Thursday, May 9, 2013

ညွန့်ပေါင်းအစိုးရဖွဲ့ရန် NLD သဘောထား ချမှတ်ထားခြင်းမရှိ

2013-05-08

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပါတီက အမတ်နေရာ အများစုနိုင်ခြေရှိပြီး ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းမယ့် သဘောရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနားမှာ ပြောကြားခဲ့တာဟာ အဲဒီပုဂ္ဂိုလ်ရဲ့ သဘောထားအမြင်မျှသာဖြစ်ပါတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြော ပါတယ်။

"အဓိကက CEC ရဲ့ တရားဝင်သဘောထား ထုတ်ပြန်ချက်မဟုတ်ပါဘူး၊ ဒီပုဂ္ဂိုလ်က သူ့ရဲ့တစ်ဦး တစ်ယောက် အမြင်ကို ပြောသွားတာပါ၊ ကျွန်မက CEC ဥက္ကဌအနေနဲ့ ဒါကိုဆွေးနွေးဖို့ စောပါသေးတယ်"

Read More...

ထိုင်းနိုင်ငံက မြန်မာ ကလေးငယ်တွေ နိုင်ငံကူးလက်မှတ် ရပြီ

2013-05-08

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေအတွက် ဒီကနေ့ကနေစပြီး မြန်မာပတ်စပို့စ် ထုတ်ယူလို့ရပြီဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးရှိ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက RFA ကိုပြောပါတယ်။

ဒီအစီအစဉ်အရ မြန်မာကလေးတွေဟာ မှီခိုသူပတ်စပို့စ် ကိုင်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံး ၁၁ ရုံးမှာ ထိုင်းငွေ ၁၇၅ ဘတ် ပေးသွင်းကာ ထုတ် ယူနိုင်ကြ မှာဖြစ်ပြီး၊ ထိုင်းလဝကမှာ ဗီဇာသွားလျှောက်ရင်တော့ ဘတ်ငွေ ၅၀၀ ပေးပြီး သူတို့မိဘတွေရရှိထားတဲ့ ဗီဇာကာလ သတ်မှတ်ချက်အတိုင်း သက်တမ်း ၂ နှစ် ရရှိမှာဖြစ်တယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

Read More...

အင်ဒိုနီးရှားက မြန်မာသံရုံးကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်သူတွေ နောက်ထပ်ဖမ်းမိ

2013-05-08

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ နဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ယူဆရသူတွေနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့တို့ မနေ့ က အပြန်အလှန် ပစ်ခတ်ခဲ့ကြရမှာ အကြမ်းဖက်သမား (၃) ယောက် အသေရမိပြီး တစ်ယောက်ကိုအရှင်ဖမ်းမိခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့ဝင်တွေ ခိုအောင်းနေတဲ့ အနောက်ဂျာဗားခရိုင် ဘန်ဒေါင်းမြို့စွန် စပါးခင်းတွေ ကြားက အိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ရာမှာ အကြမ်းဖက်သမားတွေက လက်နက်မချ ဘဲ ပြန် လည် ခုခံခဲ့ကြတဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

Read More...

အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး

08.05.2013
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး အနည်းဆုံး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

ဂျာဗားခရိုင်အနောက်ဖက် Cigondewah ကျေးရွာမှာ သံသယရှိသူတွေ ပုန်းအောင်းနေတဲ့ နေအိမ်တလုံးကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေ နာရီအတော်ကြာ ၀ိုင်းဝန်း ထားပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက သေဆုံးခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ တီမူရာ ပရာဒိုပို (Timur Pradopo) က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ၄ လကြာ ငှားရမ်းထားတဲ့ အိမ်ထဲမှာရှိနေကြတဲ့ လက်နက်ကိုင် စစ်သွေးကြွတွေဖက်က ခုခံမှုတွေ ရှိခဲ့ရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစောပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေ က ပြောပါတယ်။

Read More...

မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း

ကိုသားညွန့်ဦး
09.05.2013

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အတုယူပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြောက်ကိုရီးယားကို တိုက်တွန်းပြောကြား ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ တောင် ကိုရီးယား သမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) နဲ့ အင်္ဂါနေ့တုန်းက ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သမ္မတ အိုဘားမားက ပြောကြားသွားတာပါ။

Read More...

မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား

09.05.2013

နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့အမြင်ကို ကိုရီးယားကျွန်းဆွယ်ကနေ စရမယ်လို့ တောင် ကိုရီးယားသမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) က ပြောလိုက်ပါတယ်။

ဝါရှင်တန်မြို့တော်က အမေရိကန်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ တောင်ကိုရီးယား သမ္မတက မိန့်ခွန်းပြောခဲ့တာမှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက် ကိုရီးယား ရဲ့ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်တော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတယ်လို့ ပြောကြားခဲ့ပါတယ်။

Read More...

Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့

09.05.2013

ပြီးခဲ့တဲ့နှစ်တုန်းက လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်အတွင်း သူ့အနေနဲ့ စစ်ရေး အထောက်အကူရဖို့ ကြိုးစားခဲ့တယ်လို့ အဲ့ဒီအချိန်က ကောင်စစ်ဝန်ရုံးမှာ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူက ပြောလိုက်ပါတယ်။

အဲ့ဒီအချိန် အနီးစပ်ဆုံး စစ်စခန်းကတော့ အီတလီမှာရှိတဲ့ အမေရိကန် လေတပ်စခန်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း အကူအညီရဖို့ အတော်လေး အလှမ်းဝေး ခဲ့တယ်လို့လည်း ပြောပါတယ်။

Read More...

WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့်

09.05.2013

WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအတွက် အကြီးအကဲသစ်အဖြစ် WTO ဆိုင်ရာ ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို (Roberto Azevedo) ကို WTO က ရွေးချယ်လိုက်ပါတယ်။

ပထမဆုံး လက်တင် အမေရိကတိုက်သား တစ်ယောက်အဖြစ် WTO အကြီးအကဲကို ရွေးချယ်လိုက်တာဖြစ်ပြီး၊ စက်တင်ဘာလမှာ လက်ရှိအကြီးအကဲ ပတ်စ်ကယ်လ် လမီ (Pascal Lamy) ဆီကနေ ရာထူး တာဝန်ကို လွှဲပြောင်းယူရမှာ ဖြစ်ပါတယ်။ BRIC လို့ခေါ်ကြတဲ့ စီးပွားရေး ထွန်းသစ်စနိုင်ငံများ အဖွဲ့ဝင်နိုင်ငံ တစ်ခုကနေ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးကို ဦးဆောင်ဖို့ ပထမဆုံး ရွေးချယ်ခံရတာ လည်း ဖြစ်ပါတယ်။

Read More...

ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ၏ ၉၄ နှစ်မြောက် မွေးနေ့ ကျင်းပ

ငြိမ်းဝေ (ကဗျာ့အိုးဝေ)
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းအတွက် တစိုက်မတ်မတ် ဦးဆောင်လှုပ်ရှားခဲ့ သည့် ကဗျာဆရာကြီး ဒဂုန်တာရာ၏ ၉၄ နှစ်မြောက် မွေးနေ့ ဂုဏ်ပြု အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်းရှိ
အောင်ပန်း မြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် မေလ ၅ ရက်နေ့က ကြိုတင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတနံတလျားမှ ကဗျာဆရာ စာရေးဆရာများ၊ ဆရာကြီးအားကြည်ညိုလေးစားသူများ ၃၀၀ ခန့် တက်ရောက်သည့် ယင်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ကဗျာဆရာကြီး အံ့မောင် က
ဆောင်ရွက်ပေးခဲ့သည်။

Read More...

ပလက်ဝမြို့ ဆိပ်ခံတံတား ဆောက်လုပ်ရေးတွင် ဒေသခံများ အလုပ်လုပ်ကိုင်ခွင့် နည်းပါး

နန်းလွင်နှင်းပွင့်
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့ အရှေ့ဘက်ကမ်းတွင် တည်ရှိသော ဆိပ်ခံတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင် ဒေသခံများအား အလုပ်အကိုင်ခေါ်ယူမှု နည်းပါးသောကြောင့် ပလက်ဝဒေသခံ ချင်းလူမျိုးများ ဝင်ရောက် အလုပ်လုပ်ကိုင် နိုင်ခြင်းမရှိဟု ပလက်ဝမြို့နယ် လူမှုရေးအသင်းမှ အထွေထွေ အတွင်းရေးမှူး ကိုပီတာလွယ်လူးထံမှ သိရသည်။

ဒေသခံ ကိုဆလိုင်းထွန်းက “ ဒေသခံတွေ မှာ အလုပ်အကိုင်အတွက်ကျတော့ အလုပ်ခေါ်တာတွေ၊ အလုပ်အတွက် အသိပေးတာတွေ လုံးဝ မရှိခဲ့ဘူး၊ ကျွန်တော်တို့ ဒေသမှာ အလုပ်အကိုင်မရှိတဲ့သူတွေ က အလုပ်လုပ်ချင်ပေမယ့် သူတို့ဘက်က မခေါ်တော့ အခွင့်အရေးမရဘူး၊ ” ဟု ပြောသည်။

Read More...

ရခိုင်လူမျိုးများ လူ့အခွင့်ရေးများ အပြည့်ဝရရှိရန် AHRDO ကူညီမည်

ဖိုးစိုးသူ
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများ၏ လူ့အခွင့်ရေးနှင့် ပါတ်သက်၍ Organisation ရခိုင်လူ့အခွင့်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AHRDO) Arakan Human Rights and Development မှ ကူညီထောက်ပံ့
ပေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး က ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ၊ရွှေဓာတ်ငွေ့ ပိုက်လိုင်း ရပိုင်ခွင့်များနှင့် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများအား ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ အစိုးရစီမံကိန်း တာဝန်ရှိသူများ နှင့် ချိတ်ဆက်ပြီး ရသင့်သော အခွင့်ရေးများကို အပြည့်အ၀ ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း HRDO ဒါရိုက်တာ ဦးအောင်မင်းဦး က မဇ္ဈိမသို့ ပြောကြားသည်။

Read More...

သံဃာတော် တပါး သေဆုံးစေခဲ့မှုဖြင့် အစ္စလာမ်ဘာသာဝင် ၆ ဦး သေဒဏ်ကျခံရဖွယ်ရှိ

မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ယခု လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေးဆိုင်ရာ ပဋိပက္ခအတွင်း၌ ပျံလွန်တော်မူခဲ့ရသော သံဃာတော်၏ သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေးခြင်းခံနေရသော အစ္စလာမ်ဘာသာဝင် ၆ ဦးမှာ ပြစ်မှု ထင်ရှားပါက သေဒဏ်ကျခံရနိုင်ဖွယ် ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်ဟု AFP သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

မန္တလေးတိုင်း တရားသူကြီး ဦးရဲအောင်မြင့်၏ အဆိုအရ ၎င်းတို့အား စစ်ဆေးနေပြီး သောကြာနေ့တွင် အမိန့် ချမှတ်လိမ့်မည်ဟု ခန့်မှန်းထားသည်။

Read More...

နိုင်/ကျဉ်းဟောင်းများ အတွက် ၄၀၁ ခြိမ်းခြောက်နေဟု AAPP သတိပေး

ဖနိဒါ
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ဦးနေမျိုးဇင် အား ထောင်ဒဏ် ၆ နှစ် ပြန်လည် ချမှတ်လိုက်ခြင်းမှာ နိုင်ငံရေး အကျဉ်းသား ဟောင်းများအား ခြိမ်းခြောက်မှု ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ
စောင့်ရှောင်ရေးအသင်း (AAPP)က ယနေ့ ပြောဆိုလိုက်သည်။

“သူက လယ်သမားတွေအတွက် ထဲထဲဝင်ဝင် လုပ်တယ်။ လူမှုရေးတွင် ပါဝင်နေတယ်။ အဲဒီလို ကိစ္စမျိုးတွေ နိုင်ငံရေးကိစ္စမျိုးတွေမှာ ပါဝင်နေတယ်ဆိုရင် သူတို့နဲ့ အခန့်မသင့်တဲ့ အခြေအနေမျိုး ကျရင် အချိန်မရွေး ပြန်ဖမ်းမယ်ဆိုတဲ့ ကိစ္စကို အသိပေးလိုက်တာပဲ။ ဒါက ပြင်းထန်စွာ အသိပေးလိုက်တာပဲ” ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္ဈိမကို ပြောသည်။

Read More...

သြစတြေးလျဝါရင့် သတင်းထောက်တဦးက သတင်းစာပညာ သင်တန်း ပို့ချ

နေမျိုး
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံး အစီအစဉ်ဖြင့် သြစကြေးလျ ကလပ်တွင် သတင်းစာ ပညာရပ်နှင့် ပါတ်သက်၍ သုံးရက်ကြာ ရက်တိုသင်တန်းတခုကို ကျင်းပနေသည်။

“သတင်းရေးသားရာမှာ အခြေခံ လိုအပ်တဲ့ အချက်အလက်တွေကို ဆန်းစစ်ခြင်းနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ရေး၊ ရေးသားထုတ်ဝေခြင်းနဲ့ ရေဒီယို ထုတ်လွှင့်ခြင်း ဆိုင်ရာသင်ခန်းစာများနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်များကို ထုတ်နုတ်ဆွေးနွေးခြင်းဆိုတဲ့ သင်ခန်းစားတွေပါဝင်တယ်” ဟု သင်တန်းပို့ချပေးသူ ဝါရင့် သတင်းစာဆရာ Mr. Peter Rodgers က ရှင်းပြသည်။

Read More...

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု ပလောင်အဖွဲ့များ ထုတ်ဖော်

ကျော်ခ
May 8, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ဒေသ အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်များကို ထိုးစစ်ဆင်ရာတွင် အစိုးရ စစ်တပ်က ဒေသခံ ပလောင် လူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက် မှုများရှိနေကြောင်း ပလောင်အဖွဲ့များက ထုတ်ပြန် လိုက်သည်။

စစ်ဆင်ရေးပြုလုပ်ရာတွင် အစိုးရ စစ်တပ်က ဒေသခံများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းတို့ ပြုလုပ်ကြောင်း၊ ဒေသခံများမှာ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ထွက်ပြေးခိုလှုံရကြောင်း ပလောင် အမျိုးသမီး အစည်းအရုံး(PWO)နှင့် ပလောင်(တအာင်း) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO) တို့၏ ထုတ်ပြန်ချက်၌ တွေ့ရှိရသည်။

Read More...

စစ်တွေ လူဦးရေစာရင်း ကောက်ယူမှု ပြန်စမည်

ခင်ဦးသာ
May 9, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်း များတွင်(ဆွဲ၊ တင်၊ စစ်) လူဦးရေ စာရင်း ကောက်ခံမှုကို မကြာမီ ပြန် လည် စတင်တော့ မည်ဖြစ်ကြောင်း သိရသည်။

“စစ်တွေက စခန်းတွေမှာ မွတ်စလင်လူဦးရေ အရမ်းများလာနေတယ်၊ စာရင်းမရှိတဲ့ သူတွေများနေတော့ ရိက္ခာပေးရင် အ ခက်အခဲ တွေ ရှိတယ်၊ WFP ကလည်း လူဦးရေ စာရင်းအတိုင်းပဲ ရိက္ခာပေးတယ်၊ စာရင်းမရှိလို့ မရတဲ့သူတွေ ရှိရင် အဲဒီ လူတွေကို ကျနော် တို့ကပဲ မပေးသလိုမျိုး လူ့အခွင့်အရေး အဖွဲ့တွေက အော်ကြတယ်”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

Read More...

ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး

May 8, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေ သည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာတွင် မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆ ရသော နေအိမ် တခုကို စီးနင်း ၀င်ရောက်စဉ် ပစ်ခတ်မှု များ အပြန်အလှန် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာရသည့် အခြေအနေ ကို မသိရှိရသေးကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ဒုတိယ အကြီးအကဲ ဒုတိယ ရဲဗိုလ်ချုပ်ကြီး Nanan Sukarna ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက သတင်းရေးသားဖော်ပြသည်။

Read More...

ဦးနေမျိုးဇင် ထောင်ကြွေးကျန် ၆ နှစ် ချမှတ်ခံရ

လင်းသန့်| May 8, 2013

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်တွင် ထောင်ဒဏ် ၃ လ ကျခံနေရသော မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးနေမျိုးဇင်ကို ပြည်ထဲရေး ၀န်ကြီးဌာန အမိန့်ဖြင့် ထောင်ဒဏ် ကြွေးကျန် ၆ နှစ် ထပ်မံ ချမှတ်လိုက်သည်။

“သူက ဒဏ်ငွေမဆောင်ဘဲနဲ့ ထောင်ကျခံလိုက်တာကို လယ်သမားတွေက လက်မခံဘူး။ ဒဏ်ငွေ ၂ သောင်းကို လယ်သမားတွေက ဆောင်ပေးလိုက်ပြီး သူကို့ ပြန်ထုတ်ဖို့ စောင့်နေတာ။ ညနေ ၄ နာရီ လည်းရောက်ရော မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့ အမိန့်အရဆိုပြီး အရင်အမှုဟောင်း ဖြစ်တဲ့ ထောင် ၆ နှစ်ချလိုက်တယ်။ အမိန့်စာဖတ်သွားတာပေါ့” ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၏ ဇနီး ဒေါ်ဇင်မျိုးမော်က ဧရာဝတီသို့ ပြောသည်။

Read More...

၈၈ အဖွဲ့ကို ဟိုပန်မြို့က ပေးမဝင်

နန်းဆိုင်နွမ်| May 8, 2013

ရှမ်းပြည် မြောက်ပိုင်းသို့ လတ်တလော ခရီးထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့ လားရှိုးမှ သံလွင်မြစ်အရှေ့ခြမ်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့ သို့ သွားရာ မြို့ခံများက ၀င်ရောက် ခွင့်မပြုခဲ့၍ လမ်းတဝက် သီန္နီမြို့မှ ပြန်လှည့်ခဲ့ရသည်။

ဧရာဝတီမှ ရရှိသောသတင်းများအရ လားရှိုးမှ ယမန်နေ့ မနက် ခရီးထွက်လာသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချိုတို့ ဦးစီးသည့် အဖွဲ့ကို ဟိုပန်မြို့မှ ပွဲဖြစ်မြောက်ရေး တာဝန်ခံတို့မှ သီန္နီတွင် လာရောက်ဆီးကြိုပြီး ဟိုပန်မြို့အ၀င်အခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ကြောင်း၊ မြို့ခံ ဦးခွန်စိန်ဦးစီးသည့် အဖွဲ့က တောင်ပေါ်ရွာများမှ ရွာသားများကို ကား ၁၇ စီးဖြင့် ခေါ်လာပြီး ဟိုပန်မြို့အ၀င် တံတားတွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော်ခန့်ရှိကြောင်း၊ ပွဲကျင်းပခွင့်ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်း တွင်သာ လုံခြုံရေး တာဝန်ယူပေးနိုင် မည်ဖြစ်ပြီး လာရောက်မည့်သူတို့အတွက် လုံခြုံရေးကို ပွဲစီစဉ်သူများ အာမခံ တာဝန် ယူပေးနိုင်ရန်မှာ မလွယ်ကူကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ် များ လားရှိုးသို့ ပြန်လှည့်လာကြောင်း သိရသည်။

Read More...

ဘဏ်သစ် ၃ ဘဏ် ထပ်မံ ဖွင့်လှစ်ခွင့် ပြုမည်

ရန်ပိုင်
May 8, 2013

အစိုးရ ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း အပါအ၀င် ဌာန အဖွဲ့အစည်းများ၏ ဘဏ်အသစ် ၃ ဘဏ်ကို မကြာမီ ထပ်မံဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနသည် ပြင်ပဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဘဏ်ဖွဲ့စည်း တည်ထောင်မည် ဖြစ်ကြောင်း၊ အလားတူ ကျောက်မျက်လုပ်ငန်းရှင်များကိုလည်း ပုဂ္ဂလိက ဘဏ်အဖြစ် ဖွင့်လှစ်ခွင့် ပြုခြင်းဖြစ်ကြောင်း သိရသည်။

Read More...

အနာကြီးရောဂါသည်များ ဘဝ ဖွံ့ဖြိုးရေး လွှတ်တော်တွင် တင်ပြမည့်သူ မရှိဟုဆို

မေစစ်ပိုင်| May 8, 2013

အနာကြီး ရောဂါသည်များ၏ ဘဝဖွံ့ဖြိုးရေးအတွက် လွှတ်တော်တွင် ကိုယ်စားလှယ်များက အဆိုတင်ပေးခြင်း၊ ဆွေးနွေးတင်ပြခြင်း လုံးဝမရှိကြောင်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံ့သာကျေးရွာ နံ့သာမြိုင်အနာကြီး ရောဂါသည်စခန်းမှ တာဝန်ခံ ဦးတင်ထွဋ်က ပြောပြသည်။

မြန်မာနိုင်ငံရှိ AIDS အပါအဝင် မသန်စွမ်းသူများ၊ ဆွံ့အနားမကြားများ စသည့် တခြား ရောဂါဝေဒနာရှင်များ အတွက် လူမှုဘဝ ဖွံ့ဖြိုးရေးကို လွှတ်တော်တွင် ကိုယ်စားလှယ်များက တင်ပြဆွေးနွေး နေကြ သော်လည်း အနာကြီးရောဂါသည်များ၏ လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် အဆိုတင်သွင်းခြင်းမရှိသကဲ့သို့ အလေးထား ဆောင်ရွက်ပေးမှု အားနည်းနေသည်ဟု ကိုယ်တိုင်လည်း အနာကြီးရောဂါ ဝေဒနာ ခံစားခဲ့ရပြီး လက်ရှိတွင် နံ့သာမြိုင် အနာကြီးရောဂါသည်စခန်း၏ တာဝန်ခံဖြစ်သူ အသက် ၆၂ နှစ် အရွယ်ရှိ ဦးတင်ထွဋ်က ရှင်းပြသည်။

Read More...

Wednesday, May 8, 2013

ဥက္ကံမြို့က ဒုက္ခသည်တွေအတွက် ၈၈ကျောင်းသားတွေ သွားရောက်လှူဒါန်း

2013-05-07

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဥက္ကံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေကို ရန်ကုန်မြို့နေ ပြည်သူတချို့လှူဒါန်းထားတဲ့ ပစ္စည်းနဲ့ ငွေကြေးတွေကို ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့ အစည်းရုံးက ဒီကနေ့မှာ သွားရောက်လှူဒါန်းခဲ့ကြပါ တယ်။

ဥက္ကံမြို့နယ်က မီးလောင်ပြင်စခန်းနဲ့ သနီပင်ကျေးရွာတွေက ဒုက္ခသည်တွေအတွက် စားသောက်ကုန်၊ ဆေးဝါးနဲ့ ငွေကျပ် ၈ သိန်းကို လှူဒါန်းခဲ့တာပါ။ ဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေကို ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက မမီးမီးက RFA ကို အခုလိုပြောပါတယ်။

Read More...

မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး

2013-05-07

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခ ဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင် ခဲ့ပါတယ်။

တရားခံ ၇ ဦးထဲက ၁ ဦးဟာ အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် သူ့ကိုကလေးသူငယ်တရားရုံး ကို လွှဲပြောင်း လိုက်ပြီး ကျန်တဲ့သူတွေကိုတော့ တရားရုံးမှာ စွဲချက်တင်လိုက်တယ်လို့ အဲဒီအမှုမှာ စွဲချက် တင်ခံထားရသူ တချို့ရဲ့အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြော ပါတယ်။

Read More...

ဒေါက်တာဆိတ်ဖွား မဟုတ်ကြောင်း ဦးရဲထွဋ် ရှင်းလင်း

2013-05-07

အင်တာနက်ပေါ်ကနေ ဥပဒေအထက်မှာ လွှတ်တော်ရှိသလားခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာဆိတ်ဖွားဟာ မိမိမဟုတ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒေါက်တာ ဆိတ်ဖွား အမည်ခံပြီး ရေးသားခိုင်းထားတာမရှိကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေ ကို ဒီကနေ့ ဖြေရှင်းပြောဆိုလိုက်ပါတယ်။

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်က ဦးရဲထွဋ်ကို ခေါ်ယူမေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူမဟုတ်ကြောင်း ဦးရဲထွဋ်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

Read More...

တောင်ကြီးမြို့မှာ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ကျင်းပ

2013-05-07

ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ မနက်ပိုင်းက အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

နှစ်ရက်ကြာကျင်းပနေတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာ နှင်းအေးကိုက RFA ကို အခုလို ပြောပါတယ်။

“လက်ရှိဖြစ်ပေါ်နေသော ဘာသာတရားနဲ့ စပ်လျဉ်းပြီး တစ်ဦးနဲ့တစ်ဦးထားရှိတဲ့ သံသယတွေ အမြင်မကြည်လင်မှု တွေကို လျော့ချ ပပျောက်သွားစေရန်နဲ့ ဘာသာကွဲများအကြား ရင်းနှီးခင်မင်စွာ အတူယှဉ်တွဲ နေထိုင်နိုင်စေဖို့ အ တွက် ရည်ရွယ်ပါတယ်”

Read More...

မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ

2013-05-07

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ ရဟန်းတွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒလိုင်းလားမားက ၀ါရှင်တန်ဒီစီ မေရီလဲန်းတက္ကသိုလ်မှာ မနေ့က ကျင်းပခဲ့တဲ့ အန်ဝါဆဒတ် ငြိမ်းချမ်းရေးဆု လက်ခံယူတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။

Read More...

မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ

08.05.2013

အမေရိကန်ပြည်ထောင်စုအပါအ၀င် ကမ္ဘာပေါ်က တိုင်းပြည်အတော်များများ မှာ မွေးကင်းစကလေး ကျန်းမာရေးဟာ အတော်ကြီးကို အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ Save the Children အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အင်္ဂါနေ့တုန်းက မိခင်များဆိုင်ရာ နိုင်ငံတကာ အစီရင်ခံစာတစ်စောင်ကို Save the Children အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာအရဆိုရင် တစ်နှစ် တစ်နှစ်ကို မွေးကင်းစ ကလေးငယ် တစ်သန်းဟာ မွေးဖွားပြီးပြီးချင်းမှာပဲ သေဆုံးခဲ့တယ်ဆိုပြီး သုံးသပ် ဖော်ပြထားပါတယ်။ အစီရင်ခံစာထဲမှာ မိခင်တွေနဲ့ပတ်သက်လို့ အရည်အသွေး အကောင်းဆုံးအဆင့်တွေကို သတ်မှတ်ဖော်ပြရာမှာ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး၊ ကွန်ဂိုနိုင်ငံက မိခင်တယောက်အတွက် အဆိုးဆုံး အခြေအနေအဖြစ် သတ်မှတ်ဖော်ပြပါတယ်။

Read More...

မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန်

ကိုသားညွန့်ဦး

08.05.2013
မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးခေါင်းစဉ်နဲ့ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာဟာ အင်မတန်ကို ၀မ်းနည်းစရာ ကောင်းပါတယ်လို့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က ပြောပါတယ်။ မူဆလင်လူမှု အသိုင်းအ၀ိုင်းအပေါ်မှာလည်း စိတ်ခံစားမှုတွေ ဖြစ်လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားကို သတိရကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် မယ်ရီလန်းတက္ကသိုလ် မှာ မနေ့တုန်းက လုပ်တဲ့ ဟောပြောပွဲအတွင်း မြန်မာနိုင်ငံတွင်း ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေအပေါ်မှာ အခုလို မှတ်ချက်ပေး ဟောကြားသွားတာပါ။ အန်န၀ါ ဆဒတ် (Anwar Sadat) ကို အမှတ်တရ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြောပွဲတွေ အတွင်း နိုင်ငံတကာက ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင် တွေကို ဖိတ်ခေါ် ဟောကြားစေခဲ့ရာမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) လည်း တတ်ရောက်ဟောကြားခဲ့တာပါ။

Read More...

မိတ္ထီလာအကြမ်းဖက်မှု လူ ၂၀ ရုံးတင်

မအေးအေးမာ
07.05.2013

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း လူသေဆုံးမှုတွေနဲ့ ဆက်နွယ်ပြီး နောက်ထပ် လူအများအပြားကို လူသတ်မှု၊ ဆူပူအောင် လှုံ့ဆော်မှုတွေ အပါအ၀င် ပုဒ်မ အများအပြားနဲ့ တရားစွဲဆိုလိုက်ပါတယ်။ မတ်လတုန်းကဖြစ်ခဲ့တဲ့ ဆူပူမှုတွေနဲ့ ဆက်နွယ်ပြီး သံသယရှိသူပေါင်း ဒါဇင်နဲ့ချီပြီး ဖမ်းဆီးထားတဲ့ အထဲက နောက်ထပ် လူ ၁၅ ယောက်ကို ထပ်မံ ရုံးတင် တရားစွဲဆိုလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မိတ္ထီလာမြို့မှာ မတ်လ ၂၂ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သွေးထိုးမြှောက်ပင့်ပေးမှု၊ လူသတ်မှု မီးရှို့မှု စတာတွေ မိတ္ထီလာထောင်မှာ လူ ၇၄ ဦးကို ဖမ်းဆီးအရေးယူခဲ့တာပါ။ ဒီအထဲက လူသတ်မှု ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ လူ ၁၅ ဦးကို မိတ္ထီလာခရိုင် တရားရုံးမှာ စတင်ရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Read More...

ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ

08.05.2013

တရုတ်အနေနဲ့ Cyber အင်တာနက်ဆိုင်ရာ မသမာမှုတွေလုပ်ပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စစ်ရေးစီမံကိန်းတွေကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အစီရင်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့ရာကျပြီး၊ တရုတ် အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဟူ ချွန်းယွမ် (Hua Chunying) က ပြောသွားပါတယ်။

Read More...

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ

08.05.2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူအရေအတွက် ၇၀၀ ကျော်သွားပြီဖြစ်ပြီး၊ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာလည်း အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေ ထပ်ရှာတွေ့ခဲ့တယ်လို့ ရဲကပြောပြီး သေဆုံးရသူအရေအတွက် ၇၀၅ ဦးလို့ အတည်ပြုခဲ့ပါတယ်။

Read More...

အိုဘားမားနဲ့ တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားအရေး ရပ်တည်ချက်တူ

08.05.2013

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ တောင်ကိုရီးယား သမ္မတ ပခ့် ဂွန် ဟဲး (Park Geun-Hye) ကို သမ္မတ အိမ်ဖြူတော်မှာ ဧည့်ခံတွေ့ဆုံခဲ့ပြီး၊ မြောက်ကိုရီးယား အရေးနဲ့ နျူကလီးယား ခြိမ်းခြောက်မှု ကိစ္စရပ်တွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးအတွက် ထပ်မံ ကတိပေး ပြောဆိုခဲ့တဲ့ဆွေးနွေး ပွဲဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။

Read More...

ကော်မရှင် အကြံပြုချက်အရ နယ်စပ်လုံခြုံရေး တင်းကျပ်မည်

နန်းဆိုင်နွမ်| May 7, 2013

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်အရ ပဋိပက္ခများ ပိုမိုဆိုးရွားမလာစေရန် တရားမ၀င် ဆက်လက် ၀င်ရောက်လာသူများကို ဟန့်တားရေးနှင့် ထိရောက်စွာ အရေးယူရန် တို့အတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အစီအမံများ ချမှတ်သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

ယမန်နေ့ည ၈ နာရီတွင် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရုပ်သံမှတဆင့် ပြောကြားသော မိန့်ခွန်းတွင် “အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်မှာ မူလက ရောက်ရှိ နေကြတဲ့ အစ္စလမ်ဘာသာ ကိုးကွယ်သူများအား လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် သူတို့ရဲ့ အခြေခံရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင် ရွက်သွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း” ဟုလည်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားသည်။

Read More...

ရဲတွေက စရိုက်တာဟု မွန်လူငယ်များ ပြော

စနေလင်း
May 7, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့ ရိုးဂိုရွာတွင် ဖြစ်ပျက်ခဲ့သော သင်္ကြန် နှစ်ဆန်း ၁ ရက်နေ့တွင် ရဲနှင့် ဒေသခံလူငယ်များ အပြန်အလှန် ရိုက်နှက်မှုတွင် ရဲဘက်မှ စတင်ခဲ့ခြင်းဖြစ်သောကြောင့် ယခုလို ပဋိပ က္ခဖြစ်ခဲ့ရပြီး ဖမ်းဆီးထားသော လူငယ် ၁၁ ဦးကို ပြန်လည်လွှတ်ပေးရန် မွန်လူငယ်ဖိုရမ်က တောင်းဆိုလိုက်သည်။

ထို့အပြင် ဖမ်းဆီးထားသော လူငယ်များတွင် အသက်မပြည့်သူ အများစုဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ထားစဉ် ညှဉ်းပမ်းနှိပ်စက်မှုများလည်း တွေ့ရကြောင်း မွန်လူငယ်ဖိုရမ် တာဝန်ခံ မင်းဉာဏ်သိုက်ရာမာန်က ဧရာဝတီသို့ ပြောသည်။

Read More...

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာသစ်များ မှောင်ခိုလမ်းကြောင်းမှ အလုံးအရင်း ဝင်

ငြိမ်းချမ်း
May 7, 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး တုံ့ဆိုင်းနေသည် ဆိုသော်လည်း မြန်မာဘက်မှ သစ်များ အလုံးအရင်းဖြင့် မှောင်ခိုလမ်းကြောင်းမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော သစ်တန်ချိန် ၂ သောင်းကျော်သည် ဘင်္ဂလားဒေ့ရှ်တွင် သစ်ဈေး ထိုးကျမှုကြောင့် တာ့ခ်နာမြို့ ကုန်သွယ်ရေးဆိပ်ကမ်းတွင် သောင်တင်နေကြောင်း သိရသည်။

Read More...

အပေါ်သို့