက်က ကွတ်ခိုင် ဗျူဟာအပိုင် နမ့်ခမ်း ဒေသမှာလည်း ဒီဈေးနှုန်း ပေါက်တယ်လို့ ကြားသိရပါတယ်။ အဲဒီဒေသက သစ်ခိုးမှုများဟာ နေပြည်တော် ကက်ဘိနက် အစည်းအဝေးထိ ပေါက်ကြားပြီး မပခတိုင်းမှူး ပြဿနာ တက်တော့ သူ့ကို ပြင်းထန်တဲ့ အရေးယူမှု မလုပ်ပဲ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်ချုပ် အုံးမြင့်နဲ့သာ နေရာချင်း လဲလိုက်ပါတယ်။ မပခတိုင်းမှူး ဗိုလ်ချုပ် မောင်မောင်ဆွေက ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ယောက်ဖ ဖြစ်နေပါတယ်။ ဗိုလ်ချုပ် အုံးမြင့်ဟာလည်း သစ်တော ၀န်ကြီး ဗိုလ်မှုးချုပ် သိန်းအောင်နဲ့ ကမ်းရိုတန်း တိုင်းမှာ ကတည်းက မပြေလည် ခဲ့ကြပါဘူး။ သစ်ခိုးတဲ့ ကိစ္စတွေမှာလည်း တရုတ်ဘက်က ငွေရင်းများစွာ ၀င်ထားလို့ ဒီအတိုင်း အဆုံးမခံချင်တော့ ငွေမျောငွေနဲ့ လိုက်ဖို့ ကြိုးစာပြီး တိုင်းမှူးကို ကပ်ပါတယ်။ တိုင်းမှူးများကလည်း ဘယ်တိုင်း ရောက်ရင် ဘာနဲ့ ငွေရှာရမယ် ဆိုတာ သင်ပေးစရာ မလိုပဲ မွေးကတည်းက တတ်ထားကြဟန် တူပါတယ်။
ကချင်ပြည်နယ်အနှံ့ ရှိနေတဲ့ ဖမ်းဆီးရမိ သစ်များကို သယ်ဆောင်ဖို့ ဆိုပြီး နောက်တိုင်းမှူး ဗိုလ်အုန်းမြင့်က သူနဲ့ နီးစပ်တဲ့ ကုမ္ပဏီ တစ်ခုကို ခေါ်သွင်းလာပါတယ်။ သစ်ဖမ်းတုံး ကလည်း တပ်တွေ ပါပါတယ်။ ပိုက်ဆံယူ လွှတ်တာလည်း ဒီတပ်တွေပါဘဲ။ ဒီသစ်တွေဖမ်းပြီး ပြန်သယ်တော့လည်း ဒီတပ်တွေပါပဲ။ ပြန်သယ်ရင်းနဲ့ အယောင်ပြပြီး ပြန်ခိုးထုတ်တာလည်း ဒီတပ်တွေပါပဲ။ လုပ်စား နေလိုက်ကြတာများ မျက်စိ လည်စရာတောင် ကောင်းလှပါတယ်။ တိုင်းမှူး ခေါ်သွင်းလာတဲ့ ကုမ္ပဏီက အောင်မိုင် ကုမ္ပဏီ ဖြစ်ပါတယ်။ တိုင်းမှူး မိန်းမက ကချင်ပြည်နယ်က ကချင်မ ဖြစ်နေ ပြန်တော့ မိန်းမဘက်က စိတ်ချရတဲ့ သူကို ခေါ်သွင်းပြီး အပိုင်စီစဉ်တာ ဖြစ်ပါတယ်။ တိုင်းမှူး မိန်းမရဲ့  မောင်အရင်းက အစွမ်းကုန် လှုပ်ရှား ပေးပါတယ်။
အောင်မိုင်ကုမ္ပဏီက ဖမ်းထားပြီးသား ကျွန်း/တမလန်း သစ်တွေရှိတဲ့ နေရာတွေကို သစ်သယ်တဲ့ တရုတ်ကားတွေ လွတ်လပ်စွာ ၀င်ခွင့် ရအောင် စီစဉ် ပေးပါတော့တယ်။ ပြီးတော့ အသစ် ထပ်ခိုးတာတစ်မျိုး၊ နဂိုက ခိုးထားတဲ့ ကောင်းတဲ့ သစ်တွေကို ပြန်ခိုးတာ တစ်မျိုးနဲ့ အမျိုးမျိုး မျက်လှည့်ပြ ပါတော့တယ်။ တိုင်းမှူး အပြောင်းအလဲနဲ့ အတူ အသစ်ပါလာတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ဝေကလည်း အောင်မိုင် ကုမ္ပဏီက စီစဉ်ပေးတဲ့ Double cap ကားပေါ်မှာ လိုက်ပါရင်း သက်ဆိုင်ရာ မြို့နယ် သစ်တော/ ရဲ/ သစ်ထုတ်ရေး တို့ကို အလုပ်ရှုပ်အောင် အကွက်ဆင်ရင်း လမ်းကြောင်း လွှဲနေပါတော့တယ်။
အခုတော့ တိုင်မှူးဗိုလ်အုန်းမြင့်လည်း ရာထူး တက်သွားပြီး ဒုဗိုလ်ချုပ်ကြီး ဖြစ်ကာ ကစထမှူး ဖြစ်သွားခဲ့သလို ဗျူဟာမှူးလည်း ပြောင်းသွားပါပြီ၊ အောင်မိုင် ကုမ္ပဏီကတော့ ကချင်ပြည်နယ်မှာ သူ့လူ/ ကိုယ့်ဘက်သား လုပ်ကာ သစ်ခိုးတုန်း/ ဖမ်းဆီးသစ်တွေ သယ်တုံးပါဘဲ။ ဗိုလ်ချုပ် မောင်မောင်ဆွေ ကိစ္စမှာတုံးက ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သစ်တောရေးရာ ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်ကို မကြေလည်လို့ အခုထိ အညိုးအတေး ရှိနေတုန်းဘဲလို့ သိရှိရပါတယ်။ ဗိုလ်ချုပ် အုံးမြင့်ကလည်း ရာထူး တက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်သွားလို့ ဗိုလ်မှူးချုပ် သိန်းအောင် တစ်ယောက် အနေအစား ဆင်ခြင် နေရပါတယ်။
သို့သော်လည်း သူလည်း ပါးစပ်ပါတာမို့ လုံးဝတော့ မကင်းပါဘူး။ ဒုတိယ ဗိုလ်ချုပ်မှူးကြီး နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး နှစ်ယောက် ဒုတိယတွေ ပြုတ်သွားရင်ဖြင့် သိန်းအောင် တစ်ယောက် ပြေးစရာမြေ မရှိရှာလောက် ပေဘူးလို့ ထင်ပါတယ်။ အဲဒါကတော့ နအဖထဲက စားခွက် လုကြတဲ့ အကွဲ အပြဲ ဇာတ်လမ်းလေး တစ်ခုပါ။ နောက်ဆုံး ရရှိတဲ့ သတင်းများအရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေမှာ ကျွန်း/တမလန်းနှင့် ပိတောက် အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ ကြေးလန်/ စကားဝါ စတဲ့ သစ်မျိုးများ ကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ်ဟာ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်း အမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ ကချင်လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်း နက်လျှက် ရှိနေပါတယ်။ ဒါ့အပြင် AIDS အပါအ၀င် မူးယစ်ဆေးဝါး ဒဏ်ကိုပါ ခံနေကြရပါတယ်။ ဒါဘယ်သူတွေရဲ့  တာဝန်မဲ့မှုပါလဲ?
Ref: ဖိုးတရုတ်
Read More...
Collapse...
■ ABSDF အဖြစ် ထောင် (၃၈) နှစ် ချခံရသူ (၇) ဦးကို နောက်တိုး (၃) မှုနဲ့ တရားထပ်စွဲ သတင်း
■ NLD အဖွဲ့ဝင် (၃) ဦးကို တရားမ၀င် ထွက်ချက်တွေနဲ့ ရုံးတင်စစ်ဆေး သတင်း
■ ရွေးကောက်ပွဲ ကန့်ကွက်ဖို့ မြိတ်မြို့ လှုပ်ရှား သတင်း
■ KNU နှင့် DKBA ပေါင်းစည်းရန် မလွယ်ကူသေးဟု KNU ပြောကြား သတင်း
■ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေအမှု ထပ်မံရုံးချိန်း သတင်း
■ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည် သတင်း
■ မြန်မာ့အရေး အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ သတင်း
■ အမေရိကန်သံရုံးတာဝန်ခံ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံ သတင်း
■ မြန်မာအတိုက်အခံတွေ အမေရိကန်အထက်လွှတ်တော်အမတ် Mr Jim Webb နဲ့ တွေ့ဆုံ သတင်း
■ လူ့အခွင့်အရေးကော်မရှင်မှာ သြဇာအာဏာမရှိဟု လူမှုအဖွဲ့ ထောက်ပြ သတင်း
■ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဖို့ မြန်မာလူထုအခြေပြုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်ဥမ္မာကို ရွေးချယ် သတင်း
■ တရုတ်နိုင်ငံထဲ မြန်မာသစ်ခိုးထုတ်မှု တားဆီးရေး ပိုကြိုးပမ်းဖို့လို သတင်း
■ တရုတ်ကို သစ်မှောင်ခို ခိုးထုတ်နေဆဲ၊ Global Witness အစီရင်ခံ သတင်း
■ ပြည်တွင်းရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို ယူရို (၃၅) သန်း ပေးမည် သတင်း
■ လယ်ဧက တသောင်းနီးပါး ရေမြုပ်နေ၍ တောင်သူများ အခက်ကြုံ သတင်း
■ ကြွက်ကြောင့် အစာရေစာရှားပါးမှု FA0 က ကူညီလို သတင်း
■ သီးနှံနှင့် အချိုရည်များတွင် ကျန်းမာရေးထိခိုက်နိုင်သည့် ဆိုးဆေးများ အသုံးပြုနေ သတင်း
■ ပထမဆုံး ပြိုင်ကားသေးကွင်း မြန်မာပြည်တွင် ဖွင့်လှစ်မည် သတင်း
■ သတ်ပုံမှား၍ စစ်ဗိုလ်ချုပ်များ ဒေါသထွက် သတင်း
■ ဘူးသီးတောင်သို့ စစ်သင်္ဘော (၃) စီး ရောက်ရှိ သတင်း
■ မြန်မာ-ဘင်္ဂလာ တပ်မှူးအဆင့် အလံတင် အစည်းအဝေး မောင်တောတွင် ယနေ့ကျင်းပမည် သတင်း
■ အပစ်ရပ် ကရင်နီအဖွဲ့အတွင်း နယ်ခြားစောင့်တပ်ကိစ္စ သဘောထားကွဲ သတင်း
■ ကေအန်ပီပီက စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ (ရုပ်သံသတင်း)
■ မြ၀တီရဲများ မူးယစ်ရောင်းဝယ်မှုတွင် ပတ်သက်၍ အဖမ်းခံရ သတင်း
■ ဖမ်းဆီးခံ ရခိုင်လူငယ်များအတွက် စစ်တွေတွင် ဆုတောင်းပွဲပြုလုပ် သတင်း
■ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံ အဆင့် (၁၇၁) သတင်း
■ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံအပြီး ဦးမောင်မောင် ပြောတဲ့ စကားများ သတင်း
■ ထိုင်းနိုင်ငံတွင် အာဆီယံ ထိပ်သီးအစည်းအဝေး (၃) ရက်ကြာ ကျင်းပမည် သတင်း
■ MAI လေကြောင်းလိုင်းတွင် ဦးတေဇ ပါဝင်လာ သတင်း
■ ဖာပွန်ဒေသခံ တောင်ယာများ ဖျက်ဆီးခံရ သတင်း
■ ရန်ကုန်မြို့အနှံ့ မီးပျက်ပြန် သတင်း
■ မြန်မာနိုင်ငံတွင် လက်ရှိ အင်တာနက်လိုင်း သုံးစွဲသူပေါင်း (၆) သောင်းနီးပါးရှိ သတင်း
■ သင့်မြတ်လျော်ကန်သည့် နည်းလမ်းတွေဖြင့် ကလေးတွေရဲ့ အနာဂတ်ကို ပုံဖော်မည့် ကမ္ဘာ (ဆောင်းပါး)
■ တွေ့ဆုံဆွေးနွေးရေး အဝေးကြီးဝေး (ဆောင်းပါး)
Read More...
Collapse...
20 October 2009
မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ခဲ့တဲ့ အမေရိကန် အထက် လွှတ်တော်အမတ်၊ အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒီမိုကရက်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင်တွေ မနေ့က ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့ပါတယ်။
အခုလို မစ္စတာဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး တဦးဖြစ်သူ ဦးဘိုလှတင့် တို့ကို ဗွီအိုအေ ၀ိုင်းတော်သား ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ဖြစ်ပေါ်ရေး အတွက် အရေးပါဆုံး ကိစ္စဟာ ဘယ်ကိစ္စလို့ မစ္စတာ ဂျင်မ်ဝက်ဘ်က ယုံကြည် ထားပါသလဲလို့ မေးမြန်းတော့ ဦးမောင်မောင်က အခုလို စပြီး ပြောပါတယ်။
“ကျနော်တို့ လိုချင်တဲ့ ဗမာပြည် ပြောင်းလဲရေး ဆိုတာကို သူလည်း လိုလားတယ်၊ သူတို့နိုင်ငံ အစိုးရကလည်း လိုလားတယ်။ နောက်တခါ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ဆိုတာ သူတို့အနေနဲ့ ဒါက အားလုံး ၀ိုင်းလုပ်ရမယ့် ကိစ္စဆိုတာ သူလက်ခံတယ် ဆိုတာ ပြောတယ်။ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဒါကို ပြောင်းလဲဖို့ သူ မပြောပါဘူး ဆိုတဲ့ အကြောင်း ရှင်းလင်းပြောပြတယ်။”
ဒါဆိုရင်က သူက ၂၀၁၀ ရွေးကောက်ပွဲကို ဆက်လက် စွဲကိုင်ထားတဲ့ ပေါ်လစီကနေ ပြောင်းလဲချင်တဲ့ သဘောမျိုး ပြသတာလားခင်ဗျ။
“ကျနော်တို့ ဒီနေ့ ပြောတာကတော့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လက်မခံတဲ့ အချက်တွေ ရှိတယ်။ ဥပမာ တိုင်းရင်းသား ဒေသတွေပေါ့၊ ကိုယ်ပိုင်အုပ်ချုပ်မှု Self Administration Zone ဆိုတာကို နအဖအနေနဲ့ အမျိုးသား ညီလာခံမှာတုန်းက သဘော တူထားတယ်။ အခု နိုင်ငံရေးအရ ပြောဆိုလို့ အဆင်မပြေတဲ့ အချိန်မှာ ၀င်တိုက်တဲ့ ကိစ္စမျိုးက လုံးဝ အာမခံချက် မရှိဘူး၊ ဗမာပြည် အရေးကို စဉ်းစားရင် ဒါတွေဟာ စဉ်းစားဖို့ လိုတယ်ဆိုတဲ့ အကြောင်း ဆိုတာရယ်၊ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုမယ် ဆိုရင် နျူကလီးယား ဖော်ထုတ်မယ့် နိုင်ငံတခုရဲ့ အစိုးရကို သွားပြီး အတည်ပြုတာ ဖြစ်မှာမို့ ဒါက သတိ ချပ်သင့်တယ်လို့ တင်ပြတော့ ဘာမှ တုံ့ပြန်မှု မရှိပါဘူး။”
ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းမှ ဖြစ်မယ် ဆိုတာ သူကပဲ စပြီး အမေရိကန် နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ဆော်သြသူ အဖြစ် အများက သိရှိ နေကြတာပါ။ အခု ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေဟာ မထိရောက်ဘူး ဆိုတဲ့ သဘောမျိုး သူ ဆက်ပြီး မြင်နေတုန်းပဲလား ခင်ဗျ။
“ကျနော်တို့လည်း ကျနော်တို့မှာရှိတဲ့ အချက်အလက်တွေ တင်ပြသလို သူကလည်း သူသိတဲ့ အချက် အလက်တွေ ပြန်တင်ပြပါတယ်။ ပိတ်ဆို့မှုကြောင့်တော့ အဖြေ မရနိုင်ဘူး၊ သို့သော် ပိတ်ဆို့မှုက လိုအပ်တယ်ဆိုတဲ့ အနေအထား ကိုတော့ သူ လက်ခံပါတယ်။ ဗီယက်နမ်မှာ တုန်းကလည်း ပိတ်ဆို့မှုကို ဖွင့်လိုက်တဲ့ အချိန်မှာ တိုးတက် ပြောင်းလဲမှု နှုန်းနဲ့ ပိတ်ဆို့ထားတဲ့ အချိန်မှာ ရှိတဲ့ တိုးတက် ပြောင်းလဲမှုနှုန်း ကွာတယ်။ ဒါကို သူက သူ့အတွေ့အကြုံ အရ ရှင်းပြသွားတာ ကျနော်တို့လည်း လက်ခံပါတယ်။ ကျနော်တို့ပြောတဲ့ ပိတ်ဆို့မှုကို လက်ရှိ ထားရှိရမယ် ဆိုတာကိုတော့ သူ့အနေနဲ့ ပြန်ပြီး ငြင်းပယ်တဲ့ကိစ္စ မရှိဘူးလို့တော့ ကျနော် ပြောနိုင်ပါတယ်။”
ဒီနေ့ဆွေးနွေးမှုမှာ အဓိကကျတဲ့ အချက်က ဘာလဲခင်ဗျ။ သူရော ဦးမောင်မောင် တို့ရော ဆုံချက် တရပ်ကို ရောက်ရှိပြီးတော့ အခရာကျတဲ့ အချက်က ဘာလို့ ပြောလို့ ရပါသလဲ။
“ကျနော်တို့ဘက်က တင်ပြတာကတော့ ရွှေဂုံတိုင် ကြေညာချက်ရယ်၊ တိုင်းရင်းသား အစုအဖွဲ့ ၁၃ ဖွဲ့က နအဖ အမျိုးသား ညီလာခံမှာ တင်ပြထားတဲ့ အချက်တွေပေါ်မှာ ရေးဆွဲထားတဲ့ အချက် ရှိပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး ရေးထားတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ ကျနော်တို့မှာ ရှိတယ်။ ဒါကို သူ လက်ခံတယ်၊ လေ့လာပါမယ်လို့ ကျနော်တို့ကို ပြောတယ်။ ဒီ့အပြင် ထပ်ပြီး ပြောတာက သူလည်း ဗမာပြည် တိုးတက်ဖို့၊ ပြုပြင်ပြောင်းလဲဖို့ အတွက် အခြေအနေရှိတယ် ဆိုရာမှာတော့ နှစ်ဦးနှစ်ဘက် သဘောတူပါတယ် ဆိုတဲ့ အနေအထား ထိပဲ သူပြောသွားပါတယ်။”
ဦးမောင်မောင်အနေနဲ့ရော ဒီနေ့ ဆွေးနွေးပွဲကို ဘယ်လို သုံးသပ် မိပါသလဲ။ အားရမှု ရှိပါသလား။ နောက်ထပ်ရော ဆက်လက် ဆွေးနွေးဖို့ ရှိပါသလား။
“ကျနော်တို့ကတော့ ပထမဦးဆုံးအကြိမ် တွေ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်တခါ ကျနော် သူ့ကို ရှင်းပြလိုက် ပါသေးတယ်။ ကျနော်တို့ အနေနဲ့၊ နိုင်ငံရေး အစုအဖွဲ့တွေကို တာဝန်ခံတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ သူ့ကို အခုထက်ထိ ပုတ်ခတ် ပြောဆိုခြင်း မရှိဘူး ဆိုတဲ့ အကြောင်း၊ ကျနော်တို့ အနေနဲ့ နိုင်ငံရေးအရ ပြောစရာရှိတဲ့ ကိစ္စတွေ ပြောမယ်၊ နောင်ကိုလည်း ဆက်လက် ဆွေးနွေးဖို့ ကိစ္စကို လုပ်ဖို့ အာသီသ ရှိပါတယ် ဆိုတဲ့ဟာကို ကျနော် ပြောပြထားတယ်။ သူလည်း ကျနော်တို့နဲ့ ဆက်လက် ဆွေးနွေးဖို့ စိတ်အနေအထား ရှိတယ် လို့တော့ သုံးသပ် မိပါတယ်။”
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီး ဖြစ်တဲ့ ဦးဘိုလှတင့်ဟာ ဒီကနေ့ အထက် လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံ ခဲ့ရာမှာ ဂျင်မ်ဝက်ဘ်က မြန်မာ့အရေး ပြောင်းလဲရေးမှာ ဘာက အဓိက ကျတယ်လို့ ဦးဘိုလှတင့် တို့ကို ဆွေးနွေး ပြောကြား သွားပါသလဲ။
“သူကတော့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ သဘောထား ကွဲကောင်း ကွဲနိုင်တယ်၊ ဒါပေမဲ့ တကယ့် ဗမာနိုင်ငံမှာ ဖြစ်သင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးမှုတွေ၊ တကယ် ပွင့်လင်းတဲ့၊ လွတ်လပ်တဲ့ လူ့ အဖွဲ့အစည်း ဖြစ်လာရေး ကိစ္စတွေမှာတော့ မကွဲပြားတဲ့ အကြောင်းပဲ သူပြောပါတယ်။”
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကရော ပြောတဲ့ သမ္မတ အိုဘားမား အစိုးရက မြန်မာ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံရေး လုပ်တဲ့ တပြိုင်တည်းမှာပဲ အတိုက်အခံ အဖွဲ့အစည်း တွေနဲ့လည်း ထိတွေ့ ဆက်ဆံပါ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဂျင်မ်ဝက်ဘ်ရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ ခင်ဗျ။
“သူကတော့ လက်ရှိ အမေရိကန် အစိုးရရဲ့ ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ သဘော တူတယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တဖက်မှာ စီးပွားရေး အရ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထိန်းထားမယ်၊ တဖက်မှာလည်း အဆင့်မြင့် တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်သွားမယ်ဆိုတဲ့ ကိစ္စကို သူ သဘောတူတယ် ဆိုတာ ပြောပါတယ်။”
အမေရိကန် အထက်လွှတ်တော် အာရှနဲ့ ပစိတ်ဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒီမိုကရက်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်ကို မနေ့က သွားတွေ့ခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နဲ့ အမျိုးသား ညွန့်ပေါင်းအစိုးရ ၀န်ကြီး ဦးဘိုလှတင့်တို့ကို ကိုရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Ref: VOA News
Read More...
Collapse...
■ မြို့နယ်စည်းများ တက်နိုင်မည့် ညီလာခံခေါ်ရန် အဖွဲ့ချုပ်ဗဟိုကို တောင်းဆို သတင်း
■ အဖွဲ့ချုပ်နှင့် အမေရိကန်သံတမန်များ ဆွေးနွေး သတင်း
■ ကန့်သတ်မိန့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးခွင့် အာဏာပိုင်တွေ ဆိုင်းငံ့ သတင်း
■ အင်္ဂါနေ့တိုင်း ဆုတောင်းပွဲများ ဆက်လက်ပြုလုပ် သတင်း
■ ငြိမ်းချမ်းရေးအတွက် မြိုင်ကြီးငူဆရာတော် ကေအန်ယူကို လာရောက်ဆွေးနွေး သတင်း
■ KNU နဲ့ DKBA လျှို့ဝှက်တွေ့ဆုံ သတင်း
■ အိုးအိမ်ထပ်မံစွန့်ခွာသူ ကရင်ရွာသား (၂၅၀) ကျော် ရိက္ခာအခက်အခဲဖြစ်နေ သတင်း
■ ကချင်အဖွဲ့ငယ် ပြည်သူ့စစ်ပြောင်း သတင်း
■ မွန်အမျိုးသားနိုင်ငံရေးပါတီများ၏ ဦးဆောင်မှုကို ခံယူမည်ဟု မွန်လူငယ်များ ဆုံးဖြတ် သတင်း
■ ဖျာပုံထောင်က နိုင်ငံရေးအကျဉ်းသား ဆရာဝန်နှင့် ပြခွင့်မရ သတင်း
■ တေးရေးဆရာ မင်းစိတ္တကို အာဏာပိုင်တွေ ဖမ်းဆီး သတင်း
■ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး (၅) နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင် သတင်း
■ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း သတင်း
■ မြန်မာကို ဖြတ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရန် ထိုင်းနှင့် တရုတ် ဆွေးနွေးမည် သတင်း
■ အာဆီယံ လူထုအခြေပြုညီလာခံ ထုတ်ပြန်ချက်မူကြမ်း ပြည်တွင်း NGO ကန့်ကွက် သတင်း
■ မြန်မာနိုင်ငံဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ် ရွေးချယ် သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့မှ ပြင်းထန်စွာ လှုပ်ရှား သတင်း
■ အာဖဂန်မှာ သမ္မတရွေးကောက်ပွဲ ပြန်လုပ်မည် သတင်း
■ ဧရာဝတီတိုင်း လယ်များ ကြွက်ကြောင့် သီးနှံပျက်စီး သတင်း
■ စစ်တကောင်း တောင်တန်းနယ်တွင် သီတင်းသုံးနေသော မြန်မာရဟန်းတော်တပါး ဖမ်းဆီးခံရ သတင်း
■ ရွေးကောက်ပွဲဥပဒေထွက်ပြီးမှ ပါတီဖွဲ့ရန် ပီအဲန်အို ဆုံးဖြတ် သတင်း
■ ကလေးစစ်သား အဓမ္မစုဆောင်းမှု ပဲခူးတိုင်းတွင် ပိုမိုများပြား သတင်း
■ ရာမညတပ် စစ်အစိုးရနှင့် ပူးပေါင်း သတင်း
■ ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကျန်းမာရေးမကောင်းသဖြင့် တာဝန်မှ အနားပေးထား သတင်း
■ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ်ဒု-၀န်ကြီးချုပ်နှင့် တွေ့ သတင်း
■ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တင်းမာမှု အခြေအနေ သတင်း
■ နယ်စပ်ဒေသ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူ သတင်း
■ နိုင်ငံ့ကိုယ်စားပြု လူထုကိုယ်စားလှယ်အတွက် ပြည်တွင်းပြည်ပအဖွဲ့များ အမည်တင်သွင်း သတင်း
■ အာဆီယံ ညီလာခံတက်ရန် အတိုက်အခံတဦး ရွေးချယ်ခံရ သတင်း
■ မူးယစ်ဆေးရောင်းသူထံ ငွေတောင်းသည့် ရဲဝန်ထမ်းနှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေး၊ နှစ်ဦး ဖမ်းမိ သတင်း
■ မြန်မာအလုပ်သမားများအတွက် အစီအစဉ်သစ် ထိုင်းနှင့်မြန်မာ သဘောတူညီ သတင်း
■ နေပြည်တော်မှာ စီဒီအမ်အေ မိုဘိုင်းသုံးခွင့်ရပြီ သတင်း
Read More...
Collapse...
အင်္ဂါနေ့၊ အောက်တိုဘာလ 20 ရက် 2009
နယူးဒေလီ။ ။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒအသစ်နှင့် ပတ်သက်၍ အမေရိကန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ သံမှူးက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
တာဝန်ခံသံမှူး လာရီ အမ် ဒင်ဂါ (Larry M. Dinger) နှင့် သံရုံး အရာရှိ နှစ်ဦးသည် ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - အန်အယ်ဒီရုံးချုပ်သို့ သွားရောက်ကာ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
''အမေရိကန်က ပိတ်ဆို့အရေးယူမှုကို ဆက်ထားသွားမယ် ဆိုတာကို ကျနော်တို့ကို ရှင်းပြပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံ သွားလိမ့်မယ်လို့ ဆိုတယ်။ သူ (မစ္စတာ ဒင်ဂါ) က ကျနော်တို့ အန်အယ်ဒီရဲ့ ရပ်တည်ချက်ကိုလည်း မေးတယ်'' ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် နေ့ခင်းပိုင်း ၂ နာရီခွဲမှ ၃ နာရီခွဲအထိ တွေ့ဆုံခဲ့သည်။
ဤတွေ့ဆုံမှုသည် ယခုလ ၉ ရက်နေ့တွင် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံရုံးမှ သံတမန်များ တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
''တွေ့ဆုံမှုအပေါ် အန်အယ်ဒီက ကြိုဆိုပါတယ်။ ကျနော်တို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း လုပ်ကိုင်သွားဖို့ မူဝါဒ တရပ်လည်း ရှိပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူရေး မူဝါဒများနှင့် အကျိုးဆက်များကို ရှာဖွေရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက် အရ ယခုလ ၉ ရက်နေ့တွင် သူမကို စစ်အစိုးရက သံရုံး ၃ ရုံးမှ အရာရှိများနှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပိတ်ဆို့အရေးယူ မှုများ ဖယ်ရှားနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပေးပို့ခဲ့သည်။ ထို့အပြင် စစ်အစိုးရအပေါ် အရေးယူ ထားသည့် အဆိုပါ သံရုံး ၃ ရုံးမှ တာဝန်ရှိသူများ နှင့်ပါ တွေ့ဆုံခွင့် ပြုရန်လည်း တောင်းဆိုခဲ့သည်။
ထိုပေးစာနောက်ပိုင်းတွင် စစ်အစိုးရက ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်း စုကြည်ကို နှစ်ကြိမ်တိုင် တွေ့ဆုံနိုင်ရေး အတွက် စီစဉ်ပေးခဲ့သည်။
''အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျနော်တို့နဲ့ တွေ့ဆုံတုန်းက ဒေါ်အောင်ဆန်း စုကြည်က အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို သတင်းစကား ပါးခဲ့ပါတယ်။ အရေးကြီးတဲ့ အဆုံးအဖြတ်တွေကို ဆွေးနွေး တိုင်ပင်ခြင်း မရှိဘဲ သူ့အနေနဲ့ လုပ်မှာ မဟုတ်ဘူးတဲ့'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။
(မြင့်မောင် သတင်းပေးပို့သည်။)
Ref: မဇ္ဈိမ
Read More...
Collapse...
■ နိုင်ငံလုံးဆိုင်ရာ NLD ညီလာခံ ခေါ်ယူရေး ဗဟိုက သဘောထား ထုတ်ပြန်မည် သတင်း
■ နယ်စပ်တင်းမာမှု လျော့ပါးရေး ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း သတင်း
■ အာဆမ် ရိုင်ဖယ်တပ်ကို မြန်မာနယ်စပ်အနီး တိုး၍တပ်စွဲရန် အမိန့်ပေးထား သတင်း
■ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တင်းမာမှုကြောင့် နယ်စပ်ရှိ မြန်မာများကို မောင်းထုတ် သတင်း
■ နယ်စပ်မှာ မြန်မာဘက်က စာရင်းကို တရုတ်နိုင်ငံက ကောက်ခံ သတင်း
■ ကိုးကန့်ဒေသ၌ ဖွင့်မည့် နယ်စပ်ကုန်သွယ်ရေးဇုန်သစ် အောင်မြင်မည်လော သတင်း
■ နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ပါဟု ၀ အဖွဲ့ကို နအဖ က အမိန့်ပေး သတင်း
■ ဒီကေဘီအေနှင့် ကေအန်ယူတပ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေး ဆွေးနွေး သတင်း
■ မြန်မာ့တပ်မတော်မှာ အန်ဒီအေကေ အဖွဲ့ဝင်တချို့ နည်းပြသင်တန်းတက် သတင်း
■ မီးရှို့ခံရသည့် သျှမ်း/အလယ်မှ အုပ်စုတခု သန်းပေါင်း (၇၀၀) နီးပါး ဆုံးရှုံး သတင်း
■ အာဆီယံ လူထုအခြေပြုညီလာခံ မြန်မာနိုင်ငံ ကိုယ်စားပြုရေး အငြင်းပွား သတင်း
■ အာဆီယံ နှီးနှောပွဲအတွက် မြန်မာကိုယ်စားလှယ် ရွေးချယ်ရေး ညှိနှိုင်းနေဆဲ သတင်း
■ အာဆီယံမှာ မြန်မာလူထုကို ဘယ်သူကိုယ်စားပြုမလဲ သတင်း
■ အာဆီယံအတွက် လူထုကိုယ်စားလှယ် ရွေးချယ် သတင်း
■ အာဆီယံထိပ်သီးအစည်းအဝေး နအဖ၀န်ကြီးချုပ် တက်မည် သတင်း
■ အခြေခံပညာကျောင်းသားများသမဂ္ဂ ပြန်လည်ဖွဲ့စည်း သတင်း
■ အောင်လံက တောင်သူ (၁၂) ဦး အမှုတွဲကို ခရိုင်တရားရုံးတွင် အယူခံဝင်မည် သတင်း
■ (၅) လောင်းပြိုင် လူသတ်မှု (၁) နှစ်ခွဲကျော်သည်အထိ မပေါ်သေး သတင်း
■ ရေကာတာ မဆောက်ရန် အဖွဲ့ (၅၁) ဖွဲ့ကို ထိုင်းအစိုးကို တောင်းဆို သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေး သတင်း
■ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်နှင့် အာဏာလွှဲပြောင်းရေး (အထူးကဏ္ဍ)
■ အာဖဂန်ရွေးကောက်ပွဲ ရလဒ်အချို့ ပယ်ဖျက် သတင်း
■ နေပြည်တော်မှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှု တားမြစ် သတင်း
■ မြန်မာစစ်တပ်က တိုက်ခိုက်လာမည်ကို ဘင်္ဂလားဒေ့ရှ်က စိုးရိမ် သတင်း
■ မြဝတီဘုန်းကြီးကျောင်းတချို့ လောင်းကစားဝိုင်းများဖွင့်၍ ရန်ပုံငွေရှာ သတင်း
■ သံဃာတော်များ ပြည်ပထွက်ခွာခွင့် ပိုမိုတင်းကျပ် သတင်း
■ သံလွင်ရေကာတာစီမံကိန်းများ ရပ်တန့်ရန် NGO များ တောင်းဆို သတင်း
■ ဆစ်ဒနီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ သတင်း
■ ရခိုင်စစ်သွေးကြွတဦးကို ဖမ်းမိကြောင်း ဒေလီးစတား သတင်းစာတွင် ဖော်ပြ သတင်း
■ သေနတ်ယူဆောင် ထွက်ပြေးလာသူကို လက်ခံမိသည့် အိမ်ရှင် အဖမ်းခံရ သတင်း
■ လိုင်စင်မဲ့ကားများ တင်လာသည့် (၂၀) ဘီးကားကြီး ပဲခူးအ၀င်တွင် တိမ်းမှောက် သတင်း
■ ပုသိမ်တက္ကသိုလ်တွင် အကြောင်းပြ ငွေးကြေးကောက်ခံမှုများ အဆမတန် များပြားနေ သတင်း
■ ရွှေတူးစက်ယန္တရားများ တရုတ်နိုင်ငံသို့ ပြန်သယ်ခွင့်မပြု သတင်း
■ မောင်တောရဲက အိမ်တအိမ်ကို ၀င်စီးပြီး အမျိုးသမီးများကို ဖမ်းဆီး သတင်း
■ ရေပန်းစားလာသည့် FM လေလှိုင်းများ (ဆောင်းပါး)
■ မိဘတို့နှင့် ကွဲကွာခြင်း ကင်းကြပါစေ (ဆောင်းပါး)
Read More...
Collapse...
■ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မွေးနေ့ လှုပ်ရှားမှု ပြည်တွင်းပြည်ပ ပြုလုပ် သတင်း
■ ဒေါ်အောင်ဆန်းစုကြည် ချုပ်နှောင်ခံရသည့် ကာလ (၁၄) နှစ် ပြည့်ရန် တပတ်သာလို သတင်း
■ စီးပွားရေးပိတ်ဆို့မှု၊ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံတို့အပေါ် အဖွဲ့ချုပ်၏ သဘောထား သတင်း
■ ပြည်တွင်းသတင်းစာတွင် ဒီမိုကရေစီအင်အားစု အမြင်သဘောထား ဖော်ပြခွင့်ရ သတင်း
■ စွမ်းအင်အရင်းအမြစ်ကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာအကြား ရေပိုင်နက် အငြင်းပွားမှု သတင်း
■ ပြည်တွင်း နေရပ်ပြောင်းရွှေ့နေရသူတွေ အခက်ကြုံ သတင်း
■ မတူညီတဲ့ ၂၁ (ဆောင်းပါး)
■ မင်းကိုနိုင်နှင့် ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို ဝန်းရံကြ သတင်း
■ မြန်မာ့အရေး ဆစ်ဒနီမှာ ဆွေးနွေး သတင်း
■ ဆစ်ဒနီ သြစတြေးလျက ဗမာအရေး လူထုဆွေးနွေးပွဲ ကျင်းပ၊ ဆုံးဖြတ်ချက်များချ သတင်း
■ ချင်းမိုင်မြို့တွင် ကလေးကူးသန်းရောင်းဝယ်မှု ရပ်တန့်ရေး ဆွေးနွေးပွဲပြုလုပ် သတင်း
■ (၁၀) တန်းစာမေးပွဲ အပြင်ဖြေများအတွက် စည်းကမ်းတိုးမြှင့် သတင်း
■ မြန်မာရေတပ်မှ လယ်သိမ်း၍ လူထုကို အနိုင်ကျင့် သတင်း
■ ကိုနိုင်စိုး၏ မိခင် ဆေးရုံတင်ထားရ သတင်း
■ ရှပ်နီတွေ အစိုးရအပေါ် တိုးပြီး ဖိအားပေးနေ သတင်း
■ အိုဘားမားအစိုးရ ကြုံတွေ့ရမယ့် နိုင်ငံခြားရေးဆိုင်ရာမူဝါဒ သတင်း
■ ပူဖောင်းထဲ ပါသွားတယ်ဆိုတဲ့ ကလေးကိစ္စ တရားစွဲခံရမယ် သတင်း
■ အမေ့ဉာဏ် နား ၀င် စံစားစေ (၂) (ဆောင်းပါး)
Read More...
Collapse...
■ ဘင်္ဂလားဒေ့ရှ် စစ်အင်အား (၃၀၀၀) မြန်မာနယ်စပ်အနီး အားဖြည့် သတင်း
■ သံဃာ့တပ်ပေါင်းစု ဘာသာပေါင်းစုံ စည်းဝေးပွဲကျင်းပ သတင်း
■ ညီလာခံခေါ်ယူဖို့ အချိန်မတန်သေးကြောင်း မန္တလေး NLD တိုင်းစည်း ကြေညာချက်ထုတ်ပြန် သတင်း
■ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် မွေးနေ့အကြို အမှတ်တရ ဟောပြောပွဲ သတင်း
■ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်လို့ သံအမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး သတင်း
■ ကမ္ဘာ့အမျိုးသမီးညီလာခံမှာ မြန်မာနိုင်ငံအရေး ဟောပြော သတင်း
■ တောင်သူ (၁၂) ဦးကို ချက်ချင်းလွှတ်ပေးရန် ILO တောင်းဆို သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကြောင့် (၁၀) တန်းစာမေးပွဲတွေ စောပြီးစစ်မည် သတင်း
■ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ သင်ရိုးညွှန်းတမ်းဆွေးနွေးပွဲ ကျင်းပ သတင်း
■ စွမ်းအင်အရင်းအမြစ်ကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာအကြား ရေပိုင်နက် အငြင်းပွားမှု သတင်း
■ စစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေဟာ အလုပ်ဖြစ်သလား (အပိုင်း-၂)
■ မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး ပြဿနာ (ဆောင်းပါး)
■ ထိန်းညှိမှုများနဲ့ ဗမာ့ဒီမိုကရေစီလှုပ်ရှားမှု (ဆောင်းပါး)
■ ကျွံနစ်နေတဲ့ လှည်းတစီး (ဆောင်းပါး)
■ မြန်မာနိုင်ငံမှာ မီးတွင်းထဲ မိခင်သေဆုံးမှုနှုန်း စိုးရိမ်စရာလို့ WHO ပြောဆို သတင်း
■ ဆက်ဆံရေးဝန်ကြီးနှင့် ဆက်ဆွေးနွေးရန်ရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော သတင်း
■ ဥမင်လိုဏ်ခေါင်းကိစ္စ မပေါက်ကြားရေး ကျေးရွာဥက္ကဌများကို တပ်က ခြိမ်းခြောက် သတင်း
■ ဘင်္ဂလား၊ အိန္ဒိယ၊ မြန်မာ ရေပိုင်နက်အငြင်းပွားမှု ကုလမှာ ဖြေရှင်းမည် သတင်း
■ အောင်လံက တောင်သူ (၁၂) ဦးကို ထောင်ဒဏ်ချမှတ် သတင်း
■ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား (၇) ဦးကို မြန်မာတပ်ဖွဲ့မှ ပြန်ပေးဆွဲ သတင်း
■ ဘင်္ဂလားရောက် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ခံရ သတင်း
■ ပါကစ္စတန် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား သတင်း
■ မြောက်ကိုရီးယား ထိပ်တန်းအရာရှိ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ရရှိ သတင်း
■ သြစတြေးလျ ဖက်ရှင်ကုမ္ပဏီက စစ်အစိုးရနဲ့ စီးပွားရေးမလုပ်တော့ကြောင်း ကြေညာ သတင်း
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88